cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Mostrar más
Publicaciones publicitarias
27 324
Suscriptores
-2024 horas
-457 días
-18430 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from MMWeather
လေစီးကြောင်းတွေရဲ့ တိုက်ခတ်နေတဲ့ အခြေအနေကြောင့်ပါဘဲ။ ပုံမှာ မုတ်သုံလေဦးမျဉ်း(ခန့်မှန်း အပြာရောင်မျဉ်းပြတ်)နဲ့ လေတိုက်နေတဲ့ လားရာတွေ တွေ့ရပါမယ်။ လေတိုက်နှုန်းတွေက ပျမ်းမျှ တနာရီ ၁၅ မိုင်ခန့် ရှိပါတယ်။ အဲ့ဒီလေစီးကြောင်းတွေနဲ့ ပါလာတဲ့ ရေခိုးရေငွေ့တွေ တိမ်တိုက်တွေက အိန္ဒိယအရှေ့ဘက်ကမ်းရီုးတန်းတလျှောက်မှ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုသာလျှင်ရောက်ရှိလာပြီး မြန်မာနိုင်ငံအောက်ပိုင်းကိုကျတော့ အဝင်နည်းပါတယ်။ ဒီအကြောင်းကြောင့်ဘဲ မေလ ၂၀ ရက်လောက်အထိ မိုးရွာနိုင်မဲ့အခြေအနေက ပြီးခဲ့တဲ့ post မှာပါတဲ့ အထက်ပိုင်းဒေသတွေမှာပဲ ရွာနိုင်မှာဖြစ်ပြီး အောက်ပြည်အောက်ရွာမှာ မိုးရွာရင်တောင် ပါးပါးလေးသာရွာနိုင်ပါမယ်။ https://www.facebook.com/uwinnaing/posts/pfbid0A7i23obvzbFP5Y2shsxUNvFfoD1gFk85nMjAJxYS3N89K9xssu4HNkSx1rdYqV3Bl ခန့်မှန်းမုတ်သုံလေဦးမျဉ်း အထက်ကို ဆက်တက်လာပြီး အနောက်တောင်မုတ်သုံလေတိုက်လာချိန်မှာတောင် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲထက်လျော့နည်းနေဦးမယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေကလဲ ရှိနေပါတယ်။ တနိုင်ငံလုံးအတွက်ဆိုရင်တော့ မိုးဦးမိုးလယ် မိုးအားနည်းနေနိုင်ပြီး မိုးနှောင်းကာလမှာသာ မိုးများ၊ မိုးကောင်းနိုင်မယ်လို့ဘဲ ဆက်ပြီး ခန့်မှန်းရပါဦးမယ်။
Mostrar todo...
Win Naing

မနက်ဖန်မှ နောက် ၄ ရက်အတွင်း အောက်ဖေါ်ပြပါ - နိုင်ငံအထက်ပိုင်း(ပဲခူးတိုင်း၏အထက်ပိုင်း)ဒေသတွေမှာ မိုးထစ်ချုန်းရွာနိုင်၊ နေရာကွက်ပြီးမိုးများနိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။ ပဲခူးတိုင်းနဲ့...

Repost from MMWeather
မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး အောက်ပိုင်းမှာ မိုးနည်းနေသေးတဲ့ အကြောင်းရှင်းပြချင်လို့ပါ -
Mostrar todo...
ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက် လေတပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးမည်ဟုလည်း ကြေညာ ====================== Myanmar Now May 1, 2024 စစ်ကောင်စီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံရန်အတွက် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းဌာနများက ကြေညာခဲ့သည်။ သတင်းအပြည့်အစုံ 👇👇👇
Mostrar todo...
May1 Khophyu 8PM -ကျင်ဒွေးမြို့ကို ချင်း ပူးပေါင်းတပ် သိမ်း -အမ်း စွေ့ချောင်းဗျူဟာကို AAသိမ်း -စကစ ကရင်ဝန်ကြီးချုပ် ကော့ကရိတ်မှာ တိုက်ခိုက်ခံရ -ကော့ကရိတ်ကို အင်အားရာချီနဲ့ စကစ စစ်ကြောင်းထိုး -မြို့ကြီးအချို့မှ စစ်ရှောင်တွေ နေရပ်ပြန်ရန် စကစဖိအားပေး -စစ်သင်တန်းတက်ရသူတွေ မိသားစုနဲ့ အဆက်အသွယ်မရ -ဒရုန်းတပ်တွေ စကစဖွဲ့၊ ရုရှားက သင်တန်းပေးနေ -တရုတ်ပညာရှင် ၃၀၀ကျော်နဲ့ စက်တွေ ကျောက်ဖြူဆိပ်ကမ်းရောက်လာ -မြေပြင်ပြဿနာတွေ ချက်ချင်းရှင်းနိုင်အောင် လုပ်မယ်ဟု NUG ပြော -အပူချိန်ကြောင့် သေဆုံးမှု ဆက်မြင့် -မုံရွာနဲ့ ဆားလင်းကြီးမှာ လေပြင်းကျ
Mostrar todo...
👍 12 3
နောက်ထပ်ထပ်ပြီး ပြည်သူ့အကျိုးရယ်ကို ယှဥ်ပြီးတော့ ကြည့်ရင်တော့ ခုဏက populism နဲ့ တရားဝင်မှု ပြဿနာကိုလည်းပဲ ကျနော်တို့ ခြားနိုင်မလားဆိုတာလည်း စဥ်းစားမိတယ်။" "အဓိက ဒီမှာ အကုန်လုံးပြောနေတာက စဥ်းစားမိသလောက်ဆို legitimacy ရှိတယ်ပေါ့နော်။ စောစောက တရားဝင်မှု ဆိုတာ legality လို့ပြောရမလား အဲတာရှိမယ်ပေါ့။ ဒါပေမယ့် အဲနှစ်ခုကို ပြန်ပြီးစဥ်းစားတဲ့အခါမှာ ဆက်စပ်မှုရှိတာမှန်ပေမယ့် အမြဲတမ်း ဒီနှစ်ခုက legitimate ဖြစ်တာနဲ့ legality ဖြစ်တာက တပုံစံတည်းဖြစ်တယ် စဥ်းစားလို့မရဘူး။ စောစောက ပြောသွားတဲ့ပုံစံလိုမျိုးပဲ။ Illegitimate government (တရားမဝင်တဲ့အစိုးရ) က ဥပဒေတွေကို ပြဌာန်းပြီးတော့ ဒီဟာက legal အရဖြစ်ပါတယ်ဆိုပြီး ပြောခွင့်ရှိတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ အဲဒီပုံစံက ဘာကိုဖော်ပြလဲဆိုတော့ ကျနော်စဥ်းစားမိတာက အစိုးရ၊ အာဏာရှိတဲ့သူ၊ အာဏာကို လက်ထဲမှာကိုင်ထားတာရှိတဲ့သူက ဘာကို legitimate ဖြစ်၊မဖြစ် ဆုံးဖြတ်လို့ရတဲ့ပုံစံမျိုးဖြစ်နေတယ်။ အရင်ကလည်း အဲလိုအခင်းအကျင်းဖြစ်ခဲ့တယ်လို့ ကျနော်တော့ ယူဆတယ်ဗျ။ ဘယ်အစိုးရခေတ်အဆက်ဆက်မှာမဆို သူတို့က legitimate ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာကို ဘာနဲ့တိုင်းလဲဆိုတော့ များသောအားဖြင့် အစိုးရတွေပေါ့နော်၊ ဘယ်အစိုးရမဆို အာဏာလက်ကိုင်ထားတဲ့အစိုးရတော်တော်များများက သူတို့ရဲ့ legitimacy ဖြစ်၊မဖြစ်ဆိုတာကို legality နဲ့ ပြန်တိုင်းတယ်။ ဒါပေမယ့် တဖန် legality ကို သူတို့က ဘာနဲ့ပြန်တိုင်းလဲဆိုတော့ သူတို့ရဲ့ပြဌာန်းမှုနဲ့ ပြန်တိုင်းလိုက်တဲ့ဟာမျိုး။ ပတ်လည်လှည့်ပြီးတော့ အစိုးရက ငါတို့လုပ်တာသာလျှင် အမှန်ဆိုတဲ့ပုံစံမျိုး တည်ဆောက်နေတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘယ်အစိုးရမဆိုပေါ့နော်။ ဆိုတော့ ကျနော်တို့ စဥ်းစားရမှာက legitimacy ဖြစ်မှုဆိုတာက ဒီပြည်သူလူထုကလာတာလို့ ပြောလို့ရပေမယ့်လည်း အစိုးရက အဲတာကို လက်တလုံးခြားကစားလိုက်ပြီးတော့ ရွေးကောက်ပွဲရလဒ်ကြောင့်မလို့ ငါတို့ကသာ legitimate ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ ပြန်စဥ်းစားတဲ့အခါကျတော့ စောစောကပုံစံအတိုင်းပြန်ဖြစ်သွားတယ်ပေါ့နော်။ ဒါက ပြဿနာတခု ဖြစ်တယ်ပေါ့နော်။" "ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရိုဟင်ဂျာကိစ္စကိုနိုင်ငံတကာက အပြစ်တင် ၀ိုင်းရှုံ့ချကြတယ်။ ဒါပေမယ့်လည်း ဒီအစိုးရ ရဲ့ Legitimacy ပျက်ပြယ်သွားခဲ့သလား၊ လူထုကကောဒီရက်စက်ကြမ်းကြုတ်မှုကြီးတွေကိုအစိုးရနဲ့အတူ၀ိုင်းထောက်ခံခဲ့ကြတယ်။ ဆိုတော့ Legitimacy ရှိတိုင်း တရားမျှတ သလား၊ မှန်ကန်သလားလို့မေးခွန်းထုတ်ပါတယ်။" "ကျနော်ထင်တာကတော့လေ ဒီ Legitimacy ဆိုတဲ့ဟာက definition ဖွင့်ဖို့ဆို တာထက်ကို ဖွင့်ပြီးသား definition ကိုလိုက်ပြီးတော့မှ နိုင်ငံရေးသမားဆိုတဲ့သူတွေက အမျိုးမျိုးလိုက်ပြီးတော့ သုံးစွဲနေပြီး သူတို့လိုချင်တာကိုဆွဲခေါ်သွားတဲ့ပုံစံမျိူးဖြစ်နေတယ်ပေါ့။ ဒါကသူတို့ကိုရွေးချယ်လိုက်တဲ့ပြည်သူရဲ့အပြစ်တော့မဟုတ်ဘူးပေါ့။ အဲ့လို နိုင်ငံရေးသမားတွေကအမြဲတမ်းပေါ်နေမှာပဲ။ ဒီလိုနိုင်ငံရေးသမားတွေနေရာမရလာအောင် ကျနော်တို့ကဘယ်လိုလုပ်ရမလဲဆိုတာစဥ်းစားရမယ်ထင်တယ်ပေါ့။" "အုပ်ချုပ်သူလူတန်းစားက အာဏာရလာရင် အိုင်ဒီယာလော်ဂျီ တစ်ခုတည်‌ဆောက်တယ်။ အဲ့ဒီအိုင်ဒီယာလော်ဂျီက ဘာလုပ်‌ပေးလဲဆိုရင် အဲ့ဒီအုပ်ချုပ်သူရဲ့ နေရာတည်မြဲနေဖို့အတွက် အမြဲတမ်း ဒါကမှန်တယ် ဆိုပြီး လုပ်ပေးတာပေါ့။ NLD လက်ထက်ကို ပြန်ကြည့်ကြမယ်ဆိုရင်၊ ရိုဟင်ဂျာအရေးမှာဆိုရင်လည်း NLD ရဲ့ Narrative တွေအများကြီးရှိခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျနော်က NLD ရဲ့ Narrative လို့ မမြင်ဘူး။ စစ်တပ်က အရင်က ဆောက်ခဲ့တဲ့ Narrative ကို NLD က ပြန်သုံးပြီးတော့ justify လုပ်တယ်လို့ယူဆမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိုင်ဒီယာလော်ဂျီတစ်ခု တည်ဆောက်ပြီးတော့မှ သူတို့ရဲ့နေရာတစ်ခုကို တည်မြဲအောင်တည်ဆောက်ခဲ့တယ်ဆိုတဲ့ သဘောပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့က အခုလက်ရှိမှာ အဲတာကိုလည်းမြင်ဖို့လိုအပ်မယ်။ လက်ရှိ Populist နိုင်ငံ‌ရေးမှာ သူတို့အနေနဲ့ သူတို့နေရာကို ဆက်ထိန်းဖို့အတွက် ဘယ်လို အိုင်ဒီယာလော်ဂျီတွေ တည်ဆောက်ဖို့လုပ်နေလည်းဆိုတာ ကျနော်တို့မြင်ဖို့လိုတယ်။" "တရားဝင်မှုဆိုင်ရာကိစ္စတွေမှာ တရားဝင်မှုကို အခုချိန်မှာရနေတာက ရွေးကောက်ပွဲနိုင်လာတဲ့ NLD ပါတီတစ်ခုထဲမှာပဲရှိတယ်၊ တခြားအဖွဲ့အစည်းတွေမှာမရှိဘူးဆိုတဲ့ စကားမျိုးတွေပါလာတာက ဒီအချိန်မှာ အန္တရာယ်ရှိတယ်လို့ မြင်မိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အဲ့မှာဥပမာပေးထားတာက CDM အဖွဲ့အစည်းတွေပါမယ်။ သပိတ်ကော်မတီတွေပါမယ်။ ပြီးတော့‌ နောက် သမဂ္ဂတွေပါမယ်။ ဒီဟာတွေ NUCC ထဲမှာ ပါနေတာက ဖောင်းဖွတယ်ပေါ့လေ။ သူတို့ ရွေးကောက်ပွဲနိုင်တဲ့သူတွေမဟုတ်ဘဲပါနေတာက ညှိနှိုင်းမှုတွေမှာ ကြန့်ကြာတယ်ဆိုပြီး ဒီလိုမျိုးစဥ်းစားချက်တွေကတော့ တော်လှန်‌ရေးအတွက် အန္တရာယ်ရှိတဲ့ရှုထောင့်တွေလို့ ကျနော်ကတော့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာပြောခဲ့သလိုမျိုးပဲ ဒီအချိန်ကတော်လှန်ရေးကာလဖြစ်တယ်၊ တော်လှန်ရေးကာလမှာ ကျနော့်အမြင်အရ တရားဝင်မှုအရှိဆုံးက သပိတ်ကော်မတီပဲဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ အခြေအနေအများကြီးကြောင့်မို့ သပိတ်အင်အားတွေ လျော့နည်းသွားတာတွေ၊ သပိတ်ကော်မတီကိုယ်တိုင်မှာလည်းပဲ
Mostrar todo...
👍 7
အားနည်းချက်တွေလိုအပ်ချက်တွေရှိတာမှန်တယ်။ ဒါပေမယ့်လို့ တော်လှန်ရေးကာလမှာ အခြေခံအကျဆုံးဖြစ်တဲ့တရားဝင်မှုကို ရှိနေတာက သပိတ်ကော်မတီပဲလို့ ကျနော်ကတော့ယူဆတယ်။ ဆိုတော့ သပိတ်ကော်မတီတွေမှာလည်းပဲ‌ ရွေးကောက်ခံတွေထက်မမြင့်ရင်တောင် မနိမ့်တဲ့တရားဝင်မှုရှိတယ်ဆိုတာမျိုး ယူဆတယ်။" "ထပ်ဆွေးနွေးရရင် ဒီလိုမျိုး မတူညီတဲ့တရားဝင်မှုတွေကို ပေါင်းပြီးတော့မှ တပ်ဦးဖွဲ့ရေးကိုမသွားဘဲနဲ့ ငါတို့နဲ့မတူညီတဲ့သူတွေကို ငါတို့ကလက်မခံဘူး ဆိုတာမျိုးတွေ၊ ငါတို့မပါဘူးဆိုတာမျိုးတွေ ဒီလိုမျိုးကန့်သတ်ပြီးတော့မှ Legitimacy ကို ရှုထောင့်တစ်ခုထဲကနေ ဖွင့်ဆိုတာကတော့ တော်လှန်ရေးအတွက် တော်တော်လေးအန္တရာယ်ကြီးတဲ့လုပ်ဆောင်ချက်လို့ မြင်တယ်။ အဲ့အစား မတူညီတဲ့ရှုထောင့်ကနေရှိတဲ့ တရားဝင်မှုတွေကို ဘယ်လိုပေါင်းစပ်မလဲ၊ အဲပေါင်းစပ်မှုအင်အားကနေပြီးတော့မှ တပ်ဦးတစ်ရပ်၊ တပ်ပေါင်းစုတစ်ခု ဘယ်လိုသွားကြမလဲဆိုတဲ့ စဥ်းစားမှုမျိုးကို ပိုပြီးတော့သွားသင့်တယ်လို့ ကျနော်ကတော့ ယူဆမိတယ်။ လက်ရှိ ကျနော်တို့ ကြုံနေရတဲ့ပြဿနာက တပ်ဦးကောင်းကောင်းမရှိတဲ့ပြဿနာက တော်လှန်ရေးရဲ့ အကြီးမားဆုံးပြဿနာလို့ပဲ ယူဆတဲ့အခါမှာ ခုနကရှိတဲ့ သပိတ်အင်အားစု၊ လက်နက်ကိုင်အင်အားစု၊ လူမျိုးစုလက်နက်ကိုင်အင်အားစု၊ ရွေးကောက်ခံအင်အားစုတွေ အကုန်လုံးကို ကျနော်တို့ ဘယ်လိုမျိုးစုစည်းမလဲဆို တာမျိုးကို မစဥ်းစားဘဲနဲ့ ငါတို့ပဲ တရားဝင်မှုရှိတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။" "တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်။ ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်ပြီးတော့ တိုက်ပွဲဝင်ခဲ့တယ်။ ဒီသပိတ်ကော်မတီဟာဆိုရင်လည်း လူထုရဲ့ထောက်ခံမှုရထားပြီးသားဆိုတာလည်း မြင်နိုင်တယ်ပေါ့နော်။ အဲဒီအဖွဲ့အစည်းတွေကို တခြားဘယ်လိုမျိုးမြင်ကြသလဲဆိုရင် ဒါ CSO ဆိုပြီးတော့ ရောပြီးတော့ legitimacy မရှိဘူးဆိုပြီးတော့ ရောထည့်လိုက်တာက ပြဿနာတရပ်ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့မှာလည်း မြေပြင်ကနေရရှိထားတဲ့ တရားဝင်မှုဆိုတာ ရှိတယ်ပေါ့နော်။ အဲတော့ အဲဒီရထားတဲ့ ပြည်သူလူထုထောက်ခံမှုကနေတဆင့် လူထုဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေကို ကျနော်တို့ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်လာခဲ့ကြတာ။ ဆိုတော့ ဒီအဖွဲ့အစည်းတွေကို ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ရောပြီးတော့ မြင်ပြီးတော့ သူတို့တွေမှာ legitimacy မရှိဘူး၊ သူတို့တွေဟာ နိုင်ငံရေးမှာ ဘာမှဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ဆိုတဲ့ အနေအထားတွေက တဖက်ကနေပြီးတော့လာတဲ့ တရားဝင်မှုကို ကန့်သတ်ရာရောက်တယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။" "အဲတော့ အတိုင်းအတာတခုထိ legitimacy က တော်လှန်ရေးအစုအဖွဲ့တိုင်းမှာ ရှိတယ်လို့ ယူဆတယ်။ အဲတော့ အဲတာကို ကျနော်တို့က မရှိဘူးလို့ သွားပြောလိုက်မယ်ဆိုရင်တော့ ဒါ ပြဿနာရှိနိုင်မယ်လို့ ကျနော် မြင်ပါတယ်။" "အခု ကျနော်တို့အားလုံးကို ခြုံမိတဲ့ နိုင်ငံရေးဦးဆောင်မှု၊ နိုင်ငံရေးတပ်ဦး၊ တပ်ပေါင်းစု မရှိသေးတဲ့အတွက်ကြောင့်မို့လို့ ခုဏကလိုမျိုး ဆွေးနွေးတဲ့အခါမှာဖောင်းပွတဲ့ဟာမျိုး မြင်စရာဖြစ်တာပေါ့။ ဆိုတော့ ဒီလိုမျိုးတပ်ဦးဖော်ဆောင်တဲ့အခါမှာလည်း စာထဲမှာပါသလို မဖောင်းပွရေးက ပြန်ပြီးတော့ အရေးကြီးပြန်ရော။ တပ်ဦးကိုလည်း တဖွဲ့တည်းကနေပြီး တပ်ဦးဆိုပြီး ကောက်ဖွဲ့လို့ရတာမဟုတ်ဘူးဗျာ။ ခုနကပြောတဲ့ မတူညီတဲ့ Legitimacy ရှိတဲ့ဟာတွေ အားလုံးကို ပေါင်းပြီးတော့ ဒါတွေအကုန်လုံးပါတဲ့ တပ်ပေါင်းစုကနေပြီးတော့မှ တပ်ဦးကိုသွားရမှာ။ ဆိုတော့ အဲ့ဒီအဖွဲ့အစည်းတွေပါတဲ့ တပ်ဦးကနေပြီးတော့မှတဆင့် သူတို့ရဲ့နိုင်ငံရေးဦးဆောင်မှုက နိုင်ငံရေးတလွှာလုံးကို ဖြန့်ခြုံတယ်ဆိုတာမျိုးနဲ့ သွားရမယ်လို့ မြင်တယ်ပေါ့လေ။" "NUCC စစပေါ်ချင်းတုန်းက အရမ်းမျှော်လင့်ခဲ့တာ၊ လုံးဝတပ်ဦးပုံစံသွားနိုင်မယ်လို့ ထင်ခဲ့တာပေါ့နော်။ တကယ်တမ်း နောက်ပိုင်း သူသွားနေတဲ့ပုံစံက ဖောင်းပွလာတာရှိတယ်။" "Proxy ဆိုတဲ့ပြဿနာပေါ့လေ။ ရှိနေတဲ့ကိုယ်စားပြုမှုတွေအားလုံးကို တကယ်တမ်းမစုစည်းနိုင်တဲ့အခါမှာ အဲ့ဟာတွေနဲ့အသွင်တူတဲ့ ကိုယ်နဲ့နီးစပ်တဲ့အဖွဲ့တွေကို Proxy လုပ်တဲ့ ပြဿနာလည်း ရှိတယ်ပေါ့။ ဒီလိုမျိုး Proxy တွေ သွင်းခြင်းကလည်း အဖွဲ့အစည်းကို ပိုမိုဖောင်းပွလာစေတဲ့အခါမှာ ဒီအကြောင်းတွေလည်း ပါတယ်လို့ ကျနော်ကမြင်တယ်ပေါ့။ ဒါပေမယ့် ကျနော် ဒီမှာစိုးရိမ်တာက တကယ်လို့ NUCC ကလည်း အလုပ်မဖြစ်ဘူးဆိုတာသိတယ်ဗျာ၊ အဲ့ဟာကိုပဲ အကြောင်းပြပြီး ငါတို့နဲ့မတူညီတာတွေက ​တရားဝင်မှုမရှိဘူးဆိုတဲ့ စဥ်းစားချက်တွေကလည်း လက်ခံပေးလို့မရဘူးပေါ့။ NUCC မှာ အကောင်အထည်မဖော်နိုင်ရင် ဘယ်လိုမျိုး အကောင်အထည်ဖော်အောင်လုပ်မလဲ။ ဒါမှမဟုတ် တခြားစုဖွဲ့မှုတခုကို တရားဝင်မှုရှိတဲ့အဖွဲ့တွေ ပေါင်းစည်းပြီးတော့ ဘယ်လိုအစီအစဥ်တကျလုပ်မလဲ ဆိုတာမျိုးကိုပဲ ပိုပြီးတော့ လိုင်းတင်သင့်တယ်လို့ ကျနော်ကမြင်တာပေါ့လေ။"
Mostrar todo...
"ရွေးကောက်ပွဲမှာ NLD အပြင် တခြားအနိုင်ရပါတီတွေလည်း ရှိတယ်။ … CRPH ဖွဲ့တဲ့အချိန်မှာ အကုန်လုံးက ပါမလာဘူး။ ကျနော်တို့ဥပဒေရှုထောင့်ကကြည့်ရင် CRPH ကပြောရရင် လက်တလုံးခြားလုပ်လိုက်တယ်ပေါ့။ CRPH ဖွဲ့လိုက်တယ်ဆိုတာက။ … ပြီးရင် NUCC တွေဖွဲ့တယ်။ NUG တွေဖွဲ့တယ်။ အကုန်လုံးက လက်တလုံးခြားပဲ ကစားသွားတာ။ ဒါပေမယ့် ကျနော်တို့ဆီမှာ မျှော်လင့်ချက်က မရှိဘူး။ ဦးဆောင်တဲ့တပ်ဦးကလည်း လိုတာဆိုတော့ ကျနော်တို့ အားပေးခဲ့ရတယ်၊ ထောက်ခံခဲ့ရတယ်ပေါ့။ ဒါပေမယ့် တနှစ်ကျော်ကြာလာတဲ့အခါ ပါတီအဖွဲ့အစည်းတွေရဲ့ Error က အခုတဖြေးဖြေးချင်း ပြည်သူလူထုရဲ့စိတ်ကို ဝေဝါးစေတယ်ပေါ့။" "၂၀၀၈ တရား၀င်၊ မ၀င် ကျနော်တို့ပြန်ကြည့်ရရော။ ကျနော်တို့ကြည့်တာက တရား၀င်၊ မ၀င် ဒီရေးဆွဲတဲ့အချိန်ကာလရဲ့ ဘယ်လိုမျိုးအတည်ပြုလဲဆိုတဲ့ဟာ နာဂစ်ကိစ္စလို အခုကျနော်တို့ဖတ်ရတဲ့ အဲ့တော့မှသိတယ်။ အာဏာသိမ်းတာပဲ ကျေးဇူးတင်ရမလားပြောရမလိုတောင်ဖြစ်နေတယ်။ သူတို့လိမ်တဲ့ဟာတွေ အခုမှ ပေါ်လာတာပေါ့။ ရွေးကောက်ပွဲနိုင်တုန်းဆို ပျော်ပျော်ပျော်ပျော်နဲ့ သွားနေမှာ၊ မသိ မသိတာပေါ့နော်။ အမှားကြီးထဲမှာတောင် အမှားမှန်းမသိဘဲကျင်လည်နေတဲ့အဖြစ်ပေါ့နော်။" "ဥပဒေကတရား၀င်မှုမရှိတာနဲ့ပဲ ဒီအဖွဲ့အစည်းကတရား၀င်မှုမရှိတော့ဘူးလို့ပြောလို့ရမယ်မထင်ဘူးပေါ့နော်။ ဥပဒေပေးထားတဲ့ တရား၀င်မှုအပြင် အခြားသော တရား၀င်မှုနည်းလမ်းတွေကိုလည်း ကျနော်တို့ပြန်ပြီးတော့ ထည့်ပြီးတော့စဉ်းစားကြဖို့ပေါ့လေ။ ဥပမာ ပြောရမယ်ဆိုလို့ရှိရင် ဒီပြည်သူတွေရဲ့ဆန္ဒတွေကိုဖော်ဆောင်ပေးနေတဲ့အဖွဲ့အစည်း၊ သပိတ်ကော်မတီ၊ လက်နက်ကိုင်တပ်တွေ နိုင်ငံရေးကဏ္ဍတွေမှာ အဖွဲ့အစည်းတွေရှိတယ်ပေါ့။ နောက်တခု ပြည်သူတွေရဲ့ဆန္ဒနဲ့ စံတွေကိုလက်ခံထားတဲ့အဖွဲ့အစည်းတွေ၊ သူတို့တွေကိုကိုယ်စားပြုပြီးလုပ်နေတဲ့ သမဂ္ဂလိုအဖွဲ့အစည်း၊ ဒီလိုမျိုးအစုအဖွဲ့တွေရဲ့တရား၀င်မှုတွေကိုလည်း ကျနော်တို့ထည့်စဉ်းစားဖို့လိုတယ်‌ပေါ့။ ဥပဒေရှုထောင့်အရ မဟုတ်တဲ့အရာ၊ တရား၀င်မှုကို ထည့်ပြီးတော့စဉ်းစားဖို့ လိုမယ်လို့ထင်တယ်ပေါ့။" ("တော်လှန်ရေးကာလ တရားဝင်မှု" ခေါင်းစဥ်ဖြင့် မေလ ၂၆ ရက်နေ့က သစ်ပုပ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်များထဲမှ အချို့ကို ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲမှတ်တမ်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ shorturl.at/nuJQ1) #သစ်ပုပ် #ThitPote #တော်လှန်ရေး #တရားဝင်မှု
Mostrar todo...
ShortURL - URL Shortener

ShortURL is a tool to shorten a long link and create a short URL easy to share on sites, chat and emails. Track short URL traffic and manage your links.

👍 13🤔 1
"တော်လှန်ရေးကာလ တရားဝင်မှု" "တရားဝင်မှုဆိုတာကို ကျနော်နားလည်တာကတော့ အဓိကက ပြည်သူတွေရဲ့၊ လူထုရဲ့ လက်ခံမှုကို တိုင်းတာတဲ့ စကားလုံးလို့ပဲ ကျနော်နားလည်ပါတယ်။ အဲတာကို ဘယ်လိုတိုင်းမလဲဆိုတာကတော့ ရှုထောင့်အမျိုးမျိုး၊ တိုင်းနည်းအဖုံဖုံ ရှိတာပေါ့လေ။ဒါ‌ပေမယ့် တကယ့်မူရင်းကို ပြန်ကြည့်မယ်ဆိုရင်‌တော့ legitimacy တရားဝင်မှုဆိုတာက ပြည်သူတွေက သူတို့ကို အုပ်ချုပ်တဲ့ဟာ၊ ဒါမှမဟုတ်လည်း ဒီ ဥပဒေပြဌာန်းတဲ့ဟာကို ဘယ်လောက်ထိ အသာတကြည်လိုက်နာလဲဆိုတဲ့ လူထုရဲ့​သဘောထားကိုပဲ အခြေခံတဲ့ concept တခုလို့ နားလည်ပါတယ်။" "တရားဝင်မှု ဘယ်လောက်ထိရှိနိုင်မလဲ ဆိုတာကို တိုင်းတာတဲ့နေရာမှာလည်း ခုဏကပြောတဲ့ ဒီပြည်သူရဲ့ထောက်ခံမှု၊ ပြည်သူရဲ့ consent ကို ရယူတယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့က နည်းအမျိုးမျိုးရှိတာပေါ့နော်။ အဲတော့ တချို့တွေက ပြောကြတာကတော့ ရွေးကောက်ပွဲနည်းလမ်းကနေပြီးတော့ ရယူတဲ့နည်းတွေရှိမယ်။ နောက်တခုကတော့ ပြည်သူလူထုလိုအပ်တဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့၊ ကွက်လပ်တွေကို ဖြည့်ဆည်းရင်းနဲ့ ကျနော်တို့တွေ performance ပေါ် အခြေခံပြီးပေါ့နော် legitimacy ရယူတာတွေရှိမယ်။" "ဥပဒေရှုထောင့်နဲ့ ရွေးကောက်ပွဲအရ တရားဝင်မှုပေးတာကတော့ ဒီဘက်ခေတ် ဒီမိုက‌ေရစီနိုင်ငံတွေမှာ အားအကောင်းဆုံးတရားဝင်မှု ဖြစ်တယ်ပေါ့လေ။ အဲအတိုင်းပဲ ရွေးကောက်ပွဲကနေပြီးတော့လာတဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရတွေကို တရားဝင်မှုရှိတယ်ဆိုတာကတော့ ထင်သာမြင်သာရှိတယ်ပေါ့။ ပြီးတော့ နောက်တခုက ဒီရွေးကောက်ပွဲကမဟုတ်တဲ့၊ ဥပဒေအရမဟုတ်တဲ့ တခြားနည်းလမ်းတွေနဲ့ရတဲ့ တရားဝင်မှုကိုလည်း ကျနော်တို့ စဉ်းစားဖို့လိုတယ်လို့ ကျနော်မြင်တာပေါ့လေ။ ဆို‌တော့ အဲတာက ဘာလဲဆိုတော့ ဒီဥပ‌ဒေဆိုတဲ့ဟာကို ပြန်ပြောကြည့်ရင်ဗျာ ဥပဒေတိုင်းက တရားမျှတတယ်၊ တရားဝင်တယ်လို့ ပြောလို့မရဘူးဆိုတဲ့ အခြေအနေတွေလည်းရှိတယ်။ ဆိုတော့ ခုဏကပြောတဲ့ ဥပဒေအရတရားဝင်တယ်ဆိုတာကိုပဲ ကိုင်ပြီးတော့ ဒီအာဏာရှင်တွေကလုပ်ကြတာရှိတယ်။ အခုလည်းပဲ မင်းအောင်လှိုင်တို့က ဒီလိုလုပ်နေတာပဲဗျ။ သူတို့က ၂၀၀၈ အခြေခံဥပဒေ နဲ့ ညီပါတယ်ဆိုပြီးတော့ အာဏာသိမ်းတာကို တရားဝင်ကြောင်း ဥပဒေအရပြနေကြတာတွေ အများကြီးရှိတယ်။ ဆိုတော့ ဒီဥပဒေအရ ကိုက်ညီမှုတခုတည်းက တရားဝင်တယ်ဆိုပြီး ပြောလို့မရတော့ဘူးဆိုတာ ရှင်းတယ်ပေါ့လေ။ နောက်တခုက ရွေးကောက်ပွဲကတော့ ကျနော်တို့ အထင်သာဆုံး၊ ကိုယ်စားပြုမှုနဲ့ ပတ်သက်ရင်တော့ အားအကောင်းဆုံးတရားဝင်မှုပေါ့လေ။ ဆိုတော့ အဲဒီအပြင် တခြားတရားဝင်မှုတွေကို ကျနော်တို့ ရှာတဲ့အခါမှာ ခုဏကပြောတဲ့ ပြည်သူတွေရဲ့သဘောထားနဲ့ ကိုက်ညီလား၊ ပြည်သူတွေက ဘယ်လောက်ထောက်ခံလဲ ဆိုတဲ့ အပေါ်မှာပဲ ကြည့်ရမယ်လို့ထင်ပါတယ်။ Max Weber မဟုတ်တဲ့ တခြားပြောဆိုချက်တွေကို ကြည့်ရမယ်ဆိုလို့ရှိရင် Beetham တို့၊ တခြားအဖွဲ့အစည်းတွေက ဒီ legitimacy ကို တိုင်းတာတဲ့ ပုံစံတွေလည်း ရှိတယ်ဗျ။ ဆိုတော့ အဓိကက ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လောက်ကိုယ်စားပြုပြီးတော့ ဖော်ဆောင်ပေးနိုင်သလဲဆိုတာပါပဲ။ အဲဒီအတိုင်းဆိုလို့ရှိရင် လက်ရှိအနေအထားနဲ့ ကျနော်တို့ တော်လှန်‌‌ရေး တနှစ်တာကာလ ပြန်ကြည့်မယ်ဆိုရင် ပြည်သူနဲ့ အနီးကပ်ဆုံး၊ ပြည်သူတွေရဲ့ ဆန္ဒတွေအဖော်ဆောင်ဆုံး လုပ်နေတာကတော့ သပိတ်အဖွဲ့အစည်းတွေ ရှိတယ်။ နောက်ပြီးတော့ တခြားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ ရှိတယ်။ ဒီဟာတွေက လက်ရှိတော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဖော်ဆောင်ချင်တဲ့လမ်းကို အနီးကပ်ဆုံးဖော်ဆောင်ပေးနေကြတဲ့ အင်အားစုတွေ ဖြစ်တယ်ပေါ့။ သူတို့မှာလည်း ခုဏကပြောခဲ့သလို ပြည်သူ့ဆန္ဒကိုဖော်ဆောင်နေတဲ့ ပြည်သူဆန္ဒအရ တရားဝင်မှုက ရှိနေတယ်။ ဆိုတော့ တရားဝင်မှုကို ကြည့်တဲ့အခါ ခုဏကပြောတဲ့ ဥပဒေရှုထောင့်တွေ၊ ရွေးကောက်ပွဲရှုထောင့်တွေကလည်းပဲ ကြည့်ဖို့လိုသလို အဲတာတွေကို ကျော်ပြီးတော့လည်းပဲ ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ ပြည်သူ့ရဲ့ဆန္ဒဆိုတဲ့အထိကို အရင်းအမြစ်ထိသွားပြီးကြည့်ဖို့လည်း လိုမယ်လို့တော့ မြင်တာပေါ့လေ။ ပြန်ချုပ်ရရင်‌တော့ ရွေးကောက်ပွဲကပေးထားတဲ့ အစိုးရတွေမှာလည်း တရားဝင်မှုရှိသလို လက်ရှိမြေပြင်မှာ ပြည်သူတွေနဲ့ အနီးကပ်ဖော်ဆောင်နေတဲ့ သပိတ်အဖွဲ့တွေ၊ လက်နက်ကိုင်အင်အားစုတွေမှာလည်းပဲ သူတို့ရဲ့ လုပ်ဆောင်မှုအရ တရားဝင်မှုရှိနေတယ်ဆိုတာမျိုး ကျနော်မြင်တာပေါ့လေ။" "ကျနော်စဥ်းစားမိတာပေါ့လေ။ ခုဏက လူအများစုရဲ့ ထောက်ခံမှုတို့၊ consent ပေါ့လေ၊ အဲတာပြောတဲ့နေရာမှာ လူအများစုက မဲပေးလိုက်လို့ပဲဖြစ်ဖြစ်၊ လူအများစုက ထောက်ခံလို့ပဲဖြစ်ဖြစ် ဒီလူဟာ နေရာတနေရာရသွားပြီး legitimacy ရသွားပြီလို့ သတ်မှတ်လို့ရရဲ့လားပေါ့။ ကျနော်စဥ်းစားတာ အခုနောက်ပိုင်းမှာ နိုင်ငံရေးသမားတွေ ဒီဟာကို အသုံးချပြီးတော့ အကြောက်တရားတို့၊ phobia တို့၊ နောက် တခြား လူတွေကို ထိတ်လန့်စေမယ့်အရာမျိုးတွေကို အသုံးချပြီးတော့မှ၊ exploit လုပ်လာပြီးတော့မှ ပြည်သူတွေရဲ့ ထောက်ခံမှုကို တောင်းလာတယ်၊ ယူလာတယ်။ နောက်ပိုင်း အောင်မြင်ပြီးတော့မှ သူတို့ နေရာတနေရာရလာတဲ့အထိ ဖြစ်လာတဲ့ဟာတွေကိုရော ကျနော်တို့က ဒီလူဟာ legitimacy ရှိပါတယ်လို့ သတ်မှတ်လို့ရလားပေါ့။"
Mostrar todo...
ShortURL - URL Shortener

ShortURL is a tool to shorten a long link and create a short URL easy to share on sites, chat and emails. Track short URL traffic and manage your links.

👍 10
"Betham ပြောတဲ့ထဲမှာဆိုရင်တော့ တရားဝင်မှုကို ဥပဒေနဲ့ ကိုက်ညီမှုရှိသလား၊ ပြည်သူတွေရဲ့ မျှဝေယုံကြည်မှုနဲ့ စည်းစံတွေနဲ့ ယုံကြည်မှုရှိသလားပေါ့၊ နောက်တခုက ပြည်သူ့ဆန္ဒကို ဖော်ဆောင်သလား ဆိုတဲ့သုံးခု။ သူတို့ကတော့ အဲဒီလိုမျိုး ပြန်ဖွင့်ဆိုထားတယ်ပေါ့နော်။ ပြည်သူ့ဆန္ဒဖော်ဆောင်နိုင်တဲ့သူကလည်း legitimacy ကို action ပေါ့နော်၊ သူ့ရဲ့ performance နဲ့ ရနိုင်တယ်။ နောက်တခုကတော့ တရားဥပဒေကြောင်းအရ ရနိုင်တဲ့ legitimacy ကလည်း ရှိတယ်။ နောက်တခုကတော့ ပြည်သူတွေရဲ့ မျှဝေယုံကြည်ထားတဲ့ နှုန်းစံတွေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ လျော်ညီတယ်ဆိုလို့ရှိရင်လည်း ဒါ တရားဝင် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဝင်မှုရှိတယ်ဆိုပြီးတော့ ပြောထားတာပေါ့နော်။" "ဒီမှာပြောထားတာတော့ ဥပဒေအရ တရားဝင်မှုဆိုပြီးတော့ ပြောထားတယ်။ ဒါပေမယ့် ဥပဒေကိုယ်တိုင်က တရားဝင်လားဆိုတာလည်း ကျနော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်ဖို့လိုမယ်နဲ့တူတယ်။ ဆိုတော့ ဥပဒေတိုင်းက တရားဝင်တာတော့ မဟုတ်ဘူးဗျာ။ ကျနော်မြင်တာတော့ ဥပမာ ကျနော်တို့နိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေကိုကိုင်ပြီးတော့ တရားဝင်တယ်လို့ပြောတဲ့ အစုအဖွဲ့တွေရှိတယ်။ ဆိုတော့ ၂၀၀၈ ကိုယ်တိုင်ကရော တရားဝင်တယ်လို့ပြောလို့ရလား ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ဖို့လိုလာတယ်။ သူ့ရဲ့ အတည်ပြုတဲ့ဖြစ်စဥ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၀၈ က နာဂစ်ပြီးတဲ့ရက်ပိုင်းအတွင်းမှာပဲ ဆန္ဒခံယူပွဲလုပ်တယ်။ ပြီးတော့ အဲမှာလည်း လာမထည့်နိုင်တဲ့၊ သေသွားတဲ့လူတွေအများကြီးရှိတယ်။ ဒါကိုမှ မဲပေးတဲ့သူ ၉၀% ကျော်က ဒီဟာကို ထောက်ခံတယ်ဆိုပြီးတော့ ပြောတဲ့ဟာက ဘယ်လိုမှ ယုတ္တိမရှိဘူးဗျာ။ ဆိုတော့ အဲတာတွေကိုလည်း ပြန်ပြီးတော့ သေချာလေးကြည့်ဖို့လိုတယ်။ နောက်တခုက သူရေးဆွဲတဲ့ဖြစ်စဥ်မှာလည်းပဲ ညီလာခံခေါ်တယ်ဆိုပေမယ့် ညီလာခံကလည်း သိတဲ့အတိုင်းပဲ စစ်အစိုးရက မူဝါဒတွေချပေးပြီး အဲမူဝါဒတွေအတိုင်းပဲ သွားရတဲ့၊ ရေးရတဲ့ ညီလာခံဖြစ်တယ်ဆိုတော့ ဒါတွေက တကယ်အစစ်အမှန်ညီလာခံလိုမျိုး၊ တကယ့်အစစ်အမှန်ဆွေးနွေးမှု၊ အစစ်အမှန် ပြည်သူတွေရဲ့ထောက်ခံမှုတွေပါတဲ့ ဖွဲ့စည်းပုံဖြစ်ရဲ့လားဆိုတာကို ပြန်ပြီးတော့ မေးခွန်းထုတ်ဖို့လိုတယ်။ ဆိုတော့ အဲလိုမျိုး ပြည်သူတွေရဲ့ဆန္ဒမပါဘဲနဲ့ ရေးထားတဲ့ ဖွဲ့စည်းပုံဖြစ်မယ်ဆိုလို့ရှိရင် ဒါကိုရော ဒီဖွဲ့စည်းပုံကို တရားဝင်မှုရှိတယ်ပြောလို့ရပါ့မလား။ ကျနော်တို့က ဥပဒေအရ တရားဝင်မှုကိုမသွားခင် ဥပဒေကိုယ်တိုင်ရဲ့ တရားဝင်မှုကို ပြန်ပြီးတော့ မေးခွန်းထုတ်ဖို့ လိုတယ်ဆိုတဲ့ အချက်လည်း ရှိတယ်ပေါ့လေ။ ပြီးတော့ နောက်တခုက ကျနော်တို့ရှေ့မှာ ဆွေးနွေးသွားကြတဲ့အထဲမှာလည်း ပါသွားတာရှိတယ်။ ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲကနေတက်လာပြီးတော့မှ ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့လုပ်ရပ်တွေလုပ်လို့ရှိရင် သူ့ကိုရော တရားဝင်တယ်လို့ ခေါ်နိုင်ပါဦးတော့မလားပေါ့။ ကျနော် ယူဆတာကတော့ ဒီရွေးကောက်ပွဲကပေးတဲ့တရားဝင်မှုဆိုတာက သူတို့တသက်တာလုံး မြဲနေမယ့်တရားဝင်မှုမျိုး မဟုတ်ဘူးဗျာ။ ရွေးကောက်ပွဲကပေးတယ်ဆိုတာက သူတို့ကိုရွေးကောက်တဲ့သူတွေရဲ့ဆန္ဒကို ဖော်ဆောင်ပေးဖို့ ကိုယ်စားလှယ်အနေနဲ့ လွှတ်လိုက်တဲ့ဟာပဲ။ အဲဒီသူတို့ရဲ့ အဓိကပင်မဖြစ်တဲ့ သူတို့ကိုရွေးကောက်တဲ့လူတွေရဲ့ဆန္ဒနဲ့ မကိုက်ညီတော့တာတွေလုပ်တယ်ဆိုလို့ရှိရင် အဲအချိန်မှာ သူ့ရဲ့တရားဝင်မှုက တန်းပြီးတော့ပျက်သွားတာပဲလို့ ကျနော်ယူဆတယ်ပေါ့လေ။ အဲတာကြောင့်မလို့ပဲ ပုံမှန်ဒီမိုကရေစီကာလတွေမှာဆိုရင်လည်း right to recall လို လွှတ်တော်ကိုယ်စားလှယ်တွေပြန်ပြီးတော့ ရုတ်သိမ်းပိုင်ခွင့်တို့ ဘာတို့ရှိတယ်ပေါ့လေ။ ဆိုတော့ အဲလိုမျိုး ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့ဟာတွေလုပ်လိုက်မယ်ဆိုလို့ရှိရင် လုပ်လိုက်တဲ့အချိန်မှာပဲ ရွေးကောက်ပွဲကနေ သူတို့ဘယ်လောက်ပဲ မဲရာခိုင်နှုန်းရရ အဲဒီလူက အဲဒီအချိန်မှာပဲ တန်းပြီးတော့ တရားဝင်မှုရပ်ဆိုင်းသွားတယ်ဆိုတာမျိုး ကျနော်က ယူဆတယ်ပေါ့လေ။" "နောက်တချက်က ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့အကျိုးဆိုတာကိုလည်း ကျနော်တို့ တွဲကြည့်ဖို့လိုမယ်နဲ့တူတယ်ဗျ။ ခုဏကလိုမျိုး နာဇီဖြစ်သလိုမျိုးဆိုရင် သူက ပြည်သူ့ဆန္ဒ၊ အများစုဆန္ဒ မပါဘူးလို့ ပြောလို့မရဘူးဗျာ။ ဒါပေမယ့် သူတို့ရဲ့ပြည်သူတွေရဲ့ အကျိုးဖြစ်သလားဆိုတာမျိုး ပြန်ကြည့်လို့ရှိရင် နောက်ဆုံးမှာ ဒါကပြဿနာဖြစ်တာပဲပေါ့။ အကျိုးမထွက်ဘူးဆိုတဲ့ဆီကို ပြန်ရောက်တယ်။ ဆိုတော့ ခုဏလို populism လှိုင်းမိပြီးတော့ လူများစုက ခုဏကပြောတဲ့ မကောင်းတဲ့ခေါင်းဆောင်တွေ၊ မကောင်းတဲ့အဖွဲ့အစည်းတွေနောက်မှာပဲ ရောက်နေရင်တောင်မှ သူတို့ရဲ့ဆန္ဒကအဲလိုဖြစ်ပေမယ့်လည်း သူတို့ရဲ့အကျိုးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လုပ်နေမယ်ဆိုလို့ရှိရင် အဲဒီအဖွဲ့အစည်း (ခုဏကလိုရွေးကောက်ပွဲကနိုင်လာတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းပဲဖြစ်ဖြစ်) အဲဒီအဖွဲ့အစည်းတွေကိုရော တရားဝင်မှုရှိတယ်လို့ သတ်မှတ်နိုင်ပါ့မလားဆိုတာလည်းပဲ စဥ်းစားမိတယ်ပေါ့လေ။ ဆိုတော့ တရားဝင်မှုကို ပြည်သူ့ဆန္ဒတခုတည်းနဲ့တော့ တိုင်းတာလို့ မလုံလောက်ဘူးလို့ မြင်တယ်။ ပြည်သူ့ဆန္ဒရော၊ ပြည်သူ့အကျိုးကိုရော တကယ်ဖော်ဆောင်လားဆိုတဲ့ ဒီနှစ်ချက်နဲ့ ပြန်တိုင်းရင်တော့ ခုဏက နာဇီကလည်းပဲ တရားဝင်တယ်လို့ပြောဖို့တော့ ခက်တယ်ပေါ့လေ။ ဆိုတော့ ပြည်သူ့ဆန္ဒရယ်၊
Mostrar todo...
👍 7
"စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်း (Legitimacy)" လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ တော်လှန်ရေးအတွင်း စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ရှုထောင့်မျိုးစုံကနေ ပြောဆိုလျက်ရှိပါတယ်။ လေးမျက်နှာစကားဝိုင်းမှာလည်း စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်းခေါင်းစဉ်နဲ့ ‌စကားဝိုင်းတွေပြုလုပ်ခဲ့ပါတယ်။ အခုတပတ်မှာလည်း Legitimacy ဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ရှုထောင့်မျိုးစုံကနေ ဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ Legitimacy ဆိုတာနဲ့ နိုင်ငံတကာ ဥပဒေရှုထောင့်မှာတော့ De jure (ဥပဒေအရ) ၊ De facto (မြေပြင်အုပ်ထိန်းနိုင်စွမ်းအရ)ဆိုပြီး ခွဲခြားကြတာကိုလည်း တွေ့နိုင်ပါတယ်။  တစ်ဖက်မှာလည်း နိုင်ငံရေးအရ Max Weber ရဲ့ Traditional - ရိုးရာဓလေ့၊ Charismatic - သြဇာ တိက္ကမ ၊ Rational-legal လုပ်ထုံးလုပ်နည်းစည်းမျဉ်း အရသက်ဆင်းတယ် ဆိုပြီးခွဲခြားကြတာလည်းရှိပါတယ်။ နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအချင်းချင်းကြားမှာကော ၊ ၂၀၂၁ မတိုင်ခင်က ရှိပြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ကြားမှာကော ဘယ်သူက တရားဝင်အုပ်ချုပ်ခွင့်ရှိကြသလဲဆိုတာကို မကြာခဏ အငြင်းပွားလေ့ရှိနေကြပါတယ်။ ဒါကြောင့် “Legitimacy” အပေါ် ရှင်းလင်းတဲ့နားလည်မှုမတည်ဆောက်နိုင်ခြင်းက တော်လှန်ရေးအစုအဖွဲ့အကြားမှာ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု မတည်ဆောက်နိုင်တဲ့ အရင်းခံပြဿနာတခုအဖြစ် တည်ရှိနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်းရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာ - - Legitimacy ဆိုတာဘာလဲ။ ဘယ်လိုမျိုး အရေးပါတာလဲ။Legitimacy ဘယ်နှစ်မျိုးရှိတာလဲ။ - လက်ရှိ နွေဦးတော်လှန်ရေးကာလမှာကော Legitimacy ကို ဘယ်လိုမျိုး နားလည်မှုပုံစံတွေရှိကြလဲ။ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိနေကြလဲ။ - တော်လှန်ရေးကာလမှာ Legitimacy ကို ဘယ်လိုမျိုး ရှုမြင်သင့်သလဲ။ စတာတွေအပေါ် ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေ့ရက် - ၁ - ၅ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ Zoom ID – 861 2884 6748 (Password မလိုပါ) Zoom link — https://us04web.zoom.us/j/76488792796?pwd=IQLWELpZPmJf6eZPnlKPvpdZkEYC4H.1 "တော်လှန်ရေးကာလ တရားဝင်မှု"  ၊ သစ်ပုပ် - Thitpote ၊ ဇွန် ၂၀၂၂ https://www.facebook.com/thitpote/posts/pfbid02gjnq8ZxXdiuaqsMmY5KcL7FTgog4npNuCN66cy4WEdpkGV2FPrMXZeYGpfsvZxapl
Mostrar todo...
Join our Cloud HD Video Meeting

Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, conference, huddle, and training rooms, as well as executive offices and classrooms. Founded in 2011, Zoom helps businesses and organizations bring their teams together in a frictionless environment to get more done. Zoom is a publicly traded company headquartered in San Jose, CA.

👍 5