cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

Advertising posts
32 216
Subscribers
+1524 hours
+1347 days
+50330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

👉တနင်္သာရီတွင် လုပ်ငန်းများ တိုးလာ၍ လျှပ်စစ်လိုအပ်ချက် ပိုမိုများလာ၊လျှပ်စစ်မီးကို ဈေးသက်သာစွာ လုပ်နိုင်မည့်သူများကို ကြိုဆို 👉နီပေါမှာ မြေပြိုမှုဖြစ်လို့ ကလေး သုံးဦး အပါအဝင် ကိုးဦး သေဆုံး 👉(၃)လဆက်တိုက် အောင်ဘာလေထီစာအုပ် အရေအတွက် ၅သိန်းခွဲကျော် ရောင်းရခဲ့ 👉တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးဟာ နေတိုးအဖွဲ့ အာရှဗားရှင်းဟု မြောက်ကိုရီးယား ဝေဖန် 👉ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကာင်းနေရာ တိုင်းနှင့် ပြည်နယ်အနှံ့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင် 👉ကျောက်မဲမြို့တိုက်ပွဲ ပြန်လည်ငြိမ်သက်နေပြီး မြို့တွင်း၌ ဈေးဝယ်သူများနှင့် ပြန်လည်စည်ကားနေဟုဆို 👉တောင်ဥက္ကလာပတွင် ယာဉ်တိုက်မှု တစ်ခုကြောင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၁)ဦးနှင့် က--လေ--း (၁)ဦး ထိခိုက်ဒဏ်ရာရ 👉E9 လုပ်သားဦးရေ တစ်သန်းပြည့်အထိမ်းအမှတ်အဖြစ်ကိုရီးယားသို့မြန်မာလုပ်သား (၁၈၈) ဦး ဝင်ရောက်ခဲ့ 👉သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့် တစ်နိုင်ငံလုံးတွင် ဆန်များရောင်းချပေးနေဟု MRF ထုတ်ပြန် 👉MIC မှ လုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကန်ဒေါ်လာ သန်း၉၀ ခန့်နှင့် ကျပ် ၂၇၅၀၀ သန်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် သုံးခုကိုခွင့်ပြု 👉ဖားကန့်ဥရုချောင်းအတွင်း ရေနစ်ပျောက်ဆုံးခဲ့သည့်လူင ယ်နှစ်ဦး၏အလောင်းပြန်တွေ့ 👉မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲကစားရာ သရေရလဒ်ထွက်ပေါ် 👉အင်အားကြီးနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ကြဖို့ ဟွန်ဆန် တိုက်တွန်း 👉SME လုပ်ငန်းရှင်များအတွက် စက်ရုံမြေ၊လုပ်ငန်းနေရာတို့ကို သက်သာသောနှုန်းဖြင့် ငှားရမ်းရန် ဆောင်ရွက်နေ 👉အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး လုပ်နေ 👉သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေး အခြေအနေများ ဆောင်ရွက်ပေးမည် 👉အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် သိန်းထောင်နှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ထပ်မိပြန် 👉ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင်အမျိုးသမီးအသင်းတို့ ယခင်လျာထားရက်ထက် တစ်ရက် စော ကျင်းပမည် 👉(၂)ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀)ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ 👉ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး
Show all...
👍 2
Photo unavailableShow in Telegram
🌏30.6.2024 သတင်းအစုံအလင်🌏 👉မွန်ပြည်နယ်သို့ (၅) လအတွင်း ခရီးသွား (၉) သိန်းကျော်ဝင်ရောက်ခဲ့ 👉ASEAN U-16 Boys Championship 2024 မြန်မာအသင်း အုပ်စုအဆင့် သုံးပွဲကစား တစ်ပွဲနိုင် ရလဒ်ထွက်ပေါ် 👉ရန်ကုန်ယူနိုက်တက်က တိုက်စစ်မှူးကောင်းစည်သူကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ 👉တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်သွားမည်ဟု တရုတ်သမ္မတ ရှိကျင့်ဖျင်ပြောကြား 👉သာကေတတွင် ယာဉ်တိုက်မှုဖြစ်ရာအမျိုးသား (၁)ဦးနှင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာရ 👉မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်နမိတ်ဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး တားဆီရေးကိစ္စများဆွေးနွေး 👉သန်လျင်တံတား ချဉ်းကပ်လမ်းမကြီးတွင် YBS (၂)စီး တိုက်မိရာ လမ်းဖြတ်ကူးသူ အမျိုးသားအသက်ဆုံးရှုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ 👉ထိုင်း-မြန်မာ နယ်စပ်ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်မည် 👉ရှုံးထွက်အဆင့်နဲ့ ကျေနပ်လိုက်ရတဲ့လက်ရှိချန်ပီယံနဲ့ အမှားအယွင်းမရှိကွာတားတက်တဲ့ အိမ်ရှင်
Show all...
👍 1
Photo unavailableShow in Telegram
ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်သူ့ဘဏ္ဍာငွေများဖြစ်သည့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ (Revolving Fund-RF) မှ ကျပ် (၅၀) ဘီလီယံနှင့် ပြည်ထောင်စု၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund-GRF)မှ ကျပ် (၁၅၀) ဘီလီယံ ၊စုစုပေါင်း ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် (၂၀၀) ဘီလီယံဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေသက်တမ်း (၁) နှစ် သတ်မှတ်၍ ချေးငွေများကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163851
Show all...
👍 11❤ 1😁 1
Photo unavailableShow in Telegram
(၂)ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀)ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ ဇွန်လ (၂၇)ရက်နှင့် ဇွန် (၂၈)ရက်၊ (၂) ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀) ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ ဇွန်လ (၂၇) ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၂)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ အမှတ်(၂၃၁/ခ) ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ultra Mild Cream Natural Moisturi zer အစိုဓါတ် ထိန်းဆေး ကီလိုဂရမ် (၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163847
Show all...
👏 7
Photo unavailableShow in Telegram
ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင်အမျိုးသမီးအသင်းတို့ ယခင်လျာထားရက်ထက် တစ်ရက် စော ကျင်းပမည် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ယခင်လျာထားရက်ထက် တစ်ရက် စော၍ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။ ယခင် လျာထားရက်မှာ ဇူလိုင်(၁၀)ရက်မှ (၁၃)ရက်အထိ လျာထားသော်လည်း ယခုအခါ ဇူလိုင်(၉)ရက် (၁၂)ရက် ကို အတည်ပြုသတ်မှတ်လိုက်ခြင်းဖြစ်သည်။ ပွဲစဉ် ရက်သတ်မှတ်ချက်အရ ဇူလိုင်(၉)ရက် ညနေ (၄)နာရီအချိန်နှင့် ဇူလိုင်(၁၂)ရက် ညနေ (၄)နာရီအချိန်တို့တွင် နှစ်ကျော့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163844
Show all...
👍 9
Photo unavailableShow in Telegram
အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် သိန်းထောင်နှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ထပ်မိပြန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အမျိုးသားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ ကြိမ်ဆွဲခြင်းများအတွင်း မုန့်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၅၀၀ ၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ (၂၅) ရက်၊ နံနက် (၉) နာရီခွဲအချိန်က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163821
Show all...
👏 10👍 7
Photo unavailableShow in Telegram
သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေး အခြေအနေများ ဆောင်ရွက်ပေးမည် မကြာမီလပိုင်းအတွင်း ကောက်ယူတော့မည့် လူဦးရေသန်းခေါင်စာရင်းအတွက် ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေးအခြေအနေများ ကြိုတင်စီစဉ်ရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာ ကောက်ယူရေးအတွက် ဇွန်လ(၂၈) ရက်က ပြုလုပ်သည့် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163840
Show all...
👍 14🤣 4
Photo unavailableShow in Telegram
အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး လုပ်နေ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ အင်းဝမြို့ဟောင်းမှာ အင်းဝခေတ် လွန်ခဲ့သောနှစ်ပေါင်း (၄၀၀) ခန့်က တည်ရှိခဲ့သော ရှေးဟောင်းမြို့တော်ဖြစ်၍ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းရာတွင် လိုအပ်သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ အင်းဝမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ယူနက်စကိုမှ သတ်မှတ်ထားသည့် Guide Line ပြည့်စုံအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တာဝန် ရှိသူက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163805
Show all...
👍 15👏 1
Photo unavailableShow in Telegram
SME လုပ်ငန်းရှင်များအတွက် စက်ရုံမြေ၊လုပ်ငန်းနေရာတို့ကို သက်သာသောနှုန်းဖြင့် ငှားရမ်းရန် ဆောင်ရွက်နေ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအေဂျင်စီသည် SME ဥပဒေပုဒ်မ (၂၈) အရ SME စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စက်ရုံများတည်ထောင်ရန် မြေ (သို့မဟုတ်) လုပ်ငန်းနေရာကို သက်သာသောနှုန်းထားဖြင့် ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163811
Show all...
👍 9
Photo unavailableShow in Telegram
အင်အားကြီးနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ကြဖို့ ဟွန်ဆန် တိုက်တွန်း ကမ္ဘောဒီးယား အာဏာရပါတီ CPP ဥက္ကဋ္ဌ ဟွန်ဆန်က အင်အားကြီးနိုင်ငံတွေအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ ၎င်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ထူထောင်ကြဖို့ သောကြာနေ့မှာ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှ နိုင်ငံခြားသံတမန်တွေ အပါအဝင် တက်ရောက်သူ ထောင်ချီရှိခဲ့တဲ့ CPP ပါတီထူထောင်ခြင်း ၇၃ နှစ်ပြည့် အခမ်းအနားမိန့်ခွန်းမှာ သူက ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး၊ အန္တရာယ်များတဲ့ အနေအထားတွေဖြစ်ပေါ်နေပါကြောင်း ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု ပြန်လည်ထူထောင်ကြပြီး လူသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ သယာဝပြောရေးတို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် အကဲဆတ်သော ပြဿနာတွေကို အဖြေရှာကြဖို့ မိမိ တိုက်တွန်းလိုပါကြောင်း ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163837
Show all...
👍 5👏 3🖕 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.