uz
Feedback
Teaching Agency

Teaching Agency

Kanalga Telegram’da o‘tish

Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ

Ko'proq ko'rsatish
5 298
Obunachilar
+524 soatlar
+147 kunlar
+15430 kunlar

Ma'lumot yuklanmoqda...

Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Iyul '26
Iyul '26
+202
0 kanalda
Iyun '26
+205
0 kanalda
Get PRO
May '26
+181
0 kanalda
Get PRO
Aprel '26
+145
0 kanalda
Get PRO
Mart '26
+173
0 kanalda
Get PRO
Fevral '26
+141
0 kanalda
Get PRO
Yanvar '26
+198
0 kanalda
Get PRO
Dekabr '25
+235
0 kanalda
Get PRO
Noyabr '25
+119
1 kanalda
Get PRO
Oktabr '25
+132
0 kanalda
Get PRO
Sentabr '25
+89
0 kanalda
Get PRO
Avgust '25
+170
0 kanalda
Get PRO
Iyul '25
+124
0 kanalda
Get PRO
Iyun '25
+154
0 kanalda
Get PRO
May '25
+105
0 kanalda
Get PRO
Aprel '25
+116
0 kanalda
Get PRO
Mart '25
+227
0 kanalda
Get PRO
Fevral '25
+246
0 kanalda
Get PRO
Yanvar '25
+209
0 kanalda
Get PRO
Dekabr '24
+135
1 kanalda
Get PRO
Noyabr '24
+197
0 kanalda
Get PRO
Oktabr '24
+151
0 kanalda
Get PRO
Sentabr '24
+88
0 kanalda
Get PRO
Avgust '24
+126
0 kanalda
Get PRO
Iyul '24
+114
0 kanalda
Get PRO
Iyun '24
+965
1 kanalda
Get PRO
May '24
+136
0 kanalda
Get PRO
Aprel '24
+71
0 kanalda
Get PRO
Mart '24
+71
0 kanalda
Get PRO
Fevral '24
+58
0 kanalda
Get PRO
Yanvar '24
+49
0 kanalda
Get PRO
Dekabr '23
+59
0 kanalda
Get PRO
Noyabr '23
+42
0 kanalda
Get PRO
Oktabr '23
+35
0 kanalda
Get PRO
Sentabr '23
+39
0 kanalda
Get PRO
Avgust '23
+96
0 kanalda
Get PRO
Iyul '23
+135
0 kanalda
Get PRO
Iyun '23
+140
0 kanalda
Get PRO
May '23
+67
0 kanalda
Get PRO
Aprel '23
+43
0 kanalda
Get PRO
Mart '23
+169
0 kanalda
Get PRO
Fevral '23
+141
0 kanalda
Get PRO
Yanvar '23
+241
0 kanalda
Get PRO
Dekabr '22
+348
0 kanalda
Get PRO
Noyabr '22
+720
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
27 Iyul+4
26 Iyul+8
25 Iyul+4
24 Iyul+1
23 Iyul+4
22 Iyul+10
21 Iyul+8
20 Iyul+5
19 Iyul+5
18 Iyul+6
17 Iyul+7
16 Iyul+8
15 Iyul+5
14 Iyul+9
13 Iyul+13
12 Iyul+8
11 Iyul+5
10 Iyul+8
09 Iyul+10
08 Iyul+10
07 Iyul+5
06 Iyul+12
05 Iyul+7
04 Iyul+9
03 Iyul+10
02 Iyul+14
01 Iyul+7
Kanal postlari
Classroom Management မနိုင်လို့ စာသင်ခန်းက ဖရိုဖရဲဖြစ်နေပြီလား။ ⁉️ တဖြည်းဖြည်း ကျောင်းသားနဲ့ဆရာကြား Harmony လွဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ကျလာတာကလည်း ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် ဆရာဆရာမတို့ တောင်းဆိုမှုများတဲ့ Classroom Management အတန်းလေးကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီသင်တန်းကိုတက်ရောက်ပြီးတာနဲ့ - ✅ Classroom Management အတွက် လက်တွေ့အသုံးချနိုင်တဲ့ Strategies တွေရှိလာမယ် ✅ စာသင်ခန်းကို ယုံကြည်မှုရှိရှိ စီမံခန့်ခွဲနိုင်မယ် ✅ Student Engagement တိုးစေမည့် Classroom Activities များကို အသုံးပြုလာနိုင်မယ် ✅ သင်ကြားချိန်ကို အကျိုးရှိစွာ စီမံနိုင်ပြီး Time Management ပိုကောင်းလာမယ် ✅ သင်ကြားရေးအရည်အသွေးနှင့် Professional Teaching Skills တိုးတက်လာမယ် ဒါကြောင့် သင်ကြားရေးအရည်အသွေးတိုးတက်ပြီး လက်တွေ့အသုံးချချင်လို့ အတန်းချက်ချင်းအပ်ချင်တယ်ဆိုရင်တော့ “Classroom Management” လို့ရေးခဲ့ပေးပါခင်ဗျာ။ ⚠️အတန်းအပ်စောမှသာ သင်တန်းတက်ရောက်နိုင်ရန် သေချာပါမယ်ခင်ဗျာ။

2
မြန်မာနိုင်ငံမှ တိုက်ရိုက်ဆက်သွယ်ရန် - 📞 09 762 012 599 🇹🇭 ထိုင်းနိုင်ငံရောက် မိဘများအတွက် - 📞 082 496 5216 (ထိုင်းနိုင်ငံတွင်းမှ တိုက်ရိုက်ခေါ်ဆိုရန်) 📞 +66 82 496 5216 (Viber / International Call) ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
340
3
🚨 ❝ လာမယ့်အပတ်မှာ စာမေးပွဲရှိတယ်ဆိုတာနဲ့ စာအုပ်ကိုင်ပြီး ငိုင်နေတာ၊ စာကျက်ဖို့ ပြောလိုက်ရင် စိတ်တို ဒေါသထွက်လာတာမျိုး ... သားသားမီးမီးတို့ဆီမှာ မြင်လာရပြီလား ❞ ဒါက သားသား၊ မီးမီးလေးတို့ စာလေ့လာဖို့ ပျင်းနေတာ၊ ဂျီကျနေတာ မဟုတ်ပါဘူး။ စာမေးပွဲနီးလာတဲ့အခါ သူတို့လေးတွေ ခံစားနေရတဲ့ ပညာရေးကြောင့် စိတ်ဖိစီးမှု “Academic Stress” ရဲ့ အသိသာဆုံး လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ လစဉ်စာမေးပွဲ မတိုင်ခင် နောက်ဆုံးပတ်ရောက်တိုင်း အမှတ်ကောင်းပါ့မလား၊ စာတွေ အချိန်မီ ပြီးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေက ကလေးတွေအပေါ်မှာ သက်ရောက်မှု အများကြီးရှိနေတတ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို အမှတ်ကောင်းစေချင်သလို၊ တစ်ဖက်မှာလည်း စိတ်ပင်ပန်းနေရတာကို ကြည့်ပြီး၊ ရင်ထဲမှာ စိတ်မကောင်းဖြစ်ရ၊ ပူပန်ရတာ မေမေ၊ ဖေဖေတိုင်း ကြုံဖူးကြမှာပါ။ ဒီလိုထိရှလွယ်တဲ့ အချိန်တွေမှာ ကလေးတွေကို ပိုပြီး နားလည်ပေးနိုင်ဖို့နဲ့ အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ လစဉ်စာမေးပွဲမတိုင်ခင် နောက်ဆုံးပတ်မှာ ကလေးတွေ အဖြစ်များဆုံး Academic Stress လက္ခဏာများနဲ့ ကိုင်တွယ်ဖြေရှင်းနည်းတွေကို အတူတကွ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 💠 (၁) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားလာရခြင်း ကလေးတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို စကားလုံးနဲ့ သေသေချာချာ မဖော်ပြတတ်တဲ့အခါ၊ ခန္ဓာကိုယ်ကနေ အရင်ဆုံး ဖော်ပြတတ်ပါတယ်။ စာမေးပွဲနီးရင် ခေါင်းခဏခဏ ကိုက်တာ၊ ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ အစားအသောက် ပျက်တာ (သို့) ပုံမှန်ထက် ပိုစားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးက ဗိုက်နာတယ်၊ ခေါင်းကိုက်တယ်လို့ ပြောလာတဲ့အခါ၊ စာမကျက်ချင်လို့ ဆင်ခြေပေးနေတာလို့ မတွေးဘဲ၊ ကလေး တကယ် စိတ်ဖိစီးနေလို့ဆိုတာ သတိပြုမိဖို့လိုပါတယ်။ ကလေးကို အနားယူစေပြီး၊ ရေနွေးနွေးလေး တိုက်တာ၊ နွေးနွေးထွေးထွေး ပွေ့ဖက်ပေးတာမျိုး လုပ်ပေးပြီး၊ မေမေတို့အနေနဲ့ ကလေးစိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ 💠 (၂) အိပ်စက်မှုပုံစံ ပြောင်းလဲလာခြင်း စာမေးပွဲ မတိုင်ခင်၊ နောက်ဆုံးပတ်တွေမှာ စိတ်ဖိစီးမှုကြောင့်၊ ကလေးတွေရဲ့ အိပ်စက်တဲ့ပုံစံတွေက ကမောက်ကမ ဖြစ်လာတတ်ပါတယ်။ ကလေးအနေနဲ့ ညဘက် အိပ်ပျော်ဖို့ ခက်ခဲတာ၊ အိပ်မက်ဆိုးတွေမက်တာ၊ မနက်ခင်း အိပ်ရာကနိုးတဲ့အခါ လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုး ခံစားရတတ်ပါတယ်။ ဒီလို မကြုံတွေ့ရအောင်၊ ညဘက် အိပ်ခါနီးအထိ စာတွေကို ဇွတ်ဖိကျက်ခိုင်းတာမျိုး ရှောင်စေပြီး၊ စောစောအိပ်ဖို့ တိုက်တွန်းပါ။ ဒါ့အပြင် အိပ်ခါနီး (၁) နာရီအလိုမှာ စာအုပ်နဲ့ ဖုန်း (သို့) Tablet တွေကို ပိတ်ပြီး စိတ်ငြိမ်အောင် ထားပေးဖို့လည်း မမေ့ပါနဲ့။ 💠 (၃) စိတ်ခံစားမှု ပြောင်းလဲလွယ်ခြင်း စိတ်ဖိစီးမှု များလာတဲ့အခါ ကလေးတွေရဲ့ စိတ်ခံစားချက်က သာမန်လို တည်ငြိမ်မှု မရှိတော့ပါဘူး။ ဒါကြောင့် ပုံမှန်ထက် စိတ်တိုလွယ်တာ၊ စိတ်ကောက်တာ၊ ငိုတာ၊ ဝမ်းနည်းလွယ်တာအပြင် ဘာမှမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးကအစ ဒေါသတကြီး တုံ့ပြန်တာတတ်ကြပါတယ်။ ကလေး စိတ်တိုဒေါသထွက်နေချိန်မှာ မေမေတို့က လိုက်မဆူပါနဲ့။ အဲ့ဒီအစား "မေမေ သိတယ်နော်၊ သမီးလေး စာမေးပွဲအတွက် စိတ်ပူနေလို့မလား" ဆိုပြီး သူ့ရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ။ မိဘရဲ့ အေးချမ်းတဲ့ အသံနဲ့ နားလည်ပေးမှုက ကလေးတွေအတွက် စိတ်ဖိစီးမှုကို အများကြီး လျော့ကျစေပါတယ်။ 💠 (၄) အာရုံစူးစိုက်မှု လျော့နည်းလာခြင်း စာမေးပွဲနီးလေလေ၊ အမှတ်ကောင်းရမယ်ဆိုတဲ့ ဖိအားကြောင့် ကလေးတွေက အာရုံစူးစိုက်ရ ခက်ခဲလာတတ်ပါတယ်။ စာအုပ်ကိုသာ ကြည့်နေပေမယ့်၊ ဦးနှောက်ထဲ စာမဝင်တာ၊ ဖတ်ပြီး မေ့လွယ်တာ စသဖြင့် ကြုံလာရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကလေးက စာမေးပွဲကို သေချာ မဖြေနိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုပြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးပြီး အဆိုးမြင်အတွေးတွေ ဝင်လာတဲ့အထိပါ။ ဒီလိုအခြေအနေတွေ ကြုံလာတဲ့အထိ စောင့်မယ့်အစား၊ အခုကတည်းက စာကို နာရီဝက် (သို့) ၄၅ မိနစ်ကျက်ပြီးတိုင်း (၅) မိနစ်၊ (၁၀) မိနစ်ခန့် ခဏ နားခိုင်းပါ။ စာမေးပွဲမှာ ရတဲ့ အမှတ်ထက်၊ သားသား၊ မီးမီးတို့ရဲ့ သူတို့ရဲ့ ကြိုးစားမှုကို ပိုတန်ဖိုးထားကြောင်း ပြောပြပေးသင့်ပါတယ်။ လစဉ်စာမေးပွဲဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အခုလို စာမေးပွဲ မတိုင်ခင်…နောက်ဆုံးပတ်မှာ စာတွေကို အတင်းဖိအားပေးပြီး၊ ကျက်ခိုင်းတာထက် ကလေးရဲ့ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီစာမေးပွဲရက်တွေမှာ ကလေးတွေ စိတ်အေးချမ်းသာစွာနဲ့ ဖြေဆိုနိုင်ဖို့ ဖေဖေ၊ မေမေတို့က ဘေးကနေ ယုံကြည်မှုအပြည့်နဲ့ ဝန်းရံအားပေးလိုက်ကြဖို့ မမေ့ပါနဲ့ခင်ဗျာ။ 🚨 တကယ်လို့ မေမေတို့အနေနဲ့ ကလေးနဲ့အတူတူ စာလုပ်ပေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်၊ ကလေးရဲ့ သင်ယူမှုပုံစံ၊ လိုအပ်ချက်နဲ့ ကိုက်ညီသင့်တော်တဲ့ ဆရာ (သို့) ဆရာမကို အိမ်ခေါ်သင် (သို့) အွန်လိုင်းသင်အဖြစ် TAstudents+ မှာ ချိတ်ဆက်ပြီး ခေါ်ပေးနိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official TELEGRAM @tafinancedepartment Viber +66947717570
299
4
Matn yo'q...
167
5
🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
187
6
🌟 Young Learner English ကို Cambridge Level အတိုင်း စနစ်တကျ ပြင်ဆင်သင်ကြားတတ်ပြီး Exam Preparation ပိုင်နိုင်တဲ့ ဆရာ/မ ဖြစ်လိုပါသလား။ 🎓 How to Teach Starters YLE Exam Preparation (Batch-11) ကို သြဂုတ်လမှာ ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ Young Learners English (YLE) Level မှာ စာသင်ပေးခြင်းဟာ ရိုးရိုး Vocabulary နဲ့ Grammar ရှင်းပြရုံ၊ Workbook လေ့ကျင့်ခန်း ပေးရုံနဲ့ မလုံလောက်ပါဘူး။ကလေးတွေရဲ့ Listening, Reading, Writing, Speaking ဆိုတဲ့ Skills (၄) မျိုးလုံးကို ဘက်စုံ တိုးတက်လာစေဖို့ဆိုရင် 🎯 Exam Tasks တစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်ကို စနစ်တကျ နားလည်ထားဖို့ လိုပါတယ်။ 🎯 ကလေးတွေ စိတ်ပါဝင်စားမယ့် ထိရောက်တဲ့ Teaching Strategies & Pedagogical Methodology များကို အသုံးချနိုင်ရပါမယ်။ ဒီ Training မှာ Cambridge English Standard နဲ့အညီ YLE Starters Exam ကို ယုံကြည်မှုရှိရှိနဲ့ ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မယ့် Practical Approaches များကို စနစ်တကျ မျှဝေပေးသွားမှာဖြစ်ပါတယ်။ ✅ Starters (Pre-A1) Level သင်ကြားနေပြီး မိမိရဲ့ Teaching Techniques ကို Cambridge Standard နဲ့အညီ Upgrade လုပ်ချင်သူများ ✅ Young Learners (YL) Educator အဖြစ် အခြေခံမှစ၍ စနစ်တကျ လေ့လာပြီး Professional ကျကျ စတင်ရပ်တည်လိုသူများ ✅ YLE Exam Pattern နဲ့ Assessment Criteria များကို အခြေခံမှစ၍ အမှန်တကယ် နားလည်ကျွမ်းကျင်လိုသူများ ✅ အနာဂတ်မှာ English Language School ကိုယ်ပိုင် ဖွင့်လှစ်နိုင်ရေးအတွက် Academic Preparation စနစ်တကျ ပြင်ဆင်လိုသူများ အတွက် အခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။ 📚 ၁၂ ရက်တာအတွင်း စနစ်တကျ လေ့လာရမယ့် Module များ Day1-What is the YLE starters exam? (Exam information and exam tasks). Day2-How to teach Unit 1-4 Day3-How to teach Unit 5-8 Day4-How to teach Unit 9-12 Day5-How to teach Unit 13-16(Garder's Multiple Intelligence) Day6-How to teach Unit 17-21 Day7-How to teach Unit 22-26 (Spelling Games) Day8-How to teach Unit 27-31 (Grammar in Starters Level) Day9-How to teach Unit 32-35 (Grammar in Starters Level) Day10-How to teach Unit 36-39 (Dealing with error) Day11-How to teach Unit 40-43 (TPR Games) Day12-Unit 44-45(Authentic tests) သင်တန်းမှာ အလွတ်ကျက်စရာ မလိုဘဲ Class တိုင်းမှာ တကယ် အသုံးချနိုင်မယ့် 45 Units ကို သေချာသင်ယူနိုင်ပြီး ◾YLE Starters Exam Structure နှင့် Exam Tasks များအား အသေးစိတ် နားလည်ခြင်း ◾Gardner’s Multiple Intelligence Theory & TPR (Total Physical Response) Games များကို Classroom အတွင်း အသုံးချခြင်း ◾Starters Level Grammar Teaching, Spelling Games နှင့် Interactive Practice မော်ဂျူးများ ◾Error Correction Technique များနှင့် Authentic Test Papers များကို ထိရောက်စွာ အသုံးပြုခြင်း စတဲ့ skill တွေကို ရရှိသွားစေမှာပါခင်ဗျာ။ 👩‍🏫 Trainer Profile Tr. Thiri B.Act (YIE) Diploma in TESOL (LTTC, UK) Diploma in Teacher Training (TQUK) Diploma in Arts; Music (NUAC) TKT (Cambridge) & TKT YL (Cambridge) Certified Trainer 💠 သင်တန်းအကြောင်းအရာများ သင်တန်းဖွင့်ပွဲ - 5. 8. 2026 (Wed) သင်တန်းစရက် - 5. 8. 2026 (Wed) သင်တန်းရက် -Wed, Sat, Sun (Weekly) သင်တန်းပိတ်ပွဲ - 30. 8. 2026 (Sun) သင်တန်းကာလ - 4 Week (12 Days) သင်တန်းအချိန် - 8:30 PM - 10:00 PM သင်တန်းကြေး - 50,000 ကျပ် TA သင်တန်းသားဟောင်း -45,000 ကျပ် ဒီသင်တန်းတက်ပြီးရင် ဆရာ/မတို့အနေနဲ့ Cambridge Standard အတိုင်း Starters Exam ကို Confidence အပြည့်နဲ့ သင်ကြားနိုင်လာရုံသာမက Activities & Games တွေကို သုံးပြီး ကလေးတွေ စိတ်ပါဝင်စားမယ့် Class တွေကို ကိုယ်တိုင်ဖန်တီးနိုင်လာမှာပါ။ 🎓 မိမိ Teaching Career အတွက် ခိုင်မာတဲ့ Certificate of Completion ကိုလည်း ပေးအပ်သွားမှာဖြစ်ပြီး Zoom Live + Recording Access အပြင် Telegram Group မှာပါ အချိန်မရွေး ဆွေးနွေးနိုင်လို့ lifelong learning အဖြစ် သင်ကြားခွင့်ရတာလည်းဖြစ်မှာပါ။ 📩 စိတ်ပါဝင်စားကြတဲ့ ဆရာ၊ဆရာမတို့အနေနဲ့ သင်တန်းတက်ရောက်လိုပါက သင်တန်းတက်ရောက်လိုပါက TELEGRAM @tafinancedepartment မှာ သင်တန်းအပ်နိုင်ပါတယ်။ သင်တန်းသားအရေအတွက် ကန့်သတ်ထားသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါခင်ဗျာ။ 👇 ဆရာ/ဆရာမတို့အနေနဲ့ YLE Starters Exam Prep သင်ပေးတဲ့အခါ ဘာသာစကား Skill (၄) မျိုး (Listening, Reading, Writing, Speaking) ထဲက ဘယ်အပိုင်းမှာ ဘာသင်ပေးရမလဲဆိုတာ အခက်အခဲဆုံး ကြုံတွေ့ရလေ့ရှိလဲ ဆိုတာ Comment မှာ မျှဝေပေးခဲ့ကြပါဦး။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
226
7
Matn yo'q...
172
8
🎓 အထက်တန်းဆင့် အင်္ဂလိပ်စာသင်ဖို့ ဒါမှမဟုတ် ဝမ်းစာဖြည့်ဖို့ သင်တန်းကောင်းရှာနေပါသလား။ 🤔 ဒါဆိုရင်တော့ Teaching Agency က ဖွင့်လှစ်မယ့် How to Teach High School English Effectively သင်တန်းကို အခုပဲ တက်ရောက်လိုက်ပါခင်ဗျာ။ 🚀 📚 သင်တန်းတက်ရောက်ပြီးတာနဲ့... ✅ 📖 Modern Teaching Methodologies ကို နားလည်လာမယ် ✅ 👩‍🏫 Student Engagement ပိုမိုကောင်းမွန်တဲ့ Classroom ကို တည်ဆောက်နိုင်လာမယ် ✅ 🎯 အထက်တန်းဆင့် Textbook Lessons တွေကို ပိုမိုထိရောက်စွာ သင်ကြားနိုင်မယ် ✅ 🗣 Four Skills (Listening, Speaking, Reading, Writing) ကို မျှတစွာ ပေါင်းစပ်သင်ကြားနိုင်မယ် ✅ 💡 ကျောင်းသားတွေရဲ့ Critical Thinking နဲ့ Communication Skills ကို ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးနိုင်မယ် 📩 အခုပဲ သင်တန်းအပ်ချင်တယ်ဆိုရင်တော့ Comment မှာ "High School Eng" လို့ ရေးခဲ့ပေးပါခင်ဗျာ။ 👇✨
284
9
✨ ❝ သားသား၊ မီးမီးရဲ့ Passion နဲ့ တစ်ထပ်တည်းကျတဲ့ သင်ယူမှုဖြစ်အောင်၊ Teaching Agency မှာ ကလေးစိတ်ဝင်စားတဲ့ IGCSE လမ်းကြောင်းအလိုက်၊ ဘာသာရပ်စုံ One On One Guide ယူနိုင်ပါပြီ ❞ ဖေဖေ၊ မေမေတို့ရေ…တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တဲ့ October/November IGCSE Exam အတွက် အချိန်မဖြုန်းဘဲ၊ ထိထိရောက်ရောက် ပြင်ဆင်ပေးထားချင်လား။ IGCSE စာမေးပွဲဖြေဆိုဖို့ လပိုင်းသာ လိုတော့တဲ့အချိန်မှာ ကလေးအတွက် ဘယ်လမ်းကြောင်းက အကိုက်ညီဆုံးလဲ၊ တကယ်ကျွမ်းကျင်တဲ့ ဆရာ/မနဲ့ အချိန်တိုအတွင်း ထိထိရောက်ရောက် ပြင်ဆင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေရတဲ့ အချိန်တိုင်းက ကလေးရဲ့ စာမေးပွဲ ရလဒ်ကောင်းဖို့ ပြင်ဆင်ချိန်တွေကို နစ်နာစေပါတယ်။ ⚡ဟိုဟိုဒီဒီ ဂိုက်ရှာရင်း၊ စမ်းသပ်သင်ကြားရင်း၊ ကလေးရဲ့ အဖိုးတန် စာလေ့လာချိန်တွေကို ဒီထက်ပိုပြီး၊ မကုန်ဆုံးသင့်တော့ပါဘူး။ ဒါကြောင့် Oct/Nov Exam series မတိုင်မီ ဘာသာရပ်အလိုက် လိုအပ်ချက်တွေကို ကွက်တိဖြည့်ဆည်းပေးဖို့ Teaching Agency (Est.2021) ရဲ့ One On One Education Service က အသင့်ရှိနေပါပြီ။ ကလေးရဲ့ ဝါသနာနဲ့ အနာဂတ် Career အလိုက် IGCSE လမ်းကြောင်း (၄) ခုအတွက် အောက်ပါဘာသာရပ်တွေကို Teaching Agency တစ်နေရာတည်းမှာ တစ်ခါတည်း စုံစုံလင်လင် ချိတ်ဆက်သင်ယူနိုင်ပါတယ်။ 🔷 (၁) Science / Medical Track ဆရာဝန်၊ သွားဆရာဝန်၊ ဆေးဝါးကျွမ်းကျင် (Pharmacist) နှင့် ဆေးဘက်ဆိုင်ရာ Career အသက်မွေးဝမ်းကျောင်းပြုမယ့် ကလေးများအတွက် - ❑ English (ESL / English Language) ❑ Mathematics ❑ Biology ❑ Chemistry ❑ Physics 🔷 (၂) Engineering Track Civil, Mechanical, Electrical, Mechatronics စတဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို အထူးပြုမယ့် ကလေးများအတွက် - ❑ English ❑ Mathematics ❑ Physics ❑ Chemistry ❑ Additional Mathematics 🔷 (၃) Business / Commerce Track Business Owner, Accountant, Finance, Marketing စတဲ့ စီးပွားရေးလုပ်ငန်းရှင်နှင့် စီမံခန့်ခွဲမှုပိုင်း သွားမယ့် ကလေးများအတွက် - ❑ English ❑ Mathematics ❑ Business Studies ❑ Economics ❑ Accounting 🔷 (၄) Computer Science / IT Track Programmer, Software Engineer, Data Analyst စတဲ့ နည်းပညာပိုင်းဆိုင်ရာ ခေတ်ရှေ့ပြေး Career များအတွက် - ❑ English ❑ Mathematics ❑ Computer Science ❑ Physics ❑ Additional Mathematics (သို့) ICT ဘာကြောင့် Teaching Agency ကို ဖေဖေ၊ မေမေတို့ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်တာလဲ။ 🌟တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း - Teaching Agency (Est.2021) က ဆရာ/မများအတွက် မွမ်းမံသင်တန်းများ စနစ်တကျ ပံ့ပိုးပေးနေတဲ့ ပညာရေးအခြေပြု လုပ်ငန်းတစ်ခုဖြစ်တာကြောင့် သင်ကြားရေး အရည်အသွေးနဲ့ တာဝန်ယူမှုကို ၁၀၀% အာမခံပေးပါတယ်။ 🌟 စနစ်တကျ စိစစ်ထားသော အရည်အသွေးမြင့် ဆရာ/မများနဲ့ သင်ယူခွင့် - ဆရာ/မများရဲ့ ပညာရေးနောက်ခံ၊ သင်ကြားမှုအတွေ့အကြုံကို သေချာ စိစစ်ပြီးမှသာ မိဘများနဲ့ ချိတ်ဆက်ပေးတာဖြစ်လို့၊ စိတ်အေးချမ်းစွာ အပ်နှံနိုင်ပါတယ်။ 🌟 (၂၄ - ၇၂) နာရီအတွင်း အမြန်ဆုံး ချိတ်ဆက်ပေးခြင်း - Oct/Nov စာမေးပွဲအတွက် အချိန်မဆွဲဘဲ ဖေဖေ၊ မေမေတို့ရဲ့ အထူးတောင်းဆိုချက်တွေနဲ့အညီ၊ အကိုက်ညီဆုံး ဂိုက်ကို (၂၄) - (၇၂) နာရီအတွင်း အမြန်ဆုံး ရှာဖွေပေးပါတယ်။ 🌟 အစမ်း (၁) ရက် အခမဲ့ သင်ယူခွင့် - သင်တန်းကြေး ချက်ချင်းပေးချေစရာမလိုဘဲ၊ တစ်ရက်တာ အစမ်းသင်ကြားခွင့်ရှိပြီး၊ ကလေးရော မိဘပါ စိတ်ကျေနပ်မှု ရရှိမှသာ တစ်လစာ သင်တန်းကြေး စတင်ပေးချေရမှာ ဖြစ်ပါတယ်။ 🌟အစအဆုံး တာဝန်ယူမှုစနစ် - သင်ကြားရေး ကာလတစ်လျှောက် Continuous Feedback စနစ်ဖြင့် အစဉ်မပြတ် စောင့်ကြည့်ပေးပြီး၊ အဆင်မပြေမှု ရှိပါက ဆရာ/မ အသစ် ပြန်လည်ချိတ်ဆက်ပေးခြင်း အပါအဝင် အစအဆုံး အပြည့်အဝ တာဝန်ယူ ညှိနှိုင်းပေးပါတယ်။ သင်တန်းကြေးတွေကတော့ - 👉 IGCSE (Online) အတန်းအတွက် တစ်ဘာသာကို ၁၅၀,၀၀၀ ကျပ် စာသင်ရက် - တစ်ပတ် (၂) ရက် စာသင်ချိန် - တစ်ရက် (၁) နာရီခွဲ 👉 IGCSE (Offline) အတန်းအတွက် တစ်ဘာသာကို ၁၇၀,၀၀၀ ကျပ် စာသင်ရက် - တစ်ပတ် (၂) ရက် စာသင်ချိန် - တစ်ရက် (၁) နာရီခွဲနှုန်းနဲ့ သတ်မှတ်ထားပြီး၊ IGCSE သင်ရိုး ဘာသာစုံအတွက်တော့ ဖေဖေ၊ မေမေတို့ သင်ယူစေချင်တဲ့ အချိန်၊ ဘာသာရပ်တွေအလိုက် ဆရာနဲ့ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ အသေးစိတ်အတွက် Page messenger ကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေ တဆင့်လဲ စိတ်တိုင်းကျ မေးမြန်းနိုင်ပါပြီခင်ဗျာ။ Page Chat box မှ တဆင့် ဆက်သွယ်ရန် - m.me/teaching.agency.official ဖုန်းဖြင့် ဆက်သွယ်ရန် - ☎️ 09 - 762 012 599 ☎️ 09 - 978 296 678 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
261
10
Matn yo'q...
225
11
🚨 အပြစ်မဲ့တဲ့ ကလေးတစ်ယောက်ကို ❝ စာမရတဲ့ကလေး၊ ဆိုးတဲ့ကလေး ❞ ဆိုပြီး တံဆိပ်ကပ်ပစ်လိုက်ဖို့ဆိုတာ အလွယ်ဆုံးအလုပ်ပါ။ ဆရာ၊ ဆရာမတို့ရဲ့ စာသင်ခန်းထဲမှာ တခြားကလေးတွေနဲ့ တန်းတူ ကြိုးစားချင်ပေမယ့်၊ အကူအညီမဲ့နေရတဲ့ ကလေးတစ်ယောက်ကို ကြုံလာရတဲ့အခါ၊ စေတနာအပြည့်နဲ့ သင်ပေးနေပေမဲ့ တိုးတက်လာမှုမရှိလို့၊ ကလေးရော၊ ဆရာပါ စိတ်ဓာတ်ကျ မောပန်းနေရပြီလား။ ✨ ကလေးတိုင်းမှာ မတူညီတဲ့ သင်ယူမှုပုံစံ ရှိတာမို့၊ ADHD နဲ့ Learning Disabilities ရှိနေတဲ့ ကလေးတစ်ယောက်အတွက် သာမန် စာသင်နည်းတွေက အလုပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် "မကြိုးစားချင်လို့" မဟုတ်ဘဲ၊ "မကြိုးစားနိုင်အောင် တားဆီးခံထားရတဲ့" ကလေးတွေရဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန် သိရှိလာပြီး၊ နည်းလမ်းအသစ်တွေနဲ့ ပံ့ပိုးပေးဖို့ အချိန်တန်ပါပြီ။ ကလေးတစ်ယောက်ချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် နားလည်ပြီး၊ စာသင်ခန်းထဲမှာ ထိရောက်စွာ ပံ့ပိုးပေးနိုင်ဖို့ Teaching Agency က "Supporting Children with learning disabilities: Special Needs & ADHD" ဆိုတဲ့ Free Webinar လေးကို စီစဉ်ပေးလိုက်ပါတယ်။ ❝ Supporting Children with learning disabilities: Special Needs & ADHD ❞ Webinar ကို တက်ရောက်ပြီးတဲ့အခါ… 🔵 Learning Disabilities, Special Needs နဲ့ ADHD အကြောင်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာမယ်။ 🔵 ကလေးတွေဆီမှာ တွေ့ရလေ့ရှိတဲ့ ဘုံလက္ခဏာတွေနဲ့ ပုံစံတွေကို စောစောစီးစီး ခန့်မှန်းဆင်ခြင်တတ်လာမယ်။ 🔵 ကလေးတွေ ကြုံတွေ့နေရတဲ့ Special Needs အခြေအနေတွေက သူတို့လေးတွေရဲ့ သင်ယူမှုနဲ့ မူလအမူအကျင့်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိနေလဲဆိုတာကို လေ့လာနိုင်မယ့်အပြင်၊ 🔵 စာသင်ခန်းထဲမှာရော၊ အိမ်မှာပါ လက်တွေ့တိုက်ရိုက် အသုံးချလို့ရမယ့် ထိရောက်တဲ့ သင်ကြားရေးနဲ့ ကူညီပံ့ပိုးမှု Strategy များကို ရရှိသွားမှာ ဖြစ်ပါတယ်။ 🔷 Webinar အကြောင်းအရာများ 🔷 Speaker : Dr Hnin Wai Wai Htet 🎓 Ph.D (Education) 🎓 Master of Education (M.Ed) 🎓 Bachelor of Education (B.Ed) 🎓 ECCD(UNICEF) 🎓 Certificate in Teaching Methodology(BRITISH COUNCIL) 🎓 Certificate in English Proficiency (BRITISH COUNCIL) 🗓️ Date: July 29th, 2026 (Wed) ⏰ Time: 7:30 PM - 9:30 PM 🔵 ကလေးတိုင်း စာတော်ဖို့ မလိုပေမယ့်၊ ကလေးတိုင်း ထိရောက်စွာ သင်ယူနိုင်ခွင့် ရှိပါတယ်။ ဆရာ၊ ဆရာမတို့ကြောင့် အကူအညီလိုအပ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ဖို့ မိနစ် (၉၀) သာ ကြာမြင့်မယ့် ဒီ Webinar ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဇူလိုင်လ (၂၉) ရက်နေ့မှာ တက်ရောက်ဖို့အတွက် ဒီ post ကို အရင် “𝘀𝗵𝗮𝗿𝗲” ပြီး၊ comment မှာ screenshot နဲ့တကွ လက်မနှေးဘဲ စာရင်းပေးသွင်းခဲ့ပါခင်ဗျာ။ 💎 Teaching Agency က အရည်အသွေးပြည့်မီတဲ့ ပညာဝမ်းစာပို့ချမှုတွေကို ဆရာ၊ ဆရာမတိုင်း သင်ကြားရေးခရီးကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်နိုင်အောင် စျေးနှုန်းအသင့်အတင့်ဖြင့် တက်ရောက်သင်ကြားနိုင်အောင် သတ်မှတ်ပေးထားပါတယ်။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
349
12
Matn yo'q...
288
13
😩 ❝ သဘက်ခါ စာမေးပွဲဆိုမှ၊ စာအုပ်ကို ဒီနေ့မှ စကိုင်ပြီး ကုန်ရုန်းကျက်နေတာကို မြင်ရပေါင်း များနေပြီလား ❞ တစ်နေ့စာ တစ်နေ့၊ စာပုံမှန်မလုပ်ဘဲ စာမေးပွဲနီးမှ အသည်းအသန် စာလုပ်နေတဲ့အခါ၊ ကလေးအနေနဲ့လည်း စိတ်ဖိစီးရသလို၊ ဖေဖေ၊ မေမေတို့လည်း အောင်မှအောင်ပါ့မလားလို့ ရင်တပူပူနဲ့ စိတ်ပင်ပန်းရကြပါတယ်။ ဒါကြောင့် ဒီစာသင်နှစ်သစ်မှာတော့၊ လာမယ့် လပတ်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ပေးနိုင်အောင်၊ ကလေးရဲ့ စာမေးပွဲနီးမှ စာကျက်တဲ့ အကျင့်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းကောင်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ 💠 (၁) စာလုပ်ချိန် သီးသန့် သတ်မှတ်ပေးထားပါ။ "စာကျက်ပါ..စာကျက်ပါ" လို့ တဖွဖွပြောနေရင်၊ ကလေးတွေက စာကျက်ရတာ ပျင်းဖို့ ကောင်းတယ်လို့ မြင်တတ်ကြပါတယ်။ စာပဲ အလွတ်အော်ကျက်ဖို့ တိုက်တွန်းနေမယ့်အစား၊ နေ့တိုင်း ပုံမှန်စာလုပ်ချိန် ၄၅ မိနစ် (သို့) တစ်နာရီ စသဖြင့် သီးသန့် အချိန်တစ်ခု သတ်မှတ်ပေးလိုက်ပါ။ အဲဒီအချိန်မှာ စာမေးပွဲအတွက် အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ၊ ဒီနေ့ ကျောင်းမှာ ဘာသင်ခဲ့လဲ ပြန်ဖတ်ခိုင်းတာ၊ အိမ်စာလုပ်ခိုင်းတာမျိုးနဲ့ စတင်ပြီး အလေ့အကျင့် အရင်လုပ်ပေးပါ။ 💠 (၂) တစ်နေ့ နည်းနည်းချင်းစီ ခွဲပြီး စာလုပ်ပါ။ တစ်နေ့တည်း တစ်ဘာသာလုံးကို ကျက်ဖို့၊ စာအုပ်ကြီး တစ်အုပ်လုံးကို တစ်ထိုင်တည်း ပြီးအောင်ဖတ်ဖို့ဆိုတာ ကလေးတွေအတွက် တောင်ကြီးတစ်လုံးကို မရွှေ့ခိုင်းသလိုပါပဲ။ ဒါကြောင့် သင်ခန်းစာတွေကို ကလေး လေ့လာချင်အောင်၊ အပိုင်းအစလေးတွေ ခွဲပေးပါ။ တစ်နေ့ကို တစ်ပုဒ် (သို့) စာမျက်နှာ နှစ်မျက်နှာ စသဖြင့် နည်းနည်းချင်းစီပဲ ပုံမှန် စာလုပ်ခိုင်းပါ။ အခုကတည်းက တစ်ရက်နည်းနည်းချင်း ဖတ်မှတ်ထားရင်၊ လပတ်စာမေးပွဲနီးတဲ့အခါ ကျက်စရာစာ အများကြီး ကျန်တော့မှာ မဟုတ်ပါဘူး။ 💠 (၃) ဆုချတဲ့ စနစ်လေး သုံးကြည့်ပါ။ မူလတန်း၊ အလယ်တန်း ကလေးတွေကို စာလုပ်ချင်စိတ်ရှိအောင် စိတ်ဓာတ်ခွန်အားပေးဖို့ လိုပါတယ်။ "ဒီအပတ် ပုံမှန်လေး စာကြည့်နိုင်တယ်ဆိုရင်၊ ပိတ်ရက်ကျရင် သားသားကြိုက်တဲ့ မုန့်လုပ်ကျွေးမယ်” စသဖြင့် အသေးအဖွဲလေးတွေနဲ့ ဆုချပေးပါ။ ဒါ့အပြင် ကလေးရဲ့ နေ့တိုင်း ပုံမှန် စာကြိုးစားနေတဲ့ အပြုအမူကို ပိုပြီး ချီးမွမ်းပေးဖို့ မမေ့သင့်ပါဘူး။ 💠 (၄) စာလုပ်တဲ့ အချိန်ဇယားကို ကလေးနဲ့အတူတူ ဆွဲပါ မိဘကပဲ “ဒီနေ့ ဒါလုပ်၊ ဟိုဟာလုပ်" လို့ အမိန့်ပေးတာထက်၊ ကလေးကိုပါ အတူတူ ထိုင်ခိုင်းပြီး တစ်ပတ်စာ စာလုပ်ချိန်ဇယားဆွဲပါ ။"ဒီနေ့ ဘယ်ဘာသာရပ်ကို မိနစ် ၃၀ လောက် အတူတူ ဖတ်ကြည့်ကြမလဲ" ဆိုပြီး ကလေးရဲ့ သဘောထားကို မေးပါ။ ကလေးကိုယ်တိုင် ပါဝင် ဆုံးဖြတ်ထားတဲ့ အချိန်ဇယားမို့လို့ ပိုပြီး လိုက်နာချင်စိတ် ရှိလာပါလိမ့်မယ်။ 💠 (၅) မိဘက စံပြနမူနာ ပြပေးပါ။ နောက်ဆုံးအချက်က အရေးကြီးဆုံးပါပဲ။ ကလေးကို စာကြည့်ခိုင်းပြီး၊ မိဘက ဘေးမှာ ဖုန်းပွတ်နေရင်တော့ ကလေးက စာထဲ စိတ်ရောက်မှာ မဟုတ်ပါဘူး။ ကလေးနည်းတူ၊ ဖေဖေ၊ မေမေတို့ကလည်း ကိုယ့်တာဝန်ကို ကြိုးစားလုပ်နေကြောင်း နားလည်အောင်၊ ဘေးကနေ စာအုပ်ဖတ်နေတာ (သို) ရုံးလုပ်ငန်းကိစ္စတစ်ခုခုလုပ်နေသင့်ပါတယ်။ ဒီလိုနည်းနဲ့ ကလေးရဲ့ နေ့စဉ်ပုံမှန်စာလေ့လာချိန်တွေက လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အကျင့်တစ်ခုဆိုတာ ခံစားလာရစေပါလိမ့်မယ်။ အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေကို သုံးပြီး၊ အခုကတည်းက အလေ့အကျင့် လုပ်ပေးထားမယ်ဆိုရင် လာမယ့် လပတ်စာမေးပွဲမှာတော့ ဖေဖေ၊ မေမေတို့လည်း ခေါင်းကိုက်သက်သာ၊ သားသားမီးမီးတို့လည်း စိတ်အေးလက်အေးနဲ့ အမှတ်ကောင်းကောင်း ရလာမှာ ဖြေဆိုနိုင်မှာ အသေအချာပါပဲခင်ဗျာ။ 📌 တကယ်လို့ မေမေတို့အနေနဲ့ ကလေးနဲ့အတူတူ စာလုပ်ပေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်၊ ကလေးရဲ့ သင်ယူမှုပုံစံ၊ လိုအပ်ချက်နဲ့ ကိုက်ညီသင့်တော်တဲ့ ဆရာ (သို့) ဆရာမကို အိမ်ခေါ်သင် (သို့) အွန်လိုင်းသင်အဖြစ် TAstudents+ မှာ ချိတ်ဆက်ပြီး ခေါ်ပေးနိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official မြန်မာနိုင်ငံမှ တိုက်ရိုက်ဆက်သွယ်ရန် - 📞 09 762 012 599 TELEGRAM @tafinancedepartment Viber +66947717570 🇹🇭 ထိုင်းနိုင်ငံရောက် မိဘများအတွက် - 📞 082 496 5216 (ထိုင်းနိုင်ငံတွင်းမှ တိုက်ရိုက်ခေါ်ဆိုရန်) 📞 +66 82 496 5216 (Viber / International Call) ❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞
326
14
Matn yo'q...
223
15
ကလေးငယ်များ ဖွံ့ဖြိုးမှု နောက်ကျခြင်းဟာ မိဘတွေ ညံ့ဖျင်းလို့မဟုတ်သလို ကလေးရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ ECCD ရည်ရွယ်ချက်အတိုင်း “စောစောသိ၊ စောစောပံ့ပိုး”နိုင်ခြင်းကသာ ကလေးငယ်တိုင်း မိမိတို့ရဲ့ အလားအလာကောင်းများကို အပြည့်အဝ အသုံးချနိုင်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကလေးငယ်တစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ဂရုတစိုက် စောင့်ကြည့်ပြီး မေတ္တာနှင့် စနစ်တကျ ပြုစုပျိုးထောင်ပေးကြပါစို့။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹မိမိတိုကျောင်းများအတွက် သီးသန့်သင်တန်းများ ရယူလိုတဲ့ Private School, International School များအတွက်လည်း Cooperative Training & Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
255
16
ကလေးငယ်တစ်ယောက်ရဲ့ ဘဝအစောပိုင်းနှစ်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနဲ့ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး (ECCD - Early Childhood Care and Development) မူဘောင်ကို အခြေခံပြီး ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်း ရှိ/မရှိ စစ်ဆေးခြင်းနဲ့ စောစီးစွာ ပံ့ပိုးကူညီခြင်းအကြောင်းကို TAမှ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ၁။ ECCDအရ သိထားသင့်သည့် ဖွံ့ဖြိုးမှုကဏ္ဍကြီး (၄) ခု ကလေးတစ်ယောက် ဖွံ့ဖြိုးမှု နောက်ကျခြင်း ရှိ၊ မရှိကို စနစ်တကျ အကဲဖြတ်နိုင်ရန် ECCD ရဲ့ အဓိက မဏ္ဍိုင်ကြီး ၄ ခုကို အရင်ဆုံး နားလည်ထားရပါမယ်။ 👶ကာယဖွံ့ဖြိုးမှု (Physical Development) ခန္ဓာကိုယ် ကြီးထွားမှု၊ လှုပ်ရှားမှုစွမ်းရည် (လမ်းလျှောက်ခြင်း၊ ပစ္စည်းလှမ်းကိုင်ခြင်း)။ ✨️ဉာဏ်ရည်နှင့် အသိပညာဖွံ့ဖြိုးမှု (Cognitive Development) အာရုံစူးစိုက်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် အရာဝတ္ထုများကို မှတ်မိသိရှိမှု။ 🗣ဘာသာစကားနှင့် ဆက်သွယ်ရေး (Language & Communication) အသံပြုခြင်း၊ စကားပြောခြင်းနှင့် သူတစ်ပါးပြောသည်ကို နားလည်နိုင်စွမ်း။ 🫂လူမှုရေးနှင့် စိတ်လှုပ်ရှားမှု (Socio-Emotional Development) မိခင် သို့မဟုတ် ပြုစုစောင့်ရှောက်သူနှင့် သံယောဇဉ်တွယ်မှု၊ စိတ်ခံစားချက်ကို ဖော်ပြနိုင်မှုနှင့် အခြားသူများနှင့် ဆက်ဆံရေးစသဖြင့် ပိုင်းခြားလေ့လာကြပါတယ်ခင်ဗျာ။ -------------- ၂။ ဖွံ့ဖြိုးမှုနောက်ကျခြင်း ရှိ/မရှိ စစ်ဆေးအကဲဖြတ်ခြင်း (Screening and Assessment) ECCD မူဘောင်အရ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို ပုံမှန်စစ်ဆေးခြင်း (Developmental Screening)က မရှိမဖြစ် အရေးကြီးပါတယ်ခင်ဗျာ။ မိဘတွေနဲ ကလေးထိန်းကျောင်း Preschoolတွေက အောက်ပါအချက်တွေကို အခြေခံပြီးတော့ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ်နိုင်ပါတယ်ခင်ဗျာ။ 🔷️ကာလအလိုက် သတိပြုရမည့် အရေးကြီးမှတ်တိုင်များ (Milestones) - အသက် ၃ လမှ ၆ လ: အသံလာရာသို့ လှည့်မကြည့်ခြင်း၊ လူကိုကြည့်ပြီး ပြုံးပြမှုမရှိခြင်း၊ ခေါင်းမခိုင်ခြင်း။ - အသက် ၉ လမှ ၁၂ လ:တစ်ယောက်တည်း အားပြု၍ မထိုင်နိုင်ခြင်း၊ အသံလိုက်မတုပခြင်း၊ လက်ညှိုးထိုး၍ မပြနိုင်ခြင်း။ - အသက် ၁ နှစ်ခွဲမှ ၂ နှစ်:လမ်းမလျှောက်နိုင်ခြင်း၊ စကားလုံးအဓိပ္ပာယ်ရှိရှိ (မေမေ၊ ဖေဖေ) မပြောနိုင်ခြင်း၊ မျက်လုံးချင်းဆုံပြီး (Eye Contact) မကြည့်ခြင်း။ ⚠️ အရေးကြီးသတိပေးချက်ကတော့ အကယ်၍ မိမိကလေးဟာ မိမိနဲ့ မျက်လုံးချင်း စိုက်မကြည့်ပါက၊ အသံကျယ်ကျယ်ကြားသော်လည်း တုံ့ပြန်မှုမရှိပါက သို့မဟုတ် ရရှိပြီးသား စွမ်းရည်တစ်ခုခု (ဥပမာ- စကားပြောတတ်ပြီးမှ ပြန်မပြောတော့ခြင်း) ပျောက်ဆုံးသွားပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ပညာရှင်တွေနဲ့ ချက်ချင်းတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။ ------------ ၃။ စောစီးစွာ ပံ့ပိုးကူညီခြင်း၏ အကျိုးကျေးဇူး (Early Intervention) ကလေးငယ်တစ်ဦး ဖွံ့ဖြိုးမှု နောက်ကျနေကြောင်းကို စောစောစီးစီး သိရှိပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေ ချက်ချင်းလုပ်ဆောင်ပေးခြင်း (Early Intervention)ဟာ ကလေးရဲ့ အနာဂတ်အတွက် များစွာ ပြောင်းလဲသွားစေနိုင်ပါတယ်ခင်ဗျာ။ 💙ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း - ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အသက် ၅ နှစ်အောက်မှာ အဆမတန် လျင်မြန်စွာ ဖွံ့ဖြိုးနေတာကြောင့် စောစီးစွာ ကုသပံ့ပိုးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။ 💙နောင်လာမည့် ပြဿနာများကို လျှော့ချနိုင်ခြင်း - ကျောင်းနေအရွယ်ရောက်တဲ့အခါ သင်ယူမှု ခက်ခဲခြင်းနဲ့ လူမှုဆက်ဆံရေး အခက်အခဲတွေကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ 💙ကလေးရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်ခြင်း - ပံ့ပိုးမှု မှန်ကန်မယ်ဆိုရင် ကလေးဟာ မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး ပုံမှန်ကလေးများနည်းတူ ရင်ဘောင်တန်းနိုင်ခြေ ပိုများပါတယ်ခင်ဗျာ။ ---------- ၄။ မိဘများနှင့် ပြုစုစောင့်ရှောက်သူများ ပြုလုပ်နိုင်သည့် ပံ့ပိုးမှုများ ECCD အရ ကလေးတစ်ဦး ဖွံ့ဖြိုးဖို့ရာ "ကစားခြင်း"နဲ့ “နွေးထွေးသော ဆက်ဆံရေး”က အဓိက သော့ချက် ဖြစ်ပါတယ်ခင်ဗျာ။ 1.စကားများများပြောပါ၊ သီချင်းဆိုပြပါ ကလေးငယ် စကားမပြောတတ်သေးခင်ကတည်းက မျက်လုံးချင်းဆုံပြီး စကားပြောပေးခြင်း၊ ပုံပြင်ဖတ်ပြခြင်းက ဘာသာစကားဖွံ့ဖြိုးမှုကို အားပေးနိုင်ပါတယ်ခင်ဗျာ။ 2. လှုပ်ရှားကစားပါ ဖက်လုံးကျော်ခိုင်းခြင်း၊ ဘောလုံးလုကစားခြင်း၊ ပစ္စည်းအသေးလေးများ ကောက်ခိုင်းခြင်းတို့က ကြွက်သားနှင့် အာရုံခံစားမှုကို ကောင်းမွန်စေပါတယ်။ 3. စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးပါ ကလေး ငိုနေရင် သို့မဟုတ် ကြောက်လန့်နေမယ်ဆိုရင် ပွေ့ဖက်ချော့မြှူပေးခြင်းအားဖြင့် လူမှုရေးနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုကို အားကောင်းစေမှာ ဖြစ်ပါတယ်ခင်ဗျာ။
244
17
Matn yo'q...
209
18
❝ သင်္ချာကို A Grade ရချင်လို့ စိန်ခေါ်မှုအသစ်တွေ လိုချင်နေတာလား။ ဒါဆိုရင် ကလေးရဲ့ ရည်မှန်းချက်နဲ့ ကွက်တိကိုက်ညီမယ့် သင်ရိုးကျွမ်းကျင် ဆရာကောင်းကို Teaching Agency မှာ (၇၂) နာရီအတွင်း ချိတ်ဆက်ပေးနေပါပြီ ❞ ကလေးက သင်္ချာကို စိတ်ဝင်စားတယ်၊ ဉာဏ်လည်းကောင်းတယ်။ ဒါပေမဲ့ ကျောင်းက သင်ရိုးအတိုင်း သင်နေရုံနဲ့တော့ သူ့ရဲ့ ပင်ကိုစွမ်းရည်ကို အပြည့်အဝ ထုတ်မသုံးနိုင်ပါဘူး။ ကျောင်းတွေမှာက အများနဲ့သင်ရတာမို့ ကလေးအတွက် ပုံမှန်အဆင့် ပုစ္ဆာလောက်ပဲ သင်ပေးနိုင်ပြီး၊ ပိုခက်တဲ့ High-level မေးခွန်းတွေနဲ့ Advance နည်းလမ်းတွေကို မလေ့ကျင့်ပေးနိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဒါ့အပြင် ကလေးက Cambridge, Singapore Math နဲ့ IGCSE အထိ ရည်မှန်းထားပေမဲ့ ဒီသင်ရိုးတွေကို ပိုင်ပိုင်နိုင်နိုင် သင်ပေးနိုင်တဲ့၊ ကလေးရဲ့ အရှိန်ကို မီအောင် ထိန်းကျောင်းပေးနိုင်မယ့် ဆရာ/ဆရာမကို လိုက်ရှာရတာ မိဘတွေအတွက် တကယ့်စိန်ခေါ်မှုတစ်ခုပါ။ 🔷 ကလေးမှာ သင်္ချာနဲ့ပတ်သက်ပြီး၊ ပါရမီနဲ့ စိတ်အားထက်သန်မှု ရှိပါလျက်နဲ့ သင့်တော်တဲ့ ဆရာကောင်းနဲ့ မဆုံရရင် သူ့ရဲ့ အမှတ်တွေဟာ သာမန်အဆင့်မှာပဲ သောင်တင်နေပါလိမ့်မယ်။ အပြိုင်အဆိုင်များတဲ့ ဒီနေ့ခေတ်မှာ "ရိုးရိုး အမှတ်ကောင်းရုံ" နဲ့ မလုံလောက်တော့ဘဲ၊ ဂုဏ်ထူးမှတ် (သို့) Grade A* ရဖို့အတွက် ပိုအဆင့်မြင့်တဲ့ သင်ကြားမှုမျိုး ကလေးတိုင်း လိုအပ်ပါတယ်။ ဒီလို ရည်မှန်းချက်ကြီးတဲ့ ကလေးတွေအတွက် သက်ဆိုင်ရာ သင်္ချာသင်ရိုးအလိုက် ကျွမ်းကျင်တဲ့ ဆရာနဲ့ တစ်ဦးချင်း (One-on-One) လေ့ကျင့်ပေးတာကသာ ကလေးရဲ့စွမ်းဆောင်နိုင်ရည်ကို အမြင့်ဆုံးအထိ ဆွဲတင်ပေးနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ Teaching Agency ရဲ့ One-on-One တစ်ဦးချင်း သီးသန့်သင်တန်းမှာဆိုရင်တော့… ✅ အဆင့်မြင့် သင်ရိုးမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း - မြန်မာကျောင်းသင်ရိုးအပြင် Singapore Math, Olympiad Math, Casco Math, Abacus, Cambridge Math နဲ့ GED & IGCSE Math စတဲ့ International Level အထိ ကလေးရဲ့ ရည်မှန်းချက်အတိုင်း သီးသန့် လေ့ကျင့်ပေးနိုင်ပါတယ်။ ✅ ကလေးရဲ့ အရှိန်အတိုင်း စိန်ခေါ်မှုများ အပြည့်ပေးနိုင်ခြင်း - အများနဲ့မဟုတ်ဘဲ တစ်ဦးချင်းသင်တာမို့ ကလေးမြန်ရင် မြန်သလို၊ အဆင့်မြင့် သင်ခန်းစာတွေကို တိုးပြီးသင်ပေးနိုင်သလို၊ ပုစ္ဆာအခက်တွေကို ဖြေရှင်းနိုင်တဲ့ Trick နဲ့ Technique တွေကို သီးသန့် လေ့ကျင့်ပေးမှာပါ။ ✅ မိဘရော ကလေးပါ အဆင်ပြေမယ့် ပုံစံ - အွန်လိုင်းကနေတဆင့် သင်ယူမလား၊ အိမ်အရောက် Offline ပဲ သင်မလား… မိဘနဲ့ ကလေး အဆင်ပြေမယ့် ရက်နဲ့ အချိန်ကို စိတ်ကြိုက် ညှိနှိုင်းတိုင်ပင်နိုင်ပါတယ်။ ✅ အရည်အချင်းစစ်ဆေးပြီးသား ဆရာ/ဆရာမများ - သက်ဆိုင်ရာ သင်္ချာသင်ရိုးအလိုက် အတွေ့အကြုံရင့်ကျက်ပြီး ကလေးရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် ဆွဲတင်ပေးနိုင်မယ့် ဆရာကောင်းတွေနဲ့သာ သေချာ စိစစ်ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ ✨ ဖေဖေ၊ မေမေတို့အတွက် အထူးအခွင့်အရေး - ဆရာနဲ့ ကလေး သင်ကြားပုံ အဆင်ပြေမှု ရှိ/မရှိ (၁) ရက် အစမ်းသင်ကြား ကြည့်ပြီးမှသာ သင်တန်းကြေး ပေးချေရမှာပါ။ သင်တန်းကာလတစ်ခုလုံးအတွက်လည်း Teaching Agency ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဝန်ဆောင်မှုပေးသွားပါမယ်။ ✨ Teaching Agency တစ်နေရာတည်းမှာ Singapore Math, Olympiad Math Abacus, Casco Math, Cambridge Math, GED & IGCSE Math အပြင်၊ မြန်မာကျောင်းသင်္ချာသင်ရိုး စသဖြင့် သင်္ချာသင်ရိုးပေါင်းမျိုးစုံကို စုံစုံလင်လင်ကို ချိတ်ဆက်သင်ယူနိုင်ပါတယ်။ ကလေးရဲ့ သင်္ချာစွမ်းရည်ကို လက်ရှိထက် ပိုမိုထက်မြက်လာစေဖို့နဲ့ ထိပ်တန်းအမှတ်တွေ ရရှိစေဖို့၊ (၇၂) နာရီအတွင်း ဆရာချိတ်ဆက်ပေးမှုကို ရယူနိုင်ဖို့ “ကလေးရဲ့ လက်ရှိအတန်း နဲ့ တက်ရောက်ချင်တဲ့ သင်ရိုးအမျိုးအစား” ကို အခုပဲ Chat Box မှာ ပြောပြပြီး အသေးစိတ်ကို စုံစမ်းလိုက်ပါခင်ဗျာ။ Page Chat box မှ တဆင့် ဆက်သွယ်ရန် - m.me/teaching.agency.official TELEGRAM @tafinancedepartment Viber +66947717570 ဖုန်းဖြင့် ဆက်သွယ်ရန် - ☎️ 09 - 762 012 599 ☎️ 09 - 978 296 678 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတိုရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
306
19
Matn yo'q...
269
20
🌟 Young Learners သင်ကြားပေးမယ့် Teacher တို့အတွက် သတင်းကောင်း! 👩‍🏫👨‍🏫 📚 How to Teach Starters YLE (Batch 11) ကို ဖွင့်လှစ်ပေးပါတော့မယ်နော်။ 🎉 💡 Professional YLE Teacher တစ်ယောက်ဖြစ်ဖို့ ဒီသင်တန်းလေးကို လက်မလွှတ်ဘဲ တက်ရောက်သင့်ပါတယ်။ 🎓 သင်တန်းပြီးတာနဲ့... ✅ Cambridge YLE Starters Exam ကို ယုံကြည်မှုရှိရှိ သင်ကြားနိုင်လာမယ်။ 📖 ✅ Young Learners (5–8 နှစ်) အတွက် ထိရောက်သော Teaching Techniques များကို ကျွမ်းကျင်လာမယ်။ 🎨🎲 ✅ Lesson Planning 📝 နှင့် Classroom Management Skills 👏 များ ပိုမိုတိုးတက်လာမယ်။ ✅ International Schools 🏫, Private Schools 📚 နှင့် Language Centers 🌍 များတွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်မယ်။ 🚀 📩 အခုပဲ အတန်းအပ်ချင်တယ်ဆိုရင်တော့ "starters" လို့ Comment ရေးခဲ့ပေးပါခင်ဗျာ။ 💬👇
336