cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Kyaw Swar

Kyaw Swar49111@@@

نمایش بیشتر
پست‌های تبلیغاتی
160 304
مشترکین
+64524 ساعت
+4 2887 روز
+8 70930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Repost from Ko Thet
Photo unavailableShow in Telegram
ဇွန်လ တတိယပတ် ၂၁-၆-၂၀၂၄ ရက်မှ ၃၀-၆-၂၀၂၄ ထိ ========================== ၁၀ရက်တာ ကာလအတွင်း တပ်မတော်နှင့် PDFနှင့် အခြားလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲများတွင် တပ်မတော်မှ အကျိုးအမြတ်ရရှိမှု။ - ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သည့် သံတွဲ၊ မောင်တော၊ မတူပီ၊ ကျောက်မဲ၊ နောင်ချို တိုက်ပွဲကြီးများတွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ Drone Team အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ အတုံးအရုံး ကျဆုံးမှု များပြားသော်လည်း ၎င်းတို့မှ အလောင်းကောက်အဖွဲ့များဖြင့် ပြန်လည်သယ်ဆောင်သွားခြင်း၊ မိမိတပ်များမှ မြေပြင်တွင် နယ်မြေရှင်းလင်းမှု အပြည့်အဝ မလုပ်နိုင်ခြင်းကြောင့် ရန်သူ့အလောင်းလက်နက်ရရှိမှု အထောက်အထား ဓာတ်ပုံများ မရရှိခဲ့သဖြင့် ထည့်သွင်း ဖော်ပြထားခြင်းမရှိပါ။ - အလောင်း၊ လက်နက် ဓာတ်ပုံမှတ်တမ်းများ ရရှိသည့် အရေအတွက်ကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ပုံများကြည့်ရှုလိုပါက အောက်က ချန်နယ်မှာ သွားကြည့်လို့ရပါတယ်။ (၁) https://t.me/combatnews7723/4123 - (၂) https://t.me/combatnews7723/4133 - (၃) https://t.me/combatnews7723/4143 - (၄) https://t.me/combatnews7723/4153 - (၅) https://t.me/combatnews7723/4163
نمایش همه...
👍 68💩 9🥱 5 4 2🤡 2
အနှစ် ၃၀လောက်ဖြစ်မဲ့ ရေရှည်စစ်ပွဲမှာ အနိုင်/အရှုံးက ပြောဖို့ စောပါသေးတယ်။ ၁၉၄၉ခုနှစ်မှာ တောခို တဲ့ ဗကပ ဟာ ၁၉၉၀ပြည်နှစ်လောက်မှ ချုပ်ငြိမ်းတယ်။ နှစ်ပေါင်း ၄၀ကျော် ကြာခဲ့တယ်။ ၂၀၂၁ခုနှစ်မှာ တောခို သူပုန်ထတဲ့ Nld ပါတီ ကလည်း အဲ့လောက်ကြာကြာ နှိမ်နင်းရ မှာပဲ။ ဘယ်လိုသွားမှာလည်း ဆိုတော့ ဒီလိုပဲ သွားနေမှာပဲ။ တပ်မတော် မှာ လုပ်ဆောင်ရမည့် အလုပ် တွေ ပိုများလာခဲ့တယ်။ နောင် ပြည်သူက ရွေးချယ်တင်မြှောက် စော အစိုးရ တက်လာရင်လည်း ဒီ nldနဲ့ ပြည်တွင်းသောင်းကျန်းသူ ပြဿနာက ပြီးသွားမှာ မဟုတ်ပါဘူး။ မြန်မာပြည်အနာဂတ် ခရီးလမ်းက ကြမ်းတမ်း နေအုံးမှာပါ။ Nld နိုင်ငံရေးမျိုးပြတ် ပြီး သောင်းကျန်းသူ ချုပ်ငြိမ်းဖို့ ဆိုတာက ဟက်ချလောင်း နဲ့ မရပါဘူး။ အချိန်တွေပေးရအုံးမှာ ဖြစ်သလို အသက်သွေးချွေးတွေ လည်း ဆုံးရှုံးကြရ အုံးမှာ ဖြစ်ပါတယ်။
نمایش همه...
👍 567💩 31🥱 23 16😢 14💯 10🙏 7🤩 6🌭 4👌 3🤗 3
00:40
Video unavailableShow in Telegram
တိုင်းချစ်ပြည်ချစ်စိတ်၊အချုပ်အခြာအာဏာကိုဖြတ်နိုးတာ အမျှော်အမြင်ရှိတာ၊ ကိုယ်ကျင့်သိက္ခာမြင့်မြတ်တာ တွေ လိုအပ်သည်။
نمایش همه...
7.70 MB
👍 399 68💩 35🥱 10🙏 4🤡 1💊 1
တိုက်ပွဲသတင်း(ဖယ်ခုံ) ဇူလိုင် ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ==================== ရှမ်းပြည်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ၎င်းဖြစ်စဉ်တွင် အကြမ်းဖက်များထံမှ- -KNDF ၁ လောင်း -အမ်)၄_ ၁ လက် -ကျည်အိမ် ၁ ခု ကျည် ၁၀ တောင့် သံပိုက်လုံး ၃ လုံး သိမ်းဆည်းရမိခဲ့။ #တိုက်ပွဲသတင်းစုံ
نمایش همه...
👍 477👏 45 20🤩 4🥱 4🕊 3 1
ဗန်းမော်မြို ရေကြီးကယ်ဆယ်ရေး အချိန်နဲ့တပြေးညီ ပြင်ဆင်ကယ်ဆယ်ဆောင်ရွက်
نمایش همه...
👍 496 89🙏 24💩 7🤔 4🥰 3👻 3
1-7-2024 ည၁၁နာရီအချိန် ရေတာရှည်မြို့နယ်ဒိုးတန်းအုပ်စုတခွဲကျဲရွာနေကိုမောင်အေး(ဘ)ဦးတင်မောင်အသက်၄၅နှစ်ဝန်းကျင်အားknu/pdfအဖွဲ့မှလက်ပြန်ကြိုးတုတ်လည်ပင်းဓားဖြင့်လှီး၍သတ်သွားပြီး သေနတ်များလည်းဖောက်သွားကြောင်း အင်အား၄၀ ကျော်ရှိ၍ကွမ်းအုံရွာဘက်သို့ထွက်သွားကြောင်းကနဦးသတင်းရတင်ပြအပ်ပါသည်။
نمایش همه...
😢 305🤬 177👍 79 9🔥 6😱 3 1👏 1
နိုင်ငံတော်အလံ မလဲစေရန် ဆောင်ရွက်နေကြသော တပ်မတော်သားများ နေရာဆီသို့ သင်တန်းဆင်းပြီးသား စစ်သည်များ လိုက်လံအားဖြည့် ကြပါစို့။ ငါတို့ နိုင်ငံတော် ပဲ့မထွက်သွားဖို့ ငါတို့ ထမ်းကြရမည် ... စစ်သည်တော်တို့။ ငါတို့ နိုင်ငံတော် မြေပုံကို ဘိုးဘေးတွေပေးခဲ့သည့်အတိုင်း အနာဂတ်လူငယ်များလက်ထဲကို ထည့်ပေးဖို့ စစ်ကိုနိုင်အောင်တိုက်ဖို့လိုပါသည် ... စစ်သည်တော်တို့။ “သင်းနိုင်ငံသား သူပုန်များ သံမှုန့်စားတောင် ဒို့ဓားမတုံးပြီ .... စစ်မြေပြင်လမ်းနောက်မဆုတ်တမ်း ချီတက်တိုက်ကြမည် အမျိုးအတွက် ... ငါတို့ တာဝန် နိုင်ငံ့အတွက် .. ငါတို့ တာဝန် ပြည်သူ့အတွက် .. ငါတို့ တာဝန်” မင်းထက်ကျော်ဇော (နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သား အရာရှိ/ စစ်သည် များ အား လက်တင်အလေးပြုရင်း သင်တန်းဆင်းစ စစ်မှုထမ်းအပတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ယူရေးဖွဲ့ပါသည်။)
نمایش همه...
👍 813 150💩 19🥱 6🤩 5🤔 2👏 1
နိုင်ငံ့အတွက် .. ငါတို့တာဝန် ပြည်သူ့ စစ်မှုထမ်း အမှတ်စဉ် (၁) သင်တန်းဆင်းခဲ့ချေပြီ။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့မြောက်မှ ကျူးကျော်သူ မြောက်သုံးကောင်သည် သူတို့ မွေးစားအဖေ EAOs နှင့် ပထွေး နိုင်ငံတစ်ခု၏ အကူအညီဖြင့် ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်ကာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာ မြို့တို့ကို ကျူးကျော်တိုက်ခိုက်သည်နှင့် ကြုံရပြန် သည်။ ၁၀၂၇ ခေါ် ပထမ အကြိမ် ကျူးကျော်စစ်အတိုင်း ရန်သူသည် ၂၀၂၁ ဖေ ၁ အရေး ကြောင့် အလကားပဲတင်းရရှိလိုက်သည့် PDF တွေ၏ အင်အား၊ ပထွေးနိုင်ငံကြီး၏ နည်းပညာ အကူအညီများဖြင့် အင်နဲ့အားနဲ့ တိုက်ခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျင်ဖြင့် ပြည်ထောင်စုနယ်မြေများအား သင်းတို့ နယ်မြေအဖြစ်ထပ်မံကြေညာနိုင်ရန်အတွက် လည်းကောင်း ပထွေးနိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက်လည်းကောင်း မရရ အောင်တိုက်မည့်သဘောပင်ဖြစ်သည်။ လက်ရှိ ကမ္ဘာ့မြေပုံပေါ်တွင်ရှိသော မြန်မာနိုင်ငံ မြေပုံသည် လွယ်လွယ်နှင့် ဖြစ်လာတာတော့မဟုတ်။ ဘိုးဘွားဘီဘင် ရှေးဗမာများအနေဖြင့် သွေးတွေ၊ ချွေးတွေ ပေးဆပ်ကာ စုစည်းထားခြင်းဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာ နိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် အင်ပါယာများသည် အလိုအလျောက် ပေါ်ထွန်း စုစည်းလာခြင်းမဟုတ်။ ဗမာ စစ်ဘုရင်များ၏ လက်ရုံးရည် ဖြင့်တိုက်ကာ စုစည်းထားရ သည့် အင်ပါယာဖြစ်သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှသည် ယနေ့ထိလဲ နိုင်ငံတော်၏ အစိတ်အပိုင်းအားလုံးမှာ အေးဆေးစွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမဟုတ်။ မြောက် မြားစွာသော တပ်မတော်သားများ၏ အသက်တွေ စွန့်လွှတ်စွန့်စားပြီးကာမှ ထိန်းသိမ်း ထားနိုင်ခဲ့ခြင်းဖြစ်သည်။ လွယ်လွယ်နှင့်မရခဲ့သည့် အချုပ်အခြာအာဏာမို့ ကျွန်တော်တို့ ၂၁ ရာစု မျိုးဆက် တွေလက်ထဲကျမှ ဆုံးရှုံးရသည်ဆိုခြင်းကား တကယ် နှလုံးနာစရာကောင်းလှသည်။ အရှေ့တောင်အာရှမြေပုံတွေထဲမှာ အင်မတန်မှလှပသည့် အမိမြေပုံ ကို နောက် မျိုးဆက် လူငယ်များလက်ထဲကို ပဲ့ကာရွဲ့ကာ ပေးကြမလားဆိုတာ မေးခွန်းဖြစ်လာချေပြီ။ မပေးပါ ..... မြန်မာဆိုသည့် စိတ်ရှိသည့် နိုင်ငံသားတိုင်း မပေးနိုင်ပါဆိုသည့် အဖြေ ကို ပေးကြမည်ဖြစ်သည်။ သို့သော် မပေးနိုင်ဘူးဆိုသည့် စကားလုံးတစ်လုံးတည်းနှင့်လဲ မပြီးသွားချေ။ လက်ကလဲ မပေးရအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မပေးရအောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း။ ဟုတ်ကဲ့ ... တပ်မတော် ကို အင်အား ရှိစေရန်အတွက် စစ်မှုထမ်းပေးခြင်း၊ စစ်မှုထမ်းဆောင်ရန် အခက်အခဲရှိသူများ မှာမူ တပ်မတော် ကို အင်အားရှိစေရန်အတွက် ထောက်ပံ့ပေးခြင်းတို့ဖြင့် ဝိုင်းဝန်းကြလျှင် တိုင်းပြည်၏ မည်သည့် အစိတ်အပိုင်းမျှ သင်းသူပုန်တွေ လက်ထဲရောက်စရာ အကြောင်း ကိုမရှိပါချေ။ အာဏာရရှိရေးကိုသာသိသည့် နိုင်ငံရေးသမားများ ၅ နှစ် အာဏာရရှိချိန်တွင် မြန်မာတို့၏ မျိုးချစ်စိတ်ကို ဘယ်လိုပဲ ပျက်ဆီးသွားအောင် ဖျက်ဆီးခဲ့ဖျက်ဆီးခဲ့ ဘိုးဘေး တွေ၏ သွေးများ ရစ်ပတ်စီးဆင်းလျက်ရှိသော မြန်မာလူငယ်များ၏ အမျိုးချစ်စိတ်မှာ ၁၀၂၇ ကျူးကျော်စစ်မှာ ဖုံးနေသောပြာများ လေနှင့်အတူ လွှင့်စင်သွားသကဲ့သို မီးဟုန်း ဟုန်းတောက်ကာ ပြန်လည်နိုးထလာတော့သည်။ အချိန်ကိုကိုက်ပြီး ထုတ်သလားတောင်မှတ်ရသည့် “ပြည်သူ့စစ်မှုထမ်း” ဉပဒေ ကလဲ ရေကန်အသင့်ကြာအသင့် ဖြစ်တည်လာတော့ တပ်မတော်တွင်းကို မျိုးချစ် လူငယ်များ တခဲနက် မိမိသဘောနှင့်အတူ ဝင်လာကြသည်။ စစ်မှုထမ်းဉပဒေနှင့် မပတ်သတ်ပဲ မိမိသဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်သူကလဲ ဝင်ကြသည်။ စစ်မှုထမ်းဟောင်းများမှလဲ တပ်မတော်တွင်း ပြန်လည် သတင်းပို့ကြသည်။ ပိုပြီး စိတ်အားတက်ဖို့ကောင်းသည်မှာ တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံခဲ့ရသူများ၊ ပြစ်ဒဏ်ကျခံနေဆဲသူများမှာလဲ တာဝန်ပေးအပ်ဖို့ တောင်းဆိုလာကြ သည်။ ဒါသည်ကား မြန်မာ စိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာ ဟူသည် မြန်လဲမြန်သည်။ မာလဲမာသည်ဆိုသည်။ မည်သည့် နိုင်ငံကိုမှကျူးကျော်လိုစိတ်မရှိသလို မိမိ နိုင်ငံကိုလဲ ကျူးကျော်လာလျှင် ငြိမ်ခံနေမည့် လူမျိုးမဟုတ်ကြ။ တိုင်းတစ်ပါးအားကိုးနှင့် အမိပြည်ထောင်စုမြေပုံကို ဖဲ့ထုတ်ရန် ဆောင်ရွက်လာ သည့် သင်းသူပုန်များနှင့် ရင်ဆိုင်ရန် အသင့်ရှိနေကြပြီဖြစ်သည်။ နောက်ဆုံးရထားသည့် သတင်းများအရ မိမိတို့ တပ်မတော်သားများသည် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာ တို့တွင် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ ကြံ့ကြံ့ခံခုခံနေကြောင်း သိရှိရ သလို ကျူးကျော်သူ သူပုန်များ အကျအဆုံးများလျက်ရှိကြသည်တဲ့။ ကျူးကျော်သူများ အားကိုးနေသည့် နိုင်ငံသည် မိမိတို့မြန်မာနိုင်ငံကို ဘိုးဘေး တွေခေတ်မှသည် ယခုထိ အနိုင်ယူခဲ့တာမရှိခဲ့။ ဆင်ဖြူရှင်မင်းတရား၏ ရွှေကြက်ယက် မှာ အလောင်းတွေထပ်အောင်တိုက်ခဲ့သည်မှအစ ၁၉၅၄ ဘုရင့်နောင်စစ်ဆင်ရေးဖြင့် ဝက်ဝက်ကွဲထွက်ပြေးရသည်ကအလယ် ယခု ကျူးကျော်စစ် အဆုံး သင်းတို့ကို ငါတို့၏ ဇာတိသွေး များပြကြရဖို့ တာဝန်ရှိလာချေပြီ။
نمایش همه...
👍 714 63💩 16🥱 9🥰 5🤩 5👏 1
၂-၇-၂၀၂၄ စဥ့်ကူး နွယ်ရုံ ရဲစခန်း ခု မနက် ၀၇၀၀ ထိ ​တောင့်ခံနိုင်ဆဲ ၊ ဧရာ တစ်ဖက်ကမ်း ​ကျောက်​မြောင်းတပ် မှ အ​မြောက်ပစ်ကူ ​လှမ်းပေး​နေ ၊ ပင်လယ်ကြီး စခန်း ​ရွှေပြည် စခန်းများလည်း ​ယမန်​နေ့ညတောင့်ခံနိုင် သကသ အဝိုင်းခံထားရဆဲ ။ သပိတ်ကျင်း ​ချောင်းကြီးစခန်း ​တောင့်ခံနိုင်ခြင်း ၊ ​လေ​ကြောင်းပစ်ကူ ထိ​ရောက်ခြင်း ၊ စစ်ကူ ပို့နိုင်ခြင်း​ကြောင့် စခန်းမကျနိုင်​တော့ပါ သကသ များ အထိနာ၍ အနည်းငယ် ​နောက်ဆုတ်သွား သိရ 🙂🙂🙂💪💪💪 ။
نمایش همه...
👍 749🙏 71 42💩 10🤡 5🥱 4🤗 3
Repost from Ko Thet
လက်ရှိ ကျနော် Ko Thet အသုံးပြုနေတဲ့ Social Media platform လေးတွေပါ ❤️❤️❤️ (၁) Ko Thet Andriod Application (စာဖတ်ရင်း ဖုန်းဘေလ်တွေပါ ရရှိနိုင်မယ့် အခွင့်အရေး) https://play.google.com/store/apps/details?id=com.kothet.kothet (၂) Ko Thet Telegram Channel (သတင်းထူး သတင်းဦးများ)( ရသ ဗီဒီယိုတွေလည်း တင်ထားပါတယ်) https://t.me/kothetjournalist9999 (၃) Ko Thet Viber Channel (သတင်းထူး သတင်းဦးများ) https://invite.viber.com/?g2=AQAx20ywiPYrd1HHR2l10uivvFQmg2BnACIscvVjOTAnx8EQ0WOtEM2eMOeLP2vc (၄) Ko Thet Youtube Channel https://www.youtube.com/channel/UCDF3svmxxUMAPFILhwFZkgA (၅) ပြည်သူ့စစ်မှုထမ်း https://t.me/pyithusitt (၆) တိုက်ပွဲသတင်းစုံ https://t.me/combatnews7723 (၇) Tiktok Acc https://www.tiktok.com/@kothet99999?is_from_webapp=1&sender_device=pc မိတ်ဆွေများအနေနဲ့ ဝန်းရံပေးကြပါဦး။ ❤️❤️❤️
نمایش همه...
Ko Thet - Apps on Google Play

Articles on Burmese politics; Other articles

👍 430 58💩 29🥰 5👏 3😢 1🥱 1👻 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.