es
Feedback
Bago Scout Network

Bago Scout Network

Ir al canal en Telegram

BSNသည် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသော ပဲခူး‌ဒေသနှင့် အခြား‌ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းများအကြား သတင်းချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည်။ Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Mostrar más
797
Suscriptores
Sin datos24 horas
-67 días
-1530 días

Carga de datos en curso...

Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
sep '26
septiembre '26
+3
en 0 canales
agosto '26
+4
en 0 canales
Get PRO
julio '26
+2
en 0 canales
Get PRO
junio '26
+1
en 0 canales
Get PRO
mayo '26
+1
en 0 canales
Get PRO
abril '26
+2
en 0 canales
Get PRO
marzo '26
+4
en 0 canales
Get PRO
febrero '26
+4
en 0 canales
Get PRO
enero '26
+16
en 0 canales
Get PRO
diciembre '25
+11
en 0 canales
Get PRO
noviembre '25
+12
en 0 canales
Get PRO
octubre '25
+6
en 0 canales
Get PRO
septiembre '25
+13
en 0 canales
Get PRO
agosto '25
+20
en 0 canales
Get PRO
julio '25
+8
en 0 canales
Get PRO
junio '25
+18
en 0 canales
Get PRO
mayo '25
+14
en 0 canales
Get PRO
abril '25
+20
en 0 canales
Get PRO
marzo '25
+44
en 1 canales
Get PRO
febrero '25
+54
en 1 canales
Get PRO
enero '25
+24
en 1 canales
Get PRO
diciembre '24
+30
en 0 canales
Get PRO
noviembre '24
+13
en 0 canales
Get PRO
octubre '24
+6
en 0 canales
Get PRO
septiembre '24
+35
en 1 canales
Get PRO
agosto '24
+50
en 1 canales
Get PRO
julio '24
+29
en 0 canales
Get PRO
junio '24
+47
en 2 canales
Get PRO
mayo '24
+154
en 1 canales
Get PRO
abril '24
+51
en 2 canales
Get PRO
marzo '24
+50
en 1 canales
Get PRO
febrero '24
+43
en 1 canales
Get PRO
enero '24
+41
en 1 canales
Get PRO
diciembre '23
+31
en 2 canales
Get PRO
noviembre '23
+21
en 1 canales
Get PRO
octubre '23
+14
en 1 canales
Get PRO
septiembre '23
+18
en 0 canales
Get PRO
agosto '23
+25
en 0 canales
Get PRO
julio '23
+36
en 0 canales
Get PRO
junio '23
+21
en 0 canales
Get PRO
mayo '23
+22
en 0 canales
Get PRO
abril '23
+42
en 0 canales
Get PRO
marzo '23
+28
en 0 canales
Get PRO
febrero '23
+60
en 0 canales
Get PRO
enero '23
+78
en 0 canales
Get PRO
diciembre '22
+53
en 0 canales
Get PRO
noviembre '22
+72
en 0 canales
Get PRO
octubre '22
+89
en 0 canales
Get PRO
septiembre '22
+87
en 0 canales
Get PRO
agosto '22
+71
en 0 canales
Get PRO
julio '22
+67
en 0 canales
Get PRO
junio '22
+73
en 0 canales
Get PRO
mayo '22
+85
en 0 canales
Get PRO
abril '22
+255
en 0 canales
Get PRO
marzo '22
+58
en 0 canales
Get PRO
febrero '22
+264
en 0 canales
Get PRO
enero '22
+269
en 0 canales
Get PRO
diciembre '21
+20
en 0 canales
Get PRO
noviembre '21
+28
en 0 canales
Get PRO
octubre '21
+37
en 0 canales
Get PRO
septiembre '21
+118
en 0 canales
Get PRO
agosto '21
+129
en 0 canales
Get PRO
julio '21
+43
en 0 canales
Get PRO
junio '21
+126
en 0 canales
Get PRO
mayo '21
+228
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
26 septiembre+1
25 septiembre0
24 septiembre0
23 septiembre0
22 septiembre0
21 septiembre0
20 septiembre0
19 septiembre0
18 septiembre0
17 septiembre0
16 septiembre0
15 septiembre0
14 septiembre+1
13 septiembre0
12 septiembre0
11 septiembre0
10 septiembre0
09 septiembre0
08 septiembre0
07 septiembre0
06 septiembre0
05 septiembre+1
04 septiembre0
03 septiembre0
02 septiembre0
01 septiembre0
Publicaciones del Canal
ပြည်၊ ဝက်ထီးကန်မှာ မှုခင်းသတင်းထောက်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး ပြည်၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိ
ပြည်၊ ဝက်ထီးကန်မှာ မှုခင်းသတင်းထောက်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး ပြည်၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ ကံစုရွာမှာ မှုခင်းသထောက်တစ်ဦးကို စက်တင်ဘာ(၁၀) ယနေ့ နံနက် (၁၁) နာရီမှာပဲ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရသူဟာ မျိုးချစ် ဆိုသူဖြစ်ပြီး လူတစ်စုကလာရောက်ခေါ်ဆောင်ကာ ကံစုရွာထိပ် သစ်ချိုပင်ရွာချင်းဆက်လမ်းပေါ်မှာပဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသွားတဲ့ မျိုးချစ် ရဲ့ အလောင်းကိုတော့ ဝက်ထီးကန်ရဲစခန်းမှ ရဲတွေက နေ့လည်(၂) ရီခန့်က လာရောက်ကောက်ယူသွားပြီး ဒေသခံတွေအနေနဲ့ ကြောက်လန့်တာကြောင့် ထွက်မကြည့်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26249/

2
လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်နေ စက်တင်ဘာ -၁၂၊၂၀၂၆။မိုမို/People's Spring ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ "လက်ပံတန်းမြို့နယ်အရှေ့ခြမ်းကို ပစ်နေတာ။ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။ စစ်ဘေးရှောင်ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ"လို့ လက်ရှိ လက်ပံတန်းမြို့နယ်အခြေအနေကို အထက်ပါတာ၀န်ရှိသူက ရှင်းပြပါတယ်။ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ စစ်တပ်အထိုင်စခန်းကလက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ "စစ်ကြောင်းတွေ ဝင်ရောက်လာနိုင်ခြေလည်းရှိတယ်"လို့ သူက ပြောပါတယ်။ ဩဂုတ်တတိယပတ်က ထန်းပင်ချောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်လာတာလို့ အသိပေးပါတယ်။ တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေတာပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က တပ်စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။ လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။
83
3
သဲကုန်းမှာ စစ်တပ်စစ်ကြောင်းက မီးရှို့လို့ နေအိမ် ၁၃ လုံးပျက်စီး ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ သဲကုန်း၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။+8
သဲကုန်းမှာ စစ်တပ်စစ်ကြောင်းက မီးရှို့လို့ နေအိမ် ၁၃ လုံးပျက်စီး ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ သဲကုန်း၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက ကျေးရွာ ၂ ရွာက နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ သဲကုန်းမြိုနယ်၊ ရုံးပင်တက်ကျေးရွာအုပ်စု၊ ရုံးပင်တက်ရွာက နေအိမ် ၁၁ လုံးနဲ့ ဆည်ကြီးကျိုးရွာက နေအိမ် ၂ လုံးကို စက်တင်ဘာ ၇ ရက် မနက်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နှစ်ရွာအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က စတင်ပြီး အနီးဝန်းကျင်က ဖားစမ်းကန်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာကွက်သစ်ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် အနီးဝန်းကျင်နဲ့ တောတောင်တွေထဲကို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26237/
79
4
🚨 "ပဲခူးရေဘေး လူ ၁ ယောက်သေဆုံးပြီး ဒေသခံ ၅၀၀ နီးပါး အရေးပေါ် ရွှေ့ပြောင်းနေရ" #dvbtvnews #newsreels #flooding #pegu #ပဲခူး #
🚨 "ပဲခူးရေဘေး လူ ၁ ယောက်သေဆုံးပြီး ဒေသခံ ၅၀၀ နီးပါး အရေးပေါ် ရွှေ့ပြောင်းနေရ" #dvbtvnews #newsreels #flooding #pegu #ပဲခူး #ရေဘေး #newsupdate #myanmar #shorts
149
5
Sin texto...
138
6
ရွှေခဲရွာမှ သေဆုံးအ‌လောင်းကို ကြို့ပင်ကောက်မြို့ကနေ ထန်းပင်ကုန်း လှေဆိပ်ထိလိုက်ပို့ အလောင်း ရွာထိရောက်ဖို့ စက်လှေနှင့်သယ်ခဲ့ရ မိုးတွင်းကာလ ပြည်သူ့ဒုက္ခ Tharyarwaddy 8 City/စက်တင်ဘာ ၃၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲ ကြို့ပင်ကောက်မြို့နယ်တွင် သေဆုံးသည့် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ လှေဆိပ်အထိ လူမှုကူညီရေးအသင်းတစ်ခုက ပို့ဆောင်ပေးခဲ့သည်။ ထိုဖြစ်စဉ်သည်ဩဂုတ်လ ၁၃ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ တံတားအနီးရှိ စက်လှေဆိပ်သို့ ကြို့ပင်ကောက်မြို့မှ သယ်ဆောင်ခဲ့ရသည်။ ထိုမှတစ်ဆင့် စက်လှေဖြင့် ရွှေခဲကျေးရွာသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ မိုးတွင်းကာလတွင်လဲ ပြည်သူလူထုသည် ခက်ခဲစွာဖြတ်သန်းနေရပြီး ဒုက္ခမြို့စုံနှင့် ကြုံတွေ့နေသည်ကတော့ အာဏာသိမ်းမှုမှ စခဲ့ခြင်းဖြစ်သည်။ သတင်း/လွတ်လပ်ငြိမ်း စာတည်း/ခန့်စိုး #ရွှေခဲ # ထန်းပင်ကုန်း #လှေဆိပ် #စက်လှေ # သေဆုံးအလောင်း #မင်းလှ #ကြို့ပင်ကောက် #ပြည်တွင်းသတင်း # #tharyarwaddy8city #t8c
126
7
ပေါက်ခေါင်းမှာ စစ်ရှောင် ကလေးတွေအတွက်ဆေးဝါး နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေ ◼️တစ်လကြာတဲ့အထိ စစ်‌တပ်ကတပ်စွဲနေပြီး ကုန်စည်လမ်းကြောင်းတွေ တင်းကျပ်ထား ဩဂုတ် ၃၁၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်တွေမှာ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေ ဆီက သိရပါတယ်။ ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးတာ၊ အထိုင်ချတပ်စွဲတာတွေ လက်နက်ကြီး၊ ဒရုန်းတွေအသုံးပြုတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေစစ်ဘေးရှောင်နေရတာ တစ်လခန့်ရှိပြီဖြစ်ပြီး ကုန်စည်စီးဆင်းဝယ်ယူရာလမ်းတွေကိုလည်း ပိတ်ဆို့ကာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတဲ့အတွက် ဒေသတွင်းမှာ အရေးကြီးလူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ပြောပါတယ်။ "အခုအနေအထားက စစ်သားတွေကကုန်စည်ဆင်းမဲ့လမ်းကြောင်းကို ပိတ်ထားတယ်။ အင်ငါးခွသကြားစက်ပေါက်မှာပိတ်ထားတော့ ဝယ်ဖို့ခြမ်းဖို့တော့အခက်ခဲရှိတယ်။ ပြည်သူတွေစုပေါင်းပြီးချိတ်ဆက်လှူတန်းတာတွေတော့ လုပ်နေတယ်။ လုံလောက်မှုတော့ မရှိသေးဘူး" လို့ စစ်ဘေးရှောင်အရေးကူညီနေသူက ဒို့ပြည် ကိုပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0uNkMMD2NSQsaGpFrG67T8ELYf26RernrWYPuhEGkPv6QQ6saYEMvzFJGTSNf2QAl
116
8
+4
Sin texto...
169
9
နဂါးနီတပ်ရင်းP29903၊ တပ်ရင်းအစည်းအဝေး ပြုလုပ် --------------------- ၂၉၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်။ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P29903)တွင် တပ်ရင်းမှူး၊ ဒုရင်းမှူး မှ ဦးဆောင်ပြီး တပ်ခွဲမှူးများ နှင့် ဌာနအသီးသီးမှရဲဘော်များနှင့်အတူ တပ်ရင်းအစည်းအဝေးအား ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးစတင်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်နှင့် ကျ၊ဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်းပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် တပ်ရင်းမှူးမှ ကျေးရွာများတွင် လူထုဆန့်ကျင်မှုမှ မဖြစ်ကြစေရန် နှင့် မည်သည့်ကိစ္စမဆို လူထုနစ်နာမှုအနည်းဆုံးဖြစ်နိုင်မည့် နည်းလမ်းများကိုသာ လုပ်ဆောင်ကြရန် မှာကြားခြင်း၊ တပ်ရင်း၏ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး နှင့် စိတ်ဓာတ်မြှင့်တင်ရေး ကိစ္စရပ်များတွင် အားလုံးအတူတူကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့ပြင် တပ်ခွဲမှူးများ၏ တင်ပြချက်အရ နောက်နောင်တွင် တိုက်၊ပွဲတစ်ခုပြီးတိုင်း After Action Review(AAR) အား ယခင်ထက်ပိုပြီး စနစ်တကျပြုလုပ်နိုင်ရန်ဆွေးနွေးခဲ့ကြသည်။ Photo: တပ်ရင်းအစည်းအဝေးပုံများ
139
10
⁨အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို ကျောင်းကနေခေါ်သွားပြီး ခိုးယူပေါင်းသင်း ■ သေနတ်နဲ့ လက်ပစ်ဗုံး ကိ
⁨အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို ကျောင်းကနေခေါ်သွားပြီး ခိုးယူပေါင်းသင်း ■ သေနတ်နဲ့ လက်ပစ်ဗုံး ကိုင်ဆောင်ခွင့်ရှိသူဖြစ်လို့ အမှုဖွင့်တိုင်ကြားရဲသူ မရှိ ပေါင်းတည်၊ ဩဂုတ် ၂၂၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ပျူစောထီးအဖွဲ့ဝင်တဦးက အလယ်တန်းကျောင်းသူတဦးကို ခိုးယူပေါင်းသင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပေါင်းတည်မြို့နယ် ဘုရားငါးဆူအုပ်စု ဘုရားငါးဆူရွာ ခရေပင်လမ်းက အသက် ၅၀ ခန့်ရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းကိုဆိုသူက ရွာထဲက အလယ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ဝန်းကျင် Grade- 9 ကျောင်းသူကို ဩဂုတ်လ ၁၆ ရက်နေ့က ခိုးယူပေါင်းသင်းခဲ့တာလို့ ဆိုပါတယ်။ "ကောင်မလေးကို သူတို့ကျောင်းက ဝါဆိုသင်္ကန်းကပ်တဲ့နေ့က ခေါ်သွားတာလို့ ပြောတယ်။ အိမ်ကနေစီးသွားတဲ့ စက်ဘီးက မြသိန်းတန်ဘုရားနားက ရေတွင်းနားမှာတွေ့လို့ မိဘတွေ အရမ်းစိတ်ပူသွားတာ။ နောက်ရက်ကျမှ ကလေးမလေးက ပြည်မြို့မှာရောက်နေတယ်လို့ ဖုန်းလှမ်းဆက်လို့ ဝင်းကို ခေါ်သွားတာကို သိရတာ။ အရွယ်မရောက်သေးတဲ့ ကလေးအတွက် ရင်လေးစရာပဲ”လို့ ကျောင်းသူလေးရဲ့မိဘတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/26045/
188
11
လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People's Spring ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၅ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ "လက်ပံတန်းမြို့နယ်ထဲ ရန်သူ့လူပ်ရှားစစ်ကြောင်းတွေပြင်နေတာတွေ ရှိပါတယ်။ပြီးခဲ့တဲ့ရက်က ဂိတ်စခန်းသိမ်းခံရတာနဲ့ သက်ဆိုင်တယ်"လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာက စစ်တပ်သတင်းပေး ဆည်မြောင်း၀န်ထမ်းတစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ "သူက တော်လှန်ရေးတပ်တွေရဲ့ သွားလာလှုပ်ရှားတာတွေ စခန်းတည်နေရာတွေကို သတင်းပို့တာ တော်တော်‌ များတယ်။ကြားတာတော့ ဖမ်းခံရပြီး ထွက်ပြေးဖို့လုပ်တဲ့ချိန် ပစ်ခတ်ခံရတယ်"လို့ လက်ပံတန်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်တွေကို နယ်မြေအသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးပမ်းနေတာပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။ လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား ကို အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။
151
12
ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရ သြဂုတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်/တပ်မဟာ (၃) နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင် တစ်လအတွင်း စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးကာ ၆ ဦး မတရား ဖမ်းဆီးခံခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၁၁)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၁၈)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၁)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသေဆုံးသူများတွင် အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြောင်းမဲ့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးကို စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ ခရိုင်လချုပ်စာရင်း၏ ဖော်ပြချက်အရ သိရသည်။ ၎င်းအပြင် ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် ပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့သေးသည်။ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။ စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
227
13
⚠️ တောင်ငူ တောင်ငူလေတပ်မှ Mi-35 Attack Helicopter (1)စီး အရှေ့အရပ်သို့ ပျံတက်။ 10:48, Aug 05 #EAR #SCIN
264
14
အုတ်ဖိုမှာ ဗုံးကြဲခံရလို့ တော်လှန်ရေးတပ်စခန်းပျက်စီး တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ ဩဂုတ် ၃၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိ
အုတ်ဖိုမှာ ဗုံးကြဲခံရလို့ တော်လှန်ရေးတပ်စခန်းပျက်စီး တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ ဩဂုတ် ၃၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲကို ဗုံးကြဲထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတစ်ချို့ ထိမှန်ပျက်စီးခဲ့သလို ဒဏ်ရာတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ သိရပါတယ်။ ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လည်ခန့်က အာဏာသိမ်းစစ်အစိုးရရဲ့ လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမှာ ကျေးရွာတွေကို ထိမှန်တာတွေရှိသလို သာယာဝတီခရိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ စခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PDF တွေနဲ့ နီးစပ်သူတစ်ဦးက ဒို့ပြည်ကို အတည်ပြုပြောပါတယ်။ "မနေ့ကကြဲသွားတဲ့ဖြစ်စဉ်ကတော့ ပကဖစခန်းကိုချသွားတယ်ဆိုတာလည်း မှန်ပါတယ်။ ရဲဘော်နှစ်ယောက်ထိခိုက်ဒဏ်ရာရတာလည်းမှန်ပါတယ်။ နေရာကိုတော့မပြောတော့ပါဘူး ထပ်လာပြီးကြဲမှာစိုးလို့ပါ" လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ်က ယနေ့ ဩဂုတ်လ(၃) ရက်နေ့ နံနက် (၁၀) နာရီခန့်မှာ ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid02DGzFvYEtEDy6xHxYFeJ226vytNXNgi6npcaMYhF5KrBKBhFmXnzSixvUndfMtUNwl
254
15
ဘုရားကြီးမှာ အဆင်မြင့်အမြန်ရထား(DEMU)နဲ့ တိုက်မိလို့ (၂) နှစ်အရွယ်ကလေးသေဆုံး ဩဂုတ် ၃၊ ၂၀၂၆။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ အတွင်း မန္တလေး-ရန်ကုန် ရထားလမ်းမှာ အသက်(၂) နှစ်အရွယ် ကလေးငယ်(၁) ဦးဟာ အဆင့်မြင့်အမြန်ရထား (DEMU) နဲ့ တိုက်မိတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၁) ရက်နေ့ ညနေ (၄) နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားမှာ တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကြီးမြို့ အမှတ်(၁) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်သက်ဖြိုးပိုင် (၂) နှစ် ဟာ သေဆုံးခဲ့ရတယ်လို့ စစ်အစိုးရ ပဲခူးသတင်းစဉ်က ဖော်ပြထားပါတယ်။ တိုက်မိတဲ့ ရထားကတော့ မန္တလေး-ရန်ကုန် အမှတ်(၆) အစုန် (DEMU) ရထားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။ #ဒို့ပြည် #ပဲခူးတိုင်း #ဘုရားကြီးမြို့ #ပဲခူးမြို့နယ် #သတင်း #DEMU #အမြန်ရထား #ရထားလမ်း #မန္တလေး #ရန်ကုန် #Dohpyay #news #Bago #Myanmar #Thailand #media #Myanmarnews #updatenews #NewsMedia
197
16
ဆွာမြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးကျော်လင်းအောင်အပါ (၂၀) ဦးသေဆုံး 🟥 လေကြောင်းဗုံးကြဲလို့ စခန်း (၂) ခုကို မသိမ်းနိုင်ပေမ+2
ဆွာမြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးကျော်လင်းအောင်အပါ (၂၀) ဦးသေဆုံး 🟥 လေကြောင်းဗုံးကြဲလို့ စခန်း (၂) ခုကို မသိမ်းနိုင်ပေမဲ့ လက်နက်ခဲယမ်းတွေရ ဇွန် ၆၊ ၂၀၂၆။ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမကြီး(ဆွာရွာမ) ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ အင်အား(၆၀) ခန့်ရှိတဲ့ စစ်တပ်စခန်းကို PDF နဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ (၃) ရက်နေ့ နံနက် ၆ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်တပ်ဘက်က တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင် စစ်သား (၂၀) ကျော် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွါထွက်ပြေးသွားခဲ့ရာ အဲဒီနေ့ နံနက် ဆွာမကြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ညဦးပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/DohPyayNews/posts/pfbid0FynMU9xrq7wZvKBdabWR5GMW7kR9HpK6o25R46WkiHFYnsCL34McwcvopKSwZEuwl
1
17
၂။ အာဏာသိမ်းစစ်အုပ်စုသည် ယခုနှစ် မေလကုန်မှစ၍ မကွေးလေတပ်မှ Mi 35 ရဟတ်ယာဉ် နှင့် Gyrocopter များကို ညောင်ဦး လေဆိပ်သို့ ပြောင်းရွှေ့ထားပြီး ၎င်းမှတဆင့် ပခုက္ခူ၊ မြိုင်၊ ပေါက် ဝန်းကျင် မှ စ၍ ချင်းတောင် ကျောက်ထုဘက် ဒေသများအပြင် မြစ်ချေ မြို့ဝန်းကျင်အထိ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် Y8 နှင့် Y12 လေယာဉ် များလည်း မကြာခဏ ညောင်ဦးလေဆိပ်တွင် လာရောက်အခြေပြုသည်ကိုတွေ့ရသည်။ ၃။ နေ့စဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ gyrocopter ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးနေရသဖြင့် BWM နှင့် မဟာမိတ်အဖွဲ့ တို့ က ညောင်ဦးလေဆိပ် ရှိ Mi35 ၊ ဆီလှောင်ကန် နှင့် gyrocopter များ ထားရာ သို့ ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့ များ နှင့် အတူ စည်းစည်းလုံးလုံးဖြင့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားပါမည်။ စည်းလုံးညီညွတ်စွာကြိုးစားကြဖို့ အားလုံးကိုလည်း တိုက်တွန်းလိုပါသည်။
185
18
သတင်းထုတ်ပြန်ကြေညာချက် 🟰🟰🟰🟰🟰🟰🟰🟰🟰🟰 ညောင်ဦးလေဆိပ်ရှိ အာဏာသိမ်းစစ်အုပ်စု ၏ ရဟတ်ယာဉ် နှင့် gyrocopter များ ရပ်နားရာသို့
သတင်းထုတ်ပြန်ကြေညာချက် 🟰🟰🟰🟰🟰🟰🟰🟰🟰🟰 ညောင်ဦးလေဆိပ်ရှိ အာဏာသိမ်းစစ်အုပ်စု ၏ ရဟတ်ယာဉ် နှင့် gyrocopter များ ရပ်နားရာသို့ ၁၀၇ မမ များဖြင့် တိုက်ခိုက်ခြင်း 💢💢💢💢💢💢💢💢💢💢💢💢💢💢 ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် ၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တို့သည် မဟာမိတ်များဖြစ်သော Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့နှင့် ညောင်ဦးခရိုင် ရင်း ၅ တို့၏ အကူအညီဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် BWM ၏ Mission 57 အဖြစ် ညောင်ဦးလေဆိပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခတ်ရာ ၅ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။
171
19
◼️သဲကုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး ၂၅ ဇူလိုင် ||| နွေဦးအသံ |||‌ ပဲခူးဒေသ၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၂၄ ရက်၊ ညနေ ၅ နာရီခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သစ်နီတောရွာမှ ပန်းပင်ကုန်းရွာသို့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းကွင်းထဲမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားသလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နဲ့ ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြည်ခရိုင် (ပကဖ)က ထုတ်ပြန်ထားတာပါ။ ပန်းပင်ကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဲဒီရွာမှ ဒေသခံပြည်သူ ၅၀၀ နီးပါးဟာလည်း အနီးပတ်ဝန်းကျင် ကျေးရွာတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။ Photo | ပုံဟောင်း ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
184
20
ကြို့ပင်ကောက်မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ စစ်တပ်ဗိုလ်ကြီးမိသားစု နေအိမ်လည်းပျက်စီး ပြည်သူ(၂) ဦး အသတ်ခံရပြီး (၂) ဦးဖမ်းဆီးထား ဇူလိုင် ၂၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ထဲကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ကြို့ပင်ကောက်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို ဇူလိုင်လ ၈ ရက်နေ့ ကစတင်ပြီး စစ်တပ်က ယနေ့အချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး (၈) ရက်နေ့မှာပဲ ကျခတ္တန်းကြီးရွာကအသက် ၅၈ နှစ်အရွယ် ဦးကြည်စိုး ကို ပစ်သတ်ခဲ့သလို ဇူလိုင်လ (၁၉) ရက်နေ့ကလည်း မြို့ကိုင်းကျေးရွာကို မီးရှို့တာမှာ လေဖြတ်နေတဲ့ အသက် (၆၇) နှစ်အရွယ်ရှိ ဦးစိန်ရွှေပါ နေအိမ်နဲ့ မီးရှို့အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid028r7ynH4rU2Vp3Wk5exQevoktc8SFtfGiSMEUBxXFKSwaQS1dWCRnD67J9D3G6ojQl
146