ru
Feedback
Teaching Agency

Teaching Agency

Открыть в Telegram

Teaching Agency ရဲ့ Official Telegram Channel ဖြစ်ပါတယ် ခင်ဗျာ

Больше
5 567
Подписчики
+424 часа
+497 дней
+17930 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+44
в 0 каналах
август '26
+240
в 2 каналах
Get PRO
июль '26
+264
в 0 каналах
Get PRO
июнь '26
+205
в 0 каналах
Get PRO
май '26
+181
в 0 каналах
Get PRO
апрель '26
+145
в 0 каналах
Get PRO
март '26
+173
в 0 каналах
Get PRO
февраль '26
+141
в 0 каналах
Get PRO
январь '26
+198
в 0 каналах
Get PRO
декабрь '25
+235
в 0 каналах
Get PRO
ноябрь '25
+119
в 1 каналах
Get PRO
октябрь '25
+132
в 0 каналах
Get PRO
сентябрь '25
+89
в 0 каналах
Get PRO
август '25
+170
в 0 каналах
Get PRO
июль '25
+124
в 0 каналах
Get PRO
июнь '25
+154
в 0 каналах
Get PRO
май '25
+105
в 0 каналах
Get PRO
апрель '25
+116
в 0 каналах
Get PRO
март '25
+227
в 0 каналах
Get PRO
февраль '25
+246
в 0 каналах
Get PRO
январь '25
+209
в 0 каналах
Get PRO
декабрь '24
+135
в 1 каналах
Get PRO
ноябрь '24
+197
в 0 каналах
Get PRO
октябрь '24
+151
в 0 каналах
Get PRO
сентябрь '24
+88
в 0 каналах
Get PRO
август '24
+126
в 0 каналах
Get PRO
июль '24
+114
в 0 каналах
Get PRO
июнь '24
+965
в 1 каналах
Get PRO
май '24
+136
в 0 каналах
Get PRO
апрель '24
+71
в 0 каналах
Get PRO
март '24
+71
в 0 каналах
Get PRO
февраль '24
+58
в 0 каналах
Get PRO
январь '24
+49
в 0 каналах
Get PRO
декабрь '23
+59
в 0 каналах
Get PRO
ноябрь '23
+42
в 0 каналах
Get PRO
октябрь '23
+35
в 0 каналах
Get PRO
сентябрь '23
+39
в 0 каналах
Get PRO
август '23
+96
в 0 каналах
Get PRO
июль '23
+135
в 0 каналах
Get PRO
июнь '23
+140
в 0 каналах
Get PRO
май '23
+67
в 0 каналах
Get PRO
апрель '23
+43
в 0 каналах
Get PRO
март '23
+169
в 0 каналах
Get PRO
февраль '23
+141
в 0 каналах
Get PRO
январь '23
+241
в 0 каналах
Get PRO
декабрь '22
+348
в 0 каналах
Get PRO
ноябрь '22
+720
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
05 сентября+5
04 сентября+8
03 сентября+13
02 сентября+7
01 сентября+11
Посты канала
🎊 ❝ သင်္ချာဆရာ၊ ဆရာမတို့အတွက် အထူးသီးသန့် Math Teacher Trainings (၅) မျိုးကို အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေးကြီးလာပါပြီ ❞ လက်ရှိမှာ သင်္ချာသင်ကြားနေလို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာသင်္ချာသင်ရိုးတွေကို ပြောင်းလဲ သင်ကြားချင်လို့ပဲဖြစ်ဖြစ်၊ သင်္ချာဘာသာရပ်ကို အထူးစိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမတို့အတွက် ဒီစက်ဘာလမှာတော့ Teaching Agency က Math Teacher Trainings (၅) မျိုးထဲကနေ ကြိုက်နှစ်သက်ရာသင်တန်းကို ရွေးချယ်တက်ရောက်နိုင်မယ့် အထူးအစီအစဉ်ကို ယူဆောင်လို့လာပါပြီ။ စက်တင်ဘာလအတွင်း ဖွင့်လှစ်မယ့် သင်္ချာသင်တန်း (၅) မျိုးကတော့ - 🔷 How to Teach GED Mathematical Reasoning (Batch - 1) 🔷 Singapore Maths (Primary Level) (Batch - 1) 🔷 IGCSE O Level Maths (Cambridge IGCSE Mathematics) (Batch - 1) 🔷 Pre IGCSE/ Cambridge Secondary Maths (Batch - 1) 🔷 Olympiad Maths Teacher Training (Basic Level 1 and 2) (Batch - 1) တို့ပဲ ဖြစ်ပါတယ်။ ဒီသင်တန်းလက်ဆောင် အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်… 👉 (၁) ဒီပို့စ်ကို အရင် share ပါ။ 👉 (၂) Share ထားတဲ့ proof screenshot နဲ့အတူတူ၊ ဒီသင်တန်းကို ဘာကြောင့်တက်ချင်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို ဒီပို့စ်အောက်က ကောမန့်မှာ မျှဝေပေးခဲ့ရုံပါပဲခင်ဗျာ။ ကံထူးရှင် (၃) ဦးကိုတော့ လာမယ့် ( ) ရက်နေ့မှာ ကြေညာပေးသွားမှာမို့၊ ဒီနေ့ပဲ စပြီး အမိအရ ပါဝင်ထားလိုက်ပါ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹

2
Нет текста...
60
3
💙 ❝ ကလေးစိတ်ပညာနဲ့ ကလေးလေးတွေရဲ့စိတ်ကို နားလည်နိုင်အောင်လုပ်မယ်၊ Classroom Language ကို သုံးပြီး၊ သူတို့လေးတွေရဲ့ အာရုံစူးစိုက်မှုကို ရယူပြီး၊ ထိထိရောက်ရောက် သင်ပြပေးမယ်လို့ တွေးထားတဲ့ ဆရာ၊ ဆရာမတွေရှိလား ❞ ဆရာ၊ ဆရာမတို့ တာဝန်ယူထားရတဲ့ စာသင်ခန်းတွေမှာ…ထိရောက်တဲ့ သင်ကြားခြင်းဖြစ်အောင် ဖော်ဆောင်နိုင်ဖို့ဆိုရင်၊ ကလေးတွေရဲ့ တွေးတောစဉ်းစားပုံကို သေချာ သဘောပေါက်ပြီး၊ သူတို့လေးတွေရဲ့ စိတ်အာရုံကို တိုက်ရိုက်ထိခတ်စေမယ့် Positive Classroom Language တွေကို ပေါင်းစပ် အသုံးချတတ်ဖို့လိုပါတယ်။ 🔷 ကလေးစိတ်ပညာရှုထောင့်ကနေ ကလေးတွေရဲ့ ကမ္ဘာငယ်ထဲကို ဝင်ကြည့်တတ်လာပြီး၊ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် လမ်းညွှန်ပေးတတ်လာစေမယ့် Child Psychology for Parents and Teachers (Batch-38) ❖ သင်တန်းအကြောင်းအသေးစိတ် - 🔷 မူကြိုကလေးတွေရဲ့ သင်ယူလိုစိတ်ကို နိုးကြားစေပြီး၊ စာသင်ခန်းကို ပိုမိုသက်ဝင်လှုပ်ရှားစေမယ့် Positive Classroom Language ကို အသုံးပြုချင်တဲ့ ELT ဆရာတို့အတွက် Classroom Language for teachers [preschool to young learners’ Teachers] (Batch-12) ❖ သင်တန်းအကြောင်းအသေးစိတ် - ✅ သင်တန်းချိန်နဲ့ အင်တာနက်လိုင်းအခက်အခဲတွေရှိရင်လည်း သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး သင်တန်းနည်းပြဆရာနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့၊ ဆွေးနွေးပို့ချတဲ့ သင်ခန်းစာတွေကိုပြန်လည်လေ့လာနိုင်အောင်၊ Recorded video တွေကို စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ➡️ ဒီသင်တန်း (၂) ခုလုံးကို လာမယ့် စက်တင်ဘာလ (၇) ရက်နေ့မှာ စတင်တော့မှာမို့၊ သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက ဒီလင့်ခ် TELEGRAM @tafinancedepartment ကနေ တဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹 🔹Teaching Agency နဲ့ ချိတ်ဆက်ပြီး သီးသန့်သင်တန်းများ ပို့ချပေးလိုတဲ့ ကိုယ်ပိုင်ကျောင်းများ၊ International School များအတွက် Cooperative Training နှင့် Coach Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
88
4
+2
Нет текста...
65
5
❝ How to Teach GED Mathematical Reasoning Effectively ❞ FREE Webinar ကို အောက်ပါ Link မှတစ်ဆင့် Join နိုင်ပါပြီခင်ဗျာ။ 💙💙💙 Topic: How to teach GED MR Effectively Time: Sep 5, 2026 07:00 PM Rangoon Join Zoom Meeting https://us06web.zoom.us/j/86017892554?pwd=b4GfhpmDmsq9VXrLGTa6Y5MabSp2dj.1 Meeting ID: 860 1789 2554 Passcode: 732491 ---
120
6
❝ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗘𝗻𝗴𝗹𝗶𝘀𝗵 ရဲ့ 𝗦𝘁𝗮𝗿𝘁𝗲𝗿𝘀, 𝗠𝗼𝘃𝗲𝗿𝘀, 𝗙𝗹𝘆𝗲𝗿𝘀 သုံးဆင့်လုံးကို 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 ဆရာနဲ့ ထိထိရောက်ရောက် သီးသန့် သင်ပေးဖို့ တွေးနေလား ❞ ဇူလိုင်လ အခန်းဆုံး စာမေးပွဲတွေလည်း ပြီးသွားပြီဆိုတော့ ကလေးတွေအတွက် စာမေးပွဲဖိအားတော့ လျှော့သွားပါပြီ။ ဒါပေမဲ့ ကလေးက ကျောင်းစာမေးပွဲပြီးလို့ နားနေပေမဲ့၊ မေမေတို့ စိတ်ထဲမှာတော့.. ❒ မေမေ့ကလေးက အတန်းထဲမှာ သူများတွေလို အင်္ဂလိပ်စာ မပြောနိုင်မှာ၊ နားမလည်မှာ စိုးရိမ်တယ်၊ ❒ အုပ်စုလိုက် General English Class တွေ ထားပေမဲ့ ကလေးက စကားပြောဖို့ ရှက်နေတာနဲ့ပဲ ဘာမှ ထိထိရောက်ရောက် မတတ်လိုက်ဘူး စသဖြင့် စိုးရိမ်နေရတုန်းပဲ မဟုတ်လား။ စာမေးပွဲပြီးလို့ ကလေးကို အနားပေးရင်း၊ ဒီလို အချိန်အခါကောင်းကို အလဟဿ ကုန်စေမိခဲ့မယ်ဆိုရင်၊ ကျောင်းသင်ခန်းစာအသစ်တွေ ပြန်စတဲ့အခါ၊ အတန်းထဲက သူငယ်ချင်းတွေကြားမှာ အင်္ဂလိပ်စာ စွမ်းရည် နောက်ကျကျန်ရစ်ခဲ့ပါလိမ့်မယ်။ အထူးသဖြင့် အခြေခံ မခိုင်မာသေးတဲ့ ကလေးတွေအတွက် စကားပြော၊ နားထောင် စွမ်းရည်တွေမှာ ယုံကြည်မှု လျော့နည်းသွားနိုင်ပါတယ်။ အချိန်ဆိုတာ ပြန်ယူလို့ မရတာမို့ ဒီအချက်ကို ဖေဖေ၊ မေမေတို့ သတိထားသင့်ပါတယ်။ ဒါကြောင့် ဇူလိုင်လ စာမေးပွဲအပြီး၊ ဩဂုတ်လထဲမှာတင် သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို နောက်တစ်ဆင့် မြှင့်တင်ပေးဖို့ TAstudents+ ရှိနေပါပြီ။✨ International Standard ဖြစ်တဲ့ Cambridge Young Learners English (YLE) ရဲ့ Starters, Movers, Flyers Level (၃) ခုလုံးကို အတွေ့အကြုံရှိ Young Learner Specialist ဆရာ၊ ဆရာမ တွေက သီးသန့် ထိထိရောက်ရောက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🌟 TAstudents+ မှာ One On One သင်ပေးဖို့ ရွေးချယ်မယ်ဆိုရင် 💠 One-on-One တစ်ဦးချင်း သီးသန့်သင်စနစ် - အုပ်စုလိုက် သင်တန်းတွေလို မဟုတ်ဘဲ ကလေးရဲ့ သင်ယူမှု အရှိန်နဲ့ အားနည်းချက်ကို ဆရာက သီးသန့် ထိထိရောက်ရောက် ပြင်ဆင်ပေးနိုင်တာမို့၊ Listening, Speaking, Reading, Writing (၄) မျိုးလုံးမှာ ယုံကြည်မှု အပြည့်ရလာမယ်။ 💠 Level (၃) ခုစလုံးရွေးချယ် သင်ယူနိုင်ခြင်း - Starters, Movers, Flyers အဆင့်အလိုက် သားသား၊ မီးမီးတို့နဲ့ ကိုက်ညီမယ့် English Level ကနေ စတင် သင်ကြားနိုင်ပါတယ်။ 💠 စိတ်ကြိုက် သင်ယူနိုင်မှု - အွန်လိုင်းကနေပဲ သင်မလား၊ အိမ်အရောက် ဆရာ/မ ခေါ်ပြီး သင်မလား မေမေတို့ အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်။ 💠 အချိန်ကို စိတ်ကြိုက်စီမံနိုင်မှု - ကလေးရဲ့ ကျောင်းစာ အချိန်ဇယားနဲ့ အဆင်ပြေအောင် ဆရာ/မနဲ့ အချိန် ညှိနှိုင်း သင်ယူနိုင်ပါတယ်။ 💠 စိတ်ချရတဲ့ အရည်အသွေး - ဆရာ/မများရဲ့ Education Background ကို စနစ်တကျ စိစစ်ထားပြီး၊ သင်ကြားရေး ကာလတစ်ခုလုံး Feedback ကောက်ယူရင်း၊ တာဝန်ယူ စောင့်ကြည့်ပေးပါတယ်။ 💠 တစ်ရက်တာ အစမ်းသင်ခွင့် - ဆရာရဲ့ သင်ကြားပုံနဲ့ ကလေးရဲ့ သင်ယူပုံ အံဝင်ခွင်ကျ ဖြစ်၊ မဖြစ် မေမေတို့ စိတ်တိုင်းကျ အရင်ဆုံး (၁) ရက် အခမဲ့ စမ်းသင်ကြည့်နိုင်ပြီး၊ စိတ်ကျေနပ်မှု ရမှသာ တစ်လစာ သင်တန်းကြေး ပေးချေရမှာပါ။ အွန်လိုင်းသင်အတွက် (၂၄) နာရီအတွင်းနဲ့ အိမ်အရောက်သင်အတွက် (၇၂) နာရီအတွင်း မေမေတို့ စိတ်တိုင်းကျမယ့် Young Learner Specialist ဆရာ/မ များနဲ့ ချိတ်ဆက်ပေးမှာမို့ သင်တန်းကြေးနဲ့ အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ အခုပဲ Page messenger ကနေ ဆက်သွယ်နိုင်သလို၊ အောက်ပါ ဖုန်းနံပါတ်တွေကနေ တဆင့်လဲ ဆက်သွယ်နိုင်ပါပြီခင်ဗျာ။ Page Chatbox မှ တိုက်ရိုက်ဆက်သွယ်ရန် - http://m.me/tastudents.official TELEGRAM @tafinancedepartment ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် - 🇲🇲 09762012599 🇹🇭 (+66) 0824965216
89
7
Нет текста...
64
8
🚨 𝗧𝗵𝗲 𝗟𝗮𝘀𝘁 𝗖𝗮𝗹𝗹: လူဦးရေ ကန့်သတ်ထားလို့ စာရင်းမပေးရသေးရင်၊ အခုပဲ ခပ်သွက်သွက် register လုပ်ထားလိုက်ပါ။ ဆရာ၊ ဆရာမတို့ရေ… လာမယ့် (၂၄) နာရီအတွင်း ကျင်းပတော့မယ့် ❝ Using Classroom Games to Build English in Preschool ❞ FREE Webinar အတွက် Zoom Seat အရေအတွက် အနည်းငယ်ပဲ ကျန်ပါတော့တယ်။ မနက်ဖြန် ည (၈) နာရီမှာ…English Level မတူတဲ့ မူကြိုကလေးတွေကို အတန်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ပါဝင်လာအောင် Game-based strategies တွေနဲ့ ဘယ်လိုဖမ်းစားပြီး၊ သင်ပေးနိုင်မလဲဆိုတာကို Tr.Thanduh က စနစ်တကျ မျှဝေပေးတော့မှာပါ။ မနက်ဖြန်ညလေ့လာ၊ သဘက်ခါအတန်းထဲ ပြန်သုံးနိုင်တဲ့အထိ လက်တွေ့ကျ၊ အဖိုးတန်တဲ့ practical strategies နဲ့ English Game Ideas တွေကို လက်လွတ်မခံဘဲ အရယူလိုက်ပါ။ 👉 လူဦးရေအကန့်အသတ် မပြည့်ခင်၊ အမြန်ဆုံး စာရင်းသွင်းဖို့အတွက် ဒီပို့စ်မှာ https://www.facebook.com/share/p/1MmhU4box4/ ပြောပြထားတဲ့အတိုင်း၊ လုပ်ပြီး၊ အခုပဲ စာရင်းသွင်းထားလိုက်ပါခင်ဗျာ။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
83
9
Нет текста...
70
10
တဖြည်းဖြည်း ပစ္စည်းအရေအတွက် ၇ ခုအထိ တိုးသွားပါ။ ဒါမှမဟုတ် ပစ္စည်းတစ်ခုတည်းမဟုတ်ဘဲ နှစ်ခု တစ်ပြိုင်နက်ဖယ်တာ၊ အရောင်တူ ပစ္စည်းနှစ်ခုကို လဲလှယ်ထည့်တာ (ဥပမာ - အပြာရောင်တုံးနေရာမှာ အစိမ်းရောင်တုံးထည့်ထားတာမျိုး) လုပ်နိုင်ပါတယ်။ ကလေးတစ်ယောက်ကို ရှေ့ထွက်ပြီး ပစ္စည်းဖျောက်သူအဖြစ် ဆောင်ရွက်ခိုင်းပါ။ ဒါက ဂိမ်းကို ပိုအသက်ဝင်စေပြီး ဦးဆောင်မှုအလေ့အထ ရစေပါတယ်ခင်ဗျ။ ဒီဂိမ်းလေးက ကလေးတွေရဲ့အကျိုးရလဒ်တွေအနေနဲ့ ရေတိုမှတ်ဉာဏ် (Short-term Memory) အားကောင်းလာခြင်း၊ မြင်ကွင်းအသေးစိတ်ကို ဖော်ပြတတ်လာခြင်း၊ ပစ္စည်းအမည်များကို မှတ်မိပြီး စကားပြောရဲလာခြင်းတို့အတွက် အထူးကောင်းမွန်တာမို့ အလျဥ်းသင့်သလို ထည့်ရွေးချယ်ဖို့အကြုံပြုချင်ပါတယ်။ ဒီဂိမ်း (၃) မျိုးစလုံးဟာ စည်းကမ်းရှင်းရှင်းလင်းလင်းနဲ့ ပြင်ဆင်မှုနည်းပြီး ကလေးတွေအတွက် ပျော်စရာကောင်းရုံသာမက သင်ယူမှုအခွင့်အလမ်းများစွာ ပေးစွမ်းနိုင်ပါတယ်။ နောက်တစ်ခုအရေးကြီးဆုံးအချက်က ဂိမ်းလေးတွေဆော့တဲ့အခါ ကလေးတိုင်းပါဝင်နိုင်အောင် စီစဉ်ပေးပြီး အမှားကို အပြစ်မမြင်ဘဲ အားပေးချီးမြှောက်ပေးဖို့ပါပဲခင်ဗျာ။ ဒီနည်းလမ်းတွေအတိုင်း ဆော့ကြည့်ရင် စာသင်ခန်းတိုင်းက ပျော်စရာအတန်းချိန်တွေ ဖြစ်လာမှာ အသေအချာပါပဲ။ Young Learners တွေကို သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတို့အနေနဲ့ သားသားမီးမီးတို့ကို သင်တဲ့အခါမှာ အထောက်အကူပြုဂိမ်းတွေကို လက်တွေ့ကျကျသိရှိပြီး စနစ်တကျအသုံးချနိုင်ဖို့အတွက် Classroom Games, Activites and Ideas for Kindergarten for Teachers Batch (9) ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ အတန်းအပ်ဖို့အတွက် ကောမန့်မှာ "Classroom Games" လို့ရေးခဲ့ပေးပါခင်ဗျာ။ ကျနော်တို့ Teaching Agecny ကနေ အမြန်ဆုံးပြန်လည် ဆက်သွယ်ပါမယ်ခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုးပေးလျက် ရှိနေပါတယ်။ 🔹 ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
72
11
KG Teacher တို့အတွက်လုံးဝအသုံးဝင်ပြီး ကလေးတွေလည်းကြိုက်ကြတဲ့ Games (3) မျိုး💠💙 KG အရွယ် ကလေးငယ်တွေရဲ့ အကောင်းဆုံး သင်ယူကြတဲ့ပုံစံက ကစားရင်းသင်ယူကြတာပါခင်ဗျာ။ ဒါကြောင့် စာသင်ခန်းထဲမှာ ပျော်စရာဂိမ်းလေးတွေ ထည့်သွင်းပေးတာက ကလေးတွေရဲ့ အာရုံစူးစိုက်မှု၊ နားထောင်မှုစွမ်းရည်နဲ့ လူမှုဆက်ဆံရေးတွေကို အံ့သြလောက်အောင် တိုးတက်စေပါတယ်။ အခုပြောမယ့် ဂိမ်း (၃) မျိုးကတော့ ပြင်ဆင်ရလွယ်ကူပြီး ကလေးတိုင်း တက်တက်ကြွကြွကို ပါဝင်ကြမယ့် ဂန္တဝင်မြောက် Legend ဂိမ်းလေးတွေမို့ ဘယ်လိုမျိုးလေး စီစဉ်ရလည်းဆိုတာကို စည်းကမ်းတွေကအစ ဆော့နည်းတွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်ခင်ဗျာ။ 🔹️ အေးခဲအကဂိမ်း (Freeze Dance) ဒီဂိမ်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ကလေးလေးတွေရဲ့ အကြားအာရုံစူးစိုက်မှု၊ ညွှန်ကြားချက်နာခံနိုင်မှုနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ထိန်းချုပ်နိုင်စွမ်း (Self-regulation) တိုးတက်စေဖို့ ဖြစ်ပါတယ်ခင်ဗျာ။ ဂိမ်းဆော့ဖို့ လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ သီချင်းဖွင့်ဖို့ စပီကာ သို့မဟုတ် ဖုန်းတစ်လုံး ရွှင်လန်းတက်ကြွမယ့် ကလေးသီချင်းလေးတွေ (အကြိုက်ဆုံး KG သင်ခန်းစာသီချင်းတွေ သုံးလို့ရပါတယ်ခင်ဗျာ) ဆော့နည်းလေးက ပထမဆုံး သီချင်းမြည်နေချိန်မှာ ကလေးတွေက လွတ်လွတ်လပ်လပ် ကခုန်နေကြမယ်။ သီချင်းရပ်သွားတာနဲ့ လုံးဝအငြိမ် ရုပ်တုတစ်ခုလိုမျိုး အေးခဲသွားတဲ့ပုံ လုပ်နေရပါမယ်။ ဘယ်နေရာမှာပဲ ရှိနေရှိနေ လှုပ်လို့မရဘူး။ အေးခဲနေရမယ့် သတ်မှတ်ချိန်မှာ လှုပ်မိရင်၊ ရယ်မိရင်၊ ချော်လဲရင် “မပယ်လိုက်ဘဲ သတ်မှတ်ထားတဲ့ “အပူပေးဇုန်” (Warm-up Zone) ကိုသွားပြီး ခန္ဓာကိုယ်လှုပ်ရှားလေ့ကျင့်ခန်း (၃) ကြိမ် လုပ်ရပါမယ်။ (ဥပမာ - ခုန်ချခြင်း၊ လက်ခုပ်တီးခြင်း)။ ပြီးရင် ဂိမ်းထဲပြန်ဝင်လို့ရပါတယ်။ (KG အရွယ်လေးအတွက် ဂိမ်းစီစဉ်တဲ့ခါမှာ ကလေးကို ပွဲထဲကထုတ်လိုက်တဲ့ အပယ်ခံစနစ်ကို ရှောင်ပေးပါခင်ဗျာ။) ပြီးရင် သီချင်းပြန်မြည်တာနဲ့ ပြန်ကရပါမယ်။ ဂိမ်းကစားနည်းလေးက ဒီလိုမျိုးလေးရိုးရှင်းလို့ ဆော့ရတာလည်း လွယ်ကူပါတယ်။ ဒီဂိမ်းလေးကနေ ကလေးတွေက သီချင်းရပ်တိုင်း ရပ်တန့်ရတာဖြစ်တဲ့အတွက် တုံ့ပြန်မှုထိန်းချုပ်နိုင်စွမ်း (Impulse Control) တိုးတက်လာပြီး လူစုလူဝေးနဲ့ ညှိနှိုင်းလှုပ်ရှားတတ်လာတာကို သေချာမြင်တွေ့ ရပါလိမ့်မယ်ခင်ဗျာ။ 🔹️ဆရာမပြောတာပဲ လုပ်ရမယ့် (Simon Says) ဆရာမက စာလုံးတစ်လုံးကို “ဆရာမပြောတယ်…” ဆိုတဲ့ စကားနဲ့ စပြီးပြောမှသာ ကလေးတွေက လုပ်ရမှာဖြစ်ပါတယ်။ (ဥပမာ - “ဆရာမပြောတယ်၊ ခေါင်းကိုကုပ်ပါ”) “ဆရာမပြောတယ်” ဆိုတဲ့အစမပါဘဲ “ခေါင်းကိုကုပ်ပါ” လို့ တိုက်ရိုက်ပြောရင် လုံးဝလိုက်လုပ်လို့မရဘူး။ အကယ်၍ ကလေးတွေက မှားပြီးလုပ်မိရင် (သို့) “ဆရာမပြောတယ်” ပါလျက်နဲ့ မလုပ်မိရင်လည်း KG အရွယ်အတွက် အပယ်မခံရစေဘဲ “အာ့… မှားသွားပြီ၊ နောက်တစ်ခါ သေချာနားထောင်မယ်နော်” လို့သာ ပြုံးပြုံးလေး သတိပေးပါ။ (အကြိမ်ကြိမ်မှားသူဆိုရင်တော့ ရှေ့ထွက်ပြီး သူလေးကို ခေါင်းဆောင်လုပ်ခိုင်းလို့ရပါတယ်)။ သို့ပေမယ့် ဆရာမက မြန်မြန်ပြောလို့ရပေမယ့် KG ကလေးတွေ လိုက်လုပ်နိုင်တဲ့ နှုန်းထက်တော့ မမြန်သင့်ပါဘူးခင်ဗျာ။ ဒီဂိမ်းရဲ့ ရည်ရွယ်ချက်က ကလေးတွေရဲ့ အာရုံစူးစိုက်ပြီး နားထောင်နိုင်မှု၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို သိရှိမှု၊ ညွှန်ကြားချက်များကို လိုက်နာနိုင်မှု စွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် ဖြစ်ပါတယ်ခင်ဗျာ။ 🔹️ ဘာတွေပျောက်သွားသလဲ ဂိမ်း (What’s Missing?) ဆရာမက ပစ္စည်းတွေကို ပြနေချိန် ကလေးတွေက အာရုံစူးစိုက်ပြီး အမည်တွေကို ကျယ်ကျယ်ပြောရမယ်။ပြီးရင် မျက်စိမှိတ်ခိုင်းချိန် ဘယ်သူမှ ချောင်းမကြည့်ရဘူးဆိုတဲ့ စည်းကမ်းချရမယ်။ ကလေးတွေက ပျောက်သွားတဲ့ပစ္စည်းကို သိရင် လက်ထောင်ပြပြီး ဖြေရမယ်။ အော်ဖြေလို့မရဘူး။ အလှည့်ကျ ဖြေခွင့်ရတဲ့သူကသာ ဖျောက်ထားတဲ့ ပစ္စည်းအမည်ကို ပြောရမယ် (ဥပမာ “အနီရောင်ဘောလုံး”)။ အဖွဲ့ထဲခွဲပြီး အဖွဲ့ထဲက တစ်ယောက်ယောက်ကို ဆရာမက “ပစ္စည်းဖျောက်မယ့်သူ” အဖြစ် ရွေးချယ်နိုင်ပြီး သူက တိတ်တိတ်လေး ဖျောက်ရပါမယ်။ ဥပမာ- ဗန်းပေါ်မှာ ပစ္စည်း ၅ ခုလောက်ထားပါ။ ကလေးတွေကို စုပြီး “ဒီပစ္စည်းလေးတွေကို သေချာကြည့်ပြီး မှတ်ထားနော်” လို့ပြောပါ။ တစ်ခုချင်းစီကို ကလေးတွေနဲ့ အတူ အသံကျယ်ကျယ် အမည်ခေါ်ပါ (သင်ခန်းစာထဲက ဝေါဟာရရောထည့်ပါ)။ စတင်ဆော့တဲ့ချိန်မှာတော့ “အခု မျက်လုံးလေးတွေကို မှိတ်ထားပါ” ဟုပြောပြီး မျက်စိမှိတ်စေပါ။ (အဝတ်နဲ့ အုပ်ထားရင်လည်းရပါတယ်)။ ပြီးရင် ပစ္စည်းတစ်ခုကို တိတ်တဆိတ်ဖယ်ပြီး ကျန်တာတွေကို နေရာရွှေ့ပါ (နေရာရွှေ့မှ မှတ်မိရခက်လို့ စိန်ခေါ်မှုရှိစေပါတယ်ခင်ဗျာ)။ ဖြေကြတဲ့အဆင့် “အခု မျက်လုံးဖွင့်လို့ရပြီ။ ဘာတွေပျောက်သွားသလဲ?” ဟုမေးပါ။ ကလေးတွေ လက်ထောင်တဲ့အထဲမှ တစ်ယောက်ကိုရွေးပြီး ဖြေခိုင်းပါ။ မသိသေးရင် နောက်တစ်ယောက်ကို အခွင့်ပေးပါ။ အဖြေမှန်တယ်ဆိုရင် လက်ခုပ်တီးချီးကျူးပေးပါခင်ဗျာ။
73
12
+3
Нет текста...
76
13
💡❝ English Language သင်နေရာကနေ IGCSE EFL ဆရာ/မ တစ်ယောက်အဖြစ် ဦးတည်ချက် ပြောင်းလဲဖို့ စိတ်လှုပ်ရှားနေပြီလား။ ❞ General English သင်တဲ့အတွေ့အကြုံတော့ရှိထားပေမယ့်၊ IGCSE EFL သင်ရိုးဘက်ကို ပြောင်းလဲ သင်ကြားဖို့ စိုးရိမ်စိတ်လေးတွေရှိနေတယ်၊ ဘယ်ကစရမှန်း မသိသေးတဲ့ ဆရာ၊ ဆရာမတွေအတွက် Teaching Agency ကနေ အထူးသီးသန့် IGCSE EFL Webinar တစ်ခုကို စီစဉ်ပေးလိုက်ပါပြီ။ ဒီ Webinar မှာ Syllabus structure တစ်ခုလုံးကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြပေးမှာဖြစ်သလို၊ ကျောင်းသားတွေ အခက်ဆုံးဖြစ်တဲ့ Summary Writing, Directed Writing formats အမျိုးမျိုး (Report, Article, Speech, Letter) နဲ့ Composition တွေကို စာမေးပွဲစံနှုန်းနဲ့အညီ လက်တွေ့ ဘယ်လိုသင်ရမလဲဆိုတဲ့ Practical Strategies တွေကိုပါ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Webinar တက်ပြီးသွားတဲ့အခါ - 📌 Paper 1 & 2 ရဲ့ Assessment Objectives တွေနဲ့ IGCSE EFL Syllabus structure တစ်ခုလုံးကို သေချာ သဘောပေါက်သွားပြီး၊ Practical Teaching Strategies တွေကိုပါ လေ့လာနိုင်မယ်။ 📌 စာမေးပွဲ Marking Criteria များကို အတိအကျ နားလည်ပြီး ကျောင်းသားတွေရဲ့ အရေးအသားကို စနစ်တကျ Feedback ပေးနိုင်သွားမှာ ဖြစ်ပါတယ်။ 🔷 Webinar အကြောင်းအရာများ 🔷 • Orientation and Syllabus Overview • Content & Assessment Overview ( Reading & Writing) • Assessment Objectives( Reading & Writing) • Reading Skills & Course Introduction • Reading Skills:Comprehension &Summary-Practical Activities ( Model lesson : Summary Writing from past paper) • Language & Effect - How language creates effect - Practical activities • Directed Writing - Writing skills and practical activities • Genres of directed writing (Articles ,Report ,Journal Entry ,Speech&Formal letter ) • Language features of Directed Writing • Composition : Descriptive Writing - Writing skills and Activities • Composition: Narrative Writing-Writing skills & Activities 🗣️ Speaker : Tr. Hnin ◾ MA ( English ) , Yangon University ◾ BA ( German),YUFL, 2002-2005 ◾ Diploma in English Language Teaching( Yangon University) ◾ Diploma In Information and Communication Technology(Ygn) ◾ Diploma in Business English @ABE ( UK) ◾ IGCSE Teaching Experience( Present) ◾ Working as a freelance IGCSE ESL teacher and IELTS Trainer for groups of students ◾ IGCSE ESL Trainer and Instructor (present) ◾ IELTS instructor (present) ⏰ 7:00 - 8:00 PM 📅 September 8th,2026 🔵 General English သင်ရာကနေ IGCSE EFL ကို ယုံကြည်မှုရှိရှိ ကူးပြောင်းသင်ကြားနိုင်ဖို့ မိနစ် (၉၀) စာ Webinar လေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တက်ရောက်ချင်တယ်ဆိုရင်တော့ ဒီ post ကို အရင် “𝘀𝗵𝗮𝗿𝗲” ပြီး၊ comment မှာ screenshot နဲ့တကွ လက်မနှေးဘဲ စာရင်းပေးသွင်းလိုက်ပါနော်။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹
152
14
Нет текста...
151
15
Child Psychology မကျွမ်းကျင်ဘဲနဲ့ စာသင်နေပါသလား❓ Child Psychology ဆိုတာက ဆရာဆရာမတွေတင်မဟုတ်ဘဲ သားသားမီးမီးတွေကို ပြုစုပျိုးထောင်တဲ့ မိဘတွေပါ သိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဒါကြောင့် Teaching Agency ကနေ Child Psychology for Parents and Teachers Batch (38) ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ Child Psychology အထူးကျွမ်းကျင်တဲ့ Trainer Teacher Honey သင်ကြားပေးမဲ့ ဒီသင်တန်းလေးကို တက်ရောက်ချင်တယ်ဆိုရင်တော့ အခုပဲ ကောမန့်မှာ “Child Psychology” လို့ ရေးခဲ့ပေးပါခင်ဗျာ။
246
16
🌟 ❝ သင်ကြားရေးနယ်ပယ်ထဲဝင်ခါစ ဆရာတစ်ဦးအနေနဲ့ စာမသင်ခင် ဒါကို အရင်သိထားဖို့ လိုပါတယ် ❞ https://www.facebook.com/share/r/1CuDFSgFWM/ သင်ကြားရေးလမ်းကြောင်းပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ချင်သူတိုင်းအတွက် Fundamental Skills for New Teachers သင်တန်းမှာ ကလေး စိတ်ပညာ၊ Professional Teacher Mindset, Classroom Managementအပါအဝင် ကလေးတွေကို ဘယ်လိုသင်ပြပေးရမလဲဆိုတဲ့ ဆရာ့အတတ်ပညာနည်းလမ်းတွေကို အပြည့်အစုံ လေ့လာနိုင်ပါပြီ။ ဒီသင်တန်းကို စက်တင်ဘာလ (၁၂) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာမို့၊ စိတ်ဝင်စားရင်၊ ကောမန့်မှာ “New Teacher” လို့ ရေးပေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးသွားပါမယ်ခင်ဗျာ။ 👇 🔷 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔷
353
17
❝ ကလေးလေးတွေရဲ့စိတ်ကို နားလည်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်အရင် နားလည်ချစ်ခင်ပေးခြင်းကနေ စတင်ပါတယ် ❞ 🌿 မိဘတစ်ယောက်အနေနဲ့ပဲဖြစ်‌စေ၊ ဆရာ/မတစ်ယောက်အနေနဲ့ပဲဖြစ်စေ ကလေးငယ်တွေရဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် သိနားလည်ပြီး ဖေးမကူညီပေးနိုင်ဖို့ဆိုရင် ကိုယ်တိုင်ရဲ့ အတွင်းစိတ် အခြေအနေကို အရင်ဆုံး ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ Teaching Agency ရဲ့ "Child Psychology for Parents and Teachers (Batch 37)" အတန်းမှာတော့ ကလေးစိတ်ပညာ သဘောတရားတွေတင်မကဘဲ၊ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့နဲ့ အတွင်းစိတ် ဒဏ်ရာတွေကို ဘယ်လို ကုစားရမလဲဆိုတဲ့ သင်ခန်းစာတွေကိုပါ မျှဝေပေးခဲ့ပါတယ်။ Tr. Honey ရဲ့ ဆွဲဆောင်မှုရှိပြီး စနစ်တကျသင်ပြပေးမှုတွေကြောင့် တစ်နာရီဆိုတဲ့ အချိန်ဟာ ဘယ်လိုကုန်သွားမှန်း မသိရလောက်အောင် အကျိုးရှိခဲ့ကြပါတယ်။ မိဘရော၊ ဆရာ/မတွေအတွက်ပါ စိတ်ခွန်အားသစ်တွေ ရရှိစေခဲ့တဲ့ ရင်တွင်းဖြစ် ပီတိစကားသံလေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ✨ https://www.facebook.com/share/p/1EzmnSxjUH/ 📌 ကလေးတို့ရဲ့ စိတ်ကမ္ဘာကို ပိုမိုနားလည်ပေးပြီး နွေးထွေးတဲ့ အသိုက်အဝန်းကောင်းလေးတစ်ခု ဖန်တီးပေးချင်တယ်ဆိုရင်တော့ မကြာခင် စတင်တော့မဲ့ Batch 38 အတွက် အခုပဲ ကောမန့်မှာ "Psychology" လို့ရေးပြီးနေရာဦးထားလိုက်ပါခင်ဗျာ။ 🔹 Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔹 💠 ဆရာ၊ဆရာမများရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့ သီးသန့်သင်တန်းများရယူလိုတဲ့ Private School, International School များအတွက်လည်း Coach Session and Cooperative Session များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
296
18
လေ့လာသင်ယူမှုအသစ်တွေ ပြုလုပ်ဖို့ ဘယ်အချိန်တွေက အဆင်ပြေဆုံးလဲ။ (က) မနက် (ခ) ည (ဂ) တခြား
လေ့လာသင်ယူမှုအသစ်တွေ ပြုလုပ်ဖို့ ဘယ်အချိန်တွေက အဆင်ပြေဆုံးလဲ။ (က) မနက် (ခ) ည (ဂ) တခြား
230
19
Classroom Games, Activities and Ideas for Kindergarten Teachers (Batch-9) 🎓 ဆရာ၊ ဆရာမတို့ရဲ့ KG စာသင်ခန်းကို ကလေးတွေ ကျောင်းဆင်းချိန်ရောက်တာတောင် အိမ်မပြန်ချင်လောက်အောင် ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုအဖြစ် ဖန်တီးချင်ပါသလား? ဒါဆိုရင်တော့ နေ့စဉ် ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးတွေစာသင်ခန်းထဲကို ပြေးလာချင်အောင် ဆွဲဆောင်နိုင်မယ့် အကောင်းဆုံး သင်ကြားရေးနည်းစနစ်တွေကိုမျှဝေပေးမယ့် သင်တန်းလေးကို ဖွင့်လှစ်လိုက်ပါပြီ မူကြိုအရွယ် ကလေးငယ်လေးတွေကို စာသင်ခန်းထဲမှာ အာရုံစိုက်လာအောင်နဲ့ ငြိမ်ငြိမ်လေး စာသင်ချင်စိတ်ပေါက်လာအောင် လုပ်ဖို့ဆိုတာ KG ဆရာ၊ ဆရာမတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကလေးတွေရဲ့ သဘာဝက ဆော့ကစားချင်စိတ် အပြည့်ရှိနေတတ်တာကြောင့် ရိုးရှင်းတဲ့ စာသင်ကြားမှုပုံစံတွေက သူတို့အတွက် ပျင်းစရာကောင်းနေတတ်ပြီး သင်ခန်းစာတွေကို စိတ်ဝင်စားမှု လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီလိုဆော့ကစားချင်တဲ့ ကလေးတွေရဲ့ သဘာဝကိုပဲ အားသာချက်တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုလို့ ရပါတယ်။ ပညာရေးသုတေသနတွေအရ ကလေးငယ်တွေဟာ စာသင်ခန်းထဲမှာ ပျော်ရွှင်စရာ ကစားနည်းတွေ၊ လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်သင်ယူရတဲ့အခါ မှတ်ဉာဏ်ပိုကောင်းလာပြီး တွေးခေါ်နိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေပါ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း တွေ့ရပါတယ်။ ဒါကြောင့် သင်ခန်းစာတွေကို ကစားနည်းတွေအဖြစ် အသက်သွင်းပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ဒီသင်တန်းလေးမှာတော့ Kindergarten Classroom အတွက် အသုံးချနိုင်မယ့် Practical Games, Creative Activities နဲ့ Teaching Ideas တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ မူကြိုဆရာ၊ ဆရာမတွေ လက်တွေ့အသုံးချနိုင်မယ့် ခေတ်မီပြီး ဖန်တီးမှုအားကောင်းတဲ့ သင်ကြားရေးနည်းလမ်းကောင်းတွေကို စနစ်တကျ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ? 🔹 Kindergarten / Preschool ဆရာ၊ ဆရာမများ 🔹 Early Years ဆရာ၊ ဆရာမများ 🔹 Teaching Career စတင်မယ့် ဆရာ၊ ဆရာမများ 🔹 Private School ဆရာ၊ ဆရာမများ 🔹 ကလေးတွေကို Activity-Based Learning နဲ့ သင်ကြားလိုသူများ 🔷 သင်ကြားမည့် အကြောင်းအရာများ Day -1 : Icebreakers and warm-up Day-2 : Story telling Day-3: letters & sounds games Day -4 : speaking and writing games Day-5 : Technology-Enhanced games Day-6 : Physical movement games and music & movement Day-7: Science Activities Day-8 : Games for classroom & outdoor တို့ပဲဖြစ်ပါတယ် 🔷သင်တန်းအစီအစဉ် သင်တန်းဖွင့်ပွဲ - 18. 9. 2026 (Fri) သင်တန်းစရက် - 19. 9. 2026 (Sat) သင်တန်းရက် - Sep 19, 20 & 24, 25, 26, 27, 28, 29 သင်တန်းအချိန် - 8:00 PM - 9:00 PM သင်တန်းပိတ်ပွဲ - 30. 9. 2026 (Wed) သင်တန်းကာလ - 10 Days သင်တန်းကြေး - 60000 ကျပ် TA သင်တန်းသားဟောင်း -50000 ကျပ် 🔷 Trainer: Tr. Thanduh ▪️ B.A English ▪️ Dip in TESOL (London Teacher Training College) ▪️Dip in ECCD( LTTC) ▪️Certified in Early Childhood Care and Development (Social Welfare) ▪️Certified in Jolly Phonics & Jolly Grammar (UK) ▪️Certified in Orff Schulwerk Creative Music and Movement (Musical Journey) ယခုသင်တန်းကိုတော့ နေ့စဉ် Zoom နဲ့ ပို့ချသွားမှာ ဖြစ်ပြီး သင်တန်းကာလတစ်လျှောက်လုံးမှာ အခက်အခဲမရှိစေဖို့ Teaching Agency ရဲ့ အတန်းတာဝန်ခံများကနေ အနီးကပ်ကူညီဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်။ သင်ယူရာမှာ အထောက်အကူပြုစေမယ့် နည်းပညာအကူအညီတွေ၊ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးလိုတဲ့အခါ သင်တန်းဆရာနဲ့ ဆက်သွယ်နိုင်ဖို့တွေကို လည်း စီစဉ်ပေးထားမှာဖြစ်ပါတယ်။ နေ့စဉ်သင်ကြားတဲ့ သင်ခန်းစာတွေကို အချိန်မရွေးပြန်လည်လေ့လာနိုင်ဖို့ စီစဉ်ထားမှာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အခါ Certificate ကိုလည်း ပေးအပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းတက်ရောက်လိုတယ်ဆိုရင် Page Messenger - m.me/teaching.agency.official ကနေတစ်ဆင့် အမြန်အပ်နှံတက်ရောက်နိုင်ကြဖို့ အသိပေး ဖိတ်ခေါ်အပ်ပါတယ်။ 🔹Teaching Agency အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးခရီးစဉ်အတွက် အစဉ်အမြဲ ကူညီပံ့ပိုး ပေးလျက်ရှိနေပါတယ် 🔷 မိမိတို့ရဲ့ ဘာသာရပ်သင် ဆရာ/ဆရာမများကို သင်ကြားရေးဆိုင်ရာစွမ်းရည်တွေ မွမ်းမံ မြှင့်တင်ပေးလိုတဲ့ Private School, International School များအတွက်လည်း Cooperative Training & Coach Sessionများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
199
20
Нет текста...
142