The Standard Time Digital
Открыть в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
БольшеСтрана не указанаКатегория не указана
310
Подписчики
+324 часа
+107 дней
+2430 дней
Архив постов
အမေရိကန်နှင့် အီရန် အပြန်အလှန် ထပ်မံတိုက်ခိုက်
သီတင်းပတ်များစွာအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်နှင့်အီရန်သည် စစ်ပွဲအတွက် ပြန်လည်ပြင်ဆင်နေသည့်ပုံ ပေါ်လာခဲ့သည်။
အီရန်မင်္ဂလာပွဲတစ်ခု တိုက်ခိုက်ခံရမှုတွင် လူငါးဦးသေဆုံးခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ခြင်းကို အီရန်က ကန့်ကွက်နေချိန်မှာပင် ပိုမိုပြင်းထန်စွာ ထိုးနှက်သွားနိုင်ကြောင်း အမေရိကန်က ခြိမ်းခြောက်နေသည်။
လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါစနစ်များ၊ ရေကြောင်းလုပ်ငန်းနေရာများ၊ မိုင်းထောင်သည့် ရေယာဉ်များနှင့် ပစ္စည်းကိရိယာများ နှင့် ဆက်သွယ်ရေးဌာနများ အပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်၏ ပစ်မှတ်အများအပြားအပေါ် နောက်ဆုံးတိုက်ခိုက်မှုလှိုင်း ပြီးစီးသွားပြီးဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားသည်။
နိုင်ငံတစ်ဝန်းမှ ပစ်မှတ်အများအပြား တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်မီဒီယာများက ပြောကြားကြပြီး ၎င်းတို့၏ ခွင့်ပြုချက်မပါဘဲ ဖြတ်သန်းသွားသည့် ရေနံတင်သင်္ဘောများကို အီရန်က ခြိမ်းခြောက်နေသော ဟော်မုဇ်ရေလက်ကြားအနီးမှ ပစ်မှတ်အများအပြား အထူးသဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။
အပြန်အလှန်အားဖြင့် ဂျော်ဒန် နှင့် အီရတ်နိုင်ငံတို့တွင်ရှိသော အမေရိကန်ပိုင်ဆိုင်မှုများကို တိုက်ခိုက်ခဲ့သည်ဟု အီရန်ဘက်မှ တရားဝင်ထုတ်ပြန်ချက်များက ပြောကြားပြီး ဘာရိန်းကိုလည်း တိုက်ခိုက်ခဲ့သည်ဟု အီရန်မီဒီယာများက ပြောကြားကြသည်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့အများအပြားကို သတ်ဖြတ်ခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်(IRGC )က ပြောကြားခဲ့သော်လည်း ကနဦး ဆန်းစစ်များအရ အမေရိကန်တပ်ဖွဲ့များ ထိခိုက် သေဆုံးမှု မရှိကြောင်း အမေရိကန်အရာရှိကြီး နှစ်ဦးက ပြောသည်။
ထိုအတောအတွင်း ၎င်းတို့နိုင်ငံ ပိုင်နက်သို့ ဝင်ရောက်လာသော ဒုံးကျည် ၁၃ စင်း အနက် ၁၀ စင်းကို ပစ်ချလိုက်ပြီး သုံးစင်းက ဝေးလံသော နေရာများသို့ ကျရောက်ခဲ့သည်ဟု ဂျော်ဒန်စစ်တပ် က ပြောကြားသည်။
ထို့အတူ အီရန် ဒရုန်းများကို ကြားဖြတ်တားဆီး ဖျက်ဆီးပစ်ခဲ့သည်ဟု ဘာရိန်းနိုင်ငံကလည်း ပြောကြားသည်။
၎င်းတို့၏ မြေပြင်တပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်း အာဘီးလ်မြို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်၊ ဒရုန်းများဖြင့် ပူးတွဲတိုက်ခိုက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်ဟု IRGC က ပြောကြားခဲ့သော်လည်း ယင်းတိုက်ခိုက်မှုအကြောင်းကို အမေရိကန်နှင့်အီရတ်က အတည်ပြုခြင်း မရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှားသမ္မတပူတင် အက်စ်စီအိုထိပ်သီးညီလာခံ၌ တွေ့ဆုံဆွေးနွေး
တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ရုရှားသမ္မတပူတင်တို့သည် ဩဂုတ်၃၁ ရက်တွင် ကာဂျီစတန်နိုင်ငံ ဘစ်ရှ်ကတ်မြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ရုရှားခေါင်းဆောင်များသည် ဘစ်ရှ်ကတ်မြို့၌ကျင်းပနေသော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) ထိပ်သီးညီလာခံ တက်ရောက်နေချိန်တွင်သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် လမ်းညွှန်ထိန်းကျောင်းမှုနှင့် ပူးပေါင်းအား ထုတ်မှုတို့ကြောင့် တရုတ်နှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုခိုင်မာလာလိမ့်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်ပင်းကရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားထားသည်။
တရုတ်အစိုးရ မီဒီယာများ၏အဆိုအရ ဩဂုတ် ၃၁ ရက် ဆွေးနွေးပွဲတွင် တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့သည် နှစ်နိုင်ငံစလုံးနှင့် ဆက်စပ်နေသော နိုင်ငံတကာပြဿနာများနှင့်ဒေသတွင်း ပြဿနာများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဩဂုတ် ၃၁ ရက်မှစ၍ နှစ်ရက်ကြာကျင်းပမည့် ဘစ်ရှ်ကတ်မြို့တော်အက်စ်စီအို ထိပ်သီး ညီလာခံတွင်တရုတ်နှင့် ရုရှားခေါင်းဆောင်များအပြင် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ် နိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံလေးနိုင်ငံတို့မှ ခေါင်းဆောင်များလည်း တက်ရောက်လျက်ရှိသည်။
အနောက်အုပ်စု နိုင်ငံများ၏ဩဇာလွှမ်းမိုးမှုကိုတုံ့ပြန်ရန် ၂၀၂၁ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အက်စ်စီအိုအဖွဲ့တွင် တူရကီ၊ ဆော်ဒီအာရေဗျနှင့်ကာတာနိုင်ငံတို့သည်လည်း ဆွေးနွေးဖက် နိုင်ငံများအဖြစ် ပါဝင်နေကြောင်းသိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ပတ္တယားသို့ ရောက်ရှိမည်
အရှေ့အလယ်ပိုင်းဒေသ၌ ကာလရှည်တပ်စွဲခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ထွက်ခွာလာသော အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘောသည် ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဝင်ရောက် ဆိုက်ကပ်မည်ဖြစ်ကြောင်းသိရသည်။
ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်းလေယာဉ်တင်သင်္ဘောသည် အခြားအမေရိကန် ရေတပ် စစ်သင်္ဘောနှစ်စင်းနှင့်အတူ စက်တင်ဘာ ၃ ရက်တွင် ပတ္တယားမြို့လာအမ်ချာဘန် ဆိပ်ကမ်း၌ ဆိုက်ကပ်မည်ဖြစ်ကြောင်းထိုင်းတာဝန်ရှိသူများက ပြောကြားသည်။
ပတ္တယားမြို့၌ ဆိုက်ကပ်ပြီးနောက် ပင်လယ်ပြင်၌ရက်ပေါင်း ၂၀၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသောယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ပေါ်မှ ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀နီးပါးတို့မှာ ပတ္တယားမြို့၌ ယာယီအပန်းဖြေ အနား ယူခွင့်ရရှိမည်ဖြစ်သည်။
ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း ရောက်ရှိလာမှုကြောင့် ပတ္တယားမြို့၏ ခရီးသွားလုပ်ငန်း အခြေခံစီးပွားရေး အားကောင်းလာမည်ဟု မျှော်လင့်ရချိန်တွင်ဒေသန္တရ အာဏာပိုင်များကမူ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို နှိမ်နင်းနေကြောင်း သိရသည်။
ယူအက်စ်အက်စ် အေဘရာ ဟင်လင်ကွန်း မရောက်ရှိမီ ထိုင်းရဲတပ်ဖွဲ့က ပတ္တယားမြို့၏ အဓိကကမ်းခြေဝန်းကျင်၌ ကင်းလှည့်မှုများ အားဖြည့်လုပ်ဆောင်ရန်စီစဉ်နေပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း စီးနင်းမှုများ ပြုလုပ်ခဲ့ရာ ပြည့်တန်ဆာလုပ်ငန်းပြုလုပ် သူအဖြစ်ယူဆရသူ ၄၀ မှ ၅၀ အထိကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာလုပ်ငန်းမှာ တရားမဝင်လုပ်ငန်း ဖြစ်သော်လည်း ဗန်ကောက်နှင့် ပတ္တယားအပါအဝင် အဓိက ခရီးသွားလုပ်ငန်း နယ်မြေများ၌ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် တွေ့မြင်နိုင်သည်။
သို့ရာတွင် ပတ္တယားမြို့သို့ ရောက်ရှိနေစဉ်တွင်ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ် တင်သင်္ဘောပေါ်မှ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးချင်းအနေဖြင့်တစ်ရက်လျှင် ဘတ်ငွေ ၁၀၀၀မှ ၃၀၀၀ အထိ (အမေရိကန်ဒေါ်လာ ၃၀ မှ ၉၁ ဒေါ်လာ)အထိ သုံးစွဲဖွယ်ရှိရာ ပတ္တယားမြို့၏ စီးပွားရေးကို ရေတိုအားဖြင့် အထောက်အကူပေးနိုင်ကြောင်း ထိုင်းတာဝန်ရှိသူ များက ပြောကြားထားသည်။
ရက်ပေါင်း ၂၅၀ ကျော်ကြာရက်ပေါင်း ၂၅၀ ကျော်ကြာယူအက်စ်အက်စ်အေဘရာ ဟင်လင်ကွန်းလေယာဉ်တင် သင်္ဘောသည် ပင်လယ်ပြင်၌ ရက်ပေါင်း ၂၅၀ ကျော်ကြာ စစ်ဆင်ရေးတာဝန်များ ရယူခဲ့ရသည် ဖြစ်ရာ ရေတပ်သားများအကြား စိတ်ကျန်းမာရေး ပြဿနာများနှင့် ထောက်ပို့ပြဿနာများရှိလာကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️နီပေါကယ်ဆယ်ရေးအဖွဲ့များ ဝေးလံသောနေရာများ ရောက်ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြန်ပေးနိုင်
လူသေဆုံးမှုနှင့်ပျက်စီးမှုများ ကြီးကျယ်ခဲ့သော ကြောက်မက်ဖွယ်ရာ ရေကြီးမှုကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်နီးပါး ကြာမြင့်လာချိန်တွင် နီပေါကယ်ဆယ်ရေး အဖွဲ့များသည် ဝေးလံသောဒေသများသို့ ရောက်ရှိရန် ယာယီတံတားများ ဆောက်လုပ်ခဲ့ပြီး ဟိမဝန္တာရှိ ရေအားလျပ်စစ်စီမံကိန်းများတွင် ရာနှင့်ချီသော ပိတ်မိနေကြသူ ပျောက်ဆုံးနေသူများအား ရှာဖွေ ကယ်ဆယ်ရန် တူးဖော်ရှာဖွေမှုများ လုပ်ဆောင်နေကြသည်။
အကြီးအကျယ်ပျက်စီးနေသော ရေအားလျှပ်စစ်စီမံကိန်း နေရာများတွင် ပိတ်မိနေသူပေါင်း ၆၀၀ ခန့် ရှိနေသေးကြောင်း သိရချိန်မှာပင် ရေကြီးရေလျှံမှု ဖြစ်ခဲ့သော ဒေသများမှ လူပေါင်း ၁၁၀၀၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး အချို့ဒေသများသို့ လျှပ်စစ်ဓါတ်အားတိုင်များ ဆက်သွယ်ရေးတာဝါများကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း နီပေါဝန်ကြီးချုပ် ဘာလင်ဒါရှားက ပြောကြားသည်။
ရေကြီးမှုအတွင်း အနည်းဆုံးလူပေါင်း ၉၃၉ ဦး သေဆုံးခဲ့သည်ဟု ဝန်ကြီးချုပ် ရှားက ပြောကြားသည်။
နီပေါနိုင်ငံသားထောင်ပေါင်းများစွာက နေအိမ်များ၊ မိသားစုများ၊ ချစ်ခင်ရသူများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ကြပြီး အစိုးရကလည်း ၎င်းတို့ ခံစားနေရသည့် ကြီးကျယ်သည့် နာကျင်မှုကို စာနာနားလည်ပါကြောင်း ရှေ့တွင်လည်းသူတို့၏ နာကျင်ခံစားရမှုများကို ပံ့ပိုးကူညီးပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြင့် ပုံမှန်ဘဝများဆီ ပြန်ရောက်ရေး ကူညီသွားကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှားက ဆက်ပြောသည်။
ရေကြီးမှုဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသော နူဝါကော့ ဒေသသို့ သွားသောလမ်းများကို ကယ်ဆယ်ရေးအဖွဲ့များက ပြန်ဖွင့်ပေးနိုင်ပြီဖြစ်ကာ ကယ်ဆယ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရန် ပံ့ပို့ပေးခဲ့သည်ဟု ရှားက ဆက်ပြောသည်။
နူဝါကော့ ခရိုင်မှ နေအိမ်တစ်လုံးတွင် အလောင်း ၂၄ လောင်းကို တွေ့ရှိခဲ့သည်ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဘီပင်ရက်မီ က ပြောသည်။
“ကျွန်တော်တို့ နယ်မြေအသစ်တွေကို ရောက်ပြီး အလောင်းတွေ ထပ်တွေ့နေတယ်” ဟု ရက်မီက ရိုက်တာသတင်းဌာနကို ပြောသည်။
ကပ်ဘေးဆိုက်ပြီးနောက် နီပေါနိုင်ငံသို့ ဒေါ်လာ ၄၂ သန်း ကျော် အကူအညီများ ဝင်ရောက်လာခဲ့ပြီး ထပ်မံရောက်ရှိလာမည်ဦးဟုလည်း မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်ရှားက ဆက်ပြောသည်။
နီပေါနိုင်ငံ၏ တစ်ဖက်တစ်ချက်တွင် ရှိသော အိန္ဒိယနှင့် တရုတ်နိုင်ငံမှ အဖွဲ့များလည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်လာကြပြီး ဝေးလံသော နေရာများသို့ သွားရောက်နိုင်ရန် ဘေလီတံတားများထိုး၍ ကူညီမှုများလည်း ပါဝင်သည်။
ရေအားလျှပ်စစ်လုပ်ငန်းခွင်များမှ လူပေါင်း ၂၇၉ ဦးကို ကယ်ဆယ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ရှားက ပြောကြားသော်လည်း ထိုစီမံကိန်းများတွင် လုပ်ကိုင်နေသူ ၁၀၀၀ နီးပါး ရှိသည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
◾️ပဲခူး၌ ဆီဘောက်ဆာကားမီးလောင်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၌ ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ကွန်တိန်နာကားနှင့်ဆီဘောက်ဆာကားတိုက်မိပြီး မီးလောင်မှုဖြစ်ပေါ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
မန္တလေးမှရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာကားသည် ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော ဆီဘောက်ဆာကားနှင့်တိုက်မိပြီး ကွန်တိန်နာကားတိမ်းမှောက်ခဲ့ကြောင်း၊ ဆီဘောက်ဆာကားမှာ တိမ်မှောက်ခြင်းမရှိသော်လည်း ဆီကန်ပေါက်ပြီးမီးလောင်ခဲ့ကြောင်းသိရသည်။
"ကွန်တိန်နာကားကဆီဘောက်ဆာကားကို သွားတိုက်မိတာ။ ဆီဘောက်ဆာကားကရှောင်လိုက်တာ ကားခေါင်းကိုမတိုက်မိဘဲနောက်ကဆီကန်ကိုတိုက်မိသွားတာ။ အဲဒီမှာဆီတွေကမြေပေါ်ကျပြီး မီးလောင်တာ အနီးကဘုန်းကြီးကျောင်းဝင်းထဲကအဆောင်တစ်ခုမီးလောင်သွားတယ်" ဟု တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါမီးလောင်ရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ် များ၊ လူမှုကူညီရေးအသင်းမှသူများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင်မီးငြိမ်းကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - mfsd
◾️ဗင်နီဇွဲလားမှရရှိမည့် ရေနံများကို အရန်ရေနံပိုင်ဆိုင်မှုအား ဖြည့်တင်းရာတွင်သုံးစွဲမည်
ဗင်နီဇွဲလားနိုင်ငံနှင့် ပြီးခဲ့သည့် ရက်များအတွင်း ရယူခဲ့သော သဘောတူညီချက်အရ ရရှိမည့် ရေနံများကို အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန် ရေနံများကို ပြန်လည် ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘာ့ဈေးကွက်များအတွင်းသို့ ရေနံများ ဝင်ရောက်မှု၊ ပြတ်တောက်မှုများနှင့် လောင်စာ ဆီဈေးနှုန်းမြင့်တက်လာမှု ပြဿနာများကို တုံ့ပြန်ရေးအတွက်ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် အရန်ရေနံများကို ထုတ်ယူ သုံးစွဲ ခဲ့ရသည်။
သို့ရာတွင် ဩဂုတ် ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ ပိုင်ဆိုင်ထားသောရေနံသိုက်ငါးပုံတစ်ပုံကိုထိန်းချုပ်ခွင့်ရယူနိုင်သည့်သဘောတူညီချက်တစ်ရပ်ကို ဗင်နီဇွဲလားအစိုးရနှင့် ရယူနိုင်ခဲ့သည်။
အထက်ပါသဘောတူညီချက်အရ ဗင်နီဇွဲလားနိုင်ငံမှ ထုတ်ယူရရှိမည့်ရေနံများကို ပမာဏ လျော့ပါးလာသော မဟာဗျူဟာမြောက် အရန် ရေနံ ပိုင်ဆိုင်မှုကို ပြန်လည်ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်ပေါ်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ထုတ်ယူသုံးစွဲခဲ့ရသော ရေနံပမာဏကြောင့် အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန်ရေနံပိုင်ဆိုင်မှု ပမာဏမှ ဩဂုတ် ၂၁ ရက်တွင် စည်ပေါင်း သန်း၂၉၀ ခန့်သာကျန်ရှိတော့သည်။
ကိုးကား-ရိုက်တာ
◾️အီးယူ၌ပါဝင်နိုင်ရေး ဆွေးနွေးပွဲများပြန်စရန် အိုက်စလန်ပြည်သူများ ငြင်းပယ်
ဥရောပသမဂ္ဂ(အီးယူ)၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေး ဆွေးနွေးပွဲများပြန်လည်စတင်ရန် သင့်၊ မသင့်နှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲကိုအိုက်စလန်နိုင်ငံ၌ ဩဂုတ် ၂၉ ရက်တွင် ကျင်းပရာ ထွက်ပေါ်လာမည့်ရလဒ်များအရ ဆွေးနွေးပွဲများပြန်လည်စတင်ရေးအဆို အရေးနိမ့်ခဲ့ရကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက်တွင် ပေါ်ထွက်လာသော လူထုဆန္ဒခံယူပွဲမဲရလဒ်များအရ အိုက်စလန် ပြည်သူမဲဆန္ဒရှင် ၅၂ ဒသမ ၈ ရာခိုင်နှုန်းတို့ကအီးယူ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအဆိုပြုချက်ကို ကန့်ကွက်မဲပေးခဲ့ကြပြီး ၄၇ ဒသမ ၂ ရာခိုင်နှုန်းတို့က
ထောက်ခံမဲ ပေးခဲ့ကြကြောင်း သိရသည်။
အိုက်စလန်နိုင်ငံသည် စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသော ဘဏ္ဍာရေး ကပ်ဘေးတစ်ခုကို ၂၀၀၉ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရပြီးနောက် အီးယူ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရန် စတင် အဆိုပြုလျှောက်ထားခဲ့သည်။
သို့ရာတွင် အိုက်စလန်နိုင်ငံ၌အီးယူကို မလိုလားသော အစိုးရအဖွဲ့အာဏာရရှိခဲ့သည့် ၂၀၁၃ ခုနှစ်တွင်အီးယူ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ရသည်။
သို့ရာတွင် ဒိန်းမတ်နိုင်ငံဂရင်းလန်ကျွန်းကို သိမ်းယူလိုကြောင်းအမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ယခုနှစ်အတွင်း ပြောကြားခဲ့ပြီးနောက် အိုက်စလန်အစိုးရက အီးယူ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။
ဩဂုတ် ၂၉ ရက် လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်အိုက်စလန် မဲဆန္ဒရှင်ပြည်သူများ အနက် ၈၂ ဒသမ ၅ ရာခိုင်နှုန်းပါဝင်မဲပေးခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
◾️ဆန္ဒအလျောက် ပြန်လည်ထွက်ခွာရေး အစီအစဉ်အရမလေးရှားက မြန်မာ ၁၄၇၆ ဦးကို ပြန်ပို့မည်
မလေးရှားအစိုးရသည် ပထမအဆင့်အနေဖြင့်ဆန္ဒအလျောက် ပြန်လည်ထွက်ခွာရေး အစီအစဉ် အရလာမည့်လအတွင်း မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပို့ဆောင်မှုသည် နှစ်နိုင်ငံအစိုးရများအကြား သဘောတူညီထားသည့် လုပ်ထုံး လုပ်နည်းများအတိုင်း အဆင့်လိုက်ပြန်လည်ပို့ဆောင်မည့်သတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ၅၀၀၀ ပါဝင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည့်သူများကို မြန်မာ အစိုးရက စိစစ်ဖော်ထုတ်ခဲ့ပြီး စက်တင်ဘာ ၂၉ရက်တွင် မြန်မာ့ရေ တပ်မှ စစ်ရေယာဉ် နှစ်စင်းနှင့် ဆေးရုံ ရေယာဉ်တစ်စင်းတို့ဖြင့်ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆင့်လိုက် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား စက်တင်ဘာ ၂၉ ရက်တွင် စတင်ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ဒုက္ခသည် မှတ်ပုံတင်ရေးစနစ်သစ်ကိုလည်း စတင်ကျင့်သုံးတော့မည် ဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MOI(မလေးရှားတွင်ထိန်းသိမ်းခံရပြီးပြန်လည်ပို့ဆောင်ခံရသည့်မြန်မာနိုင်ငံသားအချို့ကိုတွေ့ရစဉ်/ပုံဟောင်း)
◾️ဆိုလာဖြင့် အသုံးပြုသည့် ဘက်ထရီအပူလွန်ကဲပြီး မီးလောင်၊တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် မနောသုခလမ်းတွင် ဆိုလာဖြင့် အသုံးပြုသည့် ဘက်ထရီအပူလွန်ကဲပြီး နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီးအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက် ည ၁၁ နာရီ၅ မိနစ်ခန့်တွင် မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက် မနောသုခလမ်းတွင်မီးလောင်မှု ဖြစ်ပွားနေကြောင်းသတင်းအရ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရေသယ်ယာဉ်တစ်စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ရေသယ်ယာဉ်နှစ်စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်ခြောက်စီး၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့၊ လူငယ် အားမာန်လူမှုကူညီရေးအသင်း၊ ပေးဆပ်သူလူမှုကူညီရေးအသင်း၊ သုခဟိတလူမှုကူညီရေးအသင်းတို့က ထွက်ခွာငြှိမ်းသတ်ခဲ့သည်။
မီးလောင်သည့် အကြောင်းရင်းမှာ ဆိုလာဖြင့် အသုံးပြုသည့်ဘက်ထရီ အပူလွန်ကဲရှော့ဖြစ်ရာမှ
တစ်ဆင့် မီးကူးစက်လောင်ကျွမ်းပြီး(၂၀x၁၅)ပေ သွပ်မိုး၊ ကပ်ကာ၊ နှစ်ထပ်နေအိမ်တစ်လုံး၊ (၂၅ x၂၀)ပေ သွပ်မိုး၊ကပ်ကာ နေအိမ်နှစ်လုံး၊ ဆိုင်ကယ်နှစ်စီး၊ ဆိုလာသုံးချပ်နှင့် ဘက်ထရီ
အိုးတစ်လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး (၈၄)နှစ်အရွယ်အဘိုးအိုတစ်ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား မုံရွာမြို အမှတ် (၂) နယ်မြေရဲစခန်းမှပြစ်မှုဥပဒေဆိုင်ရာပုဒ်မ- ၂၈၅ ဖြင့်အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ကျော်ကျော်
ဓာတ်ပုံ-MFSD
