cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Bago Scout Network

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန် Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Show more
Advertising posts
1 263
Subscribers
No data24 hours
-37 days
+12430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Show all...
CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ဖမ်းဆီးခံရဟုဆို - သျှမ်းသံတော်ဆင့်

လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။

😁 2👍 1
* ပြည်မြို့နယ် ယနေ့ည 9 နာရီခွဲ၀န်းကျင်လောက်က ပြည်မြို့ ကညန ရုံးဘက်က ပေါက်ကွဲသံလိုလို အသံကြားရတယ်လို့ သတင်းရရှိပါတယ်။ 23:08 PM/9.5.2024 #pyayundergroundnews
Show all...
ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ ပဲခူး၊ မေ ၁၁၊ ၂၀၂၄။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွား တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတဆင့် သိရပါတယ်။ မေ ၇ ရက်က ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် ဆေးကုသခွင့်တောင်းခံပေမယ့် ထောင်အာဏာပိုင်တွေက ခွင့်ပြုပေးခြင်းမရှိဘဲ အချိန်နောက်ကျမှ ထောင်ပြင်ပဆေးရုံကို ပို့ပေးခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း ဟာ မေ ၈ရက် ည ၈ နာရီခန့်မှာ ဆေးကုသခွင့်နောက်ကျပြီး ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။ “စစ်ကြောရေးမှာ ရရှိတဲ့အတွင်းကြေဒဏ်ရာနဲ့ ညှင်းပန်းနှိပ်စက်မှုကရတဲ့ ဒဏ်တွေကြောင့် ဆေးကုမှုခံနေရတာ။ အဓိက ဆုံးသွားတဲ့အကြောင်းရင်းက သူစစ်ကြောရေးမှာရတဲ့ ဒဏ်တွေကို ပြင်ပဆေးရုံမှာ ကုသဖို့ အချိန်နဲ့ တပြေးညီ ပို့ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် သေဆုံးခဲ့ရတာ။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေသာရခဲ့မယ်ဆိုရင် - သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဒိုက်ဦးထောင်မှာ_ဆေးကုသခွင့်မရလို့နိုင်ကျဉ်း၁ဦးထပ်မံသေဆုံး_၃လအတွင်းသေဆုံးသူ၃ဦးထိရှိလာ
Show all...
😢 2
ပန်းတောင်းမြို့နယ်၊ဆင်တဲအုပ်စုအတွင်းရှိ စစ်မှုထမ်းရန်စာရင်းပါထားသူများကိုတစ်ပတ်အတွင်းလာရောက်ခေါ်ဆောင်မည်ဖြစ်၍ အသင့်ပြင်ထားရန် အုပ်ချုပ်ရေးမှူးဝင်းနိုင်ဆိုသူက လိုက်လံပြောဆိုနေ ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၊ဆင်တဲအုပ်စုက စစ်မှုထမ်းရန်မဲနှိုက်ပြီး မဲပေါက်လို့စစ်မှုထမ်းစာရင်းပါထားသူတွေကို သင်တန်းတက်ဖို့အတွက် တစ်ပတ်အတွင်းလာရောက်ခေါ်ဆောင်မယ် အဲ့အတွက်အဆင်သင့်ပြုလုပ်ထားကြဖို့နဲ့ စာရင်းပါပြီးသားလူငယ်တွေအနေနဲ့ထွက်ပြေးတိမ်းရှောင်တာတွေရှိလာရင် အိမ်မှာကျန်ခဲ့တဲ့မိဘတွေကိုခေါ်ယူမယ်ဆိုပြီး စစ်တပ်ရဲ့အဓိကထောက်တိုင်ဖြစ်သူ အုပ်ချုပ်ရေးမှူးဝင်းနိုင်ဆိုသူက လိုက်လံခြိမ်းခြောက်ပြောဆိုနေတယ်လို့သိရပါတယ်။ ၎င်းအုပ်ချုပ်‌‌ေရးမှူးမှူးဝင်းနိုင်ဆိုသူက ဆင်တဲအုပ်စုအတွင်း စစ်မှုထမ်းစာရင်းကောက်ယူတာ၊ ဖမ်းဆီးရေးတွေမှာ အမြဲပါဝင်လျက်ရှိပြီး ကပစ၃ထဲကအရာရှိတွေ ပန်းတောင်းမြို့မရဲစခန်းက စခန်းမှူးတွေကို လာဘ်ထိုးပြီး လောင်းကစားတွေကိုပြောင်ပြောင်တင်းတင်းပြုလုပ်နေသူဖြစ်ပြီး ပန်းတောင်းမြို့မရဲစခန်းကိုလစဥ်ငွေရှာပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ ''အုပ်ချုပ်‌ေရးမှူးဝင်းနိုင်က စစ်တပ်ရဲ့အဓိကထောက်တိုင်ပါ။ တပ်နဲ့ရဲတွေက နဲနဲခိုင်းရင် သူကများများပိုလုပ်တယ် အင်မတန်သခင်အားရကျွန်ပါးဝတဲ့ကောင်ပါ။ ရဲစခန်းနဲ့လဲပေါင်းစားနေတာ လောင်းကစားတွေလုပ်ပြီးစခန်းကိုလစဥ်ငွေရှာပေးနေလို့ စခန်းမှူးကလဲ သူနဲ့ပတ်သတ်တဲ့လောင်းကစားကိစ္စတွေမှာ ပါးစပ်ပေါက်ပိတ်နေတယ်။ ကပစ၃ထဲကလှည့်ကင်းပတ်တဲ့စစ်သားတွေ ရဲတွေနဲ့တောင် အတူတူဖဲရိုက်တာတွေရှိတယ်'' လို့ PUGNရဲ့သတင်းအရင်းမြစ်ကဆိုပါတယ်။ 20:10 PM/ 9.5.2024 #pyayundergroundnews
Show all...
Repost from Khit Thit Media
နာမည်ဆိုးဖြင့် ကျော်ကြားသည့် သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရ ရန်ကုန်၊ မေ ၄ ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT မောင်ရဲရင့်ကို(ခ) ရဲရဲ မုဒိမ်းကျင့်ခံရကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း LGBTQ+ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင်၏(က)ကြီးတိုက်တွင် သီးခြားနေထိုင်ရစဉ် တစ်တိုက်တည်းနေသေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက နိုင်ငံရေးအကျဉ်း သား ရဲရင့်ကို ခေါ် ရဲရဲကို မုဒိန်းကျင့်ခဲ့ကြောင်း ၊ ရဲရင့်ကို(ခ)ရဲရဲက မုဒိန်း ကျင့်မှုကို ခုခံ ငြင်းဆန်သည့်အတွက် သေဒဏ်ကျအကျဉ်းသားပြူကြီးက ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရကြောင်း သိရှိရသည်။ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအ တွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲ ကဲ့သို့ LGBTQ+ များသည် ထောင်တွင်း ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ ခြိမ်း ခြောက်ခံရမှုများစွာကြုံနေရကြောင်း၊ အခြားရာဇဝတ်အကျဉ်းသားများ၏ မုဒိန်းကျင့်ခြင်းမှ ကင်းဝေးစေရန်အတွက် အကျဉ်း ထောင်များအတွင်း ကောင်းမွန်သည့်အကာအကွယ် အစောင့်အရှောက်ရှိသင့်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်တွင်း၌ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။ LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊အမြတ်ထုတ်ခြင်း(မုဒိန်းကျင့်ခြင်း) အန္တရာယ်များနှင့်ပါ ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။ "ဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေထဲမှာမှ LGBTQ+ တွေက ပိုပြီးမှ လူစိတ်ဝင်စားမှုနည်းတာကို ခံရတဲ့ issue တစ်ခုအနေနဲ့ ဖြစ်နေတယ်။အကျဉ်းထောင်တွေထဲမှာ ဒီလိုမျိုးအကျဉ်းထောင်တွေထဲမှာ LGBTQ+ တွေဟာ အကျဥ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအပြင် အကျဉ်းထောင်တွေတွင်းမှာ ရှိနေတဲ ရာဇဝတ်အကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အာသာပြေမှု အန္တရာယ်တွေနဲ့ များစွာရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ပြည်သူတွေကို သတင်းစကားပါးစေလိုတဲ့ ဆန္ဒနဲ့ အခုလိုမျိုး ထုတ်ပြန်တာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။ ထို့ပြင် အကျဉ်းထောင်များအတွင်း ကျူးလွန်မှုဖြစ်စဉ်အပေါ်တွင် ကျူးလွန်သူ အခြားရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အဓမ္မပြုကျင့်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။ "အကျဉ်းထောင်အာဏာပိုင်တွေ အနေနဲ့လည်း ဒီလိုမျိုး အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ကျူးလွန်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို ထိရောက်ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုမျိုးတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုးအရေးယူမှုမျိုး မလုပ်တာတွေက ဒီလိုကျူးလွန်နေတဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို အားပေးအားမြှောက် ပြုတယ်လို့ ပြောချင်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။
Show all...
😁 2😢 1
* တောင်ငူမြို့နယ် ပဲခူးဒေသ (အရှေ့ခြမ်း) နှင့် ကရင်ဒေသ အစပ် တောင်ငူ - သံတောင် လမ်း တစ်လျှောက်တွင်တိုက်ပွဲများဖြစ်ပွားနေပြီး အရပ်သားနေအိမ်နှင့် ကျေးရွာများဖက် ကို စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း TSRNC မှ စုံစမ်းသိရှိရသည်။ မေလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်တွင် သံတောင်မြို့ ၁၃မိုင် အခြေစိုက်စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄လုံးဟာ ပျားစခန်းရွာထဲ ကျပြီး ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံမီဒီယာတစ်ခုဖြစ်တဲ့ ThandaungMupoe မှတစ်ဆင့်သိရပါတယ်။ See more at comment #tsrnc #May04 ဓာတ်ပုံ - သံတောင်/တောင်ငူ ကားလမ်းအနားတစ်နေရာ လက်နက်ကြီးထိမှန်တဲ့အိမ်တစ်အိမ်
Show all...
👍 2
ပြည်သူထဲမှ တိုင်တန်းလာခြင်း "ပဲခူးမြို့နယ် အမှတ် (၂) ရဲစခန်းက စခန်းမှူး(တိုင်းမှူး၏တပည့်အရင်း) ရဲအုပ် ဗိုလ်ဗိုလ်ဟန်သည် ပဲခူးမြို့တွင် တိုင်းရဲမှူးမှအစရဲများအားလုံးလိုင်စင်မဲ့ကားများ စီးကြသော်လည်း ၎င်းမှာ တစ်မူထူးစွာဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကား/ဆိုင်ကယ်များအား အမှုဖွင့်လှစ်မှုမရှိခြင်း သက်သေခံအဖြစ် ထည့်သွင်းမှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လျက် နိုင်ငံရေးအခြေအနေအား အခွင့်ကောင်းယူပြီး လောင်းကစားဝိုင်း/ကြက်ဝိုင်း/ မူးယစ်ဆေးဝါးရောင်းချသူများထံမှ လိုင်းကြေးငွေအဖြစ် အင်ဖော်မာဖာကောင်း စိန်လွင်က တဆင့် လာဘ်ငွေတောင်းခံလျက်ရှိပြီး အိုးလေးစု မကျည်းသီး(ချဲဒိုင်) တိုးချဲ့ ဝေဖြိုး(ချဲဒိုင်)တို့မှလည်း စိန်လွင်သား အရှည်ကြီးဆိုသူမှ လိုင်းကြေးငွေကောက်ခံပေးလျက်ရှိကြောင်း တင်ပြအပ်ပါသည်။ မြို့နယ်ရဲမှူးမှလည်း ခွဲတမ်းရရှိသဖြင့် ကာကွယ်ပေးလျက်ရှိပါသည်။" သတင်းပေးသူ BN #ပဲခူးမြို့ #အမှတ်၂ #BNOC #3May2024
Show all...
👍 4
ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့(စစ်မှူထမ်းသတင်း) ၃ရက် မေလ ၂၀၂၄ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ၊ စည်ပင်ကျေးရွာမှာ စစ် ​ေကာင်စီရဲ့ ပြည်သူ့စစ်ခေါင်းဆောင် မင်းမင်းဦးဦးဆောင်တဲ့ အဖွဲ့က ရွာသားများထံက ငွေကြေးတောင်း၍ ဝယ်ယူထားသောလက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျနေပါတယ်။ စစ်မှု့ထမ်းဟု ဆိုပြီး လူငယ်များကို ခေါ်ဆောင်ပြီး ငွေ(၅ သိန်း )တောင်းကာ မပေးနိုင်သူများအား စစ်ထဲမတရား ထည့်တယ်။ မြို့နဲ့ အလှမ်းဝေးခေါင်လွန်းတဲ့ ရွှာဖြစ်လို့ ဒီလို အဓမ္မလုပ်ဆောင်နေတာတွေကို ပြည်သူများသိပ်မသိကြပါဘူး။ရွာထဲကိုလည်း အမြဲစောင့်ကြည့်နေပြီး ရွားသူရွာသားမဟုတ်တဲ့ လူစိမ်း တွေဆို အဝင်မခံပါဘူး။ ဘုမသိ ဘ မသိ ဝင်လာတာတွေ့ရင်လည်း အတင်းစစ်မေး ၊ရိုက်နှက်ကြတာတွေ ရှိနေတယ်လို့ သတင်းသိရတယ်။ အရေးယူပေးပါရန် တောင်းဆိုလာပါတယ်။ #စစ်မှူထမ်း #ညောင်လေးပင် #ပြွန်တန်ဆာ #စည်ပင်ကျေးရွာ #BNOC #brst #3May
Show all...
* တောင်ငူမြို့နယ် ပဲခူးဒေသအရှေ့ခြမ်း၊ တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်းနှင့်မုဒ်ဦးထောင့် မှာ ဆိုင်ကယ်ဦးထုပ်ဖမ်းတာကို ရဲခွေးယူနီဖောင်း၊ မီးသတ်ယူနီဖောင်းများအပြင် အရပ်ဝတ်တွေနဲ့ပါ မတရားဖမ်းဆီးတာအပြင် အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတယ်လို့ တောင်ငူမြို့ဒေသခံတွေက TSRNC ကိုလာရောက်ရင်ဖွင့်ကြပါတယ်။ ဒေသခံများ၏ ပြောကြားချက်များ - "မနက်၉နာရီ ကျော်ကနေ ၁၁ နာရီခွဲလောက်ထိကိို အကြမ်းဖက်ဖမ်းဆီးမှုတွေလုပ်နေတာပါ" "ဆိုင်ကယ်တွေကို အတင်းအဓမ္မ လိုက်ဆွဲတာတွေရှိတယ်။ မရပ်ပေးရင် ခြေထောက်နဲ့လိုက်ကန်တာတွေ၊ ဆိုင်ကယ်မရပ်ပေးလို့ သော့ကို ဆွဲဖြုတ်ပြီး မျက်နှာကိုပါ လက်သီးနဲ့ ထိုးတာတွေပါ ရှိပါတယ်" "ရိုးရိုးဖမ်းဆီးတာမျိုးမဟုတ်ဘဲ အကြမ်းဖက်ဖမ်းဆီးနေတာပါ" "မီးသတ်ဝတ်စုံနဲ့ ကောင်းခန့်ဆိုသူက လက်ပါတဲ့နေရာမှာ အဆိုးဆုံးပဲ" ခုလို တောင်ငူမြို့မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာ ၃လကျော် ၄လ ကြာမြင့်နေပြီဖြစ်ပြီး ခုရက်ပိုင်းမှာ ပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။ တောင်ငူမြို့ဒေသခံပြည်သူများအနေဖြင့် (အထူးသဖြင့် လူငယ်များ) ပိုမိုသတိထားကြဖို့ TSRNC အနေဖြင့် ထပ်ဆင့် နှိုးဆော်အပ်ပါတယ်။ Photo - MSTT #TSRNC #MAY03
Show all...
👍 3
* ရေတာရှည်မြို့နယ် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုး၀င်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ဆွာ၊ ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက် See more at Comment .... 👇👇👇 ဓာတ်ပုံ - ရဲဘော်များ မှတ်ပုံတင်ထားသော ပုံရိပ်အချို့နှင့် ကျဆုံး ရဲဘော်များ
Show all...
😢 8👍 2