uk
Feedback
The Voice Of Spring | နွေဦးအသံ |

The Voice Of Spring | နွေဦးအသံ |

Відкрити в Telegram

Investigative, Innovative, Independent Digital Media

Показати більше

📈 Аналітичний огляд Telegram-каналу The Voice Of Spring | နွေဦးအသံ |

Канал The Voice Of Spring | နွေဦးအသံ | (@vostelegram) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 29 145 підписників, посідаючи 8 406 місце в категорії Новини і ЗМІ та 5 024 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 29 145 підписників.

За останніми даними від 26 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -563, а за останні 24 години на -28, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 3.84% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 652 переглядів. Протягом першої доби публікація в середньому набирає 1 118 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 39.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Investigative, Innovative, Independent Digital Media”

Завдяки високій частоті оновлень (останні дані отримано 27 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

29 145
Підписники
-2824 години
-1067 днів
-56330 днів
Архів дописів
◼️လက်ရုံးရည်နှလုံးရည်ပြည့်ဝပြီး ရဲဘော်ရဲဘက်ပီသစွာ ကြိုးပမ်းဆောင်ရွက်မှုကြောင့် လေးစားဂုဏ်ပြုခြင်းဟုဆို ၂၇ စက်တင်ဘာ ||| နွေဦးအသံ ||| တိုက်ပွဲမှာ ဒဏ်ရာရရဲဘော်တွေအပြင် ရဲဘော် တဦးရဲ့ အသက်ကို အန္တရာယ်ကြားမှ ကိုယ့်ရဲ့အသက်ကို ပဓာနမထားဘဲ ကယ်တင်ခဲ့တဲ့ ရဲဘော် ဇင်ကြီးကို PDF အထူးလှုပ်ရှားတပ်က ဂုဏ်ပြုငွေနဲ့ ရင်ထိုးတံဆိပ် ချီးမြှင့်လိုက်တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ အထူးလှုပ်ရှားတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဇင်ကြီးဟာ တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေနဲ့ ကျဆုံးရဲဘော်ကို မိမိအသက်ကိုပဓာနမထားဘဲ ကယ်ဆယ်ရယူခဲ့တဲ့အပြင် ရဲဘော် တဦးရဲ့ အသက်ကိုလည်း အန္တရာယ်ကြားမှ ကယ်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒါကြောင့် လက်ရုံးရည်သာမက နှလုံးရည်ပါပြည့်ဝပြီး ရဲဘော်ရဲဘက်ပီသစွာ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရဲဘော် ဇင်ကြီးကို လေးစာဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတွေကိုယ်စား ဂုဏ်ပြုငွေ ၅ သိန်းကျပ်နဲ့ ဂုဏ်ပြုအမှတ်တံဆိပ်ရင်ထိုး ချီးမြှင့်လိုက်ကြောင်း အဆိုပါတပ်က စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ကြေညာထားတာပါ။ ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF အထူးလှုပ်ရှားတပ်မှ ရဲဘော်တွေအနေနဲ့ လေ့ကေ့ကော်၊ ဘလက်တိုရွာ၊ သေ့ဘော့ဘိုးကုန်း၊ ဥကရစ်ထကုန်း၊ အလယ်စခန်းရွာ၊ တောင်ကြာအင်းနဲ့ ကော့ကရိတ်မြို့ တို့အပြင် ဒီပဲယင်း၊ ယင်းမာပင်ခရိုင် စတဲ့ တိုက်ပွဲစဉ်တွေမှာ ကဏ္ဍအသီးသီးမှ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ Photo | အထူးလှုပ်ရှားတပ်က ရဲဘော် ဇင်ကြီးကို ဂုဏ်ပြုချီးမြှင့်စဉ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️နိုင်ငံအနှံ့ ပစ များစွာသုံးပြီး လူလှိုင်းစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်နေတဲ့စစ်တပ် ဩဂုတ်လအတွင်း ၃၅၀ ဦးခန့်သေဆုံး 🔹ပြည်သူ ၁ သိန်း ၃ သောင်းကျော် အဓမ္မစစ်သားစုဆောင်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေမှာ (ပစ) ၈၀ ရာခိုင်နှုန်းခန့်ပါဝင်နေ ၂၆ စက်တင်ဘာ ||| နွေဦးအသံ ||| နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်က လူလှိုင်းစစ်ဆင်ရေးတွေနဲ့ ထိုးစစ်ဆင်လျက်ရှိရာ စစ်ကြောင်းတွေမှာ စစ်မှုထမ်း(ပစ)အင်အား ၈၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်း စစ်တပ်ဘက် ၃၄၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်တပ်စခန်းတွေကို ၁၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခု သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့သလို အဲဒီအထိမှာ အရာရှိအဆင့် ၁၀ ဦးပါဝင်တယ်လို့ NUG အစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်မှုထမ်း(ပစ) အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး (ပစ)အင်အား ၁၃၅၀၈၀ ဦးခန့် အဓမ္မစစ်သားစုဆောင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိကာလမှာ စစ်တပ်က အဲဒီအင်အားတွေကို အသုံးပြုပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်း(ပစ) အင်အား ပါဝင်မှုဟာ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။ Photo | ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှုများ(တော်လှန်ရေးအင်အားစုများ) ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️ပေါက်နဲ့ မြိုင်ရှိ စစ်ဘေးရှောင်တွေအတွက် NUG နဲ့ မကွေးယူနစ်အစိုးရတို့က ကျပ်သိန်း ၁,၀၀၀ ထောက်ပံ့ ၂၆ စက်တင်ဘာ ||| နွေဦးအသံ ||| မကွေးဒေသ၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှ စစ်ဘေးရှောင် ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ပူးပေါင်းပြီး တမြို့နယ်ကို ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ပေါက်နဲ့ မြိုင်မြို့နယ်မှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လူသားစာနာ တာဝန်ခံတွေထံ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာ အသိပေးထားတာပါ။ အဆိုပါ ထောက်ပံ့ငွေတွေကို လူမှုစီးပွားတာဝန်ယူမှု (CSR) ရန်ပုံငွေတွေမှ ရရှိတာဖြစ်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်နဲ့ NUG အစိုးရ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းတို့က ဦးဆောင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ထောက်ပံ့နိုင်မှုဟာ NUG အစိုးရ၊ လူသားစာနာ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်တဲ့ CSR ကော်မတီနဲ့ မကွေးဖက်ဒရယ်ယူနစ် CSR ကော်မတီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်တယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က သူရဲ့ လူမှုကွန်ရက်မှတဆင့် အသိပေးထားတာ တွေ့ရပါတယ်။ Photo | မကွေးဖက်ဒရယ်ယူနစ် အစိုးရ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️စလေမြို့ရှိ ခလရ ၄၁၆ စစ်တပ်ဂိတ်ကို ပကဖ စီးနင်းတိုက်ခိုက်၊ စကစ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ ၂၆ စက်တင်ဘာ ||| နွေဦးအသံ ||| မကွေးဒေသ၊ စလေမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ ၄ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီတပ် ခလရ ၄၁၆ ရဲ့ အုတ်ဖိုဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အပြင် MA1 ၁ လက်၊ MA2 ၁ လက်နဲ့ ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဆိုပါတပ်က အသိပေးထားတာ တွေ့ရပါတယ်။ Photo | မကွေးခရိုင် ပကဖ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌နွားထိုးကြီးမှာ စစ်အုပ်စုကို ပစ်ခတ်ဖမ်းဆီးရာ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့တပည့်ကို လက်နက်နဲ့ အရှင်ဖမ်းမိ ၂၆ စက်တင်ဘာ ||| နွေဦးအသံ ||| မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) က စက်တင်ဘာ ၂၀ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို အရှင်ဖမ်းမိပြီး သေနတ် တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်တားဆီးစဉ် လက်နက်ချဖို့အကြိမ်ကြိမ်ပြောဆိုသော်လည်း ထွက်ပြေးတဲ့အတွက် မဖြစ်မနေပစ်ခတ်ခဲ့တယ်လို့ MBT တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။ အဲဒီနောက် စစ်တပ်လက်ပါးစေ ပျူစောထီး ခေါင်းဆောင် သီတာယုမွန်ရဲ့ တပည့်ဖြစ်သူ ဝဏ္ဏစိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်လုပ်ပစ္စတိုသေနတ် တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ မြို့ပြမှာနေတဲ့လူငယ်တွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးပေါ်တာဆွဲမှုတွေကနေ လွတ်မြောက်အောင်ရုန်းထွက်ဖို့ Myingyan Black Tiger (MBT) က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️စစ်မှုထမ်းကင်းလွတ်နေတဲ့ အနုပညာရှင်၊ ခရိုနီတွေနဲ့ သားသမီးတွေလဲ အလှည့်ကျစစ်မှုထမ်းရမည်ဟု စစ်တပ်ပြော ၂၅ စက်တင်ဘာ ||| နွေဦးအသံ ||| တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကို အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံနဲ့ အဓမ္မစစ်သားစုဆောင်းနေသော်လည်း ကင်းလွတ်ခွင့်ရနေသေးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်သွားမယ်လို့ စစ်တပ်က သတိပေးလိုက်ပါတယ်။ လက်ရှိ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေပါ စစ်မှုထမ်းနိုင်သော်လည်း နိုင်ငံတကာနည်းတူ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိမရှိ ကြံ့ဖွံ့အမတ် တဦးက မေးမြန်းရာမှာ စစ်အုပ်စု ကာကွယ်ရေးဒုဝန်ကြီးက ဖြေဆိုခဲ့တာပါ။ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ အပါအဝင် "စစ်မှုထမ်းဥပဒေပါ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း အလှည့်ကျပါက ဆင့်ခေါ်မှာဖြစ်သလို ကင်းလွတ်ခွင့်ရနိုင်သူတွေမှလွှဲပြီး ကျန်တဲ့သူတွေ အလှည့်ကျစစ်မှုထမ်းရမှာဖြစ်တယ်" - လို့ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရပ်ဝတ်လဲထားတဲ့ ရွေးတုစစ်အစိုးရ၊ စစ်တပ်ခန့် ကာကွယ်ရေးဒုဝန်ကြီး အောင်မျိုးသန့်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း လက်တွေမှာတော့ စစ်ဗိုလ်ချုပ်များစွာနဲ့ သားသမီးတွေအပါအဝင် စစ်အုပ်စုနဲ့ နီးစပ်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ခရိုနီလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ပြည်သူများ အဓမ္မဖမ်းဆီး ပေါ်တာဆွဲခံရပြီး နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရသော်လည်း စစ်တပ်အလိုကျ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပြီး စစ်မှုထမ်းကင်းလွတ်နေဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ Photo | စစ်တပ်ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်မှု၊ သင်္ကြန်ပွဲတို့တွင်တွေ့ရသည့် သရုပ်‌ဆောင်၊ အဆိုတော်များ (ပုံဟောင်း/လူမှုကွန်ယက်)။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူတွေနဲ့ ရဲဘော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ ၂၅ စက်တင်ဘာ ||| နွေဦးအသံ ||| မကွေးဒေသ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲ့ မြို့နယ်၊ တိုက်နယ် တာဝန်ခံတွေနဲ့ ရဲဘော်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါအဖွဲ့ရဲ့ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု‌အောက်ရှိ ဂန့်ဂေါ မြို့နယ် ပကဖ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄ မှ ရဲဘော်တွေနဲ့ မြို့နယ် တာဝန်ခံ၊ တိုက်နယ်တာဝန်ခံတွေ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတဲ့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဂန့်ဂေါမြို့နယ် ပကဖ တပ်ခွဲ ၂ (နဂါးညီနောင်)၊ တပ်ခွဲ ၃ (တောင်ပိုင်းတိုက်နယ်) မှ တို့မှ ပကဖ ရဲဘော်တွေကို မကွေးတိုင်း ပကဖ တာဝန်ခံ၊ ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေက လာရောက်တွေ့ဆုံပြီး တော်လှန်ရေး ရှေ့လုပ်ငန်းစဉ်တွေနဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အားပေးစကား ပြောကြားခဲ့ကြတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️အလင်းဝင်လာတဲ့ (ပစ)၃ ဦးကို စိုးမိုးနယ်မြေမှာ လုံခြုံစွာနေရာချပေးထားဟု မင်းဘူး PDF အသိပေး ၂၄ စက်တင်ဘာ ||| နွေဦးအသံ ||| မကွေးဒေသ၊ စလင်းမြို့နယ်အခြေစိုက် PDF မင်းဘူးခရိုင် တပ်ရင်း ၁ ထံ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား(ပစ) ၃ ဦး အလင်းဝင်ရောက်ခဲ့တာကြောင့် မိသားစုနဲ့အတူ လုံခြုံစွာနေရာချပေးထားတယ်လို့ စက်တင်ဘာ ၂၄ ရက်၊ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အဓမ္မပေါ်တာဆွဲခြင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ အပတ်စဉ် ၁၄ မှ တပ်သား ၁ ဦးနဲ့ အပတ်စဉ် ၂၆ မှ တပ်သားတဦးတို့ အလင်းဝင်ရောက်လာတဲ့အတွက် သူတို့ကို တပ်ရင်းစိုးမိုးနယ်မြေမှာ မိသားစုနဲ့အတူ အေးချမ်းလုံခြုံစွာနေရာချပေးထားတယ်လို့ အသိပေးထားတာပါ။ အလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလျက်ရှိသလို လူအခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ခဲယမ်းတွေ ယူဆောင်လာပါက ထိုက်တန်စွာဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ အလင်းဝင်ရောက်ပူးပေါင်းလာကြဖို့ကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။ Photo | မင်းဘူးခရိုင်တပ်ရင်း ၁ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️စစ်အင်အားဖြည့်ဖို့ လူငယ် ၂၀၀ နီးပါး စစ်တပ်က အဓမ္မဖမ်းဆီးခဲ့ပြီး ရွာစဉ်လှည့် ပေါ်တာဆွဲနေဟုဆို ၂၄ စက်တင်ဘာ ||| နွေဦးအသံ ||| ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အင်အားဖြည့်တင်းဖို့ လူငယ် ၂၀၀ နီးပါးကို စစ်တပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်၊ အမတ်ပေါ်ဒေသ၊ နယ်ခြားမှတ်တိုင် (၃၀) အနီးရှိ ရဟတ်ယာဉ်ကွင်း ပါရှိပြီး စစ်ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ ဗျူဟာစခန်း လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက စခန်းပြန်လည်ရရှိရေး တန်ပြန်ထိုးစစ်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေး LAIZA TV က စက်တင်ဘာ ၂၃ ရက်၊ ညပိုင်းမှာ ကြေညာခဲ့တာပါ။ ဒါ့အပြင် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း မြို့နယ်တွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှ ဒေသခံလူငယ် ၁၉၀ ကျော်ကို စစ်အုပ်စုက စစ်အင်အားဖြည့်တင်းဖို့ အဓမ္မစစ်သားစုဆောင်းသွားသလို ပစ္စည်းသယ်ယူရာမှာ စေခိုင်းဖို့အတွက် ရွာစဉ်လှည့်ပြီး ပေါ်တာဆွဲလျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ Photo | KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း) ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌စစ်ကောင်စီတပ်သားနဲ့ ပျူ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ၂၄ စက်တင်ဘာ ||| နွေဦးအသံ ||| စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၄ ရက်၊ မနက် ၂ နာရီခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ပျဉ်းတော်ကျေးရွာလမ်းဆုံရှိ စစ်တပ် ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၇ ဦး သေဆုံးပြီး ကာဘိုင်သေနတ် ၅ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ၊ ပအဖ တို့က အသိပေးထားတာပါ။ အဆိုပါစခန်းသိမ်း တိုက်ပွဲကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့က ‌တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ Photo | ကန့်ဘလူ ပအဖ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။