uz
Feedback
The Standard Time Digital

The Standard Time Digital

Kanalga Telegram’da o‘tish

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
310
Obunachilar
Ma'lumot yo'q24 soatlar
+77 kun
+2430 kun
Postlar arxiv
◾️ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော လာအမ်ချာဘန်ဆိပ်ကမ်းသို့ ရောက်ရှိ အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘောသည် စက်တင်ဘာ၂ ရက်တွင် ထိုင်းနိုင်ငံ ပတ္တယားမြို့ လာအမ်ချာဘန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်းသည်အရှေ့အလယ်ပိုင်းဒေသ၌ ကာလရှည် တပ်စွဲထားခဲ့ရချိန်အပါအဝင် ပင်လယ်ပြင်၌ရက်ပေါင်း ၂၈၆ ရက်ကြာ စစ်ရေးတာဝန်များ ရယူခဲ့ ပြီးနောက် အမေရိကန် ပြည်ထောင်စု အပြန်ခရီးစဉ်တွင် ထိုင်းနိုင်ငံပတ္တယားမြို့သို့ ဝင်ရောက် လာခြင်းဖြစ်သည်။ ယူအက်စ်အက်စ်အေဘရာလင်ကွန်းသည် ပတ္တယားမြို့၌ ငါးရက်ကြာဆိုက်ကပ်ထားမည်ဖြစ်ရာ ယင်းကာလအတွင်း အမေရိကန်ရေတပ်သားများနှင့် မရိန်းတပ်ဖွဲ့ဝင်များ အနားယူနိုင်မည် ဖြစ်သလို ပြန်လည်အားမွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အမေရိကန်ရေတပ်သား များကို ပတ္တယားမြို့နှင့် လာအမ်ချာ ဘန်ဆိပ်ကမ်းအကြား သယ်ယူပို့ဆောင်ပေးရေးအတွက်ခရီးသည်တင်ဘတ်စကားအစီး၄၀ကိုပြင်ဆင်ပေးထား ကြောင်း ပတ္တယားမြို့တော်ဝန်က ထုတ်ဖော်ပြောကြားထားသည်။ ယူအက်စ်အက်စ်အေဘရာဟင် လေယာဉ်တင်သင်္ဘော ပင်လယ်ရေပြင်အတွင်း တစ်ဆက် တစ်စပ်တည်း တပ်ဖြန့်ခဲ့ရသည့်ကာလမှာ ခေတ်သစ်သမိုင်းတစ်လျှောက် အမေရိ ကန် လေယာဉ်တင်သင်္ဘောတစ်စင်းအတွက် အချိန်ကာလအကြာမြင့်ဆုံး တပ်ဖြန့်မှုကာလ ဖြစ်သည်။ သာမန်အားဖြင့် အမေရိကန်ရေတပ်သည် ၎င်း၏ လေယာဉ်တင်သင်္ဘောများကို ပင်လယ်ပြင်၌ ခြောက်လနှင့်ကိုးလအကြားထိသာ ဖြန့်ကြက်လေ့ရှိသည်။ ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ ဝင် ၅၀၀၀ ခန့် လိုက်ပါလာသော ယူအက်စ်အက်စ် အေဘရာ ဟင်လင်ကွန်းလေယာဉ်တင်သင်္ဘောကို အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။ ယူအက်စ်အက်စ်အေဘရာ ဟင်လင်ကွန်း ရောက်ရှိလာမှု ကြောင့် ပတ္တယားမြို့တော်၏ စီးပွားရေးကို ရေတိုအားဖြင့်အထောက်အကူပြုနိုင်ကြောင်း မျှော်လင့်ရသော်လည်း ယင်းလေယာဉ်တင်သင်္ဘော မရောက်ရှိမီ ထိုင်းတာဝန်ရှိသူများကပတ္တယားမြို့၏ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို နှိမ်နင်းထားခဲ့ရသည်။ ထိုင်းနိုင်ငံသည် ၁၉၅၄ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၏ စာချုပ်ဝင်မဟာမိတ်နိုင်ငံ ဖြစ်ခဲ့ရသည်။၂၀၀၃ခုနှစ်တွင်မူ ထိုင်းနိုင်ငံကို မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့ (နေတိုး)အဖွဲ့ဝင် နိုင်ငံမဟုတ်သည့် အဓိကမဟာမိတ်အဖြစ်အမေရိကန်အစိုးရက သတ်မှတ်ခဲ့သည်။ သတင်း-ဗျည်းနွဲ့ ကီုးကား-ရိုက်တာ

◾️တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၊ မြို့ပေါ်နှင့် ကျေးရွာများမှ စာသင်ကျောင်းများ ပိတ်ထားရ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ၌ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်၏ ရေမှတ်သည် ၂၅ ပေ၇ လက်မသို့ ရောက်ရှိ လာပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေမှတ်၁၇ ပေအထက် ၈ ပေ ၇ လက်မ ကျော်လွန် ရောက်ရှိကာ အန္တရာယ်ရေမှတ် ၂၄ ပေ အထက် ၁ ပေ ၇ လက်မသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရန်ကနဦးအနေဖြင့် ယာယီကယ်ဆယ်ရေးစခန်းခြောက်ခုဖွင့်လှစ်ထားရှိပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါယာယီကယ်ဆယ်ရေးစခန်းများတွင်ယာယီနေထိုင်လျက်ရှိသည့်ဒေသခံပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်းပြီး စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေး ပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေး လုပ်ငန်းများဝိုင်းဝန်းကူညီပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိ ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာအန္တရာယ်ရေအမှတ် ၂၄ ပေ အထက်၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀လက်မတွင်ရှိနေကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်မှုကြောင့်ရန်ကုန်-မြိတ်-ကော့သောင်းပြည် ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းတချို့ ရေကျော်ကာ မော်တော်ယာဉ်များသွားလာ၍ မရတော့ကြောင်း၊ညောင်ပင်ကွင်း၊ လယ်တောင်ယာ၊ဘန်းသဲ၊ အောက်ကင်း၊ အရှေ့မော် တုန်း၊ တပ်ဦး၊ ကျောက်မီးကျောင်း၊ထုံနွယ်၊ မြေမအုံ၊ မြန်မာအင်းတော်၊ကြိမ်ချောင်း၀၊ ဇဝဲ၊ ကတော့ကမ်း၊ဇလုံး၊ ဗောဓိကမ်းစသည့် တနင်္သာရီမြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ် ထားရ ကြောင်း သိရသည်။ တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ် သည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-MDN

‎ကျိုင်းတုံ-တောင်ကြီးလမ်း၌ Express ယာဉ်တစ်စီး ချောက်ထဲကျ၊ တစ်ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ ‎ ‎ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယမန်နေ့ (စက်တင်ဘာ ၁ ရက်)ည ၉ နာရီ ၁၀ မိနစ်ခန့်က ခရီးသည်တင်ကားတစ်စီး ပေ ၅၀ အနက်ချောက်ထဲထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ‎ ‎ကျိုင်းတုံမှ တောင်ကြီးသို့ ခရီးသည် အမျိုးသား ၁၃ ဉီး၊ အမျိုးသမီး ကိုးဦး၊ ယာဉ်မောင်း သုံးဦး၊ ယာဉ်နောက်လိုက်နှစ်ဦး၊ ယာဉ်မယ်တစ်ဦး စုစုပေါင်း (၂၈)ဦး ‎လိုက်ပါလာသည့် Express ယာဥ်ဖြစ်စဥ်တွင် ခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ‎ ‎အဆိုပါ Express ခရီးသည်တင်ယာဉ်သည် မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၅၅၅ ဒသမ ၅ နှင့် ၅၅၆ ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီး ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိ ချောက်ထဲသို့ကျသွားကြောင်း သိရသည်။ ‎ ‎"ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိတဲ့ချောက်ထဲသို့ကျသွားတာပါ။ ကားပေါ်ပါတဲ့ ခရီးသည် (၂၈) ဦးမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကတော့နေရာမှာ သေဆုံးခဲ့ပါတယ်" ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎ခရီးသည်တင်ယာဉ် တစ်စီးချောက်ထဲကျမှု​ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား တုံတာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD ‎#ပြည်တွင်းသတင်း

အမေရိကန်နှင့် အီရန် အပြန်အလှန် ထပ်မံတိုက်ခိုက် သီတင်းပတ်များစွာအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်နှင့်အီရန်သည် စစ်ပွဲအတွက် ပြန်လည်ပြင်ဆင်နေသည့်ပုံ ပေါ်လာခဲ့သည်။ အီရန်မင်္ဂလာပွဲတစ်ခု တိုက်ခိုက်ခံရမှုတွင် လူငါးဦးသေဆုံးခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ခြင်းကို အီရန်က ကန့်ကွက်နေချိန်မှာပင် ပိုမိုပြင်းထန်စွာ ထိုးနှက်သွားနိုင်ကြောင်း အမေရိကန်က ခြိမ်းခြောက်နေသည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါစနစ်များ၊ ရေကြောင်းလုပ်ငန်းနေရာများ၊ မိုင်းထောင်သည့် ရေယာဉ်များနှင့် ပစ္စည်းကိရိယာများ နှင့် ဆက်သွယ်ရေးဌာနများ အပါအဝင် အီရန်တော်လှန်‌ရေးအစောင့်တပ်၏ ပစ်မှတ်အများအပြားအပေါ် နောက်ဆုံးတိုက်ခိုက်မှုလှိုင်း ပြီးစီးသွားပြီးဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားသည်။ နိုင်ငံတစ်ဝန်းမှ ပစ်မှတ်အများအပြား တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်မီဒီယာများက ပြောကြားကြပြီး ၎င်းတို့၏ ခွင့်ပြုချက်မပါဘဲ ဖြတ်သန်းသွားသည့် ရေနံတင်သင်္ဘောများကို အီရန်က ခြိမ်းခြောက်နေသော ဟော်မုဇ်ရေလက်ကြားအနီးမှ ပစ်မှတ်အများအပြား အထူးသဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။ အပြန်အလှန်အားဖြင့် ဂျော်ဒန် နှင့် အီရတ်နိုင်ငံတို့တွင်ရှိသော အမေရိကန်ပိုင်ဆိုင်မှုများကို တိုက်ခိုက်ခဲ့သည်ဟု အီရန်ဘက်မှ တရားဝင်ထုတ်ပြန်ချက်များက ပြောကြားပြီး ဘာရိန်းကိုလည်း တိုက်ခိုက်ခဲ့သည်ဟု အီရန်မီဒီယာများက ပြောကြားကြသည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့အများအပြားကို သတ်ဖြတ်ခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်(IRGC )က ပြောကြားခဲ့သော်လည်း ကနဦး ဆန်းစစ်များအရ အမေရိကန်တပ်ဖွဲ့များ ထိခိုက် သေဆုံးမှု မရှိကြောင်း အမေရိကန်အရာရှိကြီး နှစ်ဦးက ပြောသည်။ ထိုအတောအတွင်း ၎င်းတို့နိုင်ငံ ပိုင်နက်သို့ ဝင်ရောက်လာသော ဒုံးကျည် ၁၃ စင်း အနက် ၁၀ စင်းကို ပစ်ချလိုက်ပြီး သုံးစင်းက ဝေးလံသော နေရာများသို့ ကျရောက်ခဲ့သည်ဟု ဂျော်ဒန်စစ်တပ် က ပြောကြားသည်။ ထို့အတူ အီရန် ဒရုန်းများကို ကြားဖြတ်တားဆီး ဖျက်ဆီးပစ်ခဲ့သည်ဟု ဘာရိန်းနိုင်ငံကလည်း ပြောကြားသည်။ ၎င်းတို့၏ မြေပြင်တပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်း အာဘီးလ်မြို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်၊ ဒရုန်းများဖြင့် ပူးတွဲတိုက်ခိုက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်ဟု IRGC က ပြောကြားခဲ့သော်လည်း ယင်းတိုက်ခိုက်မှုအကြောင်းကို အမေရိကန်နှင့်အီရတ်က အတည်ပြုခြင်း မရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှားသမ္မတပူတင် အက်စ်စီအိုထိပ်သီးညီလာခံ၌ တွေ့ဆုံဆွေးနွေး တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ရုရှားသမ္မတပူတင်တို့သည် ဩဂုတ်၃၁ ရက်တွင် ကာဂျီစတန်နိုင်ငံ ဘစ်ရှ်ကတ်မြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နှင့် ရုရှားခေါင်းဆောင်များသည် ဘစ်ရှ်ကတ်မြို့၌ကျင်းပနေသော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) ထိပ်သီးညီလာခံ တက်ရောက်နေချိန်တွင်သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် လမ်းညွှန်ထိန်းကျောင်းမှုနှင့် ပူးပေါင်းအား ထုတ်မှုတို့ကြောင့် တရုတ်နှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုခိုင်မာလာလိမ့်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်ပင်းကရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားထားသည်။ တရုတ်အစိုးရ မီဒီယာများ၏အဆိုအရ ဩဂုတ် ၃၁ ရက် ဆွေးနွေးပွဲတွင် တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့သည် နှစ်နိုင်ငံစလုံးနှင့် ဆက်စပ်နေသော နိုင်ငံတကာပြဿနာများနှင့်ဒေသတွင်း ပြဿနာများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဩဂုတ် ၃၁ ရက်မှစ၍ နှစ်ရက်ကြာကျင်းပမည့် ဘစ်ရှ်ကတ်မြို့တော်အက်စ်စီအို ထိပ်သီး ညီလာခံတွင်တရုတ်နှင့် ရုရှားခေါင်းဆောင်များအပြင် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ် နိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံလေးနိုင်ငံတို့မှ ခေါင်းဆောင်များလည်း တက်ရောက်လျက်ရှိသည်။ အနောက်အုပ်စု နိုင်ငံများ၏ဩဇာလွှမ်းမိုးမှုကိုတုံ့ပြန်ရန် ၂၀၂၁ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အက်စ်စီအိုအဖွဲ့တွင် တူရကီ၊ ဆော်ဒီအာရေဗျနှင့်ကာတာနိုင်ငံတို့သည်လည်း ဆွေးနွေးဖက် နိုင်ငံများအဖြစ် ပါဝင်နေကြောင်းသိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ပတ္တယားသို့ ရောက်ရှိမည် အရှေ့အလယ်ပိုင်းဒေသ၌ ကာလရှည်တပ်စွဲခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ထွက်ခွာလာသော အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘောသည် ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဝင်ရောက် ဆိုက်ကပ်မည်ဖြစ်ကြောင်းသိရသည်။ ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်းလေယာဉ်တင်သင်္ဘောသည် အခြားအမေရိကန် ရေတပ် စစ်သင်္ဘောနှစ်စင်းနှင့်အတူ စက်တင်ဘာ ၃ ရက်တွင် ပတ္တယားမြို့လာအမ်ချာဘန် ဆိပ်ကမ်း၌ ဆိုက်ကပ်မည်ဖြစ်ကြောင်းထိုင်းတာဝန်ရှိသူများက ပြောကြားသည်။ ပတ္တယားမြို့၌ ဆိုက်ကပ်ပြီးနောက် ပင်လယ်ပြင်၌ရက်ပေါင်း ၂၀၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသောယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ပေါ်မှ ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀နီးပါးတို့မှာ ပတ္တယားမြို့၌ ယာယီအပန်းဖြေ အနား ယူခွင့်ရရှိမည်ဖြစ်သည်။ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း ရောက်ရှိလာမှုကြောင့် ပတ္တယားမြို့၏ ခရီးသွားလုပ်ငန်း အခြေခံစီးပွားရေး အားကောင်းလာမည်ဟု မျှော်လင့်ရချိန်တွင်ဒေသန္တရ အာဏာပိုင်များကမူ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို နှိမ်နင်းနေကြောင်း သိရသည်။ ယူအက်စ်အက်စ် အေဘရာ ဟင်လင်ကွန်း မရောက်ရှိမီ ထိုင်းရဲတပ်ဖွဲ့က ပတ္တယားမြို့၏ အဓိကကမ်းခြေဝန်းကျင်၌ ကင်းလှည့်မှုများ အားဖြည့်လုပ်ဆောင်ရန်စီစဉ်နေပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း စီးနင်းမှုများ ပြုလုပ်ခဲ့ရာ ပြည့်တန်ဆာလုပ်ငန်းပြုလုပ် သူအဖြစ်ယူဆရသူ ၄၀ မှ ၅၀ အထိကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာလုပ်ငန်းမှာ တရားမဝင်လုပ်ငန်း ဖြစ်သော်လည်း ဗန်ကောက်နှင့် ပတ္တယားအပါအဝင် အဓိက ခရီးသွားလုပ်ငန်း နယ်မြေများ၌ လိင်ဖျော်ဖြေရေးလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် တွေ့မြင်နိုင်သည်။ သို့ရာတွင် ပတ္တယားမြို့သို့ ရောက်ရှိနေစဉ်တွင်ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ် တင်သင်္ဘောပေါ်မှ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးချင်းအနေဖြင့်တစ်ရက်လျှင် ဘတ်ငွေ ၁၀၀၀မှ ၃၀၀၀ အထိ (အမေရိကန်ဒေါ်လာ ၃၀ မှ ၉၁ ဒေါ်လာ)အထိ သုံးစွဲဖွယ်ရှိရာ ပတ္တယားမြို့၏ စီးပွားရေးကို ရေတိုအားဖြင့် အထောက်အကူပေးနိုင်ကြောင်း ထိုင်းတာဝန်ရှိသူ များက ပြောကြားထားသည်။ ရက်ပေါင်း ၂၅၀ ကျော်ကြာရက်ပေါင်း ၂၅၀ ကျော်ကြာယူအက်စ်အက်စ်အေဘရာ ဟင်လင်ကွန်းလေယာဉ်တင် သင်္ဘောသည် ပင်လယ်ပြင်၌ ရက်ပေါင်း ၂၅၀ ကျော်ကြာ စစ်ဆင်ရေးတာဝန်များ ရယူခဲ့ရသည် ဖြစ်ရာ ရေတပ်သားများအကြား စိတ်ကျန်းမာရေး ပြဿနာများနှင့် ထောက်ပို့ပြဿနာများရှိလာကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️နီပေါကယ်ဆယ်ရေးအဖွဲ့များ ဝေးလံသောနေရာများ ရောက်ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြန်ပေးနိုင် လူသေဆုံးမှုနှင့်ပျက်စီးမှုများ ကြီးကျယ်ခဲ့သော ကြောက်မက်ဖွယ်ရာ ရေကြီးမှုကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်နီးပါး ကြာမြင့်လာချိန်တွင် နီပေါကယ်ဆယ်ရေး အဖွဲ့များသည် ဝေးလံသောဒေသများသို့ ရောက်ရှိရန် ယာယီတံတားများ ဆောက်လုပ်ခဲ့ပြီး ဟိမဝန္တာရှိ ရေအားလျပ်စစ်စီမံကိန်းများတွင် ရာနှင့်ချီသော ပိတ်မိနေကြသူ ပျောက်ဆုံးနေသူများအား ရှာဖွေ ကယ်ဆယ်ရန် တူးဖော်ရှာဖွေမှုများ လုပ်ဆောင်နေကြသည်။ အကြီးအကျယ်ပျက်စီးနေသော ရေအားလျှပ်စစ်စီမံကိန်း နေရာများတွင် ပိတ်မိနေသူပေါင်း ၆၀၀ ခန့် ရှိနေသေးကြောင်း သိရချိန်မှာပင် ရေကြီးရေလျှံမှု ဖြစ်ခဲ့သော ဒေသများမှ လူပေါင်း ၁၁၀၀၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး အချို့ဒေသများသို့ လျှပ်စစ်ဓါတ်အားတိုင်များ ဆက်သွယ်ရေးတာဝါများကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း နီပေါဝန်ကြီးချုပ် ဘာလင်ဒါရှားက ပြောကြားသည်။ ရေကြီးမှုအတွင်း အနည်းဆုံးလူပေါင်း ၉၃၉ ဦး သေဆုံးခဲ့သည်ဟု ဝန်ကြီးချုပ် ရှားက ပြောကြားသည်။ နီပေါနိုင်ငံသားထောင်ပေါင်းများစွာက နေအိမ်များ၊ မိသားစုများ၊ ချစ်ခင်ရသူများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ကြပြီး အစိုးရကလည်း ၎င်းတို့ ခံစားနေရသည့် ကြီးကျယ်သည့် နာကျင်မှုကို စာနာနားလည်ပါကြောင်း ရှေ့တွင်လည်းသူတို့၏ နာကျင်ခံစားရမှုများကို ပံ့ပိုးကူညီးပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြင့် ပုံမှန်ဘဝများဆီ ပြန်ရောက်ရေး ကူညီသွားကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှားက ဆက်ပြောသည်။ ရေကြီးမှုဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသော နူဝါကော့ ဒေသသို့ သွားသောလမ်းများကို ကယ်ဆယ်ရေးအဖွဲ့များက ပြန်ဖွင့်ပေးနိုင်ပြီဖြစ်ကာ ကယ်ဆယ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရန် ပံ့ပို့‌ပေးခဲ့သည်ဟု ရှားက ဆက်ပြောသည်။ နူဝါကော့ ခရိုင်မှ နေအိမ်တစ်လုံးတွင် အလောင်း ၂၄ လောင်းကို တွေ့ရှိခဲ့သည်ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဘီပင်ရက်မီ က ပြောသည်။ “ကျွန်တော်တို့ နယ်မြေအသစ်တွေကို ရောက်ပြီး အလောင်းတွေ ထပ်တွေ့နေတယ်” ဟု ရက်မီက ရိုက်တာသတင်းဌာနကို ပြောသည်။ ကပ်ဘေးဆိုက်ပြီးနောက် နီပေါနိုင်ငံသို့ ဒေါ်လာ ၄၂ သန်း ကျော် အကူအညီများ ဝင်ရောက်လာခဲ့ပြီး ထပ်မံရောက်ရှိလာမည်ဦးဟုလည်း မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်ရှားက ဆက်ပြောသည်။ နီပေါနိုင်ငံ၏ တစ်ဖက်တစ်ချက်တွင် ရှိသော အိန္ဒိယနှင့် တရုတ်နိုင်ငံမှ အဖွဲ့များလည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်လာကြပြီး ဝေးလံသော နေရာများသို့ သွားရောက်နိုင်ရန် ဘေလီတံတားများထိုး၍ ကူညီမှုများလည်း ပါဝင်သည်။ ရေအားလျှပ်စစ်လုပ်ငန်းခွင်များမှ လူပေါင်း ၂၇၉ ဦးကို ကယ်ဆယ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ရှားက ပြောကြားသော်လည်း ထိုစီမံကိန်းများတွင် လုပ်ကိုင်နေသူ ၁၀၀၀ နီးပါး ရှိသည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

‎◾️ပဲခူး၌ ဆီဘောက်ဆာကားမီးလောင် ‎ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၌ ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ကွန်တိန်နာကားနှင့်ဆီဘောက်ဆာကားတိုက်မိပြီး မီးလောင်မှုဖြစ်ပေါ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ‎ ‎မန္တလေးမှရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာကားသည် ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော ဆီဘောက်ဆာကားနှင့်တိုက်မိပြီး ကွန်တိန်နာကားတိမ်းမှောက်ခဲ့ကြောင်း၊ ဆီဘောက်ဆာကားမှာ တိမ်မှောက်ခြင်းမရှိသော်လည်း ဆီကန်ပေါက်ပြီးမီးလောင်ခဲ့ကြောင်းသိရသည်။ ‎ ‎"ကွန်တိန်နာကားကဆီဘောက်ဆာကားကို သွားတိုက်မိတာ။ ဆီဘောက်ဆာကားကရှောင်လိုက်တာ ကားခေါင်းကိုမတိုက်မိဘဲနောက်ကဆီကန်ကိုတိုက်မိသွားတာ။ အဲဒီမှာဆီတွေကမြေပေါ်ကျပြီး မီးလောင်တာ အနီးကဘုန်းကြီးကျောင်းဝင်းထဲကအဆောင်တစ်ခုမီးလောင်သွားတယ်" ဟု တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎အဆိုပါမီးလောင်ရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ် များ၊ လူမှုကူညီရေးအသင်းမှသူများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင်မီးငြိမ်းကြောင်း သိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - mfsd

◾️ဗင်နီဇွဲလားမှရရှိမည့် ရေနံများကို အရန်ရေနံပိုင်ဆိုင်မှုအား ဖြည့်တင်းရာတွင်သုံးစွဲမည် ဗင်နီဇွဲလားနိုင်ငံနှင့် ပြီးခဲ့သည့် ရက်များအတွင်း ရယူခဲ့သော သဘောတူညီချက်အရ ရရှိမည့် ရေနံများကို အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန် ရေနံများကို ပြန်လည် ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့ဈေးကွက်များအတွင်းသို့ ရေနံများ ဝင်ရောက်မှု၊ ပြတ်တောက်မှုများနှင့် လောင်စာ ဆီဈေးနှုန်းမြင့်တက်လာမှု ပြဿနာများကို တုံ့ပြန်ရေးအတွက်ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် အရန်ရေနံများကို ထုတ်ယူ သုံးစွဲ ခဲ့ရသည်။ သို့ရာတွင် ဩဂုတ် ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ ပိုင်ဆိုင်ထားသောရေနံသိုက်ငါးပုံတစ်ပုံကိုထိန်းချုပ်ခွင့်ရယူနိုင်သည့်သဘောတူညီချက်တစ်ရပ်ကို ဗင်နီဇွဲလားအစိုးရနှင့် ရယူနိုင်ခဲ့သည်။ အထက်ပါသဘောတူညီချက်အရ ဗင်နီဇွဲလားနိုင်ငံမှ ထုတ်ယူရရှိမည့်ရေနံများကို ပမာဏ လျော့ပါးလာသော မဟာဗျူဟာမြောက် အရန် ရေနံ ပိုင်ဆိုင်မှုကို ပြန်လည်ဖြည့်တင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်ပေါ်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ထုတ်ယူသုံးစွဲခဲ့ရသော ရေနံပမာဏကြောင့် အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အရန်ရေနံပိုင်ဆိုင်မှု ပမာဏမှ ဩဂုတ် ၂၁ ရက်တွင် စည်ပေါင်း သန်း၂၉၀ ခန့်သာကျန်ရှိတော့သည်။ ကိုးကား-ရိုက်တာ