cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

مشاركات الإعلانات
32 311
المشتركون
+624 ساعات
+477 أيام
+38530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

😱 2
​ညောင်ဦး​ ရေပိုတက်လာ ယနေ့(၁၃-၇-၂၀၂၄)တွင် ညောင်ဦးမြို့ဧရာဝတီမြစ်ရေသည်ယခင်ရက်ကထက်ပိုတက်လာလျှက်ရှိသည်။ တာဝန်ရှိသူတွေလည်းအနီးကပ်စောင့်ကြည့်​​ပေး​နေသလိုအလှူရှင်တွေက လည်းထမင်းထုပ်များဝေငှလှူဒါန်း​နေကြသည်။ မီးသတ်ကဝန်ထမ်းများလည်း စက်​လှေဖြင့်လှည့်လည်ကြည့်ရှူပြီးလိုအပ်​သောကယ်ဆယ်ရေးများလုပ်​ပေး​နေသည်။ ယ​နေ့ထိလူအသေအပျောက်ထိခိုက်ဒဏ်ရာရသူတစ်ဦးတစ်ယောက်မှမရှိသေး​ကြောင်းသိရသည်။ မြစ်ရေတက်ပါကမြေအောင်းသတ္တဝါများဖြစ်သည့်ကြွက်၊မြွေတို့လည်းနီးစပ်ရာသစ်ပင်အမြင့်များ တွင်အတူတူခိုမှီးကြရပြီးရန်ဖက်ဖြစ်လင့်ကစားတစ််ကောင်နှင့်တစ်ကောင်အသက်အန္တာရာယ်မပြု ကြဘဲအေးချမ်းစွာနေကြသည်ဟု ​ဒေသခံများကဆိုကြသည်။ သတင်းနှင့်ဓါတ်ပုံ- ZWA
إظهار الكل...
👍 4
👉ဂျော့ရှူအာဗန်နှင့် ချားလ်ဂျွန်ဆင် တို့ သတ်မှတ်ဝိတ်အတွင်း ဝင်ရောက်သဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည် 👉အစ္စရေးတပ်တွေ ဂါဇာမြောက်ပိုင်းမှ ဆုတ်ခွာချိန် ပါလက်စတိုင်း ရုပ်အလေ-ာင်းများစွာနဲ့ အဆောက်အအုံတွေ ပြားပြားဝပ်ကျန်ခဲ့ 👉ဖျာပုံမြို့နယ်မှ ကဏန်းပျော့များ ရန်ကုန်စျေးကွက်မှတဆင့်တရုတ်သို့သွား 👉ပဲရစ်အိုလံပစ်ပွဲတော်တွင် သက်ထားသူဇာ ကမ္ဘာအဆင့်သတ်မှတ်ချက် (၅)နှင့် အဆင့်(၃၁) ရှိသူနှစ်ဦးဖြင့် ယှဉ်ပြိုင်ရမည် 👉ရန်ကုန်တွင် ဝမ်းရောဂါ ကူးစက်ခံရသူ လူနာသစ် (၁၀၄)ဦးထပ်တွေ့ 👉နေတိုးထိပ်သီးအစည်းအဝေးအပြီး၌ ဇလန်းစကီးက စစ်ရေးအကူအညီအတွက် အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့ 👉နီပေါ၌ မြေပြို၊ ဘက်စ်ကားနှစ်စီးမြစ်ထဲန-စ်မြု-ပ်၊လူ ၆၀ ကျော်ပျောက်ဆုံးနေ 👉ပြည်မြို့ အေးမြသာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်၍ ပိတ်မိနေသည့် မိသားစုဝင် အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရ 👉တိုက်ပွဲများကြောင့် မန္တလေး - မြစ်ကြီးနားကားလမ်း ရက်အကန့်အသတ်မရှိ ယာယီသွားလာခွင့်ပိတ် 👉ပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ မပါရှိစေရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်းပြော 👉ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စုစုပေါင်း (၂၄၀၀) ပင်အား စုပေါင်းစိုက်ပျိုး 👉ဒေါ်နယ်ထရမ့်အတွက် ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ပေးနေသည့်အဖွဲ့သို့ အီလွန်မတ်စ် ငွေလှူဒါန်း 👉မကွေး၊ ကံမ၊ မင်းလှ၊ ရေနံချောင်းမြို့နယ်တို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တွင် မြစ်ရေ မြင့်တက်ဝင်ရောက်နေသည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးနေရ 👉သစ်ပင်စိုက်ပျိုးပွဲ ၁၅၀၂ ကြိမ်တွင် ပျိုးပင်ပေါင်း ၁,၀၈၈,၀၀၀ ကျော် စိုက်ပျိုးခဲ့ 👉ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ခြင်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန် ယူကရိန်းက နေတိုးအဖွဲ့ကို တောင်းဆို 👉ငွေထုတ်ယူသူ များပြားနေ၍ Kpay နှင့် Wave Money ဆိုင်အချို့ပိတ်ထားမှုများရှိနေ 👉လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ 👉(၆) လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ဟုဆို
إظهار الكل...
👍 4
Photo unavailableShow in Telegram
🌏13.7.2024 သတင်းအစုံအလင်🌏 👉ရိုးရာလက်ဝှေ့ကျော် ထွန်းမင်းအောင်က ဗီယက်နမ်ဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ရပြီး ဘတ်သုံးသိန်းခွဲ ဘောနပ်စ်ရရှိ 👉တောင်ကြီးမြို့သို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင် ထောင်နှင့်ချီသည့်အတွက် ခိုလှုံရန် နေရာများ အရေးပေါ်အခက်အခဲဖြစ်နေဟု ဆို 👉တစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်အပေါ် နောက်ပိုင်းတွင် ယှဥ်ပြိုင်ခွင့်ရလိုသေးကြောင်း အိန္ဒိယအမျိုးသမီးနည်းပြချုပ် ပြော 👉ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရေး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံဆွေးနွေး 👉Black Lists တွင်ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်းများအားဖြေလျှော့ပေးမည်ဟု နစက ပြော 👉ပြောင်းဖူးစေ့ အဝင်နည်း၍ လက်ကျန်နည်းသော်လည်း ပြည်ပတင်ပို့ရန် ဝယ်ယူမှုများရှိနေ 👉ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် 👉အမေရိကန်ရဲ့ ဖိအားတွေကို လက်ခံမှာ မဟုတ်ကြောင်း အီရန်ရွေးကောက်ခံသမ္မတ ပြောဆိုပြီး ရုရှားနဲ့တရုတ်ကို ချီးကျူး 👉ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှော-က်မှုမှ ပျောက်ဆုံးနေသူ (၈) ဦး၏ ရုပ်အလေ-ာင်းများ ပြန်တွေ့
إظهار الكل...
👍 2
(၆) လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ဟုဆို ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၆၀) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်း အနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများရှိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင်ပါဝင်သော အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက် ရှိသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=165479
إظهار الكل...
8👍 4🤣 3
Photo unavailableShow in Telegram
ငွေထုတ်ယူသူ များပြားနေ၍ Kpay နှင့် Wave Money ဆိုင်အချို့ပိတ်ထားမှုများရှိနေ ဘဏ်များနှင့်ပတ်သက်၍ ကောလာဟလသတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ယူမှုများပြားလာသည့်အပြင် Kpay နှင့် Wave Money ဆိုင်များတွင်ပါ ငွေထုတ်ယူသူများပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ငွေထုတ်ယူသူများပြားနေခြင်းကြောင့် အဆိုပါ K pay ၊ Wave Money ဆိုင်များတွင်လည်း ငွေထုတ်ယူရန်အခက်အခဲများရှိနေသည့်အပြင် ဆိုင်အချို့ပိတ်ထားမှုများရှိနေသလို မထုတ်ပေးသည့်ဆိုင်များကိုလည်း မြင်တွေ့ခဲ့ရသည်။ " ငွေထုတ်တဲ့သူက အရမ်းများနေလို့ ခဏပိတ်ထားတာပါ။ ရက်နည်းနည်းကြာရင်တော့ ဝန်ဆောင်မှုပြန်ပေးပါမယ်။ စိုးရိမ်မှုလွန်ကဲပြီးလာထုတ်ကြတာ။ အဲဒါကြောင့်ပါ"ဟု Kpay နှင့် Wave Money အေးဂျင့်ဆိုင်မှ တာဝန်ရှိသူက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=165475
إظهار الكل...
👍 18😁 3🤔 1🤣 1
လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ ဒေသတွင်း ပဋိပက္ခများအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဒေသအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။ လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလို လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကိုလည်း ဒေသအာဏာပိုင်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=165467
إظهار الكل...
12👏 5👍 3😁 2💩 1
Photo unavailableShow in Telegram
ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ခြင်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန် ယူကရိန်းက နေတိုးအဖွဲ့ကို တောင်းဆို ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တာဝေးပစ်လက်နက်တွေအသုံးပြုတိုက်ခိုက်ခြင်းအား ကန့်သတ်ထားမှုကို ဖယ်ရှားပေးဖို့ ယူကရိန်းက နေတိုးမဟာမိတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး ဒီလိုတိုက်ခိုက်လာနိုင်ရင် မော်စကိုနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကာ အကူအညီတွေ ထပ်မံပေးပို့သွားဖို့နဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ခိုင်မာသောလမ်းခင်းပေးဖို့ ထောက်ခံမယ်လို့ ကတိပြုခဲ့ကြပါတယ်။ မဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းအပေါ် ၎င်းတို့ရဲ့ စုစည်းညီညွတ်တဲ့ ထောက်ခံမှုကို ထိန်းသိမ်းထားရေး ဇလန်းစကီးက တောင်းဆိုခဲ့ပြီး အကူအညီသစ်တွေ အဆောတလျင်ပို့ဆောင်ပေးရေး ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=165440
إظهار الكل...
😁 10👍 4🤔 1😱 1
Photo unavailableShow in Telegram
သစ်ပင်စိုက်ပျိုးပွဲ ၁၅၀၂ ကြိမ်တွင် ပျိုးပင်ပေါင်း ၁,၀၈၈,၀၀၀ ကျော် စိုက်ပျိုးခဲ့ ဇူလိုင်လ (၁၂) ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး ယခုနှစ်အတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ (၁၅၀၂) ကြိမ် ပျိုးပင်ပေါင်း (၁,၀၈၈,၀၀၀)ကျော် စိုက်ပျိုးခဲ့နိုင်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆) တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ပျဉ်းကတိုးပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း၊ မ‌ဟော်ဂနီ၊ ယမနေ စသည့်ပျိုးပင် (၁၅၀၀) စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=165463
إظهار الكل...
👍 10 4👏 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.