cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

Publicaciones publicitarias
32 215
Suscriptores
+1524 horas
+1357 días
+47830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ထိုင်းတောင်ပိုင်း ယာလာပြည်နယ်မှာ ရဲတိုက်ခန်းရှေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ တစ်ဦး‌ေ-သဆုံးပြီး ၁၈ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်တစ်ခုဖြစ်တဲ့ ယာလာပြည်နယ် Bannang Sata ခရိုင်ရှိ ရဲတိုက်ခန်းတစ်ခုရှေ့မှာ (ဇွန် ၃၀) မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ တစ်ဦး ‌ေ-သဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ Bannang Sata ခရိုင်ရဲစခန်းပိုင် ရဲတိုက်ခန်းတစ်ခုရှေ့မှာ မနက် ၁၀ နာရီခွဲအချိန်က ဗုံးပေါက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် တိုက်ခန်းနဲ့ အနီးရှိနေအိမ်တွေရဲ့ မှန်ပြတင်းတွေနဲ့ မျက်နှာကျက်ပြားတွေ ကွဲကြေပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ နောက်ထပ်ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် အခင်းဖြစ်နေရာကို အာဏာပိုင်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163878
Mostrar todo...
😢 9
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားတွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာနေသည့်အတွက် ဧရာဝတီမြစ်ရေသည် ဆက်မြင့်တက်‌နေပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့ရှိ မြစ်ကမ်းနံဘေးရပ်ကွက်အချို့တွင် ရေဝင်နစ်မြုပ်မှုဒဏ်ကို ခံနေရခြင်းဖြစ်သည်။ ထို့ပြင် ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက်ရွာများဖြစ်သည့် မိုင်းနား၊ နောင်ချိန်း၊ အင်ဂန်း၊ နောင်တာလော စစ်ဘေးရှောင်စခန်းများ၌လည်း ရေဝင်နစ်မြုပ်နေသည့်အတွက် အရေးပေါ်ကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်း အချိန်ထိ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊မြစ်ကြီးနား တက္ကသိုလ်သွားလမ်းမကြီးများအားလုံး ရေနစ်မြုပ်နေကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163866
Mostrar todo...
👍 3
Photo unavailableShow in Telegram
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာ အစိုးရက သတ်မှတ်ပေးသည့် ယခုတစ်ပါတ်အတွက် ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်တစ်ပတ်‌ ဈေးနှုန်းထက်ကျဆင်းလာကြောင်း သိရသည်။ ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီအခြေခံရည်ညွှန်းဈေးနှုန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ပုံမှန် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် ဇူလိုင် (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် ရောင်းချရမည့် ဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ကျပ်ဖြစ်ပြီး အနည်းငယ်ကျဆင်းလာခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163863
Mostrar todo...
👍 3
ယနေ့ စဉ့်အင်ဖောင်ဆိပ် ယာယီ ပိတ်ထား၊ မန္တလေး - လားရှိုးသွားလမ်းပိုင်းအား ယာပြင်-ဘန့်ဘွေးလမ်းအား အသုံးပြု သွားလာနေ ယနေ့ ဇူလိုင်(၁)ရက် နံနက်ပိုင်းမှ စတင်၍ လားရှိုး-သီပေါ လမ်းပိုင်းရှိ စဉ့်‌အင်ဖောင်ဆိပ်အား ယာယီပိတ်ထားလိုက်ပြီဖြစ်ပြီး မန္တလေး-လားရှိုးသွားလမ်းအတွက် နမ့်ပေါင်-မိုင်းရယ်-ဆောင်ကြဲ-ပန်ညှ-နမ့်လန်-ကျောက်ဂူ-ယာပြင်-ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုသွားလာနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ ယခင်က မန္တလေးမှ လားရှိုးသို့ ကံကြီး- ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုနေရာမှ လုံခြုံရေးအခြေအနေအရ ယာပြင်- ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163857
Mostrar todo...
👍 5
Photo unavailableShow in Telegram
ကော့ကရိတ်မြို့နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုများအတွက် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုများအတွက် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပေးအပ်မှုကို ကရင် ပြည်နယ်အစိုးရအဖွဲ့ နှင့် Save the Children အဖွဲ့မှပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ မှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံအများအပြား မိမိနေအိမ်များသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်ဟုန်မပျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163854
Mostrar todo...
4👏 2👍 1
Photo unavailableShow in Telegram
မန္တလေးတွင် မိုးရာသီအတွင်း ရေကြီးမှုမဖြစ်စေရန် ရေဆိုးစုပ်ထုတ်စက်ရုံ (၉) ခုဖြင့်ဆောင်ရွက်မည် မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေဆိုးစုပ်ထုတ်စက်ရုံ (၉)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ အဆိုပါ ရေဆိုးစုပ်ထုတ်စက်ရုံ (၉) ခုမှတစ်ရက်လျှင် ရေဆိုးဂါလန်ပေါင်း ၂၁၇ ဒသမ ၉၂သန်းခန့် စုပ်ထုတ်နေကြောင်းရေနှင့် သန့်ရှင်းရေးဌာနက ထုတ်ပြန်ထားသည်။ အထက်ပါ စက်ရုံများမှာ ရွှေတချောင်း ကပ်ကျော်ဘုရားအနီးရှိ စက်ရုံအမှတ်(၁)၊ ရွှေခဲနံကပ် အင်းထိပ်ရှိ စက်ရုံအမှတ် (၂)၊ သံဃာဆေးရုံအနီးရှိ စက်ရုံအမှတ်(၃)၊ ဇောင်းကလောစက်ရုံ အမှတ်(၄ နှင့် ၇)၊ ၂၆လမ်း သင်္ဂဇာချောင်းမှ စက်ရုံအမှတ်(၅)၊ နဂါးနီစက်ရုံ၊ Detention Pond စက်ရုံအမှတ် (၉) နှင့် New Pumping Station တို့ဖြစ်ကြောင်း သိရသ ည်။ မြောင်းမကြီးထဲမှ ရေများကို စုပ်ထုတ်ပြီး ရေ Level ကို နှိမ့်ချထားခြင်းဖြင့် လမ်းမများပေါ်မှ မိုးရေများ မြောင်းမကြီးထဲသို့ အများအပြားစီးဝင်ကာ ရေကြီးရေလျှံမှုကို လျော့ချနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Mostrar todo...
👍 7 1
Photo unavailableShow in Telegram
👍 11 5🙏 5🥰 1
👉တနင်္သာရီတွင် လုပ်ငန်းများ တိုးလာ၍ လျှပ်စစ်လိုအပ်ချက် ပိုမိုများလာ၊လျှပ်စစ်မီးကို ဈေးသက်သာစွာ လုပ်နိုင်မည့်သူများကို ကြိုဆို 👉နီပေါမှာ မြေပြိုမှုဖြစ်လို့ ကလေး သုံးဦး အပါအဝင် ကိုးဦး သေဆုံး 👉(၃)လဆက်တိုက် အောင်ဘာလေထီစာအုပ် အရေအတွက် ၅သိန်းခွဲကျော် ရောင်းရခဲ့ 👉တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးဟာ နေတိုးအဖွဲ့ အာရှဗားရှင်းဟု မြောက်ကိုရီးယား ဝေဖန် 👉ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကာင်းနေရာ တိုင်းနှင့် ပြည်နယ်အနှံ့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင် 👉ကျောက်မဲမြို့တိုက်ပွဲ ပြန်လည်ငြိမ်သက်နေပြီး မြို့တွင်း၌ ဈေးဝယ်သူများနှင့် ပြန်လည်စည်ကားနေဟုဆို 👉တောင်ဥက္ကလာပတွင် ယာဉ်တိုက်မှု တစ်ခုကြောင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၁)ဦးနှင့် က--လေ--း (၁)ဦး ထိခိုက်ဒဏ်ရာရ 👉E9 လုပ်သားဦးရေ တစ်သန်းပြည့်အထိမ်းအမှတ်အဖြစ်ကိုရီးယားသို့မြန်မာလုပ်သား (၁၈၈) ဦး ဝင်ရောက်ခဲ့ 👉သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့် တစ်နိုင်ငံလုံးတွင် ဆန်များရောင်းချပေးနေဟု MRF ထုတ်ပြန် 👉MIC မှ လုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကန်ဒေါ်လာ သန်း၉၀ ခန့်နှင့် ကျပ် ၂၇၅၀၀ သန်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် သုံးခုကိုခွင့်ပြု 👉ဖားကန့်ဥရုချောင်းအတွင်း ရေနစ်ပျောက်ဆုံးခဲ့သည့်လူင ယ်နှစ်ဦး၏အလောင်းပြန်တွေ့ 👉မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲကစားရာ သရေရလဒ်ထွက်ပေါ် 👉အင်အားကြီးနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ကြဖို့ ဟွန်ဆန် တိုက်တွန်း 👉SME လုပ်ငန်းရှင်များအတွက် စက်ရုံမြေ၊လုပ်ငန်းနေရာတို့ကို သက်သာသောနှုန်းဖြင့် ငှားရမ်းရန် ဆောင်ရွက်နေ 👉အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး လုပ်နေ 👉သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေး အခြေအနေများ ဆောင်ရွက်ပေးမည် 👉အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် သိန်းထောင်နှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ထပ်မိပြန် 👉ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင်အမျိုးသမီးအသင်းတို့ ယခင်လျာထားရက်ထက် တစ်ရက် စော ကျင်းပမည် 👉(၂)ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀)ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ 👉ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး
Mostrar todo...
👍 9
Photo unavailableShow in Telegram
🌏30.6.2024 သတင်းအစုံအလင်🌏 👉မွန်ပြည်နယ်သို့ (၅) လအတွင်း ခရီးသွား (၉) သိန်းကျော်ဝင်ရောက်ခဲ့ 👉ASEAN U-16 Boys Championship 2024 မြန်မာအသင်း အုပ်စုအဆင့် သုံးပွဲကစား တစ်ပွဲနိုင် ရလဒ်ထွက်ပေါ် 👉ရန်ကုန်ယူနိုက်တက်က တိုက်စစ်မှူးကောင်းစည်သူကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ 👉တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်သွားမည်ဟု တရုတ်သမ္မတ ရှိကျင့်ဖျင်ပြောကြား 👉သာကေတတွင် ယာဉ်တိုက်မှုဖြစ်ရာအမျိုးသား (၁)ဦးနှင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာရ 👉မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်နမိတ်ဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး တားဆီရေးကိစ္စများဆွေးနွေး 👉သန်လျင်တံတား ချဉ်းကပ်လမ်းမကြီးတွင် YBS (၂)စီး တိုက်မိရာ လမ်းဖြတ်ကူးသူ အမျိုးသားအသက်ဆုံးရှုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ 👉ထိုင်း-မြန်မာ နယ်စပ်ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်မည် 👉ရှုံးထွက်အဆင့်နဲ့ ကျေနပ်လိုက်ရတဲ့လက်ရှိချန်ပီယံနဲ့ အမှားအယွင်းမရှိကွာတားတက်တဲ့ အိမ်ရှင်
Mostrar todo...
👍 6 1
Photo unavailableShow in Telegram
ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်သူ့ဘဏ္ဍာငွေများဖြစ်သည့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ (Revolving Fund-RF) မှ ကျပ် (၅၀) ဘီလီယံနှင့် ပြည်ထောင်စု၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund-GRF)မှ ကျပ် (၁၅၀) ဘီလီယံ ၊စုစုပေါင်း ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် (၂၀၀) ဘီလီယံဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေသက်တမ်း (၁) နှစ် သတ်မှတ်၍ ချေးငွေများကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=163851
Mostrar todo...
👍 15 1😁 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.