fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
331
مشترکین
-124 ساعت
+17 روز
+830 روز

در حال بارگذاری داده‌ها

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+17
در 0 کانال‌ها
سپتامبر '26
+27
در 0 کانال‌ها
Get PRO
اوت '26
+31
در 0 کانال‌ها
Get PRO
ژوئیه '26
+27
در 0 کانال‌ها
Get PRO
ژوئن '26
+33
در 1 کانال‌ها
Get PRO
مه '26
+34
در 1 کانال‌ها
Get PRO
آوریل '26
+222
در 1 کانال‌ها
Get PRO
مارس '260
در 3 کانال‌ها
Get PRO
فوریه '26
+5
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
28 اکتبر+1
27 اکتبر0
26 اکتبر0
25 اکتبر0
24 اکتبر0
23 اکتبر+1
22 اکتبر+2
21 اکتبر0
20 اکتبر0
19 اکتبر+1
18 اکتبر0
17 اکتبر+1
16 اکتبر0
15 اکتبر+2
14 اکتبر0
13 اکتبر+1
12 اکتبر0
11 اکتبر0
10 اکتبر0
09 اکتبر+3
08 اکتبر+1
07 اکتبر0
06 اکتبر+2
05 اکتبر0
04 اکتبر+1
03 اکتبر0
02 اکتبر0
01 اکتبر+1
پست‌های کانال
2
◾️မဲရေတွက်မှု ၇၀ ရာခိုင်နှုန်းကျော်ပြီးနောက် နေတန်ယာဟု၏ပါတီက အမတ်နေရာ ၅၆ နေရာဖြင့် ဦးဆောင်နေ အစ္စရေးဗဟိုရွေးကောက်ပွဲကော်မတီ၏ နောက်ဆုံးထုတ်ပြန်ချက်အရ စုစုပေါင်းမဲ၏ ၇၂ ရာခိုင်နှုန်းခန့်ကို ရေတွက်ပြီးဖြစ်ပြီး ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ လီကွတ်ပါတီက အမတ်နေရာ ၅၆ နေရာဖြင့် ဦးဆောင်နေကြောင်း သိရသည်။ ၎င်း၏ နောက်တွင် အဓိကပြိုင်ဘက် အိုက်ဆင်ကော့၏ ယာရှာပါတီက ၄၈ နေရာဖြင့် ဒုတိယနေရာတွင်ရှိနေပြီး အာရပ်ပါတီများ ဦးဆောင်သည့် အုပ်စုများကလည်း လွှတ်တော်အမတ်နေရာ ၁၆ နေရာ ရရှိထားပြီး တတိယနေရာတွင်ရပ်တည်နေသည်။ လက်ရှိတွင် အမတ်နေရာ ၁၂၀ ရှိသည့် အစ္စရေးလွှတ်တော် (Knesset)တွင် အများစုနေရာအတွက် လိုအပ်သည့် ၆၁ နေရာရရှိရန် အကြိတ်အနယ် ရှိနေဆဲဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များ ဆက်လက်ထွက်ပေါ်နေချိန်တွင် ဝန်ကြီးချုပ် နေတန်ယာဟုကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အတိုက်အခံမဟာမိတ်များအနေဖြင့် အာရပ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အစ္စရေး၏ အဓိကလက်ဝဲယိမ်း ဒီမိုကရက်ပါတီ ခေါင်းဆောင် ယဲရ်ဂိုလန်က တိုက်တွန်းခဲ့သည်။ သို့ရာတွင် အတိုက်အခံအုပ်စုအတွင်းရှိ အခြားပါတီများမှာ အစ္စရေးလွှတ်တော် (Knesset) တွင် အမတ်နေရာ ၁၅ နေရာမှ ၁၉ နေရာအထိ ရရှိနိုင်သည်ဟု ခန့်မှန်းထားသည့် အာရပ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားကြသည်။ “ဂျူတွေရဲ့မဲနဲ့ အာရပ်တွေရဲ့မဲတွေကို ခွဲခြားတဲ့ နေတန်ယာဟုရဲ့ လူမျိုးရေးခွဲခြားမှုကို ကျွန်တော်တို့ ဆက်ပြီးလက်ခံမနေသင့်တော့ပါဘူး” ဟု ဂိုလန်က X လူမှုကွန်ရက်တွင် ရေးသားသည်။ နေတန်ယာဟုသည် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေ မြင့်တက်လာစေရန် ရည်ရွယ်ပြီး အစ္စရေးနိုင်ငံအတွင်း နေထိုင်သော ပါလက်စတိုင်းများအပေါ် မုန်းတီးမှုများ လှုံ့ဆော်နေကြောင်း အာရပ်ပါတီများ ဦးဆောင်သည့် ရွေးကောက်ပွဲမဟာမိတ်စာရင်းများမှ ထင်ရှားသော နိုင်ငံရေးသမားများက စွပ်စွဲထားကြသည်။ အစ္စရေးဗဟိုရွေးကောက်ပွဲကော်မတီ၏ အဆိုအရ ယခုနှစ် မဲပေးသူဦးရေသည် ၇၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၃၀ နီးပါးအတွင်း အမြင့်ဆုံး မဲပေးမှုနှုန်းဖြစ်သည်။ သတင်း-လင်းခေတ် ကိုးကား-Aljazeera
45
3
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
33
4
بدون متن...
32
5
◾️အမြန်လမ်း၌ ယာဉ်တစ်စီးလမ်းလယ်အကာအရံတန်းများဝင်တိုက်၊ ယာဉ်မောင်းသေဆုံး ‎ ‎ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၅၄/၆-၇ ၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က အိမ်စီးကားတစ်စီးလမ်းလယ်ရှိအကာအရံတန်းများဝင်တိုက်ပြီး ယာဉ်မောင်းတစ်ဦးသေဆုံးကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှသိရသည်။ ‎ ‎အဆိုပါအိမ်စီးကားသည် ရန်ကုန်မှနေပြည်တော်သို့မောင်းနှင်လာသည့် အနက်ပြာရောင် TOYOTA Hilux Surf အမျိုးအစားယာဉ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့်လမ်းဘေးသစ်ပင်အားဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎ယာဉ်တိုက်သည့်အရှိန်မှာပြင်းထန်ခြင်းကြောင့် ဆန့်ကျင်ဘက်ယာဉ်ကြောရှိ မြေသားတာဘောင်ပေါ်သို့ရောက်ရှိမှသာရပ်တန့်သွားခဲ့ကြောင်း အမြန်လမ်းထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးပြီး လမ်းလယ်ကျွန်းရှိ Guard Rail တန်းများနှင့် အရိပ်ရသစ်ပင်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
35
6
بدون متن...
38
7
◾️ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော ဘရာဇီးအထက်လွှတ်တော်အမတ် အမေရိကန်သို့ ရောက်ရှိ တနင်္ဂနွေနေ့ သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အထက်လွှတ်တော်အမတ် ဗလာဗီယိုဘိုလ်ဆိုနာရိုသည် နိုင်ငံမှထွက်ခွာသွားကာ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဘရာဇီးမီဒီယာများက ဖော်ပြကြသည်။ ဘိုလ်ဆိုနာရို အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားပြီဟု ဘရာဇီးမီဒီယာများက ယမန်နေ့က ဖော်ပြခဲ့ကြသည်။ ဘိုလ်ဆိုနာရို တိုင်းပြည်မှထွက်ခွာ၍ အမေရိကန်သို့ သွားရောက်နေသည်ဟု စီအင်န်အင်န် နှင့် ရိုက်တာသတင်းတို့ကလည်း အစောပိုင်းတွင် ရေးသားခဲ့ကြပြီး ၎င်းတို့က အမေရိကန်အရာရှိကြီးတစ်ဦးကို ကိုးကားခဲ့ကြသည်။ အကျဉ်းကျနေသော သမ္မတဟောင်း ဂျိုင်ရာဘိုလ်ဆိုနာရို၏ သားအကြီးဆုံးဖြစ်သူ ဖလာဗီယိုဘိုလ်ဆိုနာရိုသည် တနင်္ဂနွေနေ့က ကျင်းပသည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့၌ လက်ရှိသမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့သည်။ ၎င်းရလဒ်သည် လူထုထင်မြင်ချက် စစ်တမ်း ခန့်မှန်းချက်များ နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး ဘိုလ်ဆိုနာရိုကလည်း လူလာအနိုင်ရရှိသည်ဆိုခြင်းကို လက်မခံခဲ့ပေ။ မဲပေးချိန်ကို မျှတမှုမရှိဘဲ နှစ်နာရီတိုးမြှင့်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် ၎င်းအပေါ် ငွေကြေးခဝါချခြင်းသံသယ စုံစမ်းစစ်ဆေးမှုများကို ရှောင်ရှားရန် ဘိုလ်ဆိုနာရိုက နိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်ဟု ဘရာဇီးမီဒီယာများက ရေးသားကြသည်။ နိုင်ငံမှ ထွက်ခွာခြင်း မပြုရန် ဘရာဇီးတရားရုံးချုပ်က ဘိုလ်ဆိုနာရိုကို တားမြစ်ထားကြောင်း မီဒီယာများက မှတ်ချက်ပြုသည်။ တရားရုံး၏ လုပ်ရပ်ကို ဘိုလ်ဆိုနာရိုက လူမှုမီဒီယာပေါ်တွင် တုံ့ပြန်ခဲ့ကာ ယင်းမှာ ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးနောက်မှ ချမှတ်ခဲ့သည့် နိုင်ငံ‌ရေးဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားသည်။ အမေရိကန်နိုင်ငံသို့ ဝင်‌ရောက်ရန် ဘိုလ်ဆိုနာရိုနှင့် မိသားစုအား အမေရိကန်ဗီဇာ ပေးရန် အမေရိကန်က စီစဉ်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ‌‌ဒေါ်နယ်ထရန့်ကလည်း ဘိုလ်ဆိုနာရိုတို့ မိသားစု အမေရိကန်သို့ ဝင်ရောက်ခြင်းကို အတည်ပြုပေးမည်ဟု ထုတ်ပြောခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-NHK
37
8
بدون متن...
33
9
◾️ကုလအတွင်းရေးမှူးချုပ်ရာထူးအတွက် ဗစ်တာအော်ဘင်ကို အမေရိကန်အဆိုပြုထားဟုဆို ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်းဗစ်တာအော်ဘင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲ၌ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ်ထည့်သွင်းရန် သမ္မတဒေါ်နယ်ထရန့်၏ အမေရိကန်အစိုးရက အဆိုပြုထားကြောင်း ဝေါလ်စထရိဂျာနယ်သတင်းစာက အောက်တိုဘာ ၂၆ရက်တွင် ရေးသားတင်ပြထားသည်။ ဗစ်တာအော်ဘင်အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲ၌ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ထည့်သွင်းရေး အမေရိကန်အစိုးရ၏ အဆိုပြုချက်ကို ဗီတိုအာဏာကျင့်သုံးနိုင်သော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ရုရှားနှင့်တရုတ်တို့ကလည်း သဘောတူထားကြောင်း သိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်တို့ သဘောတူညီကြသည့်ကိစ္စ များမှာ ယေဘုယျအားဖြင့်အတည်ဖြစ်သွားတတ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောကြားထားသည်။ ဗစ်တာအော်ဘင်အား ကုလအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းမှုကို ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ကြသော ပြင်သစ်နှင့် ဗြိတိန်တို့ကဗီတိုအာဏာဖြင့် ပိတ်ပင်နိုင်သည့်တိုင်ယင်းနိုင်ငံများမှာ ဗီတိုအာဏာကိုသတိကြီးကြီးဖြင့် သုံးစွဲတတ်သောနိုင်ငံများဖြစ်သည်။ ဗစ်တာအော်ဘင်သည် ဟန်ဂေရီနိုင်ငံကို ၂၀၁၀ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်ပေါင်း၂၀ ကျော်ကြာ ဝန်ကြီးချုပ် အဖြစ်ဦးဆောင်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလအထိ အထွေထွေရွေးကောက်ပွဲ၌အရေးနိမ့်ခဲ့ရသည်။ ဗစ်တာအော်ဘင်သည် ရုရှားသမ္မတပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကဲ့သို့သမားရိုးကျ အာဏာရှင်နိုင်ငံရေးခေါင်းဆောင်မျိုး မဟုတ်ဘဲ ဒီမိုကရေစီ အင်စတီကျူးရှင်းများ၊ ဥပဒေများကိုအမြတ်ထုတ် အသုံးချ၍ ဒီမိုကရေစီအား လှိုက်စားဖျက်ဆီးတတ်သောအပျော့ဆွဲအာဏာရှင်မျိုး ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ ကိုးကား-ရိုက်တာ
35
10
بدون متن...
32
11
◾️အစ္စ‌‌ရေးရွေးကောက်ပွဲရလဒ် မပြတ်မသားဘဲ ထက်ဝက်ကျော် အနိုင်ရသူမရှိ ယမန်နေ့က ကျင်းပခဲ့သည့် အစ္စရေးရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နေတန်ယာဟု၏ လက်ယာစွန်းမဟာမိတ်များက စစ်တပ်အကြီးအကဲဟောင်း ဂါဒီအိုက်ဆင်ကော့၏ အတိုက်အခံအင်အားစု နှင့် အမတ်နေရာ ဆတူနီးပါးသာ အနိုင်ရရှိထားပြီး အမတ်နေရာ ၁၂၀ ရှိသော လွှတ်တော်ကို ဦးဆောင်ရန် လိုအပ်သော အမတ် ၆၁ နေရာ ကို မည်သည့်ဘက်ကမျှ မရခဲ့ကြောင်း မဲရုံအထွက် စစ်တမ်းများက ပြသနေသည်။ ဖြစ်နိုင်ခြေအရှိဆုံး ရလဒ်မှာ နေတန်ယာဟုကို အားနည်းသွားစေသည့် နိုင်ငံ‌‌ရေးလိပ်ခဲတည်းလည်း အခြေအနေဖြစ်ပြီး မဟာမိတ်အစိုးရ ဖွဲ့နိုင်ရေးအတွက်လည်း မည်သည့်ဘက်အတွက်မှ ရှင်းလင်းသောလမ်းကြောင်း မရှိကြောင်း သိရသည်။ အာရပ်ပါတီများက အမတ်နေရာ ၁၈ သို့ ၁၉ နေရာ ရရှိရန် တာစူနေပြီး ယခင်ကမရှိခဲ့ဖူးသော နိုင်ငံ‌ရေးအောင်မြင်မှု ဖြစ်သွားနိုင်သည်။ မဲရုံများပိတ်သိမ်းချိန်အထိ မဲထွက်ပေးသူ အရေအတွက် ၇၇ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း မဲပေးသူအများဆုံး ရာခိုင်နှုန်းဖြစ်ကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မတီက ပြောသည်။ ရွေးကောက်ပွဲတွင် နေတန်ယာဟုတို့ အဖွဲ့က အမတ်နေရာ ၅၁-၅၂ နေရာခန့် ၊ အိုက်ဆင်ကော့တို့အဖွဲ့က ၄၉-၅၁ ခန့် ရရှိနိုင်ကြောင်း အစောပိုင်း မဲရုံအထွက်စစ်တမ်းများက ပြသနေသည်။ ‌ရွေးကောက်ပွဲရလဒ်မပြတ်သားခြင်းကြောင့် အစ္စရေးကို နိုင်ငံရေးအရ သောင်မတင် ရေမကျ အခြေအနေတွင် ရှိစေနိုင်ပြီး ထိုအခြေ၌ နေတန်ယာဟု က အိမ်စောင့်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူကာ လွှတ်တော်အား အိုက်ဆင်ကော့တို့က ထိန်းချုပ်ထားခြင်းမျိုး ဖြစ်လာနိုင်သည်။ ဧပြီလဆန်းတွင် ရွေးကောက်ပွဲအသစ်များ ထပ်မံ ကျင်းပသည့်အချိန်အထိ ထိုအခြေအနေအတိုင်း ဆက်သွားနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲနေ့ ည သန်းခေါင်ခန့်တွင် ၎င်းအနိုင်ရရှိခဲ့ကြောင်း အိုက်ဆင်ကော့က ဦးစွာ ပြောကြားပြီး ပြည်သူလူထုက အပြောင်းအလဲကို မဲပေးလိုက်ပြီဖြစ်သောကြောင့် သိက္ခာရှိသော ခေါင်းဆောင်ဖြစ်ပါက နေတန်ယာဟု နိုင်ငံရေးစင်မြင့်မှဆင်းပေးရမည်ဟု အိုက်ဆင်ကော့က ပြောသည်။ ယခုအခါ နေတန်ယာဟုသည် အိမ်စောင့်အစိုးရတစ်ရပ်ကို ဦးဆောင်နေသည်ဆိုခြင်းကို အစ္စရေးစစ်တပ်၊ လုံခြုံရေး နှင့်ထောက်လှမ်းရေးဌာန အကြီးအကဲများ သတိပြုကြရမည်ဖြစ်ကြောင်းလည်း စစ်တပ်အကြီးအကဲဟောင်း အိုက်ဆင်ကော့က ပြောကြားသည်။ နေတန်ယာဟုကလည်း ရွေးကောက်ပွဲအနိုင်ရကြောင်း ဒေသစံတော်ချိန် ယနေ့နံနက် ၃ နာရီခန့်တွင် ပြောကြားသည်။ လီကွတ်ပါတီသည် အစ္စရေးနိုင်ငံတွင် အကြီးဆုံးပါတီဖြစ်ကြောင်း နှင့် လက်ယာယိမ်းအုပ်စုက ရှင်းလင်းပြတ်သားသော လူများစုနေရာကို ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ အီရန်က သမိုင်းတွင်အားအနည်းဆုံး ဖြစ်နေကာ အစ္စရေးက အားအကောင်းဆုံး ဖြစ်နေကြောင်း၊ အီရန်အစိုးရ ရှိနေသရွေ့ အစ္စ‌ရေးကို ဖျက်စီးရန်ကြိုးစားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေကောင်း ဒေါ်နယ်ထရန့်နှင့်အတူ အီရန် ခြိမ်းခြောက်မှုကို အပြီးအပြတ် ချေမှုန်းနိုင်ကြောင်း နေတန်ယာဟုက ဆက်လက်ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-Axios
32
12
بدون متن...
33
13
◾️ဆော်ဒီသို့ စစ်ရေးအကူအညီများ ပေးရန် အီဂျစ် အောက်လွှတ်တော် သဘောတူ ယီမင်အခြေစိုက် ဟူသီသူပုန်အုပ်စု၏ တိုက်ခိုက်မှုများမှ ကာကွယ်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးပို့ခွင့်ပြုရန် အီဂျစ်လွှတ်တော်က အောက်တိုဘာ ၂၆ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံအား အကူအညီပေးရေးအတွက် သမ္မတဖာတားအယ်လ်စီစီအား လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ပေးထားသော အဆိုပြုချက်ကိုအီဂျစ် အောက်လွှတ်တော်က ထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ သမ္မတအယ်လ်စီစီ၏ မေတ္တာရပ်ခံချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့စစ်ရေးအကူအညီများ ပေးပို့ခွင့်ပေးရန် အီဂျစ်အောက်လွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် အီဂျစ်နိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်သလိုသမ္မတအယ်လ်စီစီဦးဆောင်သော အီဂျစ်အစိုးရအဖွဲ့အား ဘဏ္ဍာရေးအရအဓိကထောက်ပံ့ဖြည့်ဆည်းနေသော နိုင်ငံလည်းဖြစ်သည်။ လွှတ်တော်၏ ခွင့်ပြုချက်အရ အာရပ်ကမ္ဘာ၏ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ မည်သည့်စစ်ရေးအကူအညီမျိုး ပေးအပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းအီဂျစ်မီဒီယာများက ဖော်ပြထားသည်။ ကိုးကား-ရိုက်တာ
32
14
بدون متن...
32
15
◾️ဆီးရီးယားတောင်ပိုင်းရှိ စစ်သွေးကြွများကို ဂျော်ဒန်လေတပ် တိုက်ခိုက် ဆီးရီးယားတောင်ပိုင်းရှိ စစ်သွေးကြွ ခြေကုပ်စခန်းများကို ဂျော်ဒန်လေတပ်က အောက်တိုဘာ ၂၆ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း ဂျော်ဒန်အစိုးရက သတင်းထုတ်ပြန်ထားသည်။ ဂျော်ဒန်နိုင်ငံ ကာရက်ခ်ဒေသ၌ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ရသည့် ခရစ်ယာန်ဘုရားကျောင်းတိုက်ခိုက်မှုကို ကျူးလွန်သူများနှင့် ဆီးရီးယားတောင်ပိုင်းရှိ အကြမ်းဖက်အုပ်စုများအကြား ဆက်စပ်မှုရှိကြောင်းဂျော်ဒန်အစိုးရ ကြေညာချက်၌ ဖော်ပြထားသည်။ ဆီးရီးယားအစိုးရနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်ဆီးရီးယားတောင်ပိုင်းရှိ စစ်သွေးကြွ ခြေကုပ်စခန်းများကိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျော်ဒန်စစ်ဘက်တာဝန်ရှိသူများက ပြောကြားထားသည်။ သို့ရာတွင် ဂျော်ဒန်စစ်ဘက်၏ အထက်ပါ ပြောကြားချက်ကို ဆီးရီးယားအစိုးရက ငြင်းပယ်ထားပြီး ကြိုတင်ညှိနှိုင်းမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ကာရက်ခ်ဒေသ၌ အောက်တိုဘာ ၂၃ ရက်တွင် ဂရိအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်း ဈာပနအခမ်းအနားတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံက ဂျော်ဒန်နှင့် ထိစပ်နေသော နာဆစ်ဘ်နယ်စပ်ပေါက်ကို ပိတ်ထားခဲ့သည်။ ကိုးကား-ရိုက်တာ
36
16
بدون متن...
42
17
◾️ဘရာဇီးသမ္မတရွေးကောက်ပွဲကို မသမာမှုရှိနိုင်သည့် ရွေးကောက်ပွဲအဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဝေဖန် ဘရာဇီးသမ္မတရွေးကောက်ပွဲကို မဲမသမာမှုရှိနိုင်သည့် ရွေးကောက်ပွဲအဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၆ ရက်တွင် ဝေဖန်လိုက်သည်။ အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပခဲ့သောဘရာဇီးသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင်လက်ရှိသမ္မတ လူလာဒါဆေးလ်ဗားက ပြိုင်ဘက်သမ္မတလောင်း လက်ယာစွန်းနိုင်ငံရေးဝါဒီ အထက်လွှတ်တော်အမတ် ဖလာဗီယိုဘော်လ်ဆိုနာရိုကိုအနိုင်ရရှိခဲ့သည်။ ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် မိမိအနေဖြင့် ဘက်ရွေးရပ်တည်ခြင်းမရှိသော်လည်း ယင်းရွေးကောက်ပွဲမှာ မသမာမှုများရှိနေသည့် ရွေးကောက်ပွဲဖြစ်ပုံရကြောင်း ဒေါ်နယ်ထရန့်က သက်သေအထောက်အထားပြသခြင်း မရှိဘဲ သတင်းထောက်များနှင့် တွေ့ဆုံ၍ ပြောကြားခဲ့သည်။ ဘရာဇီးအထက်လွှတ်တော်အမတ် ဘော်လ်ဆိုနာရိုသည်လည်း သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ရလဒ်ကို လက်ခံရန် ငြင်းပယ်ထားပြီးရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားသည်။ သို့ရာတွင် အောက်တိုဘာ ၂၅ ရက် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ရလဒ်ကို လက်ခံကြောင်း ဘော်လ်ဆို နာရို၏ နိုင်ငံရေးပါတီဖြစ်သောလစ်ဘရယ်ပါတီက အောက်တိုဘာ ၂၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ ကိုးကား-ရိုက်တာ
41
18
بدون متن...
37
19
◾️မြန်မာလေကြောင်းလိုင်း (MAI) မှ ခရီးဆောင်အိတ်သယ်ယူခွင့် စည်းမျဉ်းသစ် နိုဝင်ဘာတွင် စတင်မည် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI ) မှ ခရီးသည်များ၏ မှတ်ပုံတင်အပ်နှံသည့် ခရီးဆောင်အိတ်(Checked Baggage )သယ်ယူခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လာမည့် နိုဝင်ဘာ ၁ရက်မှ စတင်ကာ လိုက်နာဆောင်ရွက်ပေးရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ ယင်းစည်းမျဉ်းသစ်အရ ခရီးသည်များ၏ ခရီးစဉ်အတန်းအစားအလိုက် အိတ်သယ်ယူခွင့်ကို သတ်မှတ်ထားပြီး Economy Class (20KG) လက်မှတ်ဖြင့် ခရီးသွားသူများအနေဖြင့် အိတ်တစ်လုံး၊ Economy Class (30KG) လက်မှတ်ဖြင့်ခရီးသွားသူများအနေဖြင့် အိတ်နှစ်လုံးအထိနှင့် Business Class (40KG) လက်မှတ်ဖြင့် ခရီးသွားသူများအနေဖြင့် အိတ်နှစ်လုံးအထိ သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ခရီးသည်များ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် လုံခြုံစိတ်ချရသည့် ခရီးစဉ် များဖြစ်စေရန် ရည်ရွယ်၍ Checked Baggage သယ်ယူခွင့်ဆိုင်ရာစည်းမျဉ်းသစ်များကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ခရီးသည်အားလုံး၏ဘေးကင်းလုံခြုံရေးနှင့် လေကြောင်းဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်း များနှင့် ကိုက်ညီမှုမရှိသည့်အပြင်သံသယဖြစ်ဖွယ်ရှိသော Checked Baggage များကိုလည်း လက်ခံသယ်ဆောင်ပေးမည် မဟုတ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ (MAI) လေကြောင်းလိုင်းက ခရီးသွားမည့်သူများ အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးမည့် အိတ်သယ်ယူခွင့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မိမိတို့ ဝယ်ယူထားသည့် လက်မှတ်အမျိုးအစားအလိုက် ခွင့်ပြုချက်များကို ကြိုတင်စုံစမ်းစစ်ဆေးထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-CJ(ပုံဟောင်းအသုံးပြုထားပါသည်)
37
20
بدون متن...
30