cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Bago Scout Network

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန် Fb Page - https://www.facebook.com/BagoRegionalSupportTeam/

نمایش بیشتر
پست‌های تبلیغاتی
1 231
مشترکین
-524 ساعت
-187 روز
-2330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

❗️❗️❗️ပဲခူးတိုင်း ❗️❗️❗️ မြေပြင် သတင်းပေးပို့နေကျ ပြည်သူများ အချိန်ရရင် ပြန် (hi)ဆက်သွယ်ပေးကြပါဦးခင်ဗျ https://t.me/BagoKarenScout #10July2024 #BRST #BNOC #TSRNC #PUGN
نمایش همه...
ThaDinPay

စစ်ခွေးလှုပ်ရှားမှုသတင်းပေးရန် (အချိန်၊ နေရာ၊ အင်အား၊အမျိုးအစား)

👍 1
Photo unavailableShow in Telegram
အခြေခံကစ စနစ်တကျ Video တွေကို တည်းဖြတ်ဖန်တီးနိုင်စေဖို့ Video Editing Fundamental သင်တန်း Raw video တစ်ပုဒ်ကနေ အဆင့်အတန်းမီပြီး ကိုယ်လိုချင်တဲ့အနေအထားရောက်အောင်အခြေခံကစ စနစ်တကျ Video တည်းဖြတ်ချင်တဲ့သူတွေအတွက် ဘားမားအကယ်ဒမီကနေ Video Editing Fundamental Course ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ ခွဲကနေ ၉ နာရီအထိ သင်ကြားပို့ချပေးသွားမှာမို့ အလုပ်အားလပ်တဲ့အချိန်မှာ တက်ရောက်နိုင်မှာပါ။ ဒီ Course မှာတော့ ကျောင်းသူကျောင်းသားတွေကို Video တည်းဖြတ်ခြင်းအတွက် အခြေခံသဘောတရားနိယာမတွေကို သင်ကြားပေးသွားမှာဖြစ်ပြီး တစ်ဦးချင်းစီကို သေသေချာချာ လမ်းညွှန်ပေးသွားမှာဖြစ်ပြီးတော့ Adobe Premiere Pro 2022 ကို အသုံးပြုပြီး ကွာလတီကောင်းမွန်တဲ့ Video တွေကို တည်းဖြတ်နိုင် အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက်Video Editing အတွေ့အကြုံရှိစရာမလိုဘဲနဲ့ အခြေခံ ကွန်ပြူတာအသုံးပြုနည်းသိရုံနဲ့ လေ့လာလို့ရပါတယ်။ Editing software ကို အသုံးပြုမယ့် Laptop ကတော့ အနည်းဆုံး အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီမှ အဆင်ပြေမှာဖြစ်ပါတယ်။ 💻 Processor- Intel® 6th Gen ဒါမှမဟုတ် newer CPU – ဒါမှမဟုတ် AMD Ryzen™ 1000 Series or newer CPU Operating System- Window (64-bit) Version1909 ဒါမှမဟုတ် နောက်အသစ်ထွက် Version 💻 Memory – 8GB of RAM 💻 GPU – 2GB of GPU Memory 💻 Storage - Installation အတွက် 8 GB of available hard disk space, installation အတွင်း လိုအပ်တဲ့ additional free space (will not install on removable flash storage), Media အတွက် additional high-speed drive 💻 Display – 1920 x 1080 💻 Sound Card – ASIO compatible ဒါမှမဟုတ် Microsoft Windows Driver Model 💻 Network Storage Connection – 1 Gigabit Ethernet Live သင်ကြားပေးသွားမယ့်သင်တန်းဖြစ်ပြီးတော့ ဇူလိုင်လ (၁၃) ကနေ စက်တင်ဘာလ (၁) အထိ သင်တန်းကာလဖြစ်ပါတယ်။ သင်တန်းသားဦးရေ အယောက် (၃၀) ပဲ လက်ခံသင်ကြားပေးသွားမှာမို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဇူလိုင်လ (၁၀) ရက် ည (၁၁) နာရီ (၅၉) မိနစ် နောက်ဆုံးထားလျှောက်ထားကြရမှာဖြစ်ပါတယ်။ Link - https://tinyurl.com/BA-VideoEditingFundamental 📌 Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။ #BA #Burma_Academy #Education4Everyonehttps://t.me/BagoScoutNetwork/3281
نمایش همه...
Enketo Express for KoboToolbox

2🥰 1
ပဲခူးမြို့(စစ်မှူထမ်းသတင်း) 6 July 2024 ပဲခူးမြို့၊ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) မှာ *စစ်မှုထမ်းသူအတွက်* ဟု ဆိုကာ ပွဲစား(ထောက်တိုင်)တွေက တစ်ဆင့် သိန်း၅၅သိန်း တောင်းခံနေပါတယ်။ဒီ့အတွက် တစ်အိမ်ထောင်ကို (၁၂၀၀၀)ကျပ်နှုန်းဖြင့် ဒီကနေ့ (၆)ရက် နေ့ကစပြီး ကောက်ခံနေပါပြီ။ နောက်ပြီး စာလေးကွင်းရွာက အဆောင်တွေကိုလည်း စစ်မှုထမ်းအတွက် ဟု ဆိုကာ "တစ်ဆောင်လျှင် (၃)သောင်း"အထိ ကောက်ယူနေပါတယ် လို့ ပြည်သူများထံက သိရပါတယ်။ #တာဝန်သိပြည်သူတစ်ဦး #BNOC #BRST
نمایش همه...
👍 1
ပဲခူးမြို့( ကျန်းမာရေးသတင်း) 6 July 2024 မိုးကာလမှာ ဖြစ်လေ့ရှိတဲ့ ဝမ်းရောဂါ၊ ရန်ကုန်မှာ ရေကတစ်ဆင့် ကူးစက်တဲ့ ဝမ်းရောဂါတွေ ဖြစ်နေတဲ့ အချိန် ပဲခူးမြို့မှာလဲ လွန်ခဲ့တဲ့ တစ်ပတ်ကစပြီးဝမ်းရောဂါဖြစ်တယ်လို့ သတင်းရပါတယ်။ "သီလရှင် စာသင်တိုက် တစ်ချို့မှာလည်း ဝမ်းရောဂါဖြစ်နေတယ်။ ပဲခူးဆေးရုံကြီးမှာလဲဝမ်းရောဂါကြောင့် ဆေးရုံလာတက်ရတဲ့သက်ကြီးပိုင်းတွေရှိတယ်" လို့ တာဝန်သိပြည်သူတစ်ဦးက ဆိုပါတယ်။ အသက်ကြီးရွယ်အိုနဲ့ ကလေးများ ပို၍ အထူးဂရုစိုက်နေထိုင်ကြပါ။ သန့်သန့်ရှင်းရှင်းနေထိုင်ကြပြီး ရေကို ကျိုချက်သောက်သုံးကြပါခင်ဗျ။ ခြင်ကိုက်မခံပါနဲ့။ တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ပြည်သူများအရေးဟာ အားလုံးရဲ့ အပူပါပဲ။ ဂရုစိုက်ကြပါ #ဝမ်းရောဂါ #BNOC #CJ
نمایش همه...
🥰 1
🚨 ပဲခူး 🚨 ⛳​ ပဲခူးတိုင်း ကဝမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စခများ တစ်အိမ်တက်ဆင်း နေ့ရော ညပါ လိုက်စစ်နေကြောင်း ၊ အဲ့ရွာဘေးနားက ဇီးဖြူပင်ရွာမှာ စခများ တပ်စွဲထားပြီး သူတို့စားဖို့ ကြက် ၆ ကောင် ပေးရကြောင်း ၊ ရွာကနေ စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ကို ၂၅၀၀၀ တောင်းနေကြောင်း နယ်ခံများမှ Eagles News သို့ သတင်းပေးပို့လာ  ။ EN®️Scouter 🦅EN🦅 6.7.24 🕒 4:00 PM 🦋🦋 သတင်းပို့ရန် 👉 https://t.me/EN21scouter ပိုမိုလေ့လာရန် 👉 https://t.me/UOEnews
نمایش همه...
🦅Scouter🦅

ပြည်သူမှ ပြည်သူသို့ အလင်းပြပေးနေသာ ENSC

👍 2
⚠️တောင်ငူ တောင်ငူလေတပ်မှ နောက်ထပ် K8-W Jet Fighter 1စင်း မြောက်ဘက်သို့ ပျံတက်။ 10:01, Jul 04 #EAR
نمایش همه...
👍 2
ပဲခူးမြို့နယ်(လျှပ်စစ်မီးသတင်း) ဇွန် ၃၀ ပဲခူးမြိုနယ်က ရပ်ကွက်တစ်ချို့မှာ EPC မှာငွေကြေးပေးနိုင်သော ရပ်ကွက်များကိုသာ မီးပေးပြီး မပေးနိုင်သော ရပ်ကွက်များကို တစ်နေကုန်မီးဖြတ် ထားတာကို သိရတယ်။ လက်ရှိမှာဆိုရင် ဘဏ္ဍာကုန်းရပ်ကွက် မီးလိုင်းကို (၃)ရက်နီးပါးခန့် တစ်ေန့ ၂၄နာရီမှာ အချိန်ကြာကြာ ဖြတ်ထားတာပါ။ ကိုယ့်ရပ်ကွက်မီးမှန်ချင်ရင် ဆောင်နေကျ မီတာခ အပြင် ရပ်ကွက်ထဲက ငွေစုပြီး တစ်လ( ၃) သိန်းပေး နေရပါတယ်။ သတိထားမိသလောက် အဲ့လိုပေးပြီးရင် မီးသိပ်ပြတ်ဘူး၊ ပြတ်ချိန် နည်းမယ်....လို့ ဒေသခံ ပြည်သူများက ဆိုပါတယ်။ လုပ်ငန်းကြီး စက်ရုံကြီးတွေမဟုတ်ပဲ သာမာန်မီတာတွေကိုတောင် မီးပြတ်တာ နည်းဖို့ ရန်ပုံငွေပေးရတာက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတာပါ။ #BRST #BNOC
نمایش همه...
👍 2
ပဲခူးမြို့ (ယာဥ်အစစ်အဆေး) Delayed news 30 June ပဲခူးမြို့၊ ကျိုက်ပွန်ရှေ့ ပဲခူး-ရန်ကုန်(၂ဖက်စလုံး) အသွားအလာကားတွေကို စခ၊ရခတွေစစ်ဆေးနေပါတယ်။(တစ်ချို့ကားသေးတွေ၊ပုံးကားတွေကို နောက်ဖုံးဖွင်ခိုင်းတယ်) (ညနေ ၅နာရီ) #ပြည်သူတစ်ဦး #BNOC #BRST
نمایش همه...
တောင်ငူ တောင်ငူလေတပ်မှ ATR-72 Military Transport Aircraft 1 စင်း မြောက်သို့ ပျံတက်။ 15:44, Jun 30 #EAR
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.