သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ
📈 تحلیل کانال تلگرام သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ
کانال သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ (@textbook0912) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 30 483 مشترک است و جایگاه 6 356 را در دسته آموزش و رتبه 4 788 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 30 483 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 21 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 96 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 20.70% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.20% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 6 309 بازدید دریافت میکند. در اولین روز معمولاً 1 889 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 53 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“အတန်းလိုက်စာအုပ်များနှင့်ဆရာကိုင်များစုစည်းတင်ပြထားပါသည်”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 22 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
در حال بارگذاری دادهها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 22 نوامبر | 0 | |||
| 21 نوامبر | 0 | |||
| 20 نوامبر | 0 | |||
| 19 نوامبر | +16 | |||
| 18 نوامبر | +18 | |||
| 17 نوامبر | 0 | |||
| 16 نوامبر | +8 | |||
| 15 نوامبر | 0 | |||
| 14 نوامبر | 0 | |||
| 13 نوامبر | +12 | |||
| 12 نوامبر | +16 | |||
| 11 نوامبر | +20 | |||
| 10 نوامبر | +6 | |||
| 09 نوامبر | +11 | |||
| 08 نوامبر | 0 | |||
| 07 نوامبر | +12 | |||
| 06 نوامبر | +15 | |||
| 05 نوامبر | +22 | |||
| 04 نوامبر | +19 | |||
| 03 نوامبر | +8 | |||
| 02 نوامبر | +19 | |||
| 01 نوامبر | +4 |
| 2 | 🌍 ကမ္ဘာ့ကလေးများနေ့ (World Children's Day) 💙
ကလေးတိုင်းသည် စစ်ပွဲ၏ သားကောင်ဖြစ်ရန်မဟုတ်ဘဲ ငြိမ်းချမ်းခြင်း၏ အရိပ်အောက်တွင် ရှင်သန်ကြီးပြင်းခွင့်ရှိသူများ ဖြစ်ကြသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်တိုင်း စစ်ဘေး၊ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများမှ ကင်းဝေးပြီး လုံခြုံနွေးထွေးသော ပတ်ဝန်းကျင်တွင် ရှင်သန်ခွင့်ရကြပါစေ။
မိမိတို့၏ အိပ်မက်များကို လွတ်လပ်စွာ မက်ခွင့်၊ ဝါသနာနှင့် အရည်အချင်းများကို စိတ်တိုင်းကျ ပျိုးထောင်ခွင့်၊ ပညာသင်ယူခွင့်၊ ကစားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်တို့ကို အပြည့်အဝ ရရှိကြပါစေ။
ကလေးတစ်ယောက်ချင်းစီတိုင်း၏ အသံကို နားထောင်ပေးပါ။ သူတို့၏ အိပ်မက်များကို တန်ဖိုးထားပေးပါ။ သူတို့၏ အနာဂတ်ကို အကာအကွယ်ပေးကြပါစို့။
ကလေးများသည် အနာဂတ်၏ မျှော်လင့်ချက်များသာမက ယနေ့ကမ္ဘာကြီး၏ အခွင့်အရေးအပြည့်အဝ ရထိုက်သူများလည်း ဖြစ်ကြသည်။
ကလေးတိုင်းအတွက် စစ်ကင်းသော ကမ္ဘာ၊ အကြောက်တရားကင်းသော ဘဝ၊ အိပ်မက်များ ရှင်သန်နိုင်သော အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။ 💙
ကလေးတိုင်းသည် ကလေးတစ်ယောက်ဖြစ်ခွင့်ကို အပြည့်အဝ ရရှိပါစေ။
#WorldChildrensDay
#EveryChildHasRights
#ProtectEveryChild
#PeaceForEveryChild
#ChildRightsAreHumanRights | 2 195 |
| 3 | بدون متن... | 1 879 |
| 4 | ဒေသအတော်များများမှာ
မိုးအေးနေတယ်နော်။
အအေးမပတ်အောင်နေကြပါ။
*နေမကောင်းဖြစ်ဖို့က မြန်မာမှာဈေးကြီးလွန်းတယ်။*
ကိုယ်ကျန်းမာနေမှ စိတ်ကျန်းမာနေမှ
လုပ်ချင်တာရော လုပ်သင့်တာရော
လုပ်နိုင်မှာမဟုတ်လား။ | 2 277 |
| 5 | https://youtu.be/dEafnM3yoAM?si=ufGivzztNldvqbSC | 2 233 |
| 6 | بدون متن... | 2 760 |
| 7 | မြန်မာစာတတ်မြောက်မှုစစ်ဆေးခြင်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>
*နဝမတန်း* လပတ်စစ်ဆေးခြင်း
နမူနာမျှသာ
(၁)ဂျာနယ်ကျော််မမလေး၏ ဂျပန်-မြန်မာချစ်ကြည်ရေးဝတ္ထုမှာ -------ဖြစ်သည်။
မုန်း၍မဟူ
သူလိုမိန်းမ
သွေး✅
(၂)ဂျာနယ်ကျော်မမလေးသည် ပထမခင်ပွန်းသည်ဦးချစ်မောင်၏ ဆန္ဒကို ဖြည့်ဆည်းလိုသည့်အတွက် -------သတင်းစာကိုထုတ်ဝေခဲ့သည်။
ဂျာနယ်ကျော်
ပြည်သူ့ဟစ်တိုင်✅
လူထု
(၃)ရုပ်ရှင်ပညာရှင် ဒေါ်ကြည်ကြည်ဌေး၏ဘဝကို ဂျာနယ်ကျော်မမလေး က-------အမည်ဖြင့် ဝတ္ထုရှည်ရေးခဲ့သည်။
မာလာရီ✅
သူလိုမိန်းမ
တွေးတစိမ့်စိမ့်
(၄)လောကအလှဆင်နေ၏ကဗျာပါ လောကအလှဆင်နိုင်ဆုံးသတ္တဝါမှာ ------ဖြစ်သည်။
ငွေပိုးကောင်ငယ်
ပျားကောင်
လူသား✅
(၅)ဆရာမင်းယုဝေ၏အမည်ရင်းမှာ-------ဖြစ်သည်။
ဦးဝင်းတင်
ဦးဝင်းမောင်✅
ဦးဝင်းလတ်
(၆)ကျွန်ုပ်တို့၏တာဝန်စကားပြေတွင် လူတို့မသေမီ -------ရမည်ကို စိုးရိမ်သင့်ကြောင်း လမ်းညွှန်ထားသည်။
လောကကောင်းကျိုးမသယ်ပိုးဘဲ ဘဝပြောင်း✅
ရှင်သာမဏေမဝတ်
အိမ်ထောင်မှုမပြု
(၇)အချိုးတွဲကဗျာဟူသည်အဘယ်နည်း။
လေးချိုးကဗျာကိုဆန်းသစ်ထားသည့်ကဗျာအမျိုးအစား
ဒွေးချိုးကဗျာအမျိုးအစား
ဒွေးချိုး၊တြိချိုး၊လေးချိုးတို့ကိုတွဲစပ်ထားသောကဗျာအမျိုးအစား✅
(၈)ဗောင်းစဟူသည်အဘယ်နည်း။
ပုဆိုးစ
ခေါင်းပေါင်းစ✅
လုံချည်၏ထိပ်ဖျား
(၉)ကမ္ဘာပေါ်တွင်လူဟူသောသတ္တဝါပေါ်ပေါက်လာသည်မှာမည်မျှကြာပြီနည်း။
အနှစ်၂၀၀၀၀
အနှစ်၂၀၀၀၀၀✅
အနှစ် ၂၀၀၀၀၀၀
(၁၀)အပြန်အလှန်ကျေးဇူးပြုသည့်သဘောကိုပါဠိအားဖြင့်မည်သို့ခေါ်သနည်း။
အနိသယပစ္စယော
ဥပါနိဿယပစ္စယော
အညမညပစ္စယော✅
ဝါကျများကိုဖတ်၍ သင့်လျော်သောရသကိုရွေးချယ်ပါ။
(၁)တို့တိုင်းပြည်ကဗျာတွင် ဆရာဇော်ဂျီက “ကိုလိုနီလက်အောက်ခံဘဝဖြင့် တာရှည်နေထိုင်ပါက - မြင်သာမြင်ရမစားရ၍ တောကပြိတ္တာဖြစ်မည်တည်း”ဟုရေးဖွဲ့ထားသည်။
သန္တရသ
ဘယာနကရသ✅
ဝစ္ဆလရသ
(၂)ဆောင်းလေများဝေဝဲတိုက်ခတ်နေသည့် နှင်းမြူများကြာတွင် တန်ဆောင်မုန်းလ ဘုံကထိန်ပွဲက ခမ်းနားထည်ဝါလှသည်။
သန္တရသ✅
ဘယာနကရသ
ရုဒ္ဒရသ
(၃)လေပြင်းများပင်တိုက်ခတ်နေပါစေ စာဘူးတောင်းသိုက်များသည် အလွယ်တကူပြုတ်မကျဘဲ လေထဲတွင်တွဲလွဲခိုနေတတ်သည်။
သိင်္ဂါရရသ
ကရုဏရသ
အမ္ဘုတရသ✅
(၄)ဂျာနယ်ကျော်မမလေးသည် သားသမီးများကို အချိန်အပြည့်အဝပေးလို၍ နောက်အိမ်ထောင်ပြုလိုက်သည်။
ကရုဏာ
ဘယာနကရသ
ဝစ္ဆလရသ✅
(၅)တောင်သူလယ်သမားတို့သည် ရာသီဥတုမကောင်းသည့်ကြားက မနက်အစောကြီးထကာ ထွန်ယက်စိုက်ပျိုးလေ့ရှိကြသည်။
ဝီရရသ✅
ဘယာနကရသ
ဝစ္ဆလရသ
ဝါကျများကိုဖတ်၍မည်သည့် အလင်္ကာမြောက်သည်ကို ရွေးချယ်ပါ။
(၁)စကားပြောသည့်အခါ နွားရှေ့ထွန်ကျူး မပြောသင့်ပေ။
ရူပကအလင်္ကာ
အတိသယဝုတ္တိအလင်္ကာ
ဝင်္ကဝုတ္တိအလင်္ကာ✅
(၂ )ကျော်လှသည် လယ်ထွန်းသွားနွားမေ့သလို ကျောင်းလာစဉ်စာအုပ်များမေ့ကျန်ခဲ့သည်။
ရူပကအလင်္ကာ
ဥပမာအလင်္ကာ✅
ဝင်္ကဝုတ္တိအလင်္ကာ
(၃)မြန်မာပြည်သူတို့သည် စကစ၏ ယုတ်မာမှုကြောင့် နေ့စဉ်နှင့်အမျှ သောကအပူမီး လောင်မြိုက်နေရသည်။
ရူပကအလင်္ကာ✅
ဥပမာအလင်္ကာ
ဝင်္ကဝုတ္တိအလင်္ကာ
(၄)မနက်လင်းသည်နှင့် တောင်သူဦးကြီးများက ခလောက်သံ တဒေါင်ဒေါင်နှင့် လယ်ယာလုပ်ငန်းခွင်ဝင်ကြသည်။
ရူပကအလင်္ကာ
ဥပမာအလင်္ကာ
မြည်သံစွဲအလင်္ကာ✅
(၅)သူသည် ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောတတ်သည်။
အတိသယဝုတ္တိအလင်္ကာ✅
ရူပကအလင်္ကာ
ဥပမာအလင်္ကာ
အောက်ပါဝါကျများရှိ ကြိယာထောက်ပစ္စည်းများကိုကြည့်၍ မည်သည့်ကြိယာထောက်ဖြစ်သည်ကို ရွေးချယ်ပါ။(၁၀)မှတ်
(၁)ကျွန်တော်သည် လူတစ်ယောက်ကို မုန်း[ခဲ]သည်။
ပြုမူလေ့ရှိခြင်း
ဆန္ဒရှိခြင်း
ပြုလုပ်ရန်မလွယ်ခြင်း✅
(၂)စစ်မှန်သောချစ်ခြင်းမေတ္တာကို လူတိုင်း လို[ချင်]ကြသည်။
ပြုမူလေ့ရှိခြင်း
ဆန္ဒရှိခြင်း✅
ပြုလုပ်ရန်မလွယ်ခြင်း
(၃)သဘောထားမတိုက်ဆိုင်တာလေးတစ်ခုနှင့်လည်း လမ်းခွဲ[ရက်]ကြသည်။
ကရုဏာသဘောပြ
အလျင်ဆောင်ရွက်ခြင်းပြ
မငဲ့ကွက်ခြင်းပြ✅
(၄)သူ့အတ္တနှင့်သူ ရူးသွား[ရှာ]လေပြီ။
ကရုဏာသဘောပြ✅
ပြုမူလေ့ရှိခြင်း
ဆန္ဒရှိခြင်း
(၅)ကျန်းမာရေးနှင့်ညီညွတ်အောင် နေ[သင့်]တယ်။
အလေးအနက်ပြုခြင်း
လုပ်အပ်ခြင်း✅
အလျင်ဆောင်ရွက်ခြင်း
(၆)သူ့စကားတွေကို မှတ်မိနေ[သေး]တယ်။
အလေးအနက်ထားခြင်း
ဖြစ်ခဲ့ပြီး
ယခုတိုင်ဖြစ်ပျက်ပြုမူဆဲ✅
(၇)ဖြူနှင်း မနက်အိပ်ရာထတိုင်း ယောဂလုပ်[တတ်]သည်။
အလေးအနက်ပြုခြင်း
ပြုမူလေ့ရှိခြင်း✅
အလျင်ဆောင်ရွက်ခြင်း
(၈)ဆရာက ဟင်းကောင်းကောင်း ချက်[တတ်]သည်။
လုပ်ကိုင်နိုင်စွမ်းရှိခြင်း✅
အလေးအနက်ပြုခြင်း
အလျင်ဆောင်ရွက်ခြင်း
(၉)ဒီမကောင်းတဲ့ကာလကြီးက ကြာ[လွန်း]နေပြီ။
အလေးအနက်ပြုခြင်း
ဖြစ်ဆဲ
လွန်ကဲခြင်းများစွာ✅
(၁၀)စာမေးပွဲပြီး[တော့]မယ်။
မဆောင်ရွက်ရသေးသည့်အရာဆောင်ရွက်ခြင်း✅
ကြိုတင်ဆောင်ရွက်ခြင်း
ဆက်လက်တည်ရှိခြင်း | 3 208 |
| 8 | *အသိပေးကြေညာချက်*
Channel name ကိုက "* သင်ရိုးဝင်စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များ*
ပါဗျ
အထူးထုတ် File တချို့ကလည်း Public မှာရနိုင်တာနဲ့ Channel ဝင်ဆရာ၊ဆရာမတွေဆီက ရတာတချို့ကိုပဲတင်ထားတာပါ။
အထူးထုတ် အထူးထုတ် ရချင်တာမှန်ပေမယ့်
စဉ်းစားကြည့်ရအောင်ပါ
ဆရာ၊ဆရာမတို့ ကျောင်းသား၊သူတို့ ထုတ်ထားတဲ့ စာအုပ်ကို အပြင်မှာ မရောင်းချရဘဲ ဒါမဟုတ် တစ်အုပ်တလေပဲရောင်းရပြီး
စာအုပ်ဖိုင်တစ်ခုလုံး အခုလို Channel မှာ အဖြန့်ခံလိုက်ရရင် ဘယ်လိုများ ခံစားရမလဲ။
ပြီးတော့ သင်ကြားရေးဆရာ၊ဆရာမများခင်ဗျ ကိုးကားလိုတာဆိုရင်
ဆရာလမ်းညွှန်တွေစုံသလောက်တင်ထားသလို့
YouTube channel linkတွေလည်း Shr ထားပါတယ်။
သင်ကြားရေး ဆရာ၊ဆရာမတွေကိုယ်တိုင်က Public chat မှာ အထူးထုတ်တောင်းနေတာကလည်း မျက်နှာပူမိပါတယ်။
*ပြောချင်တာက*သူတစ်ပါးအားထုတ်ထားတယ် အထူးထုတ်ဖိုင်တွေကို အရှက်မဲ့ မဖြန့်ပါဘူးလို့ ပြောချင်တာပါ။
ဆိုင်မှာ Online shops တွေမှာ ဝယ်ယူကြပါခင်ဗျ။ | 3 040 |
| 9 | بدون متن... | 2 971 |
| 10 | *ဆရာကြီးမောင်ခင်မင်ဓနုဖြူ*
(၁)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ ဇာတိနှင့်မိဘများကိုဖော်ပြပါ။
(၂)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ပထမဆုံးစကော်ရှစ်စာမေးပွဲကို မည်သည့်အဖွဲ့ကစစ်ဆေးခဲ့သနည်း။
(၃))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် မည်သည့်အရွယ်မှစတင်၍ စာပေလောကသို့ဝင်ရောက်လာသနည်း။
(၄)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏တက္ကသိုလ်တန်းအောင်ခဲ့သည့်ခုနှစ်ကိုဖော်ပြပါ။
(၅))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကို မည်သည့်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့သနည်း။
(၆)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မည်သည့်ခုနှစ်တွင်ရရှိခဲ့သနည်း။
(၇))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် မည်သည်တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ်ထမ်းဆောင်ခဲ့သနည်း။
(၈)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် မြန်မာစာပေသမိုင်းစာအုပ်ကို မည်သူနှင့်ပူးတွဲထုတ်ဝေခဲ့သနည်း။
(၉))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ် ပထမဆုရစာမူကိုဖော်ပြပါ။
(၁၀)ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်သည် မည်သည့်ဆုရရှိခဲ့သည်။
(၁၁))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ဆရာဦးသန်းထွဋ်နဲ့ မည်သည့်စာအုပ်ပူးတွဲထုတ်ဝေခဲ့သနည်း။
(၁၂))ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် တက္ကသိုလ်ဝင်တန်းတွင် မည်သည့်ဘာသာရပ်၌ ထူးချွန်စွာအောင်မြင်ခဲ့သနည်း။
(၁၃) )ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ဒွါဒသမတန်းသင်ရိုးပါ ခေါင်းစဉ်များကိုဖော်ပြပါ။ | 3 235 |
| 11 | C1✓*Collaboration ဆိုတာ*
မတူညီတဲ့ အတွေးအမြင်၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ နောက်ခံအခြေအနေတွေရှိတဲ့ လူအများစုက ဘုံရည်မှန်းချက်တစ်ခုကို အတူတကွ အကောင်အထည်ဖော်နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ရိုးရိုးအုပ်စုဖွဲ့ထိုင်ခြင်းနဲ့ Collaboration မတူပါဘူး။ အုပ်စုဖွဲ့ထားပေမဲ့ လူတစ်ယောက်တည်းက အလုပ်အားလုံးလုပ်နေတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝမရှိသေးပါဘူး။
Collaboration မှာ အဓိကပါဝင်ရမယ့်အချက်တွေကတော့ -
Shared Goals (ဘုံရည်မှန်းချက်) – အားလုံးက တူညီတဲ့ ရည်မှန်းချက်တစ်ခုကို နားလည်ထားခြင်း။
Role Sharing (တာဝန်ခွဲဝေခြင်း) – တစ်ဦးချင်းစီရဲ့ အရည်အချင်းအလိုက် တာဝန်ယူခြင်း။
Mutual Respect (အပြန်အလှန်လေးစားခြင်း) – မတူညီတဲ့ အမြင်တွေကို လေးစားခြင်း။
Active Participation (တက်ကြွစွာပါဝင်ခြင်း) – လူတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်း။
Collective Responsibility (စုပေါင်းတာဝန်ယူခြင်း) – အောင်မြင်မှုနဲ့ ကျရှုံးမှုကို အတူတကွ တာဝန်ယူခြင်း။ | 3 471 |
| 12 | بدون متن... | 2 994 |
| 13 | *သင်ကြားသင်ယူမှုလုပ်ငန်းစဉ်တွင် 5C ဆိုတာဘာလဲ။*
5C Skills (21st Century Skills) ဆိုတာ ၂၁ ရာစုခေတ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို စာပေဗဟုသုတတစ်ခုတည်း တတ်မြောက်စေရုံသာမက လက်တွေ့ဘဝမှာ တွေးခေါ်နိုင်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း၊ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ ဖန်တီးတီထွင်နိုင်ခြင်းနဲ့ တာဝန်ယူတတ်တဲ့ နိုင်ငံသားကောင်းဖြစ်လာစေဖို့ လိုအပ်တဲ့ အဓိကကျွမ်းကျင်မှု ၅ မျိုးကို ဆိုလိုပါတယ်။
ရှေးယခင်သင်ကြားရေးမှာ ဆရာက အသိပညာပေးသူ၊ ကျောင်းသားက လက်ခံသင်ယူသူဆိုတဲ့ ပုံစံကို ပိုမိုအလေးထားခဲ့ပါတယ်။ 5C ကို အခြေခံတဲ့ သင်ကြားရေးမှာတော့ ကျောင်းသားကိုယ်တိုင် ပါဝင်စူးစမ်းခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းထုတ်ခြင်း၊ အဖြေရှာခြင်းနဲ့ လက်တွေ့အသုံးချခြင်းတို့ကို အလေးထားပါတယ်။
5C မှာ အောက်ပါအရည်အချင်း ၅ မျိုး ပါဝင်ပါတယ်။
1. Collaboration
ပူးပေါင်းဆောင်ရွက်နိုင်မှု
2. Communication
ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်မှု
3. Critical Thinking and Problem Solving
ဝေဖန်ပိုင်းခြားတွေးခေါ်ပြီး ပြဿနာဖြေရှင်းနိုင်မှု
4. Creativity and Innovation
ဖန်တီးတွေးခေါ်ပြီး ဆန်းသစ်တီထွင်နိုင်မှု
5. Citizenship
တာဝန်သိပြီး တက်ကြွသော နိုင်ငံသားဖြစ်မှု | 3 606 |
| 14 | *လုဖက် က တခြားမဟုတ်ဘူး*
#For funny | 4 149 |
| 15 | https://youtu.be/pxTmcKW8nCk?si=ZsIa6rcKC2G154tC | 3 879 |
| 16 | +8 Grade 12 Myanmar BECA Sample Question (2026).pdf | 5 027 |
| 17 | *သဘာဝဇီးဖျော်ရည်*တဲ့
ဆိုလိုချင်တာကိုနားလည်ပေမယ့် နာမည်ကြီးတံဆိပ်တစ်ခုက ဘာလို့သတ်ပုံဂရုမစိုက်သလဲတွေးမိသလို
မြန်မာမှာ ဖျော်ရည်ကို အရသာကောင်းကောင်းလုပ်လို့ရတဲ့အသီးတွေအများကြီးရှိတာမြင်မိတယ်။
မန်ကျည်းတို့ ဆီးတို့လိုမျိုးပေါ့။
ဆီးသီး✅
ဇီးသီး❌
မကျီး❌
မန်ကျီး❌
မန်ကျည်း✅ | 6 893 |
| 18 | https://youtu.be/geIdZme0Q1o?si=d-I0PeqTQbF3GRBa | 5 829 |
| 19 | 🪔 ပျော်ရွှင်စရာ *Diwali*နေ့လေးဖြစ်ကြပါစေ
*လုံခြုံဘေးကင်းပြီး ငြိမ်းချမ်းလွတ်လပ်မှုတွေသယ်ဆောင်လာပါစေကြောင်း*
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
#Happy_Diwali_Day | 6 339 |
| 20 | *မြန်မာ့ရိုးရာလယ်လုပ်ငန်း*
နဝမတန်း၊မြန်မာစာ၊နမူနာမေးခွန်းများ
(၁)မြန်မာ့ရိုးရာလယ်လုပ်ငန်းဆောင်းပါးအရ မြန်မာထွက်ကုန်တန်ဖိုး ရာနှုန်းမည်မျှကို ဆန်နှင့် ဆန်ထွက်ပစ္စည်းများမှရရှိသနည်း။
(၂)မြန်မာ့ရိုးရာလယ်လုပ်ငန်းဆောင်းပါးသည် မြန်မာ့ရိုးရာလယ်လုပ်ငန်းကို မည်သည့်ရှုထောင့်မှ တင်ပြထားသနည်း။
(၃)မြန်မာ့ရိုးရာလယ်လုပ်ငန်းဆောင်းပါးအရ တောင်သူလယ်သမားများသည် မြို့ကြီးများတွင် အဘယ်ကြောင့် မနေချင်ကြသနည်း။
(၄)ခေါင်းဆောင်ရမည့်သူက ခေါင်းမဆောင်ဘဲ နောက်လိုက်ကခေါင်းဆောင်သောကိစ္စကို လယ်ယာလုပ်ငန်းခွင်စကားပုံအရမည်သို့ပြောကြသနည်း။
(၅)"နွားရှေထွန်ကျူး"ဟူသောစကားပုံနှင့်ဆင်တူသော စကားပုံနှစ်မျိုးကိုဖော်ပြပါ။
(၆)"လယ်ထွန်သွား နွားမေ့"ဟူသောစကားပုံသည် မည်သို့သောအခြေအနေမျိုးတွင်သုံးကြသနည်း။
(၇)လယ်ယာကဏ္ဍရှိ မိုးလုပ်ငန်းများကိုဖော်ပြပါ။
(၈)အလုပ်ကိစ္စတစ်ရပ်ရပ်ကို အချိန်အခါလွန်မှ ပြုလုပ်လျှင် မည်သည့်စကားပုံဖြင့် ပြောလေ့ရှိသနည်း။
(၉)မြန်မာ့ရိုးရာလယ်လုပ်ငန်းဆောင်းပါးပါရှေးခေတ် လယ်ထွန်နည်းများကိုဖော်ပြပါ။
(၁၀)မြန်မာ့ရိုးရာလယ်လုပ်ငန်းပါ ယခုခေတ် လယ်ထွန်နည်းများကိုဖော်ပြပါ။
(၁၁)လယ်ယာလုပ်ငန်းတွင် စပါးပင်များကို ဝါးဖြင့် လဲသွားအောင်လုပ်ခြင်းကို အဘယ်ကြောင့်လုပ်ကြသနည်း။
(၁၂)"ကောက်ပင်ရိတ်လှီးစကားပြောနည်း"ဆိုသည်မှာအဘယ်နည်း။
(၁၃)ကောက်သင်းကောက်စကားပြောနည်းဆိုသည်မှာအဘယ်နည်း။
(၁၄)တက်မဟူသည်အဘယ်နည်း။
(၁၅)တမန်းဆိုသည်မှာမည်သို့သောအရာဖြစ်သနည်း။
(၁၆)တောင်သူလယ်သမားတို့ဘဝ တိုးတက်လာစေရန်မည်သို့လုပ်ဆောင်ပေးနိုင်သနည်း။ | 6 519 |
