fa
Feedback
CJ Platform

CJ Platform

رفتن به کانال در Telegram

We are freedom and voices. Website Link: https://cjplatform.com/

نمایش بیشتر
4 849
مشترکین
اطلاعاتی وجود ندارد24 ساعت
-137 روز
-3930 روز
آرشیو پست ها
လေးမျက်နှာမှာ တာကျိုးပေါက်တာကြောင့် ကျေးရွာနဲ့ ရပ်ကွက်အချို့ ရေဝင်ရောက်ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေရ CJ Platform ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာရှိတဲ့ ငဝန်မြစ် ရေကာတာ ကျိုးပေါက်သွားခဲ့တာကြောင့် ရေဝင်ရောက်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးနေရကြောင်း ဒေသခံတွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ အမြင့် ၁၈ ပေရှိတဲ့ တာမိုင်အမှတ် (၂၅/၃) မှာ သဲဗွက်ဖြစ်ပေါ်ပြီး တာနိမ့်ဆင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တာနိမ့်ဆင်းတဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပူးပေါင်းပြီး တာနိမ့်ဆင်းမှု မရှိစေရေးအတွက် တုတ်ရိုက်တာ၊ ကျောက်ချတာ၊ သဲမြေဖို့တာအပြင် သဲအိတ်စီတာတွေ ပြုလုပ်ခဲ့ပေမဲ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်မှာ အဆိုပါ ငဝန်မြစ် ရေကာတာဟာ အလျား ပေ ၅၀ ခန့်အကျယ် တာကျိုးပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ တာကျိုးပေါက်သွားခဲ့ပြီးနောက် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရေအမှတ်စောင့်တာနဲ့ တဘောင်ပြုပြင်တာတွေမှာ ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်မှာတော့ ရေဝင်ရောက်နေတဲ့ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာတို့က အိမ်ထောင်စုတွေကို ဘေးလွတ်ကင်းတဲ့ နေရာတွေဆီ ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ #CJPlatform #ဧရာဝတီတိုင်း #လေးမျက်နှာ #ငဝန်မြစ်တာကျိုးမှု

photo content

လေးမျက်နှာမှာ တာကျိုးပေါက်တာကြောင့် ကျေးရွာနဲ့ ရပ်ကွက်အချို့ ရေဝင်ရောက်ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနေရ

မနက်ဖြန် ဇူလိုင် (၃၁)ရက်အတွက် မိုးလေဝသခန့်မှန်းချက် အားကောင်းဆဲ မုတ်သုံကြောင့် မြစ်ရေနဲ့ ဆည်ရေကြီးမှုတွေ ဖြစ်လာနိုင် CJ Platf
မနက်ဖြန် ဇူလိုင် (၃၁)ရက်အတွက် မိုးလေဝသခန့်မှန်းချက် အားကောင်းဆဲ မုတ်သုံကြောင့် မြစ်ရေနဲ့ ဆည်ရေကြီးမှုတွေ ဖြစ်လာနိုင် CJ Platform မနက်ဖြန် ဇူလိုင်လ ၃၁ ရက်၊ သောကြာနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။ကမ္ဘာ့မိုးလေဝသ ကိန်းဂဏန်း အချက်အလက်ပြ မြေပုံ (Tropical Tidbits) အရ အာရေဗျပင်လယ်ပြင်ကနေ အိန္ဒိယကျွန်းဆွယ်ကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်းကို စီးဝင်နေတဲ့ အနောက်တောင် မုတ်သုံလေ စီးကြောင်းဟာ အားအလွန်ကောင်းနေပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ မြန်မာ့ကမ်းလွန်တို့မှာတော့ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကနေ ၄၀ မိုင်အထိ တိုက်ခတ်နိုင်မှာ ဖြစ်ပါတယ်။ #CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #ဧရာဝတီမြစ်ရေ #ဆည်ရေသတိပေးချက် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Thii-KO1VcA

ကျောင်းထိုင်ဆရာတော် ရွေးချယ်မှု အငြင်းပွားရာကနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဘုန်းကြီးကျောင်းကို မီးရှို့ CJ Plat
ကျောင်းထိုင်ဆရာတော် ရွေးချယ်မှု အငြင်းပွားရာကနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဘုန်းကြီးကျောင်းကို မီးရှို့ CJ Platform ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ကျောင်းထိုင်ဆရာတော် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား သဘောထားကွဲလွဲရာကနေ အသစ်ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး နဲ့ အပေါင်းပါတွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/3072026-3/

photo content

တာကော်တံတား စစ်ဆေးရေးဂိတ်မှာ ငွေအတုကိုင်ဆောင်သူ ၂ ဦး ဖမ်းမိ CJ Platform ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၉ ရက် ညပိုင်းက ၁ သောင်းတန်နဲ့ ၅ ထောင်တန် ငွေစက္ကူအတု ကိုင်ဆောင်သူ ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီက မိုင်းပျဉ်းမြို့ဘက်ကနေ ကာလိမြို့ဘက်ဆီ မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို တာကော်တံတား စစ်ဆေးရေးဂိတ်က ရှာဖွေစစ်ဆေးရာကနေ ၁ သောင်းတန်နဲ့ ၅ ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းမိခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "တာကော် စစ်ဆေးရေးဂိတ်မှာ မနေ့ညက လင်မယား ၂ ယောက်ကို ငွေစက္ကူအတုတွေနဲ့ ဖမ်းမိတာ။ အများကြီးပဲ၊ အရွက်ရေ ၂ ရာကျော်လောက် ရှိမယ်။ ရဲတွေ သိမ်းသွားတယ်" လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ ၂ ဦးဟာ တောင်ကြီးမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပြီး ၁ သောင်းတန် ငွေစက္ကူအတု ၁၂၆ ရွက်၊ ၅ ထောင်တန် ငွေစက္ကူအတု ၉၁ ရွက်တို့နဲ့အတူ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။ "သူ့မိန်းမ လွယ်အိတ်ထဲမှာ တွေ့တာ။ တစ်သောင်းတန်အတုက ၁၂၆ ရွက်၊ ငါးထောင်တန်အတုက ၉၁ ရွက်။ ကွင်းဆက်တွေ ရှိ မရှိ ရဲဘက်က စစ်ဆေးနေတယ်" လို့ ပြောပါတယ်။ လက်တလောမှာ ငွေစက္ကူအတု လက်ဝယ်တွေ့ရှိသူ ကိုရဲနောင်စိုး နဲ့ ဇနီးဖြစ်သူ မအိအိစိုး တို့ ၂ ဦးကို ကွန်ဟိန်းမြို့မရဲစခန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် က တောင်ကြီး မီးပုံးပျံပွဲမှာလည်း ၁၀,၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်တဲ့ အမျိုးသား ၄ ယောက်ကို ရဲတွေက ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ကွန်ဟိန်း #တာကော်တံတား #ငွေစက္ကူအတု

ညောင်တုန်းမှာ ရေကြီးလို့ လျှပ်စစ်ခွဲရုံ ရေဝင်ပြီး တစ်မြို့လုံး မီးပြတ်နေ CJ Platform ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇူလိုင်
ညောင်တုန်းမှာ ရေကြီးလို့ လျှပ်စစ်ခွဲရုံ ရေဝင်ပြီး တစ်မြို့လုံး မီးပြတ်နေ CJ Platform ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇူလိုင် ၂၈ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်း ရေဝင်နစ်မြုပ်ခဲ့ပြီး လုံခြုံရေးအရ ဓာတ်အား ယာယီပိတ်ထားရတာကြောင့် မြို့နယ်တစ်ဝန်း မီးပြတ်နေတယ်လို့ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/3072026-2/

photo content

ဈေးဝယ်ရင်း စကားများရာမှ ဆိုင်ရှင်လင်မယားကို ဓားနဲ့ထိုး၊ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ CJ Platform ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ ၂၊ နိဗ္ဗာန်လမ်းမှာ ဒီကနေ့ မနက် ၈ နာရီခွဲက 'ဂျပန်ကြီး' ကားအပိုပစ္စည်းဆိုင်က ဆိုင်ပိုင်ရှင်လင်မယား ဓားနဲ့ ထိုးခံရပြီး ဇနီးဖြစ်သူ သေဆုံးကာ ခင်ပွန်းဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၈ နာရီခွဲက 'ဂျပန်ကြီး' ကားအပိုပစ္စည်းဆိုင်က ဆိုင်ရှင်လင်မယားကို လူငယ်တစ်ယောက်က ဓားနဲ့ ထိုးခဲ့တာကြောင့် အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "ကားပစ္စည်းဝယ်ရင်း စကားများတာ။ အဲဒါကို အငြိုးထားပြီး ဆိုင်ရှင်မိန်းမကို လာသတ်တာ။ သေဆုံးသူရဲ့ ယောက်ျားကတော့ သူ့ကိုပါ ဓားနဲ့ထိုး၊ ခုတ်၊ ရိုက်နှက်သွားတာ။ ဓားနဲ့ထိုးတဲ့ ကောင်လေးကိုလည်း ဖမ်းမိသွားတယ်" လို့ ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ဒေသခံ လူမှုရေးအသင်းတွေက ရွှေညောင်တိုက်နယ် ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာ ရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ ၂ မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မောင်သန့်ဇင်ဖြိုး ဖြစ်ပြီး ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။ "ဓားနဲ့ထိုးသွားတဲ့ ကောင်လေးကို ဒီနေ့ပဲ အဲဒီလမ်းထဲမှာ ဖမ်းမိတယ်။ ရဲစခန်းက စစ်တော့ ဈေးဝယ်ရင်း စကားများ ရန်ဖြစ်တဲ့ ကိစ္စကို အငြိုးထားပြီး လုပ်တာလို့ ဝန်ခံထားတယ်။ ဓားနဲ့ထိုးတဲ့ ကောင်လေးက ဝပ်ရှော့လုပ်ငန်း လုပ်တာ" လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်က 'ဂျပန်ကြီး' ကားအပိုပစ္စည်းဆိုင်မှာ ပြစ်မှုကျူးလွန်သူ ဈေးလာဝယ်ရင်း ဈေးကြီးကြောင်း ပြောဆိုရာကနေ ဆိုင်ရှင် ဦးခင်မောင်ညို၊ ဒေါ်ရင်ရင်ဦး တို့နဲ့ စကားများ ရန်ဖြစ်ခဲ့တာလို့ သူက ရှင်းပြပါတယ်။ လက်တလောမှာ ပြစ်မှုကျူးလွန်သူ သန့်ဇင်ဖြိုးကို ရွှေညောင်မြို့မရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ ကနဦး အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ရွှေညောင် #ရှမ်းပြည်တောင်ပိုင်း #ဓားထိုးမှု

photo content

ပဲခူးမှာ လူငယ်ချင်း စကားများရာကနေ ဓားထိုးမှုဖြစ်၊ ၂ ဦး ဒဏ်ရာရပြီး ၃ ဦး အဖမ်းခံရ CJ Platform ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်၊ ရှမ်းပိုင်း ၁ လမ်းမှာ ဇူလိုင် ၂၉ ရက် ည ၇ နာရီက လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပြီး ၂ ဦး ဒဏ်ရာရကာ ဓားနဲ့ထိုးသူ ၃ ဦး အဖမ်းခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီက ဥဿာမြို့သစ် ၈ ရပ်ကွက်၊ ရှမ်းပိုင်း ၁ လမ်းရှိ အုတ်ခုံမှာ ထိုင်နေတဲ့ လူငယ် ၂ ယောက်နဲ့ လမ်းလျှောက်လာတဲ့ လူငယ် ၃ ဦး စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှု ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "လူငယ်တွေ စကားများ ရန်ဖြစ်ရင်း ဖြစ်ကြတာ။ ၃ ယောက်က ၂ ယောက်ကို ဓားနဲ့ထိုးတာ။ တစ်ယောက်က ဓားနဲ့ ၄ ချက် ထိုးခံရတယ်၊ ၁ ယောက်က ၂ ချက် ထိုးခံရတယ်။ ဓားနဲ့ထိုးတဲ့ ကောင်လေးတွေကိုလည်း ရဲတွေက ဖမ်းမိသွားတယ်" လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူ ကိုဝင်းကိုထွန်း နဲ့ ကိုဝေလျံထက် တို့ ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပဲခူးဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ဆိုသူ ကိုကျော်ပိုင်၊ ကိုချမ်းပြည့်ဇော် နဲ့ ကိုသားပြည့်အောင် တို့ကို ပဲခူးမြို့၊ အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၆၉/၂၀၂၆၊ ပုဒ်မ ၂၉၄၊ ၃၂၆၊ ၁၁၄ တို့နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက် ညပိုင်းကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းရှိ နေအိမ်တစ်အိမ်မှာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ပဲခူး #ဥဿာမြို့သစ် #ဓားထိုးမှု

photo content

မြန်မာနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ အဓိကဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား CJ Platform မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ ပြဿနာရဲ့ အရင်းခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အဆုံးသတ်ရေးဟာ မဖြစ်မနေ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ "မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါ (New Urban Agenda)" အကောင်အထည်ဖော်မှုဆိုင်ရာ နှစ်လယ် ပြန်လည်သုံးသပ်ရေး အဆင့်မြင့် အစည်းအဝေးမှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက် ၃ဒသမ၇ သန်းကျော်အထိ မြင့်တက်လာခဲ့ပြီး စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်ပေါင်း ၁၂၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အဲဒီလို နေရပ်စွန့်ခွာသူ များပြားလာတာကြောင့် ပုံမှန်မဟုတ်တဲ့ မြို့ပြအခြေချ နေထိုင်မှုတွေ ပိုမိုများပြားလာပြီး အခြေခံဝန်ဆောင်မှုတွေနဲ့ အဆောက်အအုံတွေအပေါ် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်နေကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်မြို့မှာတောင် မြို့ပြဆင်းရဲနွမ်းပါးမှု အတိုင်းအတာက ၂၀၁၇ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဒီဆင်းရဲနွမ်းပါးမှုက ရွှေ့ပြောင်းနေထိုင်သူတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေအပေါ် အချိုးအစား မမျှတစွာ ထိခိုက်စေပါတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသတွေမှာ စစ်အုပ်စုရဲ့ နှောင့်ယှက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ငွေညှစ်တာတွေ အပါအဝင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတို့ကြောင့် ပြည်သူတွေရဲ့ လှုပ်ရှားသွားလာခွင့်တွေ ကန့်သတ်ခံနေရပြီး အလုပ်အကိုင် ရှာဖွေရေးနဲ့ မရှိမဖြစ် ဝန်ဆောင်မှုတွေ ရရှိရေးတို့ကိုပါ ထိခိုက်လာစေကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် သာယာဝပြောရေးထက် အသက်ရှင်ရပ်တည်ရေးကိုသာ ဦးစားပေး ရွေးချယ်နေရပြီး စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချခံနေရတာကြောင့် ရတဲ့အစားအစာကိုသာ ရွေးချယ်စားသုံးနေရကြောင်း ပြောကြားခဲ့ပါတယ်။ အလားတူပဲ စစ်အုပ်စုရဲ့ ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံတွေထက် ဗုံးခိုကျင်းတွေကိုသာ ရွေးချယ်နေရပြီး လူနေအိမ်တွေ ဖျက်ဆီးခံရမှုကြောင့် မြို့ပြဖွံ့ဖြိုးမှုထက် ပြန်လည်တည်ဆောက်ရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂ အစည်းအဝေးမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်နေမှုတွေကို မြန်မာပြည်သူတွေက စဉ်ဆက်မပြတ် ပံ့ပိုးကူညီနေကြောင်းလည်း သံအမတ်ကြီးက အသိပေးခဲ့ပါတယ်။ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံတကာ အသိုက်အဝန်းထံ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဓာတ်ပုံ - NUG #CJPlatform #သံအမတ်ကြီးဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #မြို့ပြဖွံ့ဖြိုးမှု

photo content

စံပြဈေးအနီးမှာ YBS ၆ တစ်စီး ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင် CJ Platform ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်မှာ YBS ၆ ယာဉ်လိုင်းက ကားတစ်စီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ ၃၀ ရက် မနက် ၆ နာရီ ၄၈ မိနစ်က အဆိုပါ YBS ၆ ကားဟာ စံပြဈေးမှတ်တိုင်မှာ ရပ်တန့်ပြီး ဂုံးတံတားအတက်မှာ ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ယာဉ်နောက်ပိုင်း ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ မီးလောင်မှုဖြစ်ပွားတဲ့ ကားအမျိုးအစားမှာ Hyundai အမျိုးအစား Low Entry City Bus ဖြစ်ပြီး ကိုရီးယားက တင်သွင်းထားတဲ့ တစ်ပတ်ရစ် အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးတဲ့နောက် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မနက် ၆ နာရီ ၅၇ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုနှစ် ဧပြီလ ၁၀ ရက်နေ့တုန်းကလည်း YBS ၆၀ ယာဉ်လိုင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တစ်စီး သီရိမင်္ဂလာဈေးသစ်မှတ်တိုင်မှာ မီးလောင်ကျွမ်းခဲ့ပါသေးတယ်။ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ #CJPlatform #ရန်ကုန် #သင်္ဃန်းကျွန်း #YBS၆မီးလောင်မှု

photo content

ကလေးငယ်တွေကို ဆေးတိုက်ကျွေးကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ ရောင်းစာခဲ့သူကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ် CJ Platform ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ကလေးသူငယ်တွေကို ဆေးတွေ တိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်မှာ လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး Telegram မှာ ရောင်းစားခဲ့သူကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေနဲ့ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်နေ မောင်---- (၁၁ နှစ်) ဟာ ကျောင်းဆင်းချိန်မှာ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူနဲ့ ဆုံတွေ့ခဲ့ပြီး သူငယ်ချင်းဖြစ်သူနဲ့အတူ ပါလာတဲ့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကိုမျိုးမင်းထွန်း (ခ) ဖိုးသား က နေအိမ်ဆီ အလည်လိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တာကြောင့် ညီဖြစ်သူကိုပါ အတူခေါ်ဆောင်ကာ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ကိုမျိုးမင်းထွန်း (ခ) ဖိုးသား ရဲ့ နေအိမ်ကို ရောက်ရှိချိန်မှာ အားဆေးသောက်ရမယ်လို့ ပြောဆိုကာ စိတ်ငြိမ်ဆေး နှုတ်ခမ်းနီလုံး ၁၀ လုံးစီနဲ့ ဆန်ချိုအရက်တို့ကို အချိုရည်လို့ လိမ်လည်တိုက်ကျွေးခဲ့ကြောင်း သိရပါတယ်။ ဆေးသောက်ပြီး ကလေးတွေ အသိစိတ်ကင်းမဲ့နေချိန်မှာ ကလေးတစ်ဦးကို သူက လိင်တူဆက်ဆံခဲ့သလို ကျန်ကလေးနှစ်ဦးကိုလည်း အချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုဖိုင်တွေ ရိုက်ကူးခဲ့ပါတယ်။ ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ ကိုမျိုးမင်းထွန်း (ခ) ဖိုးသား ရဲ့ နေအိမ်မှာ ရက်ပေါင်း ၂၀ ခန့် သွားရောက်ညအိပ်ခဲ့ဖူးပြီး အဲဒီအချိန်တိုင်းမှာလည်း အလားတူ ပြုလုပ်ကာ ဗီဒီယိုဖိုင်တွေ ရိုက်ကူးပြီး Telegram Account တွေ ဖွင့်လှစ်ကာ Member ဝင်တွေဆီကနေ အခကြေးငွေတွေ ရယူရောင်းချခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ် တိုင်တန်းခဲ့တာကြောင့် အင်းစိန်မြို့မရဲစခန်း (ပ) ၁၆၉/၂၀၂၆ နဲ့ (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅ တို့နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမှုကို အင်းစိန်ခရိုင်တရားရုံးက ဇူလိုင်လ ၂၇ ရက်နေ့မှာ တရားခံ ကိုမျိုးမင်းထွန်း (ခ) ဖိုးသား ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီနဲ့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ သီးခြားကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ #CJPlatform #အင်းစိန် #ကလေးသူငယ်ကာကွယ်ရေး #လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး

ဒီကနေ့ ဇူလိုင် (၃၀)ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မြစ်ရေနဲ့ ဆည်ရေကြီးမှု အရေးပေါ်အဆင့် ရောက်ရှိနေ CJ Platform ဒီက
ဒီကနေ့ ဇူလိုင် (၃၀)ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မြစ်ရေနဲ့ ဆည်ရေကြီးမှု အရေးပေါ်အဆင့် ရောက်ရှိနေ CJ Platform ဒီကနေ့ ဇူလိုင်လ ၃၀ ရက်၊ ကြာသပတေးနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ဩစတြေးလျ မိုးလေဝသဗျူရို (BOM) ရဲ့ ထုတ်ပြန်ထားချက်အရ ကမ္ဘာကို လှည့်ပတ်နေတဲ့ အပူပိုင်း လေထုလှိုင်း (MJO) ဟာ အနောက် အာဖရိကဘက်ခြမ်းကနေ အိန္ဒိယသမုဒ္ဒရာ ဘက်ခြမ်းကို ရောက်ရှိနေတာကို တွေ့ရပါတယ်။MJO လှိုင်းဟာ အိန္ဒိယသမုဒ္ဒရာ ဘက်ခြမ်းကို ရောက်ရှိလာပေမဲ့ အားကောင်းမှာ မဟုတ်သလို၊ ဩဂုတ်လ ပထမအပတ်အတွင်း တောင်တရုတ်ပင်လယ် ဘက်ခြမ်းကို ပြန်ရောက်သွားမှာ ဖြစ်တာကို တွေ့ရပါတယ်။ #CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #ဆည်ရေသတိပေးချက် #မိုးတိမ်တောင်သတိပေးချက် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/LJkfdXcbGIs

မနက်ဖြန် ဇူလိုင် (၃၀)ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် ခရမ်းရောင်အဆင့် ရေကြီးနိုင် CJ Platform မနက်ဖြန် ဇူလိုင်လ ၃၀
မနက်ဖြန် ဇူလိုင် (၃၀)ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် ခရမ်းရောင်အဆင့် ရေကြီးနိုင် CJ Platform မနက်ဖြန် ဇူလိုင်လ ၃၀ ရက်၊ ကြာသပတေးနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အထူးသတိပေးချက် မြစ်ရေကြီးမှု အရေးပေါ် သတိပေးချက်တွေကို အရင်ဆုံး ပြောပြပါမယ်။ မနက်ဖြန်မှာ စိုးရိမ်ရေအမှတ် ရောက်နိုင်တဲ့ မြစ်ရေတွေ များလာတဲ့အတွက် အရင်ဦးဆုံး မြစ်ရေအခြေအနေကို အားလုံးလည်း သိချင်နေမယ် ထင်ပါတယ်။ မိုးဇလရဲ့ မြစ်ရေကြီးခြင်း သတိပေးချက်အရဆိုရင် ဟင်္သာတ၊ ဆိပ်သာ၊ မဒေါက်၊ ပဲခူးနဲ့ ငါးသိုင်းချောင်း မြို့တို့မှာ နောက် (၁) ရက်အတွင်း စိုးရိမ်ရေအမှတ် ရောက်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ #CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #စစ်တောင်းမြစ်ဝှမ်း #တပ်ကုန်းရေဘေး Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/kRAg2G5nXCs