uz
Feedback
CJ Platform

CJ Platform

Kanalga Telegram’da o‘tish

We are freedom and voices. Website Link: https://cjplatform.com/

Ko'proq ko'rsatish
4 871
Obunachilar
-224 soatlar
-127 kunlar
-4430 kunlar
Postlar arxiv
ဇီကုန်းမှာ ရဲနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ CJ Platform စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီကုန်းမြို့ပေါ်မှာ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ ပျူစောထီး နှစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ ဇီကုန်းမြို့ထဲကို သွားလာနေတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ ပျူစောထီး ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ "ရဲ၊ ပျူ ၂ ကောင် ပစ်သတ်ပြီး ဂန်း ၂ လက် ကိုယ့်ဘက်က ရခဲ့တယ်" ဟု အဆိုပါ တော်လှန်ရေး ရဲဘော်က CJ Platform ကို ပြောပါတယ်။ ပစ်ခတ်မှုနှင့် ပတ်သက်၍ မြို့ခံ သတင်းအရင်းအမြစ် တစ်ဦးကလည်း ဇီကုန်းမြို့တွင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်အုပ်စုလက်အောက်ခံ ၂ ဦး ထိမှန်ကာ ရုပ်အလောင်းကို လာရောက် သယ်ဆောင်သွားကြောင်း၊ ထိုအထဲမှ တစ်ဦးမှာ မသေဆုံးသေးကြောင်း အတည်ပြု ပြောဆိုပါတယ်။ "မြို့ထဲမှာ နှစ်ယောက် ဟုတ်တယ်။ မှန်တာတော့ နှစ်ယောက်မှန်တာ ဟုတ်တယ်။ သယ်တာတော့ နှစ်ယောက်လုံး သယ်သွားတာ၊ ဒါပေမဲ့ တစ်ယောက်က မသေဘူး" လို့ မြို့ခံ သတင်းအရင်းအမြစ် တစ်ဦးက CJ Platform ကို ပြောပါတယ်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ခဲ့တဲ့ သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် ဖြစ်စဉ် အသေးစိတ် အချက်အလက်တွေကိုတော့ CJ Platform က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူ #ဇီကုန်း #တော်လှန်ရေးသတင်း #ဒေသတွင်းသတင်း

photo content

ဖားကန့်တွင် ရေကြီးစဉ် မျောပါဆုံးပါးသွားခဲ့ရတဲ့ ကလေးငယ်ရဲ့ မိဘတွေကို ရှာဖွေတွေ့ရှိ CJ Platform ကချင်ပြည် ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် ငှက်ပျောတောရပ်ကွက်၊ ဥတုချောင်းဘေးမှာ ရေနစ်မျောပါ ဆုံးပါးသွားတဲ့ ကလေးငယ်ရဲ့ မိဘတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ လူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတက်လာချိန် အသက် ၇ လအရွယ် အဆိုပါ ကလေးငယ်ဟာ မနေ့က ဇူလိုင်လ ၂၀ ရက်နေ့မှာ ကုတင်အောက်ကို ပြုတ်ကျ ဆုံးပါးသွားခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူရဲ့ ပြောကြားချက်ကို ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားအသိပေးချက်အရ သိရပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ မနေ့က ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က ငှက်ပျောတောရပ်ကွက်၊ ဥတုချောင်းဘေးမှာ တွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး မိဘဖြစ်သူတွေကို ဆက်သွယ်နိုင်ဖို့ လူမှုကူညီရေးအသင်းက အသိပေး ထုတ်ပြန်ထားခဲ့ပြီး အခုလို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်မြို့တွင် လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မနေ့က ဇူလိုင် ၂၀ ရက်နေ့ကစလို့ ဖားကန့်မြို့မှာ ရေအနည်းငယ် ကျဆင်းတာမျိုး ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ ဇူလိုင်လ ၂၁ ရက် နေ့လယ်ပိုင်းကစလို့ ဖားကန့်ကျောက်ဝိုင်းလမ်းပိုင်း ရေအတော်လေး ကျသွားပေမယ့် အေးမြသာယာ၊ မှော်သောင်း၊ ဆန်းကြွယ်၊ ဖားပြင်၊ မမုံ စတဲ့ ဒေသတွေမှာ သွားလာရေး အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး ခရီးသွားလာရမည့် ဒေသခံပြည်သူတွေအနေနဲ့ မည်သည့်ကားများမဆို ဖြတ်သန်းသွားလာလို့ မရသေးကြောင်းကိုလည်း ဒေသခံတွေက လူမှုကွန်ရက်တွေမှာ ရေးသားမျှဝေထားကြပါတယ်။ အခုနှစ် မိုးဦးကာလအတွင်း ဖားကန့်မြို့ပေါ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း မြို့ခံများ၏ ပြောပြချက်အရ သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ဖားကန့် #ရေကြီးရေလျှံ #သဘာဝဘေး #ဒေသတွင်းသတင်း #ကချင်ပြည်နယ်

ကမ္ဘာ့ချန်ပီယံ စပိန်အသင်း အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ CJ Platform ၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်အပြီး ဆုပေးပွဲဟာ ဘေ
ကမ္ဘာ့ချန်ပီယံ စပိန်အသင်း အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ CJ Platform ၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်အပြီး ဆုပေးပွဲဟာ ဘောလုံးလောကရဲ့ အာရုံစိုက်မှုကိုသာမက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပေမဲ့ FIFA က ထုတ်ပြန်ခဲ့တဲ့ တရားဝင် ဓာတ်ပုံတွေနဲ့ မှတ်တမ်းဗီဒီယို အများစုမှာတော့ သူ့ရဲ့ ပုံရိပ်တွေကို အဓိကထား အသုံးမပြုခဲ့တာကို ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2172026-4/

ဇမ္ဗူသီရိမှာ ဆိုင်လုပြီး လူသတ်ခဲ့သူ နှစ်ဦးကို ပျဉ်းမနားခရိုင် တရားရုံးက သေဒဏ်ချမှတ် CJ Platform နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်
ဇမ္ဗူသီရိမှာ ဆိုင်လုပြီး လူသတ်ခဲ့သူ နှစ်ဦးကို ပျဉ်းမနားခရိုင် တရားရုံးက သေဒဏ်ချမှတ် CJ Platform နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ လူငယ်တစ်ဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ် လုယူသွားသူ နှစ်ဦးကို ပျဉ်းမနားခရိုင် တရားရုံးက ဇူလိုင် ၂၀ ရက် မနက်ပိုင်းမှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2172026-5/

ဇူလိုင်လ နောက်ဆုံးပတ်အထိ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင် CJ Platform ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မ
ဇူလိုင်လ နောက်ဆုံးပတ်အထိ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင် CJ Platform ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာခြင်းနဲ့ လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဒီကနေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှ စတင်ပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် ၁၂ ခုမှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2172026-3/

အာဆီယံအစည်းအဝေးသို့ SCEF အိတ်ဖွင့်ပေးစာပို့ စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်စရန် တောင်းဆို CJ Platform ဖက်ဒရယ်ဒီမိုက
အာဆီယံအစည်းအဝေးသို့ SCEF အိတ်ဖွင့်ပေးစာပို့ စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်စရန် တောင်းဆို CJ Platform ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ဆီကို လိပ်မူပြီး ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ (၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အရေးကြီး အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2172026-2/

photo content

ချင်းတွင်းမြစ်အတွင်း စက်လှေတစ်စင်း တိမ်းမှောက်ရာမှာ ၅ဦး ပျောက်ဆုံးနေ CJ Platform စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကမ်းနားလမ်း ချင်းတွင်းမြစ်အတွင်းမှာ မနေ့ ဇူလိုင် ၂၀ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်က စက်တပ်လှေငယ်တစ်စင်း တိမ်းမှောက်ခဲ့ပြီး လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီလှေပေါ်မှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး လိုက်ပါလာတာဖြစ်ပြီး၊ သူတို့ဟာ မုံရွာသင်္ဘောကျင်းမှာ အလုပ်လုပ်ပြီးနောက် စက်လှေနဲ့ ရွာကို ပြန်ချိန်မှာ စက်လှေ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လှေတိမ်းမှောက်ပြီးနောက် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမယ့် အမျိုးသား ၅ ဦးကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခရိုင်/မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေ၊ ကွေ့ကြီး၊ ရန်ကင်း၊ မြို့သစ်၊ နန္ဒဝန်၊ စစ်ပင်၊ အောင်ချမ်းသာ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေက ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ခရီးသည် အမျိုးသမီး ၇ ဦး လိုက်ပါလာတဲ့ စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ လက်ရှိမှာ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနေပြီး ဖောင်းပြင်မြို့မှာလည်း နောက် ၁ ရက်အတွင်း ၁ ပေကျော် မြင့်တက်ကာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်တာကြောင့် မြစ်ရေတက်ချိန်မှာ သတိပြုသွားလာကြဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက နှိုးဆော်ထားပါတယ်။ ဓာတ်ပုံ - မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန #CJPlatform #စစ်ကိုင်းတိုင်း #မုံရွာ #ချင်းတွင်းမြစ် #သဘာဝဘေး #ဒေသတွင်းသတင်း

ရခိုင်ပြည်အတွင်း မိုးအလွန်များနိုင် CJ Platform ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရှိချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယကမ်းရိုးတန်းမှာ လေဖိအားနည်းဆဲလ်တစ်ခု အားကောင်းနေပြီး၊ အနောက်တောင် မုတ်သုံလေကလည်း ရေခိုးရေငွေ့တွေနဲ့အတူ မြန်မာနိုင်ငံအတွင်း စီးဝင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာ ဖိလစ်ပိုင်ပင်လယ်ပြင် အနီးမှာလည်း အထက်လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေတာကို တွေ့ရပြီး၊ ရက်ဝေး ခန့်မှန်းချက်တွေအရ ဒီလေပွေလှိုင်းဟာ အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပြီး တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာနိုင်တာကို တွေ့ရပါတယ်။ #CJPlatform #ရခိုင်ရေဘေး #မိုးတိမ်တောင်သတိပေးချက် #ပင်လယ်ပြင်သတိပေးချက် #CJPlatformWeatherTeam Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/A2kP0BmPi1Y

မနက်ဖြန် ဇူလိုင် (၂၁)ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက် တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေ ဆက်အားကောင်
မနက်ဖြန် ဇူလိုင် (၂၁)ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက် တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေ ဆက်အားကောင်းမယ် CJ Platform မနက်ဖြန် ဇူလိုင်လ ၂၁ ရက်နေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေကနေ အရှေ့မြောက်ပိုင်း အာသံနဲ့ နာဂလန်းပြည်နယ်တွေအထိ လေထုအထက်ပိုင်း လေပွေလှိုင်း စက်ဝန်းတွေ အသီးသီး ဖြစ်ပေါ်နေပါတယ်။ #CJPlatform #တပ်ကုန်းရေဘေး #စစ်တောင်းမြစ်ရေ #ချင်းတွင်းမြစ်ရေ #ရေကြီးရေလျှံသတိပေးချက် Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/HRuPatHx0BY

photo content

ချမ်းမြသာစည်မြို့နယ်ရှိ မီလျံနာရွှေဆိုင် မှာ သေနတ်ပစ်ဖောက်ပြီး ဓားပြတ်တိုက်မှုဖြစ်ပွား CJ Platform မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ဇူလိုင် ၂၀ရက် ညနေ ၃ နာရီခန့်က ဓားပြတ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ရွှေထည်ပစ္စည်းတွေ လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမည်မသိ အမျိုးသား ၆ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မီလျံနာရွှေဆိုင်ကို ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေကောင်တာ မှန်ခုံများကို ခွဲပြီး ရွှေတွေယူသွားခြင်း ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "၃ ယောက်က အထဲကိုဝင်ပြီး ဓားပြတိုက်တယ်၊ ၃ ယောက်က အပြင်က လူစောင့်ပေးတယ်။ ရွှေဆိုင်က လုံခြုံရေးဝန်ထမ်းတစ်ယောက် ဒဏ်ရာရတယ်၊ ရွှေအတော်များများ ပါသွားတယ်။ အရေအတွက် အတိအကျကို မသိရသေးဘူး" လို့ ပြောပါတယ်။ လုယက်သူတွေ ထွက်ပြေးသွားပြီးနောက် စစ်အုပ်စုတပ်နှင့် ရဲတွေ ရောက်ရှိလာကာ မီလျံနာရွှေဆိုင်မှ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို ရှာဖွေနေတယ်လို့ သိရပါတယ်။ လက်တလောမှာ ပြစ်မှုကျူးလွန်သူ ၆ ဦးကို ချမ်းမြသာစည်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ရဲများက ပိတ်ဆို့ရှာဖွေနေသော်လည်း ယနေ့ညနေပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြို့ခံတွေဆီက သိရပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း နေအိမ်မှ မြို့ထဲသို့ ရွှေဆိုင်ဖွင့်ရန် သွားရောက်စဉ် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို အမည်မသိ အမျိုးသား ၇ ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၁,၀၀၀ ကို လုယက်သွားသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #မန္တလေး #ချမ်းမြသာစည် #မှုခင်းသတင်း #ရွှေဆိုင်ဓားပြတိုက်ခံရ

အယ်လ်နီညို အားကောင်းလာတော့မည့်အတွက် သိသင့်သည့်အချက်အလက်များ CJ Platform အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ မိုးလေဝသန
+1
အယ်လ်နီညို အားကောင်းလာတော့မည့်အတွက် သိသင့်သည့်အချက်အလက်များ CJ Platform အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ မိုးလေဝသနှင့် ရာသီဥတု သုတေသနဌာန (APCC) ရဲ့ အချက်အလက်တွေအရ ပစိဖိတ်သမုဒ္ဒရာအတွင်း အင်အားပြင်း အယ်လ်နီညို (El Niño) ဖြစ်စဉ် စတင်သက်ရောက်နေပြီး ဒေသတွင်း မိုးခေါင်ရေရှားခြင်းနဲ့ အပူချိန်မြင့်မားမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2072026-3/

အယ်လ်နီညို အားကောင်းလာတော့မည့်အတွက် သိသင့်သည့်အချက်အလက်များ CJ Platform အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ မိုးလေဝသန
+9
အယ်လ်နီညို အားကောင်းလာတော့မည့်အတွက် သိသင့်သည့်အချက်အလက်များ CJ Platform အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ မိုးလေဝသနှင့် ရာသီဥတု သုတေသနဌာန (APCC) ရဲ့ အချက်အလက်တွေအရ ပစိဖိတ်သမုဒ္ဒရာအတွင်း အင်အားပြင်း အယ်လ်နီညို (El Niño) ဖြစ်စဉ် စတင်သက်ရောက်နေပြီး ဒေသတွင်း မိုးခေါင်ရေရှားခြင်းနဲ့ အပူချိန်မြင့်မားမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2072026-3/

photo content

ဖားကန့်မှာ ရေကြီးပြီးနောက် တစ်နှစ်အရွယ် ကလေးအလောင်း ရေထဲမျောပါလာ CJ Platform ကချင်ပြည် ဖားကန့်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးပြီးနောက် ဒီကနေ့ ဇူလိုင် ၂၀ရက် နေ့လယ် ၁ နာရီမှာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ အလောင်း ရေထဲမျောပါလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ဖားကန့်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးပြီးနောက် ဒီနေ့မှာ ရေထဲမျောပါလာတဲ့ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ အလောင်းကို တွေ့ရှိရတာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "ရေနစ်သေပြီး မျောလာတဲ့ ကလေးအလောင်းကို ငှက်ပျောတောရပ်ကွက်က ဥတုချောင်းဘေးမှာ ဒီနေ့ နေ့လယ်မှာ တွေ့တာပါ။ ဘယ်ကကလေးလဲတော့ မသိဘူး။ ပိုင်ရှင်မတွေ့သေးလို့ ပရဟိတအဖွဲ့က ထုတ်ပြန်ထားတယ်" လို့ ပြောပါတယ်။ ကလေးငယ်ရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားဆေးရုံကို လူမှုကူညီရေးအသင်းက ပို့ဆောင်ထားပြီး မိဘတွေအနေနဲ့ ဆက်သွယ်နိုင်ဖို့ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးထားပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မရပ်ကွက်နဲ့ မရှိကထောင်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်အချို့နဲ့ လမ်းတွေ ပျက်စီးခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "မိုးရွာပြီး ရေတက်တဲ့အချိန် ကလေးပြုတ်ကျတာ ဖြစ်မယ်။ အချို့နေရာတွေဆို အခုအချိန်ထိ ရေမကျသေးဘူး။ ဒီနှစ် ဖားကန့်မှာ ရေခဏခဏ ကြီးတယ်" လို့ ပြောပါတယ်။ ဒီနှစ် မိုးဦးကာလ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ဖားကန့် #ရေကြီးရေလျှံ #သဘာဝဘေး #ဒေသတွင်းသတင်း

photo content

လူသတ်မှုကျူးလွန်ဖို့ လာရောက်သူကို ဝင်ရောက်ခုခံပေးတဲ့ အသက် (၉)ရွယ် ကလေးငယ်ပါ ဒဏ်ရာရခဲ့သလို အဖွားဖြစ်သူ သေဆုံးသွားတဲ့ ကော့သောင်းက လူသတ်မှု CJ Platform တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာမှာ ဇူလိုင် ၁၈ ရက်နေ့ နေ့လယ် ၁ နာရီက အကြွေးကိစ္စနဲ့ စကားများရာမှ ရန်ပွဲဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နေအိမ်ဘုရားခန်းမှာ အိပ်နေတဲ့ အဘွားဖြစ်သူကို အမျိုးသားတစ်ဦးက ဓားနဲ့ ထိုးသတ်နေတာကို မြင်ပြီး ကာကွယ်ပေးဖို့ ကြိုးစားခဲ့တဲ့ အသက် ၉ နှစ်အရွယ် မြေးဖြစ်သူကိုပါ ဓားနဲ့ ထိုးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။ "အကြွေးကိစ္စနဲ့ စကားများပြီး ဘွားအေကို လာသတ်တာပါ။ အဘွားဖြစ်သူက ဓားနဲ့ အထိုးခံရပြီး အော်တော့ ၉ နှစ်အရွယ်ကလေးက လန့်နိုးပြီး ကူညီဖို့ လုပ်တော့ အဲ့ဒီကလေးကိုပါ ဓားနဲ့ထိုးတာပါ။ ၃ ချက်လောက် ဒဏ်ရာရတယ်။ အဘွားဖြစ်သူကိုလည်း ဓားနဲ့ အချက်ပေါင်းများစွာ ထိုးပြီး တုတ်နဲ့ပါ ရိုက်သတ်သွားတာပါ" လို့ ပြောပါတယ်။ သေဆုံးသူမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းထွေးဖြစ်ပြီး ဒဏ်ရာရရှိသူ အသက် ၉ နှစ်အရွယ် မောင်ဝင်းကိုဦးမှာ လက်တလော ကော့သောင်းဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုကျော်သူရ ကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့က မပုတေးကျေးရွာရှိ နေအိမ်မှာပင် ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ဘတ်ငွေ ၂ သောင်းကိစ္စနဲ့ စကားများရန်ဖြစ်ပြီး လူသတ်မှု ဖြစ်တာပါ။ လူကြီးလည်း သေတယ်၊ ကလေးလည်း အခြေအနေ စိုးရိမ်ရတဲ့ အနေအထားပါ။ ရဲစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားပါတယ်" လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုကျော်သူရကို ကော့သောင်းမြို့မရဲစခန်းက (ပ) အမှတ် ၂၃၄/၂၀၂၆၊ ပုဒ်မ ၃၀၂/၃၂၆ တို့နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ကော့သောင်း #မှုခင်းသတင်း #လူသတ်မှု #ဒေသတွင်းသတင်း #တနင်္သာရီတိုင်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်မှုမရှိတဲ့ မည်သည့်နိုင်ငံရေးဖြစ်စဉ်မဆို အောင်မြင်မှာမဟုတ်ဟု NLD ထုတ
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်မှုမရှိတဲ့ မည်သည့်နိုင်ငံရေးဖြစ်စဉ်မဆို အောင်မြင်မှာမဟုတ်ဟု NLD ထုတ်ပြန် CJ Platform ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ တရားဝင် အာဏာရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအင်အားစုတွေ အပြည့်အဝပါဝင်မှုမရှိတဲ့ မည်သည့်နိုင်ငံရေးဖြစ်စဉ်မျိုးမဆို ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝစွာရရှိဖို့ ခက်ခဲမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2072026/