fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
303
مشترکین
+124 ساعت
اطلاعاتی وجود ندارد7 روز
+1230 روز
آرشیو پست ها
◾️နီပေါ ရေကြီးမြေပြိုမှုတွင် လူ ၁၆၀ ဦးထက်မနည်းသေဆုံး၊ ပျောက်ဆုံးသူ ၈၀၀ ကျော်ရှိလာ နီပေါနိုင်ငံတွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူပေါင်း ၈၀၀ ကျော် ပျောက်ဆုံးနေပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များသည် ဘေးအန္တရာယ်ကျရောက်ရာ ဒေသသို့ ရောက်ရှိနိုင်ရန် အသည်းအသန် ရုန်းကန်နေကြရသည်။ နီပေါ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ဘိုတေးခိုရှီ-တရစ်ရှူလီ ရေကြီးမှုတွင် လူပေါင်း ၈၂၆ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အေဂျင်စီ၏ ပြောကြားချက်အရ ထိုကိန်းဂဏန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံပြည်သူများ ပါဝင်သည်။ ပျောက်ဆုံးနေသည့် ခရီးသွားအရေအတွက်မှာ ၅၂၉ ဦးထက်မနည်း (အချို့အစီရင်ခံစာများတွင် ၅၇၉ ဦးအထိ) ရှိကြောင်း ထုတ်ပြန်ထားသည်။ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူ ရာပေါင်းများစွာ ရှိနေပြီး ယင်းတို့အနက် အိန္ဒိယနိုင်ငံသား ၁၀၀ ထက်မနည်း၊ အမေရိကန်နိုင်ငံသား ၅၄ ဦး၊ ဩစတြေးလျနိုင်ငံသား ၃၄ ဦး၊ ဗြိတိန်နိုင်ငံသား ၃၃ ဦး အပါအဝင် ကမ္ဘာလှည့်ခရီးသွား အများအပြားနှင့် နီပေါနိုင်ငံသား ၁၀၀ ထက်မနည်း ပါဝင်နေသည်။ အဆိုပါဒေသသည် ဘုရားဖူးများနှင့် တောင်တက်ခရီးသွားများအကြား ရေပန်းစားသော ဒေသတစ်ခုလည်းဖြစ်သည်။ ဘေးအန္တရာယ်ဖြစ်ပွားရာ ဒေသအနီးရှိ မြစ်အတွင်း မျောပါလာသော အပျက်အစီးများနှင့် နုန်းနှစ်များကြောင့် ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့သည် ကူညီထောက်ပံ့မှုများ ပေးအပ်ရန် သို့မဟုတ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ကတိပြုထားသည့် နိုင်ငံများအနက် ပါဝင်ကြသည်။ ရေကြီးမှုတွင် နီပေါ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ဒါဇင်‌ပေါင်းများစွာအပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အလုပ်သမားများလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။ "ကျွန်မရဲ့ မိသားစု တစ်ခုလုံး ရေထဲပါသွားတာပါ" ဟု အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပြီး ၎င်းနှင့် သားဖြစ်သူမှာ အိမ်ခေါင်မိုးပေါ်သို့ တက်ရောက်နိုင်ခဲ့၍သာ အသက်ဘေးမှလွတ်ခဲ့ကြသည်။ အာဏာပိုင်များက စတင်ချိန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်သည်ဟု စိစစ်ခဲ့သော်လည်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ (USGS) ကမူ ရေခဲတောင် ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာမှုကြောင့် ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ထုတ်ပြန်ထားသည်။ ရေကြီးမှုစတင်ချိန်တွင် ငလျင်လှုပ်ခတ်မှုဟု USGS သတင်းထုတ်ပြန်ခဲ့ရာ ငလျင်လှုပ်ခြင်း မဟုတ်ဘဲ ရေခဲတောင် ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာခြင်း ဖြစ်ပြီး ထိုမှတစ်ဆင့် ရေအောက်ပိုင်းဒေသများတွင် ဆိုးရွားပြင်းထန်သည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ယမန်နေ့က စတင်ချိန်တွင် USGS က ယင်းဖြစ်စဉ်ကို ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုအဖြစ် ပထမဆုံး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ ငလျင်တိုင်းစခန်းများ၏ အချက်အလက်များ၊ ကြိမ်နှုန်းမြင့်/ကြာချိန်ရှည် ငလျင်လှိုင်းများ နှင့် ဂြိုဟ်တုဓာတ်ပုံများကို ထပ်မံဆန်းစစ်ချက်များအရ အဆိုပါ ငလျင်လှိုင်းဖြစ်စဉ်မှာ ရေခဲတောင်ပြိုကျမှုနှင့် အပျက်အစီးများ မျောပါလာခြင်းကြောင့်သာ ဖြစ်ပြီး ငလျင်လှုပ်ခတ်ခဲ့ခြင်း လုံးဝမရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်ဟု USGS က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အစောပိုင်းတွင် နီပေါအာဏာပိုင်များကလည်း တောင်ပေါ်မှ ရေခဲပြင်ကြီး ပြိုကျလာကာ ကျောက်ဆောင်များနှင့် အခြားနုန်းနှစ်များကိုပါ တစ်ပါတည်း ဆွဲခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း သိပ္ပံပညာရှင်များသည် ယခုကဲ့သို့ ဘေးအန္တရာယ်ကြီး ဖြစ်ပွားစေခဲ့သည့် အဖြစ်အပျက် အစဉ်လိုက်ဖြစ်စဉ် အတိအကျကို ဆက်လက်ဆန်းစစ် လေ့လာလျက်ရှိကြသည်။ သတင်း-လင်းခေတ် ကိုးကား-BBC

◾️တိုက်ခန်းရောင်းဝယ်မှု မြေရှင်အား ၂ ရာခိုင်နှုန်းပေးရန် ဥပဒေ ပြဌာန်းမထားဟုဆို တိုက်ခန်းအရောင်းအဝယ်တွင် မြေရှင်ကို ၂ ရာခိုင်နှုန်းပေးရန် ဥပေဒ၌ ပြဌာန်းထားခြင်း မရှိကြောင်း ယမန်နေ့ (ဩဂုတ် ၂၆ ရက်) တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၊စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်ကပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ တိုက်ခန်းပိုင်ရှင်များသည် တိုက်ခန်း ရောင်းချရာတွင် မြေရှင်များထံ ရောင်းရငွေ၏ နှစ်ရာခိုင်နှုန်း သို့မဟုတ် ယင်းထပ်ပိုသည့် ပမာဏပေးဆောင်နေရပြီး အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင်လည်း မြေရှင်လက်မှတ်ပါရှိမှတရားဝင်မည်ဆိုသည့် အခက်အခဲနှင့်ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။ " မြေရှင်တွေက ဒီလို လက်မှတ်မထိုးထားဘူးဆိုရင် မီတာစာရွက်တွေကို မပေးတော့ဘူး၊ သိမ်းထားတာတို့၊ ဒီ ရေသုံးစွဲတာကို ကန့်သတ်ထားတာတို့ စတဲ့ ကန့်သတ်ချက်များစွာကိုလည်း ကျွန်တော်တို့ပြုလုပ်နေကြတာတွေ ရှိပါတယ်"ဟု မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။ အဆိုပါ အငြင်းပွားမှုနှင့်ပတ်သက်၍ ဦးအောင်ပြည့်ဖြိုးက လွှတ်တော်၌ မေးမြန်းမှုအပေါ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ယခုလိုဖြေကြားခဲ့သည်။ "တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် မြေရှင်ထံသို့ ရောင်းချရငွေ၏ နှစ်ရာခိုင်နှုန်းပေးချေရခြင်းနှင့် မြေရှင်လက်မှတ်ပါမှ စာချုပ်အတည်ဖြစ်သည်ဟူသော အချက်များကို အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိပါ"ဟု ဒေါက်တာမေသန်းနွယ်က ပြောကြားခဲ့သည်။ တိုက်ခန်းဝယ်ယူ၊ လွှဲပြောင်းရောင်းချရာတွင် ဝင်ငွေရလမ်း မပြနိုင်ပါက ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်နှုန်းထားများဖြင့် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ပြီး၊ ရောင်းချသူဘက်မှလည်း ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကျသင့်အခွန်ကို ခန့်မှန်းပေးဆောင်ကာ ကြေညာလွှာတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ချူပ်ဆိုသည့် စာချုပ်စာတမ်းများအပေါ်တွင်လည်း စာချုပ်မချုပ်ဆိုမှီ နှင့် ချုပ်ဆိုစဉ် ထိုက်သင့်သည့် တံဆိပ်ခေါင်းအခွန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဒေါက်တာမေသန်းနွယ် ကဖြေကြားခဲ့သည်။ သတင်း-အင်ကြင်း ဓာတ်ပုံ- Yangon Region Hluttaw

◾️လိတ်ခ်အွန်တေရီယို ရေအိုင်ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့် စဉ်းစားနေ လိတ်ခ်အွန်တေရီယို ရေအိုင်ကြီးကို လိတ်ခ်အမေရိကရေအိုင်ကြီးအဖြစ် အမည်ပြောင်းလဲရေး အတွက် မိမိအနေဖြင့် အလေးအနက်ထားစဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဩဂုတ် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်နှင့်စီးပွားရေးအရ ရှေ့ဆက်ပတ်သက်ရမည့်အကြောင်းကိစ္စ များ မရှိနိုင်တော့သည့်အခြေအနေမျိုးတွင် မိမိအနေဖြင့် လိတ်ခ်အွန်တေရီယိုရေအိုင်ကို လိတ်ခ် အမေရိကရေအိုင်အဖြစ် အမည်ပြောင်းလဲရေးအတွက် မိမိအလေးအနက် စဉ်းစားနေကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်ပေါ်တွင် ရေးသားထားသည်။ လိတ်ခ်အွန်တေရီယိုရေအိုင်သည် ကနေဒါနိုင်ငံအွန်တေရီယိုပြည်နယ်၊အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တို့နှင့်ထိစပ်နေသောနယ်စပ်ရေအိုင်ကြီးဖြစ်သည်။ယင်းအပြင်လိတ်ခ် အွန်တေရီယိုရေအိုင်သည်မြောက်အမေရိက၏မဟာရေအိုင်ကြီးငါးခုထဲတွင် တစ်ခုအပါ အဝင်ဖြစ်သည်။ ကုန်သွယ်ခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါတို့ အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် လိတ်ခ်အွန်တေရီယိုရေအိုင်ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့်က စဉ်းစားနေခြင်းဖြစ်သည်။ လိတ်ခ်အွန်တေရီယိုရေအိုင်ကို လိတ်ခ်အမေရိကားရေအိုင်အဖြစ် အမည်ပြောင်းလဲရန် စဉ်းစားနေသည်ဆိုသောအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လူမှုမီဒီယာအရေးအသားများကို တုံ့ပြန်ရန် အစီအစဉ်မရှိကြောင်း ကနေဒါအစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်၂၀၂၅ခုနှစ်ဇန်နဝါရီလကလည်းအထူးအမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်၍မက္ကဆီကို ပင်လယ်ကွေ့ဒေသကို အမေရိက ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲ ခဲ့သည်။ ကိုးကား-ရိုက်တာ

◾️မူဆယ်မြို့တွင် ကားဆီဖြည့်ရာမှနေအိမ် မီးလောင်မှုဖြစ်ပွား ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ တော်ရွက်ရပ်ကွက်တွင် ဂိုဒေါင်အတွင်း ကားဆီဖြည့်နေစဉ် ကားဆီတိုင်ကီအဖုံးနှင့် ပွတ်တိုက်မှုဖြစ်ရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်ကမူဆယ်ခရိုင် မူဆယ်မြို့နယ်မီးသတ်စခန်းမှ (၁)မိုင်(၄)ဖာလုံခန့်အကွာ တော်ရွက်ရပ်ကွက် ရွှေမြန်မာလမ်း၊ ဦး…… (၆၄)နှစ် နေထိုင်သော (၃ဝx၂၀)ပေ ဂိုဒေါင်(သွပ်မိုး) အဆောက်အအုံအတွင်းရှိ Ford Ranger ကားကို ငါးဂါလန်ပုံးဖြင့် ဆီဖြည့်နေစဉ်ကားဆီတိုင်ကီအဖုံးနှင့် ပွတ်တိုက်မှုဖြစ်ရာမှ မီးပွားထွက်ရှိပြီး မီးလောင်မှုဖြစ်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၂၁ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၀ဦး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ပြီး နံနက် ၈ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-MFSD

◾️ထိုင်းတွင် အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမား တစ်ရာကျော်အတွက် နစ်နာကြေးများရရှိ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်စီလာချာမြို့နယ်တွင်ရှိသော လျှပ်စစ်အကင်အိုးစက်ရုံတစ်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ( PJ / CI ) ကိုင်ဆောင်ထားသောအမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၄၇ ဦးစုစုပေါင်း ၁၃၄ ဦးတို့သည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည် မှာ (လေးလမှ ၁၁ လ)အထိသက်တမ်းရှိသူများဖြစ်ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။ ၎င်းတို့အား ဇွန် ၁၈ ရက်တွင် စက်ရုံသူဌေးဖြစ်သူက ဘတ်ငါးသန်း သူဌေးကိုအကြောင်းကြား၍ အလုပ်သမားများကိုစက်ရုံတွင် လူလျှော့မည်ဟုဆိုကာကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်နားခိုင်းလိုက်ကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားများသည်ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်သည့်ကိစ္စ၊ အလုပ်သမားတို့၏စာရွက်စာတမ်းကိစ္စအတွက်အလုပ်သမားအခွင့်အရေးနှင့်နစ်နာကြေးပြန် လည်ရရှိရန်အတွက် အကူအညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့်စက်ရုံကို ဇွန် ၂၃ ရက်တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ အလုပ်သမား ၂၃ ယောက်က နစ်နာကြေးဘတ် ၇၀၀၀ ဖြင့် ကျေအေးခဲ့သော်လည်း ကျန်အ လုပ်သမား ၁၁၇ ဦးတို့သည် မကျေအေးနိုင်သဖြင့် ၎င်းတို့၏နစ်နာကြေး အပြည့်အဝရရှိ ရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံလာသောကြောင့် WAG အဖွဲ့နှင့် FED Foundation အဖွဲ့သားများက မြို့နယ် ဆာဝါဒီကန်ရုံးသို့တိုင်ကြားပေးခဲ့ရာ ဩဂုတ် ၂၄ ရက်တွင် နစ်နာကြေး တစ်ဦးလျှင် ဘတ် ၈၅၀၀ အသီးသီးနှင့်ပကန်စခွန်ကြေး ဘတ် ၂၀၀၀ အသီးသီးရရှိပြီး စုစုပေါင်း ၁၁၇ဦးစာ ဘတ် ၁၂၂၈၅၀၀ ရရှိခဲ့ကြောင်း သိရသည်။ သတင်း-ဇှော်ကိုထက် ဓာတ်ပုံ-WAG

◾️အပန်းဖြေ အိမ်တွင်းကစားနည်းခန်းမများတွင်လောင်းကစားဆောင်ရွက်ပါက ဖော်ထုတ် အရေးယူသွားမည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Amusement Center အပန်းဖြေ အိမ်တွင်းကစားနည်းခန်းမ လုပ်ငန်းများတွင် လောင်းကစားဆောင်ရွက်နေမှုကို လောင်းကစားဥပဒေပါပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူမှုများဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်က ပြောကြား သည်။ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်မင်းထက်၏ Amusement Center (ကစားကွင်း) အမည်ခံဆောင်ရွက်နေသော လောင်းကစားဆိုင်များကို စိစစ်အရေးယူနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ “ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင် လူစည်ကားရာနေရာတွေ၊ ရှော့ပင်းစင်တာ တွေမှာ Amusement Center အမည် ခံပြီးတော့ နောက်ကွယ်မှာ ဥပဒေကိုလက် တစ်လုံးခြား အသုံးပြုပြီးတော့ လောင်းကစားပြုလုပ်နေတဲ့ဆိုင်တချို့ကို ကိုယ်တိုင်လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီလိုသာလုပ်နေမယ်ဆိုရင် လူငယ်တွေရဲ့ စာရိတ္တပျက်ယွင်းလာမယ်။ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ဒုစရိုက်မှုတွေ များပြားလာတဲ့အနေအထားကို ဦးတည် လာနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ သက်ဆိုင်ရာဌာနအနေနဲ့ မည်ကဲ့သို့စီမံကြပ်မတ်ဆောင်ရွက်ပြီးတော့ အရေးယူပေးမလဲ ဆိုတာကို သိလိုကြောင်း” မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းအား စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားရာတွင် အပန်းဖြေအိမ်တွင်းကစားနည်းခန်းမလုပ်ငန်းများနှင့် ပတ်သက်၍လောင်းကစားဆောင်ရွက် နေမှုကို လောင်းကစား ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ကသာ အရေးယူ ဆောင်ရွက်နိုင်သည့် ကိစ္စဖြစ်ကြောင်း၊ နောက်ကွယ်တွင်ပြည်ပနိုင်ငံသားပါဝင်မှုလည်း ရှိနိုင် သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ်မှစပြီး လုပ်ငန်း လိုင်စင်အသစ်လျှောက်ထားခြင်းကို ခွင့်မပြုဘဲထိုကာလမတိုင်ခင်က ခွင့်ပြုခဲ့သည့် လုပ်ငန်း လိုင်စင် (၄၄)ခုကို ဘဏ္ဍာနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြေကြားခဲ့သည်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ-၂၈၁ အရ လုပ်ငန်းလိုင်စင်ရရှိထား သူသည်သတ်မှတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်ကိုကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း စသည့်အရေးယူမှုများပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-Yangon Region Hluttaw

‎◾️အသံချဲ့စက်ဖွင့်သူများ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက ထောင်ဒဏ်သုံးလအထိချမှတ်နိုင်ဟုဆို ‎ ‎အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာဥပဒေနည်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းထားပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီလိုက်နာ ‎ဆောင်ရွက်ခြင်းမရှိပါက အများဆုံးထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင်ပြောသည်။ ‎ ‎ဆိတ်ကြီးခနောင်တိုမြို့နယ် အမှတ် -၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦးက ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များပေါ် ၌ အသံချဲ့စက်များ တပ်ဆင်ပြီး အများပြည်သူဆိုင်ရာလမ်းမများအပေါ်တွင် အသံကျယ်လောင်စွာဖွင့်၍ မောင်းနှင်သွားလာနေမှုများကြောင့် အထူးစီမံချက်ဖြင့် ထိရောက်စွာတားဆီး အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်တွင်မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ‎ ‎"အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေ နည်းဥပဒေတွေကိုသတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာစေဖို့ ခရိုင်၊ မြို့နယ်၊ရပ်ကျေး၊ အုပ်ချုပ်ရေးအဖွဲ့တွေကိုကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ အကယ်၍အသံချဲ့စက်ဖွင့်လှစ်ပြီး အများပြည်သူရှေ့တွင် ညစ်ညမ်းစွာပြုမူခြင်း၊ ဆဲဆိုခြင်း သို့မဟုတ် သီဆိုခြင်းဖြင့်အများ ‎သူများ၏စိတ်ကိုထိခိုက်ငြိုငြင်စေမှုကို ပြုလုပ်ပါက သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ နည်းဥပဒေများကိုချိုးဖောက်ပါက ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရအများဆုံးထောင်ဒဏ် သုံးလအထိချမှတ်နိုင်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောသည်။ ‎ ‎လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာလမ်းမကြီးများပေါ် အသံချဲ့စက် လော်စပီကာများဖြင့် စည်းကမ်းမဲ့ အသံဆူညံစွာဖွင့်မှု မရှိစေရေးအတွက်သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများ ဆယ်အိမ်မှူးများမှ တစ်ဆင့်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ဘရစ်အုပ်စု ထိပ်သီးညီလာခံအတွက် တရုတ်သမ္မတရှီကျင်ပင်း အိန္ဒိယသို့ သွားရောက်ဖွယ်ရှိ လာမည့်စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ကျင်းပမည့် ဘရစ်(ဘီ အာရ် အိုင်စီအက်စ်) ထိပ်သီးညီလာခံသို့ တရုတ်သမ္မတရှီကျင်ပင်းနှင့်အတူ အဖွဲ့ဝင်အများအပြား ပါဝင်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ကြောင်း အိန္ဒိယအစိုးရ သတင်းအ ရင်းအမြစ်များက ဩဂုတ် ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါခရီးစဉ်သည် တရုတ်သမ္မတရှီကျင်းပင်းအတွက် ခုနစ်နှစ်တာကာလအတွင်း ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်လာနိုင်သလို တရုတ်နှင့်အိန္ဒိယအကြား နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် နွေးထွေးလာမှု၏ သင်္ကေတတစ်ရပ်လည်း ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်သမ္မတရှီကျင်ပင်း၏ ဘရစ်အုပ်စုထိပ်သီးညီလာခံခရီးစဉ်တွင် အဖွဲ့ဝင် ၄၀၀ ခန့်ပါဝင် သော တရုတ်ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာနိုင်ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်း အမြစ်များက ထုတ်ဖော်ပြောကြားထားသည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရလက်ရှိအချိန်တွင် အထက်ပါခရီးစဉ်အတွင်း နေရေး ထိုင်ရေးကိစ္စများနှင့် လုံခြုံရေးကိစ္စများအတွက် တရုတ်တာဝန်ရှိသူများက အစီအစဉ်များ အပြီးသတ်ရေးဆွဲနေကြောင်း သိရသည်။ တရုတ်နှင့်အိန္ဒိယတို့သည် ၂၀၂၀ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခတစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရသော်လည်းပြီးခဲ့သည့်နှစ်တွင် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ဆက်ဆံရေးတင်းမာမှုများ စတင်ပြေလျော့လာခဲ့သည်။ ကိုးကား-ရိုက်တာ

◾️အကြမ်းဖက်ဝါဒ အားပေးနိုင်ငံများစာရင်းမှ ဆီးရီးယားနိုင်ငံကို အမေရိကန်ဖယ်ထုတ် အမေရိကန်ပြည်ထောင်စုသည် ဩဂုတ် ၂၄ရက်တွင် ဆီးရီးယားနိုင်ငံကို အကြမ်းဖက်ဝါဒ ထောက်ခံအားပေးသူ နိုင်ငံများစာရင်းမှ ဖယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။ ဆီးရီးယား အာဏာရှင်သမ္မတဟောင်းအာဆတ် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ဆီးရီးယား အစိုးရသစ်လက်ထက်၌ ဆီးရီးယားနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်နွေး ထွေး လာချိန်တွင် ဆီးရီးယားကို အကြမ်းဖက်ဝါဒအားပေးနိုင်ငံများစာရင်းမှ အမေရိကန် အစိုးရက ဖယ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အယ်လ်နူဆရာတပ်ဦးအမည်ရှိ ဆီးရီး ယားလက်နက်ကိုင်အုပ်စုကိုလည်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ဖယ်ထုတ် ပေးခဲ့ကြောင်း သိရသည်။ အယ်လ်နူဆရာတပ်ဦး ဦးဆောင်သော ဆီးရီးယားသူပုန်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အာဏာရှင်သမ္မတဟောင်း အာဆတ်ကိုဖြုတ်ချနိုင်ခဲ့ရာ (၁၃) နှစ်ကြာ ဆီးရီးယားပြည်တွင်း စစ်ပြီးဆုံးခဲ့ရပြီး အယ်လ်နူဆရာတပ်ဦး အဖွဲ့ခေါင်းဆောင်အာမတ်အယ်လ်ရှာရားက ဆီးရီးယား သမ္မတရာထူးကို ရယူနိုင်ခဲ့သည်။ အကြမ်းဖက်ဝါဒ အားပေးနိုင်ငံများစာရင်းမှဖယ်ထုတ်ပေးခြင်းဖြင့် ဆီးရီးယားနိုင်ငံ၏ နိုင်ငံပြန် လည် တည်ဆောက်ရေးလုပ်ငန်းကို အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်တာ ဝန်ရှိသူများက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ

◾️တစ်ကမ္ဘာလုံးမှ အမေရိကန်ဗီဇာလျှောက်ထားသူများအတွက် ရက်ချိန်းပေးခြင်းကို ထရန့်အစိုးရ ရပ်တန့် အိမ်ဖြူတော် ဒုတိယသက်တမ်းအတွင်း ရွှေ့ပြောင်းနေထိုင်မှုများကို ထရန့်အစိုးရက ဆက်လက်နှိမ်နင်းနေစဉ် တစ်ကမ္ဘာလုံးမှ အမေရိကန်ဗီဇာ လျှောက်ထားသူများအတွက် ရက်ချိန်းပေးခြင်းကို အမေရိကန်အစိုးရက ရပ်တန့်ထားလိုက်သည်။ ကမ္ဘာတစ်ဝန်းမှ အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် လေ့ကျင့်သင်ကြား‌ရေးအစီအစဉ်တစ်ရပ် စတင်သွားမည်ဖြစ်၍ အဆိုပါလေ့ကျင့်မှုများ အဆင်ပြေစေရန် ဗီဇာဝန်ဆောင်မှုပေးခြင်းများကို ထိန်းညှိသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ ထရန့်အစိုးရသည် ကြီးမားကျယ်ပြန့်သော နေရပ်ပြန်ပို့ရေးအစီအစဉ်နှင့် ရွှေ့ပြောင်းနေထိုင်မှု နှိမ်နင်းမှုများကို အကောင်အထည်ဖော်ခဲ့ကာ ဗီဇာများ၊ အမြဲတမ်းနေထိုင်ခွင့်ရသည့် ဂရင်းကတ်များ၊ ဗီဇာလျှောက်ထားမှုကို ပယ်ချခြင်းများကို အကြောင်းအမျိုးမျိုးပြ၍ လုပ်ဆောင်ခဲ့သည်။ ထိုသို့နှိမ်နင်းမှုများမှာ ပြည်တွင်းလုံခြုံ‌ရေး တိုးတက်စေရန်ဟု ထရန့်က ဆိုသည်။ လေ့ကျင့်မှုအစီအစဉ်နှင့် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြား‌ရေးဌာနက အသေးစိတ်မပြောခဲ့ပေ။ သို့သော် လျှောက်ထားသူများသည် အမေရိကန်အစိုးရ၏ အကျိုးခံစားခွင့်များအပေါ် မှီခိုမည့်သူများလားဆိုသည်ကို ဖော်ထုတ်နိုင်ရန် နှင့် ဗီဇာလျှောက်ထားမှုများကို စေ့စပ်သေချာစွာ အကဲဖြတ်နိုင်ရေး ကောင်စစ်ဝန်အရာရှိများကို ကူညီပေးရန် အဆိုပါ လေ့ကျင့်မှုများကို ရည်ရွယ်ထားသည်ဟု နိုင်ငံခြား‌ရေးက ဆိုသည်။ အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၌ ရွှေ့ပြောင်းနေထိုင်မှု ဗီဇာလျှောက်ထားသူများသည် ၎င်းတို့၏ ရက်ချိန်းများကို ပြန်လည်ပြင်ဆင်နေပြီး နောက်ပိုင်းတွင်ရက်ချိန်းအသစ်ရရှိမည် ဟူသော အကြောင်းကြားမှုများကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိခဲ့ကြသည်ဟု ယင်းသတင်းကို ဦးစွာ ဖော်ပြခဲ့သော Financial Times သတင်းက ရေးသားထားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters