es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

The Irrawaddy - Burmese

The Irrawaddy - Burmese

Ir al canal en Telegram

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Mostrar más

📈 Análisis del canal de Telegram The Irrawaddy - Burmese

El canal The Irrawaddy - Burmese (@theirrawaddy) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 76 038 suscriptores, ocupando la posición 3 563 en la categoría Noticias y medios y el puesto 1 739 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 76 038 suscriptores.

Según los últimos datos del 17 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -443, y en las últimas 24 horas de 1, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.46%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.47% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 4 153 visualizaciones. En el primer día suele acumular 3 397 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 48.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

76 038
Suscriptores
+124 horas
-1407 días
-44330 días
Archivo de publicaciones
အဆောက်အဦများ၌ ဆိုလာတပ်ခိုင်း၍ ကုန်ကျစရိတ် ပိုတိုးနိုင်ဟု လုပ်ငန်းရှင်တို့ ဆို သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု၊ ပစ္စည်း ရှားပါးပြတ်လပ်နေချိန် အာဏာသိမ်းအစိုးရက အယ်နီညိုဖြစ်စဉ် အကြောင်းပြ၍ အဆောက်အဦများ၌ ဆိုလာစနစ် တပ်ဆင်ရန် ညွှန်ကြားချက်ကြောင့် ကုန်ကျစရိတ်ပိုကာ အခက် အခဲများစွာ ရှိလာနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့ထံက သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က အောက်တိုဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် လာမည့် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဓာတ်လှေကားပါဝင်သော အဆောက်အဦများ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အဦများ၌ ဆိုလာစနစ်များ မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရန် ညွှန်ကြားလာခြင်း ဖြစ် သည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/18/417121.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

အဆိုပါ AI Chatbots တွေဟာ မှားယွင်းတဲ့ အချက်တွေ ဖော်ပြတာ၊ ဒိတ်အောက်နေတဲ့ ကိန်းဂဏန်းတွေကို ကိုးကားတာ၊ တူညီတဲ့ မေးခွန်းကိုပဲ မတူညီတဲ့ အချိန်တွေမှာ မတူညီတဲ့ အဖြေတွေပေးတာတွေ ပြုလုပ်လေ့ ရှိ… Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/18/417117.html --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

ရန်ကင်းဓမ္မာရုံ ထွေအုပ်နှင့်စည်ပင် ဖျက်ခိုင်း၍ မဘသအင်အား ရာကျော်ဖြင့် ကန့်ကွက်နေ ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက်၊ ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ ဆွမ်းလောင်းဓမ္မာရုံ အပါအဝင် အဆောက်အအုံများ ယနေ့တွင် ဖျက်သိမ်းမည်ဆိုသည့် သတင်းကြောင့် အမျိုး ဘာသာ သာသနာ (မဘသ) ဘုန်းကြီးများနှင့် အမျိုးသားရေး အင်အားစုများက အင်အားပြ ကန့်ကွက်နေကြသဖြင့် လမ်းပိတ်၍ လုံခြုံရေးများ တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်ထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ကျောက်ကုန်းလမ်းတဝိုက်တွင် လုံခြုံရေး အပြည့်ချထားကာ ဘုန်းကြီးများ အပါအဝင် လူစုလူဝေး ဖြစ်ပေါ်နေသဖြင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်နေကြသည်။ ရန်ကင်း ရပ်ကွက်နေသူတဦးက “ဒီနေ့ နောက်ဆုံးဆိုပြီး ဖျက်မိန့်ကျထားတာ ကြာပြီ၊ မဖျက်ဘဲ နေ နေကြတာ။ ဒီနေ့ စည်ပင်ကနေ လာဖျက်မှာစိုးလို့ ဆိုပြီး မနက် ၈ နာရီလောက်ကတည်းက ဘုန်းကြီးတွေရော လူတွေရော အများကြီး ရောက်လာပြီး ဆွမ်းလောင်းဓမ္မာရုံရှေ့မှာ စုနေကြတာ။ ဆန္ဒပြသလိုမျိုး လုပ်နေကြတာပေါ့။ ရဲတွေရော စစ်တပ်ရော ရောက်နေကြတယ်၊ လမ်းပိတ်ပြီး လုံခြုံရေး အပြည့်ချထားတယ်၊ နေ့လယ်ပိုင်းလောက်က နယ်လုံဝန်ကြီးလည်း ဆင်းလာတာ တွေ့ရတယ်” ဟု ပြောသည်။ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံ၊ ရွှေတောင်ကုန်း သမဝါယမအသင်း၊ ရန်ကင်းမြို့နယ် ကြက်ခြေနီရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ရုံးများ တည်ရှိပြီး ယင်းအဆောက်အအုံများကို အောက်တိုဘာ ၁၈ ရက် နောက်ဆုံးထားကာ ဖျက်သိမ်း ရွှေ့ပြောင်းပေးရန်၊ ဖယ်ရှားခြင်း မပြုပါက အင်အားသုံး ဖယ်ရှားမည်ဟု ရန်ကင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူးတို့က အသိပေးထားခြင်း ဖြစ်သည်။ Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးကျော်မြင့်သည်၂၀၁၀ ပြည့်နှစ်က မြေကွက်အမှတ် (၁၃၄/ခ) အား ဝယ်ယူပြီးချိန်ကလည်း ယင်းအဆောက်အအုံများ ဖယ်ရှားပေးရန် တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာမှ ဝယ်ယူခဲ့သော မြေကွက်အမှတ် (၁၃၄/ခ) နှင့် သက်ဆိုင်မှု မရှိဟု ဖြေရှင်းပေးခဲ့ကြောင်း၊ ယခုအခါ ဦးကျော်မြင့်ထံမှ ဦးမောင်မောင် (ခ) ဦးမိုဟာမက်ယူစွပ်က ဝယ်ယူခဲ့ပြီး အက္ခရာစားသောက်ဆိုင် ဖွင့်လှစ်ရန် ငှားရမ်းထားရာ ကားပါကင်နေရာ တိုးချဲ့ရန်အတွက် ဆွမ်းလောင်းဓမ္မာရုံ အပါအဝင် အဆောက်အအုံများ ဖျက်သိမ်းရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်) က ထုတ်ပြန်ထားသည်။ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ ဦးပညာဝံသက “ဆွမ်းလောင်းနေတဲ့ ဓမ္မာရုံကို ဖယ်ခိုင်းနေတာ လုံးဝ ဖယ်ပေးသွားမှာ မဟုတ်ပါဘူး။ ဓမ္မာရုံ၊ ပါတီရုံတွေ၊ ကြံ့ခိုင်ရေးပါတီရုံးတွေ၊ ပါတီ ဆိုင်းဘုတ်ပါတာတွေကို နိုင်ငံတော် စီမံချက်နဲ့ ဖယ်မယ်ဆိုရင်လာပါ။ နိုင်ငံတော် အစီအစဉ်နဲ့ လမ်းချဲ့ဖို့၊ တခုခုဆောက်ဖို့ဆိုရင် ဖယ်ပေးသွားမှာပါ။ မိုဟာမက်ယူဆွတ်က ဆွမ်းလောင်းဓမ္မာရုံကို ဖယ်ခိုင်းတာနဲ့ ပတ်သက်လို့ကတော့ လုံးဝ ဖယ်မပေးနိုင်ပါဘူး” ဟု ပြည်တွင်း မီဒီယာသို့ ပြောဆိုထားသည်။ အဆိုပါ ဆွမ်းလောင်းဓမ္မာရုံ ဖျက်ဆီး ဖယ်ရှားမခံရစေရန် အမျိုးသားရေး ဆရာတော်များနှင့် အင်အားစုများက ရပ်တည် ကာကွယ်ပေးနေခြင်း ဖြစ်သလို ယနေ့ ဖျက်သိမ်းပေးခြင်းမရှိပါက အောက်တိုဘာ ၁၉ ရက်တွင် ထွေအုပ်နှင့် စည်ပင်က အင်အားသုံး ဖယ်ရှားမည်ဆိုသည့်အပေါ် အမျိုး သားရေး သံဃာတော်များနှင့် အဖွဲ့များက ဝိုင်းဝန်း ကာကွယ်သွားမည်ဟု စစ်တပ်လော်ဘီများက ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ထုတ်ပြန်ထားကြသည်။ လက်ရှိ၌ ၁၄ ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ အနီးဝန်းကျင်တွင် မဘသ ဘုန်းကြီးများနှင့် အမျိုးသားရေးအဖွဲ့ အင်အား ရာချီ ပိတ်ဆို့နေရာယူထားသဖြင့် လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်များ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ဒေသခံများက ဆိုသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content
+3

ဒေါက်တာ စင်သီယာမောင်ကို စံနမူနာယူစရာ ပုဂ္ဂိုလ်ဟု သူဌေးကြီ ဘီလ်ဂိတ် ချီးကျူး ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်သည် စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများအတွက် သူမ၏ ဘဝတလျောက်လုံးအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ရင်း ကုန်လွန်ခဲ့သူဖြစ်၍ အလွန်ပင် စံနမူနာယူစရာ ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့သူ ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ် ကချီးကျူး ဂုဏ်ပြုထားသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်၌ စစ်တပ်က အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ ဒေါက်တာ စင်သီယာမောင်သည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အခက်အခဲနှင့် အကျပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း အတူတကွ ထွက်ပြေး တိမ်းရှောင်လာကြသည့် ဒုက္ခသည်များနှင့် အခြားသူများအတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများကို စတင် ပံ့ပိုးပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ မယ်တော်ဆေးခန်းကို တည်ထောင်၍ ငှက်ဖျားရောဂါ၊ အာဟာရချို့တဲ့မှုနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ခံစားနေရသည့် ကလေးငယ်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အပါအဝင် နှစ်စဉ် လူနာပေါင်း သောင်းနှင့်ချီ၍ ကုသပေးလျက်ရှိကြောင်း ဘီလ်ဂိတ်က ပြောသည်။ ထို့ပြင် ဆေးကုသမှု အလှမ်းဝေးသည့် ဒေသများရှိ ပြည်သူလူထုထံသို့လည်း ရွှေ့ပြောင်းဆေးကုသရေးအဖွဲ့များမှတဆင့် သွားရောက် ဆေးကုသပေးလျက် ရှိကြောင်း မိုက်ခရိုဆော့ဖ် (Microsoft) တည်ထောင်သူတဦးလည်းဖြစ်သူ ဘီလ်ဂိတ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောဆိုထားသည်။ အဆိုပါ မယ်တော်ဆေးခန်းသည် ဂျပန်နိုင်ငံမှ ပေးအပ်သည့် အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို ပြည်ပအဖွဲ့အစည်းတခုအနေဖြင့် ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ပြီး ဒေါက်တာ စင်သီယာမောင် ဦးဆောင်သောအဖွဲ့သည် လက်ရှိတွင် ဆုလက်ခံရယူရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန် ဒုဝန်ကြီး အာကိကို အိခုအိန (Akiko Ikuina) နှင့် တွေ့ဆုံစဉ် ဒုဝန်ကြီးက ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ စစ်ဘေးဒုက္ခသည်များနှင့် ထိခိုက်လွယ်သည့် ပြည်သူများအတွက် ဆေးဝါးကုသရေးနှင့် ပညာရေး အပါအဝင် ကူညီထောက်ပံ့မှုများကို နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့သည့် မယ်တော်ဆေးခန်း၏ ဆောင်ရွက်ချက်များအပေါ် လေးစားဂုဏ်ယူကြောင်းနှင့် အိုကီနာဝါ ငြိမ်းချမ်းရေးဆုရရှိခဲ့သည့်အတွက်လည်း ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဒုဝန်ကြီး အာကိကို က အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများကို ကူညီပံ့ပိုးမည်ဆိုသည့် မူဝါဒအတိုင်း အနာဂတ်တွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေမည့် ထောက်ပံ့မှုများကို မြန်မာပြည်သူများထံ တိုက်ရိုက် အကျိုးရှိစေမည့် နည်းလမ်းများဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content
+2

၂၀၂၂ ခုနှစ် မေလက ဧရာဝတီမှာ ရေးထားတဲ့ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား တော်လှန်ရေး အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2022/05/13/251846.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

စစ်တပ်နှင့်ပူးပေါင်းသည့် TNLA ၅၀ ကျော်ဖြင့် မိုးကုတ်ပြည်သူ့စစ် ဖွဲ့ဖို့ပြင် ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ စစ်တပ်နှင့် သွားရောက် ပူးပေါင်းသည့် လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်ကို မိုးကုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ ဦးဂူစီး ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် ၅၁ ဦးသည် လက်နက်အပြည့်အစုံဖြင့် အောက်တိုဘာ ၁၁ ရက်က ကျောက်မဲတပ်နယ်မှူးထံတွင် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း မိုးကုတ်မြို့ကို သိမ်းခါနီးအချိန်တွင် TNLA တပ်များနှင့် ပူးပေါင်းခဲ့သူများဖြစ်ကြောင်း သိရသည်။ မြေပြင် စစ်ရေး သတင်းရင်းမြစ် တဦးက “TNLA တပ်ကဆိုပေမယ့် မိုးကုတ်ကို သိမ်းခါနီးအချိန်မှ လာပေါင်းတဲ့ လီဆူတပ်ဖွဲ့ဝင်တွေပါ။ သူတို့ကို မိုးကုတ်ပြည်သူ့စစ်အဖွဲ့အဖြစ် ထားမယ်လို့တော့ သိရတယ်။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းကတော့ သူတို့ကို ကြိုဆိုပွဲလုပ်ခဲ့တာ ရှိတယ်။ အစကတည်းက သန္ဓေမမှန်ခဲ့တာမို့ ဘာမှတော့ ပြောစရာ မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ လီဆူတပ်ဖွဲ့ဝင်များသည် တအာင်း တပ်မဟာ (၃) နယ်မြေ ခချယ်စခန်းမှ တပ်မဟာ (၇) နမ့်သန်သို့ ပြောင်းရွှေ့စဉ် လက်နက်ငယ် ၄၀ ကျော်ဖြင့် စစ်တပ်ထံ သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ် CDM ဗိုလ်ကြီး ဇင်ယော်ကလည်း “မိုးမိတ်မြို့နယ်ထဲက လီဆူတပ်ဖွဲ့ဝင်တွေက တပ်အပြောင်းအရွှေ့ လုပ်နေတဲ့ အချိန်မှာ ကျောက်မဲ တပ်နယ်မှူးနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းသွားတာလို့ သိရတယ်။ လက်ရှိမှာတော့ သူတို့ကို မိုးကုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ဂူစီးက အရင်က ရဲတပ်ဖွဲ့ဝင်ဟောင်းလို့လည်း သိရတယ်” ဟု ပြောဆိုထားသည်။ မိုးကုတ်မြို့ကို TNLA က၂၀၂၄ ခုနှစ် ဇူလိုင်၂၄ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်၏ ကြားဝင် ဖိအားပေးမှုအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့များကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။ ပုံစာ- TNLA တပ်ဖွဲ့ဝင်များ/ TNLA #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

လွန်ခဲ့သည့် ၃ နှစ်က ရှမ်းမြောက် ကျားဖြန့်နှိမ်နင်းမှုကို တရုတ်အာဏာပိုင်များက The Demise of Myanmar-Based Telecom Fraud / 缅北电诈覆灭记) မှတ်တမ်းရုပ်ရှင်အနေဖြင့် တရုတ်အစိုးရပိုင် မီဒီယာများ၌ ယခုလအစောပိုင်းက ပြသခဲ့သလို စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန်နှင့် အဓိက တရားခံ ၃ ဦးကို လူသတ်မှု၊ ကျားဖြန့် အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်သည်။ ထိုအခြေအနေများနှင့် ဆက်စပ်၍ ၂၀၂၄ မတ်လက ဧရာဝတီတွင် ဖော်ပြခဲ့သော ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၅) ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်သည်။ လျို” မိသားစု ဦးဆောင် ဦးလျိုအာပေါက် (ခ) လီကျိန်ချန်း၏ အစောပိုင်း ဖြတ်သန်းမှုမှာ ဘိန်းရောင်းဝယ်မှု ဖြစ်သည်ဟု ဖော်ပြရေးသားကြသည်များရှိပြီး နောက်ပိုင်းတွင် ကိုးကန့်၏ ချမ်းသာကြွယ်ဝသူအဖြစ် ကျော်ကြားသူ ဖြစ်သည်။ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ ကော်မတီဝင်လည်းဖြစ် ချမ်းသာကြွယ်ဝမှုဖြင့် ဩဇာညောင်းသူ ဖြစ်သည့်အလျောက် ကိုးကန့် ကုန်သည်စက်မှုအသင်း၏ ဥက္ကဋ္ဌတာဝန်နှင့် ကိုးကန့် မြို့ပြ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တာဝန်တို့ကို ယူထားသူလည်း ဖြစ်သည်။ သို့သော် စစ်ရေးအာဏာ လိုအပ်ချက်ကြောင့် ထင်၏၊ သူက ချမ်းသာပင်သော်ငြား အခမ်းအနား ပွဲလမ်းများတွင် အခြားခေါင်းဆောင်များကို ဦးစား ပိုပေးတတ်သည်ကို တွေ့ရသည်။ စစ်ခေါင်းဆောင်များအား ချဉ်းကပ်ရာတွင်မူ “လျို” ညီအစ်ကိုတို့က အခြား မိသားစုဝင်များထက် ပို၍ ရှေ့ရောက်ကြသည်။ စစ်ခေါင်းဆောင်တို့နှင့် ပလဲပနံသင့်သလို အလှူအတန်း ရက်ရောမှုကြောင့် ၂၀၁၉ ခုနှစ် ကတည်းကပင် သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပြီး စစ်အာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုဘွဲ့ကိုပင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံပေးခဲ့သည်။ ထိုဘွဲ့ကို ယူ၍ ပြန်လာသည့် ၎င်းအား လောက်ကိုင်၌ တခမ်းတနား ကြိုဆိုခဲ့ကြသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/15/380922.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး တေးရေး ကိုနေဝင်း (မောင့်လပြည့်ဝန်း) ရဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/18/417111.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ကာတွန်းဆရာကြီး အလင်္ကာ ကျော်စွာ ဦးဘဂျမ်း ၏ ဂန္ထဝင် လက်ရာတခုကို ဖော်ပြလိုက်
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ကာတွန်းဆရာကြီး အလင်္ကာ ကျော်စွာ ဦးဘဂျမ်း ၏ ဂန္ထဝင် လက်ရာတခုကို ဖော်ပြလိုက်ပါသည်။

အာဏာသိမ်းခွင့်ပေးထားတဲ့ အခြေခံဥပဒေ ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆ ကမ္ဘာ့ဒီမိုကရေစီအဆင့် သတ်မှတ်ချက်တွေမှာ မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေ ရောက်နေသလဲ။ စစ်တပ်ဦးဆောင်တဲ့ အတုအယောင်ဒီမိုကရေစီနဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ဘာကွာသလဲ။ အပြည့်အစုံကို အောက် Link ပါ Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။ ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ https://youtu.be/dQNIOsDdZCM #မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG

၂၀၂၄ ခုနှစ် မတ်လက ဧရာဝတီမှာ မြန်မာ စစ်တပ် ထိပ်ပိုင်း နဲ့ အောက်ခြေ တပ်သားတွေ အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/27/381457.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ နိုင်ငံရေး အတွေးအခေါ် ဆောင
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ နိုင်ငံရေး အတွေးအခေါ် ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/17/417089.html

𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠 တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အကြောင်းနဲ့၊ တရုတ်နယ်စပ် နမ့်ခမ်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကုန်သွယ်ရေးဇုန်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်း အပါအဝင် တရုတ်မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။ https://youtu.be/g4CFmubAUwI #မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #စီးပွားရေး #ဆိုလာ #လျှပ်စစ်

သမ္မတ၊ တပ်ချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌကြား ပွတ်တိုက်မှုတွေ လာမလား အောက်တိုဘာ ၁၇၊ ၂၀၂၆ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ USDP ပါတီညီလာခံအပြီးမှာ “ဦးခင်ရီ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက် ရွေးချယ်ခံရတာဟာ မင်းအောင်လှိုင်ကို ခုခံတွန်းလှန်နိုင်ခဲ့ပြီး သီးခြားနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာတာလား” ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ #မြန်မာ #ဧရာဝတီ #သမ္မတ #တပ်ချုပ် #လွတ်တော် #နိုင်ငံရေး

ရခိုင်က ပြည်သူတွေဟာ အရေးပေါ် လေကြောင်းသတိပေးစနစ်တွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ တီထွင်ကြံဆလာကြပါတယ်။ ဒီစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်နိုင်ဖို့ ကျောက်တော်နဲ့ မြောက်ဦးက ဒေသခံ ခြောက်ဦးကို ကျမ ဆက်သွယ်မေးမြန်းခဲ့ပြီး၊ စက်တင်ဘာ ၂၈ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမတိုင်မီက သတိပေးချက် ထွက်ပေါ်ခဲ့တဲ့ အချိန်ဇယားကို ပြန်လည်တည်ဆောက်ကြည့်ခဲ့ပါတယ်။ တချို့အခြေအနေတွေမှာ စစ်လေယာဉ်တစင်း ပျံတက်လာတာကို တိုက်ခိုက်မှုမဖြစ်ခင် တစ်နာရီ၊ နှစ်နာရီလောက်ကြိုပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို အတိအကျ တိုက်ခိုက်မလဲဆိုတာတော့ ဗုံးကျဖို့ မိနစ်ပိုင်းအလို၊ တခါတလေ ဗုံးစကျပြီးမှသာ သိနိုင်ကြပါတယ်။ Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/17/417107.html

အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ဗီဒီယိုတခုတွင် ဆာဂန်ဒါ နာအင်ဂိုလန် က ပြောကြားခဲ့သည်။ ဆယာလီနာက ထိုမှတ်ချက်များကို "လုံးဝ စာနာထောက်ထားမှု မရှိတဲ့ စကားတွေ" ဟု ခေါ်ဆိုခဲ့သည်။ "ကျမတို့ အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ မသင့်တော်တဲ့ မှတ်ချက်တွေ ပေးလာတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုတာကိုတော့ မတားဆီးပါနဲ့ " ဟု အဆိုပါ ပါလီမန်အမတ်က ဆိုသည်။ ကိုးကား။ ။ AFP သတင်း In Malaysia, frustration grows over Indonesia haze

မလေးရှားတွင် အင်ဒိုနီးရှား မီးခိုးအပေါ် မကျေနပ်မှုများ ပိုမိုကြီးထွားလာ ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။ "ဒေသတွင်းမှာ သူတို့ကို ဝိုင်းပယ်ထားသူတွေလို သဘောထား ဆက်ဆံဖို့ လိုပါတယ်" ဟု အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုများနှင့် ပတ်သက်၍ မလေးရှား ပါလီမန် အမတ် ဆယက် ဆဒိခ် ဆယက် အဘဒူ ရာမန် က ယခုသီတင်းပတ်အတွင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောကြားခဲ့သည်။ သူ၏ မှတ်ချက်များသည် မလေးရှားအစိုးရမှ ယခုအချိန်အထိ ကျင့်သုံးခဲ့သော နူးညံ့သည့် သံတမန်ရေးအရ ဖိအားပေးမှုများထက် များစွာ ပိုမိုပြင်းထန်ပြီး တောမီးများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် တဖြည်းဖြည်း တိုးပွားလာသော မကျေနပ်မှုများကို ပေါ်လွင်စေသည်။ "မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ အနီးကပ် အိမ်နီးချင်းတွေ ဖြစ်ပေမဲ့ အဲဒီဆက်ဆံရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပါဝင်ရပါမယ်" ဟု မလေးရှား ပါလီမန်အမတ် ဆယာလီနာ အဘဒူ ရာရှစ် ကလည်း AFP သတင်းဌာနသို့ ပြောသည်။ "ကျမတို့ နယ်စပ်ပြင်ပက တာဝန်မဲ့တဲ့ လုပ်ရပ်တွေအတွက် မလေးရှားပြည်သူတွေက ဘာလို့ ဆက်ပြီး အနစ်နာခံ ပေးဆပ်နေရမှာလဲ" ဟု သူမက ဆိုသည်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကြာသပတေးနေ့တွင် ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းကို ကာကွယ်ပြောဆိုခဲ့ပြီး၊ ယင်းပြဿနာနှင့် ပတ်သက်၍ အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ဆွေးနွေးညှိနှိုင်းရန် မလေးရှားအနေဖြင့် "လုပ်နိုင်သမျှ အကုန်လုံး လုပ်ဆောင်ခဲ့ပြီးပြီ" ဟု ပြောကြားခဲ့သည်။ လူကြိုက်များသော ဘာတူဂူ (Batu Caves) ကမ္ဘာလှည့်ခရီးသွားနေရာတွင် ခရီးသွားများနှင့် ဝန်ထမ်းများကပါ မကျေနပ်မှုကို ဖော်ပြကြသည်။ "ဘာမှ မမြင်ရတော့ဘူး" ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဒစ်ဒီ ဟာမီဒွန် (Diddy Hamidon) က မြူခိုးများ ဖုံးလွှမ်းနေသော ရှုခင်းကို ကြည့်ရင်း AFP သို့ ပြောကြားခဲ့သည်။ "အင်ဒိုနီးရှား အနေနဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ လိုပါတယ်" ဟု သူက ဆက်လက်ပြောသည်။ မလေးရှားနိုင်ငံသည် မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ထားခဲ့ရပြီး မီးငြှိမ်းသတ်ရာတွင် ကူညီရန် အင်ဒိုနီးရှားသို့ ကမ်းလှမ်းခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရာရှိများ ပါဝင်သော ဆွေးနွေးပွဲများ အပြီး ဗုဒ္ဓဟူးနေ့ကျမှသာ ယင်းကမ်းလှမ်းမှုကို စတင် လက်ခံခဲ့ပုံရသည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားခဲ့သည်။ "ပူးပေါင်းဆောင်ရွက်မှု ပုံစံဟာ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ပေါ်မှာ မူတည်ပါလိမ့်မယ်" ဟု သူက ဒေသတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ "ဒါပေမဲ့ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေဟာ ပိုမိုဆိုးရွားလာနေပုံရတဲ့ မီးခိုးမြူပြဿနာကို ပူးပေါင်းဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်ဆွေးနွေးနေကြပါပြီ။" အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် နွေရာသီတွင် တောမီးလောင်ကျွမ်းမှုများနှင့် ကြုံတွေ့ရလေ့ရှိသော်လည်း၊ ယခုနှစ် မီးလောင်ကျွမ်းမှုများသည် နိုင်ငံအတွင်း အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားကာ မိုးခေါင်ရေရှားမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ တောမီးကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်း မြေဧက သောင်းပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ရပြီး မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အရှေ့တီမော နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုများ စံချိန်တင် မြင့်တက်ခဲ့ကာ ယခုသီတင်းပတ်အတွင်း မီးခိုးမြူများကြောင့် ကျောင်းများကို ပိတ်ခဲ့ရသည်။ ဤအကျပ်အတည်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ထိုသဘောတူညီချက်ကို "စာရွက်ပေါ်မှာပဲ ရှိပြီး ဘာမှ အသုံးမဝင်တဲ့အရာ" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။ တောမီးများနှင့် ဆက်စပ်နေသော ကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် အိမ်နီးချင်း စင်ကာပူက ကြိုးပမ်းလာသည်။ မလေးရှားတွင်သာမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ကြီးများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် စင်ကာပူနိုင်ငံ၌ပါ လူထု၏ မကျေနပ်မှုများ တိုးပွားလာခြင်းသည် အစိုးရများအပေါ် ဖိအားဖြစ်စေသည်။ မလေးရှားနိုင်ငံက နောက်ဆုံးဖြစ်ပွားသည့် အကျပ်အတည်းကို ဆွေးနွေးရန် အာဆီယံထံ အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုထားပြီး၊ ယခုနှစ် ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သော မနီလာကလည်း လာမည့်လတွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ အစီအစဉ်တွင် ဤပြဿနာ ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မီးခိုးမြူများကို ထိန်းချုပ်ရန် အင်ဒိုနီးရှား၏ မစွမ်းဆောင်နိုင်မှုအပေါ် ဒေါသထွက်မှုများသည် ဂျကာတာ၏ ပြန်ကြားရေးအေဂျင်စီအကြီးအကဲထံမှ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ထွက်ပေါ်လာသော မှတ်ချက်များကြောင့် ပိုမိုဆိုးရွားသွားခဲ့သည်။ "ကျနော်တို့က မီးခိုးပဲ လွှတ်နေတာ မဟုတ်ပါဘူး... စင်ကာပူနဲ့ မလေးရှားမှာရှိတဲ့ အောက်ဆီဂျင်တွေဟာလည်း ကျနော်တို့ရဲ့ သစ်တောတွေကနေ လာတာပါ" ဟု လူမှုကွန်ရက်ပေါ်တွင်