cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Bago Scout Network

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန် Fb Page - https://www.facebook.com/BagoRegionalSupportTeam/

إظهار المزيد
مشاركات الإعلانات
1 251
المشتركون
-324 ساعات
+147 أيام
-330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ပဲခူးမြို့နယ်(လျှပ်စစ်မီးသတင်း) ဇွန် ၃၀ ပဲခူးမြိုနယ်က ရပ်ကွက်တစ်ချို့မှာ EPC မှာငွေကြေးပေးနိုင်သော ရပ်ကွက်များကိုသာ မီးပေးပြီး မပေးနိုင်သော ရပ်ကွက်များကို တစ်နေကုန်မီးဖြတ် ထားတာကို သိရတယ်။ လက်ရှိမှာဆိုရင် ဘဏ္ဍာကုန်းရပ်ကွက် မီးလိုင်းကို (၃)ရက်နီးပါးခန့် တစ်ေန့ ၂၄နာရီမှာ အချိန်ကြာကြာ ဖြတ်ထားတာပါ။ ကိုယ့်ရပ်ကွက်မီးမှန်ချင်ရင် ဆောင်နေကျ မီတာခ အပြင် ရပ်ကွက်ထဲက ငွေစုပြီး တစ်လ( ၃) သိန်းပေး နေရပါတယ်။ သတိထားမိသလောက် အဲ့လိုပေးပြီးရင် မီးသိပ်ပြတ်ဘူး၊ ပြတ်ချိန် နည်းမယ်....လို့ ဒေသခံ ပြည်သူများက ဆိုပါတယ်။ လုပ်ငန်းကြီး စက်ရုံကြီးတွေမဟုတ်ပဲ သာမာန်မီတာတွေကိုတောင် မီးပြတ်တာ နည်းဖို့ ရန်ပုံငွေပေးရတာက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတာပါ။ #BRST #BNOC
إظهار الكل...
👍 1
ပဲခူးမြို့ (ယာဥ်အစစ်အဆေး) Delayed news 30 June ပဲခူးမြို့၊ ကျိုက်ပွန်ရှေ့ ပဲခူး-ရန်ကုန်(၂ဖက်စလုံး) အသွားအလာကားတွေကို စခ၊ရခတွေစစ်ဆေးနေပါတယ်။(တစ်ချို့ကားသေးတွေ၊ပုံးကားတွေကို နောက်ဖုံးဖွင်ခိုင်းတယ်) (ညနေ ၅နာရီ) #ပြည်သူတစ်ဦး #BNOC #BRST
إظهار الكل...
တောင်ငူ တောင်ငူလေတပ်မှ ATR-72 Military Transport Aircraft 1 စင်း မြောက်သို့ ပျံတက်။ 15:44, Jun 30 #EAR
إظهار الكل...
ပြည်သူအပေါ် အာဏာပါဝါပြပြီး ရိုင်းစိုင်း ၂မောက်မာနေသည့် စစ်အုပ်စုဒေါက်တိုင်အကြီးစား ၂၉ ဇွန် ၂၀၂၃၄ ဖြစ်စဥ် (ဆ) ကဝမြို့နယ် ၊သက္ကလမြို့တွင် ရပ်ကွက်၆ခုရှိပြီး စစ်မှုထမ်းအတွက် တစ်အိမ်လျှင် (၁သောင်းကျပ်) မထည့်မနေရအတင်းအကျပ် ခြိမ်းခြောက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကောက်ခံခဲ့ပြီးဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများနှင့် ကျန်းမာရေးမကောင်း သည့်သက်ကြီးရွယ်အိုများနေထိုင်သည့် အိမ်များပါမကျန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် နောက်ပါများက အတင်းအကျပ်ကောက်ခံသွား သည်ဟု သိရှိရသည်။ ငွေကြေးလိုက်လံကောက်ခံသည့် အုပ်ချုပ်ရေးမှူး များအနက် သက္ကလမြို့ ရွှေပြည်အေးရပ်ကွက် အုပ်ချုပ်ရေးမှူး မီးသတ်ဟောင်း *ညွန့်ဝင်း*နှင့်အဖွဲ့သည် ပြည်သူအပေါ် အာဏာပါဝါတအားပြပြီး ရိုင်းစိုင်းမောက်မာစွာ ပြောဆိုကောက်ခံသွားသည် ဟု ပြည်သူများက ပြောဆိုသည်။ *ရွှေပြည်အေး၁ရပ်ကွက်မှာ လိုက်ကောက်တာက အုပ်ကြီးညွန့်ဝင်း(မီးသတ်ဟောင်း)၊ ရာအိမ်မှူးနေဝင်း(မီးသတ်ဟောင်း)နှင့် ဦးမန်းကြည် (အသံချဲ့စက်ဆရာ)တို့ လိုက်ကောက်တာ။ ဦးမန်းကြည်ကတော့ ဘာမှဝင်မပြောဘူး။ အေးဆေးပဲ မတ်တပ်ရပ်နေတာ။ အာဏာပါဝါ ပြနေတာက အုပ်ကြီးညွန့်ဝင်းနှင့် ရာအိမ်မှူးနေဝင်းတို့ ဖြစ်တယ်။ ပြည်သူတစ်ဦးဆိုလျှင် "".......တို့အိမ်က လက်လုပ်လက်စား အိမ်မို့လို့ နောက်ရက်လာထည့်ပေးပါမယ်"""ပြောတာတောင် မရဘူး။ ဘေးအိမ်က ချေးထည့်ပေးဆိုပြီး ညွန့်ဝင်း က မာန်မဲပြီး ဟိန်းလားဟောက်လား လုပ်နေလို့ ချေးထည့်ပေးလိုက်ရတယ်။ အိမ်တစ်အိမ်ဆိုရင် ""အဘိုး အဘွားတွေက လည်း *ငါတို့ကလူကြီးတွေပဲနေတာ။ သမီးက စက်ရုံလစာက လကုန်ပြီး၅ရက်မှ ထုတ်မှာမို့လို့ ..လစာထုတ်မှလာပေးလို့ မရဘူးလား*မေးတာကို တစ်မြို့လုံးမှာ အဲ့ဒီလိုအိမ်တွေ အများကြီး။ စောင့်နေရရင်ပြီးတော့မှာ မဟုတ်ဘူး။ ရှိတဲ့အိမ်က လိုက်ချေးထည့်ဆိုလို့ ချေးငှားပြီး ထည့်ပေးလိုက်ရတယ်။အုပ်ကြီးညွန့်ဝင်းက စကားပြောတာ တော်တော်ကို မောက်မာရိုင်းစိုင်းတဲ့အပြင် ရိုက်ခွဲ ချင်စရာပဲ။စစ်ခွေးတွေ ခိုင်းသမျှကို ကျေကျေနပ်နပ် လုပ်နေရုံတင်မကဘူး ပြည်သူအပေါ်ကို အာဏာ ပါဝါတအားပြပြီး မောက်မာရိုင်းစိုင်းနေတာ။ မရှိသင့်တော့တဲ့ ဆန်ကုန်မြေလေး ဒေါက်တိုင် အကြီးစား အုပ်ကြီးတစ်ယောက်ပဲ။´´လို့ ပြည်သူတစ်ဦးက ပြောဆိုပါတယ်။ #KawaInformation
إظهار الكل...
👍 7
ပဲခူးမြို့နယ် ၂၈ ဇွန် ၂၀၂၄ စစ်ကောင်စီသည် ပဲခူးမြို့နယ်ထဲက ဘုန်းကြီးကျောင်းများ၊သီလရှင်ဆရာလေးကျောင်းများ (ရိပ်သာတွေပါမကျန်)လက်ရှိနေတဲ့ သံဃာနဲ့ လူစာရင်းအတိအကျကို ပေးဖို့ စာ တွေပိုထားတယ်လို့ ကြားရပါတယ်။ (အတိအကျသိရင် လာပြောပေးကြပါ) #ပဲခူးမြို့ #ရဟန်းသံဃာများ #BRST #BNOC #ပြည်သူများ
إظهار الكل...
👍 3
တောင်ငူ မြို့ တွင်း ဒီည အခြေအနေ သတင်းပို့ပါရန် 🚨⁉️ ပြည်သူများ
إظهار الكل...
⚠️ တောင်ငူ တောင်ငူလေတပ်မှ နောက်ထပ် K-8W Jet Fighter 1 စင်း မြောက်ဘက်သို့ ပျံတက်။ 19:12, Jun 26 #EAR
إظهار الكل...
🥰 2
ပဲခူးမြို့ (ယာဥ်အစစ်အဆေး) ဇွန် ၂၃ ပဲခူး တက္ကသိုလ်လမ်းခွဲ မြို့ရှောင်လမ်းဆုံ အကျော် (ရန်ကုန်ဘက်အဝင်) မှာ ရခအင်အား ၁၂ ကောင် ဘယ်ညာနှစ်ဖက် အသွားအပြန်ကားတား စစ်မေးနေပါတယ်။ (ဖုန်းမစစ်ပါ) 9:40 am #BNOC #RSN #Bago
إظهار الكل...
👍 5
⚠️တောင်ငူ တောင်ငူလေတပ်မှ K-8W Jet Fighter 1 စင်း မြောက်သို့ ပျံတက်။ 09:43, Jun 21 #EAR
إظهار الكل...
ပဲခူးမြို့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကားကို လေဆိပ်လုံခြုံရေး စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူ ၁၉ ဇွန် ၂၀၂၄ ဖြစ်စဥ် အကျဥ်းချုပ်မှာ ဒီကနေ့ အစောပိုင်းက ဆရာတော်က မန္တလေးကို လေယာဉ်ဖြင့် ကြွသွားတာ တံတားဦး လေဆိပ်က အထွက် လေဆိပ် လုံခြုံရေး စစ်တပ်က ဆရာတော်တို့ရဲ့ကားကို သေနတ် (၆)ချက်လောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့က ကားကို စစ်တာ ကားမရပ်ပေးလို့ ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် ပြည်သူတွေကတော့ အယုံကြည်မရှိကြပါဘူး။ ဆရာတော်တော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ ရုပ်ကလပ်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရှိရသည်။ #ဝင်းနိမ္မိတာရုံ #ပဲခူးမြို့ #တံတားဦး #အပစ်ခံရ #BRST #CJ
إظهار الكل...
😢 4
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.