es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Popular Journal

Popular Journal

Ir al canal en Telegram

📈 Análisis del canal de Telegram Popular Journal

El canal Popular Journal (@popularjournal) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 25 979 suscriptores, ocupando la posición 9 295 en la categoría Noticias y medios y el puesto 5 563 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 25 979 suscriptores.

Según los últimos datos del 11 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -291, y en las últimas 24 horas de -14, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 4.36%. Durante las primeras 24 horas tras publicar, el contenido suele obtener 3.76% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 132 visualizaciones. En el primer día suele acumular 977 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 12 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

25 979
Suscriptores
-1424 horas
-847 días
-29130 días
Archivo de publicaciones
တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ အိမ်အပြန်ခရီးစဉ်များအတွက် အထူးအစီအစဉ်ဖြင့် ရထားများ တိုးချဲ့ပြေးဆွဲပေးမည် ရန်ကုန်၊ နိုဝင်ဘာ ၁၂ လ
+2
တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ အိမ်အပြန်ခရီးစဉ်များအတွက် အထူးအစီအစဉ်ဖြင့် ရထားများ တိုးချဲ့ပြေးဆွဲပေးမည် ရန်ကုန်၊ နိုဝင်ဘာ ၁၂ လာမည့် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည် လမ်းပိုင်းများတွင် အထူးအစီအစဉ်ဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆိုပါ တိုးချဲ့ခရီးစဉ်များကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ DEMU ရထားများ၊ လေအိတ်ရထားများနှင့် အမြန်ရထားများဖြင့် အားဖြည့်ပြေးဆွဲပေးသွားမည် ဖြစ်သည်။ ပြေးဆွဲမည့် နေ့ရက်အလိုက် အထူးရထား ခရီးစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းတွင် (မော်လမြိုင် အဆန်အထူး)၊ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန် - နေပြည်တော် လမ်းပိုင်း (နေပြည်တော် အဆန်အထူး)၊ နေပြည်တော် - ရန်ကုန် လမ်းပိုင်း (နေပြည်တော် အစုန်အထူး)၊ ရန်ကုန် - ပြည်လမ်းပိုင်း (ပြည် အဆန်အထူး)၊ ပြည် - ရန်ကုန် လမ်းပိုင်း (ပြည် အစုန်အထူး)၊ ရန်ကုန် - မော်လမြိုင် လမ်းပိုင်း (မော်လမြိုင် အဆန်အထူး)နှင့် မော်လမြိုင် - ရန်ကုန် လမ်းပိုင်း (မော်လမြိုင် အစုန်အထူး)ရထားများ ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန် - နေပြည်တော် လမ်းပိုင်း (နေပြည်တော် အဆန်အထူး)၊ နေပြည်တော် - ရန်ကုန် လမ်းပိုင်း (နေပြည်တော် အစုန်အထူး)၊ ရန်ကုန် - ပြည် လမ်းပိုင်း (ပြည် အဆန်အထူး)၊ ပြည် - ရန်ကုန် လမ်းပိုင်း (ပြည် အစုန်အထူး)၊ ရန်ကုန် - မော်လမြိုင် လမ်းပိုင်း (မော်လမြိုင် အဆန်အထူး)၊ မော်လမြိုင် - ရန်ကုန် လမ်းပိုင်း (မော်လမြိုင် အစုန်အထူး)နှင့် နိုဝင်ဘာ ၂၅ ရက်တွင် မော်လမြိုင် - ရန်ကုန် လမ်းပိုင်း (မော်လမြိုင် အစုန်အထူး) ရထားများ ပြေးဆွဲမည်ဖြစ်သည်။ ခရီးသွားလာသူ များပြားသည့် ကာလဖြစ်သောကြောင့် ထပ်တိုးထားသည့် ခုံနေရာများအတွက် လက်မှတ်များကို အွန်လိုင်းရထားလက်မှတ်စနစ် (ORTP) မှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း၊ လက်မှတ်ဝယ်ယူရာတွင် မိမိခရီးသွားလိုသည့် နေ့ရက်မှားယွင်းမှု မရှိစေရန် ဂရုတစိုက် စိစစ်ဝယ်ယူကြရန်နှင့် အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 1188 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အီတလီနိုင်ငံရဲ့ ရိုးရာအစားအစာများနဲ့ ထူးခြားတဲ့အရသာတွေကို ခံစားခွင့်ရမဲ့ "An Italian Culinary Journey" မိတ်ဆက်ပွဲ "အီတာလျံအစားအစာဟာ တစ်ကမ္ဘာလုံးရဲ့ Favorite လို့ ပြောလို့ရပါတယ်။ မကြိုက်တဲ့သူ အင်မတန်နည်းပါတယ်။ အီတာလျံအစားအစာဟာ နှစ်ပေါင်းအများကြီး ကြာခဲ့တယ်။ ရှေးရှေးကတည်းက အီတာလျံအစားအစာဆိုတာရှိခဲ့တယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်"

မြန်မာ-ဘရာဇီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး မြန်မာ-ဘရာဇီ
မြန်မာ-ဘရာဇီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး မြန်မာ-ဘရာဇီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန်(ဒုတိယဝန်ကြီးအဆင့်) သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့် တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦး ဦးဆောင်၍ နိုဝင်ဘာ ၁၁ ရက်က မြန်မာ -ဘရာဇီးနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား (၅)ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲအဖြစ် နေပြည် တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာ-ဘရာဇီးနှစ်နိုင်ငံကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုများ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ကောင်စစ်ရေးရာတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အ ဆင့်တိုင်းတွင် ထိတွေ့ဆက်ဆံမှုများကိုပိုမိုပြုလုပ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးတို့ကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖျာပုံမြို့နယ်၌ ၁၄၀ ပေအရှည်နှင့် ၆၆ ပေအရှည်ရှိ တံတား ၂ စင်းကိုတည်ဆောက်နေ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၌ ၁၄၀ ပေအရှည်နှင့် ၆၆ ပေ
+5
ဖျာပုံမြို့နယ်၌ ၁၄၀ ပေအရှည်နှင့် ၆၆ ပေအရှည်ရှိ တံတား ၂ စင်းကိုတည်ဆောက်နေ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၌ ၁၄၀ ပေအရှည်နှင့် ၆၆ ပေအရှည်ရှိ တံတား ၂ စင်းကို တံတားဦးစီးဌာနမှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ကျုံကဒွန်း-စက်ဆန်းသွားကားပေါ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၅)မှ ၆၆ ပေအရှည်ရှိ ငါးဂွတံတားနှင့် ကျုံကဒွန်း(ကမာပို)-ဘုန်းကြီးသောင်သွားကားလမ်းပေါ်ရှိ အရှည် ၁၄၀ ပေရှိ မယ်လေးရိုးတံတားတို့ကိုတည်ဆောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တံတား ၂ စင်းတည်ဆောက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်က နိုဝင်ဘာ ၁၁ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး တံတားများသည် ဒေသတွင်း ကျေးရွာများကြား ဆက်သွယ်သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အရေးပါသည့် အခြေခံအဆောက်အအုံများဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီခိုင်ခံ့စွာတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးစီမံဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျကြီးကြပ်စစ်ဆေးရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အရည်အသွေးကို အလေးထားဆောင်ရွက်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေးဆွေးနွေး မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေ
မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေးဆွေးနွေး မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက် တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် မစ္စတာ ဒါနီရာအီမာနာလီယက် တို့သည် နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းက နေပြည် တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး၊ အာဆီယံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ဥရောပအာရှပေါင်းစည်းရေးဆိုင်ရာအစည်းအဝေးများနှင့် ပြပွဲအခမ်းအနားများ၌ မြန်မာနိုင်ငံမှပါဝင်တက်ရောက်ပြသရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ ခုမှ ရေဘေးသင့်သူ ၂ ထောင်ဦးခန့်ကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြော
+9
ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ ခုမှ ရေဘေးသင့်သူ ၂ ထောင်ဦးခန့်ကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းပေးထားရ ရှမ်းပြည်နယ်၊ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့နယ်တို့၌ ယခုရက်ပိုင်းအတွင်း လေပြင်းတို-က်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများမြင့်တက်မှုကြောင့် ယင်း မြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေကြီးရေလျှံမှုကြောင့် ယင်း မြို့နယ်များရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း၌နေထိုင်သူ ၁,၇၃၃ ဦးကို တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များကလည်း အခြေခံစားသောက်ကုန်များ၊ စားသောက်ဖွယ်ရာပစ္စည်းများ၊ သောက်သုံးရေများကို လှူဒါန်းထောက်ပံ့ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်အဖွဲ့က Drop Bomb ချတို-က်ခိုက် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာရသူမရှိ စ
+1
ဝန်းသိုမြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်အဖွဲ့က Drop Bomb ချတို-က်ခိုက် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာရသူမရှိ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်ရှိ ဝန်းသိုမြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်အဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် Drop Bomb ချတို-က်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တို-က်ခိုက်မှုကြောင့် ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံအစည်းအဝေးခန်းမနေရာများသို့ Drop Bomb ကျရောက်ပေါ-က်ကွဲ၍ ဆေးရုံအဆောက်အအုံပြတင်းပေါက်မှန်တံခါးများ၊ မျက်နှာကျက်များ၊ အဆောက်အအုံနံရံများ၊ ရေပိုက်လိုင်းများနှင့် ပရိဘောဂပစ္စည်းများပျ-က်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများထိခိုက်ဒ-ဏ်ရာရရှိမှုမရှိ​ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ဘရာဇီး (၅) ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ၊ နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေ
မြန်မာ-ဘရာဇီး (၅) ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ၊ နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို သဘောတူညီခဲ့ကြ နေပြည်တော်၊ နိုဝင်ဘာ ၁၂ မြန်မာနှင့် ဘရာဇီး နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား (၅) ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် (ဒုတိယဝန်ကြီးအဆင့်) သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့်တို့က ပူးတွဲဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ကောင်စစ်ရေးရာကိစ္စရပ်များတွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အဆင့်တိုင်းတွင် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို သဘောတူညီခဲ့ကြသည်။ ယင်းနောက် နှစ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်း၊ နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဘရာဇီးကိုယ်စားလှယ်အဖွဲ့အား အဆိုပါဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန်သည် ယခုခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့သို့လည်း သွားရောက်ဖူးမြော်ခဲ့သည်။

အယ်လ်နီညိုအပူဒ-ဏ်မှ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများကို ကာကွယ်နိုင်ရန် စလင်းမြို့နယ်၌ အပူရှောင်စခန်း ၆ ခု ဖွင့်လှစ်ထား စလ
+3
အယ်လ်နီညိုအပူဒ-ဏ်မှ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများကို ကာကွယ်နိုင်ရန် စလင်းမြို့နယ်၌ အပူရှောင်စခန်း ၆ ခု ဖွင့်လှစ်ထား စလင်း၊ နိုဝင်ဘာ ၁၂ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒ-ဏ်အန္တရာယ်မှ ကလေးသူငယ်များနှင့် သက်ကြီးဘိုးဘွားများ အပါအဝင် ဒေသခံပြည်သူများကို ကာကွယ်နိုင်ရန် အပူရှောင်စခန်း ၆ ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ အဆိုပါ အပူရှောင်စခန်းများကို မြတ်ရတနာဓမ္မာရုံ၊ ရတနာဃရဓမ္မာရုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်း၊ ဗောဓိရိပ်သာ၊ ဆင်ဖြူကျွန်းမြို့ အမှတ် (၁) မိုးကုတ်ရိပ်သာနှင့် အမှတ် (၃) ရပ်ကွက်ရှိ ရွှေကျွန်းဆည်းဆာ ဘိုးဘွားရိပ်သာတို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ စခန်းများသို့ လာရောက်နားနေကြမည့် ပြည်သူများ အဆင်ပြေစေရေးအတွက် စက်သုံးဆီ၊ သောက်သုံးရေနှင့် လိုအပ်သည့် ဆေးဝါးများကို ဖြည့်ဆည်းထားရှိပြီး စက်သုံးဆီကို သုံးလစာ စုစုပေါင်း ဂါလံ ၆၀၀ ကြိုတင်စီစဉ်ထားရှိကြောင်း သိရသည်။ ယင်းအပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စခန်းတာဝန်ခံများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဒီဇင်ဘာ ၁၃ ရက်တွင် စတင်ကျင်းပမည် ရန်ကုန်၊ နိုဝင်ဘာ ၁၂ ၂၀၂၆ ခုနှစ် အမျိုးသား
၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဒီဇင်ဘာ ၁၃ ရက်တွင် စတင်ကျင်းပမည် ရန်ကုန်၊ နိုဝင်ဘာ ၁၂ ၂၀၂၆ ခုနှစ် အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား ကိုယ်အလေးချိန်တန်း ၅ တန်းနှင့် အမျိုးသမီး ကိုယ်အလေးချိန်တန်း ၅ တန်း၊ စုစုပေါင်း ၁၀ တန်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး သုံးမိနစ် သုံးချီစနစ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံသား အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနအသင်းများ၊ ကလပ်အသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုအသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် ကိုယ်အလေးချိန်တန်း တစ်တန်းစီအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုများအပြင် အမျိုးသားနှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အရောက်လာရောက်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ အစည်းအဝေးပြုလုပ်ခြင်းနှင့် ပွဲစဉ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Women’s League ကလပ်အသင်း ၁၀ သင်းမှ ကစားသမားများ၏ ကြံ့ခိုင်မှုကို FIFA စစ်ဆေးအကဲဖြတ် ရန်ကုန်၊ နိုဝင်ဘာ ၁၂ FIFA Women’s
+6
Myanmar Women’s League ကလပ်အသင်း ၁၀ သင်းမှ ကစားသမားများ၏ ကြံ့ခိုင်မှုကို FIFA စစ်ဆေးအကဲဖြတ် ရန်ကုန်၊ နိုဝင်ဘာ ၁၂ FIFA Women’s Development Programme အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ကလပ်အသင်း ၁၀ သင်းမှ ကစားသမားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု အခြေအနေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က စစ်ဆေးအကဲဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Fitness Test စစ်ဆေးမှုများကို FIFA၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာလိဂ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိနှင့် နိုဝင်ဘာ ၁၁ ရက်တို့တွင် သုဝဏ္ဏအားကစားကွင်းရှိ MFF Gym ခန်းမနှင့် မြက်ခင်းတုကွင်းတို့၌ ပြုလုပ်ခဲ့သည်။ ကြံ့ခိုင်မှုစစ်ဆေးခြင်းကို FIFA Mentor ဖြစ်သူ Mr. Nick Harvey က ဦးဆောင်ခဲ့ပြီး MFF မှ ကြံ့ခိုင်ရေး တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ စစ်ဆေးမှု အစီအစဉ်အရ အောက်တိုဘာ ၂၉ ရက်တွင် Yangon United၊ I.S.P.E နှင့် Zwekapin United၊ အောက်တိုဘာ ၃၀ ရက်တွင် Yangon City၊ Yadanarbon နှင့် Myawady၊ အောက်တိုဘာ ၃၁ ရက်တွင် Thitsar Arman၊ Young Lionesses နှင့် Shan United အသင်းတို့မှ ကစားသမားများကို စစ်ဆေးခဲ့သည်။ ထို့အတူ နိုဝင်ဘာ ၁၁ ရက်တွင် AFC Women’s Champions League ပြိုင်ပွဲဝင် Ayeyawady FC အသင်းနှင့် ကျန်ရှိနေသည့် အခြားကလပ်အသင်းများမှ ကစားသမားများကို ဆက်လက်စစ်ဆေးခဲ့ပြီး လက်ရွေးစင်ကစားသမားများကိုမူ အမျိုးသမီးလက်ရွေးစင်အသင်း၏ လေ့ကျင့်ရေးကာလအတွင်း ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။ ယခုစစ်ဆေးမှု ရလဒ်များအပေါ် မူတည်၍ ကလပ်အသင်းများအနေဖြင့် ကစားသမားတစ်ဦးချင်းစီ၏ ကြံ့ခိုင်မှုအဆင့်နှင့် လိုအပ်ချက်အလိုက် လေ့ကျင့်ပြင်ဆင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာအခက်အခဲရှိသော ပြည်သူများအတွက် အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀,၁၂၀ ဖော်ဆောင်ပေးလျက်ရှိကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ပြောက
အိမ်ရာအခက်အခဲရှိသော ပြည်သူများအတွက် အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀,၁၂၀ ဖော်ဆောင်ပေးလျက်ရှိကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ပြောကြား၊ ဘဏ္ဍာငွေနှင့် အဆောက်အဦဆောက်လုပ်ရန် မြေနေရာ ရရှိမှုအပေါ်မူတည်၍ ပြည်သူ့အငှားအိမ်ရာများ တိုးချဲ့တည်ဆောက်ပေးမည် နေပြည်တော်၊ နိုဝင်ဘာ ၁၂ အိမ်ရာအခက်အခဲရှိသော ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ စုစုပေါင်း အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀,၁၂၀ ခန်းကို ဖော်ဆောင်ပေးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်၏ အိမ်ရာပိုင်ဆိုင်မှု မရှိသူများအတွက် အငှားအိမ်ရာစနစ် ဖော်ဆောင်ပေးရန်နှင့် အငှားအိမ်ရာအသင့်ရှိမှသာ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လူနေထူထပ်များပြားသော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် ကိုယ်ပိုင်အိမ်ရာမရှိသော ပြည်သူများအတွက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိမ်ခန်းပေါင်း ၅,၃၁၆ ခန်း အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ကုန်မြို့၊ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ၌ အိမ်ခန်း ၄၈၀ ခန်း၊ မန္တလေးမြို့၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်း ၂၂၄ ခန်း စုစုပေါင်း ၇၀၄ ခန်းကိုလည်း အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသည်။ ထို့ပြင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ အိမ်ခန်းပေါင်း ၄,၀၄၀ ခန်းသည် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အိမ်ခန်းပေါင်း ၆၀ ခန်းနှင့် ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသ ကြီး၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့မှ စုစုပေါင်းအငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀,၁၂၀ ခန်း ကို ဖော်ဆောင်ပေးလျက်ရှိ၍ ယင်းအိမ်ခန်းများကို ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများကို အချိုးကျငှားရမ်းပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောသည်။ အိမ်ရာပိုင်ဆိုင်မှုမရှိသည့် ခက်ခဲမိသားစုများအတွက် ပြည်သူ့အငှားအိမ်ရာများ ဆတိုးတည်ဆောက်ပေးရန်တွင် ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့် အဆောက်အဦဆောက်လုပ်ရန် မြေနေရာ ရရှိမှုတို့ အပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ကျူးကျော်နေထိုင်မှုများနှင့်စပ်လျဉ်း၍ သင့်လျော်သော အိမ်ရာစီမံကိန်းများကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ စီမံဆောင်ရွက်လျက်ရှိ၍ နေထိုင်ရန် သင့်တော်မှုမရှိသည့် လမ်းဧရိယာနယ်နိမိတ်များ၊ မဟာဓာတ်သည် လိုင်း နှင့် တာဝါတိုင်ဧရိယာများ၊ မီးရထားလမ်းနယ်နိမိတ်များနှင့် အစိုးရစီမံကိန်း ဧရိယာများတွင် စည်းကမ်းမဲ့ကျူးကျော်နေထိုင်သူများသည် ဥပဒေနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ဖယ်ရှားလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြန်လည်ဖြေကြားခဲ့သည်။

Chatrium Yangon Royal Lake ၌ အီတလီအစားအစာ အရသာစုံလင်သော "An Italian Culinary Journey" မိတ်ဆက်ကျင်းပ ရန်ကုန်၊ နိုဝင်ဘာ ၁၁ Chat
+9
Chatrium Yangon Royal Lake ၌ အီတလီအစားအစာ အရသာစုံလင်သော "An Italian Culinary Journey" မိတ်ဆက်ကျင်းပ ရန်ကုန်၊ နိုဝင်ဘာ ၁၁ Chatrium Yangon Royal Lake Hotel ၌ အီတလီနိုင်ငံ၏ ရိုးရာအစားအစာများနှင့် ထူးခြားသော အရသာများကို မြည်းစမ်းခံစားနိုင်သည့် "An Italian Culinary Journey" အထူးအစားအသောက် အစီအစဉ်ကို နိုဝင်ဘာ ၁၁ ရက်က မိတ်ဆက်ကြေညာလိုက်သည်။ အဆိုပါ အစီအစဉ်ကို အီတလီသံရုံးမှ ကြီးမှူးကျင်းပသော Italian Food Fair ကာလနှင့် တိုက်ဆိုင်ပြီး Chatrium Yangon Royal Lake Hotel အတွက်လည်း အီတလီနိုင်ငံ၏ အစားအစာများကို လာရောက်မြည်းစမ်းနိုင်ရန် တည်ခင်းပေးခြင်း ဖြစ်သည်။ အီတလီအစားအစာ အထင်ကရ Signature Cuisine များကို ဟိုတယ်၏ Executive Chef က ရိုးရာမပျက်ချက်ပြုတ်စီမံပေးမည်ဖြစ်ကာ အစားအစာဟင်းလျာများကို အီတလီဝိုင် ရွေးချယ်စရာများနှင့်အတူ တွဲဖက်ခံစားနိုင်မည် ဖြစ်သည်။ အီတလီနိုင်ငံ၏အစားအသောက်ယဉ်ကျေးမှု၊ ရိုးရာအရသာနှင့်ချက်ပြုတ်မှုအနုပညာတို့ကို တစ်နေရာတည်းတွင် ခံစားနိုင်မည့် အထူးအခွင့်အရေးဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ Chatrium Royal Lake Yangon Hotel ရှိ The Emporia Restaurant တွင် နေ့လည်စာနှင့် ညစာ အချိန်များ၌ လာရောက်သုံးဆောင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ အဆိုပါအီတလီအစားအစာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ယူနက်စကို (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ တရားဝင်ထည့်သွင်းမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

Chatrium Yangon Royal Lake ၌ အီတလီအစားအစာ အရသာစုံလင်သော "An Italian Culinary Journey" မိတ်ဆက်ကျင်းပ ရန်ကုန်၊ နိုဝင်ဘာ ၁၁ Chat
+9
Chatrium Yangon Royal Lake ၌ အီတလီအစားအစာ အရသာစုံလင်သော "An Italian Culinary Journey" မိတ်ဆက်ကျင်းပ ရန်ကုန်၊ နိုဝင်ဘာ ၁၁ Chatrium Yangon Royal Lake Hotel ၌ အီတလီနိုင်ငံ၏ ရိုးရာအစားအစာများနှင့် ထူးခြားသော အရသာများကို မြည်းစမ်းခံစားနိုင်သည့် "An Italian Culinary Journey" အထူးအစားအသောက် အစီအစဉ်ကို နိုဝင်ဘာ ၁၁ ရက်က မိတ်ဆက်ကြေညာလိုက်သည်။ အဆိုပါ အစီအစဉ်ကို အီတလီသံရုံးမှ ကြီးမှူးကျင်းပသော Italian Food Fair ကာလနှင့် တိုက်ဆိုင်ပြီး Chatrium Yangon Royal Lake Hotel အတွက်လည်း အီတလီနိုင်ငံ၏ အစားအစာများကို လာရောက်မြည်းစမ်းနိုင်ရန် တည်ခင်းပေးခြင်း ဖြစ်သည်။ အီတလီအစားအစာ အထင်ကရ Signature Cuisine များကို ဟိုတယ်၏ Executive Chef က ရိုးရာမပျက်ချက်ပြုတ်စီမံပေးမည်ဖြစ်ကာ အစားအစာဟင်းလျာများကို အီတလီဝိုင် ရွေးချယ်စရာများနှင့်အတူ တွဲဖက်ခံစားနိုင်မည် ဖြစ်သည်။ အီတလီနိုင်ငံ၏အစားအသောက်ယဉ်ကျေးမှု၊ ရိုးရာအရသာနှင့်ချက်ပြုတ်မှုအနုပညာတို့ကို တစ်နေရာတည်းတွင် ခံစားနိုင်မည့် အထူးအခွင့်အရေးဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ Chatrium Royal Lake Yangon Hotel ရှိ The Emporia Restaurant တွင် နေ့လည်စာနှင့် ညစာ အချိန်များ၌ လာရောက်သုံးဆောင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ အဆိုပါအီတလီအစားအစာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ယူနက်စကို (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ တရားဝင်ထည့်သွင်းမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

မသန်စွမ်းသူများအရေး ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများနှင့် မသန်စွမ်းအဖွဲ့အစည်းများ အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြ
မသန်စွမ်းသူများအရေး ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများနှင့် မသန်စွမ်းအဖွဲ့အစည်းများ အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား နေပြည်တော်၊ နိုဝင်ဘာ ၁၂ မသန်စွမ်းသူများအတွက် ဆောင်ရွက်သည့်ကိစ္စများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများအပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းများက အပြုသဘောပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကျင်းပလျက်ရှိခြင်းဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ်၌ “မသန်စွမ်းသူများ၏ အခွင့်အရေးကို ဆက်လက်မြှင့်တင်၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ကြပါစို့” “The CRPD at 20: Building on Progress, Advancing the Future” ဆောင်ပုဒ်ဖြင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုပြင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပဆောင်ရွက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ကော်မတီဝင်များကို မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဝင် မသန်စွမ်းကိုယ်စားလှယ်များက ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အနုပညာရှင်များမှ အာကာသပြိုင်ပွဲဝင်ကျောင်းသား/သူများကို လာရောက်အားပေး ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌
+9
အနုပညာရှင်များမှ အာကာသပြိုင်ပွဲဝင်ကျောင်းသား/သူများကို လာရောက်အားပေး ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ တတိယနေ့(နောက်ဆုံးနေ့) ယှဉ်ပြိုင်ကျင်းပလျက်ရှိရာသို့ အနုပညာရှင်များမှ လာရောက်အားပေး ကြည့်ရှုခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အနုပညာရှင်များဖြစ်သော J Fire၊ Project K၊ အောင်ဘုန်းထွဋ်၊ ဆောင်းဝတ်ရည်မေ၊ ဝေလာရီဥဩသံသာတို့မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများ ယှဉ်ပြိုင်ရာခန်းမသို့ လာရောက်ကာ ကြည့်ရှုအားပေးခဲ့သည်။ ထို့အပြင် J Fire၊ Project K နှင့် ဝေလာရီတို့မှလည်း သီချင်းပေါင်းများစွာနဲ့ သီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ ယခုပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် အထက်တန်းကျောင်းသား/သူများယှဉ်ပြိုင်နေသည့် နောက်ဆုံးနေ့ပြိုင်ပွဲဖြစ်ကာ၊ မနက်ဖြန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပမည် ဖြစ်သည်။

နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြို
+5
နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြိုင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ တတိယနေ့(နောက်ဆုံးနေ့)တွင် အထက်တန်း‌ကျောင်းသား/သူများမှ အသုံးချလေ့လာ အာကာသနည်းပညာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀၊ အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ နှင့် အထက်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ စုစုပေါင်း ကျောင်းသား/သူ‌ပေါင်း ၁၅၀၀ တို့ ပါဝင်ယှဉ်ပြိုင်ကြကာ၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ/မပေါင်း ၅၀ ကျော် ပါဝင်‌ကြောင်းသိရသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာနေရာတွင် အာကာသနှင့် AI နည်းပညာအသုံးချပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း ၊ စက်ရုပ်နည်းပညာပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်းနှင့် နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရေးသုတေသနပြခန်း စသဖြင့် ပြခန်းပေါင်း ၆ ခုဖြင့် အာကာသဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို ခင်းကျင်းပြသထားကာ၊ ဂိမ်းဆော့နိုင်မည့် Section များ၊ အာကာသထဲရောက်ရှိနေသလိုခံစားသက်ဝင်နိုင်မည့် VR များ နှင့် လက်တွေ့ သရုပ်ဖော်ကြည့်ရှုနိုင်မည့် Simulator များတွင် လေ့လာလိုသည့် ကျောင်းသား/သူများမှ လာရောက်ကြည့်ရှု လေ့လာစမ်းသပ်ခဲ့သည်။ ယခုပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြို
+9
နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြိုင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ တတိယနေ့(နောက်ဆုံးနေ့)တွင် အထက်တန်း‌ကျောင်းသား/သူများမှ အသုံးချလေ့လာ အာကာသနည်းပညာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀၊ အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ နှင့် အထက်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ စုစုပေါင်း ကျောင်းသား/သူ‌ပေါင်း ၁၅၀၀ တို့ ပါဝင်ယှဉ်ပြိုင်ကြကာ၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ/မပေါင်း ၅၀ ကျော် ပါဝင်‌ကြောင်းသိရသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာနေရာတွင် အာကာသနှင့် AI နည်းပညာအသုံးချပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း ၊ စက်ရုပ်နည်းပညာပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်းနှင့် နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရေးသုတေသနပြခန်း စသဖြင့် ပြခန်းပေါင်း ၆ ခုဖြင့် အာကာသဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို ခင်းကျင်းပြသထားကာ၊ ဂိမ်းဆော့နိုင်မည့် Section များ၊ အာကာသထဲရောက်ရှိနေသလိုခံစားသက်ဝင်နိုင်မည့် VR များ နှင့် လက်တွေ့ သရုပ်ဖော်ကြည့်ရှုနိုင်မည့် Simulator များတွင် လေ့လာလိုသည့် ကျောင်းသား/သူများမှ လာရောက်ကြည့်ရှု လေ့လာစမ်းသပ်ခဲ့သည်။ ယခုပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြို
+9
နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြိုင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ တတိယနေ့(နောက်ဆုံးနေ့)တွင် အထက်တန်း‌ကျောင်းသား/သူများမှ အသုံးချလေ့လာ အာကာသနည်းပညာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀၊ အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ နှင့် အထက်တန်းအဆင့်ကျောင်းသား/သူပေါင်း ၅၀၀ စုစုပေါင်း ကျောင်းသား/သူ‌ပေါင်း ၁၅၀၀ တို့ ပါဝင်ယှဉ်ပြိုင်ကြကာ၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ/မပေါင်း ၅၀ ကျော် ပါဝင်‌ကြောင်းသိရသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာနေရာတွင် အာကာသနှင့် AI နည်းပညာအသုံးချပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း ၊ စက်ရုပ်နည်းပညာပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်းနှင့် နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရေးသုတေသနပြခန်း စသဖြင့် ပြခန်းပေါင်း ၆ ခုဖြင့် အာကာသဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို ခင်းကျင်းပြသထားကာ၊ ဂိမ်းဆော့နိုင်မည့် Section များ၊ အာကာသထဲရောက်ရှိနေသလိုခံစားသက်ဝင်နိုင်မည့် VR များ နှင့် လက်တွေ့ သရုပ်ဖော်ကြည့်ရှုနိုင်မည့် Simulator များတွင် လေ့လာလိုသည့် ကျောင်းသား/သူများမှ လာရောက်ကြည့်ရှု လေ့လာစမ်းသပ်ခဲ့သည်။ ယခုပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

မြန်မာ-မလေးရှား ဆောက်လုပ်ရေးဝန်ကြီးများ တွေ့ဆုံပြီး အခြေခံအဆောက်အအုံကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး နေပြည်တော်၊ နိုဝင်ဘာ
မြန်မာ-မလေးရှား ဆောက်လုပ်ရေးဝန်ကြီးများ တွေ့ဆုံပြီး အခြေခံအဆောက်အအုံကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး နေပြည်တော်၊ နိုဝင်ဘာ ၁၂ “အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးသီတင်းပတ်နှင့် အခြေခံအဆောက်အအုံ နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၂၆ (International Construction Week (ICW) and BuildXpo 2026)” ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်ကြသည်။ အဆိုပါကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီး Mr. Dato Sri Alexander Nanta Linggi ဦးဆောင်သောအဖွဲ့နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အင်ဂျင်နီယာများနှင့် လုပ်ငန်းရှင်များအကြား ကျွမ်းကျင်မှု ဖလှယ်ရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဘုံစိတ်ပါဝင်စားသည့် နယ်ပယ်များ ဖော်ထုတ်သတ်မှတ်နိုင်ရန်နှင့် ဆောက်လုပ်ရေးကဏ္ဍ ချိတ်ဆက်မှု လမ်းကြောင်းများ ပိုမိုအားကောင်းလာစေရန် မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြောကြားခဲ့သည်။ အဆိုပါ ICW & BuildXpo Malaysia 2026 ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း (MLCA) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Popular Journal - Estadísticas y analítica del canal de Telegram @popularjournal