fa
Feedback
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

رفتن به کانال در Telegram

You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019

نمایش بیشتر

📈 تحلیل کانال تلگرام Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲

کانال Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 (@educationalchannelmm) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 27 358 مشترک است و جایگاه 7 031 را در دسته آموزش و رتبه 5 315 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 27 358 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 30 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 938 و در ۲۴ ساعت گذشته برابر 42 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 13.38% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.08% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 659 بازدید دریافت می‌کند. در اولین روز معمولاً 1 664 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 12 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 01 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

27 358
مشترکین
+4224 ساعت
+1847 روز
+93830 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+5
در 0 کانال‌ها
سپتامبر '26
+953
در 0 کانال‌ها
Get PRO
اوت '26
+1 584
در 2 کانال‌ها
Get PRO
ژوئیه '26
+2 393
در 3 کانال‌ها
Get PRO
ژوئن '26
+3 693
در 5 کانال‌ها
Get PRO
مه '26
+1 810
در 3 کانال‌ها
Get PRO
آوریل '26
+1 391
در 4 کانال‌ها
Get PRO
مارس '26
+1 465
در 8 کانال‌ها
Get PRO
فوریه '26
+1 331
در 5 کانال‌ها
Get PRO
ژانویه '26
+1 987
در 4 کانال‌ها
Get PRO
دسامبر '25
+1 234
در 1 کانال‌ها
Get PRO
نوامبر '25
+1 166
در 1 کانال‌ها
Get PRO
اکتبر '25
+882
در 1 کانال‌ها
Get PRO
سپتامبر '25
+855
در 0 کانال‌ها
Get PRO
اوت '25
+997
در 0 کانال‌ها
Get PRO
ژوئیه '25
+1 245
در 0 کانال‌ها
Get PRO
ژوئن '25
+861
در 0 کانال‌ها
Get PRO
مه '25
+279
در 0 کانال‌ها
Get PRO
آوریل '25
+126
در 0 کانال‌ها
Get PRO
مارس '25
+180
در 0 کانال‌ها
Get PRO
فوریه '25
+188
در 0 کانال‌ها
Get PRO
ژانویه '25
+314
در 1 کانال‌ها
Get PRO
دسامبر '24
+353
در 0 کانال‌ها
Get PRO
نوامبر '24
+399
در 0 کانال‌ها
Get PRO
اکتبر '24
+293
در 0 کانال‌ها
Get PRO
سپتامبر '24
+318
در 0 کانال‌ها
Get PRO
اوت '24
+368
در 0 کانال‌ها
Get PRO
ژوئیه '24
+161
در 1 کانال‌ها
Get PRO
ژوئن '24
+217
در 0 کانال‌ها
Get PRO
مه '24
+228
در 0 کانال‌ها
Get PRO
آوریل '24
+170
در 0 کانال‌ها
Get PRO
مارس '24
+139
در 0 کانال‌ها
Get PRO
فوریه '24
+222
در 0 کانال‌ها
Get PRO
ژانویه '24
+115
در 0 کانال‌ها
Get PRO
دسامبر '23
+264
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
01 اکتبر+5
پست‌های کانال
2
ဆရာ/ဆရာမတွေက လေးစားဖို့မထိုက်တန်တော့ဘူးလား။ ပညာရေးက နတ်ကြီးတယ်။ ဆရာသမားကို မလေးစားရင် ဘယ်လောက်သင်သင် အလကားပဲ" ဆိုတဲ့ စကား ရှိပါတယ်။ ဒီဘက်ခေတ် TikTok ပေါ်မှာ ဆရာ၊ ဆရာမတွေကို ဝေဖန်တိုက်ခိုက်ကြတာတွေကို သိရလို့ မိဘတစ်ယောက်အနေနဲ့ ဒီကိစ္စလေးကို အလေးအနက် စဉ်းစားပေးစေချင်ပါတယ်။ မိမိရဲ့ သားသမီးကို တကယ်တော်ပြီး အောင်မြင်စေချင်ရင် မိဘကိုယ်တိုင်က ဆရာ၊ ဆရာမတွေပေါ် ထားတဲ့ သဘောထားက အဓိကကျပါတယ်။ 📌 ၁။ အိမ်မှာ ဆရာကိုအပြစ်ပြောနေရင် ကလေးက ကျောင်းမှာ စာမရတော့ဘူး။ ကလေးတွေက မိဘလုပ်တာ အတုယူတတ်တာပါ။ အိမ်မှာ မိဘကိုယ်တိုင်က ဆရာ့ကို နိမ့်ချပြောဆိုရင် ကလေး ကလည်း ဆရာ့ကို မလေးစားတော့ပါဘူး။ ဆရာ့ကို မကြောက်၊ မရိုသေးတဲ့ ကလေးဟာ အတန်းထဲမှာ စာကို အာရုံစိုက်မှာ မဟုတ်သလို၊ ဆုံးမတာလည်း နားထောင်မှာ မဟုတ်ပါဘူး။ ရလဒ်ကတော့ မိမိကလေးပဲ ပညာရေး ထိခိုက်သွားရုံရှိပါတယ်။ 📌 ၂။ ဆရာဆိုတာ စာတင်မကဘူး၊ "လူဖြစ်အောင်" ပါ သင်ပေးတာ ဆရာ၊ ဆရာမတွေက စာအုပ်ထဲက စာတွေကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။ ကလေးတွေ အများနဲ့ဆက်ဆံတတ်ဖို့၊ စည်းကမ်းရှိဖို့နဲ့ လူလောကမှာ တည်တည်မတ်မတ် လျှောက်တတ်ဖို့ စာသင်ခန်းထဲကနေ လေ့ကျင့်ပျိုးထောင်ပေးနေတာပါ။ မိဘတွေ အလုပ်ရှုပ်နေချိန်မှာ မိမိတို့ရင်သွေးတွေကို ဒုတိယမိဘလို ပြုစုပျိုးထောင်ပေးနေတဲ့ ဆရာတွေရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ 📌 ၃။ ဆရာတွေလည်း လူသားပဲမို့ အမှားရှိနိုင်ပါတယ် ဆရာတွေလည်း လူသားထဲက လူသားမို့ တစ်ခါရံ စိတ်ဖိစီးတာ၊ အနည်းငယ် အမှားအယွင်း ရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တပည့်ကို ပျက်စီးစေချင်တဲ့ စေတနာမျိုး ဆရာမှာ လုံးဝရှိပါတယ်။ ဆရာမှာ လိုအပ်ချက်ရှိရင်တောင် ကလေးရှေ့မှာ အော်ဟစ်ရန်တွေ့မယ့်အစား သီးသန့် တွေ့ဆုံညှိနှိုင်းတာက အကောင်းဆုံးပါ။ မိဘများသို့ မေတ္တာရပ်ခံချက် 🙏 ကလေးတစ်ယောက် လမ်းမှန်ရောက်ဖို့ဆိုတာ အိမ်က "မိဘ" နဲ့ ကျောင်းက "ဆရာ" နှစ်ဦးနှစ်ဖက် လက်တွဲမှ ရတာပါ။ ဆရာ၊ ဆရာမတွေကို လှိုက်လှိုက်လှဲလှဲ လေးစားတန်ဖိုးထားတဲ့ မိဘတွေရဲ့ သားသမီးဟာ ဘယ်တော့မှ မဖျက်ဆီးနိုင်တဲ့ အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။
2 579
3
ဒေါက်တာဘွဲ့၊ မဟာဘွဲ့တို့ကို ဆက်လက်လေ့လာမည့်သူများအတွက် တန်ဖိုးရှိသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များကို စုစည်းပေးလိုက််ပါတယ်။ အရင်တုန်းကတော့ ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပဲ မျှဝေခဲ့တာပါ။ အခုတော့ အခြားသူတွေရော အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ SYB 2023 (Part-1).pdf https://drive.google.com/file/d/1Um5_MMXU6MwUOK3v-y4Gxf3NuIi9sIlr/view?usp=sharing SYB 2023 (Part-2).pdf https://drive.google.com/file/d/1NBnJ4yH4FO1rA80w9XQxBJPnHoO4Ab1H/view?usp=sharing SYB 2023 (Part-3).pdf https://drive.google.com/file/d/1DdOEBMKNWj5xF012PrbFKCkaUA2KpoR6/view?usp=sharing SYB 2023 (Part-4).pdf https://drive.google.com/file/d/1VXlKP6vcSK2snqyY64uIcJEDvNi918M3/view?usp=sharing SYB 2023 (Part-5).pdf https://drive.google.com/file/d/1OGiAHwIoccGEsKTvYs9A6BLXiPETe-3y/view?usp=sharing Year Book 2022.pdf https://drive.google.com/file/d/1wsMxr4vCWWRtU90fFGPrVjbAdlgibD-a/view?usp=sharing Year Book 2021.pdf https://drive.google.com/file/d/1YEzoPib_VL4CdzyfDEWKu5EDnkACX-sY/view?usp=sharing Year Book 2020.pdf https://drive.google.com/file/d/1zud38yowRDheisqsKYCQtqvuibgASo5U/view?usp=sharing Year Book 2019.pdf https://drive.google.com/file/d/1kHNo9fhUsoTE0bsYJ37xAgKGonp4FRNj/view?usp=sharing Year Book 2018.pdf https://drive.google.com/file/d/1FwH90uuPeVZ1qGCFCr6lexCMmigJQPE3/view?usp=sharing Year Book 2017.pdf https://drive.google.com/file/d/1Dms0N9tYwiEdRnPhaTvRYkwiOa0Fre4k/view?usp=sharing Year Book 2016.pdf https://drive.google.com/file/d/1LYqqLedCMYmOxVIzKFZuslYSDZhDBLKV/view?usp=sharing Year Book 2015.pdf https://drive.google.com/file/d/165msRCWstD2KmLEQYl0K2KAN77NwuUIb/view?usp=sharing SYB 2023 (Part-5)-1.pdf https://drive.google.com/file/d/1kM84v7XwE-WJuBTYou5_yH8tPlml9eyY/view?usp=sharing SYB 2023 (Part-4)-1.pdf https://drive.google.com/file/d/11nI8dSkuWMCFzK_wp59Xmaz6865ayaxr/view?usp=sharing SYB 2023 (Part-3)-1.pdf https://drive.google.com/file/d/17P1SDqV0hqMqqvcGUzuP_YIEdz867InY/view?usp=sharing SYB 2023 (Part-2)-1.pdf https://drive.google.com/file/d/152CL8KMRwhbnp1XhnKq55J2O_9fyo7LT/view?usp=sharing SYB 2023 (Part-1)-1.pdf https://drive.google.com/file/d/1cehbhvSbaFubfmFXnFkeZ9zsrAIrk-3P/view?usp=sharing MSYB 2024 - Part-3.pdf https://drive.google.com/file/d/1fVuo-DN-ysnDc28d799feRJhMsPjTkA2/view?usp=sharing MSYB 2024 - Part-2.pdf https://drive.google.com/file/d/1GAgO8vt35w9sY5oDDMBtNW_w9p7NCckQ/view?usp=sharing MSYB 2024 - Part-1-1.pdf https://drive.google.com/file/d/1nvzNKUWtYzzi8whZmEGiZfSylGbg_AI1/view?usp=sharing
3 653
4
+1
بدون متن...
3 697
5
"ကမ္ဘာတစ်ဝန်း နေရာအများအပြားမှာ အရင်က မကြုံဖူးတဲ့ အလွန်အမင်း အပူဒဏ်တွေကို ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ရေရှားပါးမှု စတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ ကျွန်ုပ်တို့ မြင်တွေ့ရမှာပါ။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေကို ဆက်လက် အသုံးပြုနေသမျှ ကာလပတ်လုံး အယ်လ်နီညိုရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုခက်ခဲလာစေမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ The Guardian သတင်းအား ဆီလျှော်အောင် ပြန်ဆိုထားပါသည်။ မှတ်ချက် ။ ။ မြန်မာနိုင်ငံသည် ထိခိုက်မှုအရှိနိုင်ဆုံး ၁၀ နိုင်ငံစာရင်းတွေ ပါဝင်ခြင်းမရှိပါ။ သို့သော် အယ်လ်နီညိုသက်ရောက်မှုနိုင်ငံထဲတွင် ပါဝင်နေသောကြောင့် မြင်သာအောင် အရောင်ခြယ်ပြသထားခြင်းသာ ဖြစ်ပါသည်။
3 465
6
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း၏ သက်ရောက်မှုများ ရှိနေသည့်အပေါ် ကြီးမားပြင်းထန်သော အယ်လ်နီညို (super El Niño) ကြောင့် အပူချိန်များ ထပ်မံမြင့်တက်လာကာ နိုင်ဂျီးရီးယားနိုင်ငံမှသည် အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာတစ်ဝန်းတွင် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက် အစီရင်ခံစာသစ်က ဖော်ပြလိုက်သည်။ ယင်းသေဆုံးမှုအရေအတွက်သည် လက်ရှိကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်နေသော သေဆုံးမှုများအပြင် ထပ်မံတိုးလာမည့် အရေအတွက်ဖြစ်သည်။ အင်ဒိုနီးရှားမှသည် အိန္ဒိယ၊ နိုင်ဂျီးရီးယားမှ အမေရိကန်အထိ ကမ္ဘာတစ်ဝန်းတွင် သက်ရောက်မှုရှိမည်ဖြစ်သည်။ ထို့အပြင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် မိုးခေါင်ရေရှားမှုများ၊ တောမီးလောင်ကျွမ်းမှုများနှင့် ရေကြီးရေလျှံမှုများကြောင့်လည်း နောက်ထပ် သေဆုံးမှုများစွာ ရှိလာနိုင်သည်ဟု မျှော်လင့်ရသည်။ သုတေသီများက အဆိုပါ အပူဒဏ်ကြောင့် သေဆုံးနိုင်ခြေကို ဒေသအလိုက် တွက်ချက်ထားခြင်းဖြစ်ပြီး ဤခန့်မှန်းချက်များအရ လူ့အသက်များကို ကယ်တင်ရန်အတွက် အကာအကွယ်ပေးရေး အစီအမံများကို မည်သည့်နေရာများတွင် ချမှတ်သင့်သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ၎င်းအစီအမံများတွင် ပိုမိုကောင်းမွန်သော အပူချိန်ခန့်မှန်းချက်များ၊ ပြည်သူများ ခိုလှုံနိုင်မည့် အအေးပေးစင်တာများ (cooling centres)၊ အပူပြင်းဆုံးအချိန်များတွင် ဆေးရုံဆေးခန်းများ၌ ဝန်ထမ်းအင်အား တိုးချဲ့ချထားခြင်းနှင့် ပြင်ပတွင် အလုပ်လုပ်ကိုင်သူများအတွက် အကာအကွယ်ပေးခြင်းတို့ ပါဝင်သည်။ လက်ရှိ ကမ္ဘာကြီးကို ပူနွေးစေလျက်ရှိသော အယ်လ်နီညိုသည် ယခင်က မရှိခဲ့ဖူးသည့် အမြင့်ဆုံး အပူချိန်စံချိန်ကို တနင်္လာနေ့က ချိုးဖျက်ခဲ့သည်။ ယင်းသည် မျှော်လင့်ထားသည့် အမြင့်ဆုံးအချိန်သို့ မရောက်မီ လအနည်းငယ်အလိုမှာပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအပူဒဏ်သည် ယခင်ဖြစ်စဉ်များထက် များစွာပိုမိုပြင်းထန်လှသောကြောင့် သိပ္ပံပညာရှင်များက ၎င်းကို "အံ့မခန်း (mind-blowing)" နှင့် "ဂေါ်ဇီလာအဆင့် (Godzilla-level)" ဟုပင် တင်စားခေါ်ဝေါ်နေကြသည်။ အယ်လ်နီညိုသည် သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်နိုင်သည်။ "လူပေါင်း ၄၅၁,၀၀၀ ဆိုတဲ့ ခန့်မှန်းချက်က အရမ်းများလွန်းလို့ ကြားလိုက်တာနဲ့ ထိတ်လန့်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ထဲမှာ မိဘတွေ၊ ကလေးတွေ၊ အဘိုးအဘွားတွေ၊ အိမ်နီးနားချင်းတွေ၊ အလုပ်လုပ်နေသူတွေ၊ မိသားစုကို စောင့်ရှောက်နေသူတွေနဲ့ သာမန်ဘဝကို ဖြတ်သန်းနေကြသူတွေ ပါဝင်နေပါတယ်" ဟု အစီရင်ခံစာကို ပူးတွဲရေးသားသူ ချီကာဂိုတက္ကသိုလ်၊ Climate Impact Lab ၏ ပူးတွဲတည်ထောင်သူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်း (Prof Michael Greenstone) က ပြောကြားခဲ့သည်။ လာမည့် ခြောက်လအတွင်း အဆိုးရွားဆုံး ထိခိုက်မည့် နိုင်ငံများမှာ အပူပိုင်းဒေသ နိုင်ငံများဖြစ်သည့် နိုင်ဂျီးရီးယား (လူ ၃၁,၃၂၀ ဦး)၊ အင်ဒိုနီးရှား (၁၉,၂၅၁ ဦး)၊ ဆူဒန် (၁၇,၄၃၀ ဦး)၊ အိန္ဒိယ (၁၅,၆၇၀ ဦး) နှင့် ဘရာဇီးလ် (၁၃,၂၇၁ ဦး) တို့ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည်လည်း ထပ်မံသေဆုံးနိုင်သူ ၃,၅၀၀ ဖြင့် အဆိုးရွားဆုံး ထိခိုက်နိုင်သည့် နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေသည်။ ပိုမိုကျယ်ပြန့်စွာကြည့်လျှင် အာဖရိကတိုက်ရှိ ဆာဟယ်လ် (Sahel) ဒေသနှင့် အရှေ့တောင်အာရှတို့သည်လည်း ကြီးမားစွာ ထိခိုက်နိုင်ခြေရှိသည်။ "ဒီနှစ်အတွင်း အရေးပေါ်တုံ့ပြန်မှုတွေကို တိုးမြှင့်တာနဲ့ ပစ်မှတ်ထားပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်တာတွေက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်" ဟု အစီရင်ခံစာ ပူးတွဲရေးသားသူ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) မှ ဒေါက်တာ တမ်မာ ကာလ်တန် (Dr Tamma Carleton) က ပြောသည်။ အယ်လ်နီညိုကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများကိုလည်း ထိခိုက်စေနိုင်ပြီး လူသန်းပေါင်း ၅၀ ခန့်ကို ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းဆီသို့ တွန်းပို့နိုင်ကာ ကုန်ဈေးနှုန်းများကို မြင့်တက်စေနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လတွင် သတိပေးထားသည်။ ၁၈၇၇-၁၈၇၈ ခုနှစ်က ဖြစ်ပွားခဲ့သော ကြီးမားသည့် အယ်လ်နီညိုဖြစ်စဉ်တွင် မိုးခေါင်ခြင်းနှင့် အစာရေစာပြတ်လပ်ခြင်းတို့ကြောင့် လူသန်း ၅၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယ၊ ဘရာဇီးလ်နှင့် တရုတ်နိုင်ငံတို့တွင် အဆိုးရွားဆုံး ခံစားခဲ့ရသည်။ အင်ပီရီရယ်လ် ကောလိပ် လန်ဒန် (Imperial College London) မှ ပရော်ဖက်ဆာ ဖရီဒါရစ် အော့တို (Prof Friederike Otto) က "လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ဟာ ရာသီဥတုစနစ်အတွင်း စွမ်းအင်တွေ အကြီးအကျယ် ပြောင်းလဲရွေ့လျားမှုဖြစ်ပြီး အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက လူသားတွေကြောင့် ပိုပူနွေးနေတဲ့ ရာသီဥတုစနစ်အပေါ် ထပ်မံသက်ရောက်နေလို့ပါပဲ" ဟု The Guardian သို့ ပြောကြားခဲ့သည်။
2 868
7
၂၀၂၇–၂၀၂၈ #ပညာသင်နှစ်မှာပညာရေးလောကအတွက်သမိုင်းဝင်အပြောင်းအလဲကြီးတစ်ခုလာတော့မလား? ၂၀၂၇–၂၀၂၈ ပညာသင်နှစ်အတွင်း အရင်က မတွေ့ကြုံခဲ့ဖူးတဲ့ ပညာရေးအပြောင်းအလဲကြီးတစ်ခု မကြာမီပေါ်ပေါက်လာတော့မယ် ဆိုတဲ့သတင်းစကားတွေ ထွက်ပေါ်နေပါတယ်။ဒီအပြောင်းအလဲက ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမတွေအပြင် ပညာရေးဝန်ထမ်းတွေအားလုံးအပေါ် သက်ရောက်မှုရှိလာနိုင်တဲ့အတွက် ကြိုတင်သိရှိထားပြီး ပြင်ဆင်သင့်တာတွေ၊ ဆောင်ရန်အချက်တွေ၊ ရှောင်ရန်အချက်တွေလည်း ရှိပါတယ်။သိရှိသမျှ သတင်းကို အသေးစိတ် မျှဝေပေးသွားပါမယ်။ ဒါပေမယ့် ဒီအပြောင်းအလဲဟာ အကောင်းဘက်ကို ဦးတည်သွားမလား၊ အခက်အခဲအသစ်တွေ ဖြစ်လာမလား ဆိုတာကတော့ အတိအကျသိရှိလာတဲ့အချိန်မှာပဲ သုံးသပ်နိုင်မှာပါ။ ကိုယ်တိုင်း သိရှိထားတဲ့ သတင်း အချို့ကို မျှဝေပေးပါမယ်။ #ပထမမျှဝေချင်တာအချက်— Grade 9 အကျစနစ် လက်ရှိပညာရေးမူဝါဒမှာ KG+9 ပြီးမြောက်ရေးနဲ့ ကျောင်းသားတွေ အတန်းတစ်ဆင့်ကနေ တစ်ဆင့်ကို အောင်မြင်စွာတက်ရောက်နိုင်ရေးကို အလေးထားနေပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒထဲမှာလည်း KG+9 ပြီးမြောက်ရေး၊ သင်ရိုးပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ဆရာအရည်အသွေးမြှင့်တင်ရေးတို့ ပါဝင်ပါတယ်။ ဒါကြောင့် Grade 9 ကို အတန်းတင်ပေးရုံမဟုတ်ဘဲ သင်ယူတတ်မြောက်မှုကို အလေးထားပြီး စစ်ဆေးအကဲဖြတ်မှု ပိုမိုတင်းကျပ်လာနိုင်မလား ဆိုတာ စောင့်ကြည့်ဖို့လိုပါတယ်။ လက်ရှိမှာ Grade 9 တတ်မြောက်မှုစစ်ဆေးခြင်းနဲ့ နှစ်ဆုံးစာမေးပွဲတွေကို ဆောင်ရွက်နေကြောင်းလည်း တရားဝင်သတင်းတွေမှာ တွေ့ရပါတယ်။ #ဒုတိယအချက် — ရာထူးတိုး၊ ပြောင်းရွှေ့နဲ့ ခန့်ထားမှုဒီအချက်က ဆရာ၊ ဆရာမတွေအတွက် အရေးကြီးဆုံးဖြစ်နိုင်ပါတယ်။၂၀၂၅ ခုနှစ်ကတည်းက အခြေခံပညာကဏ္ဍမှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့မူဝါဒတွေကို ပိုမိုပွင့်လင်းပြီး ထိရောက်အောင် ပြန်လည်သုံးသပ်ဖို့ ပညာရေးဝန်ကြီးဌာနဘက်က အစည်းအဝေးပြုလုပ်ထားတာ ရှိပါတယ်။ မူဝါဒတွေကို ဗဟို၊ တိုင်း/ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေအထိ အကောင်အထည်ဖော်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၇–၂၀၂၈ မှာ ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုး၊ ပြောင်းရွှေ့၊ တာဝန်ပေးအပ်မှုနဲ့ ခန့်ထားမှုစနစ်တွေမှာ ပြင်ဆင်မှုတွေ ဖြစ်လာနိုင်ခြေကို စောင့်ကြည့်သင့်ပါတယ်။ သို့သော် ဘယ်လိုပုံစံနဲ့ ပြောင်းမယ်ဆိုတာကို တရားဝင်ညွှန်ကြားချက် မထွက်မချင်း အတည်ပြုမပြောသင့်သေးပါဘူး။ #တတိယအချက် — လစာနဲ့ ချီးမြှင့်ငွေ ပညာရေးမူဝါဒထဲမှာ ဆရာ၊ ဆရာမများအတွက် additional remuneration ပေးရန် ဆိုတဲ့အချက် ပါရှိပါတယ်။ ထို့အပြင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေ ပေးအပ်မှု သတင်းလည်း ထွက်ရှိထားပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေရဲ့ ဝင်ငွေ၊ ချီးမြှင့်ငွေ၊ တာဝန်နဲ့ ရာထူးအလိုက် အကျိုးခံစားခွင့်တွေကို ပြန်လည်သုံးသပ်လာနိုင်မလားဆိုတာလည်း စောင့်ကြည့်ရမယ့်အချက်တစ်ခု ဖြစ်ပါတယ်။ #စတုတ္ထအချက် — သင်ရိုးနဲ့ စာအုပ်ပြင်ဆင်မှု ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်မူဝါဒမှာ သင်ရိုးကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဆိုတဲ့အချက် တိတိကျကျ ပါရှိပါတယ်။ လက်ရှိ KG မှ Grade 12 အထိ သင်ရိုးစနစ်ကို ဆက်လက်အကောင်အထည်ဖော်နေပြီး သင်ကြားရေး၊ လက်တွေ့ကျွမ်းကျင်မှုနဲ့ ဝေဖန်စဉ်းစားနိုင်စွမ်းတို့ကို အလေးထားထားပါတယ်။ ဒါကြောင့် ၂၀၂၇–၂၀၂၈ မှာ ဘာသာရပ်အကြောင်းအရာ၊ သင်ခန်းစာဖွဲ့စည်းပုံ၊ စာအုပ်အကြောင်းအရာ၊ လေ့ကျင့်ခန်းနဲ့ စစ်ဆေးအကဲဖြတ်ပုံတွေမှာ ပြင်ဆင်မှုတွေ ပါလာနိုင်ပါတယ်။ အကျဉ်းချုပ်ပြောရရင်— Grade 9 — အတန်းတင်/အကျစနစ်နဲ့ စစ်ဆေးအကဲဖြတ်မှု ဆရာ၊ ဆရာမ — ရာထူးတိုး၊ ပြောင်းရွှေ့၊ ခန့်ထားမှု ဝန်ထမ်းအကျိုးခံစားခွင့် — လစာ၊ ချီးမြှင့်ငွေ ကျောင်းသား — သင်ရိုး၊ စာအုပ်၊ သင်ကြားရေးစနစ် ဒီအချက်တွေဟာ ၂၀၂၇–၂၀၂၈ ပညာသင်နှစ်အတွက် စောင့်ကြည့်သင့်တဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။သတိပြုရမယ့်အချက်ကတော့ အထက်ပါအချက်တွေထဲက အချို့ဟာ လက်ရှိမူဝါဒနဲ့ ဆွေးနွေးမှုတွေကို အခြေခံထားတဲ့ သုံးသပ်ချက်တွေဖြစ်ပြီး ၂၀၂၇–၂၀၂၈ အတွက် တရားဝင်အမိန့်/ညွှန်ကြားချက် ထွက်ရှိပြီးသားလို့ မယူဆသင့်ပါဘူး။တကယ်တမ်း ဘာတွေပြောင်းမလဲဆိုတာကတော့ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ကြေညာချက်တွေ ထွက်လာတဲ့အခါမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။အဆိုးလား… အကောင်းလား… ဆရာ၊ ဆရာမတွေအတွက် အခွင့်အရေးပိုများလာမလား…ကျောင်းသားတွေအတွက် ပညာရေးအရည်အသွေး ပိုကောင်းလာမလား… မကြာခင် သိရတော့မှာပါ။ အောင်ကျော်ခင် (ပညာရေး) #တပည့်ကောင်း #ကျေးဇူးသိတတ်ခြင်း #ဆရာဆရာမများ #ကျေးဇူးတရား #ပညာရေးမူဝါဒ
2 316
8
အိမ်တွင်းဓာတ်ဆားပြုလုပ်နည်း+1
အိမ်တွင်းဓာတ်ဆားပြုလုပ်နည်း
2 440
9
တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါ မှတ်ပုံတင်မိတ္ထူလိုလား _ အချို့တက္ကသိုလ်များကို ဦးစားပေးလျှောက်တဲ့အခါ မှတ်ပုံတင်မိတ္ထူတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ ဘာတွေထုတ်ပေးမှာလဲ - - အမှတ်စာရင်း - တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ (၂)စုံ - တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ - သင်တန်းရွေးချယ်မှုကတ်ပြား - အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့် (ကျောင်းတွင်းဖြေ) - တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် - လျှောက်လွှာများထည့်ရန် စာအိတ် လျှောက်လွှာတင်သည့်အခါ အဆိုပါ စာရွက်စာတမ်းများကို စာအိတ်အတွင်း မဖြစ်မနေ ပြန်လည်ထည့်ပေးရပါမည်။ (လမ်းညွှန်စာအုပ်ကိုသေခြာဖတ်ပါ။) အကယ်၍ မိမိမှတ်ပုံတင်မရှိဘူး၊ လျှောက်ထားဆဲဖြစ်မယ်၊ ပျောက်ဆုံးဖြစ်နေမယ်ဆိုရင် မိမိမြို့နယ်ရှိ လ.ဝ.က ရုံးမှာ ထောက်ခံစာ ရယူရပါမယ်။
2 200
10
بدون متن...
1 787
11
ကိုရီးယားကျွန်းဆွယ်တဝိုက်က ပင်လယ်ပြင်တွေဟာ ဒီရာသီအတွက် ထူးထူးခြားခြား ပူနွေးနေဆဲပါ။ ဒါကြောင့် ကြမ်းတမ်းတဲ့ ဆောင်းဦးရာသီအတွက် တာဝန်ရှိသူတွေက စောင့်ကြည့်နေကြပါတယ်။ ဒီနှစ် ပစိဖိတ်အနောက်မြောက်ပိုင်းမှာ ပုံမှန်ထက် ပိုအားကောင်းတဲ့ မုန်တိုင်းတွေ ဖြစ်လာမယ်လို့ ခန့်မှန်းသူတွေက မျှော်လင့်နေကြပါတယ်။ ဘာလို့လဲဆိုတော့ အားကောင်းလာတဲ့ အယ်လ်နီညိုက မုန်တိုင်းတွေကို တားဆီးထားတဲ့ လေဖိအားကြီးရပ်ဝန်းကို အားပျော့သွားစေလို့ပါ။ ဂျပန်က ရက်စက်တဲ့ အပူရက်တွေ နဲ့ တိုင်ဖွန်းတွေအတွက် ပြင်ဆင် ဂျပန်နိုင်ငံဟာလည်း စူပါတိုင်ဖွန်းမုန်တိုင်းတွေ ဝင်ရောက်လာမယ့်အရေးကို ပြင်ဆင်နေပါတယ်။ ဒါဟာ အယ်လ်နီညိုနဲ့ လူတွေကြောင့်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှု ပေါင်းစပ်သွားတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အရင်တုန်းက အယ်လ်နီညိုဆိုတာ ဂျပန်မှာ နွေရာသီကို အနည်းငယ် အေးမြစေခဲ့ပါတယ်။ ဒါပေမဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာတဲ့အတွက် ပြောင်းပြန် အကျိုးသက်ရောက်မှု ဖြစ်လာပါတယ်။ ၂၀၂၃-၂၀၂၄ အယ်လ်နီညို နောက်ဆုံးဖြစ်ခဲ့ချိန်က နိုင်ငံရဲ့ နေရာအများစုမှာ စံချိန်တင် အပူချိန်နဲ့ စိုထိုင်းဆတွေကို ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ လက်ရှိ အယ်လ်နီညို စတင်ပြီးပြီးချင်း ဇူလိုင်လမှာတင် ဂျပန်မှာ ပထမဆုံး တရားဝင် ရက်စက်တဲ့ အပူရက် (ကိုကူရှိုဘီ) ကို စံချိန်တင်ခဲ့ပါတယ်။ အပူချိန်မြင့်တက်လာလို့ ကျန်းမာရေး ထိခိုက်နိုင်တာကို သတိပေးဖို့ ဧပြီလကတည်းက ဒီဂျပန်စကားလုံးကို မိတ်ဆက်ခဲ့တာပါ။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်တဲ့ရက်တွေကို ဆိုလိုတာဖြစ်ပါတယ်။ အခုဆိုရင် နွေရာသီအပူရှိန် လျော့ကျသွားချိန်မှာ ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေ ဝင်လာဖို့ နိုင်ငံက ပြင်ဆင်နေပါပြီ။ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်နဲ့ နေအိမ်တွေကို ကာကွယ်ဖို့ အစီအမံတွေ လုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။ တရားဝင် ဘေးလွတ်ရာပြောင်းရွှေ့ဖို့ သတိပေးချက်တွေကို လိုက်နာတာ၊ ရေနဲ့ အစားအသောက်တွေ စုဆောင်းထားတာမျိုးတွေ လုပ်ရပါမယ်။ တိုက်ခန်းတွေမှာ နေထိုင်သူတွေကိုလည်း ပန်းအိုးတွေနဲ့ ပရိဘောဂတွေကို သေချာချည်နှောင်ထားဖို့ ဒါမှမဟုတ် အိမ်ထဲသွင်းထားဖို့ တိုက်တွန်းထားပါတယ်။ မုန်တိုင်းတိုက်ချိန်မှာ အဲဒါတွေက အန္တရာယ်ရှိတဲ့ လွင့်စင်လာတဲ့ အရာတွေ ဖြစ်လာနိုင်လို့ပါ။ ဒီလထဲမှာ အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက အမျိုးသားအမြန်လမ်းတွေပေါ်က အန္တရာယ်များတဲ့ မြေအောက်လမ်းတချို့ကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ မိုးသည်းထန်ချိန်မှာ အဲဒီလမ်းတွေကို ကြိုတင်ပိတ်ထားမှာပါ။ မြေအောက်လမ်းတွေဆိုတာ ကားတွေ တခြားလမ်းတွေ ဒါမှမဟုတ် ရထားလမ်းတွေအောက်ကနေ ဖြတ်မောင်းနိုင်တဲ့ လမ်းတွေပါ။ ပြီးခဲ့တဲ့လက တိုကျိုမြို့အရှေ့ဘက် ချီဘာ စီရင်စုမှာ စံချိန်တင် မိုးရွာတုန်းက အဲဒီလိုမြေအောက်လမ်းထဲမှာ ကားသမားနှစ်ယောက် ပိတ်မိပြီး ရေနစ်သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဒီမြေအောက်လမ်းတွေက စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ Ref: The Guradian - ‘Forcing a reckoning’: How Asia is preparing for a ‘supersized’ El Niño
1 759
12
ကျားသစ်၊ ဆင်၊ မိကျောင်းနဲ့ ဆတ်တွေနေထိုင်ရာ ယာလာ အမျိုးသားဥယျာဉ်က ကမ္ဘာလှည့်ခရီးသည်သွားလာတဲ့ နေရာတွေကို အာဏာပိုင်တွေ မဖြစ်မနေ ပိတ်ထားရပါတယ်။ တိရစ္ဆာန်တွေ မသေစေဖို့ ရေသယ်ကားတွေနဲ့ ရေကန်တွေကို ရေဖြည့်ပေးနေရပါတယ်။ သီရိလင်္ကာ အရှေ့မြောက်ပိုင်းက Mullaithivu ရေကန်မှာတော့ ရေချိုမရှိလို့ ငါးထောင်ပေါင်းများစွာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနကတော့ ရေချိုထောက်ပံ့မှု ရပ်တန့်သွားနိုင်တဲ့ အခြေအနေအတွက် ပြင်ဆင်နေပါတယ်။ "ရေအရင်းအမြစ်တွေ ခန်းခြောက်သွားရင် ရေရနိုင်မယ့် တခြားနည်းလမ်း မရှိတော့ဘူး" လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီအခါ ကိုလံဘိုမြို့တော်ဟာ ပင်လယ်ရေကို သန့်စင်သုံးစွဲရတော့မှာပါ။ ဒါပေမဲ့ နိုင်ငံမှာရှိတဲ့ တစ်ခုတည်းသော ရေချိုသန့်စင်စက်ရုံကိုပဲ အားကိုးဖို့ဆိုတာကတော့ လက်တွေ့မကျပါဘူး။ အရှေ့တောင်အာရှရှိ စိုက်ပျိုးရေး အကျပ်အတည်းကို ဖြေရှင်းခြင်း အရှေ့တောင်အာရှမှာတော့ အယ်လ်နီညိုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ပေါင်းစပ်သွားပါတယ်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်နဲ့ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်တွေ ပြတ်တောက်နေပါတယ်။ ဓာတ်မြေသြဇာ ဈေးတွေလည်း တက်နေလို့ ဒီဒေသကို အကြီးအကျယ် ထိခိုက်စေပါတယ်။ တစ်ချိန်တည်းမှာပဲ မလေးရှားနဲ့ အင်ဒိုနီးရှားက ရာသီအလိုက် တောမီးတွေကြောင့် မီးခိုးမြူတွေ ဆိုးရွားနေပါတယ်။ မြို့တွေကို အသက်ရှူကျပ်စေပြီး အပင်တွေနဲ့ သစ်ပင်တွေကို ပျက်စီးစေပါတယ်။ ၂၀၂၃-၂၀၂၄ အယ်လ်နီညိုတုန်းကတော့ အရှေ့တောင်အာရှ အစိုးရတွေဟာ စိုက်ပျိုးချိန်တွေ ပြောင်းလဲတာ၊ ရေစီမံခန့်ခွဲတာတွေနဲ့ စိုက်ပျိုးရေး ထိခိုက်မှုကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအကျပ်အတည်းရဲ့ ပမာဏကို ကိုင်တွယ်ဖို့ အဲဒီဗျူဟာတွေက လုံလောက်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒေသတွင်း ဆန်အထွက်နှုန်းကလည်း ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ "စိန်ခေါ်မှုတွေက တစ်ခုပေါ်တစ်ခု ထပ်နေတဲ့အတွက် အခုအယ်လ်နီညိုက အရင်တစ်ခေါက်နဲ့ တူမယ်လို့ ကျွန်တော်တို့ မှတ်ယူလို့ မရပါဘူး" လို့ စင်ကာပူအခြေစိုက် ရာသီဥတုနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကျွမ်းကျင်သူ အယ်လီဆာ ကာရ် လူသာ က ပြောပါတယ်။ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ စားနပ်ရိက္ခာ ဈေးနှုန်း အပြောင်းအလဲဒဏ်ကို အထူးခံစားရလွယ်တယ်လို့ လူသာက ဆိုပါတယ်။ သူဟာ စင်ကာပူ ISEAS – Yusof Ishak Institute ရဲ့ အရှေ့တောင်အာရှ ရာသီဥတုပြောင်းလဲမှု အစီအစဉ်က ဧည့်သုတေသီ တစ်ဦးပါ။ "စင်ကာပူမှာဆိုရင် ကျွန်တော်တို့ ဝင်ငွေရဲ့ အများစုကို အစားအသောက်အတွက် မသုံးပါဘူး။ ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားလူမျိုးတွေ အတွက်ကျတော့ သူတို့ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုပြီး အစားအသောက်အတွက် သုံးရပါတယ်။ ဒါကြောင့် ဈေးတက်တာ မှန်သမျှက သူတို့ကို အလွန်အမင်း ထိခိုက်စေပါတယ်။" ကုန်ဈေးနှုန်းတွေ တက်လာလို့ လူတွေ မျှော်လင့်ချက်မဲ့ပြီး ဒေါသထွက်လာနိုင်ပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာ ဖူလုံရေးကို အမျိုးသားလုံခြုံရေး ပြဿနာတစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ လူသာက တိုက်တွန်းထားပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ လူမှုရေးတည်ငြိမ်မှုက စားနပ်ရိက္ခာဈေးနှုန်းပေါ် အများကြီး မူတည်နေတယ်လို့ သူမက ဆိုပါတယ်။ "ဆန်က ဒီဒေသရဲ့ အသက်သွေးကြောပါ" လို့ သူမက ပြောပါတယ်။ ဒီအတွက် ပြင်ဆင်တဲ့အနေနဲ့ အရှေ့တောင်အာရှ အစိုးရတွေနဲ့ လယ်သမားသမဝါယမအဖွဲ့တွေဟာ သဘာဝမြေဆီလွှာ ပြန်လည်ကောင်းမွန်စေတဲ့ စိုက်ပျိုးရေးစနစ်ကို အားပေးနေပါတယ်။ ပြီးတော့ ဇီဝဓာတ်မြေသြဇာတွေဆီ ကူးပြောင်းနေကြပါတယ်။ "ရာသီဥတု ပြောင်းလဲမှုက ကျွန်တော်တို့အပေါ် ဖိအားအရမ်းပေးနေတဲ့ အခြေအနေကို ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ လက်ရှိ ယိုင်နဲ့နေတဲ့၊ ဖွဲ့စည်းပုံမခိုင်မာတဲ့ စနစ်တွေကို ဖိအားပေးနေတာပါ" လို့ လူသာက ပြောပါတယ်။ "သဘာဝတရားကြီးက ကျွန်တော်တို့ကို သတိထား ရင်ဆိုင်ဖြေရှင်းဖို့ ဖိအားပေးလာပါလိမ့်မယ်။" တောင်ကိုရီးယားက အပူလှိုင်း သတိပေးစနစ်ကို ပြုပြင်မွမ်းမံ တောင်ကိုရီးယား အရှေ့တောင်ပိုင်းမှာ သမိုင်းတလျှောက် အခြောက်သွေ့ဆုံး ဇူလိုင်လကို ကြုံခဲ့ရပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ ရုတ်တရက် ပြောင်းလဲသွားပါတယ်။ အားပျော့နေတဲ့ မုန်တိုင်းစနစ်က ကိုရီးယား မိုးလေဝသစခန်းမှာ စံချိန်တင် အများဆုံး မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ပါတယ်။ အပူဒဏ်ကလည်း အရမ်းပြင်းထန်လို့ အာလူးတွေ မြေကြီးထဲမှာတင် "ပြုတ်လျက်သား" ဖြစ်သွားတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီဟာ ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူလှိုင်း သတိပေးစနစ်ကို ပြုပြင်မွမ်းမံခဲ့ပါတယ်။ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကို ရောက်တာနဲ့ အရေးပေါ်မဟုတ်တဲ့ ပြင်ပအလုပ်တွေကို ရပ်နားဖို့ အမြင့်ဆုံးအဆင့် သတိပေးချက်တစ်ခုကို ထပ်ပေါင်းထည့်ခဲ့ပါတယ်။ အပူဆုံးအချိန်တွေမှာ အိမ်ထဲမှာပဲနေကြဖို့ အစိုးရရဲ့ သတိပေးချက်တွေဟာ တနိုင်ငံလုံးက ဖုန်းတွေမှာ ရက်သတ္တပတ်ချီပြီး မြည်နေခဲ့ပါတယ်။
1 657
13
အငတ်ဘေးဆိုက်နိုင်တဲ့ စူပါအယ်လ်နီညို နဲ့ အာရှအစိုးရတွေရဲ့ ပြင်ဆင်မှုများ လက်ရှိ အာရှနိုင်ငံတွေရဲ့ အစိုးရတွေဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး ဖြစ်လာမယ့် စူပါ အယ်လ်နီညို (Super El Niño) ရာသီဥတုအတွက် အပြင်းအထန် ပြင်ဆင်နေကြရပါတယ်။ သန်းရာနဲ့ချီတဲ့ ပြည်သူတွေဟာ အပူလှိုင်း၊ မိုးသည်းထန်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို တပြိုင်နက်တည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသက အလွန်ပူနွေးတဲ့ သမုဒ္ဒရာရေပြင်ကြောင့် အယ်လ်နီညိုဟာ ပိုအားကောင်းလာပါတယ်။ လူတွေကြောင့်ဖြစ်ရတဲ့ ရာသီဥတုပြဿနာတွေကလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဒီနှစ်ကုန်ကနေ ၂၀၂၇ ခုနှစ်အထိ အယ်လ်နီညိုဟာ အလွန်အားကောင်းလာမယ်ဆိုတာ သေချာသလောက် ရှိနေပါတယ်။ ရာသီဥတုသိပ္ပံပညာတွေက ၂၀၂၇ ဖေဖော်ဝါရီလမှာဆိုရင် စူပါအယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာတဲ့ အပူဒဏ်ကြောင့် လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။ ဒီလို ပြင်းထန်လွန်းတဲ့ ရာသီဥတုကြောင့် လူသန်း ၅၀ လောက်ဟာ ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း "အယ်လ်နီညိုဟာ ကျွန်တော်တို့ မျက်စိရှေ့တင် ကြီးမားလာနေတယ်" လို့ ဒီလထဲမှာ ပြောခဲ့ပါတယ်။ တရုတ် နဲ့ ထိုင်ဝမ် ဩဂုတ်လ ၉ ရက်နေ့က ဟောင်ကောင်မှာ သမိုင်းတလျှောက် အပူဆုံးနေ့ကို ကြုံခဲ့ရပါတယ်။ အဲဒီနောက် အာဏာပိုင်တွေဟာ လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒတွေကို မဖြစ်မနေ ပြင်ဆင်ခဲ့ရပါတယ်။ အလွန်ပူပြင်းတဲ့ အချိန်တွေမှာ ကုမ္ပဏီတွေအနေနဲ့ အလုပ်ချိန် ပြောင်းလဲပေးဖို့ လိုပါတယ်။ ဝန်ထမ်းတွေကို အအေးပေးစက်တွေ၊ နားနေချိန်တွေ စီစဉ်ပေးရပါမယ်။ ဒီနိုင်ငံတကာ ငွေရေးကြေးရေး အချက်အချာနေရာမှာ အလုပ်ရှင်တွေအနေနဲ့ ပူအိုက်တဲ့အချိန် ဝန်ထမ်းတွေကို အကူအညီမပေးရင် တရားစွဲခံရနိုင်ပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ပြင်းထန်တဲ့ ရာသီဥတုအတွက် ပြင်ဆင်ဖို့ ရက် ၁၀၀ ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပါတယ်။ မိုးခေါင်တာနဲ့ မိုးကြီးတာလိုမျိုး ဆန့်ကျင်ဘက် အစွန်းရောက် အခြေအနေတွေကနေ သီးနှံတွေကို ကာကွယ်ဖို့ပါ။ ဘေဂျင်းအစိုးရဟာ ကြိုတင်သတိပေး စောင့်ကြည့်ရေးစနစ်တွေကို အဆင့်မြှင့်တင်ဖို့ စီစဉ်နေပါတယ်။ ပြီးတော့ ဇူလိုင်လမှာ အမျိုးသားအဆင့် စီမံကိန်းတစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ ရေကြီးမှုနဲ့ အပူဒဏ်ကို အခံရဆုံး နေရာတွေကို သိနိုင်ဖို့ 'ရာသီဥတုအန္တရာယ်ပြ မြေပုံများ' ရေးဆွဲကြဖို့ မြို့တွေကို တိုက်တွန်းထားတာပါ။ တချိန်တည်းမှာပဲ ထိုင်ဝမ်ကလည်း ဒီလိုပြင်းထန်တဲ့ ရာသီဥတုကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဒါမှမဟုတ် ငလျင်အတွက် လေ့ကျင့်သလိုမျိုး နည်းလမ်းတွေနဲ့ ပြင်ဆင်နေပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ ဒီကျွန်းနိုင်ငံလေးဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ၃ ရက်ဆက်တိုက် ဖြစ်ပေါ်မယ့် အခြေအနေကို ဇာတ်တိုက်လေ့ကျင့်ခဲ့ပါတယ်။ လူရာပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ မီးပျက်တာ၊ ရေပြတ်တာ၊ ရထားလမ်း ပြဿနာဖြစ်တာ၊ အဲယားကွန်း ပျက်တာနဲ့ အစုလိုက်အပြုံလိုက် အပူရှပ်တာတွေကို ဇာတ်တိုက်ခဲ့ကြတာပါ။ အစိုးရဟာ သူတို့ရဲ့ Cool Map လို့ခေါ်တဲ့ အွန်လိုင်းပလက်ဖောင်းကိုလည်း စမ်းသပ်နေပါတယ်။ ဒီစနစ်က အပူဒဏ်ခံရလွယ်သူတွေကို အဲယားကွန်းရှိတဲ့ အေးမြတဲ့နေရာတွေဆီ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယ နဲ့ သီရိလင်္ကာ တောင်အာရှတဝန်းမှာ အယ်လ်နီညိုက ဆိုးကျိုးတွေ ပေးနေပါပြီ။ အိန္ဒိယနိုင်ငံ တချို့နေရာတွေမှာ စက်တင်ဘာလအတွင်း မုတ်သုံမိုးရွာသွန်းမှု ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။ ဒါကြောင့် ဆန်၊ ပဲ၊ ဝါနဲ့ ပြောင်း စတဲ့ အဓိကသီးနှံတွေကို ထိခိုက်စေပါတယ်။ လာမယ့်လတွေမှာ သီးနှံအထွက်နှုန်း ကျဆင်းလာနိုင်တယ်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒါဟာ စားနပ်ရိက္ခာ ဈေးနှုန်းတွေကို မြင့်တက်စေနိုင်ပါတယ်။ ဆင်းရဲသားတွေနဲ့ အလယ်အလတ်တန်းစား မိသားစုတွေအတွက်တော့ အခုကတည်းက အခက်တွေ့နေရပါပြီ။ အိန္ဒိယအစိုးရဟာ အလွန်သတိထားတဲ့ ချဉ်းကပ်မှုမျိုးကို လုပ်ဆောင်နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီး ရှီဗရက်ဂျ် ဆင်းဂ် ချူဟန် ကတော့ ဒါကို "လယ်သမားတွေအတွက် အကာအကွယ်ဒိုင်း" လို့ တင်စားခဲ့ပါတယ်။ ထိခိုက်လွယ်တဲ့ ခရိုင်ပေါင်း ၃၅၀ ကျော်မှာ အာဏာပိုင်တွေက ရေထိန်းသိမ်းရေး အဆောက်အအုံတွေနဲ့ ရေလှောင်ကန်တွေကို တိုးချဲ့တည်ဆောက်နေပါတယ်။ လယ်သမားတွေကိုလည်း ရေလိုအပ်ချက်နည်းပြီး သက်တမ်းတိုတဲ့ ပဲမျိုးစုံနဲ့ ဆပ် လို သီးနှံတွေကို စိုက်ပျိုးဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ဒီဒေသမှာ အယ်လ်နီညိုရဲ့ အဆိုးရွားဆုံး သက်ရောက်မှုကို ခံနေရတာကတော့ သီရိလင်္ကာနိုင်ငံပါ။ မိုးမရွာဘဲ အပူချိန်တွေ အလွန်မြင့်တက်နေလို့ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဓိက ရေလှောင်ကန်တွေ ခန်းခြောက်သွားလို့ လူပေါင်း ၁၆၀,၀၀၀ ကျော် သောက်သုံးရေ ပြတ်လပ်နေပါတယ်။
2 286
14
ပညာရေးက နတ်ကြီးတယ်၊ ဆရာသမားကို မလေးစားရင် ဘယ်လောက်သင်သင် အလကားပဲ" ဆိုတဲ့ စကား ရှိပါတယ်။ ဒီဘက်ခေတ် TikTok ပေါ်မှာ ဆရာ၊ ဆရာမတွေကို ဝေဖန်တိုက်ခိုက်ကြတာတွေ သိပ်များလာလို့ မိဘတစ်ယောက်အနေနဲ့ ဒါလေးကို အလေးအနက် စဉ်းစားပေးစေချင်ပါတယ်။ မိမိရဲ့ သားသမီးကို တကယ်တော်ပြီး အောင်မြင်စေချင်ရင် မိဘကိုယ်တိုင်က ဆရာ၊ ဆရာမတွေအပေါ် ထားတဲ့ သဘောထား က အဓိကကျပါတယ်။ 📌 ၁။ အိမ်မှာ ဆရာ့အပြစ်ပြောရင် ကလေးက ကျောင်းမှာ စာမရတော့ဘူး ကလေးတွေက မိဘလုပ်တာ အတုခိုးတာပါ။ အိမ်မှာ မိဘကိုယ်တိုင်က ဆရာ့ကို နှိမ့်ချပြောဆိုရင် ကလေးကလည်း ဆရာ့ကို မလေးစားတော့ပါဘူး။ ဆရာ့ကို မကြောက်၊ မရိုသေတဲ့ကလေးဟာ အတန်းထဲမှာ စာကို အာရုံစိုက်မှာ မဟုတ်သလို၊ ဆုံးမတာလည်း နားထောင်မှာ မဟုတ်ပါဘူး။ ရလဒ်ကတော့ မိမိကလေးပဲ ပညာရေး ထိခိုက်သွားရုံပဲ ရှိပါတယ်။ 📌 ၂။ ဆရာဆိုတာ စာတင်မကဘူး "လူဖြစ်အောင်" ပါ သင်ပေးတာ ဆရာ၊ ဆရာမတွေက စာအုပ်ထဲက စာတွေကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။ ကလေးတွေ အများနဲ့ ဆက်ဆံတတ်ဖို့၊ စည်းကမ်းရှိဖို့နဲ့ လူ့လောကထဲမှာ တည့်တည့်မတ်မတ် လျှောက်တတ်ဖို့ စာသင်ခန်းထဲကနေ လေ့ကျင့်ပျိုးထောင်ပေးနေတာပါ။ မိဘတွေ အလုပ်ရှုပ်နေချိန်မှာ မိမိတို့ရင်သွေးတွေကို ဒုတိယမိဘလို ပြုစုပျိုးထောင်ပေးနေတဲ့ ဆရာတွေရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ 📌 ၃။ ဆရာတွေလည်း လူသားပဲမို့ အမှားရှိနိုင်ပါတယ် ဆရာတွေလည်း လူသားထဲက လူသားမို့ တစ်ခါတရံ စိတ်ဖိစီးတာ၊ အနည်းငယ် အမှားအယွင်း ရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တပည့်ကို ပျက်စီးစေချင်တဲ့ စေတနာမျိုး ဆရာ့မှာ လုံးဝမရှိပါဘူး။ ဆရာ့မှာ လိုအပ်ချက်ရှိရင်တောင် ကလေးရှေ့မှာ အော်ဟစ်ရန်တွေ့မယ့်အစား သီးသန့် တွေ့ဆုံညှိနှိုင်းတာကသာ အကောင်းဆုံးပါ။ မိဘများသို့ မေတ္တာရပ်ခံချက် 🙏 ကလေးတစ်ယောက် လမ်းမှန်ရောက်ဖို့ဆိုတာ အိမ်က "မိဘ" နဲ့ ကျောင်းက "ဆရာ" နှစ်ဦးနှစ်ဖက် လက်တွဲမှ ရတာပါ။ ဆရာ၊ ဆရာမတွေကို လှိုက်လှိုက်လှဲလှဲ လေးစားတန်ဖိုးထားတဲ့ မိဘတွေရဲ့ သားသမီးဟာ ဘယ်တော့မှ မဖျက်ဆီးနိုင်တဲ့ အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေဟာ အမြဲတမ်း လေးစားဂါရဝပြုဖို့ ထိုက်တန်သူတွေသာ ဖြစ်ပါတယ်။ ❤️ #မိဘနှင့်ပညာရေး #ဆရာ့ကျေးဇူး #သားသမီးရတနာ #ပညာရေး #ဆရာနှင့်တပည့် #TikTokEducation #TeacherRespect
3 521
15
https://youtube.com/playlist?list=PLDwnOiQUmdwQ&si=d0ajn6SaCY_rFHvu
3 590
16
https://youtube.com/playlist?list=PLBRvBmMzwE2g&si=_Vfi9WzMl09BTH13
3 646
17
"ဂုဏ်သိက္ခာ နှင့် မာန" 'ဂုဏ်သိက္ခာ' ဆိုတာ မိမိရဲ့ အကျင့်သီလ၊ မိမိရဲ့ စိတ်ထားဖြူစင်မှုပေါ်မှာ အခြေခံတာ။ ကိုယ့်ကိုယ်ကိုယ် လေးစားသလို သူတပါးကိုလည်း လေးစားတတ်တာ ဟာ ဂုဏ်သိက္ခာရှိတဲ့သူရဲ့ လက္ခဏာပဲ။ ဂုဏ်သိက္ခာရှိတဲ့ သူဟာ အမှားလုပ်မိရင် ဝန်ခံရဲတယ်၊ ပြင်ဆင်ရဲတယ်၊ အေးမြတဲ့ သဘောရှိပါတယ်။ 'မာန' ကတော့ အဲဒီလိုမဟုတ်ဘူး။ မာနဆိုတာ 'ငါ' ဆို တဲ့ အစွဲကို ရှေ့တန်းတင်ပြီး သူတပါးထက် သာချင်တာ၊ သူတပါးကို အထင်သေးတာ။ မာနရှိနေရင် စိတ်ဟာ အမြဲတမ်း တင်းမာနေတတ်ပြီး အမှန်တရားကို လက်ခံ ဖို့ ခက်ခဲသွားတတ်တယ်။ မာနကြီးတဲ့သူဟာ အမှားကို အမှားမှန်းသိရင်တောင် 'ငါ့အရှိန်အဝါ ပျက်မှာစိုးလို့' ဆို ပြီး ဇွတ်မှိတ်ငြင်းတတ်ကြတာပေါ့။ ဒါကြောင့် မာနဆို တာ ပူလောင်တဲ့သဘော ရှိပါတယ်။ မြတ်စွာဘုရားရှင်က မာနကို 'မဒ' (ယစ်မူးခြင်း) လို့ လည်း ဟောခဲ့တယ်။ ရာထူး၊ ဂုဏ်သိန်၊ ပညာတွေအပေါ် မှာ ယစ်မူးပြီး မာနတက်လာတဲ့အခါ လူဟာ အသိဉာဏ် ကွယ်သွားတတ်ပါတယ်။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ သူကတော့ 'ငါ့ဂုဏ်သိက္ခာ ညစ်နွမ်းမှာစိုးလို့ အကုသိုလ် ကို မလုပ်ဘူး' ဆိုတဲ့ အသိနဲ့ မိမိကိုယ်မိမိ စောင့်ရှောက် တယ်။ မာနသမားကတော့ 'ငါ့ကို ဘယ်သူမှ လာထိလို့မ ရဘူး' ဆိုတဲ့ အတ္တနဲ့ သူတပါးကို ပြန်ပြီး ထိခိုက်စေတတ် ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့သူဟာ မာနကို လျှော့ချပြီး ဂုဏ်သိက္ခာကိုတော့ မြှင့်တင်ရပါမယ်။ နှိမ့်ချတတ်တာ ဟာ မာနမရှိခြင်းရဲ့ အလှတရားဖြစ်သလို၊ စိတ်ထား ဖြူစင်တာဟာလည်း ဂုဏ်သိက္ခာရဲ့ အနှစ်သာရပဲ။ မိမိရဲ့ စိတ်ထဲမှာ 'ငါ' ဆိုတဲ့ အစွဲမပါဘဲ အမှန်တရားနဲ့အညီ ရှင်သန်နိုင်မှသာလျှင် ဘယ်သူက ဘာပြောပြော မိမိရဲ့ ဂုဏ်သိက္ခာဟာ ခိုင်မြဲနေမှာ ဖြစ်ပါတယ်။" (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
5 028
18
ဆရာ့ ဂုဏ်ရည် (၇)ရပ် ၁။ Talent. ...(အရည်အချင်း) ၂။ Educated. ...(ပညာ) ၃။ Active. ..(တက်ကြွ) ၄။ Clever. .(တော်) ၅။ Honest. ....(ရိုးသား) ၆။ Expert. .(ကျွမ်းကျင်) ၇။ Research. ....(ရှာဖွေ) "ကျယ်သုံးကျယ်'' -------------------------- ဆရာ၊ဆရာမ တစ်ယောက်ဖြစ်ရင် ၁။အသံကျယ်ရမယ်။ ၂။အမြင်ကျယ်ရမယ်။ ၃။အတွေးကျယ်ရမယ်။ ................ ၁။အသံမကျယ်ရင် ကလေးမကြားရပါဘူး။ ဒါကြောင့်မို့လို့ အသံအဟုန်မြင့် အတန်းတစ်တန်းလုံးကြားအောင် သင်ပေးကြပါ။တချို့ရှိကြပါတယ် လူပျို၊အပျိုဆိုတော့အသံ အကျယ်ကြီး မအော်ချင်ကြဘူး။ ရှက်လို့တဲ့😁 အသံမထွက်တာ တပည့်အားလုံး မကြားရရင် ဆရာရဲ့ အားနည်းချက်ပါပဲ။ ၂။အမြင်မကျယ်ရင် ဗဟုသုတ ပေးမရဘူး။ ကျွန်မတို့တွေက ကျောင်းဆရာ ဆရာမ တစ်ယောက်ဖြစ်တဲ့အတွက် အမြင်လည်းကျယ် ရမယ်၊ဗဟုသုတလည်း ကြွယ်ဝရမယ်။ဒီလိုဗဟုသုတမျိုးစုံကြွယ်နေမှ... ကိုယ့်ရဲ့စာသင်သားတပည့်လေးတွေကို....ဗဟုသုတ လက်ဆင့်ကမ်းမျှဝေနိုင်မှာ။ ကိုယ်မလုပ်နိုင်ရင်တောင် အသိတော့ မျှဝေ သင်ပြနိုင်ဖို့ လေ့လာပါ။ ၃။အတွေးမကျယ်ရင် ဘဝတစ်သက်စာ မပေးနိူင်ပါဘူး။ စာသင်သားတပည့်တွေ့ရဲ့ ဉီးနှောက့်ထဲကို ကောင်းတဲ့အတွေးတွေပဲ ထည့်ရမယ်။ ကောင်းတဲ့စကားကိုပဲ နားသွင်းရမယ်။ မကောင်းတဲ့အတွေး မကောင်းတဲ့စကား မကောင်းတဲ့အလုပ်ကို ကိုယ်တိုင်လဲ ဆင်ခြင် တပည့်တွေလဲ ရှောင်ရှားနိုင်ဖို့ အတွေးတွေ ထည့်ပေးရမယ်။ ဒါမှ လည်း သူတို့ရဲ့ ရှေ့ရေးဘဝတက်လမ်းမှာ လမ်းမှား မရောက်ကြမှာ။ Crd
5 116
19
+1
بدون متن...
4 253
20
“အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ - Together Against Corruption” ခေါင်းစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးက ကျင်းပပြုလုပ်မည့် လူငယ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူမှုကြော်ငြာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်း **************
4 124