MSI - MYANMAR SOCIETY INFORMATIONS
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Mostrar más📈 Análisis del canal de Telegram MSI - MYANMAR SOCIETY INFORMATIONS
El canal MSI - MYANMAR SOCIETY INFORMATIONS (@msi22222) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 16 339 suscriptores, ocupando la posición 13 232 en la categoría Noticias y medios y el puesto 8 214 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 16 339 suscriptores.
Según los últimos datos del 02 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -451, y en las últimas 24 horas de -20, conservando un alto alcance.
- Estado de verificación: No verificado
- Tasa de interacción (ER): El promedio de interacción de la audiencia es 16.51%. Durante las primeras 24 horas tras publicar, el contenido suele obtener 3.03% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 0 visualizaciones. En el primer día suele acumular 496 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 0.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်...”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 03 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.
· ဧပြီလ ၄ ရက် မနက် ၁၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ ရပ်ကွက်၊ စက်မှုဇုန် ၁၊ ကနောင်မင်းသားကြီးလမ်းပေါ် အာရှနဂါးအထည်စက်ရုံထဲ သေနတ်ကိုင် အမျိုးသား ၂ ဦး ဝင်ရောက်လာပြီး ဓားပြတိုက်သွားကြောင်း သိရှိရသည်။ ကျပ် ၁၉၉၅ သိန်းပါသွားသည်။ · ဝန်ထမ်းများကို လစာပေးဖို့ စီစဉ်ထားသည့် ငွေများဟု ဆိုသည်။ လစာပေးဖို့အတွက် စက်ရုံရုံးခန်းအတွင်း၌ စီစဉ်နေချိန် ဝင်ရောက်လုယူသွားသည်ဟု သိရသည်။———— 🔖 အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် လူ ၂ ဦး၏ ဖြစ်စဉ်ကို People's Spring မှ သိရှိရသည်။ လမ်းပေါ်ရှိနေစဉ် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြခြင်းဖြစ်သည်။ ၁ ဦးမှာ တောင်ဥက္ကလာမြို့နယ်ထဲတွင်ဖြစ်ပြီး နောက် ၁ ဦးဖြစ်စဉ်နေရာကိုမူ မသိရှိရပါ။———— 🔖 လေကြောင်းခရီးသည်များကို ထပ်မံတင်းကြပ်မည်ဟုဆို
· ပြည်တွင်း ပြည်ပ လေကြောင်းခရီးစဉ်များတွင် ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ တပ်ပြေး၊ ထောင်ပြေး ဟုဆို) မပါနိင်အောင် အကြမ်းဖက်စကမမှ ထပ်မံ စီစစ်တင်းကြပ်ဖို့လုပ်နေကြောင်း BBC မှ သိရှိရသည်။ · လက်မှတ်စစ်ကောင်တာများနှင့် လေကြောင်းရဲကောင်တာများ၌ ခရီးသည်များ၏ မှတ်ပုံတင်အချက်အလက်များကိုပါ ယူစစ်မည်ဟုဆိုသည်။———— 🔖 တက္ကစီများအတွက် စက်သုံးဆီစနစ်သစ် ထပ်သတ်မှတ်
· ဧပြီလ ၃ ရက်မှ စပြီး တက္ကစီ၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များအတွက် စက်သုံးဆီရောင်းချသည့် စနစ်သစ် ထပ်သတ်မှတ်ကြောင်း စကမမှ ထုတ်ပြန်ထားသည်။ · မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်မူတည်ပြီး ရောင်းချပေးမည်ဟု ဖော်ပြထားသည်။ ယာဉ်များ လိမ်လည်ဆီထုတ်ပြီး ပြင်ပတွင်ပြန်ရောင်းချနေ၍ ထပ်မံတင်းကြပ်လိုက်သည်ဟု ဆိုသည်။———— 🔖 ထိုင်းရေတပ် လည်ပတ်
· ထိုင်းနိုင်ငံမှ စစ်ရေယာဉ် HTMS Kraburi (FFG-457) ဖြင့် ရေတပ်ဖွဲ့ဝင်များ မတ်လ ၃၁ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီလ ၄ ရက်နေ့တွင် ပြန်ထွက်သွားကြကြောင်း သိရသည်။ · ရန်ကုန်မြို့ထဲ ၅ ရက်ခန့်နေပြီး လည်ပတ်သွားလာခဲ့ကြကြောင်း သိရသည်။———— 🔖 မင်းအောင်လှိုင်ကို သမ္မတမြှောက်
· ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် စစ်တပ်နှင့် ကြံ့ဖွတ်ဦးစီး လွှတ်တော်က သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်က မဲပေါင်း ၄၂၉ ဖြင့် သမ္မတ၊ ညိုစောက ဒုတိယသမ္မတ ၁ နှင့် နန်းနီနီအေးက ဒုတိယသမ္မတ ၂ ဖြစ်လာကြောင်း သိရသည်။———— 🔖 သောက်သုံးရေ ခက်ခဲမှုဖြစ်
· ဧပြီလ ၂ ရက်နေ့ဝန်းကျင်တွင် ရန်ကုန်မြို့ထဲ လျှပ်စစ်မီးပြတ်တောက်မှုမှာ ကြေညာထားသည်ထက် ပိုမိုကြာမြင့်ခဲ့ပြီး မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်သည့်ထိ ဖြစ်ခဲ့ကြောင်း သိရသည်။ · ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်နှင့် မြောက်ဒဂုံမြို့နယ်တို့၌ သောက်သုံးရေပြတ်တောက်ခဲ့ကြောင်း မီးသတ်မှ ထုတ်ပြန်ထားသည်။———— 🔖 SIM ကဒ် အလုအယက်ဝယ်ကြ
· စကမမှ ဖုန်း IMEI မှတ်ပုံတင်ခိုင်းသည့် နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့တွင် ဖုန်းအရောင်းဆိုင်များ၌ ဆင်းကတ်ဝယ်သူများနှင့် E-Sim လျှောက်သူများ ကြိတ်ကြိတ်တိုး တန်းစီဝယ်သူနေခဲ့ကြကြောင်း သိရသည်။06 Apr 2026 #RangoonScoutNetwork #YGN_weekly
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
