cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Yangon Media Group

The Official Yangon Media Group Channel owned by YMG.

Mostrar más
Publicaciones publicitarias
8 799
Suscriptores
+2324 horas
+2037 días
+69430 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
နိုင်ဂျီးရီးယားတွင် ကာလဝမ်းရောဂါပျံ့ပွားလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်လာရ အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားမှာ မိုးရာသီပိုမိုပြင်းထန်လာပြီး ကာလဝမ်းရောဂါ ပျံ့ပွားမှုက ပြည်သူများကြား စိုးရိမ်စရာ ဖြစ်လာပါတယ်။ #World_Disease Published 22 June 2024 #နိုင်ဂျီးရီးယား #ကာလဝမ်းရောဂါပျံ့ပွား https://www.yangonmediagroup.com/index.php/local-news/19-world/18853-2024-06-22-11-17-15 #YMG #Yangon_Times #Yangon_Media_Group
Mostrar todo...
👍 1 1
Photo unavailableShow in Telegram
#Daily_News #TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်) ++++++++++++++++++++++++++++++ Published_ 22 June 2024 ၁။ ယူ-၁၂ လူငယ်ကစားသမားများ ထပ်မံရွေးချယ်ခေါ်ယူပြီး ဘောလုံးအကယ်ဒမီကျောင်းများတက်ခွင့်ပေးမည် ၂။ နွားမွေးမြူရေး ဈေးကွက်အလားလာကောင်းလာသဖြင့် မွေးမြူသူများလာ ၃။ ဥထွက်နှုန်းကျဆင်း၍ ဘဲဥအဝင်နည်းပြီး ဈေးနှုန်းမြင့်တက် ၄။ နိုင်ဂျီးရီးယားတွင် ကာလဝမ်းရောဂါပျံ့ပွားလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်လာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ WatchVideo>>>https://www.yangonmediagroup.com/index.php/myanmar/18850-tv-yangon-times-888 #YMG #Yangon_Times #Yangon_Media_Group
Mostrar todo...
👍 8 1
#Local_News #သက်တော်ရှည် တတိယဝေဘူဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူ ++++++++++++++++++++++++++++++++++ Published_ 22 June 2024 ▪️ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ၊ဝေဘူချောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန၊နာယကဆရာတော်၊ ကျေးဇူးတော်ရှင် တတိယဝေဘူဆရာတော်ကြီးဘဒ္ဒန္တဉာဏိန္ဒော ဇွန်လ(၂၂)ရက်မနက်ပိုင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။ ▪️ ဘဝနတ်ထံစံမြန်းချိန်တွင် သက်‌တော်(၈၁)နှစ်ဝါတော်(၆၁)ရှိပြီဖြစ်ပြီး မနက်ဖြန်ဇွန်လ(၂၃)ရက်တွင် ဝေဘူချောင်ကျောင်းတိုက်၊ရေခဲဓမ္မာရုံ၌ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။   ▪️ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက်အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယကာမ  အပေါင်းတို့မှ ဝမ်းနည်းကြေကွဲပြီး နှမြောတသဖြစ်ရကြောင်း ဖော်ပြထားသည်။ ▪️ "နှစ်စဉ်ကထိန်ခင်းခွင့်ပြုခဲ့ပါသောလှူဒါန်းခွင့်ပေးခဲ့ပါသောကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအားရိုသေစွာကန်တော့အပ်ပါသည်"ဟု နေပြည်တော်ပျဉ်းမနား ______________________ Readmore>>>https://www.yangonmediagroup.com/index.php/myanmar/18856-2024-06-22-11-34-21
Mostrar todo...
🙏 8 1
Photo unavailableShow in Telegram
ဥထွက်နှုန်းကျဆင်း၍ ဘဲဥအဝင်နည်းပြီး ဈေးနှုန်းမြင့်တက် ဧရာဝတီတိုင်းဒေသကြီးမှာ  ပြီးခဲ့တဲ့နှစ်လအတွင်း ရာသီဥတုပူပြင်းခဲ့တာကြောင့် ဥထွက်နှုန်းကျဆင်းခဲ့ပြီး ရန်ကုန်ဈေးကွက်ထဲကို ဘဲဥအဝင်နည်းပြီး ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ မြန်မာနိုင်ငံဘဲဥ၊ ကြက်ဥမွေးမြူရောင်းချသူများအသင်းက သိရပါတယ်။ #Local_News Published_ 22 June 2024 #ဘဲဥအဝင်နည်းပြီး #ဥထွက်နှုန်းကျဆင်း https://www.yangonmediagroup.com/index.php/myanmar/18852-2024-06-22-10-57-52 #YMG/NN #Yangon_Times
Mostrar todo...
👍 8 1
Photo unavailableShow in Telegram
ဆိတ်မွေးမြူသူ ၇၀ ရာခိုင်နှုန်း နွားမွေးမြူရေးဘက်သို့ပြောင်းလာ လယ်ယာစိုက်ပျိုးရေးအတွက် ခိုင်းနွားများ အသုံးပြုလာခြင်းနဲ့ အသားဈေးကွက် ယခင်ထက် ဈေးမြင့်လာတာကြောင့် နွားမွေးမြူရေးဈေးကွက်အလားလာ ကောင်းလာကာ မွေးမြူသူများလာတယ်လို့ နွားမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။ #Local_News Published_ 22 June 2024 #နွားမွေးမြူသူပိုများ #ဆိတ်မွေးမြူသူနည်းပါး https://www.yangonmediagroup.com/index.php/myanmar/18851-2024-06-22-10-51-10 #YMG/LW #Yangon_Times
Mostrar todo...
👍 7 1
Photo unavailableShow in Telegram
ဇူလိုင်လ၌ ယူ-၁၂ လူငယ်ကစားသမားများ ထပ်မံရွေးချယ်ခေါ်ယူမည် နိုင်ငံတကာလူငယ်ဖိတ်ခေါ်ပြိုင်ပွဲ‌တွေ၊ လူငယ်ဘောလုံးပွဲတော်တွေကို စေလွှတ်ယှဉ်ပြိုင်ဖို့ ပြင်ပမှ မြန်မာ့လက်ရွေးစင် ယူ-၁၂လူငယ်ကစား သမားတွေ ထပ်မံရွေးချယ်ခေါ်ယူဖို့ရှိတယ်လို့ သိရပါတယ်။ #Local_News Published_ 22 June 2024 #ယူ-၁၂ လူငယ်ကစားသမား #ထပ်မံရွေးချယ်ခေါ်ယူ https://www.yangonmediagroup.com/index.php/myanmar/18849-2024-06-22-10-42-40 #tthl #Yangon_‌Times
Mostrar todo...
👍 6 1
#Local_News #မအူကုန်း၌ မီးလောင်မှုဖြစ်ပွား +++++++++++++++++++++++ Published 22 June 2024 ▪️ တာမွေမြို့နယ် မအူကုန်းရပ်ကွက်၌ ယ‌နေ့မနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ▪️ ဖြစ်စဉ်မှာ ဇွန် ၂၂ရက်နေ့၊ မနက် ၇နာရီ ၄၆မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၈လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ ▪️ အဆိုပါ မီးလောင်မှုသတင်းရရှိသဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇နာရီ ၅၇ မိနစ်အချိန်၌ မီးထိန်းပြီး ၈ နာရီ ၉ မိနစ် အချိန်၌မီးငြှိမ်းခဲ့‌ကြောင်း သိရသည်။ #YMG/NN #Yangon_Times
Mostrar todo...
👍 5 1
Photo unavailableShow in Telegram
#Local_News #တစ်လလျှင် စားအုံးဆီတန်ချိန် (၇၅,၀၀၀)ခန့် လိုအပ်ချက်ရှိ၍  ပြည်ပမှ (၅၀)ရာခိုင်နှုန်းခန့်တင်သွင်းနေပြီး ကျန်လိုအပ်ချက်ကို ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းဆောင်ရွက်နေ ++++++++++++++++++++++++ Published 22 June 2024 ▪️ ပြည်တွင်းတွင် တစ်လလျှင် စားအုံးဆီတန်ချိန် (၇၅,၀၀၀)ခန့် လိုအပ်‌‌နေသောကြောင့်  ပြည်ပမှ  (၅၀)ရာခိုင်နှုန်းခန့် တင်သွင်းနေပြီး ကျန်လိုအပ်ချက်များကို ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဌာနမှ သိရသည်။ ▪️ လတ်တလောတွင်ပြည်သူအများစားသုံးရန်  စားအုန်ဆီတင်သွင်းသည့်ကုမ္ပဏီ ၂၆ခုဖြင့် စားအုံးဆီတန်ချိန် သုံးသောင်းကျော်တင်သွင်းနေသည့်အပြင် စက်မှုကုန်ကြမ်းများ အနေဖြင့် တန်ချိန်တစ်သောင်းကျော်ကို တင်သွင်းနေကြောင်း သိရသည်။ ▪️ ပြည်တွင်းမှ စားသုံးဆီထုတ်လုပ်သည့် ဆီစက်များကို အားပေးမြှင့်တင်ရန်၊ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာစေရန်နှင့်  _______________________ Readmore>>>https://www.yangonmediagroup.com/index.php/myanmar/18847-2024-06-22-09-20-24
Mostrar todo...
👍 5 1
Photo unavailableShow in Telegram
#World_News #အမေရိကန်လေယာဥ် သင်္ဘောစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် တောင်ကိုရီးယားသို့ရောက်ရှိ +++++++++++++++++++++++++ Published 22 June 2024 ▪️ ယခုလအတွင်း တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဥ်တင်သင်္ဘောကြီး သီယိုဒေါရုစ်ဗဲ့လ်ဟာ တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းမြို့သို့ စနေနေ့မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားလိုက်ပါတယ်။ ▪️ ထို ၃ နိုင်ငံခေါင်းဆောင်တွေဟာ နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ၂၀၂၃ ဩဂုတ်လတုန်းက ကျင်းပတဲ့ ကမ့်ဒေးဗစ်အစည်းအဝေးပွဲမှာ သဘောတူညီခဲ့ကြပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်ပြုမူနေတဲ့ ရန်ဆောင်မှုလုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပါတယ်။ ▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ လာရောက်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်းနဲ့ အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်မှာ _____________________________ Readmore>>>https://www.yangonmediagroup.com/index.php/local-news/19-world/18842-2024-06-22-06-57-43
Mostrar todo...
👍 3 1
Photo unavailableShow in Telegram
#Local_News #ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိဘဲ ပြည်ပကုန်ပစ္စည်းများ တင်သွင်းရောက်ရှိခြင်းမရှိစေရေး ထပ်မံအသိပေးကြေညာ ++++++++++++++++++++++++++++++ Published_ 22 June 2024 ▪️ ပြည်ပနိုင်ငံများမှ  တင်သွင်းလာသည့်  ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ကို တင်သွင်းရောက်ရှိခြင်းမရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေးလာကြောင်း သိရသည်။ ▪️ ခွင့်ပြုချက်မရဘဲ တင်သွင်းလာသည့်  ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း  လိုက်နာခြင်းမရှိသည့်အတွက်  ထပ်မံနှိုးဆော် အသိပေးရခြင်းဖြစ်ကြောင်း ဆိုထားသည်။ ▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်က ____________________________ Readmore>>>https://www.yangonmediagroup.com/index.php/myanmar/18840-2024-06-22-06-32-50
Mostrar todo...
👍 4 3
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.