cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

پست‌های تبلیغاتی
32 236
مشترکین
+1524 ساعت
+1447 روز
+46830 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဖားကန့်ရေကြီးမှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး လှေမှော-က်၍ ရေစီးဖြင့် မျော-ပါပျောက်ဆုံးနေ ရေကြီးရေလျှံဖြစ်ပွားနေသည့် ဖားကန့်မြို့တွင် ယမန်နေ့ ဇူလိုင်လ(၁)ရက်၊ ည(၇)နာရီအချိန်က ဒေါ်မိုးအေးဆိုသူ အမျိုးသမီးတစ်ဦးမှာ ငှက်ပျောတောရပ်ကွက် အောက်လမ်း၊ ဦးဝေလင်းအကင်ဆိုင်အနီးတွင် လှေမှေ-ာက်ရာမှ ရေစီးဖြင့်မျေ-ာပါပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။ အဆိုပါ ရေစီးနှင့်မျေ-ာပါ ပျောက်ဆုံးနေသော အဆိုပါအမျိုးသမီးအား ယနေ့ ဇူလိုင်(၂)ရက်၊ မွန်းလွဲပိုင်းအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ "အခုထိတော့ ရှာတွေ့တယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတာမျိုးမရှိသေးပါဘူး။ မနေ့က ညပိုင်းဖြစ်သွားတာပါ"ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံတစ်ဦးကပြော သည်။ ယမန်နေ့ ညပိုင်းက ဖားကန့်မြို့ပေါ်ရပ်ကွက်များရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာတွင် မြို့မရပ်ကွက် အတွင်း (၅၃၄) ဦး၊ ငှက်ပျောတောရပ်ကွက်တွင် (၇၅၀)ဦး၊ မရှီကတောင်ရပ်ကွက်တွ င် (၂၅၀)ဦးနှင့် အေးမြသာယာရပ်ကွက်တွင် (၇၂၄) ဦး စုစုပေါင်း ရေဘေးသင့်ပြည်သူ (၂၂၅၈)ဦး ရှိကြောင်း ဒေသခံ ရေဘေးကူညီရေးအဖွဲ့ တစ်ခုထံမှ သိရသည်။
نمایش همه...
Photo unavailableShow in Telegram
ဟားမတ်စစ်တပ် ချေမှုန်းရေးထိုးစစ် အပြီးသတ်အဆင့်ရောက်နေပြီဟု နေတန်ယာဟု ပြောကြား အစ္စရေးစစ်တပ်ရဲ့ ဂါဇာရှိ ဟားမတ်စစ်တပ် ချေမှုန်းရှင်းလင်းရေး ထိုးစစ်အဆင့် အပြီးသတ်လုဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဘက်ကို သူ သွားရောက်လေ့လာခဲ့ပြီး ယမန်နေ့က ပြန်ရောက်ခဲ့ကြောင်းနဲ့ ရာဖာမှာ ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရနေတာကို တွေ့မြင်ခဲ့ရကြောင်း နေတန်ယာဟုက ပြောဆိုပါတယ်။ “ဟားမတ်စ် အကြမ်းဖက်စစ်တပ် ချေမှုန်းရေး အပြီးသတ်အဆင့်ကို ကျွန်တော်တို့ သွားနေပါတယ်၊ ဒီအဖွဲ့ရဲ့ အကြွင်းအကျန်တွေကို ကျွန်တော်တို့ ဆက်ချေမှုန်းနေပါတယ်” လို့ အမျိုးသားလုံခြုံရေး ကောလိပ်မှာ ပညာသင်ကြားနေတဲ့ အစ္စရေးနဲ့ နိုင်ငံတကာ စစ်ဘက်အရာရှိများ အဓိကအုပ်စုတစ်ခုနဲ့ စကားပြောရာမှာ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အစ္စရေးရဲ့ ဟားမတ်စ်ချေမှုန်းရေးစစ်ပွဲ ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်း သူက ထပ်လောင်း ကတိပြုခဲ့ပြီး ဂါဇာရှိ ဓ-ါးစာခံတွေ ပြန်လွတ်ရေး၊ ... သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164047
نمایش همه...
👍 4
ဖားကန့်မြို့ ရပ်ကွက် (၅)ရပ်ခုအတွင်း အိမ်ထောင်စုပေါင်း (၅၀၀)ခန် ရေဘေး ကြုံတွေ့ ဥရုချောင်း ရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရပ်ကွက် (၅)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း (၅၀၀)ဝန်းကျင်မှ လူဦး ရေ(၂၅၀၀) ကျော် ရေဘေးဒုက္ခ နှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်းပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကွန်းဖောင်ဒေးရှင်းထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ(၁)ရက် ၊ မွန်းလွဲပိုင်းမှ စတင်ကာ ကံဆီးကျေးရွာ တောင်ကျရေ စီးဆင်းမှုမှ အစပြု၍ ဥရုချောင်းရေ မြင့်တက်လာကာ ကံဆီးကျေးရွာ၊ လုံးခင်းကျေးရွာတို့တွင် ရေစတင်ဝင်ရောက်ပြီးနောက် ညပိုင်းတွင် ဖားကန့်မြို့ပေါ် (၅)ရပ်ကွက်အတွင်း ရေနစ်မြှပ်ခဲ့ရခြင်းဖြစ်သည်။ "ဖားကန့်မြို့က ကျွန်တော်နေတဲ့ နှစ်ပေါင်း(၃၀)အတွင်းမှာ တစ်ခါမှ အခုလောက် ဆိုးဆိုးရွားရွား မကြုံဖူးပါဘူး။ အားလုံးဂရုစိုက်ကြပါ"ဟု ကွန်းဖောင်ဒေးရှင်း တာဝန်ခံတစ်ဦးက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164042
نمایش همه...
😢 2👍 1 1
Photo unavailableShow in Telegram
မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်ထားသည့် CI စင်တာများအား ထိုင်းအစိုးရမှ ပိတ်သိမ်းတော့မည် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ပေးနိုင်ရန် ပြုလုပ်ပေးနေသည့် သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စင်တာများကို ဇူလိုင် (၇) ရက်မှ စတင်ကာပိတ်သိမ်းမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ သက်သေခံလက်မှတ် (CI) စင်တာများသည် ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် (၄) နှစ်သက်တမ်းရှိသည့် ကတ်ကိုထုတ်‌ပေးသည့် စင်တာများ ဖြစ်သည်။ သို့သော် ထိုစင်တာများတွင် (CI)လာရောက်လုပ်ဆောင်သည့် သူနည်းလာသည့်အပြင် မြန်မာဘက်မှ တောင်းဆိုမှုကြောင့် ဇူလိုင်လ (၇) ရက်မှ စတင်ကာ (CI) စင်တာများအားတွေကို ပိတ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ (၂၈) ရက်တွင် ကြေညာထားခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164039
نمایش همه...
ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားတွင် အိမ်ထောင်စု ၂၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂၀၀၀ ဝန်းကျင် ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်နေရကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်နစ်မြုပ်လျက်ရှိသည့်အတွက် ကူညီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခုလည်း ဖွင့်ထားရကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164025
نمایش همه...
😢 4
မန္တလေးနှင့် တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်သူ မြန်မာ (၁၂)ဦးနှင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ် (၂၉၅)ဦးဖမ်းမိ မန္တလေးတွင် အွန်လိုင်းလောင်းကစား လုပ်နေသည့် နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှ အိမ်ရှင်အပါအဝင် (၁၂)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကာ တာချီလိတ်တွင်လည်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၉၅) ဦးအား ဖမ်းမိကြောင်း ယမန်နေ့ ဇူလိုင် (၁)ရက်တွင် နစကက သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် အာဏာပိုင်များက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ (၆၁) လမ်းနှင့် (၆၂) လမ်းကြား၊ (၁၁၇) လမ်းတွင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် နေအိမ်အား ဇွန်လ(၂၇)ရက်က ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164018
نمایش همه...
👏 6👍 4
Photo unavailableShow in Telegram
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲဖြစ်ပြီး နောက်(၂)ရက်အတွင်း ပြန်ကျဆင်းနိုင်ကြောင်း မိုး/ဇလ အသိပေး ဧရာ၀တီမြစ်ရေသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ဇူလိုင်လ (၂) ရက်တွင်လည်း စိုးရိမ်ရေအမှတ်အထက် (၄)ပေခွဲခန့် ဆက်ရှိနေကာ နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များအတွင်း ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် အိမ်ထောင်စု (၂၀၀၀) ဝန်းကျင် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေကြရသည့်အခြေအနေဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164013
نمایش همه...
👍 10 2
ကော့ကရိတ် - မြဝတီ ဒေါနတောင်လမ်း‌ဟောင်းမှ အတက်အဆင်းယာဉ်များ ကော့ကရိတ်မြို့ကိုဖြတ်၍ ပုံမှန်သွားလာနေပြီဖြစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကိုဖြတ်၍ မြဝတီအတက်အဆင်းယာဉ်များ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၂၈)ရက်မှ စတင်ကာ ဖြတ်သန်းသွားလာနေပြီး ခရီးသည်ယာဉ်ငယ်များအပါအဝင် ကုန်တင်ယာဉ်ကြီးများပါ သွားလာနေကြခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီ-ဘားအံသွား ယာဉ်များအားလုံး မြို့မှ ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ ကွင်းရှောင်လမ်းများမှတဆင့် သွားလာနေကြခြင်းဖြစ်သ ည်။ လက်ရှိတွင် ယာဉ်များအားလုံး ကော့ကရိတ်မြို့မှဖြတ်၍ ဒေါနတောင်တက်လမ်းဟောင်းအတိုင်း သွားလာနေကြပြီဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164005
نمایش همه...
7👍 4
Photo unavailableShow in Telegram
Air Europa လေယာဉ်တစ်စင်း ပြင်းထန်လေထု မငြိမ်သက်မှုနဲ့ကြုံတွေ့ခဲ့တာကြောင့် ဘရာဇီးမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်များစွာ ဒဏ်ရာရ စပိန်နိုင်ငံ မက်ဒရစ်မြို့ကနေ ဥရုဂွေးနိုင်ငံကို ပျံသန်းလာတဲ့ စပိန်လေကြောင်းလိုင်း Air Europa လေယာဉ်တစ်စင်းဟာ ပြင်းထန်တဲ့ လေထုမငြိမ်သက်မှုနဲ့ ကြုံခဲ့တာကြောင့် ခရီးသည် ၃၀ ဦး ဒဏ်ရာရခဲ့တယ်လို့ လေကြောင်းလိုင်းက တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ “Montevideo (ဥရုဂွေးမြို့တော်) ကို ပျံသန်းနေတဲ့ မိမိတို့ လေယာဉ်ခရီးစဉ် UX045 ဟာ ပြင်းထန်လေထုမငြိမ်သက်မှုနဲ့ ကြုံခဲ့တာကြောင့် နာတဲလ်လေဆိပ် (ဘရာဇီး) ကို လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပါတယ်” လို့ Air Europa က X မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။ လေယာဉ်ဟာ ပုံမှန်အတိုင်းချောချောမွေ့မွေ့ဆင်းသက်နိုင်ခဲ့ကြောင်းနဲ့ ပုံစံမျိုးစုံနဲ့ ဒဏ်ရာရခဲ့သူတွေကို ကုသမှုပေးနေပြီဖြစ်ကြောင်းလည်း လေကြောင်းလိုင်းက ဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=164001
نمایش همه...
😱 7👍 3 2
Photo unavailableShow in Telegram
ဗဟိုဘဏ်သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များဒဏ်ကြေးပေးဆောင်ရမည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက မှသတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း (၃) နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိသည်။ သို့ရာတွင် အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163999
نمایش همه...
👍 12👏 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.