cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Bago Scout Network

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန် Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Ko'proq ko'rsatish
Reklama postlari
1 255
Obunachilar
-124 soatlar
-17 kunlar
+11230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
* ဖြူးမြို့နယ် ပဲခူးဒေသအရှေ့ခြမ်း၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ရွာကို စစ်ကောင်စီတပ်ရင်းတစ်ခု တည်ရှိရာ ဖက်က ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပြီး ဒေသခံ (၃) ဦး သေဆုံးခဲ့ရပါတယ်လို့သိရပါတယ်။ ခြေထောက်ပြတ်သွားတဲ့သူတစ်ဦး နဲ့ ဒါဏ်ရာရရှိသူ တွေလည်းရှိတယ်" လို့ ဒေသခံတစ်ဦးရင်ဖွင့်ချက်အရ သိရသည်။ ဘယ်တပ်ရင်းက မည်သည့်အတွက်ကြောင့် ပစ်ခတ်လိုက်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ #May28 #tsrnc
Hammasini ko'rsatish...
👍 1
Repost from Khit Thit Media
သံတောင်ကြီး၊ ဘုရင့်နောင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး တပ်တွင်းဖိနှိပ်မှုများ လုပ်ဆောင် ရန်ကုန်၊ မေ ၂၄ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်း ၏ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် အောင်အောင်သည် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများနှင့် ပါဝင်ပတ်သက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်အောင်အောင်သည် ပြင်ပမှ မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးရောင်းချမှုများကို လာဘ်ငွေယူ ခွင့်ပြုမှုများရှိနေသည့်အပြင် တပ်တွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းများတွင်ပါ နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်နေကြောင်း၊ သင်တန်းကျောင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုများ တွင်ကျယ်နေပြီး ယင်းသို့ တွင်ကျယ်နေမှုများမှာ သင်တန်းကျောင်းအုပ်ကြီး ကိုယ်တိုင်က မူးယစ်ဆေးဝါးရောင်းချမှုများ အပေါ် ပါဝင်ပတ်သက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ "ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သူ့ကို တိုင်တာမျိုးတွေ လုပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ တိုင်ဖို့ ကြိုးစားသူတွေကိုတောင် ဖရဲသီးပါဆိုပြီး သူက နှိပ်ကွပ်တယ်။ နောက်တစ်ခုက သံတောင်ကြီးရဲ့ နယ်မြေ အခြေအနေက အရမ်းဆိုးဝါးနေတဲ့အတွက် အထက်ကလည်း ဖိဖိစီးစီး မကိုင်တွယ်နိုင်တော့ဘူး" ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။ ထို့ပြင် ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က သံတောင်ကြီးမြို့မှ အရပ်သားအမျိုးသမီးတစ်ဦးကိုလည်း နိုင်ငံရေး လုပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း၊ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းအတွင်းရှိ တပ်မိသားစု အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကိုလည်း ပြင်ပသို့ သတင်းများ ပေါက်ကြားစေသော ဖရဲသီးလုပ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ “ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းက အဖမ်းအဆီးလုပ်ရတာမဟုတ်ဘူး။ အဲဒါကို မဆီ မဆိုင် သံတောင်ကြီးမြို့မှာနေတဲ့ ကရင်မလေး တစ်ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ နှစ်ပတ်ရှိနေပြီ။ ဒါပေမဲ့ သတင်းထပ်လိုချင်လို့ဆိုပြီး ခြေမြန်တပ်ထဲမှာ ဖမ်းဆီးစစ်ကြောရေး လုပ်နေတယ်။ သူလုပ်နေတဲ့ တရားမဝင် လုပ်ငန်းတွေ ပြင်ပကို မထွက်အောင် တပ်အလိုကျ အဲဒီလိုတွေ လုပ်နေတာ ” ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ထို့ပြင် ဗိုလ်မှူးချုပ်အောင်အောင်က ဖရဲသီးဟု စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သူ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမမှာ တပ်မိသားစုဝင် မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာနက တာဝန်ချထားသည့် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်ကြောင်း၊ အဆိုပါ ကျောင်းဆရာမသည် အသည်းအဆီဖုံးခြင်းနှင့် လေတစ်ခြမ်းဖြတ်နေခြင်းတို့ကြောင့် ကျန်းမာရေးအရ ထွက်စာတင်ခဲ့ကြောင်း၊ ယင်းသို့ ထွက်စာတင်သည်ကို စစ်တပ် မထောက်ခံသည့်အတွက် ထွက်စာတင်ထားသည်ကို ထွက်ခွင့်မပေးဘဲ ၂၀၂၄ ခုနှစ်မတ်လ ၂၇ ရက်နေ့တွင် ဖရဲသီးဟု စွပ်စွဲ ဖမ်းဆီး၍ ထောင်ချလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။ အလားတူ ဗိုလ်မှူးချုပ်အောင်အောင်က နယ်မြေ မတည်ငြိမ်ဟုဆိုကာ တိုက်ခိုက်ရေး သင်တန်းကျောင်း အတွင်းတွင် လက်နက်ကြီးများ တပ်ဆင်၍ သံတောင်ကြီးမြို့နယ်၊ ၄-မိုင်ရွာ၊ ပျားစခန်းရွာ စသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။ ဗိုလ်မှူးချုပ် အောင်အောင်၏ မိသားစုသည် နေပြည်တော်တွင် နေထိုင်ပြီး သမီး ၂ ဦးရှိကြောင်း၊ နေပြည်တော်သို့ သွားလျှင် စစ်ကားမသုံးဘဲ အရပ်သားအဖြစ် ဟန်ဆောင်၍ Light Truck ဖြင့်သာ သွားလာကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
Hammasini ko'rsatish...
👍 5
ကျိုက်မရောထောင်က နိုင်/ကျဉ်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရ (ရုပ်/သံ) မိုးသောက်၊ မေ ၂၄၊ ၂၀၂၄ မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူတချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရတယ်လို့ ကျိုက်မရော အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။ အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီး ၂ ဦးဟာ အသက် ၂၄ နှစ်အရွယ် နဲ့ ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်ပြီး သူတို့ဟာ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူတွေဖြစ်ပါတယ်။ ကျိုက်မရောအကျဉ်းထောင်မှာ အဆောင်နှစ်ထပ် အခန်း ၈ ခန်းရှိတဲ့အထဲ အပေါ်ထပ်မှာရှိနေတဲ့ အခန်းနှစ်ခန်းမှာ အခုလို ပြုလုပ်ခံခဲ့ရတာလို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကြောရေးနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာတွေ အများအပြား ကြုံနေကြရတာဖြစ်ပါတယ်။ https://youtu.be/kmZp1l3m1SQ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Hammasini ko'rsatish...
ကျိုက်မရောထောင်က နိုင်/ကျဉ်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရ

ကျိုက်မရောထောင်က နိုင်/ကျဉ်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရ (ရုပ်/သံ) မိုးသောက်၊ မေ ၂၄၊ ၂၀၂၄ မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူတချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရတယ်လို့ ကျိုက်မရော အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။ အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီး ၂ ဦးဟာ အသက် ၂၄ နှစ်အရွယ် နဲ့ ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်ပြီး သူတို့ဟာ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူတွေဖြစ်ပါတယ်။ ကျိုက်မရောအကျဉ်းထောင်မှာ အဆောင်နှစ်ထပ် အခန်း ၈ ခန်းရှိတဲ့အထဲ အပေါ်ထပ်မှာရှိနေတဲ့ အခန်းနှစ်ခန်းမှာ အခုလို ပြုလုပ်ခံခဲ့ရတာလို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကြောရေးနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာတွေ အများအပြား ကြုံနေကြရတာဖြစ်ပါတယ်။

👍 1
❗️❗️❗️ပဲခူးတိုင်း မြေပြင် သတင်းပေးပို့နေကျ ပြည်သူများ အချိန်ရရင် ပြန် (hi)ဆက်သွယ်ပေးကြပါဦးခင်ဗျ #22May #BRST #BNOC #TSRNC #PUGN
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
ပဲခူးနဲ့မွန်အစပ် အမြောက်တပ်ရှေ့က ကင်းစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး ကျိုက်ထို၊ မေ ၂၁၊ ၂၀၂၄။ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် သိမ်ဇရပ်မြို့အနီး အမတ ၃၁၀ အရှေ့ရှိ ကုက္ကိုလ်ပင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့ ဝေါမြို့နယ် ပကဖဆီက သိရပါတယ်။ မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ အင်အား ၂၀ ကျော်ရှိနေတဲ့ အဲ့ဒီစစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ "အဲ့နေရာက အမြောက်တပ်ရဲ့ ကာကင်းစခန်းဂိတ်လိုဖြစ်နေတာ။ သူတို့အလစ်အငိုက်ကို ချောင်းပြီး သွားရောက်ပစ်ခတ်ခဲ့တာ။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေသုံးပြန်ပစ်လာတာမျိုးရှိတယ်"လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ပဲခူးနဲ့မွန်အစပ်_အမြောက်တပ်ရှေ့က_ကင်းစခန်းတိုက်ခိုက်ခံရလို့_၃ဦးသေဆုံး
Hammasini ko'rsatish...
👏 5
Photo unavailableShow in Telegram
ပဲခူးမြို့ မေ ၁၇ ဘုရားစျေးရှေ့ ဘဲဥများ ဆိုင်ကယ် ဖမ်းနေ (နေ့လယ် ၁၁နာရီ) လက်ရှိ အဖမ်းဆီးရပ်သွားပါပြီ။ (11ခွဲ) တခြားနေရာပြောင်းဖမ်းမယ်လို့ သိရပါတယ်။ ပဲခူး အထွက် (ဘယ်ဘက်လဲ အတိအကျမသိ) #ပြည်သူ #17may2024 #BNOC
Hammasini ko'rsatish...
Hammasini ko'rsatish...
CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ဖမ်းဆီးခံရဟုဆို - သျှမ်းသံတော်ဆင့်

လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။

😁 3👍 2
* ပြည်မြို့နယ် ယနေ့ည 9 နာရီခွဲ၀န်းကျင်လောက်က ပြည်မြို့ ကညန ရုံးဘက်က ပေါက်ကွဲသံလိုလို အသံကြားရတယ်လို့ သတင်းရရှိပါတယ်။ 23:08 PM/9.5.2024 #pyayundergroundnews
Hammasini ko'rsatish...
Photo unavailableShow in Telegram
ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ ပဲခူး၊ မေ ၁၁၊ ၂၀၂၄။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွား တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတဆင့် သိရပါတယ်။ မေ ၇ ရက်က ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် ဆေးကုသခွင့်တောင်းခံပေမယ့် ထောင်အာဏာပိုင်တွေက ခွင့်ပြုပေးခြင်းမရှိဘဲ အချိန်နောက်ကျမှ ထောင်ပြင်ပဆေးရုံကို ပို့ပေးခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း ဟာ မေ ၈ရက် ည ၈ နာရီခန့်မှာ ဆေးကုသခွင့်နောက်ကျပြီး ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။ “စစ်ကြောရေးမှာ ရရှိတဲ့အတွင်းကြေဒဏ်ရာနဲ့ ညှင်းပန်းနှိပ်စက်မှုကရတဲ့ ဒဏ်တွေကြောင့် ဆေးကုမှုခံနေရတာ။ အဓိက ဆုံးသွားတဲ့အကြောင်းရင်းက သူစစ်ကြောရေးမှာရတဲ့ ဒဏ်တွေကို ပြင်ပဆေးရုံမှာ ကုသဖို့ အချိန်နဲ့ တပြေးညီ ပို့ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် သေဆုံးခဲ့ရတာ။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေသာရခဲ့မယ်ဆိုရင် - သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဒိုက်ဦးထောင်မှာ_ဆေးကုသခွင့်မရလို့နိုင်ကျဉ်း၁ဦးထပ်မံသေဆုံး_၃လအတွင်းသေဆုံးသူ၃ဦးထိရှိလာ
Hammasini ko'rsatish...
😢 2
ပန်းတောင်းမြို့နယ်၊ဆင်တဲအုပ်စုအတွင်းရှိ စစ်မှုထမ်းရန်စာရင်းပါထားသူများကိုတစ်ပတ်အတွင်းလာရောက်ခေါ်ဆောင်မည်ဖြစ်၍ အသင့်ပြင်ထားရန် အုပ်ချုပ်ရေးမှူးဝင်းနိုင်ဆိုသူက လိုက်လံပြောဆိုနေ ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၊ဆင်တဲအုပ်စုက စစ်မှုထမ်းရန်မဲနှိုက်ပြီး မဲပေါက်လို့စစ်မှုထမ်းစာရင်းပါထားသူတွေကို သင်တန်းတက်ဖို့အတွက် တစ်ပတ်အတွင်းလာရောက်ခေါ်ဆောင်မယ် အဲ့အတွက်အဆင်သင့်ပြုလုပ်ထားကြဖို့နဲ့ စာရင်းပါပြီးသားလူငယ်တွေအနေနဲ့ထွက်ပြေးတိမ်းရှောင်တာတွေရှိလာရင် အိမ်မှာကျန်ခဲ့တဲ့မိဘတွေကိုခေါ်ယူမယ်ဆိုပြီး စစ်တပ်ရဲ့အဓိကထောက်တိုင်ဖြစ်သူ အုပ်ချုပ်ရေးမှူးဝင်းနိုင်ဆိုသူက လိုက်လံခြိမ်းခြောက်ပြောဆိုနေတယ်လို့သိရပါတယ်။ ၎င်းအုပ်ချုပ်‌‌ေရးမှူးမှူးဝင်းနိုင်ဆိုသူက ဆင်တဲအုပ်စုအတွင်း စစ်မှုထမ်းစာရင်းကောက်ယူတာ၊ ဖမ်းဆီးရေးတွေမှာ အမြဲပါဝင်လျက်ရှိပြီး ကပစ၃ထဲကအရာရှိတွေ ပန်းတောင်းမြို့မရဲစခန်းက စခန်းမှူးတွေကို လာဘ်ထိုးပြီး လောင်းကစားတွေကိုပြောင်ပြောင်တင်းတင်းပြုလုပ်နေသူဖြစ်ပြီး ပန်းတောင်းမြို့မရဲစခန်းကိုလစဥ်ငွေရှာပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ ''အုပ်ချုပ်‌ေရးမှူးဝင်းနိုင်က စစ်တပ်ရဲ့အဓိကထောက်တိုင်ပါ။ တပ်နဲ့ရဲတွေက နဲနဲခိုင်းရင် သူကများများပိုလုပ်တယ် အင်မတန်သခင်အားရကျွန်ပါးဝတဲ့ကောင်ပါ။ ရဲစခန်းနဲ့လဲပေါင်းစားနေတာ လောင်းကစားတွေလုပ်ပြီးစခန်းကိုလစဥ်ငွေရှာပေးနေလို့ စခန်းမှူးကလဲ သူနဲ့ပတ်သတ်တဲ့လောင်းကစားကိစ္စတွေမှာ ပါးစပ်ပေါက်ပိတ်နေတယ်။ ကပစ၃ထဲကလှည့်ကင်းပတ်တဲ့စစ်သားတွေ ရဲတွေနဲ့တောင် အတူတူဖဲရိုက်တာတွေရှိတယ်'' လို့ PUGNရဲ့သတင်းအရင်းမြစ်ကဆိုပါတယ်။ 20:10 PM/ 9.5.2024 #pyayundergroundnews
Hammasini ko'rsatish...