Bago Scout Network
Ir al canal en Telegram
BSNသည် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသော ပဲခူးဒေသနှင့် အခြားဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းများအကြား သတင်းချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည်။ Fb Page - https://www.facebook.com/BagoRegionalSupportTeam/
Mostrar más847
Suscriptores
-124 horas
-87 días
-2930 días
Archivo de publicaciones
*ရေတာရှည်မြို့နယ်/ စစ်တောင်းမြစ်ဝှမ်းဒေသ
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်ဝှမ်းဒေသ(အရှေ့ခြမ်း)နဂျပ်ကျေးရွာအုပ်စု၊ နဂျပ်အောက်ရွာကို ဇူလိုင်လ ၁ ရက် မနေ့က မနက် ၄နာရီခန့်တွင် စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ကာမီကာဇီအသေခံဒရုန်းများဖြင့် ကြဲသဖြင့် နဂျပ်အောက်ရွာမှ ဦးဒူးမဲ၏နေအိမ် မီးလောင်ပျက်စီးခဲ့ပါသည်။
ထို့နောက်ဒုတိယအကြိမ် ညနေ ၄နာရီ ၃၀မိနစ်အချိန်တွင် ထပ်မံကျဲရာ နဂျပ်အောက်ရွာမှ ဦးစိုးစိုး၏ နေအိမ်ခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ - YTI
#July01
#tsrnc
#စစ်တောင်းမြစ်ဝှမ်းဒေသ
#ရေတာရှည်မြို့နယ်
#နဂျပ်အောက်ရွာ
Repost from Brave Warriors For Myanmar - B.W.M
🟩♦️🟩 BWM Mission 56 🟩♦️🟩
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မစ်ရှင် ရုပ်သံ
ရွေးကောက်ပွဲ အတု ၏ သမတ အတု မင်းအောင်လှိုင်၏ လျှို့ဝှက် တောင်ငူ ခရီးစဉ် အတွင်း သတင်း ရရခြင်း ကြိုးစား ပစ်ခတ်သောမစ်ရှင်ရုပ်သံ
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်
ညနေ ၄:၂၅
🟩◻️🟩◻️🟩◻️🟩◻️🟩◻️🟩◻️🟩◻️🟩◻️
ထိရောက်သော သတင်းပေးမှုသည် ၅၄ သန်းသော မြန်မာပြည်သူတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြောင်းလဲနိုင်ရန် အင်အားဖြစ်သည်။
ယခုမစ်ရှင် အတွက် BWM ၏ page တွင် တာဝန်သိ သတင်းပေးပို့သော ပြည်သူတို့ကို အထူးကျေးဇူးပါ။
ပိုမိုတိကျသော သတင်းပေးပို့နိုင်လျှင် ပိုမိုထိရောက်အောင် ကြိုးစားနိုင်မှာမို့ တာဝန်သိပြည်သူများ သတင်းဆက်လက်ပေးပို့ ရန် အထူးတိုက်တွန်းလိုပါသည်။
ပြည်သူ ကံကြမ္မာ ကို အကောင်းဆုံးထုဆစ်နိုင်သူမှာ ပြည်သူများသာဖြစ်၍ နွေးဦးတော်လှန်ရေးတွင်တော်လှန်ပြည်သူတို့ ရပ်တည်သည့်ဘက် မှာ မုချနိုင်မည်ကို ပြည်သူတို့ ယုံကြည်ထားရန်အလွန်အရေးကြီးပါသည်။
ယုံကြည်သကဲ့သို့ စည်းစည်းလုံးလုံးနဲ့ ကိုယ်နိုင်သည့်ဘက်မှ တာဝန်သိသိကူညီလျင် အောင်မြင်မှု ပန်းတိုင်ကို အမြန်ရောက်နိုင်မည်ဖြစ်သည်။
ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မြေပြင်မှ စစ်ကြောင်ထိုးပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ
-----------
ဇွန် ၆
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မြေပြင်မှ စစ်ကြောင်ထိုးပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး ရေတာရှည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀၀ ခန့် စစ်ကြောင်းသည် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပိတောက်ကုန်းရွာမှ ဒေါ်တင်ရီ ဗုံးစထိမှန်ပြီး သေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ကုန်းကျေးရွာ၊ အုတ်မြေလူးကျေးရွာ၊ ဆီဆိုင်ကျေးရွာ၊ အေးရွာလေးကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ရေတာရှည်လေးကျေးရွာ၊ ရေငံကျေးရွာ၊ အင်းကြီးပေါက်ကျေးရွာ၊ ခင်တန်းရွာသစ်ရွာ၊ ကံလှကျေးရွာ၊ ဂွေးသဲကျေးရွာ၊ တောင်အင်းကုန်းကျေးရွာ၊ ကြာအင်းကုန်းကျေးရွာနှင့် ကြိတ်ပုတီးကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
"စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ရွာတွေကိုပဲ ဦးတည်ပြီး ဗုံးကျဲ ပစ်ခတ်နေလို့ ပြည်သူတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာလုံးကျွတ်ကို တိမ်းရှောင်နေရတာ အခုလတ်တလောက်က စစ်ဘေးရှောင် ပြည်သူတွေ အတွက်အရေးပေါ် စားနပ်ရိက္ခာတွေ အမိုးအကာ ဆေးဝါးတွေ လိုအပ်နေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနိုင်သောကြောင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။
သတင်း/ပုံ - Khit Thit
#BSN
Repost from ဒို့ပြည်-Doh Pyay
+2
ဆွာမြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးကျော်လင်းအောင်အပါ (၂၀) ဦးသေဆုံး
🟥 လေကြောင်းဗုံးကြဲလို့ စခန်း (၂) ခုကို မသိမ်းနိုင်ပေမဲ့ လက်နက်ခဲယမ်းတွေရ
ဇွန် ၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ဆွာမကြီး(ဆွာရွာမ) ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ အင်အား(၆၀) ခန့်ရှိတဲ့ စစ်တပ်စခန်းကို PDF နဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၃) ရက်နေ့ နံနက် ၆ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်တပ်ဘက်က တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင် စစ်သား (၂၀) ကျော် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွါထွက်ပြေးသွားခဲ့ရာ အဲဒီနေ့ နံနက် ဆွာမကြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ညဦးပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/DohPyayNews/posts/pfbid0FynMU9xrq7wZvKBdabWR5GMW7kR9HpK6o25R46WkiHFYnsCL34McwcvopKSwZEuwl
Repost from Brave Warriors For Myanmar - B.W.M
💢 💢 💢 BWM Mission 56 💢 💢 💢
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
သတင်းထုတ်ပြန်ကြေညာချက်
ရွေးကောက်ပွဲ အတုအယောင် ၏သမတ အတု
မင်းအောင်လှိုင် တောင်ငူ ရောက်ရှိစဉ် ၁၀၇ မမ များဖြင့် တိုက်ခိုက်ခြင်း
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်
◾️◻️◾️◻️◾️◻️◾️◻️◾️◻️◾️◻️◾️◻️◾️◻️◾️◻️
Repost from Karen Information Center -KIC
နေရပ်မပြန်နိုင်သေးသည့် သံတောင်ကြီး စစ်ဘေးရှောင်(၁)ထောင်ကျော် အကူအညီလိုအပ်
မေ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)ရွာထက်မနည်းရှိ စစ်ဘေးရှောင်(၁,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူအချို့က ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ငွေတောင်၊ ဗဟန်း၊ သစ်အယ်တောင်၊ မဏ္ဍပ်တောင် အစရှိသည့်ကျေးရွာများ နေရပ်စွန့်ခွာနေရခြင်းဖြစ်ပြီး နီးစပ်ရာအကူအညီဖြင့် ဘေးလွတ်ရာတွင် ယနေ့ထက်ထိစစ်ရှောင်နေရသည်။
ယမန်နေ့ ဧပြီ(၃၀)ရက်နေ့အထိ ထပ်တိုးရောက်လာသူများအပါအဝင် သံတောင်ကြီးမြောက်ပိုင်း စစ်ဘေးရှောင်စုစုပေါင်း (၁,၀၀၀)ကျော်ရှိနေပြီး အကူအညီလိုအပ်နေသည်ဟု ကရင်နှင့်ကယန်း(ကရင်နီ)နယ်မြေ၌ စစ်ဘေးရှောင်ကူညီနေသူတချို့က ပြောသည်။
“အခုမှအရေးပေါ်ရောက်လာကြတာ စနစ်တကျတော့မခွဲရသေးဘူး။ လူဦးရေ(၉၀၄)ဦးရှိတာတော့ သိတယ်။ လတ်တလော သွားတိုက်ဆေး၊ ဆပ်ပြာ၊ အမျိုးသမီးလစဥ်သုံး အထူးလိုအပ်တယ်။ တချို့ကအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာတဲ့သူတွေဆိုတော့ အဝတ်အစားနဲ့စောင်တွေလိုတယ်။ ဆန်ကလည်းတချို့က နည်းနည်းပါတယ်။ တချို့ကမပါဘူး” ဟု ကရင်နီဘက်စစ်ရှောင်ကူ အမျိုးသားက ပြောသည်။
ဧပြီလ(၂၈)ရက်နေ့ကလည်း ကရင်ပြည်နယ်၊ လိပ်သိုမြို့သို့ စစ်ဘေးရှောင်(၄၀၀)ထက်မနည်း ရောက်ရှိခဲ့ရာ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီပေးရန် လိုအပ်လျက်ရှိကြောင်း လိပ်သိုမြို့နေ စစ်ဘေးရှောင်အကူအညီပေးနေသူက ပြောဆိုခြင်းရှိခဲ့သည်။
ထို့အပြင် ၎င်းရွာအုပ်စုများအတွင်း စစ်အုပ်စုစစ်ကြောင်းဝင်ရောက်စဥ် နေအိမ်အများအပြား မီးရှို့ခံလိုက်ရသလို လုံခြုံရေးအခြေအနေကြောင့် ယနေ့ထက်ထိ နေရပ်ပြန်ဖို့စိတ်မချရသေးကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သံတောင်မြောက်ပိုင်းရွာတွေမရှိတော့ဘူး။ မြိုပေါ်တက်ကုန်ကြတာလည်းရှိတယ်။ လိပ်သိုလ်၊ တောင်ငူ၊ ဆွာနဲ့ ရေတာရှည်ဘက်ပေါ့။ စကစ တွေကတော့ ဒီမနက်ပြန်ထွက်သွားတယ်လို့ကြားတယ်။ ဒေသခံတွေကတော့ ပြန်မလာရဲသေးဘူးလေ” ဟု မေလ(၁)ရက်နေ့တွင် ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းတွင် သာမိတိုက်နှင့်ငွေတောင်ကျေးရွာအုပ်စုအတွင်းသို့ စစ်အုပ်စုက နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။
ဧပြီလ(၂၄)ရက်နေ့က သာမိတိုက်အုပ်စု၊ ဘုံတောင်ရွာလေကြောင်းတိုက်ခိုက်မှု၌ သေဆုံးသူဒေသခံ(၁၇)ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး(၁၄)ယောက် ပါဝင်သည်ဟု ရွာမှစွန့်ခွာလာသူများကို အကူအညီပေးနေသည့် သတင်းအရင်းအမြစ်မှ သိရသည်။
ထို့အတူ ဧပြီလ(၂၇)ရက်နေ့က ငွေတောင်အုပ်စု၊ ဗဟန်းရွာသို့ လေကြောင်းတိုက်ခိုက်မှုတွင်လည်း ရွာခံ(၆)ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများကဆိုသည်။
စစ်ရေးသတင်းထုတ်ပြန်ခြင်း
———————————————
၃၀ ရက်၊ ဧပြီလ၊ ၂၀၂၆။
အကြမ်းဖက်စစ်ကော်မရှင် မိစ္ဆာတပ် သည် ပိန်းဇလုပ် ခမရ ၂၆၄ အနီး ရွာမ တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိပြီး ပြည်သူများထံမှ နိုင်ထက်စီးနင်း အခကြေးငွေကောက်ခံလျှက်ရှိသော အကြမ်းဖက် စစ်ကော်မရှင်တပ်အား SPRING WARRIORS COLUMN နွေဦးစစ်သည်တော်များစစ်ကြောင်း မှ ၂၇ ရက်၊ ဧပြီလ၊ ၂၀၂၆ ရက်နေ့ ညတွင် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ စစ်မိစ္ဆာများ ဆုတ်ခွာထွက်ပြေးခဲ့သည်။
ထပ်မံ၍ ၂၉ ရက်၊ ဧပြီလ၊ ၂၀၂၆ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထပ်မံဝင်ရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက် စစ်ကော်မရှင် တပ်သား ၂ ဦး DB အား မျက်မြင် အတည်ပြုနိုင်ခဲ့ပြီး စကမ တပ်ကြပ်ကြီး အပါအဝင် စကမတပ်သားများ သည် ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်။
#springwarriorscolumn
#ဗျူဟာ၂၅
#ပဲခူးတိုင်းစစ်ဌာန
#we_are_springwarriors
#ပြည်သူကမွေးပြည်သူကကျွေးတဲ့ပြည်သူ့ရဲဘော်များ
မူရင်းသတင်း
https://www.facebook.com/share/v/1G4FjjCvuM/
Repost from ငါတို့မျိုးဆက် - တော်လှန်စာစဉ်
+1
အရပ်ဝတ်ပုံပြောင်း အာဏာရှင်ကို ခြိမ်းခြောက်နေဦးမယ့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ◽ ကိုထင်
ငါတို့မျိုးဆက်တော်လှန်စာစဉ် အတွဲ (၃) အမှတ် (၁၀)၊ ဧပြီ ၂၀၂၆။
https://t.me/ngardohmyozet/2886
Repost from The Voice Of Spring | နွေဦးအသံ |
◼️ပဲခူးနဲ့ မွန်မှာ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စကစ ၁၃ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရရှိ
၁၂ ဧပြီ | နွေဦးအသံ |
ပဲခူးဒေသနဲ့ မွန်ပြည်နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ လက်ယက်စခန်းနဲ့ လေးကေစခန်းတို့ကို PDF ၊ KNLA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ နဲ့ ၁၂ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း)ကို ဧပြီ ၄ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၇ ရက်၊ မနက် ၆ နာရီမှာ အပြီးသတ်သိမ်းဆည်းရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀မမ (၁) လက်၊ MA11 (၄) လက်၊ MA 1 (၁) လက်၊ MA4 ပူးတွဲ (၁) လက်၊ RPG အသီး (၇) စုံ၊ စက်လက်ကျည် (၆၀၀) တောင့်၊ ၅.၅၆ ကျည် (၅၀၀) တောင့်၊ ၆၀မမသီး (၅) လုံး၊ ကျည်ဘောက် (၁၂) ခုနှင့် စစ်သုံးပစ္စည်းများ၊ ဂျန်မာစက် (၂ )စုံ ၊ မီးစက် (၂) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈) လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ (၃၀) ဦးရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
လက်ယက်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့က ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ လေးကေစခန်းကို ဧပြီ ၇ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၂ ရက်၊ မနက် ၈ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အောင်သော်နဲ့ အခြားအဆင့်တဦး အရှင်ဖမ်းမိခဲ့ပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ (၁၀) ဦးခန့်ရှိခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသွားပြီး ငါးကြင်းမြီး (၁) လက်၊ MA2 (၁) လက်၊ ၆၀မမ (၁) လက်၊ ၆၀မမသီး (၂၉) လုံး၊ ၄၀ မမသီး (၇၅) လုံး၊ ၅.၅၆ကျည် (၄၀၀၀) တောင့်၊ ဂျန်မာစက် (၃) လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၄) လုံး၊ မီးစက် (၁) လုံးနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO ၊ ABSDF ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
Repost from EAR, Org.
⚠️ဖြူး
ဖြူးနယ်ဖြတ်၍ တောင်ငူလေတပ်တက် Y-12 Military Transport Aircraft (1)စီး တောင်အရပ်သို့ ပျံသန်း။
08:08, Apr 13
#EAR #SCIN
Repost from EAR, Org.
⚠️တောင်ငူ
တောင်ငူလေတပ်မှ Y-12 Military Transport Aircraft (1)စီး တောင်အရပ်သို့ ပျံတက်။
07:56, Apr 13
#EAR #SCIN
Repost from Brave Warriors For Myanmar - B.W.M
ပြည်သူလူထုကို အသိပေးပန်ကြားခြင်း
➖➖➖➖➖➖➖➖➖➖➖➖
စကမ ယနေ့ အထိ အပြစ်မဲ့ ပြည်သူများကို ဆက်လက် ၍ ရက်ရက်စက်စက် အာဏာ လုပြီး that ဖြတ် ဒုက္ခပေးနိုင်ခြင်းမှာရက်စက်သည့် မိစ္ဆာလေတပ်ကြောင့်ဖြစ်သည်။
ထိုလေတပ်ကြောင့်ပင် မိစ္ဆာ မင်းအောင်လှိုင်သည် ကမ္ဘာပေါ်တွင် အရှက်မရှိဆုံး ကိုယ့်ပြည်သူကိုယ် that သည့်
ကိုယ့်ဘာသာတင်မြှောက်သည့် သမတ ဇာတ်လမ်းကိုဆက်ရေးနိုင်ခဲ့သည်။
ထိုသို့ သမိုင်းတရားခံ မိစ္ဆာလေတပ်၏ အဓိက လေသူရဲများမွေးဖွားရာ မိခင်ခွေးလေတပ် ၏ ဌာနချုပ်ကို BWM နှင့် မဟာမိတ်တို့ အောင်မြင်စွာ tike ခိုက်နိုုင်မှုအတွက် များစွာဂုဏ်ယူ ကျေနပ်ပါသည်။
ယခု tike ခိုက်နိုင်မှုမှာ ကျွန်ုပ်တို့ အဖွဲ့ များ၏ ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ ခြေသံလုံမှုအပြင် ပိုအရေးပါသည်မှာ တော်လှန်ရေးညီအစ်ကိုမောင်နှမတို့၏ကူညီမှုကြောင့်၊ ပြည်သူတို့၏ ဝန်းရံအားပေးမှု ကြောင့် သာ ဖြစ်ပါသည်။
ပြည်သူတို့၏ အားပေးဝန်းရံမှု၊ နယ်မြေခံ အဖွဲ့ များ၏ပူးပေါင်းကူညီမှုကြောင့် စကမ ၏လေတပ်စခန်း ဌာနချုပ်အားလုံး နှင့် စစ်ရေး ပစ်မှတ် ကြီး များအားလုံးနီးပါးသည် BWM နှင့် မဟာမိတ်တို့လက်လှမ်းမှီလာခဲ့သည်။
ဆက်လက်၍လည်းထိထိရောက်ရောက်ဖြင့် တော်လှန်ရေးအရွေ့အတွက် အုပ်တစ်ချပ်သဲတပွင့် ဖြစ်နိုင်ရန် ဆက်ကြိုးစားပါမည်။
အရေးကြီးသည့် အကြောင်းအရာနောက်တစ်ခုကိုလည်းတင်ပြလိုပါသည်။
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
BWM အဖွဲ့သည် အလုပ်လုပ်ဖို့ အတွက်သာအဓိကရည်ရွယ်ဖွဲ့ ထား သည့် အဖွဲ့ ဖြစ်သည့် အတွက် မည်သည့် campaign မည်သည့် fund raiser များမှ တဆင့် အလှူ ခံခြင်းမရှိဘဲ ခြေသံလုံလုံဖြင့် ကြိုးစားလာသည်မှာ တော်လှန်ရေး ၅ နှစ်တိုင်ခဲ့ပြီ။
အဖွဲ့ဝင်တို့၏ ကိုယ်ပိုင်ဝင် ငွေဖြင့်ကြိုးစားရပ်တည်မစ်ရှင်များဆက်တိုက်ဖော်ဆောင်ခဲ့သည်။ အရာရာခက်ခဲလာချိန်တွင် မိတ်ရင်းဆွေရင်းများကူညီမှု၊ page မှ ပြည်သူအချို့ ၏လာရောက်ဂုဏ်ပြုဝန်းရံမှုကြောင့်သာအသက်ရှုနိုင်ခဲ့သည်။
မည်သို့ပင်ခက်ခဲပါစေ အလှူခံဖို့ လုပ်စားဖို့ ရည်ရွယ်ချက်မရှိသည့်အတွက်ငွေကြေးအရှုပ်အရှင်းကင်းပြီး တော်လှန်ရေးတစ်ခုထဲသာရှေးရှုလုပ်ကိုင်ခဲ့ပါသည်။
စကမ ၏ နောက်ပါ လော်ဘီများ၊ ၆၈၀၀ အစားများတိုက်ခိုက်မှုကို ခံရသည်ကို နားလည်ပေး၍ရသော်လည်း ယခုနောက်ပိုင်း စိတ်မကောင်းစွာ ကြားသိရသည်မှာ
ဆယ်လီ အချို့၏အခြေအမြစ်မရှိသည့် ဝေ ဖန်တိုက်ခိုက်မှု များ၊ တော်လှန်ရေးဘက်တော်သား(ဟုထင်ရသော)သူတို့ မှတိုက်ခိုက် မှုများ ဖြစ်သည်။
ထိုသို့ပြောဆိုသူများကြောင့် ပြည်သူတို့ အထင်မမှားကြရန်
နှင့်ထိုသူများကို ပြည်သူတို့ နိုင်သည့်ဘက်မှကူညီတားမြစ် ကြရန် တိုက်တွန်းလိုပါသည်။
ထိုတိုက်ခိုက်သူဆယ်လီတို့ ပုဂ္ဂိုလ် အားလည်း စစ်ခွေး အားရမည့် အရေးအသားများအားတော်လှန်ရေးရှေးရှု၍ ရှောင်ရှား၍ တိုက်ခိုက်လိုလျင်လည်း စကမ ကိုသာတိုက်ခိုက် ကြရန် ထိုပုဂ္ဂိုလ်တို့ကို ပြန်လည် တိုက်တွန်းချင်ပါသည်။
ယခုအချိန်သည် ကျောချင်းကပ်၍ စကမ ပြုတ်ရေးကိုသာ ရှေးရှုရမည့် အချိန်ဖြစ်သောကြောင့် သွေးမကွဲ ဖို့
နှင့် ပိုမိုစည်းလုံးစွာကြိုးစားကြဖို့ BWM နှင့် မဟာမိတ်အဖွဲ့ များမှ အထူးတိုက်တွန်းလိုပါသည်။
Repost from Brave Warriors For Myanmar - B.W.M
စကမ ၏ လေတပ် ဌာနချုပ် ထီလာ (ရှမ်းတဲ) လေတပ်စခန်း အား BWM ဦးဆောင်သော မဟာမိတ်အဖွဲ့ တို့၏
Mission 55 ၏ ရုပ်သံ
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
မစ်ရှင်ရက်စွဲ ။ ။ ဧပြီလ ၂ ရက်နေ့ ၊ ၂၀၂၆
➖➖➖➖➖➖➖➖➖➖➖
ထိရောက်မှုကိုတော့ အောင်မြင်စွာထွက်သွား သောရှော့တိုက်ဒုံး များ၏ ထွက်အား ကို ကြည့်၍ ထိုရှော့ဒုံးများကျရောက် ပေါက်ကွဲသည့် စကမ လေတပ် နေရာပျက်စီးမှုကို ပြည်သူတို့ ခန့်မှန်းနိုင်ပါသည်။
စကမ လော်ဘီ တို့မှ ရှော့ဒုံးကြောင့် ထိမှန်မှု
ဝေ ဝါးအောင် drone ဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ကြောင်း
ဝါဒဖြန်မှု များကြားသိနေရသည်။ ထိုအကြောင်းအရာကို ကြည့်ခြင်းဖြင့် သူတို့ထိ၍ ဖုံးဖိမရ၍ ဝေဝါးစေရန်သတင်းလွှင့်ခြင်း ဟုသုံးသပ်နိုင်ပါသည်။
ထိခိုက်ပျက်စီးမှုများသတင်းပေးမှုများရှိသော်လည်းသေချာ confirm ရန်ခက်ခဲပါသည်။
ယခုလို Tike ခိုက်နိုင် သောရှော့ဒုံးများ လေတပ်ထဲ ကျရောက် ထိမှန်သည် ဟုကြားသိရရုံနှင့်ပင် ပြည်သူတို့ ကိုယ်စား တန်ပြန်ပေးနိုင်မှုအတွက် BWMနှင့် မဟာမိတ်တို့ ကျေနပ်ဝမ်းသာပါသည်။
သေချာသည်ကတော့ရှော့ဒုံး အများစု ကွင်းထဲကျပြီး
အရာရှိကားများစွာ ပျက်စီးသည်ကတော့ အောက်ထစ်ပျက်စီးမှု ဖြစ်သည်။
Repost from EAR, Org.
⚠️တောင်ငူ
တောင်ငူလေတပ်မှ ဒုတိယ K-8W Jet Fighter (1) စီး တောင်အရပ်သို့ ပျံတက်။
09:44, Mar 29
#EAR #SCIN
Repost from People's Spring
ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေဖမ်းဆီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ - KNU
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
