en
Feedback
Hlaing Info

Hlaing Info

Open in Telegram

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info

Show more

📈 Analytical overview of Telegram channel Hlaing Info

Channel Hlaing Info (@infohlaing) in the Burmese language segment is an active participant. Currently, the community unites 49 414 subscribers, ranking 5 311 in the News & Media category and 2 943 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 49 414 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 064 over the last 30 days and by -64 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.83%. Within the first 24 hours after publication, content typically collects 5.09% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 880 views. Within the first day, a publication typically gains 2 518 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 68.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info”

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

49 414
Subscribers
-6424 hours
-2307 days
-1 06430 days
Posts Archive
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသာ
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။ မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ Good night ပါခင်ဗျာ။ #HlaingInfo

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၈ ရက်နေ့ ရရှိထားသော အချက်
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၈ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KTM #HlaingInfo

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ကန့်ကွက် စက်တင်ဘာလ ၈ ရက် ချင
ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ကန့်ကွက် စက်တင်ဘာလ ၈ ရက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) မှ ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း Global Khumi Organization (GKO) က ကန့်ကွက်ရှုံ့ချကြောင်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ULA/AA မှ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ယခုကဲ့သို့ ပညာရေးသင်ရိုးများကို စတင် ပြဋ္ဌာန်းလာခြင်း ဖြစ်သည်။ "လက်ရှိမှာ AA က ပလက်ဝမြို့နယ်အတွင်းက အခြေခံပညာရေးကျောင်းတွေမှာ ရခိုင်ဘာသာစကား သင်ရိုးညွှန်းတမ်တခုအနေနဲ့ ထည့်သွင်းတယ်။ ဒေသခံတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာမျိုးမရှိဘူး။ရခိုင်ဘာသာစကားနဲ့ အတင်းအကျပ် သင်ကြားစေနေတာ ဖြစ်ပါတယ်"ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ ရခိုင်ဘာသာစကားဖြင့် ပညာရေးသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းသင်ကြားခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူမီးလူမျိုးများနှင့် အခြားတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး ယခုဆောင်ရွက်မှုသည် ဒေသတွင်း တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း GKO က ထောက်ပြထားသည်။ "ကိုယ့်ဘာသာစကားကို ကာကွယ်ပိုင်ခွင့် ရှိသလို အခြားလူမျိုးစုတွေရဲ့ အချုပ်အခြာနဲ့ ကိုယ်ပိုင်လက္ခဏာကို အဓမ္မလွှမ်းမိုးဖို့ ကြိုးစားတာဟာ တန်းတူရေးကို တိုက်ရိုက်ဆန့်ကျင်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ဒါကြောင့် ပလက်ဝမြို့နယ်မှာ ရခိုင်စာ အတင်းအကျပ် သင်ခိုင်းနေတာကို ကျတော်တို့ လက်ခံနိုင်စရာ မရှိပါဘူး"ဟု GKO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒေသခံပြည်သူ အများစု၏ ဆန္ဒမပါဘဲ မိမိတို့အလိုကျ အတင်းအကျပ် လုပ်ဆောင်မှုများသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အဆိုပါလုပ်ရပ်ကို GKO က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။ #AYAT #HlaingInfo

SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးယူနစ် တို့ပါဝင်လာ စက်တင်ဘာလ ၈ ရက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထော
SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးယူနစ် တို့ပါဝင်လာ စက်တင်ဘာလ ၈ ရက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှာ အဖွဲ့ဝင်အသစ်တွေ အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ် တို့ ပါဝင်လာပြီဖြစ်တယ် လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်အသစ်တွေကို အတည်ပြုခဲ့ ကြတာပါ။ အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက် ထားရှိမှုတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF ရဲ့ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြပြီး သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ မူလက KIO ၊ KNU ၊ CNF ၊ KNPP ၊ CRPH နဲ့ NUG တို့ ၆ ဖွဲ့ရှိခဲ့ရာ အခု ၃ဖွဲ့ထပ်မံဝင်ရောက်လာတဲ့အတွက် ၉ ဖွဲ့အထိ ရှိသွားပြီလည်းဖြစ်ပါတယ်။ #PVTV #HlaingInfo

ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အကြိမ်ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ
ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက အကြိမ်ကြိမ် ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိ စက်တင်ဘာလ ၈ ရက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူး၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ကမမောင်းဒေသဘက်မှတစ်ဆင့် ဖာပွန်ခရိုင်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို KNU/KNLA/KNDO နှင့် နဂါးနက်စစ်ကြောင်း အပါအဝင် မဟာမိတ် တပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အတွက် လေကြောင်း ပစ်ကူများနှင့် လက်နက်ကြီး ပစ်ကူများကို အပြင်းအထန် အသုံးပြုကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။ "စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာကတော့ ကြာပါပြီ။ စစ်ကောင်စီဘက်ကတော့ အင်အား အရမ်းသုံးလာတာပါ။ တခြား စစ်ကူတပ်တွေ၊ လေယာဉ်တွေ၊ လက်နက်ကြီး ပစ်ကူတွေပါ အလုံးအရင်း သုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးလာလိုက် ကျွန်ုပ်တို့ဘက်က ခုခံတိုက်ခိုက်လိုက်နဲ့ ခဏခဏ တပ်က လန့်ကျပြီး ပြန်ဆုတ်သွားလိုက်၊ ပြန်တက်လာလိုက် လုပ်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတာ ရှိပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ ၁၀၀ ကျော်လောက် ရှိနေပါပြီ။ သူတို့က ဖာပွန်ထဲကို ပြန်ထိန်းချုပ်ဖို့ လုပ်နေတာပါ" ဟု နဂါးနက်စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်တတ်တူးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကတိုင်တိကျေးရွာနှင့် မင်းပုလဲကျေးရွာတို့၌ အထိုင်ချ တပ်စွဲထားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။ #KTM #HlaingInfo

မကွေးတိုင်းက စစ်မှုထမ်းတွေကို နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေမှုတွေ ရှိနေ စက်တင်ဘာလ ၈ ရက် မကွေးတိုင်းမှာ စစ်မှုထမ်
မကွေးတိုင်းက စစ်မှုထမ်းတွေကို နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေမှုတွေ ရှိနေ စက်တင်ဘာလ ၈ ရက် မကွေးတိုင်းမှာ စစ်မှုထမ်းတွေကို သင်တန်းကျောင်း မပို့ဘဲ နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေဖို့​ လုပ်ဆောင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သင်တန်းအပြီး ရှေ့တန်း ပို့ခံရမှာစိုးရိမ်တာကြောင့် မိသားစုနဲ့ငွေကြေးညှိနှိုင်းတာ ဒါမှမဟုတ် နယ်မြေတပ်စခန်းတွေမှာပဲ သင်တန်းပေးပြီး စခန်းစောင့်ထားတာတွေရှိတယ်လို့ သိရပါတယ်။ "တချို့က ပထမအကြိမ် စစ်မှုထမ်းစာရင်းပါလို့ ငွေကြေးနဲ့ညှိပြီးလွတ်ပြီးသားတွေ၊ နောက်တစ်ခေါက် ပြန်စစ်မှုထမ်း အဖမ်းခံရတော့ အထက်နဲ့ညှိမရဘဲ န​ယ်မြေစခန်းနဲ့ပဲ ညှိပြီး ဝက်စာကျွေးတာ၊ စိုက်ပျိုးရေး လုပ်တာစတာတွေမှာ ခိုင်းတာပေါ့။"လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီလိုမျိုး လုပ်ကိုင်နေရသူတွေ အများစုဟာ အုပ်ချုပ်ရေးမှုး၊ ဒါမှမဟုတ် စစ်တပ်လက်အောက်ခံစစ်သားတွေနဲ့ ဆွေမျိုးနီးစပ်သူတွေဖြစ်ပြီး စစ်မှုထမ်းစာရင်းဝင်တယ်လို့ သိရပါတယ်။ စစ်မှုထမ်းသက်တမ်း ကြာမြင့်တဲ့အချိန်ထိ သက်ဆိုင်ရာနယ်မြေတပ်စခန်းမှာ လုပ်ကိုင်နေရမှာဖြစ်ပြီး အဲဒီ အချိန်ပြည့်ချိန်မှာ မိသားစုထံပြန်လို့ရတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေတပ်စခန်းတွေကနေ အဲဒီလိုမျိုး ညှိနှိုင်းလုပ်ဆောင်မှုတွေရှိနေပေမဲ့လည်း ထွက်ပြေးနေသူတွေလည်းရှိနေတ​ယ်လို့ သိရပါတယ်။ "ရွာက ကလေးက စက်ပစ္စည်း နည်းနည်း ပြင်တတ်တယ်။ သူ့ဦးလေးတွေကလည်း စစ်တပ်ကပဲ။ အဲဒီအဖမ်းခံရတဲ့တပ်ထဲမှာပဲ စက်ပစ္စည်းတွေ၊ ကားတွေတောက်တိုမယ်ရ ပြင်ပေးပြီးနေတာ။ နောက်တော့ထွက်ပြေးတယ်လို့ သိရတယ်။"လို့ စကုမြို့နယ်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မကွေးတိုင်းက စစ်မှုထမ်းစာရင်းပါသူတွေနဲ့ ပေါ်တာဆွဲခံရသူတွေကို တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းသင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းတွေကို ရခိုင်ပြည်နယ်ရှေ့တန်းကိုပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ #TLT #HlaingInfo

ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖ
ပြည်မြို့နယ်၊ ဝက်ထီးကန်တွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစား စက်တင်ဘာလ ၈ ရက် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေတွင် အသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ပျူစောထီးများက ပေါ်တာာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ်ရောင်းစားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝက်ထီးကန်၊ အရှေ့ဈေး၊ ထန်းကုန်းရပ်ကွက်ရှိ ကွမ်းယာဆိုင်တွင် ရောက်ရှိနေသောအသက် ၁၇ နှစ်အရွယ် မောင်စောတင်မိုးကို ဝက်ထီးကန်ရဲစခန်းမှ ရဲများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသော လူငယ်သည် ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ဝက်ထီးကန်ရဲစခန်းသို့ ခေါ်ဆောင်လာပြီးနောက် ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းရှိ စစ်မှုထမ်း လူသစ်စုဆောင်းရာ နေရာကို ရဲများက သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့တွင် မိသားစုဝင်များက ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းသို့ သွားရောက်၍  မောင်စောတင်မိုးသည် အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ကြောင်း ပြောဆိုကာ ပြန်လည်ရွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့သို့ ရွေးထုတ်နိုင်ခဲ့သော်လည်း ဩဂုတ်လ ၂၈ ရက်နေ့တွင် ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းရှိ ကွပ်သစ်မှ ပျူစောထီး ကိုလတ် နှင့် ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးတို့ ပူးပေါင်းကာ မောင်စောတင်မိုးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးပြီး မကွေးတိုင်းဘက်သို့ စစ်မှုထမ်း တပ်သားသစ် အဖြစ် ရောင်းစားလိုက်ကြောင်း သိရှိရသည်။ ထိုသို့ ပျူစောထီးများ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် လက်ရှိချိန်ထိ မိသားစုဝင်များနှင့်  မောင်စောတင်မိုးတို့ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။ "မောင်စောတင်မိုးက ပြည်မြို့နယ် ဝက်ထီးကန် အရှေ့စျေးက နှောကန်အုပ်စုထန်းကုန်းရပ်ကွက်မှာ နေထိုင်တာ အသက်က ၁၇ နှစ်ပဲရှိသေးတယ်။ ပထမအကြိမ် အဖမ်းခံရက ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းခံရတာ ဝက်ထီးကန် အရှေ့စျေး ကွမ်းဆိုင်မှာ အဖမ်းခံရတာ အဲတာက ဝက်ထီးကန်ရဲစခန်းက ဖမ်းတာ မိသားစုဝင်တွေက အသက်မပြည့်သေးဘူးဆိုပြီး လိုက်ထုတ်လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီး သိပ်မကြာဘူး။ ဝက်ထီးကန် ဆေးရုံနောက်ကြောလမ်းမှာ ကွပ်သစ်က ပျူစောထီး ကိုလတ်နဲ့ ကွင်းကြီးရွာ ပျူစောထီး မြင့်စိုးနှင့်ပူးပေါင်းပြီး မောင်စောတင်မိုးကို ထပ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။  ယခုလ ပထမပတ်ထဲမှာပဲ နယ်ကျော်ပြီး မကွေးတိုင်းဘက်ကို စစ်မှုထမ်းဖို့ ထပ်ရောင်းစားလိုက်တယ်လို့သိရတယ်။ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ #KTM #HlaingInfo

ငါန်းဇွန်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး စက
ငါန်းဇွန်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး စက်တင်ဘာလ ၈ ရက် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ငါန်းဇွန်-မြို့သာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းက စက်တင်ဘာလ ၆ ရက်နေ့တွင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ယင်းနေ့တွင် မြောက်ကျင်းရွာနှင့် ကျေးရွာ အနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သားကျင်ကျေးရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အဆောက်အဦးများနှင့် စေတီများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။ "ငါန်းဇွန်-မြို့သာ လမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပြီး ၆ ရက်နေ့မှာ စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ စစ်ကြောင်းထိုးပြီး ၂ ရက်ဆက် ဗုံးကျဲတာ ၆ ရက်နေ့က ဒရုန်းနဲ့ ကျဲတာ အဲ့မှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ပြီး သံဃာတော်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာ ၇ ရက်နေ့က လေယာဉ်နဲ့ ကျဲတာ အဲတာကတော့ အဆောက်အဦးနဲ့ စေတီတွေလောက်ပဲ ထိခိုက်ပျက်စီးတယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော ပါရာမော်တာ ၂ စီးနှင့် ဂျိုင်ရိုကော်ပတာ ၃ စီးတို့ဖြင့် ချောင်းဦးမြို့နယ် အရှေ့တောင်ဘက်ခြမ်းနှင့် အနောက်မြောက်ခြမ်းတို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်များ ပျက်စီးခြင်းမျိုး မရှိကြောင်း သိရှိရသည်။ "စခတွေ ပါရာမော်တာ ၂ စီးနဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုး မရှိဘူးလို့ သိရတယ်။ အရှေ့တောင်ဘက်ခြမ်းနဲ့ အနောက်မြောက်ခြမ်း တောထဲကို ကျဲသွားတာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ - မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo

ဖာပွန်က လယ်မူပလောစစ်တပ်စခန်းကို KNU သိမ်းယူ စက်တင်ဘာလ ၈ ရက် ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တ
ဖာပွန်က လယ်မူပလောစစ်တပ်စခန်းကို KNU သိမ်းယူ စက်တင်ဘာလ ၈ ရက် ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့  KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။ မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲစခန်း(လယ်မူပလော)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မေလမှာစတင်ကာ  KNU တပ်မဟာ(၅)က ဝန်းရံပိတ်ဆို့ထားတာပါ။ အဲဒီနောက်စစ်တပ်စခန်းကို ရိက္ခာဖြတ်တောက်တာ၊မြေပြင်စစ်ကူမပို့နိုင်အောင်လမ်းကြောင်းဖြတ်တောက်တာနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက် မပြတ်လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို ဝန်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံရပြီးနောက်ဒီနေ့ (စက်တင် ဘာလ ၈ ရက်)မနက်ပိုင်းမှာတော့စခန်းကို စစ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတာကြောင့် KNU တပ်မဟာ (၅) က တက်ရောက်ရှင်းလင်းပြီးသိမ်း ယူလိုက်တာလို့သိရပါတယ်။ မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ထော်မူပလဲမဲ(လယ်မူပလော)စခန်းဟာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ထိုင်တဲ့စခန်းဖြစ်ပါတယ်။ #KTM #HlaingInfo

သရက်ချောင်းနှင့် လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁ ဦးကို ပစ်သတ်၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ စ
သရက်ချောင်းနှင့် လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁ ဦးကို ပစ်သတ်၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ စက်တင်ဘာလ ၈ ရက် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁ ဦးကိုပစ်သတ်ခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဩဂုတ်လပိုင်းက စတင်ကာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ သရက်နှစ်ခွရွာကို ဝင်ရောက်လာစဉ် တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် သရက်နှစ်ခွရွာတွင် နေထိုင်သော အသက် ၅၀ ကျော်အရွယ် ဒေါ်ရင်မြင့် ကျည်ထိမှန်ခဲ့ပြီး သွေးထွက်လွန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ "သရက်နှစ်ခွရွာက မြိတ်-ထားဝယ် လမ်းဘေးက ရွာပဲ ဒီကောင်တွေ စစ်ကြောင်းထိုးလာတာကို တော်လှန်ရေးတပ်က မိုင်းဆွဲ ဟန့်တားတာပေါ့။ အဲတာကို စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်း ပစ်တာ ပြည်သူအမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး သွေးထွက်လွန်လို့ သေဆုံးတယ်။ ခွေးစစ်ကြောင်းက မြိတ်-ထားဝယ် လမ်းကို ပြန်ထိန်းချုပ်ချင်နေတာ စစ်ကြောင်းထိုးနေတာ ဩဂုတ်လတည်းက ထိုးနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ သေဆုံးသွားသော ဒေါ်ရင်မြင့်၏ ရုပ်အလောင်းကို စစ်တပ်က အချိန်အတော်ကြာမြင့်အောင် သယ်ဆောင်ခွင့်မပေးသော်လည်း လက်ရှိချိန်တွင် နေအိမ်သို့ ပြန်လည် သယ်ဆောင်ခွင့်ပေးကြောင်း၊ ထို့ပြင် ဒေါ်ရင်မြင့်  ရုပ်အလောင်းကို စက်တင်ဘာလ ၉ ရက်နေ့တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း Rehmonnya - Human Rights Foundation of MonLand  ထံမှ သိရသည်။ အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်း ထိုးလာ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်မှ အင်အား ၁၀၀ ကျော် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြင်းထိန်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ "ဒီနေ့ လောင်းလုံးမြို့ပေါ်က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေ ပြင်းထိန်ရွာကို ရောက်နေတယ်။ အခုထိ ရွာထဲမှာ တပ်စွဲထားတုန်းပဲ ဘယ်ကို ဆက်လက် ထွက်ခွာမလဲတော့ မသိဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထိုစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်မှ ပြန်လည် ထွက်ခွာလာကာ ပြင်းထိန်ရွာကို ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းသည် မည်သည့် နေရာသို့ ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေး၍ ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက အသိပေး ပြောဆိုထားသည်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo

ရွေးတုသမ္မတ မင်းအောင်လှိုင် ဗီယက်နမ်ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ MoU ၇ ခု လက်မှတ်ထိုး၊ Mytel ၏ ချေးငွေ ဒေါ်လာ သန်း ၃၇၀ ကျေ
ရွေးတုသမ္မတ မင်းအောင်လှိုင် ဗီယက်နမ်ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ MoU ၇ ခု လက်မှတ်ထိုး၊ Mytel ၏ ချေးငွေ ဒေါ်လာ သန်း ၃၇၀ ကျော် ပေးဆပ်ရန် ကျန်နေဟု JFM ထုတ်ဖော် စက်တင်ဘာလ ၈ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းကြောင့် ကြုံတွေ့နေရသည့် နိုင်ငံခြားငွေ အကျပ်အတည်းကို ဖြေရှင်းရန် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ စီးပွားရေးဆိုင်ရာ B to B MoU ၇ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့သည် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်၏ နောက်ဆုံးနေ့တွင် ကျင်းပသည့် "မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်" ၌ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံကြရန် စည်းရုံးပြောဆိုခဲ့သည်။ အဆိုပါ ဖိုရမ်သို့ နှစ်နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ် ၆၀၀ ခန့် တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ Digital Transformation/နည်းပညာ၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ရန် B to B MoU ၇ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ရွေးတုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဖြေကြားထားသည်။ "ကျွန်မတို့နိုင်ငံက ထွက်သွားတဲ့ အရင်စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာဖို့ စိတ်ဝင်စားနေတယ်။ မေးမြန်းတဲ့ သတင်းတွေ ကြားရတယ်။ နောက်ထပ် ထပ်ပြီးတော့မှ လာချင်တဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်" ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ ဗီယမ်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို ဗီယက်နမ်သို့ အဓိကတင်ပို့ပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ် ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုမှာ Mytel ဆက်သွယ်ရေး လုပ်ငန်းဖြစ်ပြီး ဗီယက်နမ်စစ်တပ်ပိုင် ကုမ္ပဏီနှင့် ရွေးတုအစိုးရ စစ်တပ်ပိုင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ မှတ်တမ်းတင်ထားသော Viettel Global ၏ ကြားဖြတ်ဘဏ္ဍာရေး ရှင်းတမ်းများအရ Mytel မှ ပေးဆပ်ရန် ကျန်ရှိနေသည့် ရက်လွန်ချေးငွေ ဗီယက်နမ်ဒေါင် ၉.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၇၅ သန်းခန့်) ရှိကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။ အာဆီယံအဖွဲ့အတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေချိန်တွင် ဗီယက်နမ် နိုင်ငံက မင်းအောင်လှိုင်အား လက်ခံကြိုဆိုခဲ့သည့် လုပ်ရပ်အပေါ် ဗီယက်နမ်သည် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု JFM က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ထားသည်။ ဓာတ်ပုံ - PPIB #AYAT #HlaingInfo

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးပြည်နယ်တွင် မြန်မာနိုင်ငံသား စိုက်ခင်းအလုပ်သမားကို ရိုက်နှက်မှုဖြင့် ဒေသလွှတ်တော်အမတ် အပါအဝင် ဂျပ
ဂျပန်နိုင်ငံ၊  ဟော့ကိုင်းဒိုးပြည်နယ်တွင် မြန်မာနိုင်ငံသား စိုက်ခင်းအလုပ်သမားကို  ရိုက်နှက်မှုဖြင့် ဒေသလွှတ်တော်အမတ် အပါအဝင် ဂျပန် ၂ ဦးကို ရာဇဝတ်မှုဖြင့် တိုင်ကြားမည် စက်တင်ဘာလ ၈ ရက် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးက မိမိအား အလုပ်ခွင်အတွင်း တုတ်ဖြင့်ရိုက်နှက်ခြင်းနှင့် အကြမ်းဖက်ဆက်ဆံခြင်းများ ပြုလုပ်ခဲ့သော  ယင်းစိုက်ခင်းလုပ်ငန်း စီမံခန့်ခွဲနေသူ ဒေသလွှတ်တော်အမတ် အပါအဝင် ဂျပန်နိုင်ငံသား ၂ ဦးကို ရာဇဝတ်မှုဖြင့် အရေးယူပေးရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသားတစ်ဦးသည် ဂျပန်နိုင်ငံ၏ Specified Skilled Worker အစီအစဉ်ဖြင့် ယခုနှစ် မေလတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဟော့ကိုင်းဒိုးပြည်နယ်၊ ကျိုဂိုခုမြို့ရှိ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က တိုကျိုမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာအလုပ်သမား၏ ပြောဆိုချက်အရ အလုပ်လုပ်ရာတွင် အမှားပြုလုပ်မိသည့်အခါ သို့မဟုတ် ဂျပန်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုရန် အခက်အခဲရှိသည့်အခါ စိုက်ခင်းနှင့်ဆက်စပ်သူများက အင်္ကျီကော်လာကို ဆွဲကိုင်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ဂျပန်မှာ ပညာလည်းသင်ပြီး မိသားစုဆီကိုလည်း ငွေပို့နိုင်ဖို့ မျှော်လင့်ချက်နဲ့ လာခဲ့တာပါ။ ဒါပေမယ့် ရိုက်နှက်ခံခဲ့ရပြီးနောက် ကောင်းကောင်းမအိပ်နိုင်တော့ဘဲ အခုထိ အိပ်မက်ဆိုးတွေ မက်နေတုန်းပါ” ဟု မြန်မာအလုပ်သမားက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ၎င်းသည် စိုက်ခင်းလုပ်ငန်းနှင့် ဆက်စပ်နေသူ ၂ ဦးကို ရိုက်နှက်မှုဖြင့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းရန် စီစဉ်နေပြီး၊ ယင်းတို့အနက် တစ်ဦးမှာ ဒေသလွှတ်တော်အမတ်တစ်ဦးဖြစ်ကာ စိုက်ပျိုး ရေးလုပ်ငန်းကို အမှန်တကယ် စီမံခန့်ခွဲနေသူဖြစ်သည်ဟု ဆိုသည်။ ယင်းစိုက်ခင်းလုပ်ငန်းနှင့် ပတ်သက်၍ ယခုမြန်မာအမျိုးသားတစ်ဦးတည်းသာမက အခြားမြန်မာ နိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၆ ဦးကိုလည်း Sapporo General Union က ကူညီကာ လုံခြုံသည့်နေရာသို့ ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရသည်။ အခြားမြန်မာအလုပ်သမားတစ်ဦးကလည်း ယင်းစိုက်ခင်းလုပ်ငန်းနှင့် ဆက်စပ်သူ ၂ ဦးကို ရိုက်နှက်ပြီး ဒဏ်ရာရစေမှုဖြင့် ဟော့ကိုင်းဒိုးရဲတပ်ဖွဲ့ထံ ဩဂုတ်လနှောင်းပိုင်းတွင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် တင်သွင်းထားပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အလုပ်သမားသမဂ္ဂ၏ စုံစမ်းမှုအရ ယင်းစိုက်ခင်းတွင် အလုပ်လုပ်ခဲ့သည့် မြန်မာအလုပ်သမားများ သည် သံတုတ်များဖြင့် ကျောကိုရိုက်နှက်ခံရခြင်း၊ ဦးခေါင်းကို ရိုက်ပုတ်ခံရခြင်းနှင့် နှုတ်ဖြင့်ဆဲဆိုစော် ကားခံရခြင်း အပါအဝင် အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ယင်းစိုက်ပျိုးရေးလုပ်ငန်းသည် မေလမှစတင်၍ မြန်မာအလုပ်သမား ၃၀ ခန့်ကို လက်ခံအလုပ်ခန့်ထား ခဲ့ကြောင်း၊ အလုပ်ခွင်အတွင်း အကြမ်းဖက်မှုနှင့် နှောင့်ယှက်စော်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပွားခဲ့နိုင်ခြေရှိသဖြင့် ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက အခြေအနေမှန်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။ စွပ်စွဲခံထားရသည့် ဒေသလွှတ်တော်အမတ်မှာမူ ယင်းကိစ္စနှင့်ပတ်သက်၍ လူသိရှင်ကြား ရှင်းလင်းပြောဆိုခြင်း မရှိသေးဘဲ၊ စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကျင်းပသည့် ဒေသလွှတ်တော်ပုံမှန်အစည်း အဝေးသို့လည်း “ကိုယ်ရေးကိုယ်တာအကြောင်းပြချက်” ဖြင့် ပျက်ကွက်နေကြောင်း သိရသည်။ ထို့ပြင် ယခုစွပ်စွဲမှုများ ဖြစ်ပွားနေသည့် စိုက်ပျိုးရေးလုပ်ငန်း၏ လိပ်စာတစ်ခုတည်းတွင် ယခင်က လုပ် ကိုင်ခဲ့သည့် ကုမ္ပဏီတစ်ခုသည် ၂၀၂၂ ခုနှစ်တွင် နည်းပညာအလုပ်သင်များ၏ လူ့အခွင့်အရေးကို ဆိုး ရွားစွာ ချိုးဖောက်ခဲ့သည်ဟု သတ်မှတ်ခံရပြီးနောက် ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များက နည်းပညာအလုပ်သင်လက်ခံခွင့် အသိ အမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခဲ့ဖူးကြောင်းလည်း Mainichi သတင်းက ဖော်ပြထားသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာအလုပ်သမားများအပေါ် အလုပ်ခွင်အတွင်း အကြမ်းဖက်ရိုက်နှက်မှု၊ နှုတ်ဖြင့်စော်ကားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို ဂျပန်အာဏာပိုင်များက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ #KTM #HlaingInfo

မင်းအောင်လှိုင်နှင့် စစ်အရာရှိများအပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ထုတ်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာက ဖမ်းဆီးပေးရန်
မင်းအောင်လှိုင်နှင့် စစ်အရာရှိများအပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ထုတ်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာက ဖမ်းဆီးပေးရန် ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ စက်တင်ဘာလ ၈ ရက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အရာရှိများအပေါ် အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့အကောင် အထည်ဖော် ၍ ဖမ်းဆီးအရေးယူပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် Burmese Rohingya Organization UK (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က တင်ပြတောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည့် Enhanced Interactive Dialogue အတွင်း ဦးထွန်းခင်က ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံတွင် BROUK က universal jurisdiction အခြေခံဖြင့် တင်သွင်းခဲ့သည့် အမှုမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်း ၂၅ ခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်မှ အရာရှိများ ပါဝင်ကြောင်း BROUK က ပြောဆိုသည်။ ထို့ကြောင့် အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားသော မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အရာရှိများအပေါ် ဖမ်းဝရမ်း ၂၅ ခုကို စာရွက်ပေါ်တွင်သာ ရှိနေစေခြင်းမပြုဘဲ သက်ဆိုင်ရာနိုင်ငံများက နိုင်ငံ တကာတရားမျှတမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာကာ ဖမ်းဆီးအရေးယူမှုများအထိ လက်တွေ့ဆောင်ရွက်ပေးရန် BROUK က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “တရားရုံးဆုံးဖြတ်ချက်တွေကို လေးစားအကောင်အထည်ဖော်ရမယ်။ ဖမ်းဝရမ်းထုတ်ထားရင် ဖမ်း ဆီးမှုတွေအထိ ဖြစ်လာရမယ်” ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ကုလသမဂ္ဂအစည်းအဝေးတွင် အလေးပေးပြောဆိုသည်။ နိုင်ငံတကာတရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များသည် အချိန်ကြာမြင့်နိုင်သော်လည်း ရိုဟင်ဂျာများအနေဖြင့် ထပ်မံစောင့်ဆိုင်းရန် အချိန်မရှိတော့ကြောင်းလည်း ၎င်းက သတိပေးပြောဆိုသည်။ “နှစ်ပေါင်းများစွာကြာပြီးမှ တရားမျှတမှုရလာတာဟာ ရိုဟင်ဂျာတွေ မကျန်တော့ဘူးဆိုရင် အဓိပ္ပာယ်မရှိတော့ပါဘူး။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ပျောက်ကွယ်သွားခွင့်ပေးပြီးမှ နောက်ပိုင်းမှာ တရားမျှတမှုရမယ်လို့ ကတိပေးလို့ မရပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ဖို့၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့နဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ မွေးရပ်မြေမှာ အနာဂတ်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက အခုပဲ လက်တွေ့အရေးယူရမယ်” ဟု ဦးထွန်းခင်က တိုက်တွန်းခဲ့သည်။ ယင်းကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ကလည်း မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသော လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ Volker Türk က မြန်မာစစ်တပ်ထံ လက်နက်၊ ခဲယမ်းမီးကျောက်၊ ဂျက်လေယာဉ်ဆီနှင့် လူ့အခွင့် အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ ချိုးဖောက်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ လွှဲပြောင်းပေးပို့မှုကို ရပ်တန့်ရန် နိုင်ငံများအား တိုက်တွန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ခုလုံးတွင် ဖြစ်ပွားနေသည့် နိုင်ငံတကာရာဇဝတ်မှုများကို စုံစမ်းအရေးယူနိုင်ရေးအတွက် မြန်မာ့အခြေအနေတစ်ခုလုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဦးဆောင်ရေးဆွဲတင်သွင်းသည့် အခန်းကဏ္ဍရှိသော ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအခြေအနေကို ICC သို့ လွှဲပြောင်းနိုင်ရေးအတွက် လုံခြုံရေးကောင်စီအတွင်း ဦးဆောင်ကြိုးပမ်းပေးရန် တောင်းဆိုခဲ့သည်။ BROUK က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိရေးသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့် ဖမ်းဝရမ်းများကို လက်တွေ့အကောင်အထည်ဖော်ခြင်းမရှိပါက ပြစ်ဒဏ်ကင်း လွတ်ခွင့်များ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ထောက်ပြထားသည်။ #KTM #HlaingInfo

စစ်အာဏာသိမ်း (၂၀၄၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၅) ဦးထိရှိလာ စက်တင်ဘာလ ၇ ရက် AAPP ရဲ့ စက်တင်ဘာ ၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနို
စစ်အာဏာသိမ်း (၂၀၄၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၅) ဦးထိရှိလာ စက်တင်ဘာလ ၇ ရက် AAPP ရဲ့ စက်တင်ဘာ ၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၅) ရက်အတွင်း ပြည်သူ (၈၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ကိုးကား - AAPP #TLT #HlaingInfo

မလေးရှားတွင် ကုလသမဂ္ဂ UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာဒုက္ခသည်များ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ပါက အရေးယူခံရမည်ဟု မလေးရှားလူဝ
မလေးရှားတွင် ကုလသမဂ္ဂ UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာဒုက္ခသည်များ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ပါက အရေးယူခံရမည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးက သတိပေး စက်တင်ဘာလ ၈ ရက် မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များအနေဖြင့် တရားဝင်ခွင့်ပြုချက် သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ပါက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုလိုက်သည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban က UNHCR ကတ်ကိုင်ဆောင်ထားသူများသည် Immigration Act 1959/63 အောက်တွင် ဆက်လက်အကျုံးဝင်နေဆဲဖြစ်ပြီး တရားဝင်အလုပ်လုပ်ခွင့် ပါမစ် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ခြင်းအပါအဝင် အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများကျူးလွန်ပါက အရေးယူနိုင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။ ထို့ပြင် UNHCR ကတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များကို တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ထားသည့် အလုပ်ရှင်များကိုလည်း ဥပဒေအရ အရေးယူနိုင်ကြောင်း ၎င်းက သတိပေးသည်။ UNHCR ကတ်ကိုင်ဆောင်ထားသူများသည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအောက်မှ လုံးဝကင်းလွတ်ခွင့်ရရှိထားခြင်းမဟုတ်ကြောင်း Zakaria Shaaban က အလေးပေးပြောဆိုသည်။ UNHCR ကတ်ကိုင်ဆောင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေအောက်ရှိ ပြစ်မှု ၂ မျိုးသာ ကင်းလွတ်ခွင့်ပေးထားပြီး၊ ယင်းမှာ တရားဝင်ခရီးသွားစာရွက်စာတမ်း သို့မဟုတ် နေထိုင်ခွင့်ပါမစ်မရှိခြင်းနှင့် သတ်မှတ်ထားသည့် နေထိုင်ခွင့်ကာလထက် ကျော်လွန်နေထိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ “ပြစ်မှု ၂ မျိုးအတွက် ကင်းလွတ်ခွင့်ပေးထားခြင်းသည် UNHCR ကတ်ကိုင်ဆောင်သူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပါ အခြားပြဋ္ဌာန်းချက်များကို လိုက်နာရန်မလိုဟု မဆိုလိုပါ” ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ရှင်းလင်းထားသည်။ မလေးရှားနိုင်ငံတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို စီမံခန့်ခွဲရာ၌ အမျိုးသားလုံခြုံရေးကောင်စီ၏ Directive No. 23 နှင့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူများဆိုင်ရာ အစိုးရအဖွဲ့ကော်မတီက ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆောင်ရွက်နေကြောင်းလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုသည်။ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က နိုင်ငံအတွင်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို Refugee Registration Documentation Programme (DPP) မှတစ်ဆင့် မှတ်ပုံတင်စာရင်းသွင်းရန် တာဝန်ယူဆောင်ရွက်နေပြီး၊ အဆိုပါအစီအစဉ်မှတစ်ဆင့် ဒုက္ခသည်များ၏ အချက်အလက်များကို ပိုမိုပြည့်စုံစနစ်တကျ စုဆောင်းရန် ရည်ရွယ်ထားကြောင်း သိရသည်။ မလေးရှားနိုင်ငံရှိ UNHCR ကတ်ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များအနေဖြင့် ယခင်ကဲ့သို့ UNHCR ကတ်ရှိရုံဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူမှုအားလုံးမှ ကင်းလွတ်ခွင့်ရရှိမည်မဟုတ်ဘဲ တရားဝင်အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ပါက အရေးယူခံရနိုင်ကြောင်း မလေးရှားလဝကက ထပ်မံရှင်းလင်းလိုက်ခြင်းဖြစ်သည်။ #KTM #HlaingInfo

စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များက အထက ၄ ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲ၊ ▪️သံတွဲနှင့
စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များက အထက ၄ ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲ၊ ▪️သံတွဲနှင့် ဂွတွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး စက်တင်ဘာလ ၈ ရက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ် တပ်တို့ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၄ (အထက ၄) အပါအဝင် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့အနီးတွင် ယနေ့ တိုက်ပွဲများဖြစ်ပွားနေစဉ် နံနက် ၁၁ နာရီကျော်ခန့်တွင် စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၂ လုံးသည် စစ်တွေမြို့ရှိ အထက ၄ ကျောင်းနှင့် အနောက်စံပြရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အထက ၄ ကျောင်းစာသင်ဆောင်၏ ပြတင်းပေါက်များနှင့် မှန်များ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ လက်နက်ကြီးကျည်ကျရောက်ပြီးနောက် စစ်တွေမြို့ရှိ ကျောင်းများနှင့် ဈေးဆိုင်အချို့ကို ပိတ်ထားရသည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “စာသင်ကျောင်းတွေကိုတော့ ပိတ်ထားလိုက်ရတယ်။ လူထိခိုက်တာတော့ မရှိဘူးဗျ။ အနောက်စံပြရပ်ကွက်ဆိုတာက UN ရုံးတွေ၊ အိန္ဒိယကောင်စစ်ဝန်ရုံးတွေရှိတဲ့နေရာပါ။ စာသင်ဆောင်ရဲ့ ပြတင်း ပေါက်သစ်သားတွေ ပျက်စီးပြီး မှန်တွေလည်း ကွဲသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ စစ်တွေမြို့အနီး ရွာဘို၊ တောကံ၊ ဆားပို့တောင်နှင့် ရွာဟောင်းချောင်းဒေသများတွင်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ “မနေ့ညနေက မင်းလှရွာကို ဗုံးလာကြဲတယ်။ အဲဒီရွာအနီးဝန်းကျင်က ဆားပို့တောင်၊ ရွာဘိုနေရာတွေကိုလည်း ဗုံးကြဲခဲ့တယ်။ အခု လက်နက်ကြီးကျတဲ့ အထက ၄ က အကျဉ်းထောင်နားမှာရှိတာပါ။ ကျောင်းလွတ်ချိန်ဖြစ်လို့ လူမထိတာ ကံကောင်းသွားတယ်လို့ ပြောလို့ရတယ်” ဟု စစ်တွေအခြေစိုက် သတင်းရင်းမြစ်တစ်ခုက ရှင်းလင်းပြောဆိုသည်။ စစ်တွေမြို့ရှိ အထက ၄ စာသင်ကျောင်းမှာ ပြည်တော်သာရပ်ကွက်တွင် တည်ရှိပြီး စစ်တွေမြို့မြောက်ဘက် ပဒလိတ်ကျေးရွာဝန်းကျင်တွင် အခြေစိုက်ထားသည့် စစ်တပ်၏ အမြောက်တပ်ရင်းများနှင့် ၆ မိုင်မှ ၉ မိုင်ခန့်အကွာတွင် ရှိကြောင်း သိရသည်။ စစ်တွေအခြေစိုက် စစ်တပ်၏ အဓိကအမြောက်တပ်ရင်းများနှင့် စစ်ရေးအခြေစိုက်စခန်းအချို့မှာ ပဒလိတ်ကျေးရွာဝန်းကျင်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနီးတွင် အခြေစိုက်ထားကြောင်း ဒေသခံများက ပြောသည်။ တစ်ဖက်တွင်လည်း AA ၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သံတွဲနှင့် ဂွဒေသများကို လေကြောင်းနှင့် ရေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ကို ၂ ကြိမ် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ သံတွဲမြို့ အမှတ် ၈ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ၊ထို့ပြင် မမိုမိုမြင့်အောင် အသက် ၂၈ နှစ်၊ ဒေါ်အေးအေးကြွယ် အသက် ၆၆ နှစ်နှင့် ကိုရန်နောင်ထက် အသက် ၂၈ နှစ်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၈ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဂွနှင့် သံတွဲပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ နံနက် ၁၁ နာရီ ၂၆ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကမ်းခြေတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ယင်းနေ့ နေ့လယ် ၂ နာရီ ၅၂ မိနစ်ခန့်တွင်လည်း စစ်ကော်မရှင်တပ်က သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာနှင့် စပါးကြီးကျေးရွာတို့ကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူနေအိမ် ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျေးရွာကိုလည်း စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ၏ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်တပ်က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာ ၇ ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ #KTM #HlaingInfo

သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးများကိုပါ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် အ
သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးများကိုပါ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ စက်တင်ဘာလ ၈ ရက် မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသော ကလေးများကိုပင် စစ်မှုထမ်းအတွက် ပြန် ပေးဆွဲဖမ်းဆီးသွားကြောင်း သိရသည်။ သထုံမြို့ပေါ်၌ စက်တင်ဘာ၆ရက်နှင့် ၇ရက် နေ့ခင်းပိုင်းတွင် ပြည်သူ့စစ်တို့က လမ်းသွားလမ်းလာ လူငယ်များ၊ဘိလိယက်ခုံနှင့် အရက်ဆိုင်ထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အယောက်၂၀ကျော် ပါ သွားကြောင်း သိရသည်။ “မနေ့(စက်တင်ဘာ၇ရက်)က သထုံလဝကရုံးမှာ အဖမ်းခံထားရတဲ့ ကလေးတွေထဲက အသက်မ ပြည့်သေးတဲ့ ၅ယောက်လောက်ကို လက်ထိပ်ခတ်ပြီး မှတ်ပုံတင်လာလုပ်ပေးနေတယ်”ဟု မွန်ပြည် နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။ သထုံမြို့၊လိပ်အင်းရပ်ကွက်ထဲရှိ အရက်ဆိုင်ထဲတွင် ဖမ်းဆီးခံရသော သက်ကြီးပိုင်းအမျိုးသားများကို ငွေ၃သိန်းတောင်းကာ ပြန်လွှတ်ပေးပြီး လူငယ်များအနက် သိန်း၁၀၀ကျော် ပေးနိုင်သည့် လူငယ်၂ဦး ပြန်လွတ်လာသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ ဖမ်းဆီးခြင်းကို သထုံမြို့ ပျူစောထီးခေါင်းဆောင် ဖိုးထူးတို့သားအဖက ဦးဆောင်ကာ လုပ် ဆောင်နေပြီး ဖမ်းဆီးထားသူများအား သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမှတ် ၉ စစ်အခြေခံလေ့ ကျင့်ရေးတပ် (လေ့ကျင့်ရေး ၉)သို့ ပို့ဆောင်ထားကြောင်း သိရသည်။ “မနေ့(စက်တင်ဘာ၇ရက်)က နတ်ကျွန်း(သထုံမြို့၊လိပ်အင်းရပ်ကွက်၊နတ်ကျွန်း)ထဲက ကုန်စုံဆိုင် ကြီးက အလုပ်သမား၃ယောက် အလုပ်ပါးလို့ လမ်းဘေးမှာ ထိုင်နေတုန်း ဖမ်းသွားတယ်”ဟု သထုံ မြို့၊ဘင်လှိုင်ရပ် ကွက်သားတစ်ဦးက ပြောသည်။ ဘင်လှိုင်ရပ်ကွက်၊မရမ်းချောင်ရှိ ဘိလိယက်ခုံနှင့် လိပ်အင်းရပ်ကွက်၊ရွာဦးရှိ ဘိလိယက်ခုံတို့ကို ပျူ စောထီးတို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ “ဒီနေ့(စက်တင်ဘာ၈ရက်)တော့ ဘာသံမှ မကြားသေးဘူး။မင်းလမ်း(သထုံမြို့အဓိကလမ်းမကြီး)ပေါ် မှာတောင် လူမရှိဘူး။ အကုန် အပြင်မထွက်ရဲကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။ စက်တင်ဘာ၆ရက်ကလည်း သထုံပြည်သူ့ဆေးရုံကြီးရှေ့ လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို ပျူစောထီးတို့က ကားပေါ်ဆွဲတင်သွားကြောင်း သိရသည်။ #MPA #HlaingInfo

ရွှေကူ-စင်းခန်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲ၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအများအပြား ထိခိုက်ပျက်စီး စက်တင
ရွှေကူ-စင်းခန်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲ၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအများအပြား ထိခိုက်ပျက်စီး စက်တင်ဘာလ ၈ ရက် ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် စင်းခန်းဒေသတစ်လျှောက်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်ခန့်မှ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အထိ စစ်တပ်က ကင်းထောက်လေယာဉ်များဖြင့် ဒေသအတွင်း ပျံဝဲကင်းထောက်ခဲ့ပြီးနောက် Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာလေယာဉ်များ အသုံးပြုကာ ၅ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်မှ ညနေ ၆ နာရီ ၁၉ မိနစ်ခန့်အထိ ဇင်းဘုံးကျေးရွာဘက်သို့ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ၃ ကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တစ်နေ့လုံး ကင်းထောက်လေယာဉ်လာဝဲလိုက်၊ ဗုံးကျဲလိုက် လုပ်နေတာပါ။ ဗန်းမော်နဲ့ စင်းခန်းဘက်မှာလည်း ရိက္ခာထုပ်တွေ ချပေးတာရှိတယ်။ လူလည်း နည်းနည်းပါးပါး ထိခိုက်တာရှိတယ်။ ရွာတွေကတော့ ပြာကျကုန်ပြီ။ ရွှေကူ-စင်းခန်းတစ်ကြော မြစ်ကမ်းဘေးက ကျေးရွာတွေပဲ။ သင်္ဘောတွေကလည်း ဆက်လက်ဆန်တက်နေပြီး လေကြောင်းကလည်း နေ့တိုင်းနီးပါး တိုက်ခိုက်နေတာရှိတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကသာမြို့မှ ဆက်လက်ထွက်ခွာလာသည့် စစ်တပ်ရေယာဉ်တစ်စီးပေါ်မှ ကသာမြို့အထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးရှိ မိုးတားလေးကျေးရွာနှင့် ဗောဓိကုန်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်တပ်က Y-12 လေယာဉ်အသုံးပြု၍ အဆိုပါဒေသများကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ မည်မျှသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်နှင့် နေအိမ်မည်မျှ ပျက်စီးခဲ့သည်ဆိုသော အသေးစိတ်အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စက်တင်ဘာလ ၅ ရက်နေ့ကလည်း စင်းခန်း ဧရာဝတီမြစ်ကူးတံတားကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တံတား၏ အရှေ့ဘက်ခြေရင်းပိုင်းရှိ သံဘောင်များ ကွေးညွှတ်ပျက်စီးခဲ့ပြီး ကားတစ်စီးစာခန့်ရှိသည့် တံတားကြမ်းပြင်အစိတ်အပိုင်းလည်း ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်တပ်ရေယာဉ်အစီး ၃၀ ကျော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ဆက် လက်ဆန်တက်နေကြောင်း သိရှိရသည်။ ထိုသို့ စစ်တပ်ရေယာဉ်အုပ်စုများ မြစ်ကြောင်းတစ်လျှောက် ဆက်လက်ရွေ့လျားနေခြင်းနှင့်အတူ လေ ကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ပြောင်းရွှေ့ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက သတိပေးတိုက်တွန်းထားကြောင်း သိရသည်။ ဓာတ်ပုံ - ကသာမြို့အထွက် ဗောဓိကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်နေစဉ်။ #KTM #HlaingInfo

သိန္နီမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု တရုတ်လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနှင့် MNDAA တပ်သား ၈ ဦး စုစုပေါင်း ၁၅ ဦ
သိန္နီမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု တရုတ်လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနှင့် MNDAA တပ်သား ၈ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးဟုဆို စက်တင်ဘာ ၈ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ကိုးကန့်တပ်မတော် (MNDAA) ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ တရုတ်လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနှင့် MNDAA တပ်သား ၈ ဦးဝန်းကျင် အပါအဝင် စုစုပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် သိန္နီမြို့နယ်၊ စယ်အူအုပ်စု၊ မန့်မိုင်ကျေးရွာရှိ MNDAA ထိန်းချုပ်ထားသော ကျောက်မိုင်းနှင့် ငါးမိုင်းများ ထုတ်လုပ်သည့်နေရာအနီးရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကျောက်မိုင်းနှင့် ငါးမိုင်းများ ထုတ်လုပ်ထားပြီး အဆိုပါမိုင်းများကို စစ်ဆင်ရေးများတွင်လည်း အသုံးပြုကြောင်း၊ ပေါက်ကွဲမှုကြောင့် ယမ်းသိုလှောင်ရုံအတွင်းရှိ တရုတ်လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် MNDAA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ “အဲဒီနေရာက ကျောက်မိုင်း၊ ငါးမိုင်းထုတ်လုပ်တဲ့နေရာပါ။ ထုတ်လုပ်တဲ့မိုင်းတွေကို စစ်ဆင်ရေးထဲမှာလည်း အသုံးပြုတယ်။ အရပ်သားတွေ ထိခိုက်တာမရှိဘူး။ သိုလှောင်ရုံမှာရှိတဲ့ လူ ၂၀ ဝန်းကျင်လောက် ထိခိုက်သေဆုံးတာရှိတယ်။ MNDAA ဘက်ကတော့ ဒဏ်ရာရသူတွေကို လောက်ကိုင်ဘက် တင်ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ကနဦးရရှိထားသော အချက်အလက်များအရ ပေါက်ကွဲမှုအတွင်း တရုတ်လုပ်ငန်းရှင် ၂ ဦး၊ အလုပ် သမား ၅ ဦးနှင့် MNDAA တပ်သား ၈ ဦးဝန်းကျင် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၅ ဦးခန့်ရှိကြောင်း သိရသည်။ ထို့အပြင် အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိနေပြီး ၎င်းတို့ကို MNDAA ဘက်က လောက်ကိုင်မြို့ဘက်သို့ ပို့ဆောင်ကုသပေးနေကြောင်း ဒေသခံများက ဆိုသည်။ ယမ်းသိုလှောင်ရုံ အပြင်းအထန်ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဟိုမိန်းဘုန်းကြီးကျောင်း၏ မျက်နှာကြက်များလည်း ကွာကျခြင်းနှင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ MNDAA ဘက်က အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို အတည်ပြုထားသော်လည်း ပေါက်ကွဲရသည့်အကြောင်းရင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်း သိရှိရသည်။ သိန္နီမြို့သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မူဆယ်လမ်းနှင့် ချင်းရွှေဟော်လမ်းခွဲရာ လမ်းဆုံဒေသတွင် တည်ရှိပြီး စီးပွားရေးနှင့် စစ်ရေးအရ မဟာဗျူဟာမြောက် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ အဆိုပါဒေသကို MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထိန်း ချုပ်ခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်မတိုင်မီ ပြီးခဲ့သည့် မေလအတွင်းကလည်း TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့ရာ လူ ၄၃ ဦးသေဆုံးပြီး ၁၁၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရှိရသည်။ #KTM #HlaingInfo

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်ကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက သွားရောက် တွေ့ဆုံပြီး ရိုဟင်ဂျာအရေး အပါအဝင် မ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်ကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက သွားရောက် တွေ့ဆုံပြီး ရိုဟင်ဂျာအရေး အပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး စက်တင်ဘာလ ၈ ရက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် BNP ပါတီဥက္ကဋ္ဌ တာရိခ် ရာမန်က နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါတို့ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးအပါအဝင် မြန်မာနိုင်ငံအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါက ၎င်းအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်း ချမ်းရေးဖော်ဆောင်ရေးနှင့် မညီမျှမှုများ လျှော့ချရေးလုပ်ငန်းများကို နှစ်ပေါင်း ၅၀ နီးပါး ဆောင်ရွက်လာခဲ့ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် အခန်းကဏ္ဍကိုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အား ရှင်းလင်းပြောကြားခဲ့သည်။ ရိုဟင်ဂျာအရေးအကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဖိအားများစွာ ကျရောက်နေသည်ကို မိမိကောင်းစွာနားလည်ကြောင်း ဆာဆာကာဝါက ပြောဆိုခဲ့ပြီး၊ ရိုဟင်ဂျာများအတွက် ဂျပန်အစိုးရက ထောက်ပံ့ငွေနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသည့် အခြေအနေကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်က ဆာဆာကာဝါ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နှင့် ကာလရှည်ကြာ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး၊ ရိုဟင်ဂျာအရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဆိုင်နေရသည့် အရေးကြီးဆုံးစိန်ခေါ်မှုများအနက် တစ်ခုဖြစ်ကြောင်း ပြောသည်။ ဘင်္ဂလားဒေ့ရှ်သည် လူဦးရေသိပ်သည်းစွာ နေထိုင်သည့်နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် အများအပြားကို ကာလရှည်ကြာ လက်ခံထားရခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်စီမံရေးကဏ္ဍများအပေါ် ထပ်မံဖိအားများ ဖြစ်ပေါ်နေကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ထို့ကြောင့် ရိုဟင်ဂျာများကို ၎င်းတို့၏ မူလနေရပ်သို့ လုံခြုံစိတ်ချရစွာ၊ ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဆာဆာကာဝါအနေဖြင့် တက်ကြွစွာ ပါဝင်ကူညီပေးရန် ဝန်ကြီး ချုပ်က တိုက်တွန်းခဲ့သည်။ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အကူအညီများကို ဘင်္ဂလားဒေ့ရှ်ဘက်က ပေးအပ်ရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါက ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အဆိုပါအကျပ်အတည်းကို ဖြေရှင်းလိုသည့် ဆန္ဒရှိသည်ဟု မိမိယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ ရှုပ်ထွေးသောအခြေအနေများကြောင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အောင်မြင်စေရန် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောဆိုခဲ့သည်။ ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိနိုင်မှသာ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝအခြေအနေများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ဆာဆာကာဝါကလည်း ရိုဟင်ဂျာအရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် မိမိတတ်နိုင်သမျှ ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်အား ကတိပြုခဲ့သည်။ တွေ့ဆုံပွဲတွင် ရိုဟင်ဂျာအရေးကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုတစ်ခုတည်းကိုသာ အားကိုးခြင်းမပြုဘဲ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️