cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Mostrar más
Publicaciones publicitarias
27 136
Suscriptores
-624 horas
-1097 días
-27530 días
Distribuciones de tiempo de publicación

Carga de datos en curso...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Análisis de publicación
MensajesVistas
Acciones
Ver dinámicas
01
Media files
2370Loading...
02
Media files
2380Loading...
03
Media files
2621Loading...
04
Media files
2540Loading...
05
Media files
2830Loading...
06
Media files
2800Loading...
07
နောက်ထပ် ၅ ရက် - မေလ ၂၀ ရက်အထိတော့ အပူဒဏ်ကိုတောင့်ခံထားကြပါဦး။ အချို့ဒေသတွေမှာ နောက်၅ ရက် မိုးရေချိန်များများမရသေးပေမဲ့ အပူချိန်တော့ အထိုက်အလျှောက် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။
2901Loading...
08
May15 Khophyu 8PM -ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်ရွှေ့ -အာဆီယံအထူးသံ နပတရောက်နေ -ပုလောနဲ့ သရက်ချောင်းတိုက်ပွဲ ပြင်းထန် -ထိန်းချုပ်နယ်ထဲက Non CDM တွေက TNLA တာဝန်မှ ရပ် -ထောင်တွေမှာ ရေမလုံလောက်၍ ရောဂါတွေ ဖြစ်နေ -နောင်ချိုက စခန်းပြန်ရရန် စကစ အပြင်းအထန်ထိုးစစ်ဆင်နေ -ညောင်ရွှေ စစ်ရှောင်တွေကို ထောက်ပံ့တဲ့ ဆန်အိတ်၉၀၀ စကစ သိမ်း -ကျောက်ထု-ဆောလမ်းကို ပကဖ ယာယီပိတ် -စစ်မှုထမ်း အပတ်စဉ်-၂ စ၊ လူငယ်တွေကို အလျင်အမြန်ထပ်စုနေ -စစ်ဆေးရုံတွေ မဆန့်၍ ပုဂ္ဂလိကဆေးရုံတွေမှာပါ စစ်သားတွေကို ကုပေးနေရ -ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာခေါင်းဆောင်၁ဦး အသတ်ခံရ
8311Loading...
09
❐ ထောင်တွင်းအစာငတ်ခံဆန္ဒပြခဲ့သည့် ထိုင်းတက်ကြွလှုပ်ရှားသူတဦး သေဆုံး။ မေ ၁၅ ၊ ၂၀၂၄။ ဖမ်းဆီးထောင်ချခံထားရသော ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် “Boong” ခေါ် Netiporn Sanae-sangkhom သည် ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကာ သေဆုံးသွားကြောင်း သိရသည်။ ၄င်းသည် ဒီမိုကရေစီအရေး လိုလားသော “Thaluwang” အဖွဲ့ဝင် တဦးဖြစ်ကာ တော်ဝင်မိသားစုအား အသရေဖျက်မှုဖြင့် ဖမ်းဆီး ထောင်ချခံထားရခြင်းဖြစ်သည်။ See more...
1 0782Loading...
10
ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဆွေးနွေးခဲ့ကြောင်း KNPP ပြော ~~~ ■ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura)နဲ့ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) တို့ မေ ၁၄ ရက်နေ့ကတွေ့ဆုံစဥ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ KNPP က ပြောပါတယ်။ စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီက စားနပ်ရိက္ခာ တင်ပို့မှုလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် စားဝတ်နေရေးနဲ့ နေရေးထိုင်ရေးတွေမှာ အခက်အခဲတွေ ကြုံနေတာလို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံခြားရေးဌာနနဲ့တွေ့ဆုံစဥ် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တာလို့ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။ “ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ကိစ္စမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပညာရေး၊ ကျန်းမာရေးတွေမှာ ဘယ်လိုကူညီနိုင်မလဲ၊ ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးခဲ့တာပါ” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခူဦးရယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ကို တွေ့ဆုံခဲ့တာပါ။ KNU ဘက်ကတော့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးတယ်ဆိုတာ ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။ ဂျပန်နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်မှာတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့အရေး ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ KNPP နဲ့ KNU တို့ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ တွေ့ဆုံခဲ့သလို ဧပြီလထဲမှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
1 5410Loading...
11
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်ကြုံနေရတဲ့ ပြည်သူတွေ ~~~ ■ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဦးမော့လာပြီလို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မတ်လမှာ ပြောခဲ့ပေမဲ့လည်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကုန်ဈေးနှုန်းကြီးလာတဲ့ အခြေအနေတွေ ဆက်ဖြစ်နေပါတယ်။ ပြည်တွင်းက အလုပ်သမားတွေဟာ တစ်ရက်လုပ်အားခ ၄၈၀၀ ကျပ်သာရပေမဲ့ နေ့စဉ်နဲ့အမျှ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လုပ်အား နှစ်ဆရုန်းပြီး ဒီထက်ဝင်ငွေပိုရဖို့ ရုန်းကန်နေကြရတာပါ။ ရန်ကုန်တိုင်းအတွင်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ဈေးတစ်ခုမှာ အခြေခံစားသောက်ကုန်တွေနဲ့ အသီးအရွက်၊ အသားငါးတွေကို ရောင်းချဝယ်ယူနေကြတာကို မေလ ၁၄ ရက်က မြင်တွေ့ရတာပါ။ ဈေးကွက်ထဲမှာလည်း အရည်အသွေးအနိမ့်ဆုံး ဆန်ကြမ်းတစ်ပြည်ကို အနည်းဆုံး ကျပ် လေးထောင်ကျော်အထိ ဈေးပေါက်နေတာကြောင့် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ဟာ သူတို့အတွက် မလုံလောက်တော့ပါဘူး။ အသား၊ ငါး မဟုတ်တဲ့ အခြေခံစားကုန်ဖြစ်တဲ့ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းဟာလည်း တစ်လုံးကို ငွေကျပ် သုံးရာကျော်ကနေ လေးရာကျော်အထိ ဈေးရှိနေသလို ဒီဈေးနှုန်းတွေကလည်း မတည်ငြိမ်ဘဲ နေ့စဉ်နဲ့အမျှ မြင့်တက်နေတာလို့ ဆိုပါတယ်။ _________
1 1720Loading...
12
https://myanmar-now.org/mm/news/52356/
9880Loading...
13
TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦး နှင့် အင်တာဗျူး ****** သံလွင်ခက် မေ ၁၅၊ ၂၀၂၄။ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးပေါ်ပေါက်လာခဲ့သလို သတင်းမီဒီယာကဏ္ဍကလည်း အရေးပါတဲ့နေရာရောက်လာတာတွေ့ရပါလိမ့်မယ်။ ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုထိန်းကျောင်း နေသလဲ။ တခြားဒေသက လာရောက်သတင်းယူမယ့် သတင်းထောက်တွေအပေါ် TNLA က ဘယ်လိုမူဝါဒမျိုး ပြဋ္ဌာန်းထားသလဲ. . . .? ဆိုတာတွေနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦး ကို သံလွင်ခက် ကသွားရောက်မေးမြန်းထားပါတယ်။
9670Loading...
14
၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ (ရုပ်သံဖိုင်) #AAInfoDesk May 15, 2024
8840Loading...
15
မူရင်းဆောင်းပါးဖတ်ချင်သူများအတွက်👇👇👇 https://www.facebook.com/share/p/8LhZD4C7hNJJ8VAS/?mibextid=xfxF2i
8851Loading...
16
နိဂုံး နိဂုံးချုပ်ရရင်တော့ အခု မေလ ၂၀၂၄ မှာ စစ်ဟာ မြန်မာပြည်ကို ဘယ်လို လမ်းကြောင်းပေါ်ရောက်သွား စေမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ အနာဂတ် မှန်းဆချက်  လေးခုကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာတစ်ခုကပဲ ကောင်းတဲ့ အနာဂတ် မှန်းဆချက် ဖြစ်ပါတယ်။ စစ်ပန်းနေပြီး အလွန်အမင်းအားနည်းလာတဲ့အပြင် လူတွေ အယုံအကြည်မဲ့တဲ့ စကစရဲ့ ကျဆုံးမှုသွားတဲ့ အခြေအနေဖြစ်ပြီး မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ အကူးအပြောင်းကာလ အစိုးရကိုဖွဲ့နိုင်ဖို့ ဖြစ်ပါတယ်။ အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်းတွေ နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ အချိန်ဆက်မဆိုင်းတော့ဘဲ တော်လှန်ရေးအစိုးရကို ကူညီပြီး စိန်ခေါ်မှုတွေ များလှပေမယ့် တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးမှာ  အကူအညီပေးတာတွေ ဆောင်ရွက်နိုင်ကြပါတယ်။ စစ်အာဏာရှင်နဲ့ တော်လှန်ရေးအုပ်စုတွေကြားထဲက စေ့စပ်ညှိနှိုင်းမှုတွေရှိလာမယ့် ဖြစ်ရပ်မျိုးကတော့  မျှော်လင့်စရာ သိပ်မရှိတဲ့အပြင် ဖြစ်လာနိုင်ခြေလည်း နည်းတယ်။  ခက်တာက ဒီလမ်းက မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်ပြီး ဦးတည်နေတဲ့လမ်းဖြစ်နေတယ်။ မကောင်းတဲ့ အနာဂတ်အလားအလာ နှစ်ခုချိတ်ဆက်နေတာမျိုးကိုလည်းတွေ့ရပါတယ်။ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာ ခါးသီးပြီး သက်တမ်းကြာရှည်လာတဲ့ စစ်ပွဲတွေဟာ တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲတဲ့ ဆီကိုပဲ ဦးတည်သွားပြီး လက်နက်ကိုင်အင်အားစုအသီးသီးက နယ်မြေ အသီးသီးကို ခွဲပြီးအုပ်ချုပ်နေကြမယ့် အနေအထားမျိုး အဖတ်တင်လာနိုင်ပါတယ်။မြန်မာ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ ကောင်းကျိုး ပိုများတဲ့လားရာဘက်ကို မလောင်းဘဲ မဖြစ်နိုင်တဲ့ဘက်ကို လောင်းနေကြတာကလည်း အံ့သြစရာပါ။ အကောင်းဘက်ကို ပို့ပေးနိုင်တဲ့ မှန်းဆချက် အခြေအနေမျိုးဟာ သူတို့သာ ပါဝင်ထောက်ခံ အားပေးကြရင် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ .
8813Loading...
17
ဒီလိုသဘောထားမျိုးဆိုရင်တော့ အနာဂတ် မှန်းဆချက် ၃ ဟာ ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေ၊ ငြိမ်းချမ်းရေးပွဲစား အလှူရှင်တွေနဲ့ INGOs တွေကတော့ ဒီ နံပတ်သုံးအခြေအနေမျိုးဟာ သူတို့ရဲ့ သံခင်းတမန်ခင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေ၊ အဟောအပြောတွေနဲ့ ဖြစ်လာလိမ့်ဦးမယ်လို့ ယုံမှတ်မှားနေကြဦးမှာပါ။ နံပတ်၃ အခြေအနေဘာလို့ မဖြစ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းတွေရှိပါတယ်။ တစ်ခုကတော့ မင်းအောင်လှိုင်က အသင့်မဖြစ်လို့ပါ။ ပျော့ပျောင်းတဲ့ ညှိနှိုင်းမှုတွေ အလျှော့အတင်းတွေလုပ်ဖို့ မင်းအောင်လှိုင်က အသင့်မဖြစ်ပါ။ နောက်ထပ်ပိုပြီးအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ တရုတ်နဲ့ အာဆီယံက အဆိုပြုထားတဲ့ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးတပ်တွေ ညှိနှိုင်းကြဖို့ အရေး ကြားဝင်ဖြန်ဖြေပေးဖို့ကိစ္စက လူမုန်း အင်မတန်များတဲ့ စစ်အာဏာရှိကို မပြုတ်ကျဘဲ သက်ဆိုးရှည်နေအောင် အထောက်အကူ ပေးနိုင်မှာမို့ပဲဖြစ်ပါတယ်။ စစ်တပ်ကို နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးနိုင်တဲ့နေရာမှာ ဆက်လက်ထား ရှိဦးမှာဖြစ်ပြီး ကျူးလွန်ခဲ့သမျှ အမှုတွေအတွက် ပြစ်ဒဏ်မခံရဘဲ လွတ်နေဦးမှာဖြစ်တဲ့အပြင် စီးပွားရေးကိုလည်း ဆက်လက်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ စစ်တပ်ကို တိုက်နေကြတဲ့သူ တွေကိုတော့ လက်နက်ချခိုင်းတာမျိုးနဲ့ တူတဲ့ အပေးအယူမျိုးနဲ့သာ နားချမှာ ဖြစ်ပြီး ဗုံးကျဲမခံချင်ရင် လက်နက်ချဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေနဲ့လည်း အကြပ် ကိုင်နိုင်သလို နိုင်ငံရေးမှာ အရေးသိပ်မပါတဲ့ နေရာတွေ၊ တရားဝင်ရော တရားမဝင် စီးပွားရေးတွေ လုပ်ဖို့ မြေနေရာတွေ  ပေးခြင်းအားဖြင့်လည်း ဆွဲဆောင်နိုင်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဘက်ကတော့ ဒီလိုစစ်ရေးအရ အသာစီးရနေတဲ့ အချိန်မှာ အလျှော့ပေးလက်နက်ချရေးအစီအစဉ်ကိုလိုက်လျောဖို့၊ ပေးလာတဲ့ မက်လုံးတွေကို လက်ခံဖို့  ဘယ်သူဆီမှာမှ လုံလောက်တဲ့ အကြောင်းပြချက်တွေ မရှိနေပါဘူး။ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံပဋိပက္ခဖြေရှင်းဖို့အရေးမှာ နံပတ်-၃ ကို ဖြစ်စေတဲ့လမ်းမျိုးကို ရောက်အောင်သွားမယ်ဆိုရင်လည်း အောင်မြင်ဖို့မရှိသလို သူတို့လက်ရှိ ရေးဆွဲထားတဲ့ ဒီဇိုင်းအမှားနဲ့ ဖြန်ဖြေရေးအစီအစဉ်ဟာ နံပတ်၂ အနာဂတ် မှန်းဆချက်ဆီကို ရောက်သွား နိုင်ပါတယ်။ အဆုံးအရှုံးများတဲ့ ပျက်စီးမှုတွေ အဖတ်တင်မယ့် ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာ မြန်မာပြည်သားတွေ ပိတ်မိပြီး အထပ်ထပ်ပျက်စီးမှုတွေ နာကျင်မှုတွေ ဆက်လက်ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ကာလအတိုင်းအတာတစ်ခုအထိ ဘယ်သူ့ကိုမှ အနိုင်ပေးမှာမဟုတ်ပါဘူး။ လုံးဝ ခြေကုန်လက်ပန်းကျတဲ့အဖြစ်ကိုရောက်ကြပြီး အနာဂတ် မှန်းဆချက် -နံပတ်၄ ထဲကလို တိုင်းပြည်ဟာ ဝမ်းနည်းစရာကောင်းတဲ့အခြေအနေကိုရောက်သွားပြီး စစ်တပ်အသီးသီးရဲ့ လက်အောက်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ နယ်မြေတွေ ဖြစ်သွားနိုင်ပါတယ်။ စစ်ဘုရင်တွေက ရေးဆွဲတဲ့ အာဏာမျှခြေသစ်ပေါ်လာနိုင်ပြီး တည်ငြိမ်တာ မျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သယံဇာတတွေနဲ့ ပြည်သူတွေကတော့ ပြည်တွင်းပြည်ပ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက အမြတ်ထုတ်လိုတဲ့ မုဆိုးတွေကြားမှာ ခပ်လွယ်လွယ်နဲ့ ဖမ်းလို့ရတဲ့ သားကောင် ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်က လူငယ်တွေနဲ့ ပညာတတ်တွေဟာ တိုင်းခြားကို ရွှေ့ပြောင်း နိုင်သလောက်ရွှေ့ပြောင်းသွားကြမှာဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့မှု၊ မိုးခေါင်ရေရှား ဖြစ်စဉ်တွေနဲ့ ပိုပြီးကမောက်ကမဖြစ်လာတဲ့ မုတ်သုံရာသီ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် လူတွေရဲ့ အသက်မွေးဝမ်းကျောင်းပျက်စီးတဲ့အခါလည်း လူတွေဟာ ဒေသကို စွန့်ခွာကြမှာ ဖြစ်ပါတယ်။
8062Loading...
18
အနာဂတ် မှန်းဆချက်  -၃ အပြင်က လာတဲ့ဖိအားနဲ့ သိမ်းသွင်းမှုတွေကြောင့် တိုက်ပွဲတွေအရှိန်လျော့ကျသွားပြီး  အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းကြတဲ့ပုံစံက မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်တဲ့ ပုံစံပါ။ တခြား နိုင်ငံတကာအသိုင်းအဝိုင်းထဲက ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ အာရှက ဒီမိုကရေစီ နိုင်ငံကြီးတွေက မြန်မာ့အရေးကို ဝင်ပါချင်ပုံမရကြပါဘူး။ အာဆီယံနဲ့ တာဝန်ကိုလွှဲထားချင်ကြပါတယ်။ အာဏာသိမ်း ခါစရက်တွေကတည်းက မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းက လူတွေဟာ စစ်အာဏာရှင်တွေပဲ နေရာတည်မြဲနေလိမ့်ဦးမယ်လို့ ထင်ခဲ့ကြတာပါ။ စစ်အာဏာရှင်တွေရဲ့ သွေးစွန်းတဲ့နှိမ်နင်းပွဲတွေပြီးလို့ တိုင်းပြည်ကို သူတို့လက်အောက်မှာ ပိပြားသွားချိန်ရောက်အောင် ထိုင်စောင့်ဖို့ စိတ်ညွှတ်ကြသူတွေပါ။ အဲဒီအချိန်ရောက်မှာ စစ်တပ်သာလျှင် မြန်မာအရေးမှာ အခရာပဲ ဆိုတဲ့ အရင်နည်းဟောင်းကို ပြန်စတင်ကြဖို့ပါ။ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ သံတမန်နည်းလမ်းတွေနဲ့အမျိုးမျိုး ကြိုးစားပေးချင် ယောင်ဆောင်ကြတယ်။ တကယ်မှာတော့ အနှစ်သာရရှိတဲ့ ကြားဝင်မှုမျိုးကို ဆောင်ရွက်ပေးဖို့ ရှောင်ရှားနေကြတာပဲဖြစ်တယ်။ လူသားချင်းစာနာ ထောက်ထားရေးအကူအညီကိစ္စကိုပဲ ကြည့်ကြည့် သံတမန်ရေးရာကိစ္စတွေကိုပဲ ကြည့်ကြည့် ဒါကိုမြင်နိုင်သလို စစ်အစိုးရအပေါ် ဖိအားသုံးဖို့ လက်ရှောင် နေခဲ့တယ်။ အလုပ်မဖြစ်တဲ့ အာဆီယံသဘောတူညီချက်ငါးခု အနောက်မှာ ပုန်းပြီး သက်သက်သာသာ ထိုင်စောင့်နေတယ်လို့ ဆိုနိုင်တယ်။  ဟွန်ဆင်ရဲ့ ကိုယ်ရည်သွေးမှုမသေးလှတဲ့ ငြိမ်းချမ်းရေး ပွဲစားလုပ် မယ်ဆိုတဲ့ အပြောနောက်ကို မျောခဲ့ကြပြီး အင်ဒိုနီးရှားက နောက်ကွယ်က ပါဝင်တဲ့ 300+ ဆွေးနွေးပွဲ လို့ဆိုတဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလိုမျိုး၊ သိပ်မကြာခင်က တစခန်းထလာခဲ့တဲ့ ထိုင်းရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအစီအစဉ်လိုမျိုးတွေနဲ့ ကူညီသယောင်ပြုလို့နေကြတယ်။ အထူးသဖြင့် ဒီကာလလို ရှမ်းပြည်မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထိုးစစ်ပြီးသွားချိန်မှာ၊ AA က အာရကန်ပြည်မှာ တိုက်ပွဲဖော်နေတဲ့အချိန်၊ မြောက်ပိုင်းမှာ ကချင်တွေက ထိုးစစ်ဆင်နေတဲ့အချိန်၊ အရှေ့ဘက်မှာ လည်း ကရင်နဲ့ ကရင်နီတွေက တိုက်နေကြသေးတဲ့အချိန်မှာ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်အာဏာရှင်တွေနဲ့ မြန်မာစစ်တပ်ဟာ အများကြီး ပိုအားနည်းလာတာကို နားလည်ခဲ့ကြပါပြီ။ အရင်က ထင်ထားသလောက် တိုက်ရည်ခိုက်ရည်မရှိဘူးဆိုတာလည်း မြင်ကြပါပြီ။ တပ်ဟာ အရင်လိုနေရာကို မရနိုင်တော့ဘူး။  တိုင်းပြည်အာဏာကို ပြန်ပြီး မထိန်းနိုင်တော့ဘူး။ တိုင်းပြည် တည်ငြိမ်မှုကိုလည်း အာမမခံနိုင်တော့ဘူးဆိုတာကို နားလည်ခဲ့ကြပါပြီ။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်တပ် လုံးဝ အရေးနိမ့်သွားတယ် ဆိုတာမျိုး မဖြစ်စေချင်ကြပါဘူး။ မြန်မာမှာ အာဏာရှင်စစ်တပ်က ဗဟိုက ဆွဲချုပ်မထားဘဲနဲ့ နိုင်ငံတစ်ခုအဖြစ် အတူတကွ ရပ်တည်နိုင်ကြတဲ့အခြေအနေမျိုးကို သူတို့ မမြင်နိုင်ကြသေးပါဘူး။ သူတို့က စစ်တပ်ပြိုကျ သွားမှာကို မမြင်ချင်တဲ့ အကြောင်းတစ်ခုကလည်း သူတို့စိတ်ထဲမှာ စစ်တပ်ပြိုသွားရင် မြန်မာပြည်ဟာ အပိုင်းပိုင်းကွဲပြီး နိုင်ငံတစ်ခုရဲ့ ဖြစ်တည်မှုကစဉ့်ကရဲ ဖြစ်သွားမယ်လို့ ထင်နေတာပါ။ မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ တော်လှန်ရေးသမားတွေ အောင်ပွဲရသွားမယ့်အဖြစ်ကို ကြည့်ဖို့ စိတ်မထက်သန်လှပါဘူး။ အာရှက လုပ်နည်းလုပ်ဟန်အတိုင်း အီလစ်အချင်းချင်းညှိနှိုင်းပြီး သဘောတူညီချက်က ပေါ်ထွက်လာတဲ့ ဖြေရှင်းနည်းမျိုးကို ပိုမြင်ချင်ကြပါတယ်။ ပြည်သူတွေ တော်လှန်လို့ အောင်ပွဲခံပြီး ဒီမိုကရေစီရသွားတယ် ဆိုတာမျိုး မြင်ချင်ကြတာမဟုတ်ပါဘူး။ သူတို့ ပိုလိုလားတာက အီလစ်မြင်းအရောင်းအဝယ်‌စျေးကွက်လို အပေးအယူတွေနဲ့ ညှိကြတာမျိုးပဲဖြစ်ပြီး ပြည်သူတွေကို စိတ်ကြိုက်အနာဂတ်ရွေးချယ်ခွင့်‌ပေးပြီး အင်အားရှိစေတဲ့နည်းမျိုးနဲ့ အဆုံးသတ်ချင်တာ မဟုတ်ပါဘူး။ တရုတ်၊ ထိုင်းနဲ့ အာဆီယံတို့ဟာ အပစ်အခတ်ရပ်စဲရေးကို ဝင်ကြိုးပမ်းပေးဖို့ စိတ်ဆန္ဒ ရှိနေရာတာမှာလည်း အကြောင်းရင်းတွေရှိပါတယ်။ လူသားချင်းစာနာမှုအထောက်အကူတွေနဲ့ တခြား မက်လုံးတွေပေးပြီး ကြားဝင်ဖြန်ဖြေချင်ကြပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများတွေ လုပ်ပေး ဖို့ဆိုတဲ့ နောက်ကွယ်မှာ သူတို့အတွက် အကြောင်း ပြချက်တွေရှိပါတယ်။ စစ်အာဏာရှင်တွေဟာ လက်ရှိမှာ မလွှဲသာမရှောင်သာ အကျဘက်ကိုရောက်လာပြီဖြစ်ပြီး ပြိုလဲဖို့ တာစူနေပါပြီ။ ဒါပေမယ့် အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ကသာ စစ်အာဏာရှင်ကို အသက်ကယ် ဆေးပေးနိုင်ကြပါလိမ့်မယ်။ ဒီလို စစ်တပ်ကိုထွက်ပေါက်ပေးလိုက်ရင်တော့ ဒီအိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ အထက်က အနာဂတ် မှန်းဆချက်  ၂ နဲ့ ၄ မှာတဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွေကို ဖြစ်စေပြီး သွေးထွက်သံယိုပဋိပက္ခကို သက်တမ်းပိုရှည်စေမှာဖြစ်ပါတယ်။ ဒီအခြေအနေကသာ အဆိုးအပျက်ပိုများမယ့် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးကို ရလဒ်ထွက်စေပြီး တိုင်းပြည်ကို ဖြစ်သင့်တာထက် ပိုပြီးကွဲအောင် လုပ်နေသလို ဖြစ်နေပါတယ်။
7792Loading...
19
ဆက်လက်ထား ရှိဦးမှာဖြစ်ပြီး ကျူးလွန်ခဲ့သမျှ အမှုတွေအတွက် ပြစ်ဒဏ်မခံရဘဲ လွတ်နေဦးမှာဖြစ်တဲ့အပြင် စီးပွားရေးကိုလည်း ဆက်လက်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ စစ်တပ်ကို တိုက်နေကြတဲ့သူ တွေကိုတော့ လက်နက်ချခိုင်းတာမျိုးနဲ့ တူတဲ့ အပေးအယူမျိုးနဲ့သာ နားချမှာ ဖြစ်ပြီး ဗုံးကျဲမခံချင်ရင် လက်နက်ချဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေနဲ့လည်း အကြပ် ကိုင်နိုင်သလို နိုင်ငံရေးမှာ အရေးသိပ်မပါတဲ့ နေရာတွေ၊ တရားဝင်ရော တရားမဝင် စီးပွားရေးတွေ လုပ်ဖို့ မြေနေရာတွေ ပေးခြင်းအားဖြင့်လည်း ဆွဲဆောင်နိုင်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဘက်ကတော့ ဒီလိုစစ်ရေးအရ အသာစီးရနေတဲ့ အချိန်မှာ အလျှော့ပေးလက်နက်ချရေးအစီအစဉ်ကိုလိုက်လျောဖို့၊ ပေးလာတဲ့ မက်လုံးတွေကို လက်ခံဖို့ ဘယ်သူဆီမှာမှ လုံလောက်တဲ့ အကြောင်းပြချက်တွေ မရှိနေပါဘူး။ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံပဋိပက္ခဖြေရှင်းဖို့အရေးမှာ နံပတ်-၃ ကို ဖြစ်စေတဲ့လမ်းမျိုးကို ရောက်အောင်သွားမယ်ဆိုရင်လည်း အောင်မြင်ဖို့မရှိသလို သူတို့လက်ရှိ ရေးဆွဲထားတဲ့ ဒီဇိုင်းအမှားနဲ့ ဖြန်ဖြေရေးအစီအစဉ်ဟာ နံပတ်၂ အနာဂတ် မှန်းဆချက်ဆီကို ရောက်သွား နိုင်ပါတယ်။ အဆုံးအရှုံးများတဲ့ ပျက်စီးမှုတွေ အဖတ်တင်မယ့် ရှေ့မတိုးနောက်မဆုတ်အခြေအနေမှာ မြန်မာပြည်သားတွေ ပိတ်မိပြီး အထပ်ထပ်ပျက်စီးမှုတွေ နာကျင်မှုတွေ ဆက်လက်ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ကာလအတိုင်းအတာတစ်ခုအထိ ဘယ်သူ့ကိုမှ အနိုင်ပေးမှာမဟုတ်ပါဘူး။ လုံးဝ ခြေကုန်လက်ပန်းကျတဲ့အဖြစ်ကိုရောက်ကြပြီး အနာဂတ် မှန်းဆချက် -နံပတ်၄ ထဲကလို တိုင်းပြည်ဟာ ဝမ်းနည်းစရာကောင်းတဲ့အခြေအနေကိုရောက်သွားပြီး စစ်တပ်အသီးသီးရဲ့ လက်အောက်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ နယ်မြေတွေ ဖြစ်သွားနိုင်ပါတယ်။ စစ်ဘုရင်တွေက ရေးဆွဲတဲ့ အာဏာမျှခြေသစ်ပေါ်လာနိုင်ပြီး တည်ငြိမ်တာ မျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သယံဇာတတွေနဲ့ ပြည်သူတွေကတော့ ပြည်တွင်းပြည်ပ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက အမြတ်ထုတ်လိုတဲ့ မုဆိုးတွေကြားမှာ ခပ်လွယ်လွယ်နဲ့ ဖမ်းလို့ရတဲ့ သားကောင် ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်က လူငယ်တွေနဲ့ ပညာတတ်တွေဟာ တိုင်းခြားကို ရွှေ့ပြောင်း နိုင်သလောက်ရွှေ့ပြောင်းသွားကြမှာဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့မှု၊ မိုးခေါင်ရေရှား ဖြစ်စဉ်တွေနဲ့ ပိုပြီးကမောက်ကမဖြစ်လာတဲ့ မုတ်သုံရာသီ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် လူတွေရဲ့ အသက်မွေးဝမ်းကျောင်းပျက်စီးတဲ့အခါလည်း လူတွေဟာ ဒေသကို စွန့်ခွာကြမှာ ဖြစ်ပါတယ်။ ------------------------- နိဂုံး နိဂုံးချုပ်ရရင်တော့ အခု မေလ ၂၀၂၄ မှာ စစ်ဟာ မြန်မာပြည်ကို ဘယ်လို လမ်းကြောင်းပေါ်ရောက်သွား စေမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ အနာဂတ် မှန်းဆချက် လေးခုကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာတစ်ခုကပဲ ကောင်းတဲ့ အနာဂတ် မှန်းဆချက် ဖြစ်ပါတယ်။ စစ်ပန်းနေပြီး အလွန်အမင်းအားနည်းလာတဲ့အပြင် လူတွေ အယုံအကြည်မဲ့တဲ့ စကစရဲ့ ကျဆုံးမှုသွားတဲ့ အခြေအနေဖြစ်ပြီး မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ အကူးအပြောင်းကာလ အစိုးရကိုဖွဲ့နိုင်ဖို့ ဖြစ်ပါတယ်။ အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်းတွေ နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ အချိန်ဆက်မဆိုင်းတော့ဘဲ တော်လှန်ရေးအစိုးရကို ကူညီပြီး စိန်ခေါ်မှုတွေ များလှပေမယ့် တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးမှာ အကူအညီပေးတာတွေ ဆောင်ရွက်နိုင်ကြပါတယ်။ စစ်အာဏာရှင်နဲ့ တော်လှန်ရေးအုပ်စုတွေကြားထဲက စေ့စပ်ညှိနှိုင်းမှုတွေရှိလာမယ့် ဖြစ်ရပ်မျိုးကတော့ မျှော်လင့်စရာ သိပ်မရှိတဲ့အပြင် ဖြစ်လာနိုင်ခြေလည်း နည်းတယ်။ ခက်တာက ဒီလမ်းက မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်ပြီး ဦးတည်နေတဲ့လမ်းဖြစ်နေတယ်။ မကောင်းတဲ့ အနာဂတ်အလားအလာ နှစ်ခုချိတ်ဆက်နေတာမျိုးကိုလည်းတွေ့ရပါတယ်။ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာ ခါးသီးပြီး သက်တမ်းကြာရှည်လာတဲ့ စစ်ပွဲတွေဟာ တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲတဲ့ ဆီကိုပဲ ဦးတည်သွားပြီး လက်နက်ကိုင်အင်အားစုအသီးသီးက နယ်မြေ အသီးသီးကို ခွဲပြီးအုပ်ချုပ်နေကြမယ့် အနေအထားမျိုး အဖတ်တင်လာနိုင်ပါတယ်။မြန်မာ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ ကောင်းကျိုး ပိုများတဲ့လားရာဘက်ကို မလောင်းဘဲ မဖြစ်နိုင်တဲ့ဘက်ကို လောင်းနေကြတာကလည်း အံ့သြစရာပါ။ အကောင်းဘက်ကို ပို့ပေးနိုင်တဲ့ မှန်းဆချက် အခြေအနေမျိုးဟာ သူတို့သာ ပါဝင်ထောက်ခံ အားပေးကြရင် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ .
310Loading...
20
Part 3: ဒီအနာဂတ် မှန်းဆချက် လေးခုလုံးရဲ့ ဖြစ်လာနိုင်ခြေ အနာဂတ် မှန်းဆချက် ၁- စကစ ပြိုကျဖို့ ဖြစ်လာနိုင်သလို ဖြစ်ဖို့အကြောင်းလည်းရှိ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဒီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို အရောက်ပို့မယ့်သူ တစ်ယောက်မှ တက်ကြွစွာလှုပ်ရှားနေတာမရှိပါဘူး။ ဘယ်နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုတလေကမှ လောက်လောက်လားလား သံတမန်နည်း၊ နိုင်ငံရေးနည်း၊ ဘဏ္ဍာရေး နည်းလမ်းတွေနဲ့ ဒီလမ်းကြောင်းပေါ်လာအောင် ကူနေတာမရှိပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ပြည်တွင်းက လူတွေအပေါ်ဘဲ လုံးဝမှီတည်နေပါတယ်။ ပြင်ပက အကူအညီကို မရတာက ခုချိန်မှာ အဟန့်အတားဖြစ်စေပါတယ်။ ပြည်တွင်းမှာ စစ်တပ်ကို တော်လှန်နေတဲ့သူတွေကတော့ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ ဖယ်ရှားဖို့ သန္နိဌာန်ခိုင်နေတုန်းပဲ ဖြစ်ပါတယ်။ (စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့အတွက်) စိတ်ခိုင်မာနေတာကြောင့် စစ်တပ်ပြိုကျ သွားတယ်ဆိုတာလည်း ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။ ဒီလိုပြိုကျဖို့ဆိုရင် NUG နဲ့ EROs တွေဘက်က နိုင်ငံတလွှားမှာရှိတဲ့ စစ်တပ်တွေကို စစ်ရေးအရ ဖိအားပေးတာကို စနစ်တကျ စိတ်ရှည်ရှည်နဲ့ လက်ရှိ အတိုင်းဆက်လုပ်သွားကြဖို့လိုပါတယ်။ မဟာမိတ် လွတ်မြောက်ရေးတပ်တွေနဲ့ စစ်ရေးအားဖြင့် ပူးပေါင်းဆောင်ရွက်တာကို မဟာဗျူဟာ နောက်တစ်ဆင့်ဆီ ရောက်အောင်သွားနိုင်ရင် စကစ ပြိုတဲ့ဆီရောက်ဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာအရ နောက်တစ်ဆင့်တက်ပြီး စစ်ရေးဖိအားမပေးနိုင်ရင်တော့ ပြည်မမှာ အခိုင်အမာ ရှိနေတဲ့ စစ်တပ်ကို ဖြိုချဖို့အတွက် လုံလုံလောက်လောက် အင်အားဖြစ်ထွန်းမှာမဟုတ်ပါ။ စစ်တပ်အ‌ပေါ် စစ်ရေးဖိအားတွေ ပေးနိုင်တာနဲ့ တပြိုင်နက်တည်းမှာပဲ NUG နဲ့ မဟာမိတ် EROs တွေဟာ စစ်တပ်အလွန် နိုင်ငံရေးအကူးအပြောင်းကို ဘယ်လိုသဘောတူညီချက်တွေနဲ့ အတူတကွ စီမံကြမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးလေးနက်ပြီးရှင်းလင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိလာကြဖို့ တက်ကြွစွာ ထိရောက်စွာ ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးသမားတွေကလည်း မဟာမိတ် ထဲ ဝင်လာကြဖို့ လိုပါတယ်။ ကိုယ်ကျိုး ကို ပဓာန ပြုတာတွေ၊ တရားဝင်မှုရှိတယ် ဆိုတဲ့အချက်အပေါ် အသည်းအသန်ယှဉ်ပြိုင်လိုစိတ်တွေ နဲ့ အာဏာရယူလိုစိတ်တွေကို လုံးဝ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းယှဉ်ပြိုင်တာ၊ တစ်စုနဲ့ တစ်စု ပြိုင်ဘက်လို သဘောထားတာ၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ရဲ့ လက်အောက်က နယ်မြေထဲမှာ သွားပြီး နယ်မြေရယူဖို့ ကြိုးစားတာတွေကို တားဆီးကြရပါမယ်။ ဒီလိုပြဿနာတွေ ပေါ်လာတာနဲ့ ချက်ချင်း အရေးပေါ် ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်လိုတာကိုပဲ ရှေ့တန်းတင်တာကို ရှောင်ရှားကြမှ လိုရာရောက်နိုင်ပါမယ်။ (မိမိဘက်က အများဆုံးရအောင် တစ်ဖက်ကို တွန်းတိုက်တာ၊ အမြင့်ဆုံး‌ တောင်းဆိုတာတွေလည်း မလုပ်သင့်တဲ့အထဲပါပါတယ်။ တစ်ဖက်ဖက်က ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတွေ တောင်းဆိုလာတဲ့အခါ လူတိုင်းဟာ သူ့ရဲ့ ရပိုင်ခွင့်ကို အလေးအနက် အသိအမှတ်ပြုပြီး ကျေနပ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မဟာမိတ်လွတ်မြောက်ရေးတပ်ဖွဲ့တွေထဲက နိုင်ငံရေး ကိုယ်စားလှယ် တွေဟာ မိမိတို့ မဟာမိတ်ဖြစ်မှုက မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို ဆောင်ကြဉ်းနိုင် လောက်အောင် ခိုင်မာကြောင်း အတူပြကြဖို့ အစီအစဉ်တွေလုပ်ဖို့ လိုပါတယ်။ ဒီလို မဟာမိတ်အဖြစ် အတူရပ်တည်နိုင်ဖို့ စိတ်ရှည်သည်းခံမျိုးတွေ လိုအပ်သလို စစ်တပ်ကို နည်းဟောင်း အတိုင်း စဉ်းစားပေးတာဟာ အဖြေမဟုတ်ကြောင်း နိုင်ငံတကာဆက်ဆံရေးမှာလည်း စိတ်ရှည်ရှည်နဲ့ အိမ်နီးချင်းတွေ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေကို နားချဖို့လိုပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကူတာနဲ့ မြန်မာပြည်အတွက် အဖြေရှာတာနဲ့ကို ရောမသွားကြဖို့၊ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့နဲ့ ပြန်နလံထူနိုင်ဖို့ကိုလုပ်နိုင်တာဟာ မဟာမိတ်အင်အားစုတွေသာဖြစ်ကြောင်း ပြောဆို သိမ်းသွင်းဖို့ ဆက်ဆံရေးတွေလိုပါတယ်။ ------------------ အနာဂတ် မှန်းဆချက် -၃ အပြင်က လာတဲ့ဖိအားနဲ့ သိမ်းသွင်းမှုတွေကြောင့် တိုက်ပွဲတွေအရှိန်လျော့ကျသွားပြီး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းကြတဲ့ပုံစံက မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့က ဖြစ်စေချင်တဲ့ ပုံစံပါ။ တခြား နိုင်ငံတကာအသိုင်းအဝိုင်းထဲက ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ အာရှက ဒီမိုကရေစီ နိုင်ငံကြီးတွေက မြန်မာ့အရေးကို ဝင်ပါချင်ပုံမရကြပါဘူး။ အာဆီယံနဲ့ တာဝန်ကိုလွှဲထားချင်ကြပါတယ်။ အာဏာသိမ်း ခါစရက်တွေကတည်းက မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းက လူတွေဟာ စစ်အာဏာရှင်တွေပဲ နေရာတည်မြဲနေလိမ့်ဦးမယ်လို့ ထင်ခဲ့ကြတာပါ။ စစ်အာဏာရှင်တွေရဲ့ သွေးစွန်းတဲ့နှိမ်နင်းပွဲတွေပြီးလို့ တိုင်းပြည်ကို သူတို့လက်အောက်မှာ ပိပြားသွားချိန်ရောက်အောင် ထိုင်စောင့်ဖို့ စိတ်ညွှတ်ကြသူတွေပါ။ အဲဒီအချိန်ရောက်မှာ စစ်တပ်သာလျှင် မြန်မာအရေးမှာ အခရာပဲ ဆိုတဲ့ အရင်နည်းဟောင်းကို ပြန်စတင်ကြဖို့ပါ။
8202Loading...
21
မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ သံတမန်နည်းလမ်းတွေနဲ့အမျိုးမျိုး ကြိုးစားပေးချင် ယောင်ဆောင်ကြတယ်။ တကယ်မှာတော့ အနှစ်သာရရှိတဲ့ ကြားဝင်မှုမျိုးကို ဆောင်ရွက်ပေးဖို့ ရှောင်ရှားနေကြတာပဲဖြစ်တယ်။ လူသားချင်းစာနာ ထောက်ထားရေးအကူအညီကိစ္စကိုပဲ ကြည့်ကြည့် သံတမန်ရေးရာကိစ္စတွေကိုပဲ ကြည့်ကြည့် ဒါကိုမြင်နိုင်သလို စစ်အစိုးရအပေါ် ဖိအားသုံးဖို့ လက်ရှောင် နေခဲ့တယ်။ အလုပ်မဖြစ်တဲ့ အာဆီယံသဘောတူညီချက်ငါးခု အနောက်မှာ ပုန်းပြီး သက်သက်သာသာ ထိုင်စောင့်နေတယ်လို့ ဆိုနိုင်တယ်။ ဟွန်ဆင်ရဲ့ ကိုယ်ရည်သွေးမှုမသေးလှတဲ့ ငြိမ်းချမ်းရေး ပွဲစားလုပ် မယ်ဆိုတဲ့ အပြောနောက်ကို မျောခဲ့ကြပြီး အင်ဒိုနီးရှားက နောက်ကွယ်က ပါဝင်တဲ့ 300+ ဆွေးနွေးပွဲ လို့ဆိုတဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလိုမျိုး၊ သိပ်မကြာခင်က တစခန်းထလာခဲ့တဲ့ ထိုင်းရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအစီအစဉ်လိုမျိုးတွေနဲ့ ကူညီသယောင်ပြုလို့နေကြတယ်။ အထူးသဖြင့် ဒီကာလလို ရှမ်းပြည်မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထိုးစစ်ပြီးသွားချိန်မှာ၊ AA က အာရကန်ပြည်မှာ တိုက်ပွဲဖော်နေတဲ့အချိန်၊ မြောက်ပိုင်းမှာ ကချင်တွေက ထိုးစစ်ဆင်နေတဲ့အချိန်၊ အရှေ့ဘက်မှာ လည်း ကရင်နဲ့ ကရင်နီတွေက တိုက်နေကြသေးတဲ့အချိန်မှာ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်အာဏာရှင်တွေနဲ့ မြန်မာစစ်တပ်ဟာ အများကြီး ပိုအားနည်းလာတာကို နားလည်ခဲ့ကြပါပြီ။ အရင်က ထင်ထားသလောက် တိုက်ရည်ခိုက်ရည်မရှိဘူးဆိုတာလည်း မြင်ကြပါပြီ။ တပ်ဟာ အရင်လိုနေရာကို မရနိုင်တော့ဘူး။ တိုင်းပြည်အာဏာကို ပြန်ပြီး မထိန်းနိုင်တော့ဘူး။ တိုင်းပြည် တည်ငြိမ်မှုကိုလည်း အာမမခံနိုင်တော့ဘူးဆိုတာကို နားလည်ခဲ့ကြပါပြီ။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ စစ်တပ် လုံးဝ အရေးနိမ့်သွားတယ် ဆိုတာမျိုး မဖြစ်စေချင်ကြပါဘူး။ မြန်မာမှာ အာဏာရှင်စစ်တပ်က ဗဟိုက ဆွဲချုပ်မထားဘဲနဲ့ နိုင်ငံတစ်ခုအဖြစ် အတူတကွ ရပ်တည်နိုင်ကြတဲ့အခြေအနေမျိုးကို သူတို့ မမြင်နိုင်ကြသေးပါဘူး။ သူတို့က စစ်တပ်ပြိုကျ သွားမှာကို မမြင်ချင်တဲ့ အကြောင်းတစ်ခုကလည်း သူတို့စိတ်ထဲမှာ စစ်တပ်ပြိုသွားရင် မြန်မာပြည်ဟာ အပိုင်းပိုင်းကွဲပြီး နိုင်ငံတစ်ခုရဲ့ ဖြစ်တည်မှုကစဉ့်ကရဲ ဖြစ်သွားမယ်လို့ ထင်နေတာပါ။ မြန်မာ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ တော်လှန်ရေးသမားတွေ အောင်ပွဲရသွားမယ့်အဖြစ်ကို ကြည့်ဖို့ စိတ်မထက်သန်လှပါဘူး။ အာရှက လုပ်နည်းလုပ်ဟန်အတိုင်း အီလစ်အချင်းချင်းညှိနှိုင်းပြီး သဘောတူညီချက်က ပေါ်ထွက်လာတဲ့ ဖြေရှင်းနည်းမျိုးကို ပိုမြင်ချင်ကြပါတယ်။ ပြည်သူတွေ တော်လှန်လို့ အောင်ပွဲခံပြီး ဒီမိုကရေစီရသွားတယ် ဆိုတာမျိုး မြင်ချင်ကြတာမဟုတ်ပါဘူး။ သူတို့ ပိုလိုလားတာက အီလစ်မြင်းအရောင်းအဝယ်‌စျေးကွက်လို အပေးအယူတွေနဲ့ ညှိကြတာမျိုးပဲဖြစ်ပြီး ပြည်သူတွေကို စိတ်ကြိုက်အနာဂတ်ရွေးချယ်ခွင့်‌ပေးပြီး အင်အားရှိစေတဲ့နည်းမျိုးနဲ့ အဆုံးသတ်ချင်တာ မဟုတ်ပါဘူး။ တရုတ်၊ ထိုင်းနဲ့ အာဆီယံတို့ဟာ အပစ်အခတ်ရပ်စဲရေးကို ဝင်ကြိုးပမ်းပေးဖို့ စိတ်ဆန္ဒ ရှိနေရာတာမှာလည်း အကြောင်းရင်းတွေရှိပါတယ်။ လူသားချင်းစာနာမှုအထောက်အကူတွေနဲ့ တခြား မက်လုံးတွေပေးပြီး ကြားဝင်ဖြန်ဖြေချင်ကြပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများတွေ လုပ်ပေး ဖို့ဆိုတဲ့ နောက်ကွယ်မှာ သူတို့အတွက် အကြောင်း ပြချက်တွေရှိပါတယ်။ စစ်အာဏာရှင်တွေဟာ လက်ရှိမှာ မလွှဲသာမရှောင်သာ အကျဘက်ကိုရောက်လာပြီဖြစ်ပြီး ပြိုလဲဖို့ တာစူနေပါပြီ။ ဒါပေမယ့် အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ကသာ စစ်အာဏာရှင်ကို အသက်ကယ် ဆေးပေးနိုင်ကြပါလိမ့်မယ်။ ဒီလို စစ်တပ်ကိုထွက်ပေါက်ပေးလိုက်ရင်တော့ ဒီအိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ အထက်က အနာဂတ် မှန်းဆချက် ၂ နဲ့ ၄ မှာတဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွေကို ဖြစ်စေပြီး သွေးထွက်သံယိုပဋိပက္ခကို သက်တမ်းပိုရှည်စေမှာဖြစ်ပါတယ်။ ဒီအခြေအနေကသာ အဆိုးအပျက်ပိုများမယ့် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးကို ရလဒ်ထွက်စေပြီး တိုင်းပြည်ကို ဖြစ်သင့်တာထက် ပိုပြီးကွဲအောင် လုပ်နေသလို ဖြစ်နေပါတယ်။ ဒီလိုသဘောထားမျိုးဆိုရင်တော့ အနာဂတ် မှန်းဆချက် ၃ ဟာ ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေ၊ ငြိမ်းချမ်းရေးပွဲစား အလှူရှင်တွေနဲ့ INGOs တွေကတော့ ဒီ နံပတ်သုံးအခြေအနေမျိုးဟာ သူတို့ရဲ့ သံခင်းတမန်ခင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေ၊ အဟောအပြောတွေနဲ့ ဖြစ်လာလိမ့်ဦးမယ်လို့ ယုံမှတ်မှားနေကြဦးမှာပါ။ နံပတ်၃ အခြေအနေဘာလို့ မဖြစ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းတွေရှိပါတယ်။ တစ်ခုကတော့ မင်းအောင်လှိုင်က အသင့်မဖြစ်လို့ပါ။ ပျော့ပျောင်းတဲ့ ညှိနှိုင်းမှုတွေ အလျှော့အတင်းတွေလုပ်ဖို့ မင်းအောင်လှိုင်က အသင့်မဖြစ်ပါ။ နောက်ထပ်ပိုပြီးအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ တရုတ်နဲ့ အာဆီယံက အဆိုပြုထားတဲ့ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးတပ်တွေ ညှိနှိုင်းကြဖို့ အရေး ကြားဝင်ဖြန်ဖြေပေးဖို့ကိစ္စက လူမုန်း အင်မတန်များတဲ့ စစ်အာဏာရှိကို မပြုတ်ကျဘဲ သက်ဆိုးရှည်နေအောင် အထောက်အကူ ပေးနိုင်မှာမို့ပဲဖြစ်ပါတယ်။ စစ်တပ်ကို နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးနိုင်တဲ့နေရာမှာ
310Loading...
22
Media files
8580Loading...
23
မေ ၁၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ ပြင်ပ ဆန်ဈေး ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၂၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၄၀၀၀ ကျပ် ပေါ်ကျွဲဆန် ၁ အိတ် ၁၀၈၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ် ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၁၀၀၀၀ ကျပ်ကျော် မှ ၁၂၂၀၀၀ ကျပ်အထိ ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိ ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော် မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ် ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် အမြင့်ဈေးတွင်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။ စားအုန်းဆီ စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၂၀ ကျပ် ယင်းဈေးမှာ မေလ ၁၃ ရက်မှ ၁၉ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။ ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။) စက်သုံးဆီ ဓာတ်ဆီ ၉၂ ၁ လီတာ ၂၆၆၀ ကျပ် ဓာတ်ဆီ ၉၅ ၁ လီတာ ၂၇၆၅ ကျပ် ဒီဇယ် ၁ လီတာ ၂၃၂၅ ကျပ် ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၇၀ ကျပ် ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။ ရွှေနှင့် ဒေါ်လာ ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၁၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၉၉၉၁၀၀ ကျပ် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၅၈ ဒေါ်လာ ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၄၉၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၄၇၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။ #နေ့စဉ်ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #လောင်စာဆီဈေး #ရွှေဈေး #ဒေ#ဒေါ်လာဈေး
8490Loading...
24
အဆိုပါ နေရာသည် စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် တရားရင်ဆိုင်စဉ် ထိန်းသိန်းထားခဲ့သော နေရာ ဖြစ်ကြောင်း၊ စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် လုံခြုံရေးချထားပြီး စစ်ဖက်ရေးရာလုံခြုရေး (စရဖ) အရာရှိတဦးက ကြီးကြပ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။ Website တွင် ဖတ်ရန် https://bit.ly/4b9fbiN #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
8690Loading...
25
တအာင်းပြည်တွင်းရှိ Non CDM များအပေါ် ထုတ်ပြန်ရှင်းလင်းချက် ၂၀၂၄ ခုနှစ်၊ မေလ (၁၅)ရက် #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
9900Loading...
26
ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား အကြမ်းဖက် ဖက်ဆစ် စစ်ရှုံးစစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့ ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက် ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက် (၀၀) နာရီ (၁၆) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ "ဝဲကြီးထောင့်ဆေးရုံ" အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သည်။ ၎င်း ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ (၅) ဦးရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့သည်။ ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်သည်။ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်။ #AAInfoDesk May 15, 2024
1 3320Loading...
❤‍🔥 2
Repost from MMWeather
နောက်ထပ် ၅ ရက် - မေလ ၂၀ ရက်အထိတော့ အပူဒဏ်ကိုတောင့်ခံထားကြပါဦး။ အချို့ဒေသတွေမှာ နောက်၅ ရက် မိုးရေချိန်များများမရသေးပေမဲ့ အပူချိန်တော့ အထိုက်အလျှောက် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။
Mostrar todo...
May15 Khophyu 8PM -ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်ရွှေ့ -အာဆီယံအထူးသံ နပတရောက်နေ -ပုလောနဲ့ သရက်ချောင်းတိုက်ပွဲ ပြင်းထန် -ထိန်းချုပ်နယ်ထဲက Non CDM တွေက TNLA တာဝန်မှ ရပ် -ထောင်တွေမှာ ရေမလုံလောက်၍ ရောဂါတွေ ဖြစ်နေ -နောင်ချိုက စခန်းပြန်ရရန် စကစ အပြင်းအထန်ထိုးစစ်ဆင်နေ -ညောင်ရွှေ စစ်ရှောင်တွေကို ထောက်ပံ့တဲ့ ဆန်အိတ်၉၀၀ စကစ သိမ်း -ကျောက်ထု-ဆောလမ်းကို ပကဖ ယာယီပိတ် -စစ်မှုထမ်း အပတ်စဉ်-၂ စ၊ လူငယ်တွေကို အလျင်အမြန်ထပ်စုနေ -စစ်ဆေးရုံတွေ မဆန့်၍ ပုဂ္ဂလိကဆေးရုံတွေမှာပါ စစ်သားတွေကို ကုပေးနေရ -ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာခေါင်းဆောင်၁ဦး အသတ်ခံရ
Mostrar todo...
👍 9
Photo unavailableShow in Telegram
❐ ထောင်တွင်းအစာငတ်ခံဆန္ဒပြခဲ့သည့် ထိုင်းတက်ကြွလှုပ်ရှားသူတဦး သေဆုံး။
မေ ၁၅ ၊ ၂၀၂၄။ ဖမ်းဆီးထောင်ချခံထားရသော ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် “Boong” ခေါ် Netiporn Sanae-sangkhom သည် ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကာ သေဆုံးသွားကြောင်း သိရသည်။ ၄င်းသည် ဒီမိုကရေစီအရေး လိုလားသော “Thaluwang” အဖွဲ့ဝင် တဦးဖြစ်ကာ တော်ဝင်မိသားစုအား အသရေဖျက်မှုဖြင့် ဖမ်းဆီး ထောင်ချခံထားရခြင်းဖြစ်သည်။ See more...
Mostrar todo...
😢 18👍 5
Repost from RFA Burmese
ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဆွေးနွေးခဲ့ကြောင်း KNPP ပြော ~~~ ■ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura)နဲ့ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) တို့ မေ ၁၄ ရက်နေ့ကတွေ့ဆုံစဥ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ KNPP က ပြောပါတယ်။ စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီက စားနပ်ရိက္ခာ တင်ပို့မှုလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် စားဝတ်နေရေးနဲ့ နေရေးထိုင်ရေးတွေမှာ အခက်အခဲတွေ ကြုံနေတာလို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံခြားရေးဌာနနဲ့တွေ့ဆုံစဥ် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တာလို့ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။ “ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ကိစ္စမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပညာရေး၊ ကျန်းမာရေးတွေမှာ ဘယ်လိုကူညီနိုင်မလဲ၊ ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးခဲ့တာပါ” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခူဦးရယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ကို တွေ့ဆုံခဲ့တာပါ။ KNU ဘက်ကတော့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးတယ်ဆိုတာ ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။ ဂျပန်နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်မှာတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့အရေး ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ KNPP နဲ့ KNU တို့ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ တွေ့ဆုံခဲ့သလို ဧပြီလထဲမှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
Mostrar todo...
ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဆွေးနွေးခဲ့ကြောင်း KNPP ပြော

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရို ကိုမူရာ (Masahiro Komura)နဲ့ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) တို့ မေ ၁၄ ရက်နေ့ကတွေ့ဆုံစဥ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ KNPP က ပြောပါတယ်။

👍 25 5