ch
Feedback
MSI - MYANMAR SOCIETY INFORMATIONS

MSI - MYANMAR SOCIETY INFORMATIONS

前往频道在 Telegram

MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။

显示更多

📈 Telegram 频道 MSI - MYANMAR SOCIETY INFORMATIONS 的分析概览

频道 MSI - MYANMAR SOCIETY INFORMATIONS (@msi22222) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 15 716 名订阅者,在 新闻与媒体 类别中位列第 13 541,并在 缅甸 地区排名第 8 502

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 15 716 名订阅者。

根据 28 八月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -320,过去 24 小时变化为 -14,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 12.54%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 0

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်...

凭借高频更新(最新数据采集于 29 八月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

15 716
订阅者
-1424 小时
-807
-32030
帖子存档
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ​ (လေးမျက်နှာစကားဝိုင်း) (သြဂုတ် ၁၂ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်) ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူငယ်တွေအနေနဲ့ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုမှသည် အသက်အန္တရာယ်တွေရင်ဆိုင်ရတဲ့အထိ အကြပ်အတည်းများစွာ တွေ့ကြုံနေရတဲ့အပြင် အခုဆိုရင် စစ်အုပ်စုအပါအဝင် လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ အတင်းအကြပ်စစ်မှုထမ်းဆွဲမှုတွေကြောင့်ပါ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ တဖက်မှာလည်း စီးပွားရေးနဲ့ ပညာရေးစနစ် ချိနဲ့မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးနေသလို မူးယစ်ဆေး၊ လောင်းကစားနဲ့ ကျားဖြန့်တို့ရဲ့ လွှမ်းမိုးမှုတွေကလည်း လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း လူငယ် Gen Z တွေကို ဦးဆောင်သူတွေလို လူအများက ပုံဖော်ပြောဆိုနေကြပေမယ့် ပြီးခဲ့တဲ့ငါးနှစ်ကိုပြန်ကြည့်တဲ့အခါ နယ်ပယ်အသီးသီးရဲ့ ဦးဆောင်မှုအပိုင်းမှာ လူငယ်တွေရဲ့ ပါဝင်မှုဆိုတာ အကန့်အသတ်များစွာရှိနေကြပါတယ်။ အမှန်တကယ်တော့ သမိုင်းအဆက်ဆက်မှာ လူငယ်တွေဆိုတာ အစွဲနည်းပြီး စိတ်ကူးသစ်၊ အကြံဥာဏ်သစ်တွေကို ရဲရဲဝံ့ဝံ့ သယ်ဆောင်တတ်ကြတာကြောင့် လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲဖော်ဆောင်တဲ့နေရာမှာ အရေးပါလှပါတယ်။ ဒါကြောင့် အခုအပါတ် စကားဝိုင်းမှာတော့ ၁။ နိုင်ငံအဝှမ်းဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြားမှာ လူငယ်တွေ ဘယ်လိုရုန်းကန်လှုပ်ရှားနေကြလဲ။ ၂။ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊​ဖြစ်မြောက်နိုင်စွမ်းရှိတဲ့အတိုင်း အောင်မြင်ပေါက်မြောက်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဘာတွေလိုအပ်နေပြီလဲ။ ၃။ ဒီအရွေ့တွေကိုဖော်ဆောင်ဖို့ လူငယ်တွေကြားမှာရော အရည်အချင်းနဲ့ စုဖွဲ့မှုတွေ ရှိနေပြီလား။ စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာပါ။ လူငယ်များ၊ မိဘပြည်သူများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ နေ့ရက် - သြဂုတ် ၅ ရက် ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ Zoom ID – 874 4583 2200 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/87445832200 #InternatonalYouthDay2026 #FourCornersDialogue

ယခုအချိန်ထိ MSI ရဲ့ရပ်တည်ချက် ထုတ်ဖော်မှုတွေမမှားခဲ့ဘူးဆိုတာ NLD ကိုယ်တိုင် သက်သေပြပေးလိုက်ပါပြီ
+1
ယခုအချိန်ထိ MSI ရဲ့ရပ်တည်ချက် ထုတ်ဖော်မှုတွေမမှားခဲ့ဘူးဆိုတာ NLD ကိုယ်တိုင် သက်သေပြပေးလိုက်ပါပြီ

Repost from AA Info Desk
တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် နှင့် အာရက္ခတပ်တော်တို့ ယခုရက်ပိုင်းအတ
+4
တိုက်ပွဲသတင်းထုတ်ပြန်ချက်   ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့   ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် နှင့် အာရက္ခတပ်တော်တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအနက် ရက္ခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲများသည် ပိုမိုပြင်းထန်နေခဲ့သည်။   ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခဒေသ​၏  ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားလျက်ရှိသောကြောင့် ရက္ခိုင်-ဧရာဝတီ အစပ် နေရာများ၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေရခြင်းဖြစ်သည်။ ရန်သူသည် (၃၄၄) အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား (၄၀၀) ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။   ဤသို့ထိုးစစ်မှာ ယခုတစ်ကြိမ်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ အာရက္ခတပ်တော်သည် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​၏ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်များနှင့်အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့သည်။   ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ပွိုင့် (၂၈၈) ကုန်းအားလည်းကောင်း၊၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ပွိုင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ပွိုင့် (၁၄၈) ကုန်းတို့ကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါသိမ်းပိုက်ရရှိသော ပွိုင့်သိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများပြား သိမ်းဆည်းရမိခဲ့သည်။   တစ်ပြိုင်နက်တည်းတွင် စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နှင့်ထိစပ်နေသော ချင်းပြည်၏ မင်းတပ်နှင့် ကန်ပက်လက်မြို့ အစပ်နေရာများ နှင့် အာရက္ခတပ်တော် လှုပ်ရှားရာနေရာအနှံ့၌လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်​၏ လူလှိုင်းအသုံးပြု ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။   ဓာတ်ပုံ- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့   သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

Repost from AA Info Desk
photo content
+9

အသိပေးတင်ပြခြင်း Admin Dora Telegram Account Disable ဖြစ်သွားပါသဖြင့် Admin Dora နဲ့ ဆက်သွယ်ဆောင်ရွက်ထားလျှက်ရှိပါသော ကိစ္စများအား @Joewilliam2021 သို့ ပြောင်းလဲ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။

အပကအပငခ - Myanmar Than Sin.m4a3.05 MB

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Mar 30 - Apr 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွာ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Mar 30 - Apr 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ 🔖 အာရှနဂါးအထည်ချုပ်စက်ရုံထဲ သေနတ်ကိုင် ဓားပြတိုက်
· ဧပြီလ ၄ ရက် မနက် ၁၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ ရပ်ကွက်၊ စက်မှုဇုန် ၁၊ ကနောင်မင်းသားကြီးလမ်းပေါ် အာရှနဂါးအထည်စက်ရုံထဲ သေနတ်ကိုင် အမျိုးသား ၂ ဦး ဝင်ရောက်လာပြီး ဓားပြတိုက်သွားကြောင်း သိရှိရသည်။ ကျပ် ၁၉၉၅ သိန်းပါသွားသည်။ · ဝန်ထမ်းများကို လစာပေးဖို့ စီစဉ်ထားသည့် ငွေများဟု ဆိုသည်။ လစာပေးဖို့အတွက် စက်ရုံရုံးခန်းအတွင်း၌ စီစဉ်နေချိန် ဝင်ရောက်လုယူသွားသည်ဟု သိရသည်။
———— 🔖 အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် လူ ၂ ဦး၏ ဖြစ်စဉ်ကို People's Spring မှ သိရှိရသည်။ လမ်းပေါ်ရှိနေစဉ် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြခြင်းဖြစ်သည်။ ၁ ဦးမှာ တောင်ဥက္ကလာမြို့နယ်ထဲတွင်ဖြစ်ပြီး နောက် ၁ ဦးဖြစ်စဉ်နေရာကိုမူ မသိရှိရပါ။
———— 🔖 လေကြောင်းခရီးသည်များကို ထပ်မံတင်းကြပ်မည်ဟုဆို
· ပြည်တွင်း ပြည်ပ လေကြောင်းခရီးစဉ်များတွင် ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ တပ်ပြေး၊ ထောင်ပြေး ဟုဆို) မပါနိင်အောင် အကြမ်းဖက်စကမမှ ထပ်မံ စီစစ်တင်းကြပ်ဖို့လုပ်နေကြောင်း BBC မှ သိရှိရသည်။ · လက်မှတ်စစ်ကောင်တာများနှင့် လေကြောင်းရဲကောင်တာများ၌ ခရီးသည်များ၏ မှတ်ပုံတင်အချက်အလက်များကိုပါ ယူစစ်မည်ဟုဆိုသည်။
———— 🔖 တက္ကစီများအတွက် စက်သုံးဆီစနစ်သစ် ထပ်သတ်မှတ်
· ဧပြီလ ၃ ရက်မှ စပြီး တက္ကစီ၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များအတွက် စက်သုံးဆီရောင်းချသည့် စနစ်သစ် ထပ်သတ်မှတ်ကြောင်း စကမမှ ထုတ်ပြန်ထားသည်။ · မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်မူတည်ပြီး ရောင်းချပေးမည်ဟု ဖော်ပြထားသည်။ ယာဉ်များ လိမ်လည်ဆီထုတ်ပြီး ပြင်ပတွင်ပြန်ရောင်းချနေ၍ ထပ်မံတင်းကြပ်လိုက်သည်ဟု ဆိုသည်။
———— 🔖 ထိုင်းရေတပ် လည်ပတ်
· ထိုင်းနိုင်ငံမှ စစ်ရေယာဉ် HTMS Kraburi (FFG-457) ဖြင့် ရေတပ်ဖွဲ့ဝင်များ မတ်လ ၃၁ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီလ ၄ ရက်နေ့တွင် ပြန်ထွက်သွားကြကြောင်း သိရသည်။ · ရန်ကုန်မြို့ထဲ ၅ ရက်ခန့်နေပြီး လည်ပတ်သွားလာခဲ့ကြကြောင်း သိရသည်။
———— 🔖 မင်းအောင်လှိုင်ကို သမ္မတမြှောက်
· ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် စစ်တပ်နှင့် ကြံ့ဖွတ်ဦးစီး လွှတ်တော်က သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်က မဲပေါင်း ၄၂၉ ဖြင့် သမ္မတ၊ ညိုစောက ဒုတိယသမ္မတ ၁ နှင့် နန်းနီနီအေးက ဒုတိယသမ္မတ ၂ ဖြစ်လာကြောင်း သိရသည်။
———— 🔖 သောက်သုံးရေ ခက်ခဲမှုဖြစ်
· ဧပြီလ ၂ ရက်နေ့ဝန်းကျင်တွင် ရန်ကုန်မြို့ထဲ လျှပ်စစ်မီးပြတ်တောက်မှုမှာ ကြေညာထားသည်ထက် ပိုမိုကြာမြင့်ခဲ့ပြီး မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်သည့်ထိ ဖြစ်ခဲ့ကြောင်း သိရသည်။ · ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်နှင့် မြောက်ဒဂုံမြို့နယ်တို့၌ သောက်သုံးရေပြတ်တောက်ခဲ့ကြောင်း မီးသတ်မှ ထုတ်ပြန်ထားသည်။
———— 🔖 SIM ကဒ် အလုအယက်ဝယ်ကြ
· စကမမှ ဖုန်း IMEI မှတ်ပုံတင်ခိုင်းသည့် နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့တွင် ဖုန်းအရောင်းဆိုင်များ၌ ဆင်းကတ်ဝယ်သူများနှင့် E-Sim လျှောက်သူများ ကြိတ်ကြိတ်တိုး တန်းစီဝယ်သူနေခဲ့ကြကြောင်း သိရသည်။
06 Apr 2026 #RangoonScoutNetwork #YGN_weekly

ဗစ်တိုးရီးယား အမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဒုရဲချုပ် အောင်နိုင်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာ ဗစ်တိုးရီးယားအမှ
ဗစ်တိုးရီးယား အမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဒုရဲချုပ် အောင်နိုင်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာ ဗစ်တိုးရီးယားအမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဒုရဲချုပ် အောင်နိုင်သူ အား ယနေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် အမည်စာရင်းတင်သွင်းခံရပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာကြောင်း သိရှိရပါသည်။ Photo - နိုင်ငံတော်သမ္မတရုံး website

အသိပေးတင်ပြခြင်း Admin Dora Telegram Account Disable ဖြစ်သွားပါသဖြင့် Admin Dora နဲ့ ဆက်သွယ်ဆောင်ရွက်ထားလျှက်ရှိပါသော ကိစ္စများအား @Joewilliam2021 သို့ ပြောင်းလဲ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။

Repost from Mizzima
ကချင် ၊ ချင်းနှင့် ရခိုင်သို့ ပို့မည့် စက်သုံးဆီများ NUG ခွင့်ပြုချက်ဖြင့်သာ သယ်ဆောင်ရန်ညွှန်ကြား ပါခွီး မဇ္ဈိမ ။ ။ ကချင် ၊ ခ
ကချင် ၊ ချင်းနှင့် ရခိုင်သို့ ပို့မည့် စက်သုံးဆီများ NUG ခွင့်ပြုချက်ဖြင့်သာ သယ်ဆောင်ရန်ညွှန်ကြား ပါခွီး မဇ္ဈိမ ။ ။ ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့်လိုအပ်ကြောင်း NUG က ညွှန်ကြားချက်ထုတ်သည်။ ဖြတ်သန်းသယ်ဆောင်မည့် မဟာမိတ်အဖွဲ့အစည်းသည် NUG နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဦးလွင်ကိုလတ်က မတ်လ ၆ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။ “ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ကြိုတင်စကားပြောထားတာမရှိတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီစာထုတ်တယ်ဆိုတာ မသိရဘူး။ ဒီစာအတိုင်းဆိုရင် ကချင် ၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်း ထန်ချွန်းဖေက မဇ္ဈိမကိုပြောသည်။ ပြည်မတွင် စက်သုံးဆီများ သိုလှောင်ထားခွင့်ရှိပြီး ကျန…

NUG တပ်များ၏ အမျိုးသမီးများအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုကိစ္စ ဖြေရှင်းပေးဖို့ အိတ်ဖွင့်ပေးစာပို့ https:/
+2
NUG တပ်များ၏ အမျိုးသမီးများအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုကိစ္စ ဖြေရှင်းပေးဖို့ အိတ်ဖွင့်ပေးစာပို့ https://www.facebook.com/share/p/1AY9WcUzre/

ဖြစ်သည်။ တော်လှန်ရေးအကျိုးစီးပွားသည် လူထုအကျိုးစီးပွားသာ ဖြစ်ပါသည်။ လူထုအကျိုးစီးပွားမရှိသော တော်လှန်ရေးကို လူထုကလည်း ထောက်ခံမည်မဟုတ်ပါ။ လူထုမထောက်ခံလျှင် ထိုတော်လှန်ရေးသည်လည်း သက်တမ်းမရှည်နိုင်ပါ။ ယခုဖြစ်ရပ်အပေါ် နစ်နာသူအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကူညီရပ်တည်ကြဖို့၊ ကျူးလွန်သူများကို အရေးယူပြီး အမှားကို အချိန်မီ ပြင်ဆင်နိုင်ကြဖို့ မိမိတို့ မျှော်လင့်သည်။ ယခုကဲ့သို့ မတရားသဖြင့် ကျူးလွန်ခံရသည့်ဖြစ်ရပ်အပေါ် ပြတ်ပြတ်သားသား ဝိုင်းဝန်းရပ်တည်ပေးနိုင်ကြရန်လည်း မိမိတို့ အထူး တောင်းဆိုလိုက်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - အမျိုးသမီးကော်မတီ ယောလူထုတိုက်ပွဲကော်မတီ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ Revolutionary Education Phaungbyin Progressive Labor Community - တိုးတက်သောအလုပ်သမားများရပ်ဝန်း 33 Society #ABWU #ဗမသ #CondemnRape #RejectImpunity #RejectRacialDiscrimination #NoPatriarchyInRevolution

ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) မှ အမျိုးသမီးရဲဘော်တဦး အဓမ္မပြုကျင့် ရိုက်နှက်ခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက် ရက်စွဲ - ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် ယနေ့ကာလသည် ဗမာပြည်ကို နှစ်ပေါင်း (၆၀) ကျော် ချုပ်ကိုင်ထားသည့် စစ်သုံးစစ် (စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ၊ စစ်အုပ်စု) ကို လူမျိုးပေါင်းစုံ တော်လှန်ပြည်သူလူထုကြီးက တဆုံးတိုင် အမြစ်ဖြတ်တိုက်ထုတ်နေသည့် အချိန်အခါဖြစ်သည်။ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ဟူသည့် ပြတ်သားလှသော ကြွေးကြော်သံကို ဆုပ်ကိုင်ပြီး စစ်အုပ်စုပျက်သုဉ်းသည်အထိ ဦးတည်သွားကြရန် ရည်ရွယ်၍ ကျေးလက်၊ မြို့ပြမကျန် ဆင်းရဲဒုက္ခပေါင်းစုံကြား ရပ်တည်ဖြတ်သန်းနေကြရသည်။ မည်မျှပင်ပန်းဆင်းရဲစေကာမူ လူထုက တော်လှန်ရေးကို ရှေးရှု၍ ကျားကုတ်ကျားခဲ တောင့်ခံကြသည်။ သို့သော် ယင်းသို့တောင့်ခံနေသည့်ကြားကပင် လူထုကို စိတ်ပျက်အားလျော့စေသည့် အကြောင်းတရားများကား ကျယ်လောင်လာသည်။ ၎င်းမှာ တော်လှန်ရေးအဖွဲ့အစည်းအချို့၏ ဖိနှိပ်မှုများကို ပြည်သူလူထုအနေဖြင့် သိသိသာသာ ခံစားလာကြရ၍ ဖြစ်သည်။ ယနေ့ အွန်လိုင်း/မီဒီယာများပေါ် မြင်တွေ့လာရသည့် ပြဿနာများမှာ အတွင်းစည်းယန္တရားအတွင်းမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ (တနည်း) တရားမျှတစွာ မဖြေရှင်းနိုင်၍ အများရှေ့မှောက် ရောက်ရှိလာရခြင်းဖြစ်သည်။ ဤဖြစ်ရပ်များကို ကြည့်လျှင် သက်ဆိုင်ရာ ပြည်သူ့ဝန်ကြီးဌာနများ၏ ကိုင်တွယ်ဖြေရှင်းပုံမှာလည်း လွန်စွာမှ အားနည်းနေသေးကြောင်းကို တွေ့ရသည်။ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) တွင် အမျိုးသမီးရဲဘော်တဦးအား ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မပြုကျင့် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်တခု ယမန်နေ့က ဝမ်းနည်းခံပြင်းဖွယ် ကြားသိရပါသည်။ ကျူးလွန်ခံရသူအမျိုးသမီးမှာ ၎င်းတပ်ရင်း၏ အမျိုးသမီးရဲဘော်တဦးလည်းဖြစ်သလို တဖက်မှာလည်း သုံးနှစ်အရွယ် သမီးငယ်၏ မိခင်၊ အိမ်ထောင်ရှင်အမျိုးသမီး ဖြစ်ပါသည်။ အမျိုးသမီးအား ပြင်းထန်စွာ ရိုက်နှက်၍တမျိုး၊ အသက်အန္တရာယ်အား ခြိမ်းခြောက်၍တဖုံ မျိုးစုံလုပ်ကာ အဓမ္မပြုကျင့်ခဲ့သည်ကို တွေ့ရသည်။ ထိုမျှမကသေးဘဲ အဆိုပါဖြစ်ရပ်ကို အရေးယူဖြေရှင်းမပေးသည့်အပြင် “အလိုတူအလိုပါ” ဟု ယိုးစွပ်ကာ ပြစ်မှုအား သေးငယ်ပပျောက်သွားအောင် လီဆယ်ပြီး အမျိုးသမီး၏ သိက္ခာအား ထပ်မံကျဆင်းအောင် စွပ်စွဲပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။ တဖန် ကျူးလွန်ခံရသူအမျိုးသမီးမှာ အစ္စလာမ်ဘာသာဝင် ဖြစ်သည့်အပေါ်တွင် လူမျိုးရေးခွဲခြားသည့်အသုံးအနှုန်းများ၊ အပြုအမူများ၊ စော်ကားမှုများကို တပ်ရင်းရှိ ကျန်ရဲဘော်များကပါ ထပ်ဆင့်ကျူးလွန်ကြသည်ကိုလည်း ကြားသိရပါသည်။ စစ်အာဏာရှင်စနစ်၊ ဖိုဝါဒကြီးစိုးမှု၊ လူမျိုးရေးခွဲခြားမှု စသည့် ဖိနှိပ်မှုအရပ်ရပ်တို့ကို တွန်းလှန်နေသော မိမိတို့ အမျိုးသမီးအဖွဲ့(များ) အနေနှင့် အဆိုပါဖြစ်ရပ်များအပေါ် အပြင်းအထန် ရှုတ်ချလိုက်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မည်သည့်အခြေအနေ၊ မည်သည့်အကြောင်းပြချက်အောက်တွင်မဆို ခွင့်လွှတ်၍မရနိုင်သော လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ဖြစ်သည်ဟု မိမိတို့ ခံယူသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် — ၁) အမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို ချက်ချင်းပြုလုပ်ရန် ၂) ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန် ၃) ကျူးလွန်ခံရသူအပေါ် ဖြစ်ပွားခဲ့သည့် ထိခိုက်နစ်နာမှုကို အများပြည်သူရှေ့တွင် အသိအမှတ်ပြုရန် ၄) တော်လှန်ရေးအဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မဖြစ်ပွားစေရန် ကာကွယ်ရေးစနစ်များနှင့် တာဝန်ခံမှုစနစ်များ တည်ဆောက်ရန် တို့ကို အလေးအနက် တောင်းဆိုလိုက်သည်။ တော်လှန်ရေးအင်အားစုများအနေနှင့် မည်သူမဆို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်ပါက ထိုလုပ်ရပ်သည် ဖိုဝါဒကြီးစိုးမှုနှင့် အခွင့်အာဏာကို အသုံးချ၍ အကြမ်းဖက်ရေးလမ်းစဉ်ကို စစ်တပ်နည်းတူ ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်။ “အာဏာရှင်တိုက်ဖျက်ရေး” ဆိုသည့် အမည်အောက်တွင်ပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို လက်ခံခွင့်ပြုမည်ဆိုပါက ထိုတော်လှန်ရေးသည် လွတ်လပ်ရေးနှင့် တရားမျှတရေးအတွက် မဟုတ်တော့ပါ။ တော်လှန်ရေး၏ အဓိကတန်ဖိုးများဖြစ်သည့် လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို ကာကွယ်ရမည့်အစား ထိုတန်ဖိုးများကို ချိုးဖောက်သည့် လုပ်ရပ်များကို ကျူးလွန်ခြင်းသည် တော်လှန်ရေး၏ အခြေခံရည်ရွယ်ချက်ကိုပင် သစ္စာဖောက်ခြင်းဖြစ်သည်။ တဖန် အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ဒေသတခု၊ လူတစု၊ တဦးတယောက်၏ မတရားကျူးလွန်ခံရမှုနှင့် အခွင့်အရေးများသည် “တော်လှန်ရေးအကျိုးစီးပွား” ခေါင်းစဉ်အောက်တွင် မည်သို့မျှ ချန်လှပ်ထားခံရခြင်း မရှိသင့်ပေ။ လူတဦးတယောက်စီတိုင်းသည် မိမိတို့ ခံစားရသော မတရားမှုများကို လက်ငင်းဖြေရှင်းပိုင်ခွင့်၊ လက်ငင်းဖြေရှင်းရန်တောင်းဆိုပိုင်ခွင့် ရှိသင့်သည်။ တော်လှန်ရခြင်း၏ မူလရည်မှန်းချက်ကိုယ်၌ကိုက မတရားဖိနှိပ်ခံရမှုကို ဖီဆန်ခြင်း၊ တွန်းလှန်ခြင်းဖြစ်သည်။ ဤသည်ကို တော်လှန်ရေးကာလအတွင်းမှာပါ ထပ်ဆင့်ပြီး မတရားဖိနှိပ်ခံလျှင်၊ သို့မဟုတ် ထိုမတရားမှုများကို အောင့်အီးသည်းခံနေရလျှင် တော်လှန်ရေး၏ မူလရည်ရွယ်ချက်ပင် ပျောက်ဆုံးနေရတော့မည်

ဖြေကြားပြီးနောက် သူမနဲ့ မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်ရကြောင်းပြောကာ တပ်ရင်းကို အမြန်ဆုံး ပြန်လာဖို့ ဖိအားပေးခေါ်ယူတာတွေရှိနေပါတယ်။ ဒီရေးသားချက်ဟာ ကာယကံရှင် ရဲမေရဲ့ ထွက်ဆိုချက်၊ အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံရမှုတွေ၊ သက်သေဖျောက်ဖျက်ဖို့ ကြိုးပမ်းမှုတွေကို အခြေခံပြီး စိစစ်ရေးသားထားတာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပြုမူဆက်ဆံမှုတွေ၊ အကာအကွယ်မဲ့မှုတွေလည်း အများကြီးပါဝင်နေပါတယ်။ ဒီကိစ္စက လူမျိုးရေး၊ ဘာသာရေး အကြောင်းအရာတွေကို အဓိကထားရေးသားတာမဟုတ်ဘဲ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ လုံခြုံရေး၊ အခွင့်အရေးနဲ့ တရားမျှတမှု ဆိုတဲ့ အခြေခံလူ့အခွင့်အရေးအရ ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ဟန်နီဟာ ဘာရာထူးအာဏာမရှိတဲ့ volunteer တစ်ဦးသာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေအတွက် ဘယ်အဖွဲ့အစည်းများထံ တိုင်ကြားနိုင်မလဲ၊ ဘယ်သူတွေမှာ ဖြေရှင်းပေးဖို့ တာဝန်ရှိသလဲ၊ သက်သေတွေ မဖျောက်ဖျက်ခံရစေဖို့ ဘာတွေ လုပ်သင့်သလဲ၊ ကာယကံရှင်ကို ဘယ်လိုအကာအကွယ်တွေ ပေးနိုင်မလဲ စတဲ့အချက်တွေအပေါ် အတွေ့အကြုံရှိတဲ့ မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းကလူတွေ ဝိုင်းဝန်းအကြံပြုကူညီပေးစေလိုပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးနဲ့ တရားမျှတမှုအတွက် သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ဝိုင်းဝန်းအသံထွက်ပေးကြဖို့ ဟန်နီအနေနဲ့ အလေးအနက်ထားတောင်းဆိုပါတယ်။ Alice Honey