Popular Journal
📈 Аналітичний огляд Telegram-каналу Popular Journal
Канал Popular Journal (@popularjournal) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 26 961 підписників, посідаючи 8 993 місце в категорії Новини і ЗМІ та 5 364 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 26 961 підписників.
За останніми даними від 22 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -62, а за останні 24 години на -6, загальне охоплення залишається високим.
- Статус верифікації: Верифікований (Офіційно підтверджено Telegram)
- Рівень залученості (ER): Середній показник залученості аудиторії становить 4.57%. Протягом перших 24 годин після публікації контент зазвичай збирає 4.75% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 1 233 переглядів. Протягом першої доби публікація в середньому набирає 1 281 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“https://www.popularmyanmar.com/
https://www.youtube.com/c/PopularJournalOfficial”
Завдяки високій частоті оновлень (останні дані отримано 23 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.
Триває завантаження даних...
| Дата | Залучення підписників | Згадування | Канали | |
| 23 липня | 0 | |||
| 22 липня | +1 | |||
| 21 липня | 0 | |||
| 20 липня | 0 | |||
| 19 липня | 0 | |||
| 18 липня | 0 | |||
| 17 липня | 0 | |||
| 16 липня | +2 | |||
| 15 липня | 0 | |||
| 14 липня | +12 | |||
| 13 липня | +3 | |||
| 12 липня | 0 | |||
| 11 липня | +1 | |||
| 10 липня | 0 | |||
| 09 липня | +4 | |||
| 08 липня | +5 | |||
| 07 липня | +2 | |||
| 06 липня | +6 | |||
| 05 липня | 0 | |||
| 04 липня | 0 | |||
| 03 липня | 0 | |||
| 02 липня | +6 | |||
| 01 липня | +9 |
| 2 | မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်တန်စွမ်းလေ့လာမည်
နေပြည်တော်၊ ဇူလိုင် ၂၃
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်နိမိတ်ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ၃၄ လကြာ ပူးတွဲဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်သွားရန် နှစ်နိုင်ငံက သဘောတူညီထားကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇူလိုင် ၄ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းများကို ပူးတွဲလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်နိုင်ပါက တရုတ်နိုင်ငံပြင်ပ မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးဆုံးစီမံကိန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>> | 123 |
| 3 | ကြက်ဥဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးသူများ အဆင်ပြေစေရန် ဆောင်ရွက်နေသည့် အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းစဉ်များ
ပြည်သူများ၏ အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥ ဈေးနှုန်းများ အဆမတန် မြင့်တက်မသွားစေရေးနှင့် စားသုံးသူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက မွေးမြူရေး အသင်းအဖွဲ့များ ပူးပေါင်းကာ အရေးပေါ် တုံ့ပြန်မှု (Emergency Response) အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ဆောင်ရွက်လျက်ရှိသည့် တည်ငြိမ်ရေး လုပ်ငန်းစဉ်များ
၁။ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ စျေးများတွင် ကြက်ဥတစ်လုံးလျှင် (၄၅၀) ကျပ်နှုန်းဖြင့် အရေးပေါ် ကူညီရောင်းချပေးသည့် အစီအစဉ်ကို မြို့နယ် (၉) မြို့နယ်ရှိ စျေး (၉) စျေးတွင် စတင်ဆောင်ရွက်ခဲ့ပြီး မြို့နယ် (၃၃) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်ပေးလျက် ရှိသည်။
သတင်းအပြည့်အစုံဖတ်ရန်>> | 214 |
| 4 | အာဆီယံသို့မြန်မာဝင်ရောက်ခြင်း ၂၉ နှစ်ပြည့် ပြီ
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ ယနေ့ကဲ့သို့သောနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၉) ခုမြောက် အသင်းဝင်နိုင်ငံအဖြစ် တရားဝင် လက်ခံခဲ့ပါသည်။
ဤသမိုင်းဝင်မှတ်တိုင်သည် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာပေါင်းစည်းမှုဆီသို့ အာဆီယံ၏ခရီးလမ်းတွင် အရေးပါသောခြေလှမ်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး၊ အသင်းဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကောင်းစေကာ အရှေ့တောင်အာရှတစ်ခွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် ကျွန်ုပ်တို့၏ ဘုံကတိကဝတ်များကို ရှေ့သို့တိုးမြှင့်ပေးခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အာဆီယံသို့ သမိုင်းဝင်ဝင်ရောက်ခဲ့သည့် (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပဆင်နွှဲနေကြစဉ်၊ ပေါင်းစည်းညီညွတ်ပြီး ခံနိုင်ရည်ရှိကာ ပြည်သူကိုဗဟိုပြုသော အာဆီယံအသိုက်အဝန်းအတွက် ကျွန်ုပ်တို့၏ စုပေါင်းမျှော်မှန်းချက်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်ဟု အာဆီယံ က ရေးသားထားသည်။ | 242 |
| 5 | အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု (B) ၌ ကျရောက်
ရန်ကုန်၊ ဇူလိုင် ၂၃
၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ Hilton Nagoya Hotel ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအင်အားကြီးအသင်းများ ပါဝင်သည့် Group (B) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်း ပါဝင်သည့် အုပ်စု (B) တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့အပြင် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသဖြင့် ပွဲစဉ်များ အပြိုင်အဆိုင် ပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အာရှအားကစားပြိုင်ပွဲတွ-2/ | 286 |
| 6 | ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များကိုရှင်းလင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များစုပေါင်း၍ ယနေ့ ဇူလိုင် ၂၃ ရက်တွင်လည်း ဒုတိယနေ့အဖြစ် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက် ကြိုးတံတားထိပ်၌ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၂၂ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များပါဝင်ဆသာ ပူးပေါင်းအဖွဲ့ဝင်များသည် ငှက်ပျောတောရပ်ကွက်ရှ် ဥရုရတနာလမ်းတွင် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသည့် ရပ်ကွက်များတွင်လည်း ရေပြန်လည်ကျဆင်းသွားချိန်၌တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-ကိုအောင်ဇော်မိုး | 436 |
| 7 | ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များကိုရှင်းလင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များစုပေါင်း၍ ယနေ့ ဇူလိုင် ၂၃ ရက်တွင်လည်း ဒုတိယနေ့အဖြစ် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက် ကြိုးတံတားထိပ်၌ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၂၂ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များပါဝင်ဆသာ ပူးပေါင်းအဖွဲ့ဝင်များသည် ငှက်ပျောတောရပ်ကွက်ရှ် ဥရုရတနာလမ်းတွင် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသည့် ရပ်ကွက်များတွင်လည်း ရေပြန်လည်ကျဆင်းသွားချိန်၌တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-ကိုအောင်ဇော်မိုး | 370 |
| 8 | ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုစရိတ်၊ ရောဂါကျရောက်မှု၊ သယ်ယူစရိတ်စသည်အချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ချက် များအရ သိရသည်။
စိစစ်တွေ့ရှိရသည့် ဈေးနှုန်းဖြစ်ပေါ်မှု ကွင်းဆက်
လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိလာသည့် ကြက်ဥများကို ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အဓိက ထုတ်လုပ်ပေးလျက်ရှိသည်။ မွေးမြူရေးခြံများမှ ထုတ်လုပ်မှုစရိတ်မှာ ကြက်ဥတစ်လုံးလျှင် ကျပ် ၄၄၀ မှ ၄၅၀ အထိ ရှိနေပြီး -
ခြံဖမ်းဈေး (ခြံကောက်ဈေး)
တစ်လုံးလျှင် ကျပ် ၄၉၀ (တစ်ကတ်လျှင် ၁၄,၇၀၀ ကျပ်)၊
ရန်ကုန်အောက်ဈေး (ပွဲရုံအရောက်)
သယ်ယူစရိတ်နှင့် လုပ်သားခ ကျပ် ၅၀ မှ ၅၀ အဓိက ကုန်ကျသဖြင့် တစ်လုံးလျှင် ကျပ် ၅၂၀ အထိ ဖြစ်လာသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရန်ကုန်ဈေးကွက်အတွင်း-ကြ/ | 370 |
| 9 | ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ စာသင်ကျောင်း(၁)ကျောင်းကိုလည်း ခေတ္တပိတ်ခဲ့ရ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်တွင်တည် ထားသည့် ဉာဏ်တော်အမြင့်(၃၀)ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း(၃)ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရတက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်၊ အကျယ်(၅)ပေခန့် စေတီ(၉)ဆူအ နက်(၈)ဆူပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအားကာရံထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ(၁၃၈) ပေခန့်လည်းပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်းရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။ | 414 |
| 10 | ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift ယာဉ်တို-က်မိ၍ မြန်မာအလုပ်သမားတစ်ဦး ပြင်းထန်ဒ-ဏ်ရာရ
ထိုင်း၊ဇူလိုင်-၂၃
ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားသံမှူးနှင့်အဖွဲ့က ဆေးရုံသို့ သွားရောက်ကာ ကုသပေးနေသည့် ဆရာဝန်များနှင့် တွေ့ဆုံ၍ လူနာ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး ဒ-ဏ်ရာရရှိထားသည့် မြန်မာအလုပ်သမားနှင့်လည်း တွေ့ဆုံအားပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။
ထို့ပြင် အဆိုပါ အလုပ်သမားအတွက် ရရှိသင့်သည့် လျော်ကြေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ထိုင်းနိုင်ငံ-မဟာချိုင်/ | 572 |
| 11 | ရိုးရာဖို-က်တာ နက္ခတ်မင်း ONE Championship ပွဲဦးထွက်တွင် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ထိုးသ-တ်မည်
ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာရိုးရာလက်ဝှေ့ဖို-က်တာ နက္ခတ်မင်းသည် ONE Championship တွင် ပွဲဦးထွက်အဖြစ် အတွေ့အကြုံရင့် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့နှစ်ဦး၏ ပွဲစဉ်ကို မနက်ဖြန် ဇူလိုင် (၂၄) ရက်တွင် ကျင်းပမည့် ONE Friday Fights-163 ပြိုင်ပွဲ၏ ပတွဲခေါင်ဆိုင်းအဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။
နက္ခတ်မင်းသည် ယခင်က ပွန်ပက်နှင့် ထိုးသ-တ်ရန် စီစဉ်ထားသည့် ဖိုက်တာ ဒက်ချို ဒ-ဏ်ရာကြောင့် နုတ်ထွက်သွားခဲ့သဖြင့် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရိုးရာဖို-က်တာ-နက္ခတ်မင်/ | 582 |
| 12 | အိန္ဒိယတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပေါက်ကွဲ၊ ၂၂ ဦးေ-သဆုံး
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ ဥမင်လိုဏ်ခေါင်းပေါက်ကွဲမှုတွင် အလေ-ာင်း ခုနစ်လေ-ာင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားခဲ့သောကြောင့် ဖြစ်စဉ်အတွင်း ေ-သဆုံးသူဦးရေ သည် ၂၂ ဦး အထိ များပြားလာခဲ့သည်။
ယင်းဖြစ်ရပ်သည် ဆမ်မာဒန်းရွာရှိ တီးစတာမြစ်ပေါ်ရှိ အစိုးရပိုင် နိုင်ငံတော်ရေအားလျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်း(NHPC) ၏ စီမံကိန်းတွင် ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဥမင်လိုဏ်ခေါင်းတွင် ကျောက်တုံးများအတွင်း ပိတ်မိနေသော သို့မဟုတ် ထွက်လာသော မီးသိန်းဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာသည်ဟု သံသယရှိသော ပေါ-က်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးခိုးငွေများနှင့် အဆိပ်ဓာတ်ငွေ့များ ပြည့်နှက်နေကာ NHPC မှ အလုပ်သမားနှင့် အရာရှိ ၂၅ ဦး ပိတ်မိသွားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အိန္ဒိယတွင်-ဥမင်လိုဏ်ခေ/ | 609 |
| 13 | ဆော်ဒီနှင့်ယူအက်စ်တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရရှိ
အမေရိကနှင့် ဆော်ဒီအာရေဗျတို့သည် အရပ်ဘက်နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး သဘောတူညီချက်အရ ဆော်ဒီဘုရင့်နိုင်ငံသည် အမေရိကန်နည်းပညာကို အသုံးပြု၍ နျူကလီးယားဓာတ်ပေါင်းဖိုများကို တည်ဆောက်နိုင်မည်ဖြစ်ကာ ယူရေနီယံကိုလည်းသန့်စင်နိုင်မည်ဖြစ်သည်။
ဆော်ဒီနှင့် အရပ်ဘက်နျူကလီးယားသဘောတူညီချက်ရရှိရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပထမသက်တမ်းအစိုးရနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရနှစ်ရပ်စလုံးတွင် နှစ်များစွာ လုပ်ဆောင်ခဲ့သည်။
ဘိုင်ဒင်၏ အစီအစဉ်နှင့် မတူသော လက်ရှိသဘောတူညီချက်တွင် ကုလသမဂ္ဂ၏ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများကို လုပ်ဆောင်ခွင့်ပြုသည့် နောက်ဆက်တွဲ သဘောတူညီချက် မပါဝင်ပေ။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဆော်ဒီနှင့်ယူအက်စ်တို့/ | 680 |
| 14 | ဇဗ္ဗူသီရိမြို့နယ်ရှိ နေရာအချို့တွင် ရေနှုတ်မြောင်းရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေ မီးသတ်တပ်ဖွဲ့က ကူညီရွှေ့ပြောင်းပေး
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယနေ့ ဇူလိုင် ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ဗေဗေ့မောင်ဆည်မှလာသော ရေနှုတ်မြောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေလျှံမှုကြောင့် ရွှေကြာပင်ရပ်ကွက်၊ ငဝန်လမ်း၊ စိန် ပန်းပြာ(၁)လမ်း၊ စိန်ပန်းပြာ(၂)လမ်း၊ ရွှေလီလမ်းနှင့် ပမ္ပဝတီလမ်းတို့ရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်နေသည့်နေအိမ်များတွင် နေထိုင်သူများနှင့် ပစ္စည်းများအားကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာမှတိုက်အချို့ ၏ မီတာများရေမြုပ်နေ၍ လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရသည့်အပြင် ကံ့ကော်အိမ်ရာ၊ ပိတောက်အိမ်ရာ၊ ၃ ထောင်ကျော်၊ ၄ ထောင်ကျော်၊ ၅ ထောင်ကျော်နှင့် ၆ ထောင်ကျော်ဝန်ထမ်းအိမ်ရာများသို့ ဓာတ်အားပေးထားသော (၄၀၀)ဗို့ Panel များနှင့် Cable များရေမြုပ်နေကြောင်း သိရသည်။ | 688 |
| 15 | ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မွေးမြူရေးအတတ်ပညာဘာသာရပ်တွင် အဆင့် (B) ရရှိထားသူများလည်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ငါးလုပ်ငန်းနှင့်-ရေသတ္-2/ | 765 |
| 16 | (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တက်ရောက်
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း (Dr. Kao Kim Hourn) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ကို တခြား ARF အဖွဲ့ဝင်တွေဆီက နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဖိုရမ်ကို ဒီထက်ပိုပြီး အားကောင်းလာစေဖို့ ကြိုးပမ်းရမယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြသလို၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ်မှာလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/၃၃-ကြိမ်မြောက်-အာဆီယံ-ဒေ/ | 812 |
| 17 | ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်
ပဲခူး၊ ဇူလိုင် ၂၃
ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ပဲခူးမြို့နယ်ရှိ-မသန်စွ/ | 759 |
| 18 | ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ
နေပြည်တော်၊ ဇူလိုင် ၂၃
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့် (၂၀) လုံးကို ဖေ-ာက်ခွဲဖျ-က်ဆီးရန် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရွှေကုက္ကိုလ်ရှိ-အွန်လ-2/ | 742 |
| 19 | ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒုတိယဝန်ကြီးရှင်းလင်း
နေပြည်တော်၊ ဇူလိုင် ၂၃
လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ကုန်ဈေးနှုန်းကျဆင်းရေး/ | 802 |
| 20 | ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊ ဥပဒေကျော်လွန်ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဟု ဒုတိယဝန်ကြီးပြော
နေပြည်တော်၊ ဇူလိုင် ၂၃
ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည်ဟုဆိုသည့် ကိစ္စများကို မည်သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။
ဦးဂုဏ်ဝမ်းက ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ခန္တီးမြို့နယ်၌ ဥပဒေနှင့်မညီသည့် အတင်းအဓမ္မဖမ်းဆီးမှုများ ရှိနေကြောင်း တွေ့ရှိရသည်ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ခန္တီးမြို့နယ်ရှိ-ပြည်သ/ | 860 |
