Teaching Agency
Ir al canal en Telegram
Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ
Mostrar más5 254
Suscriptores
+824 horas
+357 días
+14330 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+117
en 0 canales
junio '26
+205
en 0 canales
Get PRO
mayo '26
+181
en 0 canales
Get PRO
abril '26
+145
en 0 canales
Get PRO
marzo '26
+173
en 0 canales
Get PRO
febrero '26
+141
en 0 canales
Get PRO
enero '26
+198
en 0 canales
Get PRO
diciembre '25
+235
en 0 canales
Get PRO
noviembre '25
+119
en 1 canales
Get PRO
octubre '25
+132
en 0 canales
Get PRO
septiembre '25
+89
en 0 canales
Get PRO
agosto '25
+170
en 0 canales
Get PRO
julio '25
+124
en 0 canales
Get PRO
junio '25
+154
en 0 canales
Get PRO
mayo '25
+105
en 0 canales
Get PRO
abril '25
+116
en 0 canales
Get PRO
marzo '25
+227
en 0 canales
Get PRO
febrero '25
+246
en 0 canales
Get PRO
enero '25
+209
en 0 canales
Get PRO
diciembre '24
+135
en 1 canales
Get PRO
noviembre '24
+197
en 0 canales
Get PRO
octubre '24
+151
en 0 canales
Get PRO
septiembre '24
+88
en 0 canales
Get PRO
agosto '24
+126
en 0 canales
Get PRO
julio '24
+114
en 0 canales
Get PRO
junio '24
+965
en 1 canales
Get PRO
mayo '24
+136
en 0 canales
Get PRO
abril '24
+71
en 0 canales
Get PRO
marzo '24
+71
en 0 canales
Get PRO
febrero '24
+58
en 0 canales
Get PRO
enero '24
+49
en 0 canales
Get PRO
diciembre '23
+59
en 0 canales
Get PRO
noviembre '23
+42
en 0 canales
Get PRO
octubre '23
+35
en 0 canales
Get PRO
septiembre '23
+39
en 0 canales
Get PRO
agosto '23
+96
en 0 canales
Get PRO
julio '23
+135
en 0 canales
Get PRO
junio '23
+140
en 0 canales
Get PRO
mayo '23
+67
en 0 canales
Get PRO
abril '23
+43
en 0 canales
Get PRO
marzo '23
+169
en 0 canales
Get PRO
febrero '23
+141
en 0 canales
Get PRO
enero '23
+241
en 0 canales
Get PRO
diciembre '22
+348
en 0 canales
Get PRO
noviembre '22
+720
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 13 julio | +12 | |||
| 12 julio | +8 | |||
| 11 julio | +5 | |||
| 10 julio | +8 | |||
| 09 julio | +10 | |||
| 08 julio | +10 | |||
| 07 julio | +5 | |||
| 06 julio | +12 | |||
| 05 julio | +7 | |||
| 04 julio | +9 | |||
| 03 julio | +10 | |||
| 02 julio | +14 | |||
| 01 julio | +7 |
Publicaciones del Canal
❝ သင်ကြားရေး အတွေ့အကြုံနုနုယ်သေးတဲ့၊ Preschool ဆရာ၊ ဆရာမတွေအတွက် အထူးရည်ရွယ်တဲ့ Tr. Thanduh ရဲ့Lesson Planning အတန်းကို စတင် တက်ရောက်နိုင်တော့မယ်ဆိုတာ သိပြီးပြီလား ❞
💠 ဒီသင်တန်းမှာဆိုရင် စာသင်ကြားရေးနယ်ပယ်ကို စဝင်ခါစ Preschool ဆရာ၊ ဆရာမတွေအတွက် ကလေးတွေရဲ့ သင်ယူမှုပုံစံနဲ့ကိုက်ညီမယ့် Lesson Planning ရေးဆွဲနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသေးစိတ် လေ့လာနိုင်လို့၊ ကလေးတွေ ပိုမိုပါဝင်သင်ယူစေလာမယ်၊ အချိန်ကို ထိထိရောက်ရောက် အသုံးချတတ်လာစေမယ့်အပြင် သင်ကြားမှုကိုပါ စနစ်တကျ ဖြစ်လာစေမှာကြောင့်၊ ဆရာတို့ရဲ့ သင်ကြားရေးနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် Confidence ပိုရှိလာစေမှာ အသေအချာပါပဲ။
Tr. Thanduh ရဲ့Lesson Planning သင်တန်းကို ဇူလိုင်လ (၁၆) ရက်နေ့မှာ စတင်တက်ရောက်နိုင်မှာဖြစ်သလို၊ တက်ရောက်နိုင်မယ့် လူဦးရေ ကန့်သတ်ထားတာဖြစ်တဲ့အတွက်ကြောင့် အပ်နှံထားချင်တယ်ဆိုရင်၊ အောက်ပါလင့်ခ်ကို “Lesson Planning” လို့ ပေးပို့ထားလိုက်ပါခင်ဗျာ။
👉 သင်တန်းအသေးစိတ် - https://www.facebook.com/share/p/1Fz4ubDgQ4/
👉 ချက်ချင်းအပ်နှံရန် - m.me/teaching.agency.official
🔷 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔷
| 2 | Sin texto... | 153 |
| 3 | ❓❝ ဒီနေ့ ကျောင်းမှာ ဘာစာသင်လဲ ❞ ဆိုတဲ့ မေးခွန်းကိုပဲ မေးဖြစ်နေတုန်းလား။
ကျောင်းကပြန်လာတဲ့ ကလေးကို မိဘအများစု မေးလေ့ရှိတဲ့ ပထမဆုံးမေးခွန်းက “ဒီနေ့ ဘာစာသင်ခဲ့လဲ” ဆိုတာပါပဲ။ တကယ်တော့ ဒီမေးခွန်းဟာ ကလေးကို ကျောင်းမှာ ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာ အတွေ့အကြုံကြီးတစ်ခုလုံးကို မေ့ပစ်လိုက်ပြီး၊ စာအုပ်ထဲက စာတစ်ခုတည်းကိုပဲ ဦးစားပေးနေသလို ဖြစ်နေတတ်ပါတယ်။
ကျောင်းဆိုတာ ကလေးတွေအတွက် စာသင်ရုံသက်သက်နေရာ မဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ လူမှုဆက်ဆံရေး၊ စိတ်ခံစားချက်၊ အကျင့်စာရိတ္တနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို ပျိုးထောင်ပေးတဲ့ ဗဟိုချက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဖေဖေ၊ မေမေတို့အနေနဲ့ မေးခွန်းပုံစံ ပြောင်းလဲမေးမြန်းပြီး၊ ကလေးရဲ့ ဘက်စုံဉာဏ်ရည်ကို မြှင့်တင်ပေးဖို့ မျှဝေပေးလိုက်ပါတယ်။
💠 (၁) “ဒီနေ့ ကျောင်းမှာ ဘာတွေ ထူးထူးခြားခြား ပျော်စရာရှိခဲ့လဲ မေမေ့ကို ပြောပြပါဦး။”
မေမေတို့ဘက်က ဒီလိုမေးလာတဲ့အခါ၊ ကလေးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားခဲ့တာ၊ မုန့်စားဆင်းချိန်အကြောင်းတွေ ပြောပြလာပါလိမ့်မယ်။ ဒီမေးခွန်းက ကလေးရဲ့ အကောင်းမြင်စိတ်ကို နှိုးဆွပေးနိုင်သလို၊ ကလေးရဲ့ လူမှုဆက်ဆံရေး ဘယ်လောက် ကောင်းမွန်နေလဲဆိုတာကို မိဘက အကဲခတ်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
💠 (၂) “ဒီနေ့ တစ်ယောက်ယောက်ကို ကူညီပေးခဲ့လား (သို့) သူငယ်ချင်းတစ်ယောက်ယောက်က ကူညီတာမျိုး ကြုံခဲ့လား”
ကလေးတစ်ယောက်အနေနဲ့ စာတော်ဖို့တင်မကဘဲ စိတ်ထားကောင်းတဲ့သူ ဖြစ်ဖို့လည်း လိုပါတယ်။ ဒီမေးခွန်းက ကလေးရဲ့စိတ်ထဲမှာ စာနာနားလည်မှုနဲ့ အများအကျိုးဆောင်ရွက်လိုစိတ်ကို အမြစ်တွယ်သွားစေပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကိုလည်း တိုးတက်လာစေပါတယ်။
💠 (၃) “ဒီနေ့ ကျောင်းမှာ လုပ်ရကိုင်ရတာ တစ်ခုခု အဆင်မပြေတာမျိုး ရှိခဲ့လား”
ကလေးရဲ့ တစ်နေ့တာမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲကို မေးရင်း၊ ဘဝမှာ အခက်အခဲဆိုတာ ရှိတတ်ကြောင်းနဲ့ အဲ့ဒီအခက်အခဲကို ရင်ဆိုင်ကျော်လွှားရဲတဲ့ ရုန်းကန်နိုင်စွမ်းကို မွေးမြူပေးနိုင်ဖို့ ဒီမေးခွန်းနဲ့ အစပြုပေးနိုင်ပါတယ်။ ကလေးအနေနဲ့ စာမရတာ၊ သူငယ်ချင်းနဲ့ စိတ်ကောက်တာတွေကို မိဘကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြဝံ့တဲ့ ယုံကြည်မှုမျိုး တည်ဆောက်ပေးနိုင်ပြီး၊ ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကိုလည်း မြှင့်တင်ပေးရာ ရောက်ပါတယ်။
💠 (၄) “ဒီနေ့ ဆရာမကို ဘာမေးခွန်းတွေ မေးခဲ့လဲ”
မေမေအနေနဲ့ “ဒီနေ့ ဘာသင်လဲ” လို့မေးရင်၊ ကလေးက အကျဉ်းချုပ်ပဲ ဖြေပါလိမ့်မယ်။ “ဘာမေးခွန်းမေးခဲ့လဲ” လို့ မေးတဲ့အခါမှာတော့ ကလေးက သူတကယ် စိတ်ဝင်စားတဲ့အရာကို အကျယ်တဝံ့ ပြန်လည်တွေးတောပြီး၊ ပြောပြလာမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းက ကလေးကိုယ်တိုင် တက်ကြွစွာ သင်ယူလိုစိတ်ရှိတဲ့၊ ဝေဖန်ပိုင်းခြားတွေးခေါ်တတ်သူတစ်ဦး ဖြစ်လာအောင် အစပျိုးပေးနိုင်ပါတယ်။
🎯အခုဆိုရင်တော့၊ ဖေဖေ၊ မေမေတို့အနေနဲ့ ဒီနေ့ ကလေးအိမ်ပြန်လာရင်၊ သာမန်မေးနေကျ ဘာစာသင်လဲအစား၊ ကလေးကို နွေးထွေးစွာ ဖက်လှဲတကင်း ကြိုဆိုပြီး၊ ဒီမေးခွန်း (၄) မျိုးကို ပြောင်းလဲ မေးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖေဖေ၊ မေမေတို့ရော… ဒီနေ့ ကလေးကျောင်းက ပြန်လာရင် ဘယ်မေးခွန်းကို မေးမယ်တွေးထားလဲခင်ဗျာ။ 💙
❝ ထိရောက်တဲ့သင်ကြားရေးရဖို့ TAstudents+ နဲ့ တစ်ဦးချင်းသင်စို့ ❞ | 143 |
| 4 | Sin texto... | 77 |
| 5 | 💠 မိမိရဲ့ သင်ကြားရေး Skills ကို Upgrade လုပ်ပြီး Band Score ကောင်းကောင်းနဲ့ International ELT Certificate ရယူလိုသူများ။
💠 နိုင်ငံတကာအဆင့်မီ သင်ကြားရေးသီအိုရီများကို စနစ်တကျ လေ့လာပြီး Professional ELT ဆရာတစ်ယောက်အဖြစ် ရပ်တည်လိုသူများ
🔷 သင်တန်းအချက်အလက်များ
သင်တန်းဖွင့်ပွဲ- 22. 7. 2026 (Wed)
သင်တန်းစတင်မည့်ရက် -22. 7. 2026 (Wed)
သင်တန်းအချိန် - 7:00 PM - 8:00 PM
သင်တန်းရက် -Wed, Thu (Weekly)
သင်တန်းကာလ - 2 months (8 weeks)
သင်တန်းပိတ်ပွဲ- 10. 9. 2026 (Thu)
သင်တန်းကြေး - 120,000 ကျပ်
TA သင်တန်းသားဟောင်း - 100000 ကျပ်
💠 Trainer Profile: Tr. Stefani
B.A. (EPP, YU)
Dip. in ELT (YU)
Dip. in ELTM (YUOE)
Dip. in TESOL (LTTC)
CELTA (Cambridge)
TKT (Cambridge)
TKT: YL (Cambridge)
TKT: CLIL (Cambridge)
M.Ed. (EAL) Assumption University
💎 ယခုသင်တန်းလေးကိုတော့ Online ကနေ တစ်ပတ် (၂) ရက်နှုန်းနဲ့ 2 လတိတိ တက်ရောက်ရမှာ ဖြစ်ပြီးတော့၊ သင်တန်းကနေ
✅ Zoom မှတစ်ဆင့် Trainer နှင့် တိုက်ရိုက်ဆွေးနွေးမေးမြန်းနိုင်ခြင်း
✅ Exam ပုံစံအတိုင်း Mock Test (၆) ကြိမ် ဖြေဆိုရမှာဖြစ်လို့ Exam အတွက် Practice ကောင်းကောင်းရရှိခြင်း
✅ Trainer's Notes, PPT Slides နှင့် ပြန်လည်ကြည့်ရှုနိုင်မယ့် Recorded Videos များ။
✅ သင်တန်းတက်ရောက်ပြီး Cambridge TKT Exam ဖြေဆိုမယ့်သူများအတွက် အခမဲ့ Exam Registration Service နှင့် Study Plan များ ရရှိနိုင်မှာဖြစ်ပါတယ်
English စာသင်ကြားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိအမှတ်ပြု သင်ကြားရေး Certificate တစ်ခုကို ရယူလိုသူတွေနဲ့ သင်ကြားရေးဆိုင်ရာ အသိပညာတွေကိုလေ့လာလိုသူတွေ အထူးတက်ရောက်သင့်ပါတယ်။ တက်ရောက်မယ်ဆိုရင်တော့ English CEFR Level B1 နှင့်အထက် ရှိထားသင့်ပါတယ်။
ဒါကြောင့် တက်ရောက်လေ့လာလိုကြတဲ့ ဆရာ၊ ဆရာမတို့အနေနဲ့ ယခုပဲ TELEGRAM @tafinancedepartment ကနေ တစ်ဆင့် စာရင်းသွင်းအပ်နှံနိုင်ကြဖို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ
🔷Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
🔷 Teaching Agency မှ သင်တန်းများကို မိမိတို့ကျောင်းများမှ ဆရာ၊ဆရာမများအတွက် သီးသန့်ပိုချသင်ကြားပေးလိုသော Private School, International School များအတွက်လည်း Coach Session & Cooperative Training များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ | 79 |
| 6 | TKT Module 1 [Background to language learning and teaching] Preparation Class (Batch-22)
🎓 International Standard နဲ့အညီ ကိုယ့်ရဲ့ Teaching Knowledge ကို စစ်ဆေးပြီး Professional ဆန်တဲ့ ဆရာ/မတစ်ယောက်အဖြစ်ပြောင်းလဲချင်ပါသလား?
ဆရာ၊ ဆရာမတို့အတွက် Cambridge အသိအမှတ်ပြု Teaching Qualification ရယူနိုင်မယ့် အခွင့်အလမ်းကို ဖော်ဆောင်ပေးနိုင်ဖို့ TKT Module 1 Preparation Class လေးကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။
ဆရာ၊ ဆရာမတို့အနေနဲ့ စာသင်ခန်းထဲမှာ အခုလို အခြေအနေမျိုးတွေကို ကြုံဖူးကြပါသလား
✅ ကိုယ်က သင်ခန်းစာတစ်ခုကို ရာနှုန်းပြည့် စေတနာပါပါ၊ တက်တက်ကြွကြွ ရှင်းပြနေပေမယ့် ကျောင်းသားတွေဘက်က ဘာမှပြန်မပြောဘဲ တုံ့ပြန်မှုအားနည်းနေတာ
✅ စာမေးပွဲစစ်လိုက်တဲ့အခါ သင်ထားတဲ့ Grammar Context တွေကို ကျောင်းသားတွေက ပုံသေမှတ်ပြီး ဖြေနိုင်ပေမယ့်၊ တကယ်တမ်း Speaking / Writing မှာ ကျတော့ အသုံးမချတတ်တာ
✅ Class တစ်ခုထဲမှာတင် စာ အရမ်းလိုက်နိုင်တဲ့ ကျောင်းသားနဲ့ မလိုက်နိုင်တဲ့ ကျောင်းသား နှစ်မျိုးကွဲနေပြီး Activities တွေ ပေးတဲ့အခါ ဘယ်လို မျှတအောင် လုပ်ရမလဲ မသိဖြစ်ရတာ။
ဒီလို အခြေအနေတွေ ကြုံလာရတဲ့အခါ ကျွန်တော်တို့ ဆရာအများစုက "ကိုယ်ကပဲ ရှင်းပြတာ လိုသွားလို့လား"၊ "ကျောင်းသားတွေကပဲ စာကို တကယ်မလိုက်နိုင်ကြလို့လား"၊ဆိုပြီး ဒွိဟစိတ်တွေနဲ့ တွေးပူမိတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ ကိုယ့်ရဲ့ Subject Matter အားနည်းလို့ မဟုတ်သလို၊ ကျောင်းသားတွေရဲ့ ဉာဏ်ရည်ကြောင့်လည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့အသုံးပြုလိုက်တဲ့ သင်ကြားရေးနည်းစနစ်နဲ့ ကျောင်းသားတွေရဲ့ သင်ယူမှုပုံစံ မကိုက်ညီပဲ လွဲချော်နေတာကြောင့် ဖြစ်ပါတယ်။
💠 ခေတ်သစ်ပညာရေးမှာ Teacher-Centered စနစ်ကနေ Student-Centered စနစ်ကို ကူးပြောင်းနေပြီ ဖြစ်ပါတယ်။ ဆရာက အချိန်ပြည့် စာချပြနေရုံနဲ့ သင်ယူမှုက ထိရောက်မလာနိင်တော့ပါဘူး။ ဘာသာစကားတစ်ခုကို ထိရောက်စွာ သင်ကြားနိုင်ဖို့ဆိုရင် ဆရာတစ်ယောက်အနေနဲ့ အခြေခံသဘောတရားတွေကို သီအိုရီအရကော လက်တွေ့အရပါ ပိုင်ပိုင်နိုင်နိုင် ခွဲခြားသိမြင်ထားဖို့ လိုအပ်ပါတယ်။ ဘာသာစကားသင်ကြားရာမှာ ကျောင်းသားတွေ လက်တွေ့အသုံးချနိုင်ဖို့ Language Acquisitionနဲ့ Language Learning ကို မျှတစွာ ပေါင်းစပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် Reading နဲ့ Listening လိုမျိုး Receptive Skills တွေ ဖွံ့ဖြိုးဖို့ နည်းဗျူဟာကျကျ သင်ကြားပေးဖို့လိုအပ်သလို၊ Writing နှင့် Speaking တွေလို Productive Skills တွေကြွယ်ဝလာဖို့လည်း မှန်ကန်စွာ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ်သင်မယ့် ကျောင်းသားတွေရဲ့ မတူညီတဲ့ Learning Styles တွေကို ခွဲခြားနားလည်ပြီး သူတို့သင်ယူနိုင်မယ့်နည်းလမ်းအတိုင်း ပြောင်းလဲသင်ကြားပေးရမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ချင်းစီမှာ မတူညီတဲ့ သင်ယူမှုအားသာချက်တွေ ရှိတဲ့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ ဘာသာရပ်ကို ကျွမ်းကျင်ရုံသာမက ဘယ်လို ထိရောက်အောင် သင်ကြားမလဲဆိုတဲ့ နည်းစနစ်ပိုင်းကိုပါ စနစ်တကျ နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
TKT (Teaching Knowledge Test) ဆိုတာ ကမ္ဘာကျော် Cambridge Assessment ရဲ့ အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေး ဗဟုသုတနဲ့ အရည်အသွေးကို စစ်ဆေးအကဲဖြတ်တဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခု ဖြစ်ပါတယ်။
TKT မှာ Module (5) ခု ရှိတဲ့အနက် Module 1 ကတော့ Teacher Career ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့
✅ Concepts of Language and Language Learning
✅ Background to Teaching and Learning
✅ Teaching Methodologies
✅ Learning Theories
✅ Learner Characteristics
✅ Classroom Terminologies တို့ကို အသေးစိတ်လေ့လာရတဲ့ Module ဖြစ်ပါတယ်။
ဒါကြောင့် Teacher အသစ်ဖြစ်ဖြစ် Teaching Experience ရှိပြီးသားဖြစ်ဖြစ် ကိုယ့်ရဲ့ Teaching Skills ကို Professional Level တက်ချင်သူတိုင်းအတွက် မရှိမဖြစ် Module ဖြစ်ပါတယ်။ အဆောက်အဦတစ်ခု ဆောက်ရင် Foundation ခိုင်ဖို့လိုသလို၊ ELT ဆရာတစ်ယောက်ရဲ့ သင်ကြားရေး သီအိုရီနဲ့ ဗဟုသုတ ခိုင်မာဖို့အတွက်ဆိုရင် TKT Module 1 ကို မဖြစ်မနေ လေ့လာဖို့ လိုအပ်ပါတယ်။
TKT Module 1 မှာ Learners ဘယ်လိုသင်ယူကြတယ်၊ ဘာကြောင့် သင်ယူမှုကွာခြားတယ်၊ ဆရာတွေက ဘယ်လို Support ပေးသင့်တယ်ဆိုတာကို Theory နဲ့ Practical Example တွေ ပေါင်းပြီး သင်ယူရမှာ ဖြစ်တာကြောင့်၊ ဆရာတစ်ယောက် စာသင်ခန်းထဲကို ဝင်တဲ့အခါ “ဒီနေ့ ဘာစာသင်ရမလဲ” ဆိုတာထက် “ဒီနေ့ သင်မယ့်အကြောင်းအရာကို ကျောင်းသားတွေ ရင်ထဲရောက်အောင် ဘယ်လို Activities တွေနဲ့ ချဉ်းကပ်မလဲ” ဆိုတာကို အသေအချာ နားလည်အသုံးချတတ်လာမှာဖြစ်ပါတယ်။
🎯 ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ?
💠 အင်္ဂလိပ်စာ သင်ကြားရေးလောကထဲကို ခြေလှမ်းသစ်လှမ်းချင်ပြီး၊ အစကတည်းက စနစ်မှန်၊ လမ်းကြောင်းမှန်အတိုင်း သွားချင်သူများ။ | 93 |
| 7 | Sin texto... | 80 |
| 8 | မူလတန်းစနစ်သစ်မြန်မာစာမှာ အပြောအဆိုစွမ်းရည်တိုးတက်အောင် ဒီနည်းစနစ်တွေသုံးပြီးပြီလား
◾◾◾◾◾◾◾◾◾◾
အရင်ခေတ်က အတန်းထဲမှာ ကလေးတွေ ငြိမ်နေမှ၊ ဆရာမတိုင်ပေးတဲ့အတိုင်း သံပြိုင်ရွတ်မှ စာသင်တာလို့ လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ခေတ်သစ် မြန်မာစာသင်ရိုးမှာတော့ ကလေးတွေကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုတတ်ဖို့ကို အဓိက ဦးတည်လာပါပြီ။
ကလေးတွေက မြန်မာစကားပြောတတ်ပြီးသားပဲ... သက်သက်သင်စရာလိုလို့လား လို့ မေးစရာရှိပါတယ်။ အိမ်မှာ ပြောနေကျ စကားလုံးတွေကနေ စာပေအသုံးအနှုန်း နဲ့ ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုတတ်မှုကို ကူးပြောင်းပေးဖို့ဟာ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
စာသင်ခန်းထဲမှာ ကလေးတွေရဲ့ အပြောအဆိုစွမ်းရည်ကို သိသိသာသာ တိုးတက်လာစေမယ့် နည်းစနစ် (၆) ခုကို လေ့လာကြည့်ရအောင်ခင်ဗျာ။
၁။ အဖြစ်အပျက်တွေကို စီကုံးပြောတတ်လာအောင် မေးပါ
စနစ်သစ် ဖတ်စာအုပ်တွေမှာ ရောင်စုံရုပ်ပုံတွေ အများကြီး ပါလာပါတယ်။
"ဒါ ဘာပုံလဲ" လို့မေးပြီး သင်ကြားတာကကောင်းပါတယ်။ ဒါပေမဲ့ ခွေးလေးပုံ၊ ကလေးပုံ စသဖြင့် ကလေးက တစ်ခွန်းတည်း ဖြေပြီး ပြီးသွားတာမျိုး မဖြစ်စေရပါဘူး။ "ဒီပုံထဲက ခွေးလေးက ဘာလုပ်နေတယ် ထင်လဲ" လို့ Open-ended Questionsတွေ မေးရပါမယ်။ ဒါမှ ကလေးရဲ့ ဦးနှောက်က စိတ်ကူးယဉ်ပြီး ဆက်စပ်ပြောဆိုလာမှာပါ။
---------
၂။ကိုယ်ပိုင်ဟန်ဖြင့် ပြန်ပြောတတ်ဖို့ လေ့ကျင့်ပေးပ။
ပုံပြင်ပြော၊ ကဗျာတွေရွတ်ပြပြီးရင် "ကဲ... အလွတ်ပြန်ရွတ်ပြ" ဆိုတာမျိုးက စနစ်ဟောင်းပါ။
စနစ်သစ်မှာ "ဆရာမ ခုလေးတင် ပြောပြသွားတဲ့ ပုံပြင်လေးကို သား/သမီး နားလည်သလို ပြန်ပြောပြပါဦး" လို့ လေ့ကျင့်ပေးပါ။ စကားလုံးတွေ လွဲချင်လွဲပါစေ.. ဒါပေမဲ့ သူ့စိတ်ကူးကို သူ့စကားလုံးတွေနဲ့ ဖွဲ့စည်းပြောဆိုခြင်းဆိုတဲ့ အဆင့်မြင့် စွမ်းရည်ကို ရရှိသွားပါပြီ။
-------
၃။ ဝေါဟာရတွေကို ဆက်စပ်ပြီးစဉ်းစားစေပါ။
ကလေးတွေ စကားမပြောနိုင်တာဟာ ခေါင်းထဲမှာ ဝေါဟာရ မရှိလို့ပါ။ ဒါပေမဲ့ စာလုံးတွေကို အလွတ်ကျက်ခိုင်းရင် ကလေးက သုံးတတ်မှာ မဟုတ်ပါဘူး။
စကားလုံး ကွန်ရက်ဖန်တီးပါ - ဥပမာ "မိုးရွာသည်" ဆိုတဲ့ စာလုံးကို သင်ရင် အဲ့ဒီစာလုံးတစ်ခုတည်း မသင်ပါနဲ့။ မိုးရွာရင် ဘာဖြစ်လဲ၊ "ထီး၊ မိုးကာ၊ အအေးမိတယ်၊ ဖားအော်တယ်၊ ရွှံ့ဗွက်" စတဲ့ ဆက်စပ်စကားလုံးတွေကို Board ပေါ်မှာ ပင့်ကူအိမ်လို ချိတ်ဆက်ရေးပြပါ။ ဒါဆိုရင် ကလေးက "မိုးရွာလို့ သမီး ထီးဆောင်းလာတယ်" ဆိုပြီး ဝါကျရှည်ကြီးတွေ စပြောတတ်လာပါပြီ။
----
၄။ စကားမပြောတတ်တဲ့ ကလေးကို အတင်းမဖိအားပေးဘဲ လှေကားထစ်ဆင်ခေါ်ပါ။
တချို့ကလေးတွေက ရှက်လို့ (သို့) စကားလုံး ရှာမတွေ့လို့ ရပ်နေတတ်ပါတယ်။ အဲ့ဒီအခါ "မြန်မြန်ဖြေလေ၊ မသိဘူးလား" လို့ မလုပ်ပါနဲ့။
◾ရွေးချယ်စရာပေးပြီး စကားဆက်ပေးပါ။ ဥပမာ - ကလေးက "သမီး ဗိုက်... ဗိုက်..." နဲ့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေရင် ဆရာမက "သမီး ဗိုက်ဆာလို့လား၊ ဒါမှမဟုတ် ဗိုက်နာလို့လား" လို့ ရွေးချယ်စရာ ပေးလိုက်ပါ။
◾ဝါကျအစ ပေးပါ - ကလေးက အစဖော်မရဖြစ်နေရင် ဆရာမက "သမီး အကြိုက်ဆုံး အရောင်ကတော့..." ဆိုပြီး အစလေး ဖော်ပေးလိုက်ပါ။ ကလေးက နောက်ကနေ "...ပန်းရောင်ပါ" လို့ အလွယ်တကူ ဆက်ပြောနိုင်သွားပါလိမ့်မယ်။
----------
၅။ စာအုပ်ထဲမှာပဲ မနေခိုင်းပါနဲ့။ အပြင်မှာပြောစေပါ။
ဖတ်စာအုပ်ထဲက အပြန်အလှန် စကားပြောခန်းတွေကို စာဖတ်သလို မဖတ်ခိုင်းပါနဲ့။ ဇာတ်ကောင် နေရာ ဝင်ယူခိုင်းပြီး အမူအရာ လေးတွေနဲ့ အတန်းရှေ့ထွက် ပြောခိုင်းပါ။ ဒါဟာ တကယ် ဆက်သွယ်ပြောဆိုနေတာ ဆိုတဲ့ ခံစားချက်ကို ရသွားစေပါတယ်။
----------
၆။ "ကိုယ်ပိုင်အတွေ့အကြုံ" နဲ့ ချိတ်ဆက်ပေးပါ
သင်ခန်းစာတစ်ခု သင်ပြီးတိုင်း စာအုပ်ထဲက အကြောင်းအရာနဲ့ မရပ်လိုက်ပါနဲ့။ "သားတို့ သမီးတို့ရော အိမ်မှာ ဘာအကောင်လေးတွေ မွေးထားလဲ" ဆိုပြီး သူတို့ရဲ့ နေ့စဉ်ဘဝ နဲ့ ချိတ်ဆက်ပေးလိုက်ရင် ရှက်တတ်တဲ့ ကလေးတောင် သူ့အတွေ့အကြုံကို ပြောပြချင်လာပါလိမ့်မယ်။
📍ဆရာ/မ တို့ရေ... ကလေးက စကားထပြောတဲ့အခါ သဒ္ဒါမှားတာ၊ စကားလုံး ရွေးချယ်မှု မှားတာတွေကို ကြားဖြတ်ပြီး ချက်ချင်း မပြင်ပေးပါနဲ့။ စကားအဆုံးထိ နားထောင်ပေးပါ။ ပြီးမှ "ဪ... သားက ဒီလိုလေး ပြောချင်တာပေါ့၊ ဟုတ်လား" ဆိုပြီး အမှန်ကို သွယ်ဝိုက် ပြန်ပြောပြပေးပါ။ ကြားဖြတ်ပြင်ပေးခြင်းက ကလေးရဲ့ယုံကြည်မှုကို ရိုက်ချိုးလိုက်သလို ဖြစ်တတ်လို့ပါ။
ဒီလို စနစ်သစ်ရဲ့ သင်ကြားမှု အနှစ်သာရတွေ၊ Vocabulary Building နဲ့ Scaffolding Technique တွေကို သင်ထောက်ကူတွေဖန်တီးနိုင်ပြီး လက်တွေ့သင်ခန်းစာတွေနဲ့တကွ ကျွမ်းကျင်ပိုင်နိုင်ချင်တယ်ဆိုရင်တော့...
TA က ဖွင့်လှစ်မယ့် "မူလတန်း စနစ်သစ် မြန်မာစာ သင်ကြားနည်း အထူးသင်တန်း" ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
ဆရာ/မ တို့ အတန်းထဲမှာရော စာမေးရင် ဖြေဖို့ ရှက်နေတဲ့ ကလေး၊ စကားသိပ်မပြောတဲ့ ကလ#julyteachertraining
သူတို့ကို စကားပြောလာအောင် ဘယ်လို ဆွဲဆောင်လေ့ရှိလဲဆိုတာ Comment မှာ အတွေ့အကြုံလေးတွေ မျှဝေပေးသွားပါဦးနော်။
🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။ | 171 |
| 9 | Sin texto... | 151 |
| 10 | 👉မြန်မာဘာသာစကားဆိုင်ရာ အသိသုတတွေကိုဖြည့်ဆည်းနိုင်မယ်
👉မူဆင့်မြန်မာစာ သင်ကြားနည်းနာတွေအကျွမ်းတဝင် အသုံးချသင်ကြားတတ်လာမယ်
👉 သင်ခန်းစာနဲ့ ကိုက်ညီတဲ့ သင်ကြားနည်း အသစ်တွေ ရရှိမယ်
👉 သင်ကြားရေးနယ်ပယ်တူချင်း စုဖွဲ့ထားတဲ့မြန်မာဘာသာစကားသင် Community တစ်ခုကို ချိတ်ဆက်နိုင်လာမယ်
👉သင်တန်းပြီးဆုံးသွားတဲ့အခါ သင်တန်းတက်ရောက်ပြီးဆုံးကြောင်း အသိအမှတ်အပြု Certificate တစ်ခုရရှိမယ့်အပြင် ပို့ချချက်တွေ၊ Reference Resources တွေကို အချိန်မရွေး Access လုပ်ခွင့် ရရှိနေမှာ ဖြစ်ပါတယ်
စာသင်ခန်းထဲမှာ ဆရာက စာဖတ်ပြ၊ ကလေးက လိုက်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ "ဘာသာစကားစွမ်းရည် (၄) ရပ်" ကို ကလေးကိုယ်တိုင် အသုံးချတတ်လာအောင် သင်ကြားနိုင်မယ့် Step-by-Step Guide ကို ရရှိမှာဖြစ်လို့ TELEGRAM @tafinancedepartment ကနေတစ်ဆင့် စာရင်းသွင်းပါဝင်တက်ရောက်နိုင်ကြဖို့ အသိပေးဖိတ်ခေါ်အပ်ပါတယ်။
🔷 ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးစွမ်းရည်များကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်ဖို့ Teaching Agency က အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
🔷 Teaching Agency က ပို့ချပေးနေတဲ့ သင်တန်းများကို သီးသန့် ပြန်လည်ပို့ချသင်ကြပေးလိုတဲ့ ပုဂ္ဂလိကကျောင်းများ၊ ပညာရေးစင်တာများအတွက်လည်း သင်တန်းများကို ချိတ်ဆက်ပို့ချပေးလျက်ရှိနေပါတယ်။ | 188 |
| 11 | မူလတန်း (စနစ်သစ်) မြန်မာစာ သင်ကြားနည်း( (Batch-20)
💎 မူလတန်းစနစ်သစ် မြန်မာစာကို လက်တွေ့စာသင်ခန်းထဲမှာ ထိထိရောက်ရောက် စနစ်တကျ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမတစ်ယောက်ဖြစ်လိုပါသလား?
🎓 ယနေ့ခေတ် ပညာရေးမှာ မြန်မာစာဆိုတာ ဖတ်တတ်၊ ရေးတတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ပြောင်းလဲထားတဲ့ စနစ်သစ်ပညာရေးရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသားတွေကို စာအလွတ်ကျက်စေဖို့ မဟုတ်တော့ဘဲ
📖 ဖတ်ပြီး နားလည်နိုင်စေဖို့
💬 စဉ်းစားဆွေးနွေးနိုင်စေဖို့
✍️ ကိုယ်ပိုင်အတွေးကို ရေးသားဖော်ပြနိုင်စေဖို့
🌱 ဘဝမှာ အသုံးချနိုင်တဲ့ Language Skills တွေ ဖွံ့ဖြိုးလာစေဖို့ ဖြစ်ပါတယ်။
🎓 မူလတန်းကျောင်းသားတစ်ယောက် စာဖတ်တတ်လာတာ၊ ဖတ်တဲ့စာနားလည်လာတာ၊ ကိုယ်ပိုင်အတွေးကို ရေးသားတတ်လာတာဟာ တစ်ရက်တည်းနဲ့ အလိုလို ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အဲဒီအခြေခံစွမ်းရည်တွေကို စနစ်တကျ တည်ဆောက်ပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ နည်းစနစ်တွေကြောင့်သာဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ကလေးငယ်တွေကို မြန်မာစာသင်ပေးတဲ့အခါ စာလုံးပေါင်းမှားတာ၊ စာဖတ်ဖို့အခက်အခဲဖြစ်တာတွေကို ဆရာ၊ ဆရာမတိုင်း ကြုံဖူးကြမှာပါ။ စနစ်သစ်သင်ရိုးမှာဆိုရင် အရင်လို သင်ပုန်းကြီးကို အလွတ်ကျက်မှတ်တဲ့စနစ်မျိုး မဟုတ်တော့ဘဲ ကလေးတွေကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီး နားလည်သဘောပေါက်အောင် သင်ကြားပေးဖို့ လိုအပ်လာတာကြောင့် ကလေးတွေ အမှန်တကယ် တတ်မြောက်သွားအောင် သင်ပေးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ များပါတယ်။
ကလေးငယ်လေးတွေကို စာသင်တဲ့အခါ ပုံမှန်စာသင်သလိုမျိုး ရိုးရိုးရှင်းရှင်း သင်ပေးလို့မရပါဘူး။ ဥပမာ - G1 နဲ့ G2 အရွယ် ကလေးတွေကို ဗျည်းနဲ့ သရတွေ သင်ပေးတဲ့အခါ ထပ်ခါတလဲလဲ ရွတ်ဆိုခိုင်းတာထက် စာဖတ်သင်ကြားနည်းစနစ်တွေ၊ ကစားနည်းတွေ၊ လက်တွေ့လုပ်ဆောင်နိုင်မယ့် Worksheet တွေနဲ့ ပေါင်းစပ်သင်ကြားမှသာ ကလေးတွေက ပျင်းရိမသွားဘဲ စာကို စိတ်ဝင်တစား လေ့လာချင်စိတ်ဖြစ်လာမှာပါ။ ဒါ့အပြင် ကဗျာ၊ ပုံပြင်၊ စာစီစာကုံးနဲ့ အခြေခံသဒ္ဒါတွေကို သင်ကြားတဲ့အခါမှာလည်း ဆရာ၊ ဆရာမတွေအနေနဲ့ ထိရောက်တဲ့ သင်ပြနည်းဗျူဟာတွေကို ကျွမ်းကျင်ထားဖို့ အရေးကြီးပါတယ်။
ဒီလို လက်တွေ့စာသင်ခန်းထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့နဲ့ စနစ်သစ်သင်ရိုးကို ပိုမိုပိုင်နိုင်စွာ သင်ကြားပေးနိုင်ဖို့ "မူလတန်းစနစ်သစ်မြန်မာစာသင်ကြားနည်း" သင်တန်းကို ထပ်မံဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့သင်ကြားမှုပုံစံကို ခေတ်မီပြီး ထိရောက်တဲ့ နည်းစနစ်သစ်တွေနဲ့ အဆင့်မြှင့်တင်နိုင်ဖို့ ယခုသင်တန်းလေးက များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်
💡 ပြောင်းလဲထားတဲ့ မူလတန်း သင်ရိုးသစ် အပေါ်အခြေခံပြီး ပါဝင်တဲ့ သင်ခန်းစာတစ်ခုချင်းစီကို ဘယ်လို Teaching Steps တွေနဲ့ သင်ရမယ်၊ အဖတ်အရွတ်၊ အရေးအသား၊ အနာအကြား၊ အပြောအဆိုစတဲ့ ဘာသာစကားစွမ်းရည်တွေရရှိအောင် စနစ်တကျ ဘယ်လိုသင်ကြားရမယ်၊ သင်ခန်းစာနဲ့သင့်လျော်တဲ့ သင်ထောက်ကူတွေ ဘယ်လိုမျိုးဖန်တီးရမယ်ဆိုတာတွေကို ဒီ မူလတန်းစနစ်သစ်မြန်မာစာသင်ကြားနည်း သင်တန်းလေးမှာ လေ့လာနိုင်မှာဖြစ်ပါတယ်။
👩🏫 ဘယ်သူတွေ တက်သင့်လဲ?
✅ မူလတန်းအဆင့် မြန်မာစာသင်ကြားနေသူများ
✅ စနစ်သစ်သင်ရိုးနဲ့သင်ကြားဖို့ပြင်ဆင်နေသူများ
✅ မိမိသင်ကြားနည်းကို ပိုမိုတိုးတက်ချင်သူများ တက်သင့်ပါတယ်
🔶 ဘာတွေလေ့လာရမလဲ?
✔️ စနစ်သစ် သင်ရိုးသစ်အပေါ် နားလည်မှု
✔️ သင်ခန်းစာတစ်ခုချင်းစီကို အဆင့်ဆင့်ရှင်းပြနည်း
✔️ စာဖတ်နားလည်မှုတိုးစေနိုင်မယ့် နည်းစနစ်များ
✔️ စာလုံးပေါင်း၊ သဒ္ဒါ၊ စာစီစာကုံး နဲ့ စာပေအမျိုးအစားအလိုက် လေ့ကျင့်သင်ကြားနည်းများ
✔️ သင်ခန်းစာတွေအတွက် အသုံးပြုရမယ့် worksheet များ၊ သင်ထောက်ကူပြင်ဆင်နည်းများ
🔷 သင်တန်းအကြောင်းအရာများ
သင်တန်းဖွင့်ပွဲ- 20. 7. 2026 (Mon)
သင်တန်းစရက် - 21. 7. 2026 (Tue)
သင်တန်းရက် - Tue, Fri (Weekly)
သင်တန်းပိတ်ပွဲ -12. 9. 2026 (Sat)
သင်တန်းကာလ - 2 Months (8 Weeks)
သင်တန်းအချိန် - 8:00 PM - 9:30 PM
သင်တန်းကြေး - 60000 ကျပ်
TA သင်တန်းသားဟောင်း -50000 ကျပ်
🔷 ပို့ချမည့်အကြောင်းအရာများ
🎓မူလတန်းဆင့်မြန်မာစာသင်ကြားရခြင်းရည်ရွယ်ချက်
🎓မူလတန်းအောက်ဆင့်သင်ရိုးမာတိကာတွင် ပါဝင်သော သင်ခန်းစာများကို လေ့လာ၍ သုံးသပ်ခြင်း
🎓KG (သူငယ်တန်းအတွက်) သင်ပြနည်းများ
🎓G1 နှင့် G2 တွင် ပါဝင်သော ဗျည်းသရများအတွက် စာဖတ်သင်ကြား (၃) နည်း
🎓G1 နှင့် G2 အတွက် Worksheet များ၊ Games များ ဖန်တီးခြင်း
🎓စကားသံအဆက်အစပ် အကြောင်း ဥပဒေသများကို လေ့လာခြင်း
🎓မူလတန်းဆင့် ကဗျာသင်ပြနည်း
🎓ပုံပြင်စကားပြေနှင့် အတ္ထုပ္ပတ္တိသင်ပြနည်း
🎓မူလတန်းအောက်ဆင့် အခြေခံသဒ္ဒါနှင့် ပြဇာတ်သင်ခန်းစာသင်ပြနည်း
🎓စာစီစာကုံးရေးသားခြင်း သင်ခန်းစာသင်ပြနည်း
🎓Assignment များပေးခြင်း
💠 Trainer:
Tr. Seint
B.Ed.
Dip. in ECCD
🎯 သင်တန်းကနေ ဘာအကျိုးကျေးဇူးတွေရမလဲ | 160 |
| 12 | Sin texto... | 125 |
| 13 | Tr. Honey
B.Ed.
ECCD Certificate (Department of Social Welfare)
Certificate of Jolly Phonics
Qualified Teacher (Abacus Mathematics)
Dip in Leadership & Management
Life Coach & Educational Consultant
ECCD Professional Trainer
ဒီသင်တန်းလေးကို တက်ရောက်ခြင်းအားဖြင့် ECCD & ECCE ပညာရပ်ကို အခြေခံပြီး ကလေးငယ်တွေကို သင်ကြားပေးရာမှာ ဘယ်လိုမျိုးကူညီဖေးမမှုတွေ လုပ်ဆောင်သင့်တယ်၊ ကလေးရဲ့ သင်ယူမှုကို တွန်းအားပေးနိုင်ဖို့ ဘယ်လိုသင်ကြားမှုနည်းလမ်းတွေ၊ သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုသင့်တယ်ဆိုတာတွေကို သိရှိသွားမှာဖြစ်ပါတယ်။သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု Certificate နှင့်တကွ Teaching Agency ရဲ့ သင်တန်းသားဟောင်းအသိအမှတ်ပြု Alumni Cards ကို လည်း ပေးအပ်သွားမှာဖြစ်ပါတယ်။၊
🔹ဒါကြောင့် လေ့လာသင်ယူလိုသူ ဆရာ၊ ဆရာမတို့အနေနဲ့ TELEGRAM @tafinancedepartment ကတစ်ဆင့် အမြန်ဆုံး စာရင်းသွင်းတက်ရောက်နိုင်ကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျ
🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ်
🔹 ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ် | 239 |
| 14 | ECCD & ECCE for Parents and Teachers (Batch-45)
🎓 ကလေးတစ်ယောက်ရဲ့ ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ Early Childhood အရွယ်အတွက် စနစ်တကျ အကောင်းဆုံးအုတ်မြစ်ချပေးနိုင်တဲ့ မိဘ၊ ဆရာတစ်ဦးဖြစ်လိုပါသလား?
မိဘတစ်ယောက်၊ ဆရာတစ်ယောက်အနေနဲ့ ကလေးတွေကိုထိန်းကျောင်းရာမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ECCD & ECCE သင်တန်းလေး ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ၉၀% ကျော်က အသက် (၅) နှစ်မတိုင်ခင်မှာ ဖြစ်ပေါ်နေတယ်ဆိုတာ သိပါသလား။ များသောအားဖြင့် မိဘတွေရဲ့အမြင်မှာ ကလေးကို ကျောင်းထားလိုက်ရင် အလိုလိုတိုးတက်သွားမယ်၊ စာရေး၊ စာဖတ် တတ်ဖို့ Preschool ပို့လိုက်ရင် လုံလောက်ပြီလို့ ထင်မှတ်ကြလေ့ရှိပါတယ်။ ဒီလို အယူအဆတွေဟာ ယနေ့ခေတ် Early Childhood Education ရဲ့ အခြေခံသဘောတရားတွေနဲ့ မကိုက်ညီတော့ပါဘူး။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ကလေးတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို ဆုံးဖြတ်ပေးတာဟာ IQ တစ်ခုတည်းမဟုတ်ဘဲ
✅ Emotional Development (စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု)
✅ Social Skills (လူမှုဆက်ဆံရေးစွမ်းရည်)
✅ Communication Skills (ဆက်သွယ်ပြောဆိုနိုင်မှု)
✅ Creativity (တီထွင်ဖန်တီးနိုင်မှု)
✅ Problem Solving Skills (ပြဿနာဖြေရှင်းနိုင်မှု)
✅ Self-confidence (ကိုယ့်ကိုယ်ကို ယုံကြည်မှု) စတဲ့ အခြေခံဘဝစွမ်းရည်တွေကို Preschool အရွယ်ကတည်းက မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ နိုင်ငံတကာမှာ ECCD & ECCE ကို ကလေးပညာရေးရဲ့ အရေးအကြီးဆုံး Foundation အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
ECCD & ECCE (Early Childhood Care, Development and Education) ဆိုတာက ကလေးငယ်တွေရဲ့ အသက် (၀) နှစ်မှ (၈) နှစ်အတွင်း ရုပ်ပိုင်း၊ ဉာဏ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုဆက်ဆံရေးနှင့် ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်နှင့် ကိုက်ညီတဲ့ ပြုစုစောင့်ရှောက်မှု (Care)၊ ဖွံ့ဖြိုးတိုးတက်ရေး (Development) နှင့် ပညာရေး (Education) တို့ကို ပေါင်းစပ်ကာ စနစ်တကျ လေ့ကျင့်သင်ကြားပေးတဲ့ Early Childhood အခြေခံပညာရေးစနစ် ဖြစ်ပါတယ်။
ECCD & ECCE ဟာ ကလေးတွေကို စာသင်ပေးရုံသာမက၊ Learning Through Play (ကစားရင်းသင်ယူခြင်း)၊ Child-centered Learning (ကလေးဗဟိုပြုသင်ကြားခြင်း) နဲ့ Holistic Development (ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး) ကို အခြေခံပြီး ကလေးတစ်ယောက်ရဲ့ အနာဂတ်သင်ယူနိုင်စွမ်း၊ အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနှင့် ဘဝတစ်လျှောက် သင်ယူနိုင်စွမ်းတို့ကို တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့ ပညာရေးအဆင့်တစ်ခု ဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့
🧠 Learning Ability
💬 Communication
❤️ Emotional Control
🤝 Teamwork
🌟 Creativity
📖 Future Academic Success စတဲ့အရာတွေ အားလုံးဟာ Preschool အရွယ်ကတည်းက စတင်တည်ဆောက်လာတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရရှိတဲ့ အတွေ့အကြုံတွေဟာ ကလေးရဲ့ တစ်သက်တာ Learning Style ကိုပါ သက်ရောက်စေပါတယ်။
ဒါကြောင့် Preschool Teacher တွေရဲ့ Teaching Skills နဲ့ Parent တွေရဲ့ Parenting Skills ဟာ ကလေးအနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။
ဒီသင်တန်းလေးကတော့ ကလေးကို "စာ" အတင်းသင်ဖို့မဟုတ်ဘဲ ကလေးရဲ့ အလားအလာတွေကို အကောင်းဆုံး ဖော်ထုတ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပံ့ပိုးနည်းတွေနဲ့ ကလေးရဲ့ အလားအလာကို အမြင့်ဆုံးရောက်အောင် ပုံဖော်ပေးနိုင်မည့် ECCD & ECCE သင်ကြားနည်းစနစ်တွေကို စနစ်တကျလေ့လာနိုင်မှာ ဖြစ်ပါတယ်။
💠 ဒီသင်တန်းကိုဘယ်သူတွေတက်သင့်လဲ?
(1) မူကြို၊ မူလတန်းဆရာ/ဆရာမများ
(2) Montessori, Nursery, Kindergarten သင်ကြားနေသူများ
(3) ECCD/ECCE နည်းစနစ်ကို စနစ်တကျလေ့လာချင်သူများ
(4) သားသားမီးမီးတွေကို Homeschooling ပုံစံနဲ့ သင်ကြားပေးလိုတဲ့မိဘများ
(5) Child Care Center, Preschool ဖွင့်မယ့်သူများ
(6) Early Childhood Education ကို ပညာရေးမိတ်ဆက်အနေနဲ့ တက်ရောက်ချင်သူများ
🔷လေ့လာရမည့်အကြောင်းအရာများ
1) Preschool setting and learning Areas.
Preschool Management and Classroom Management
2) Teaching Techniques for Main Subjects
3) Yearly, Monthly, Weekly, Daily Lesson Procedure.
ECCD Playing Method
4) Drawing and Painting, Art and Craft
5) Story Telling
6) Music, Movement and Yoga
7) Nutrients and First Aids Training for Emergency Treatments
8) Science စတဲ့ အကြောင်းအရာများကို ပိုချပေးသွားမှာ ဖြစ်ပါတယ်။
🔷သင်တန်းအကြောင်းအရာများ
သင်တန်းဖွင့်ပွဲ - 20. 7. 2026 (Mon)
သင်တန်းစရက် -21. 7. 2026 (Tue)
သင်တန်းရက် - July 21, 22, 23, 24 & 27, 28, 29, 30
သင်တန်းအချိန် - 7:00 PM - 8:00 PM
သင်တန်းပိတ်ပွဲ - 31. 7. 2026 (Fri)
သင်တန်းကာလ - 10 Days
သင်တန်းကြေး - 50000 ကျပ်
TA သင်တန်းသားဟောင်း 40000 ကျပ်
💠Trainer: | 230 |
| 15 | Sin texto... | 231 |
| 16 | Cambridge & Edexcel standard အတိုင်း လက်တွေ့ကျတဲ့ သင်ကြားနည်းစနစ်တွေနဲ့ Assessment Criteria တွေကို စနစ်တကျ သင်ကြားပေးမဲ့ How to teach IGCSE ESL အတန်း ဖွင့်လှစ်ထားပါတယ်ခင်ဗျာ။ ဆရာ/ဆရာမတို့ရဲ့ သင်ကြားရေးစွမ်းရည်နဲ့ Career ကိုပါ မြှင့်တင်ပေးနိုင်မဲ့ ဒီအတန်းလေးကို အပ်နှံလိုပါက 'ESL' လို့ရေးခဲ့ပေးပါ။ | 293 |
| 17 | Sin texto... | 407 |
| 18 | အင်္ဂလိပ်စာဆရာတွေအတွက် လူကြိုက်များနေတဲ့ နိုင်ငံတကာသင်ရိုးလမ်းကြောင်းတစ်ခု
◾◾◾◾◾◾◾◾
အခုလက်ရှိ General English (4 Skills) သင်နေတဲ့ ELT ဆရာ၊ ဆရာမတွေထဲမှာ ကိုယ့်ရဲ့ Teaching Career ကို နောက်တစ်ဆင့်မြှင့်တင်ချင်လို့ International Curriculum တွေဘက်ကို ကူးပြောင်းသင်ကြားဖို့ စိတ်ဝင်စားလာသူတွေ အများကြီးရှိပါတယ်။
Young Learners ကိုပဲ အင်္ဂလိပ်စာ သင်လာခဲ့တာ နှစ်တွေလည်း နည်းနည်းကြာလာပြီ။ စာသင်ရတာ ကိုယ့်အတွက် စိန်ခေါ်မှု သိပ်မရှိတော့ဘူးလို့ ခံစားလာရတဲ့သူတွေ အပြောင်းအလဲတစ်ခု လုပ်ဖို့ အချိန်တန်ပြီထင်သူတွေအတွက် Young Learners Level ကနေ အလယ်တန်း၊ အထက်တန်း (Secondary/High School) Level တွေကို ကူးပြောင်းတဲ့အခါ လူစိတ်ဝင်စားမှုအများဆုံးနဲ့ တကယ်ပဲ အလုပ်ဖြစ်နိုင်တဲ့ခြေလှမ်းကတော့ နိုင်ငံတကာ အသိအမှတ်ပြု IGCSE ESL/EFL သင်ရိုးကို လေ့လာသင်ယူခြင်းပါပဲ။
ဆရာ/မ တို့ရဲ့ ရှေ့ဆက်မယ့် Teaching Journey အတွက် IGCSE ESL/EFL တွေက ဘာကြောင့် ရွေးချယ်စရာဖြစ်လာတာလဲ
==========
၁။ သင်ကြားခြင်းတန်ဖိုးနဲ့ ဉာဏ်ပူဇော်ခ မြင့်တက်လာခြင်း
သာမန် 4 Skills သင်တန်းတွေမှာ "ကျူရှင်လခ ဘယ်လောက်လဲ၊ လျှော့ပေးလို့ ရမလား" ဆိုတာမျိုး မကြာခဏ ကြုံရတတ်ပါတယ်။ ပြီးတော့ ဈေးကွက်ထဲမှာလည်း ဘယ်သူသက်သာလဲ လိုက်ရှာတာမျိုးအထိ ကြုံရနိုင်ပါသေးတယ်။ ဒါပေမဲ့ IGCSE ဆိုတာ ကလေးတစ်ယောက်ရဲ့ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်၊ ဘဝရှေ့ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရာပါ။ မိဘတွေက သူတို့ကလေးကို A* ရအောင် သေချာလမ်းပြပေးနိုင်မယ့် IGCSE ESL ဆရာ/မ မျိုးကိုဆိုရင် ဈေးဆစ်ဖို့ထက်၊ သူတို့ကလေးအတွက် အချိန်ပေးနိုင်ဖို့ကိုပဲ ပိုပြီး အလေးထား တောင်းဆိုကြပါတယ်။
ဆရာ/မ တို့ရဲ့ Professional Value က အလိုလိုကို မြင့်တက်သွားတာပါ။
-----
၂။ သင်ကြားမှုလမ်းကြောင်းစနစ်တကျရှိထားပြီးခြင်း
4 Skills သင်တဲ့အခါ အပင်ပန်းဆုံးက ကိုယ်ပိုင် Lesson Plan တွေ ဆွဲရတာ၊ ကလေး စိတ်ဝင်စားအောင် ဟိုစာအုပ်က ရှာ၊ ဒီ Website က ကူးနဲ့ အချိန်တွေ အများကြီး ကုန်တာပါပဲ။ IGCSE ESL မှာတော့ အဲ့ဒီပြဿနာ လုံးဝမရှိပါဘူး။
Cambridge ကနေ တိကျတဲ့ Syllabus၊ ဖြေဆိုပြီးသား Past Papers တွေနဲ့ Marking Scheme ကို အတိအကျ ချပေးထားပါတယ်။ ဆရာ/မ ရဲ့ တာဝန်က Material ရှာဖို့မဟုတ်ဘဲ၊ ရှိပြီးသား Material ကို သုံးပြီး ကလေးတွေကို Exam Technique တွေ ပိုင်နိုင်အောင် သင်ပြနိုင်ဖို့ ဖြစ်လာပါတယ်။
-----
၃။ စာသင်ရတာ တကယ် အရသာတွေ့လာခြင်း
IGCSE ESL ဆိုတာ "Grammar မှန်၊ စာလုံးပေါင်းမှန်ရင် ပြီးရော" ဆိုပြီး စစ်တဲ့ စာမေးပွဲ မဟုတ်ပါဘူး။ "လူမှုပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကို လက်တွေ့ ဘယ်လို သုံးမလဲ" ဆိုတာကို စစ်တာပါ။
ဥပမာ - သူငယ်ချင်းကို အီးမေးလ်ရေးတာနဲ့၊ ကျောင်းအုပ်ကြီးဆီကို Report ရေးတာ.. သုံးရမယ့် လေသံ (Tone) နဲ့ စကားလုံး (Register) ဘယ်လိုကွာသွားလဲ၊ Article တစ်ပုဒ် ဖတ်ရင် စာရေးသူရဲ့ ဆိုလိုရင်းကို အချိန်တိုအတွင်း ဘယ်လို Skim/Scan လုပ်မလဲ၊
ဒီလိုမျိုး တကယ့် Practical ကျတဲ့ Analytical Skill တွေကို သင်ပေးရတာဖြစ်လို့ ဆရာ/မ တို့ ကိုယ်တိုင်လည်း စာသင်ရတာ ပိုပြီး ပျော်စရာကောင်းလာသလို၊ ကိုယ့်ရဲ့ English Level လည်း အလိုလို မြင့်တက်လာပါလိမ့်မယ်။
----
၄။ International School တွေက လိုအပ်တဲ့ သူ
လက်ရှိ Private School နဲ့ International School တော်တော်များများက နိုင်ငံတကာ သင်ရိုး (International Curriculum) တွေကို ကိုင်တွယ်နိုင်တဲ့ ဆရာ/မ တွေကို အမြဲ ရှာဖွေနေကြပါတယ်။ IGCSE ESL ကို ပိုင်နိုင်သွားပြီ ဆိုတာနဲ့ ဆရာ/မ တို့ရဲ့ Resume ဟာ တခြားသာမန် လျှောက်ထားသူတွေကြားထဲမှာ ထင်းခနဲ ပေါ်လွင်သွားမှာ အသေအချာပါပဲ။
✅ ဒါဆို ဘယ်ကနေ စတင်ရမလဲ
General English ကနေ IGCSE ESL ကို ချက်ချင်း ပြောင်းသင်ဖို့တော့ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ Cambridge ရဲ့ အမှတ်ပေးစည်းမျဉ်း တွေ၊ Exam Strategy တွေကိုနားလည်ပြီး ကျောင်းသားရဲ့ အရည်အချင်းကိုစစ်တဲ့အခါမှာလည်း အဲ့ဒီက Examiner တွေက ဘယ်လိုအမှတ်ပေးလဲ၊ ဘယ်လိုအကဲဖြတ်သလဲဆိုတဲ့အတိုင်း ဆရာ/မတို့ကိုယ်တိုင်က သိနေမှရမှာပါ။
ဒါတွေကို ဆရာ/မ တို့ ကိုယ်တိုင် လိုက်ရှာပြီး ခေါင်းစားခံစရာ မလိုအောင် TA က "IGCSE ESL Teacher Training" အတန်းကို အထူးစီစဉ်ထားပါတယ်။
ဒီ Training မှာဆိုရင်...
💡 စာမေးပွဲ မေးခွန်းပုံစံတွေအကြောင်း
💡 သင်ရိုးမှာပါဝင်တဲ့ အချက်အလက်တွေသာမက
💡 ကလေးတွေကို အမှတ်ပြည့်ရအောင် ဘယ်လို သင်ကြားရမလဲ ဆိုတဲ့ လက်တွေ့ကျတဲ့ Teaching Hacks တွေကို Tr. Hnin ကိုယ်တိုင် အသေးစိတ် မျှဝေပေးသွားမှာပါ။
ကိုယ့်ရဲ့ Teaching Career ကို အခုထက် ပိုမို ခိုင်မာပြီး၊ ဝင်ငွေ ပိုကောင်းတဲ့ Specialist လမ်းကြောင်းပေါ်ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီအတန်းလေးက ဆရာ/မတို့အတွက်ဖြစ်လာမှာပါ။
အသေးစိတ်ကိုသိရှိလိုပါက TA ESL လို့ စာရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။ | 364 |
| 19 | အတွေ့အကြုံမရှိသေးလို့ အလုပ်လျှောက်ဖို့ တွန့်ဆုတ်နေမယ့်အစား၊ ဒီ (၁၀) ရက်တာ Intensive Training လေးမှာ ကိုယ်တိုင် သေချာပြင်ဆင်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ Preschool Teacher တစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်ပါ။
💙ယခုပဲ Page Messenger ကနေဖြစ်စေ ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ အတန်းမစခင် ကြိုတင်ပြင်ဆင်နိုင်ဖို့ အမြန်ဆုံး Seat ယူထားဖို့တော့ တိုက်တွန်းချင်ပါတယ်နော်။
ဆရာ/မ တို့ရော Demo Teaching မှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရဖူးလဲဆိုတာ Comment မှာ ဆွေးနွေးသွားကြပါဦး။
🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။ | 278 |
| 20 | Demo Teaching အင်တာဗျူးမှာ First Impression ကောင်းစေမယ့်လျှို့ဝှက်ချက်တစ်ခု
◾◾◾◾◾◾◾◾◾◾
အလုပ်လျှောက်လို့ အင်တာဗျူးအောင်သွားပြီ၊ မကြာခင် Demo သင်ပြရတော့မယ်ဆိုရင် ရင်ခုန်တာ၊ စိတ်လှုပ်ရှားတာ သဘာဝပါပဲ။ ကျောင်းအုပ်ကြီးတွေ၊ Head Teacher တွေက ဆရာ/မ တို့ကို အကဲဖြတ်တဲ့အခါ ဘာသာရပ်ကျွမ်းကျင်မှုကိုချည်း ကြည့်တာမဟုတ်ပါဘူး။
ကလေးတွေကို ဘယ်လို Control လုပ်မလဲ၊ စာသင်ခန်းကို ဘယ်လို အသက်သွင်းမလဲ၊ အရေးပေါ်အခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပါ အဓိက ကြည့်တာပါ။ ဒါကြောင့် Demo Teaching မှာ First Impression အကောင်းဆုံးရစေဖို့ လက်တွေ့အသုံးချလို့ရမယ့် လျှို့ဝှက်ချက်လေးတွေကိုပြောပြပေးချင်ပါတယ်။
၁။ ခိုင်မာတဲ့ Lesson Plan နဲ့ ကြိုတင်ပြင်ဆင်သွားပါ
Demo သင်ရတဲ့ မိနစ် ၂၀၊ ၃၀ ဆိုတာ ခဏလေးပါ။ အဲဒီအချိန်တိုလေးထဲမှာ Lesson Plan မပါဘဲ ဝင်သွားတာဟာ ဆရာ/မတို့အနေနဲ့ မီးစင်ကြည့်ကမယ်ဆိုပြီး ကသောင်းကနင်းဖြစ်ဖို့ လုပ်ထားလိုက်တာပါပဲ။
Lesson Plan လုံးဝမပါဘဲ သွားတဲ့သူကတော့ ရှားပါတယ်။ ဒါပေမဲ့ "ဒီနေ့ တိရစ္ဆာန်တွေအကြောင်း သင်မယ်" လို့ ခေါင်းထဲမှတ်သွားတာမျိုးထက်၊ ပထမ ၅ မိနစ်မှာ Hello Song ဆိုမယ်၊ နောက် ၁၀ မိနစ်မှာ Flashcards လေးတွေနဲ့ မိတ်ဆက်မယ်၊ နောက် ၁၀ မိနစ်မှာ ကလေးတွေကို ကိုယ်တိုင်ပါဝင်စေမယ့် Activity လုပ်မယ်၊ နောက်ဆုံး ၅ မိနစ်မှာ နားလည်မှုစစ်ဆေးမယ်စသဖြင့် အတိအကျ ရေးဆွဲထားဖို့ပါ။
ဒါ့အပြင် အချိန်ပိုသွားတာထက် အချိန်လိုသွားတာက ပိုဆိုးတာမို့ 5-minute filler activity (ဥပမာ - သီချင်းလေးတစ်ပုဒ်၊ ဂိမ်းတိုတိုလေးတစ်ခု) ကိုလည်း အမြဲ အပိုဆောင်ထားပါ။
----
၂။ ဝင်ဝင်ချင်း ဖမ်းစားနိုင်မယ့် Energy အပြည့်ပေးပါ
စာသင်ခန်းထဲ ဝင်ဝင်ချင်း ကလေးတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ဖို့ လိုပါတယ်။
"ဒီနေ့ ပန်းသီးအကြောင်း သင်မယ်" လို့ ရိုးရိုးကြီး စတင်လိုက်တာထက် "ဆရာမရဲ့ Magic Box လေးထဲမှာ ဘာတွေပါလာလဲ ခန့်မှန်းကြည့်ကြမလား" ဆိုပြီး စိတ်ဝင်စားမှုကို အရင်ဆွဲတင်ပြလိုက်ပါ။ ဒီလိုမျိုးပြသနိုင်ဖို့လည်း ဆရာ/မတို့ဘက် ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။
ဆရာ/မ ရဲ့ Energy ဟာ ကလေးတွေရဲ့ Energy ပါပဲ။ ကိုယ်က လေးကန်နေရင် ကလေးတွေလည်း ငြိမ်နေမှာပါ။ အပြုံး၊ တက်ကြွမှုနဲ့ အသံအနိမ့်အမြင့် (Voice Tone) ကို သေချာအသုံးချပြီး အကဲဖြတ်မယ့်သူတွေကိုပါ ဆွဲဆောင်လိုက်ပါ။
----
၃။ ကလေးဗဟိုပြု ချဉ်းကပ်မှုဖြစ်ပါစေ
ကိုယ်တစ်ယောက်တည်း ရှေ့ကနေ ဆက်တိုက် ရှင်းပြနေတာမျိုးကို အကဲဖြတ်သူတွေ လုံးဝသဘောမကျပါဘူး။ ကလေးတွေကို ပါဝင်ခွင့်ပေးပါ။
ဥပမာ- အရောင်တွေအကြောင်း သင်တဲ့အခါ သင်ပုန်းမှာချည်း လက်ညှိုးထိုးပြနေတာထက် "ဒီနေ့ အနီရောင်အင်္ကျီဝတ်လာတာ ဘယ်သူတွေလဲ၊ စာသင်ခန်းထဲက အနီရောင်ပစ္စည်းလေးတစ်ခုကို သွားကိုင်ပြပါလား" စသဖြင့် Hands-on ပါဝင်စေရပါမယ်။
ဒီမှာ အရေးကြီးတာက Demo အကဲဖြတ်တဲ့နေရာမှာ တကယ့်ကလေးတွေမရှိဘဲ Interviewer တွေပဲ ထိုင်နေရင်တောင် တကယ့် ၄ နှစ်အရွယ် ကလေးတွေကို သင်နေသလိုမျိုး မျက်လုံးချင်းဆုံပြီး အသက်ဝင်ဝင် အပြန်အလှန် သင်ပြပေးရပါမယ်။
----
၄။ အမှားလုပ်မိရင်တောင် ယုံကြည်မှုရှိပါ
သင်နေရင်း သင်ထောက်ကူပစ္စည်း ပြုတ်ကျတာ၊ စကားထစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ကိုယ်ကိုင်ထားတဲ့ အရုပ်လေး ပြုတ်ကျသွားရင် ပြာယာခတ်သွားတာထက် "အို... ဝက်ဝံလေး ချော်လဲသွားပြီ၊ ဆရာမတို့ ဝိုင်းထူပေးလိုက်ကြရအောင်" ဆိုပြီး သဘာဝကျကျ အခြေအနေကို ထိန်းချုပ်လိုက်ပါ။ စကားမှားသွားတာ၊ စာလုံးပေါင်းလေးမှားရေးမိတာဖြစ်ရင်လည်း "ဟယ်.. တီချယ်ပါမှားကုန်ပြီ.. အမှန်ကိုတူတူပြန်ပြင်ရအောင်၊ ဒီအမှန်ကို ဘယ်သူသိလဲ" ဆိုတာမျိုး အတူတူပြန်ဆွဲခေါ်ပါ။
ဒါဟာ ဆရာ/မ တစ်ယောက်ရဲ့ စာသင်ခန်းအတွင်း ချက်ချင်းပြဿနာဖြေရှင်းနိုင်စွမ်းကို ပြသလိုက်တာဖြစ်လို့ အမှတ်ပိုရစေမယ့် အချက်ဖြစ်ပါတယ်။ အမှားလုပ်မိလို့ ရပ်မသွားပါနဲ့၊ ယုံကြည်မှုရှိရှိ ဆက်သွားပါ။
📍📍ဒါဆိုရင် ဒီလို Professional ကျကျ သင်ပြနိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ
Demo Teaching ဆိုတာ ကိုယ့်ရဲ့ သင်ကြားရေးအနုပညာကို လက်တွေ့ပြသရတဲ့ နေရာဖြစ်လို့ သေချာစနစ်တကျ ကြိုတင်ပြင်ဆင်ထားဖို့ အလွန်လိုအပ်ပါတယ်။ သင်ကြားရေးလောကကို အခုမှစဝင်မယ့် ဆရာ၊ ဆရာမအသစ်လေးတွေအနေနဲ့ ဒီလိုအခြေအနေတွေအတွက် ကိုယ့်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားနေရတယ်ဆိုရင်တော့ အခုသတင်းကောင်းလေးရှိပါတယ်။
ဆရာ/မ တို့အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး ၊ အလုပ်ခွင်နဲ့ Demo Class တွေအတွက် ပြင်ဆင်နိုင်မယ့် "Lesson Planning Framework (Preschool Teacher Professional Training) (Batch-1)" ကို ဇူလိုင်လ (၁၆) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာပါ။
ဒီ (၁၀) ရက်တာ သင်တန်းလေးမှာဆိုရင်...
◾Preschool Lesson Plan တွေကို Professional Framework နဲ့ စနစ်တကျ ရေးဆွဲတတ်လာမယ်။
◾30-Minute Lesson ကို အချိန်စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ယုံကြည်မှုရှိရှိ သင်ကြားနိုင်လာမယ်။
◾Play-based Learning တွေ၊ Activity တွေကို Lesson Objective နဲ့ သေချာချိတ်ဆက် အသုံးချတတ်လာပါမယ်။ | 247 |
