မောင်ဆူးလှည်း
📈 Аналитический обзор Telegram-канала မောင်ဆူးလှည်း
Канал မောင်ဆူးလှည်း (@phyoeweiwin) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 13 632 подписчиков, занимая 14 843 место в категории Новости и СМИ и 9 268 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 13 632 подписчиков.
Согласно последним данным от 28 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -53, а за последние 24 часа — -7, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 47.83%. В первые 24 часа после публикации контент обычно набирает 19.77% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 6 521 просмотров. В течение первых суток публикация набирает 2 695 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 299.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“MaungHsueHlae”
Благодаря высокой частоте обновлений (последние данные получены 29 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.
Загрузка данных...
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 29 сентября | 0 | |||
| 28 сентября | +1 | |||
| 27 сентября | 0 | |||
| 26 сентября | +1 | |||
| 25 сентября | 0 | |||
| 24 сентября | 0 | |||
| 23 сентября | +4 | |||
| 22 сентября | 0 | |||
| 21 сентября | +1 | |||
| 20 сентября | +2 | |||
| 19 сентября | 0 | |||
| 18 сентября | +15 | |||
| 17 сентября | +3 | |||
| 16 сентября | 0 | |||
| 15 сентября | +48 | |||
| 14 сентября | +21 | |||
| 13 сентября | 0 | |||
| 12 сентября | 0 | |||
| 11 сентября | 0 | |||
| 10 сентября | +1 | |||
| 09 сентября | 0 | |||
| 08 сентября | 0 | |||
| 07 сентября | 0 | |||
| 06 сентября | 0 | |||
| 05 сентября | 0 | |||
| 04 сентября | +2 | |||
| 03 сентября | 0 | |||
| 02 сентября | 0 | |||
| 01 сентября | 0 |
| 2 | Facebook က အကောင့်တွေ အကုန်ဖျက်ချသွားလို့ ထီတွေ မရောင်းရပါဘူးဆို ထီလက်မှတ်တွေကပါပျောက်တော့
ဒီလတော့ အရင်းပြုတ်တော့မယ်ထင်တယ် 😐
အရင်းမပြုတ်ခင် ရသမျှလေး ရောင်းဖို့နဲ့ ကုသိုလ်စပ်တူ သိန်း ၅၀၀၀ တန် ထီအလှူလေး
အစုစပ်ထီအရောင်း
https://www.facebook.com/share/p/19R5tAvbsj/
https://m.facebook.com/story.php?story_fbid=pfbid0wWpbEB3q8oGsqS9aEjcYz4byNVq7GZGaLsNPppwmD1AaStHXFwY7DoTr4n4EbEq5l&id=61594347928223&mibextid=Nif5oz
ကုသိုလ်စပ်တူ ထီ အလှူ
https://www.facebook.com/share/p/19kvyD9NkS/ | 2 643 |
| 3 | NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ကို ယနေ့ လေကြောင်းတိုက်ခိုက်မှု CDM လုပ်ခဲ့သူ တပ်မတော်သားဟောင်း နှစ်ဦးအပါအဝင် PDF ကိုးဦးထက်မနည်းထိခိုက်သေဆုံး
နေမိုး
၂၄. ၉. ၂၀၂၆
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင် လက်နက်ကိုင်ထကြွနေသော NUG ဩဇာခံ PDF များ အခြေပြုနေသည့် အထူးတိုင်းစစ်ဌာနချုပ်ကို တပ်မတော်က ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် CDM လုပ်သွားသူ တပ်မတော်သားဟောင်းနှစ်ဦးအပါအဝင် PDF လက်နက်ကိုင် ကိုးဦးထက်မနည်း ထိခိုက်သေဆုံးသွားသည်ဟု NUG ထောက်ခံသည့် မီဒီယာများက တစ်ပြေးညီ ဖော်ပြနေသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံများ၏ ဌာနချုပ်ဖြစ်သည့် အထူးတိုင်းစစ်ဌာနချုပ်ကို တပ်မတော်က လေကြောင်းမှ လေယာဥ်ငါးစင်းဖြင့် ဗုံး ၆ လုံးထက်မနည်း တစ်ပြိုင်နက် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းဖော်ပြမှုများအရ သိရသည်။
ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်မတော်ကို သစ္စာဖောက်ဖျက်သွားသည့် ဝန်ထမ်းဟောင်းနှစ်ဦးဖြစ်သော ဗိုလ်မှူးဟောင်းနေလင်းအောင် သေဆုံး သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရခြင်းနှင့် တပ်ကြပ်ကြီးဟောင်း နေဝင်းအောင် သေဆုံးသွားခဲ့သဖြင့် လူမှုကွန်ရက်တွင် တပ်မတော်ထောက်ခံသူများက ပဲဆိပ်သင့်ပြီ....
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=147453
#တပ်မတော် #သစ္စာမဲ့ဝန်ထမ်း #CDM #အကြမ်းဖက် #NUG #အထူးတိုင်းစစ်ဌာန #လေကြောင်းတိုက်ခိုက်ခံရ #ပွဲချင်းပြီးသေဆုံး #MT #mtnews #MyanmarTransparency | 4 266 |
| 4 | လေဆိပ်မှာ ကော်ဇောနီခင်း ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုတယ်ဆိုတာ ဒီလောက်ပဲ ဆိုတာ သောက်ပေါတွေမြင်ဖူးအောင်လို့
အမေရိကန်လို နံပါတ်တစ် သမ္မတက တရုတ်လို့ နံပါတ်နှစ် သမ္မတကို ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုတာ လူ သုံးဆယ်လောက်ပဲ ပါတာ မှတ်သွားလို့ရအောင်လို့။
နောက်ဆို ဂုဏ်ပြုတပ်ဖွဲ့သေးသေးလေး ဘာညာအာချောင်ရင် ထရမ့်ပ်နဲ့ ရှီက နှစ်ချောင်းပူးပြီး အာခေါင်ထဲ ထိုးထည့်ပေးလိမ့်မယ်။
လေဆိပ် ဂုဏ်ပြုတပ်ဖွဲ့က ဒီလောက်ပဲ လုပ်နိုင်တယ်ကွ ဆိုပြီးတော့ 🤭🤭🤭🤭 | 4 742 |
| 5 | ၁။
ဒီကာလကြီးကြည့်လိုက်ရင် အကုန်လုံးက စစ်ကို လိုချင်နေတုန်းပဲ။ မြေရထားတဲ့ EAOs တချို့ကလွဲရင် NUG နဲ့ PDF ကို ခိုးမှန်းသိတာတောင် ထောက်ခံသူတွေက စစ်တပ်ကိုမုန်းတယ်၊ စစ်တပ်ကို ဖြိုဖျက်ရင် ပိုကျပ်လည်းရတယ်ဆိုတဲ့ Ideology က မပြောင်းလဲသေးဘူး။
၂။
NLD အရှိန်အရမ်းကောင်းနေတဲ့ ၂၀၁၉ လောက်မှာ Zawgyi ကနေ Unicode အတင်းပြောင်းတယ်။ အဓိက ကတော့ စံသတ်မှတ်ချက်မဟုတ်တဲ့ ဇော်ဂျီက Fb ရဲ့ Algorithm မှာ မစီးဝင်နိုင်လို့ ပေါ်နေတဲ့ အတုံးအတုံးလေးတွေက NLD လိုချင်တဲ့ Hate Speech ကို အကောင်အထည်ဖော်ဖို့ ခက်နေလို့။ တစ်ချိန်တည်းမှာပဲ အစိုးရက SMMT Team ဖွဲ့ပြီး Facbook Team ကို မြန်မာပြည်ခေါ်တယ်။ Fact Check Team တွေ ဖွဲ့တယ်။ အဲဒီ Team နဲ့ ဖြိုးမင်းသိန်းအုပ်စုတွေနဲ့ နေဘုန်းလတ်အုပ်စုတွေ ပန်ဆယ်လိုတို့ လော်ဘီတွေပေါင်းပြီး "စစ်တပ်၊ မဘသ၊ ကုလား၊ ဗုဒ္ဓဘာသာ" ဒီအုပ်စုတွေနဲ့ ဆက်စပ် စကားစုတွေကို Hate Speech သွင်းတယ်။
ကွန်ပျူတာသမားတွေ မှီခဲ့တဲ့ခေတ်ဦးဆို Blue Coat လိုမျိုးပေါ့။ အစိုးရက စောင့်ကြည့်ဖမ်းဆီးခဲ့တဲ့ စနစ်လိုမျိုးကို Facebook မှာကြတော့ Algorithm လို့ခေါ်မှာပေါ့။ အဲဒီမှာ NLD က သူတို့ တိုက်ခိုက်နေတဲ့ သူတို့မကြိုက်တဲ့ စစ်တပ်၊ မဘသ၊ USDP နဲ့ ဗုဒ္ဓဘာသာကို လက်ခံတဲ့အကောင့်တွေက ဒီလေးခုထောက်ခံရင် ကုလားမုန်းရင် ပိတ်ပစ်တယ်။ ပိုဆိုးတာက FB Myanmar Team နဲ့ Fact Check Team တွေကို Control လုပ်ထားတာက ကုလားတွေ။
နောက် Backwave ရိုက်တော့ FB Myanmar Team နဲ့ Fact Check Team တွေ စင်ကာပူပြေးသွားတယ်။ နဂိုကတည်းက Algorithm မှာ စစ်တပ်၊ မဘသ၊ USDP နဲ့ ဗုဒ္ဓဘာသာကို ထောက်ခံသူတွေကို အမုန်းစကားသွင်းပြီး အကောင့်တွေဖျက်ချနေတဲ့ FB ဟာ ဒီစကားတွေက အမုန်းစကားမဟုတ်ပါဘူးလို့ ရှင်းပြမယ့်သူမရှိချိန်မှာ Algorithm ကိုမှ AI ထပ်ပေါင်းထည့်လိုက်ချိန်မှာ စစ်တပ်၊ မဘသ၊ USDP နဲ့ ဗုဒ္ဓဘာသာကို ထောက်ခံတဲ့အကောင့်တွေသာမက နိုင်ငံအေးချမ်းလိုသူတွေပါ FB တက်မရတော့ဘဲ FB တစ်ခွင်လုံးဟာ သတ်ရဖြတ်ရမယ် ဆိုတဲ့သူတွေက ဒေါ်လာတွေ လှိမ့်ရနေပြီး သူတို့တစ်ဖက်သတ်ရေးတဲ့ ပို့စ်တွေကပဲ စင်ပေါ်မှာ ဆက်ရှိနေတယ်။
၃။
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း Tiktok နဲ့ Tele ကို ပြောင်းသုံးလာပေမဲ့ Facebook က Top ဖြစ်နေတုန်းဆိုတာ ငြင်းမရပါဘူး။ NLD ၊ NUG နဲ့ PDF ထောက်ခံသူတွေက Ideology မပြောင်းတဲ့အခါ၊ Facebook ရဲ့ Algorithm နဲ့ ရေပန်းစားမှုကို မပြောင်းနိုင်တဲ့အခါ Facebook ဟာ စစ်တပ်ပြုတ်ကျသွားမှ အေးချမ်းမှာဆိုတဲ့ အမုန်းတရားတစ်ခုကပဲ ပန်းပန်နေပြီး ဒီလူစုကို မှီပြီး ငွေရှာနေတဲ့ စျေးကစားချင်တဲ့သူတွေအတွက်ပါ အခွင့်အရေးသာသွားစေခဲ့တယ်။
အခု ရွှေစျေး၊ ဆီစျေးက ကမ္ဘာ့အကျပ်အတည်းကြောင့်။ ဒါပေမဲ့ အခု တစ်ပြည် ၁၂၀၀၀ ဖြစ်နေတဲ့ ဆန်စျေးနဲ့ တစ်လုံး ၇၀၀ ဖြစ်နေတဲ့ ကြက်ဥစျေးက စျေးကစားသူတွေကြောင့်ဗျ။ အံ့ဩစရာကောင်းတဲ့ဆက်နွှယ်မှုတစ်ခုပြောရဦးမယ်။ ရန်ကုန်က တစ်နေ့ကို ကြက်ဥ သန်းနဲ့ချီစားတယ်။ ဥပမာ တစ်နေ့ ကြက်ဥဆယ်သန်းစားတယ်ဆိုပါတော့။ အဲဒီဆယ်သန်းကို ရွှေစျေးကွက်ထဲက လူတစ်စုက ဝယ်ပြီး ထိန်းထားလိုက်တယ်။ စျေးကွက်ထဲမှာ နေ့စဥ်ဝင်ရမယ့်ကြက်ဥကို တစ်ပတ်လောက်ထိန်းလိုက်ရင် စျေးကွက်ကျပ်သွားပြီး စျေးတက်လာတယ်။ ဥပမာ ကြက်ဥတစ်လုံး တစ်ဆယ်ကျပ်ဆွဲတင်ရင် ကြက်ဥဆယ်သန်းဆို သန်း ၁၀၀ မြတ်တယ်။ အလုံးသန်း ၇၀ ဆို သန်း ၇၀၀ အမြတ်ရတယ်။ အခု တစ်လုံးကို ၁၅၀ နဲ့ ၂၀၀ လောက် ဆွဲတင်ထားတော့ တစ်နေ့ကို ဘယ်လောက်မြတ်မလဲ။ ဒီစျေးကွက်ကို ဝင်ဆော့ပြီး တွက်ပြခဲ့တဲ့ နိုင်ငံရေးသမား မိတ်ဆွေတစ်ယောက်က အဲဒီ ကြက်ဥစျေးကစားတဲ့ ရွှေဆိုင်တချို့ကို သူ တစ်နိုင်ပြိုင်ဖိုက်ခဲ့တာ ကျွန်တော့်ပြောပြလို့ သိခဲ့ရတာပါ။ ဆန်စျေး ဆွဲတင်လို့ အဖမ်းခံရတာတွေ MRF ထိန်းနေရတာတွေကတော့ လက်ရှိကို မြင်နေရတာမို့ ထားလိုက်ပါတော့။
ဒီကာလကြီးက ကျပ်တည်းတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီကျပ်တည်းမှုက ၂၀၂၃၊ ၂၀၂၄ လောက်မှာ ကြုံခဲ့ရတဲ့ အကျပ်အတည်းတွေကို Handle လုပ်ထားပြီး Adjust လုပ်ထားတဲ့ အခြေအနေနဲ့ ရှေ့ဆက်နေတာပါ။
စစ်ပွဲတွေကြောင့် ဆီစျေးနဲ့ ရွှေစျေးက လွဲရင် ကျန်တာတွေကတော့ တစ်ဒေါ်လာ ၈၀၀၀၊ ၉၀၀၀ အထိ ဆောင့်တက်သွားတုန်းကလောက်တော့ မဆိုးဘူး ယူဆတယ်။ ဒါပေမဲ့လည်း အခြေခံလူတန်းစား စားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ ဆေး စတာတွေတော့ စျေးကစားရင် ဖမ်းဖို့၊ အဂတိလိုက်စားပြီး ဆီကိုအပြင်ထုတ်ရောင်းနေသူတွေ ဖမ်းဖို့ လုပ်နိုင်ရင်တော့ စျေးကြီးတယ်။ အဆင်မပြေဘူးဆိုတာတွေပါ အသံပြန်ငြိမ်သွားမှာပဲ။ | 7 948 |
| 6 | မနက်က ရုံးသွားဖို့ ကားစီးလာတုန်း ကလေးချီထားတဲ့ အမျိုးသမီးက သူ့အသိပြောနေတာ။ ကလေးကသုံးမွှာပူးတဲ့။ ကလေးနှစ်ယောက်က သွေးအားနည်းလို့ သန်လျင် ဆေးရုံတင်ထားရတာ။ သွေးသွင်းဖို့ရှာတော့ ပွဲစားက ၅၀၀၀၀ တောင်းတယ်တဲ့။ ၄၀၀၀၀ ပဲပါလို့ သွေးသွင်းမပေးခဲ့ရလို့ သွေးရှာထွက်လာတာတဲ့။
ချီထားတဲ့ကလေးက ဉာဏ်ထက်မြက်တဲ့။ ဆေးရုံတက်နေရတဲ့ ကလေးနှစ်ယောက်က ဉာဏ်မင်းထက်နဲ့ ဉာဏ်မင်းမြတ်တဲ့။ ၁၀၀၀၀ လေး လိုတာမို့ သွေးသွင်းပေးပါဆိုတာကို ဘယ်လိုမှ တောင်းပန်လို့မရဘူးလို့ပြောနေလို့ သစ္စာကမ်းလက်အနေနဲ့ ၅၀၀၀၀ လှူပေးဖြစ်ခဲ့သေးတယ်။ ပိုက်ဆံ ၅၀၀၀၀ လှူပေးလိုက်တော့ ကားပေါ် လူကြားထဲ ကလေးတစ်ဖက်နဲ့ လက်အုပ်ချီနေလို့ လဲမှာစိုးလို့ တားရသေးတယ်။ နောက်တော့ ရောက်တဲ့မှတ်တိုင်ဆင်းပြီး သန်လျင်ဆေးရုံဘက် ပြန်သွားလေရဲ့။
အမှတ်မထင် ဘတ်စ်ကားပေါ်တင် လှူဖြစ်ခဲ့တဲ့ သစ္စာကမ်းလက် ကုသိုလ်လေးပေါ့။ | 6 401 |
| 7 | ရာဇမာန်နဲ့ ရာဇအိန္ဒြေ
နိုင်ငံတကာ ခရီးစဥ်တွေမှာ တွေ့ရ၊ မြင်ရ၊ သိရတာက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာ ရာဇမာန်နဲ့ ရာဇအိန္ဒြေရှိနေတာပဲ။
ဦးမင်းအောင်လှိုင်ရဲ့ ရာဇမာန်ကို ဘယ်နေရာမှာ တွေ့ရလဲဆိုရင် အစိုးရအဖွဲ့ခေါင်းဆောင်တွေက ခရီးစဥ် ပို့ဆောင်နှုတ်ဆက်ချိန်တွေနဲ့ ပြည်ပနိုင်ငံတွေမှာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်တဲ့အချိန်၊ တခြား နိုင်ငံခေါင်းဆောင်တွေက လေးလေးစားစား ကြိုဆိုချိန်၊ လိုက်ပို့ချိန်တွေ မှာ မြင်ရတာပဲ။ အခုဆို ကမ္ဘာ့လူဦးရေ သန်း ၃၀၀၀ ကျော် ၄၀၀၀ နီးပါးရဲ့ တိုင်းပြည်တွေက ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ကော်ဇောနီခင်း၊ အမြှောက်တွေဖောက်၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုတာတွေ လုပ်ပြီး အသိအမှတ်ပြုပေးထားရတယ်။
တကယ်တော့ အဲဒီလို ရာဇမာန်နဲ့ ရာဇအရှိန်အဝါကို ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်မှာ မမြင်ခဲ့ရဘူး။ ဒေါ်စုအောက်မှာပဲ သူတို့က ရာဇမာန်ပျောက်နေခဲ့တယ်။ ပြီးတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် အရမ်းလိုချင်ခဲ့တဲ့ တပ်မတော်ကိုရော ပြည်ထောင်စုအစိုးရအဖွဲ့အပေါ် ဩဇာအာဏာပြည့်စုံမှုကလည်း တပ်ချုပ်ဖြစ်ခဲ့တဲ့ ဦးမင်းအောင်လှိုင်မှာပဲ ရှိနေတယ်။ ဦးသိန်းစိန်တုန်းက တပ်က Respect ပေးခဲ့ပုံနဲ့တောင် မတူတဲ့ ရာဇမာန်အပြည့်။
ရာဇအိန္ဒြေကြတော့ တော်တော် ရှင်းပြရလိမ့်မယ်။ အခု FB ပေါ် Troll နေတာအများစုက ရုပ်သံတွေမှာ စကားပြောနေချိန်တွေ ကိုယ်ဟန်လှုပ်ရှားမှုတွေကို Ss ရိုက် Troll ကြတာ။ စကားတွေမှာ ဌာန်တွေ မာန်တွေရှိတယ်၊ နူးညံ့ပျော့ပြောင်းမှုတွေ လှိုက်လှဲပျူငှာမှုတွေရှိတယ်။ ဘယ်သူမဆို စကားကို စိတ်ခံစားမှုအလိုက်ပြောနေချိန်မှာ အဖိအဖော့အလိုက်ပြောတာကို ပါးစပ်ပုံစံ ပြောင်းသွားတာကို Troll နေကြတာ။ အခုခေတ်ကင်မရာတွေက ခလုတ်တစ်ချက်ဖိရင်တောင် ပုံအထပ်လိုက်ထွက်တော့ စက္ကန့်အလိုက်ပြောနေတဲ့ ရုပ်တွေရချိန်မှာ ရုပ်သံဆို ပိုပြီး ပုံပျက်ပန်းပျက်ပုံ Ss ရိုက်လို့ရတာ။
ကိုယ် ပြောချင်တဲ့ ရာဇအိန္ဒြေရဲ့ ထူးခြားမှုက မိုးရွာတာနဲ့ ပြောချင်တာ။ စကားပြောတာလေးကိုတောင် အသေးစိတ်ရိုက်လို့ရတဲ့အထိ ရုပ်ပျက်အောင် ရိုက်နိုင်ရင် ရုတ်တရက် မိုးရွာတာ မိ၊ ရွံ့ဗွက်ထဲ သွားလာရင် ပိုရုပ်ပျက်တယ်။ အခု သွားခဲ့တဲ့ ခရီးစဥ်တွေမှာ ဦးမင်းအောင်လှိုင် အမိုးအကာအောက်ရှိနေချိန် မိုးတွေရွာပြီး သူက အမိုးအကာမပါတဲ့နေရာရောက်နေရင် မိုးကရပ်သွားတာပဲ။ တစ်ခါတလေမှာ ရှင်းပြရခက်ပေမဲ့ မိုးတွင်းကာလ မိုးတအားသည်းရင် သတင်းထောက်တွေက မူဗီတွေ ဓာတ်ပုံတွေ ရိုက်လို့ပါ အဆင်မပြေတော့တာ။ ဒါပေမဲ့ ခရီးစဥ်လိုက်သူတွေတိုင်းရဲ့ တူညီတဲ့အသံက ဦးမင်းအောင်လှိုင် မြေနင်းရတော့မယ်ဆိုတာနဲ့ မိုးသည်းရာက ဖွဲ၊ ဖွဲရာက စဲသွားတယ်ဆိုတာပဲ။ ကိုယ်တိုင်လည်း လေးငါးခါမက ကြုံရတယ်။ တရုတ်မယ် ဆယ်ခွဲမှာ ရှီက တံခါးပေါက်ကကြိုမှာ။ မိုးက တဖွဲဖွဲရွာ။ ၁၀ နာရီ ၂၀ လောက်မယ် မိုးထဲကို ဓာတ်ပုံလိုက်ရိုက်နေရင်း ဘေးနားက အကိုတစ်ယောက်တောင် မိုးမသည်းခင်လာမှ ပုံအဆင်ပြေမှာလို့ပြောနေတုန်း ၁၀ နာရီ ၂၈ မိနစ်မှာ ကားရောက်မလာခင် မိုးတိတ်သွားတယ်။ ၂၉ မိနစ်မှာ ကားပေါ်ကဆင်းပြီး ကော်ဇောနီပေါ်လျှောက်ချိန် တာဝန်ကျလုံခြုံရေးက မိုးရွာချရင် ရာဇရုပ်၊ ရာဇမာန်ထိခိုက်မှာစိုးလို့ ထီးလာမိုးပေမဲ့ မိုးမကျတဲ့အပြင် နေရောင်ပါလင်းလာတာ ကိုယ်တွေ့မြင်လိုက်တယ်။ ကမ္ဘောဒီးယားမယ် သမ္မတမရောက်ခင်ရက်က ကမ္ဘာပျက်မတတ်မိုးတွေရွာနေတာတဲ့။ ရောက်တဲ့နေ့လည်းရောက်ရော နေတွေသာလို့။ ကိုယ်တို့မယ် Suit အောက် ချွေးတွေရွှဲလို့။ နားတော့မယ့်အချိန် ည ၉ နာရီလောက် သမ္မတဟိုတယ်ရောက်ပြီး ကိုယ်တွေ အပြင်ထွက်မယ်ဆိုတော့ သည်းလိုက်တဲ့မိုးက ကုန်းမြင့်ပေါ်က Sofitel Five Star Hotel ဝန်းပါ ရေလျှံသွားတယ်။
နောက်တစ်နေ့ စီရမ်ယိ့ရောက်တော့ ဆက်တိုက်မိုးရွာထားတော့ လမ်းဘေးဝဲယာ ရေတွေလျှံလို့။ ဟိုတယ်မရောက်ခင် မိုးသည်းချက်က ကားတွေတောင် အရှိန်လျှော့မောင်းရတယ်။ ဟော မြို့ထဲလည်းရောက်ရော သမ္မတက တွေ့ဆုံပွဲ ဆင်းရမယ့်ဟိုတယ်မရောက်ခင် မိုးတိတ်သွားတယ်။ သမ္မတကတော့ ဟိုတယ်ရှေ့ ကော်ဇောနီလျှောက်လမ်းကနေ တန်းတက်သွားချိန် ကိုယ်တို့က ယာဥ်တန်းနောက်ဆုံးကနေဆိုတော့ ဟိုတယ်ဝန်းအပြင်ကနေ ပြေးလိုက်ရတာ ဖိနပ်ရော ဘောင်းဘီရော ရွံ့တွေနဲ့ Toilet ထဲ ဝင်ပြီး သန့်ရှင်းရေးလုပ်ယူရတယ်။ ဟော အန်ကောဝပ်မှာလည်း အများစုက မြေသားလမ်းတွေနဲ့ ခင်းထားတဲ့ကျောက်တွေကလည်း ရေတွေတင်လို့။ မိုးသာရွာရင် အန်ကောဝပ်ရော၊ ဘာယွန်ကျောင်းရော မဝင်နိုင်လောက်၊ ပုံမရိုက်ရလောက်ပေမဲ့ မိုးပဲအုံ့တော့ ကိုယ့်လို Flash မပါ၊ Kit Len အသေးနဲ့တောင် ပုံတွေလှအောင်ရိုက်လို့ရခဲ့တယ်။
ကားပေါ်မှာတောင် သတင်းထောက်တွေ စနောက် ပြောဖြစ်သေးတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ရာဇအိန္ဒြေမပျက်အောင် မိုးကတောင် ရွာတာရပ်ပေးရတဲ့ ဘုန်းကံက အကြီးကြီး။ ကိုယ်တွေဖုန်းကတော့ တရုတ်ဖုန်းဆိုတော့ ရွံ့ထဲဗွက်ထဲ ပြေးနေရတယ်ဆိုပြီး 😂 | 8 396 |
| 8 | Нет текста... | 6 788 |
| 9 | လေယာဥ်ကို ဒရုန်းနဲ့တိုက်တာ ထိတယ်ဆိုတာ ဝါဒဖြန့်တာ ကျရှုံးသွားတော့ ပိုက်ကို ထိုးနှက်လာတယ်။ ပိုက်က မကောင်းတဲ့ပိုက်ပေါ့။
ဆိုတော့ PDF တွေလုပ်တဲ့ FPV Suicide Drone ကရော ရုရှားတို့ ယူကရိန်းတို့ကထုတ်သလို အလူမီနီယံတို့၊ တိုင်တေနီယမ်တို့ ကာဗွန်ဖိုက်ဘာတို့နဲ့လုပ်တယ်ထင်နေလို့လား။
ဖော့စုတ်တွေနဲ့လုပ်တာ။ ပိုက်ကွန်နဲ့ ငြိရင် သေချာပေါက် ပျက်ကျတဲ့အပြင် ဝါးလုံးနဲ့ ရိုက်ချရဲရင်တောင် ဘော်ဒီစုတ်ပြီး ပဲ့ကျ ပျက်မှာပဲ🤣🤣🤣🤣
မယုံရင် သွားကြည့် ထိုင်းဘက်ကို PDF လက်လုပ်ဒရုန်းပစ်ချခံရလို့ ပျက်ကျပြီး ဗုံးပြုတ်ကျလို့ လူသုံးယောက်သေတုန်းက ပုံကို။
https://www.bbc.com/burmese/articles/c2ky2v9871xo
https://hdff.org/a-suicide-drone-crash-incident-on-the-thai-myanmar-border/ | 7 552 |
| 10 | ပြည်ပခရီးသွားနေတာနဲ့ တံတားဦးကို ဒရုန်းတိုက်တဲ့ကိစ္စ မကြည့်မိဘူး။
အခု PDF တွေက ဒရုန်းနဲ့ လေယာဥ်တောင် ဖျက်နိုင်ပြီဆိုပြီး သိန်းထောင်ချီ ဆုချနေမှ ကိုယ်လည်းရှာကြည့်တော့ NUG နဲ့ PDF ထုံးစံအတိုင်း ပြည်သူ့အလှူငွေ လိမ်ပြီးခွက်ခေါက်တာပဲ ဖြစ်နေပြန်တယ်။
ဘာလို့ အဲဒီလို ပြောရတာလဲဆိုတော့ PDF ထုတ်ပြန်တဲ့ ဒရုန်းနဲ့တိုက်ခိုက်တဲ့ရုပ်သံမှာကို ဒရုန်းက ပိုက်ငြိပြီး ပေါက်ကွဲသွားတာ လေယာဥ်ကို မထိဘူးဆိုတာ သိသာနေတာ။ လေယာဥ်တွေ ဒီအတိုင်းထားတာမဟုတ်ဘဲ ပိုက်ကာထားတာ။ ကာထားတဲ့ပိုက် ဝင်တိုက်ပြီး ပေါက်ကွဲသွားတာကို ဆုချဖို့ လှူပါဆိုတော့ အလှူခံလိမ်တာပေါ့။
တကယ်တော့ ဒရုန်းကို ပိုက်နဲ့ကာတာက ရုရှားကစတာပါ။ နောက်တော့ ရုရှားရဲ့ ပိုက်တွေက ထိရောက်မှန်းသိတော့ ယူကရိန်းက ရန်သူ့ဆီက ကူးချအတုခိုးပြီး နေရာအနှံ့ပိုက်တွေလိုက်ကာနေတာ သဘောကျလို့တောင် တလောက ဘာသာပြန်ဆောင်းပါးတစ်ပုဒ်တင်လိုက်သေးတယ်။
မယုံရင် ဒီမှာ သွားဖတ်။
https://t.me/MT_News_Media/97215?single
တန်ဖိုး သန်းချီတန်ပြီး တစ်နေ့ ဗုံးဆယ်ချီ ကြံနေတဲ့ လေယာဥ်တွေ ရွှေလိုဥထားမှတော့ လွယ်လွယ် အတိုက်ခံပါ့မလား စဥ်းစားကြည့်ရုံနဲ့သိ၊ ပိုက်ကွန်ကြီးတိုးမိတာကို မြင်နေတာကို ဆုချတယ်ဆိုတဲ့ သောက်တုံးတွေလည်း ပဒက်လက်ချက်နဲ့ မြန်မြန်မျိုးပြုတ်မှကို ငြိမ်းချမ်းတော့မှာ။
#မယုံရင်_သက်သေဖိုင်_စာတန်းထိုးပြထားတာ_သေချာကြည့်
ပုံနဲ့ မူဗီက အပေါ်မှာ 🔺🔺🔺 | 5 913 |
| 11 | Нет текста... | 5 605 |
| 12 | ဗီယက်နမ်က ဒေါင် ၅ သိန်းတန်၊ ရှစ်ရွက်ဆိုတော့ ဒေါင် သိန်း ၄၀။ ငွေဖောင်းပွမှုမြင့်တယ်။ မြန်မာကျပ်ငွေနဲ့ဆို ၆ သိန်းလောက်ပဲရှိမယ်။ ဈေးတွေကလည်း ကိုင်လိုက်တာနဲ့ ဒေါင် တစ်သိန်းက စတယ်။
ဒါပေမဲ့ ငွေဖောင်းပွသလို သူတို့လစာတွေလည်းမြင့်တယ်။ ဗီယက်နမ်က ဗိုလ်ကြီးတစ်ယောက်လစာက ဒေါင်သန်း ၂၀ အထက်လောက်ဆိုတော့ ကျပ်ငွေနဲ့ဆို သိန်း ၃၀ နဲ့ ၄၀ ကြားရတယ်။
ငွေဖောင်းပွမှုနမူနာနှစ်ခုကြည့်မယ်ဆို ဒေါ်လာ ၃ ဒေါ်လာလောက်ပဲတန်ဖိုးရှိတဲ့ ဇင်ဘာဘွေဒေါ်လာ ၁၀၀ ထရီလျံတန်အထိ ရိုက်ထုတ်ခဲ့တဲ့ ဇင်ဘာဘွေက ကုန်ထုတ်လုပ်မှုမရှိဘဲ ငွေရိုက်ထုတ်လို့ ပြည်သူတွေ ငတ်တဲ့အထိ ကျပ်တည်းတယ်။
ဗီယက်နမ်ကတော့ Controlled Inflatione ပဲ။ ကုန်ထုတ်လုပ်တယ်။ စိုက်ပျိုးရေးပို့ကုန်မြင့်တယ်။ ပြည်တွင်းစားသောက်ကုန်ဖူလုံတယ်။ နိုင်ငံခြားသီးသန့်ရန်ပုံငွေရှိပြီး ငွေဖောင်းပွမှုနှုန်းကို ဗဟိုဘဏ်က တစ်နှစ် ၃% ကနေ ၄.၅% အတွင်း ပဲရှိအောင် ထိန်းချုပ်ထားတယ်။ ဒါကိုကြည့်ရင် ငွေဖောင်းပွတိုင်း ကြောက်စရာမလိုတာ မြင်ရမယ်။
မနေ့က လည်သာ Slip-on ဝယ်တော့ ဒေါင်ငါးသိန်းပေးရတယ်။ ၁၉ ဒေါ်လာပဲ။ ငွေဖောင်းပွပေမဲ့ ပစ္စည်းတန်ဖိုး ဖောင်းပွမနေဘူး။ ပြောရမယ်ဆို မြန်မာတွေလို တစ်ခုခုအသံကြားတာနဲ့ ဈေးဆွဲတင်တဲ့ အောက်တန်းစားစိတ် မရှိဘူး။
ကိုယ့်ဆီမှာက ဖျက်မယ့်ဆီးမယ့်ကောင်တွေက ၂၀၀၀၀ တန်လေးထုတ်တာ ကောလာဟလ လွှင့်တာနဲ့ ဈေးဆွဲတင်တဲ့ အောက်တန်းစားနဲ့ ဆက်ကြေးနဲ့ ဆီစျေးနဲ့ ကုန်ဈေးနှုန်းက ဖောင်းပွနေတာ ပြန်ဆွဲချကို မရ....
Photo 👇👇👇 | 8 171 |
| 13 | သစ္စာကမ်းလက်၏ ၅၉ ကြိမ်မြောက် လစဥ်ကုသိုလ်တော်
🙏🙏🙏 🙏🙏🙏 🙏🙏🙏
သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၉ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးကို ကျပ် ၃၀၀၀၀ အပြင် ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ အခု စက်တင်ဘာလအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။
သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာပါစေ။
ဒီနေ့ကစ စက်တင်ဘာ တစ်လလုံး၊ ၂၀၂၆ လက်ကျန် တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ
🙏🙏🙏
ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၉. ၂၀၂၆
#သစ္စာကမ်းလက်အလှူစဥ်_၂၂_၂၀၂၆
#စုစုပေါင်းအလှူငွေ၁၀၄၀၀၀၀ | 9 212 |
| 14 | ဒီနေ့ အရင်တုန်းက နှစ်ခါ လှူပေးထားတဲ့ ဆိုက်ကားဆရာကြီး ဦးတင်ထွန်းအတွက် မစောသီရိမွန်နဲ့ ကိုအောင်မော်တို့ လှူဒါန်းပေးထားတဲ့ ကျပ် ၁၅၀၀၀၀ နဲ့
https://t.me/phyoeweiwin/4226
လမ်းဘေးမှာ ပေါင်ချိန်စက်လေးချပြီး အတိုအထွာလေးတွေ ရောင်းဝယ် အသက်မွေးတဲ့ အသက် ၇၅ နှစ်ကျော် ဦးအောင်ဆန်း၊ ဒေါ်ငယ်တို့ ဇနီးမောင်နှံကို မအေးငြိမ်းသူ လှူဒါန်းပေးတဲ့ ကျပ်တစ်သိန်း လှူဒါန်းပေးခဲ့ပါတယ်။
အလှူရှင်အားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာပြီး အိုခြင်းဆင်းရဲ ကင်းကြပါစေ ခင်ဗျ 🙏🙏🙏
#သစ္စာကမ်းလက် | 7 421 |
| 15 | မြောင် ဆွဲလဲအိုရွာကိစ္စ တရားစခန်း ဗုံးကြဲတယ်ဆိုပြီး NUG, PDF နဲ့ Exile Media တွေမှာ ပွထနေပေမဲ့ တကယ့်အခြေခံအကျဆုံး ပုံတွေ၊ စာတွေ တစ်ခုမှ မမြင်ရပါဘူး။
မြေပြင်အခြေအနေအရလည်း ဒီဆွဲလဲအို ဘုန်းကြီးကျောင်းထိုင်ကို ၂၀၂၂ လောက်မှာ PDF တွေက ဒလန်ဆိုပြီး မီးရှို့သတ်ထားပြီး ကျောင်းကို လက်နက်ထုတ်လုပ်ရေးနဲ့ PDF စခန်းဆိုပြီး လုပ်ထားတယ်လို့ သိရတယ်။
https://t.me/MT_News_Media/97197
ဆွဲလဲအိုဟာ ဘုန်းကြီးကျောင်းစစ်သေးရဲ့လား၊ PDF စခန်းဖြစ်နေလားဆိုတာတွေကို ဆန်းစစ်ပြီး ထုတ်သမျှ ပုံတွေလိုက်ကြည့်မယ်ဆို...
၁။ ပုံတွေမှာ PDF တွေလို့ ယူဆရတဲ့ ဝေါ်ကီတော်ကီတွေ ဆောင်ထားတာမြင်ရတယ်။
၂။ PDF လိမ်သလိုမျိုး တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေ ၁၄ ဦးသာဆို၊ ဘုန်းကြီးတစ်ပါးသာပါတယ်ဆို သေချာပေါက် အလောင်းတွေ ပြန့်လာရမယ်။ အခု စပြန့်တဲ့ ငါးဦးလောက်ပါ အလောင်းပုံကလွဲရင် တခြားမမြင်ရဘူး။ အဲဒီပုံပါအလောင်းတွေကလည်း ရုပ်မပြထားဘူး။
၃။ နယ်တွေမှာ တစ်မိသားစုတစ်ယောက်နှုန်းလောက် ပြည်ပရောက်နေတဲ့ခေတ်မှာ တရားစခန်းဗုံးကြဲခံရလို့ သက်ကြီးရွယ်အိုတွေ တကယ်ပါသွားရင် ပြည်တွင်းကလူက မရေးရဲတောင် ပြည်ပရောက်နေတဲ့သူက ဝမ်းနည်းပက်လက် ရေးတတ်တယ်။ အခု အဲဒီလို ရေးတာမျိုး တစ်ပို့စ်တောင်မမြင်ရဘဲ ပျောက်နေတယ်။ ဒါဟာ ဖြစ်နိုင်တာက PDF တွေ သေတာကို တရားစခန်းဝင်သက်ကြီးရွယ်အိုလို့ လိမ်ထားလို့ ဘယ်သူမှ ဝမ်းနည်းပြရဲတဲ့ အခြေအနေရှိမနေဘူး။ ပြီးတော့ PDF တွေဘက်ကလည်း ဝမ်းနည်းကြောင်းမထုတ်လာတော့ ဒီဖြစ်စဥ်ဟာ သေချာပေါက် လိမ်ထားတာမို့ အကုန် ရေငုံနှုတ်ပိတ်နေရတဲ့ အခြေအနေ။
၄။ ပြီးတော့ ဆွဲလဲအို ဘုန်းကြီးကျောင်းထဲမှာ PDF တွေရဲ့ အာဇာနည်ဂူတွေ တည်ထားတဲ့ပုံတွေ မြင်နေရတယ်။ ဒီရွာနောက်ဆုံးအစီးခံရတာ ၂၀၂၂ ဇန်နဝါရီပဲ။ အဲဒီကာလအလွန် ဒီလေးနှစ်မှာ မြောင်ဘက်ရွာတိုင်း လက်နက်ကိုင်အင်အား အဆမတန်ကောင်းလာလို့ လွတ်မြောက်နယ်မြေလို့တောင် အော်တယ်မဟုတ်လား။
၅။ ဆွဲလဲအိုဗုံးမကြဲခင် ဆွဲလဲအိုအခြေပြု PDF ၃၀ လောက်စာရင်း တိတိကျကျထွက်လာတယ်။ ဒီစာရင်းဟာ မှားတယ်လို့ ဘယ်ဒေသခံကမှ မငြင်းထားသလို စာရင်းပေါက်နေပြီ ရှောင်ကြဆိုတာပဲ တွေ့ရတယ်။
၆။ တရားစခန်း ဗုံးကြဲတယ် ၁၄ ဦးသေတယ်ဆိုပြီး အသံလွှင့်တာကို ပြည်ပမီဒီယာတွေ ပွထနေအောင် ရေးကြပေမဲ့ သတင်းတိုင်းမှာ ခိုင်မာတဲ့ Source ပါမလာဘဲ ပြည်ပြေးသတင်းထောက်တွေ လက်ရာမတိုင်း Half Truth နဲ့ ဝါဒဖြန့်ပုံစံပဲ ရေးထားတာ တွေ့ရတယ်။
၇။ ဒီလောက်စစ်ဖြစ်၊ ဒီလောက် သတ်ဖြတ်နေတဲ့ နီပေါရွာတွေ၊ ဘုန်းကြီးရဟန်းသတ်တာကို အလွယ်တကူ လက်ခုပ်တီးနေတဲ့ ရွာတွေမှာ တရားစခန်းက လည်ပတ်နိုင်တယ်ဆိုတာဖြစ်နိုင်သလားယ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆို ဆွဲလဲအိုရွာဘုန်းကြီးကျောင်းမှာ ဒီနှစ်မှမဟုတ် အခြားနှစ်တွေရဲ့ တရားစခန်းပုံရိပ် တစ်ပုံမှ တက်မလာဘူး။
ဒါကြောင့် ဒီဆွဲလဲအိုရွာဟာလည်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ စစ်တပ်က တရားစခန်းတောင် မရှောင် ဗုံးကြဲနေပါတယ်ဆိုတဲ့ ကမ္ဘာကို လိမ်ဆင် Message ပေးတဲ့သတင်းပဲဖြစ်နေတယ်။ ကမ္ဘာကို လိမ်ပြီး သတင်းမှားတွေပေးနေသရွေ့ ဒီနိုင်ငံဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ပြည့်နေဆဲဆိုတဲ့ သတင်းအမှားပဲဆက်သိ၊ ဖြေလျှော့မှုမရှိရင် ပြည်တွင်းကျပ်တည်းမှုတွေ မရပ်ဘူး။ ပြည်တွင်းကျပ်တည်းမှုမရပ်ရင် လူငယ်တိုင်းကြောက်နေတဲ့ လက်နက်ကိုင် ဘက်အသီးသီး စစ်မှူထမ်း ပေါ်တာဆွဲနေတဲ့ ပြဿနာအတွက်လည်း အဖြေမရှိဘူး....။ | 10 693 |
| 16 | CRPH တို့ NUG တို့ ခေါင်းကိုင်ဖခင် NLD CEC နဲ့ CWC ဥက္ကဋ္ဌ အောင်ကြည်ညွန့်က NLD CEC မဖြစ်ခင်အထိ ရှေ့နေဘဝမှာ ကားစုတ်လေးတစ်စီးပဲပိုင်ပြီး NLD CEC ဖြစ်မှ Alphard အဆင့်လောက် စီးနိုင်တာလို့ ကိုယ်သိခဲ့ဖူးတာ။
အခု PDF ထောက်ပို့မြတ်အောင်က အောင်ကြည်ညွန့်က အမေရိကန်မှာ ဒေါ်လာသန်းချီတန်တဲ့ အိမ်နဲ့ နေနေတယ်လို့ ဖော်လာတယ်။
ကားစုတ်စီးတဲ့အဆင့်ကနေ အမေရိကန်မှာ ဒေါ်လာသန်းချီတန်တဲ့အိမ်နဲ့ နေနေတယ်ဆိုမှာတော့ ဒီဆယ်နှစ်လောက်အတွင်း ဘယ်လောက်တောင် ခိုးထားလဲ မေးပေးဦး။
စကားမစပ်ပြောရရင် သင်္ကန်းဝတ်ပြီး လက်နက်စကိုင်တဲ့ သံမဏိက PDF တွေပါမရှောင် လူ ၂၀ ကျော် သတ်တာကို NUG မထိရဲတာက သံမဏိ PA က အောင်ကြည်ညွန့်သမက် အောင်မြတ်သူ ဖြစ်နေလို့နော်။
သမိုင်းတွေ မသိတဲ့ နီပေါတွေကိုလည်း သမိုင်းတွေက သင်ပေးရသေးတယ်။
ထားပါ...
အခြားတစ်ဖက်က ကျေးဇူးတင်စရာကတော့ အလုံးစုံပျက်သုဥ်းရေးနဲ့ PDF တွေ Exile Media တွေ ဝိုင်းဖျက်တဲ့ကြားက မြန်မာနိုင်ငံပျက်မသွားသေးတာ အောင်ကြည်ညွန့်တို့လို ပြည်သူ့အလှူငွေ သူခိုးတွေကြောင့်ပဲ။
ကိုယ်တို့မယ်လည်း သူခိုးတောင် ကြံဖန် ကျေးဇူးတင်နေရတယ်။ ပြည်ပြေးမီဒီယာတွေ သူခိုးဖော်မယ်ဆိုလည်း တစ်ဖက်တည်းမရေးနဲ့ဟ အောင်ကြည်ညွန့်တို့ ထောက်ပို့တို့ ပြည်သူ့အလှူငွေ ဘယ်လောက်ခိုးနေလဲ အထောက်အထားလေးတွေနဲ့ ရေးကြဦး။ ဒီကောင်တွေဆီက ခိုးရာပါငွေနဲ့ အစားချောင်နေလို့ နှုတ်သီးပိတ်နေရင်တော့ ပိတ်ပေါ့ သားတို့ရယ်...
😉😉😉😉 | 6 563 |
| 17 | Нет текста... | 5 513 |
| 18 | လက်နက်ကိုင် ခြောက်ယောက်လောက်က အမျိုးသမီးကြီးတစ်ယောက်ကို ဓားနဲ့ခုတ်သတ်နေတဲ့ မူဗီကို စတင်တာက ကချင်အကောင့်တစ်ခု။ သူက ဝါရာဇွပ်က လုပ်တာဆိုပြီး စတင်တာ။ အဲဒီကနေ ပြန့်သွားတာပေါ့။
မနေ့ညက အဲဒီမူဗီမြင်မြင်ချင်း သတိထားမိတာက "စကားမပေါနဲ့"ဆိုတဲ့ လေသံရယ်၊ တောင်းပန်နေတဲ့ အဒေါ်ကြီးရဲ့ သနပ်ခါးပါးကွက်ကြားလိမ်းထားတဲ့ အသွင်ရယ်၊ မြောက်ရွာဘက်ကို အကြွေးသွားပေးတယ်ဆိုတာရယ်၊ ပြောနေတဲ့သူအကုန်က အညာလေသံဖြစ်နေပြီး တနိုင်းဘက် ရှဒူးဇွပ်က ကချင် လေသံမဟုတ်တာရယ် တန်းပြီး သတိထားမိလိုက်တယ်။
ပြီးတော့ နေ့ရှိသရွေ့ KIA နဲ့ KPDF တွေ PDF တွေနဲ့တိုက်ပွဲဖြစ်နေတဲ့ ဆယ်နှစ်ကျော်သက်တမ်းရှိ ဝါယာဇွပ်က ကိုယ်မြင်မိသလောက်ဆို သေနတ်တွေအကောင်းစား၊ စစ်ဝတ်စုံပြည့်နဲ့ နေကြတာ။ အခု လူသတ်အဖွဲ့က ပစ္စတိုလို့ ယူဆရတဲ့ သေနတ်တစ်လက်ပဲပါတာမြင်ရတယ်။
မူဗီအရကို တနိုင်းဘက်က ကချင်ပြည်သူ့စစ် ဝါရာဇွပ် မဟုတ်နိုင်ဘူးဆိုတာ ကိုယ် သိသလို ဝါယာဇွပ်ကလည်း ဒီလို ဖုန်းစုတ်၊ ဒီလို အညာသံက အညာမှာဖြစ်တာလို့ ဒီနေ့ဖြေရှင်းချက်ထုတ်တယ်။
https://t.me/MT_News_Media/96774
ထားပါတော့ အပေါ်က စကားစပ်ပြန်ကောက်ရရင် အဒေါ်ကြီးမ သေခင် လူသတ်သမားတစ်ယောက် ပြောတဲ့ စကား " ခင်ဗျား စကားမပေါနဲ့"ဆိုတာ။ အဲဲဒီစကားက အညာလေသံ။ အညာသားတွေပဲ သုံးတယ်။ မန္တလေး၊ စစ်ကိုင်း၊ မကွေး ဒီဒေသတွေရဲ့ ဒေသိယ စကား။
နောက်တစ်ချက် မြောက်ရွာကို အကြွေးတစ်ခါပဲ သွားပေးဖူးတယ်လို့ ပြောတာ။ မြောက်ရွာဆိုတဲ့နာမည်နဲ့က ဝန်းသို၊ သီပေါ၊ ဘီးလင်း၊ ရွှေကူမှာ ရှိတယ်။ ဒီမှာ အညာသားတွေရဲ့ လေသံဖြစ်နေတော့ သီပေါရယ်၊ ဘီးလင်းရယ်၊ ရွှေကူရယ် ဖယ်လိုက်ရင် စစ်ကိုင်းက ဝန်းသိုပဲ ကျန်တော့တယ်။
အဲဒီ အဒေါ်ကြီးကိုသတ်ပြီး ဘေးက မြစ်ထဲ အလောင်းဆွဲချလိုက်တယ်မဟုတ်လား။ အဲဒီ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာအုပ်စုက မြောက်ရွာကလည်း မူးမြစ်နဲ့ ဒေါင်းမြူးချောင်း ဘေးမှာရှိတယ်။
ဒီတော့ ကျွန်တော့် တွက်ဆချက်က ဒီလူသတ်မှုဖြစ်စဥ်က ကချင်ရှဒူးဇွပ်လို့ မထင်ဘူး။ ဝန်းသိုမြောက်ရွာက အညာလက်နက်ကိုင်တွေလို့ထင်တယ်။
မှုန်ဝါးနေတဲ့ဖုန်းရယ်၊ အဒေါ်ကြီးသတ်ပြီး အလောင်းဖျောက်ဖို့ လက်တုန်နေလို့ ဒီအလုပ်လုပ်ရင် လူသေ မကြောက်ရဘူးပြောနေတဲ့အသံရယ်၊ ဓားရှည်တွေရယ် ပေါင်းရင် ဒီဖြစ်စဥ်ဟာ အခုလတ်တလောမဟုတ်ဘဲ PDF တွေ စဖွဲ့ပြီး တစ်နှစ်ကျော်၊ နှစ်နစ်လောက်က ဖြစ်မယ်။
လတ်တလော KIA ဘက်မှာ ဝါယာဇွပ်ကြောင့် အထိနာနေလို့ အပုပ်ချဖို့ ကချင်အကောင့်တစ်ကောင်က တင်လိုက်ပေမဲ့ လေသံနဲ့ အသွင်အပြင်တွေက ကချင်ပြည်သူ့စစ်လေသံ မပေါက်သွားတာ သတိမထားမိလိုက်ဘူးထင်တယ်။
ဒါက ကျွန်တော့် ကောက်ချက်ပါ။ | 6 516 |
| 19 | ပြည်သူများ မနှစ်မြို့မှုကြောင့် YBS ယာဥ်စီးခ ၅၀ ရာခိုင်နှုန်း တိုးကောက်မည့်လုပ်ရပ်အား YRTC ပြန်လည်ပယ်ဖျက်
သက်တံ့
၁၆. ၈. ၂၀၂၆
လာမည်စက်တင်ဘာ ၁ ရက်တွင် YBS ယာဥ်စီးခအား ၅၀ ရာခိုင်နှုန်း ခုန်တက်ကာ ယာဥ်စီးခ ကျပ် ၆၀၀ ကောက်ခံရန် ကြံရွယ်ထားမှုအား ပြည်သူများ မနှစ်မြို့ ကန့်ကွက်မှုကြောင့် ပြန်လည် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
"YBS ယာဉ်စီးခတိုးမြှင့်ရန်ကြေညာခြင်းအားပယ်ဖျက်ထားပါကြောင်းကြေညာအပ်ပါသည်။"ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ကြေညာခဲ့သည်။
YBS ယာဥ်စီးခများမှာ ၂၀၂၁ က ကျပ် ၂၀၀ သာ ရှိခဲ့ရာမှ၊ ၂၀၂၂ တွင် ကျပ် ၃၀၀၊ ၂၀၂၄ တွင် ကျပ် ၄၀၀ သို့ တိုးကောက်ခဲ့သလို ယခု စက်တင်ဘာတွင် လက်ရှိ ကျပ် ၂၀၀ ပေးနေရသည့် မြို့ပတ်ယာဥ်စီးခကို ကျပ် ၃၀၀ နှင့် ကျပ် ၄၀၀ ပေးရသည့် ယာဥ်စီးခကို ကျပ် ၆၀၀ သို့ ခုန်တက်ရန် ရန်ကုန်တိုင်းအစိုးရရှယ်ယာပါသည့် YBPC နှင့် YUPT တို့က တင်ပြခဲ့ခြင်းဖြစ်ပြီး အကြောင်းပြချက်မှာ မော်တော်ယာဥ်ပစ္စည်းအပိုလဲလှယ်ကုန်ကျစရိတ်များ စျေးနှုန်းကြီးမြင့်လာသောကြောင့် ဖြစ်သည်။
ထိုအခြေအနေတွင် YBS စီး ပြည်သူအများစုမှာ ကျပ်တည်းနေမှု၊ Omni Focus ကဲ့သို့ယာဥ်လိုင်းများ YPS စက်မပါမှုအပြင် အခြား ယာဥ်အချို့ စက်ပိတ်ထားမှု၊ ကျပ် ၆၀၀ ကောက်ခံသဖြင့် အကြွေ အဆင်မပြေမှုများကြောင့် ယာဥ်စီးခ ကျပ် ၆၀၀ တိုးမပေးရန် လှုံ့ဆော်မှုများရှိခဲ့ပြီးနောက် YRTC က ယခုကဲ့သို့ ယာဥ်စီးခ တိုးကောက်မည့်ကိစ္စအပေါ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
"၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် YBS ခရီးသည်တင်ယာဉ်စီးခကို စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ တိုးမြှင့်ရန် ကြေညာခြင်းအား ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့မှ ပြန်လည်ပယ်ဖျက်လိုက်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်။"ဟုလည်း ဦးလျန်ကျင့်မန်က ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ခေါင်းစဥ်ဖြင့် ထုတ်ပြန်ပေးခဲ့သည်။
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=143956
#YBS #ယာဥ်စီးခ #YUPT #YBPC #ဘတ်စ်ကားခ #တိုးမြှင့် #ကောက်ခံ #MT #mtnews #MyanmarTransparency | 5 886 |
| 20 | YBS ယာဥ်တွေစီးခကို ကားပစ္စည်းတွေစျေးကြီးလို့ ၅၀ ရာခိုင်နှုန်းခုန်တက်ပြီး စက်တင်ဘာ ၁ ရက်ကစ ၆၀၀ တိုးကောက်မယ်လို့ YRTC က ကြေညာတယ်။
ကြေညာတဲ့အခါမှာ ပြောတာကလည်း YBS ယာဥ်စီးခတိုးဖို့ပြောတာ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီနှစ်ခုက တောင်းဆိုလို့တဲ့။
အိုကေ။ ဟုတ်ပြီ။ ဒါဆို မြေပြင်အခြေအနေ တွက်ကြည့်ကြရအောင်။
၂၀၂၁ တုန်းက YBS ယာဥ်စီးခက ၂၀၀၊ ၂၀၂၂ ထဲမှာ ၃၀၀ တိုးကောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ဒေါ်လာစျေးတွေ တက်နေတုန်းကတစ်ခါတိုးကောက်လို့ ၄၀၀ ပေးရတယ်။ ၄၀၀ တိုးကောက်တော့ အကြွေမရှိလို့၊ ကတ်က ပျက်နေလို့ဆိုပြီး ၅၀၀ ပေးစီးရတယ်။ အခု တစ်ခါ ၅၀ ရာခိုင်နှုန်းခုန်တက်ပြီး ၆၀၀ ပေးရမယ်ဆိုတော့ တစ်ကြောင်းပဲစီးရသူတွေက တစ်နေ့နှစ်ခေါက်နဲ့ ၃၆၀၀၀ ပေမဲ့ နှစ်ကြောင်းစီးရသူတွေက ၇၂၀၀၀ ပဲ။ ဒါတောင် ကြားကားစီးရသူတွေဆို ၇၂၀၀၀ မကာမိဘူး။ လစာ ၂ သိန်းကျော်ပဲရတဲ့ အစိုးရဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေက လစာရဲ့ ၂၅ ရာခိုင်နှုန်းအထက်ကို ကားခသုံးရမယ်ဆို သေချာပေါက် ငတ်သေမှာပဲ။
ဒီနေရာမှာ ကားပစ္စည်းတွေစျေးကြီးလို့ စျေးတက်တယ်ဆိုတာကို နားလည်ပေမဲ့ ရန်ကုန်က YBS တွေက ကားသစ်တွေနဲ့ စနစ်တကျဆွဲနေတာလည်းမဟုတ်။ ကားအစီးရေ ၃၃၀၀ လောက်နဲ့ ဆွဲနေတာကို ဒီအစီးရေ ၃၃၀၀ က လူ ၁ ဒသမ ၈ သန်းကျော် နေ့စဥ်စီးပြီး အခုနှုန်း အသွားအပြန် ၈၀၀ နဲ့ဆို တစ်ရက် ၁ ဒသမ ၄၄ ဘီလျံ၊ အသွားအပြန် ၁၀၀၀ နဲ့ဆို ၁ ဒသမ ၈ ဘီလျံ၊ အသွားအပြန် ၁၂၀၀ နဲ့ဆို ၂ ဒသမ ၁၆ ဘီလျံ ရမယ်ဆိုတော့ ကားတစ်စီးကို လူတစ်ယောက်တစ်ရက် ၈၀၀ နဲ့ဆို ၄၃၆၃၆၃ ကျပ်ရနေတဲ့သဘော။
ဒီနေရာမှာ အစိုးရရှယ်ယာယာဥ်တွေမဟုတ်ဘဲ ပြင်ပ YBS Owner တွေဆီက ငှားမောင်းနေတဲ့ စျေးကွက်နဲ့ ချိန်ထိုးမယ်ဆို ကားမရှိတဲ့ ဒရိုင်ဘာက Owner ဆီကနေ ကားတစ်စီးကို တစ်ရက် ၈၀၀၀၀ နဲ့ အငှားယူရတယ်။ အုံနာကြေး တစ်လ ၂၄ သိန်းဆိုပေမဲ့ ပုံမှန်မောင်းနေရတဲ့ YBS တစ်စီးက တစ်လ သိန်း ၁၃၀ လောက် ပျမ်းမျှရှာနိုင်တယ်။ CNG ကလည်း အစိုးရစိုက်ထုတ်ပေးလို့ အဲဒီလောက်မကုန်ဘူး။ တစ်ခါ YBS 75 လို ကားသေးတွေ ဆီကားတွေ။ အဲဒီကားပိုင်ရှင်နဲ့ Owner တွေတောင် မကိုက်ဘူးလို့ အသံမထွက်ချိန်မှာ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီနှစ်ခုက ဘာလို့ မကိုက်ဘူးလို့ အသံထွက်လာရသလဲ။
CNG နဲ့ မောင်းရတဲ့ကားတွေ တစ်ရက် ဂက်စ်ဖိုး ၁၅၀၀၀ လောက်ပဲကုန်နေချိန်မှာ ပုဂ္ဂလိက ဆီကားတွေက CNG ကားထက် လေးငါးဆအကုန်ခံ ဆွဲနေတာတောင် သူတို့ တွက်ချေကိုက်နေဆဲပါ။
အခု တစ်ခါစီး ၆၀၀ နဲ့ တစ်ယောက် အသွားအပြန် ၁၂၀၀ အဖြစ် တိုးမယ်ဆို ကားတစ်စီးက တစ်ရက် ၆၅၄၅၄၅ ရမယ်။ တစ်လ ၁၉၆ သိန်းကျော် ဝင်မယ်။
ပုဂ္ဂလိက တစ်ဦးတစ်ယောက်ချင်းပါတဲ့ အများပိုင်ကားကုမ္ပဏီတွေက၊ လူတစ်ဦးချင်းအငှားမောင်းရတဲ့ ကုမ္ပဏီတွေက မညည်းလာဘဲ အစိုးရရှယ်ယာပါတဲ့ ကုမ္ပဏီတွေက ကားပစ္စည်း စျေးကြီးတာ အကြောင်းပြပြီး စျေးတက်ချင်တယ်ဆိုတော့ အစစအရာရာအဆင်မပြေတဲ့ ပြည်သူကို နူရာဝဲစွဲမလုပ်ခင် စျေးမတက်ခင်လေးများ ငါတို့ဘယ်နားမှာ မှားနေလဲ တာဝန်ရှိသူများ မစိစစ်ချင်ကြဘူးလား ခင်ဗျ။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဟာသလိုပဲ။ အလုပ်သမားတစ်ယောက်ပဲရှိတုန်းက အလုပ်တွေတအားပြီးလို့ စူပါဗိုက်ဇာတွေ၊ မန်နေဂျာတွေ၊ အတွင်းရေးမှူးတွေ၊ ဥက္ကဋ္ဌတွေ၊ BOD တွေခန့်လိုက်တော့မှ အလုပ်ပြီးမြောက်မှုနဲ့ တွက်ချေမကိုက်လို့ တစ်ဦးတည်းသော အလုပ်သမားထုတ်လိုက်ရသလို YBS တွက်ချေကိုက်တယ်ဆိုပြီး အစိုးရဝင်ပါပြီး ကုမ္ပဏီ လိုက်မှ ပြည်သူက ပိုဒဏ်ခံလာနေရတာကတော့....
https://www.mtnewstoday.com/?p=143915 | 6 365 |
