Hlaing Info
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info
نمایش بیشتر📈 تحلیل کانال تلگرام Hlaing Info
کانال Hlaing Info (@infohlaing) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 49 528 مشترک است و جایگاه 5 298 را در دسته اخبار و رسانهها و رتبه 2 935 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 49 528 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 04 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -1 058 و در ۲۴ ساعت گذشته برابر -32 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 5.71% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.02% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 830 بازدید دریافت میکند. در اولین روز معمولاً 2 489 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 67 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 05 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانهها تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 05 سپتامبر | 0 | |||
| 04 سپتامبر | 0 | |||
| 03 سپتامبر | +7 | |||
| 02 سپتامبر | 0 | |||
| 01 سپتامبر | 0 |
| 2 | ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၂ ဦး ဖမ်းဆီးခံရ
စက်တင်ဘာလ ၅ ရက်
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်နှင့် ကန်ချနဘူရီခရိုင်တို့တွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေးဖမ်းဆီးမှုများအတွင်း တရားမဝင် ဝင်ရောက်နေထိုင် သို့မဟုတ် အခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်၊ နောင်နမ်ဆွန်ကျေးရွာအုပ်စုရှိ ရိုဂျနစက်မှုဇုန်အတွင်းသို့ ဥထိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များက ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်မှုဇုန်အတွင်း နေထိုင်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများသည် ယာဉ်မောင်းနှင်ရာတွင် စည်းကမ်းမလိုက်နာဘဲ ဒေသခံပြည်သူများ၏ လုံခြုံရေးကို ထိခိုက်စေသည်ဟု တိုင်ကြားမှုများ ရရှိခဲ့သဖြင့် အာဏာပိုင်များက အကြောင်းမကြားဘဲ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးမှုအတွင်း တရုတ်နိုင်ငံသားအလုပ်သမား ၆ ဦး၊ ဗီယက်နမ်နိုင်ငံသားအလုပ်သမား ၄၆ ဦးနှင့် မြန်မာအလုပ်သမား ၁၁၀ ဦးတို့အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၁၆၂ ဦး၏ စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ တရုတ်နှင့် ဗီယက်နမ်အလုပ်သမားများတွင် တရားဝင်စာရွက်စာတမ်းများ ပြည့်စုံနေခဲ့သော်လည်း မြန်မာအလုပ်သမားများအနက် အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၄ ဦးမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၃၄ ဦးကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဥထိုင်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ စာရွက်စာတမ်းတရားဝင်ရှိသည့် အလုပ်သမားများနှင့် အလုပ်ရှင်ကိုယ်စားလှယ်များကိုလည်း ထိုင်းနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို တင်းကျပ်စွာ လိုက်နာကြရန် အာဏာပိုင်များက သတိပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကန်ချနဘူရီခရိုင်အတွင်းတွင်လည်း ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံတားဆီးစစ်ဆေးရာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က နယ်လှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရန် တားဆီးခဲ့ရာ ယာဉ်မောင်းက အရှိန်မြှင့်၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ နောက်ပိုင်း ရွာလမ်းတစ်နေရာသို့ ရောက်ရှိချိန်တွင် ကားကို စွန့်ပစ်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စွန့်ပစ်ထားသည့် ပစ်ကပ်ကားကို စစ်ဆေးရာ ကားနောက်ဖုံးကို အနက်ရောင် စလင်းစဖြင့် ဖုံးအုပ်ထားပြီး အတွင်းတွင် စာရွက်စာတမ်းပြသနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသား ၁၇ ဦးနှင့် အသက် ၁၆ နှစ်အရွယ် မှီခိုသူတစ်ဦး စုစုပေါင်း ၁၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် စံခလပူရီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး လှေဖြင့် ၃ နာရီနီးပါး စီးနင်းခဲ့ရကြောင်း၊ ထို့နောက် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇၀,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် ကန်ချနဘူရီခရိုင်အတွင်း ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ထားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ပစ်ကပ်ကားမောင်းသူကို ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရှိရသည်။
အယုဒ္ဓယခရိုင်တွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား ၃၄ ဦးနှင့် ကန်ချနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန် ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရသဖြင့် စစ်ဆေးဖမ်းဆီးမှု ၂ ခုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
#KTM
#HlaingInfo | 322 |
| 3 | ဒေါက်တာညီညီဆွေ၏ ငွေလိမ်လုပ်ငန်းတွင် အဓိကစည်းရုံးရေး Leader များဖြစ်သော မင်းအောင်၊ မိုးဇော်ဝင်း-ခင်ဆွေဝင်း၊ သီသီ-အိမြတ်၊ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့ အရေးယူမခံရဘဲ ငွေထုပ်ပိုက် လွတ်မြောက်နေ
စက်တင်ဘာလ ၅ ရက်
မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ၏ ငွေကြေးများကို လိမ်လည်ခဲ့သော ဒေါက်တာညီညီဆွေ၏ ငွေလိမ်လုပ်ငန်းတွင် အဓိကစည်းရုံးရေး တာဝန်ယူခဲ့သော Leader များဖြစ်သည့် မင်းအောင်၊ မိုးဇော်ဝင်း-ခင်ဆွေဝင်း၊ သီသီ-အိမြတ်၊ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့ အရေးယူမခံရဘဲ ငွေထုပ်ပိုက် လွတ်မြောက်နေကြကြောင်း ငွေကြေးနစ်နာသူများက ပြောဆိုကြသည်။
Forex Trading နှင့် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုအမည်ခံ၍ ပြည်သူများထံမှ ငွေကြေးများ စုဆောင်းခဲ့သည့် ဒေါက်တာညီညီဆွေ၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် လူသစ်များစည်းရုံးခြင်းနှင့် ငွေကြေးစုဆောင်းခြင်းတို့ကို အဓိကဆောင်ရွက်ခဲ့သော မန္တလေးမှ မင်းအောင်၊ ရန်ကုန်မှ မိုးဇော်ဝင်းနှင့် မိန်းမ ခင်ဆွေဝင်း၊ သီသီနှင့် အိမြတ် ညီအစ်မနှစ်ဦး၊ မော်လမြိုင်မှ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့မှာ လက်ရှိအချိန်အထိ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေကြောင်း ငွေကြေးနစ်နာဆုံးရှုံးခဲ့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ ဒေါက်တာညီညီဆွေသည် နိုင်ငံတကာငွေကြေးဈေးကွက်နှင့် Forex Trading လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ငွေကြေးထည့်ဝင်ရန် စည်းရုံးခဲ့ပြီး မြို့နှင့်ဒေသအလိုက် Leader များထားရှိကာ လူသစ်များ ထပ်မံစုဆောင်းသည့် ပုံစံဖြင့် လုပ်ငန်းကို ချဲ့ထွင်ခဲ့ကြောင်း သိရသည်။
အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံသူများထံ အမြတ်ငွေများကို ပုံမှန်ပြန်လည်ပေးခဲ့သဖြင့် ယုံကြည် သူများ ပိုမိုများပြားလာခဲ့ပြီး နောက်ပိုင်းတွင် တစ်လလျှင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအထိ ရရှိမည်ဟုဆိုကာ ပြည်သူအများအပြားထံမှ ငွေကြေးများ စုဆောင်းခဲ့ကြောင်း နစ်နာသူများက ပြောဆိုသည်။
ဒေါက်တာညီညီဆွေ၏ လုပ်ငန်းတွင် Galaxy Leader Group အမည်ဖြင့် Telegram Group များစွာ ဖွဲ့စည်းထားခဲ့ပြီး ဒေသအသီးသီးမှ Leader များက လူသစ်များ စည်းရုံးခေါ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ခြင်းနှင့် ငွေကြေးများ လက်ခံစုဆောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ မန္တလေးမှ မင်းအောင်ဆိုသူသည် ဒေါက်တာညီညီဆွေ၏ အဓိက Leader တစ်ဦးဖြစ်ပြီး ၎င်း၏လက်အောက်တွင် ရန်ကုန်ဒေသ၌ စည်းရုံးရေးလုပ်ဆောင်သူများကို ခန့်အပ်ထားခဲ့ကြောင်း သိရသည်။
မင်းအောင်၏ လက်အောက်တွင် သီသီနှင့် အိမြတ် ညီအစ်မနှစ်ဦးက ရန်ကုန်ဒေသတွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်ဒဂုံ၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ နေအိမ်များတွင် စည်းရုံးရေးအစည်းအဝေးများ ပြုလုပ်ခဲ့သည်ဟု နစ်နာသူများက ပြောဆိုသည်။
မင်းအောင်သည် ဒေါက်တာညီညီဆွေ အဖမ်းခံရပြီးနောက်ပိုင်းတွင် ရန်ကုန်၌ တိမ်းရှောင်နေခဲ့ပြီး ၎င်းစည်းရုံးခဲ့သည့် ရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်မလုပ်တော့ကြောင်းလည်း နစ်နာသူများက ဆိုသည်။
“ဒေါက်တာညီညီဆွေကို ဖမ်းခံရပြီးကတည်းက သူက ရှောင်နေတယ်။ သူစည်းရုံးလို့ ငွေထည့်ခဲ့တဲ့သူတွေကိုလည်း အဆက်အသွယ်မလုပ်တော့ဘူး။ သူ့မှာ အိမ်၊ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်လို့ သိရတယ်” ဟု နစ်နာသူတစ်ဦးက ပြောဆိုသည်။
ထိုပအတူ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် မိုးဇော်ဝင်းနှင့် မိန်းမ ခင်ဆွေဝင်းတို့သည်လည်း ဒေါက်တာညီညီဆွေ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် လူသစ်များကို အဓိကစည်းရုံးခဲ့သူများဖြစ်ကြောင်း နစ်နာသူများက ပြောဆိုသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ မိုးဇော်ဝင်းက လူသစ်များကို စည်းရုံးခေါ်ယူပြီး ၎င်း၏ဇနီး ခင်ဆွေဝင်းက ငွေကြေးနှင့် စာရင်းပိုင်းဆိုင်ရာကိစ္စများကို ကိုင်တွယ်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ရပ်ကွက်အတွင်းရှိ မိတ်ဆွေများ၊ ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများကို အကြိမ်ကြိမ်စည်းရုံးခဲ့ကြောင်း၊ အချို့မှာ ကားရောင်းခြင်း၊ တိုက်ခန်းရောင်းခြင်းနှင့် မိမိတို့စုဆောင်းထားသည့် ငွေကြေးများကို ထည့်ဝင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ငွေကြေးများ ဆုံးရှုံးခဲ့ရကြောင်း နစ်နာသူများက ပြောသည်။
“ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး ထည့်ခဲ့ကြတာပါ။ အကြိမ်ကြိမ်စည်းရုံးတယ်။ မိုးဇော်ဝင်းက သင်္ဘောသား၊ သူ့မိန်းမက ကျောင်းဆရာမဆိုတော့ အလုပ်အကိုင်အတည်တကျရှိတဲ့သူတွေဆိုပြီး ယုံကြည်ခဲ့ကြတယ်။ သူတို့ကိုယ်တိုင်လည်း အိမ်ပိုင်၊ အိုးပိုင်ရှိတယ်ဆိုတော့ ပိုယုံကြည်ပြီး ငွေထည့်ခဲ့ကြတာပါ” ဟု နစ်နာသူတစ်ဦးက ပြောသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ ဒေါက်တာညီညီဆွေ အဖမ်းမခံရမီက မိုးဇော်ဝင်းတို့ဘက်မှ ဒေါက် တာညီညီဆွေ၏ လုပ်ငန်းမှာ အလွန်အောင်မြင်နေကြောင်း၊ တစ်လလျှင် သိန်းရာနှင့်ချီ အမြတ်ရရှိနေကြောင်း ပြောဆိုကာ ရပ်ကွက်အတွင်းမှ လူများကို စည်းရုံးခဲ့သည်ဟု သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️ | 310 |
| 4 | ပြွန်တန်ဆာမြို့တွင် စစ်မှုထမ်းကြေးကောက်ခံနေသော အုပ်ချုပ်ရေးမှူး စိုးဌေးနှင့် တပည့် ပျူစောထီးတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ၊ ဒီပဲယင်းတွင်လည်း စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်ရရှိ
စက်တင်ဘာလ ၅ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့နယ်တွင် ဒေသခံများထံမှ စစ်မှုထမ်းကြေးများ ကောက်ခံခြင်းနှင့် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားကို ကူညီပေးနေသည်ဟုဆိုသော ကျေးရွာအုပ်ချုပ်ရေးမှူး စိုးဌေးနှင့် ၎င်း၏တပည့်ဖြစ်သူ ပျူစောထီးခေါင်းဆောင် အောင်ကျော်မျိုးတို့ ပစ်ခတ်ခံရပြီး ပဲခူးဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရကြောင်း 9 Stars UG အဖွဲ့က ပြောဆိုသည်။
ပြွန်တန်ဆာမြို့၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး စိုးဌေးနှင့် အောင်းကြီးကျေးရွာ ရာအိမ်မှူးဖြစ်သူ ပျူစောထီးခေါင်းဆောင် ကိုကျော် (ခ) အောင်ကျော်မျိုးတို့ကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အောင်းကြီးကျေးရွာမှ ပြွန်တန်ဆာမြို့ပေါ်သို့ သွားရောက်သည့် လမ်းပိုင်းတစ်နေရာ၌ 9 Stars UG အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး စိုးဌေးမှာ သေနတ်ကျည် ၆ ချက် ထိမှန်ခဲ့ပြီး ပျူစောထီးခေါင်းဆောင် အောင်ကျော်မျိုးမှာ သေနတ်ကျည် ၃ ချက် ထိမှန်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် နှစ်ဦးစလုံး မလှုပ်ရှားတော့သဖြင့် သေဆုံးသွားပြီဟု ယူဆခဲ့သော်လည်း နောက်ဆက်တွဲသတင်းများအရ ပဲခူးဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူနေရကြောင်း 9 Stars UG အဖွဲ့က ပြောဆိုသည်။
“အုပ်ကြီးက သေနတ်ကျည် ၆ ချက်နဲ့ ရာအိမ်မှူးက သေနတ်ကျည် ၃ ချက် ထိမှန်တယ်။ မလှုပ်တော့လို့ သေပြီဆိုပြီး ထားခဲ့တာ။ အခု နောက်ဆက်တွဲသတင်း လိုက်ကြည့်တော့ ပဲခူးဆေးရုံမှာ အရေးပေါ်ကုသနေရတယ်ဆိုတာပဲ သိရတယ်။ ဘာမှထပ်လိုက်မရတော့ဘူး။ နှစ်ယောက်စလုံး ပြန်ကောင်းနိုင်စရာတော့ မရှိဘူးလို့ သိရတယ်” ဟု 9 Stars UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
9 Stars UG အဖွဲ့၏ ပြောဆိုချက်အရ အုပ်ချုပ်ရေးမှူး စိုးဌေးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရေးအတွက် ကူညီပေးနေသူဖြစ်ပြီး ရွှေကျင်မြို့နယ်၊ ဒုံစရစ်အခြေစိုက် ခမရ ၅၈၉ တပ်ရင်းသို့ ဆန်၊ ရိက္ခာနှင့် ဓာတ်ဆီများ ပို့ဆောင်ပေးခြင်း၊ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ အထိုင်ချနိုင်ရန် စီစဉ်ပေးခြင်းတို့ကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာနေပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေးများ ကောက်ခံခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ပြီး ဖမ်းဆီးခံရသူများကို ငွေကြေးအမြောက်အမြားပေး၍ ပြန်လည်ရွေးယူခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ 9 Stars UG အဖွဲ့က ဆိုသည်။
၎င်း၏တပည့်ဖြစ်သူ ရာအိမ်မှူးနှင့် ပျူစောထီးခေါင်းဆောင် ကိုကျော် (ခ) အောင်ကျော်မျိုးသည်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပျူစောထီးသင်တန်း တက်ရောက်ခဲ့သူဖြစ်ပြီး ဒေသခံပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းနှင့် အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်ခဲ့သည်ဟု 9 Stars UG အဖွဲ့က ပြောဆိုသည်။
ထို့အပြင် ဆရာ၊ တပည့်နှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရေတွင်းကုန်း၊ အောင်းကြီး၊ စီပင်၊ ကညှင်နှစ်ပင်၊ ကဒါးသဲကြော၊ လှည်းဆိပ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် WY စိတ်ကြွဆေးပြားများ ရောင်းချခြင်း၊ မူးယစ်ဆေးရောင်းဝယ်သူများထံမှ လိုင်းကြေးကောက်ခံကာ အကာအကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
ယင်းလုပ်ရပ်များကြောင့် ဒေသခံပြည်သူများအပေါ် ဖိနှိပ်မှုများ ကျူးလွန်နေသည်ဟု ယူဆကာ ယခုကဲ့သို့ သတိပေးအရေးယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 9 Stars UG အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်လည်း မြို့ပေါ်မှ ရိက္ခာရှာဖွေရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်မှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်နယ် ၁ နှင့် တိုက်နယ် ၂ တို့ ပူးပေါင်းကာ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️ | 410 |
| 5 | စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေပြောတာမယုံဘဲ စစ်သားတွေ အလင်းဝင်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း
စက်တင်ဘာလ ၅ ရက်
အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြဘဲ စစ်သားတွေ အလင်းဝင်လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ကို ဒီကနေ့ စက်တင်ဘာ ၅ရက်မှာ ဖော်ပြခဲ့ရာ ဩဂုတ်နောက်ဆုံးပတ်အတွင်း စစ်တပ်က အလင်းဝင်၊ ပူးပေါင်း လက်နက်ချ အခြေအနေကို အသိပေးရင် အခုလို တိုက်တွန်းလိုက်တာပါ။
“လူမှုကွန်ယက်ပေါ်က သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ကြဖို့ တပ်ချုပ် ရဲဝင်းဦးက ပြောပါတယ်။ဟုတ်ပါတယ်၊ မယုံကြပါနဲ့။စစ်တပ်စိုးမိုးထားတယ်"ဆိုတဲ့ စစ်လော်ဘီချန်နယ်က တင်တဲ့သတင်းတွေကို ယုံပြီး လမ်းသလားမိလို့ PDF တွေဆီမှာ အဖမ်းခံလိုက်ရတဲ့ အရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေ မနည်းတော့ပါဘူး။ အခုလည်း ဗန်းမော်သွားတဲ့ စစ်သင်္ဘောတွေ ဘာမှ မဖြစ်ပါဘူးဆိုပြီး စစ်လော်ဘီတွေ ပြောနေကြချိန်မှာ စင်းခန်းနား အတိုက်ခံရလို့ စစ်သင်္ဘောတွေ နစ်မြုပ်ပြီး စစ်သားတွေ ဧရာဝတီမြစ်ထဲ မျောနေကြပါတယ်။ ဉာဏ်ကူပြီး အလံဖြူထောင်သူတွေကတော့ အသက်ရှင်သန်ခွင့် ရသွားကြပါပြီ။ဟုတ်ပါတယ်၊ စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြပါနဲ့။ စစ်သည်တွေ အလင်းဝင်ကြပါ၊ လက်နက်ချကြပါ။” လို့ ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။
ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင် ၊ လက်နက်ချသူ စစ်သား ၆ဦး အပါအဝင် ၂၀၂၅ ဇန်နဝါရီကနေ အခုနှစ် ဩဂုတ် စတုတ္ထပတ်အထိ အလင်းဝင် လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်က ဖော်ပြတဲ့ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောတွေက အလံဖြူထောင် လက်နက်ချမှု ဖြစ်စဉ်ဟာ စက်တင်ဘာ ၂ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။
စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘော ၂စီးဟာ ကမ်းကပ် အလံဖြူထောင်လက်နက်ချခဲ့တာလို့ဆိုပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်သား ၁၅၀ ကျော်နဲ့ ရဲတွေ အပါအဝင် စစ်သုံ့ပန်း ၁၉၀ ခန့် ရှိပြီး လုံခြုံရာ ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်သင်္ဘောတွေ ထိခိုက်နစ်မြှုပ်စဉ် ရေထဲခုန်ချ ရေထဲမျောပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA ပူးပေါင်းတပ်က ကမ်းကပ်စေပြီး ဖမ်းဆီးရမိတာတွေလည်းရှိပါတယ်။
(ကရင်ပြည်နယ်မှာ ကော်ဘရာစစ်ကြောင်းဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်မှူးစောဒါဘောနဲ့အတူ စက်တင်ဘာ ၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
#LNO
#HlaingInfo | 1 332 |
| 6 | ဗန်းမော်မြို့သို့ မရောက်ရှိသေးသည့် စစ်သင်္ဘော ၁ စီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်ပြီး ၁ ရက်ကျော်အချိန်အတွင်း စစ်ရေယာဉ် ၄ စီးထိခိုက်ပျက်စီးဟုဆို၊
▪️မန္တလေးမှ စစ်ရေယာဉ် ၃၀ ကျော် ထပ်မံဆန်တက်လာ
စက်တင်ဘာ ၅ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ဗန်းမော်မြို့အကြား ဧရာဝတီမြစ်ကြောင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောတစ်စီးကို ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရွှေကူနှင့် ဗန်းမော်အကြား စင်းခန်းဒေသအထက်ပိုင်း၌ ဗန်းမော်မြို့ဘက်သို့ ဦးတည်ဆန်တက်လာသည့် စစ်သင်္ဘောတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမတိုင်မီ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း အဆိုပါမြစ်ကြောင်း၌ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ယနေ့တိုက်ခိုက်မှုအပါအဝင် ၁ ရက်ကျော်အတွင်း စစ်ရေယာဉ် ၄ စီးအထိ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
"ဒီမနက် စင်းခန်းတံတားအထက် ညောင်ပင်သာမရောက်မီမှာ သင်္ဘော ၁ စီးကို ထပ်ပြီး တိုက်ခိုက်ဖျက်ဆီးပါတယ်။ မနေ့က ၃ စီး၊ ဒီနေ့ ၁ စီး စုစုပေါင်း ၄ စီးဖျက်ဆီးထားနိုင်ပါတယ်" ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့ဘက်သို့ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းနိုင်ရေးအတွက် မန္တလေးမြို့မှ စစ်ရေယာဉ်အုပ်စုအသစ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်တိုက်ဆန်တက်စေလျက်ရှိကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတို့တွင် မန္တလေးမြို့ရှိ ဂေါ်ဝန်ဆိပ်ကမ်းမှ စစ်ရေယာဉ်များ အဆက်မပြတ် ထွက်ခွာလာခဲ့ပြီး လက်ရှိတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာနေကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ပထမဆုံး ဆန်တက်လာသည့် တိုက်ခိုက်ရေးသင်္ဘောအပါအဝင် စစ်ရေယာဉ် ၆ စီးသည် လက်ရှိတွင် မတ္တရာမြို့နယ်၊ ရှင်လှအလယ်ကျေးရွာကို ကျော်လွန်ကာ ဘိုးကြီးကျွန်းကျေးရွာအရှေ့ဘက်သို့ ရောက်ရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် နောက်ထပ် ဆန်တက်လာသည့် တွဲတွန်းသင်္ဘောများနှင့် သံခွန်ယာဉ်များ အစီး ၃၀ နီးပါးသည်လည်း မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာအနောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် လက်ရှိတွင် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ရေယာဉ် ၃၀ ကျော် ဆက်တိုက်ဆန်တက်လာနေခြင်းဖြစ်သည်။
ပထမအသုတ် ထွက်ခွာလာသည့် စစ်ရေယာဉ် ၆ စီးပါ အုပ်စုကို တိုက်ခိုက်ရေးသင်္ဘောက ဦးဆောင်လာခြင်းဖြစ်ပြီး မတ္တရာမြို့နယ် အနောက်တောင်ဘက် နန်းတော်ကျွန်းကျေးရွာအနီးသို့ ရောက်ရှိချိန်မှစတင်၍ မြစ်ကမ်းဘေးကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းနောက် စစ်ရေယာဉ်အုပ်စုသည် မတ္တရာမြို့အနောက်ဘက်ရှိ ကုန်းတန်းလေး၊ သုံးဆယ်ပေး၊ သဖန်းဒေါင့်နှင့် ရှင်လှကျေးရွာများဘက်သို့ ဆက်လက်ဖြတ်သန်းကာ မြစ်ညာဘက်သို့ ဆန်တက်လျက်ရှိကြောင်း သိရသည်။
စစ်ရေယာဉ်များ မန္တလေးမြို့မှ မထွက်ခွာမီ စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်း၌ စစ်ကောင်စီတပ်က သင်္ဘောများပေါ်သို့ စစ်အင်အားများ ဖြည့်တင်းခြင်း၊ တွဲတွန်းသင်္ဘောများကို စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခု ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုများမှာ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဧရာဝတီမြစ်ကြောင်း၌ တော်လှန်ရေးတပ်ဖွဲ့များ၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည့် စစ်ရေယာဉ်များနှင့် ဆက်စပ်နေသည်။
ဩဂုတ်လလယ်ပိုင်းက မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်ညာဘက်သို့ ဆန်တက်လာခဲ့သော စစ်သင်္ဘော ၁၅ စီးပါ အုပ်စုကို ဖြတ်သန်းရာမြစ်ကြောင်းတစ်လျှောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး စစ်ရေယာဉ် ၈ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်သင်္ဘော ၂ စီးမှာလည်း လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့မှ ဆန်တက်လာပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိဆိုက်ကပ်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မန္တလေးမှ စစ်ရေယာဉ်အုပ်စုအသစ်များကို ထပ်မံဆန်တက်စေလျက်ရှိသဖြင့် ဗန်းမော်မြို့ဘက်သို့ ဦးတည်သည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ထားသည်။
#KTM
#HlaingInfo | 1 630 |
| 7 | ဒီပဲယင်းမှာ ရိက္ခာရှာထွက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ အလောင်းနဲ့ လက်နက် ရ၊
စက်တင်ဘာလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ထဲ ခိုအောင်းနေပြီး ရိက္ခာပြတ်ချိန် ရိက္ခာရှာထွက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ အလောင်းနဲ့ လက်နက် သိမ်းဆည်း ရရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ရက် မနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ကနေ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို ဒီပဲယင်း မြို့နယ် ပ.က.ဖ ရဲ့ တိုက်နယ်(၁)နဲ့ တိုက်နယ်(၂) ပကဖ တို့ ပူးပေါင်းပြီး တိုက်ခိုက်ရာ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု နောက်ပြန်လှည့်ပြေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်တဲ့နေရာကို စက်တင်ဘာ ၄ရက်မှာ တော်လှန်ရေး ရဲဘော်တွေက သွားရောက်ပြီး စစ်ဆေး ကြည့်ရှု့ရာ စစ်အုပ်စု အလောင်းတစ်လောင်းနဲ့ MA-1 သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ အဖြူရောင် ဒီပဲယင်း ပကဖ က ဖော်ပြပါတယ်။
သေဆုံးသူဟာ ဒီပဲယင်းမြို့ ရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုထဲက တပ်ကြပ်အဆင့် ကျော်ဆန်းဝင်း ဆိုသူ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒီပဲယင်းနယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပေမယ့် စစ်အုပ်စု အမြစ်မပြတ်သေးဘဲ မြို့ပေါ်မှာ ခိုအောင်းနေဆဲ ဖြစ်ပါတယ်။
ဒီပဲယင်းရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ကာ ငတ်လာတိုင်း အနီးဝန်းကျင်ကို စီးနင်းကာ ဖောက်ထွင်းလုယက် ခိုးယူလေ့ရှိပြီး တော်လှန်ရေးတပ်တွေကလည်း ခိုအောင်းရာနေရာက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက် သုတ်သင်နေတာ ဖြစ်ပါတယ်။
#MFP
#HlaingInfo | 1 494 |
| 8 | မြင်းခြံနှင့် တောင်သာ အရှေ့ဘက်ခြမ်းရှိ ဈေးကားနှင့် ဆိုင်ကယ်များကို မြို့ထဲသို့ ဝင်ခွင့်ပိတ်
စက်တင်ဘာလ ၅ ရက်
မြင်းခြံနှင့် တောင်သာ အရှေ့ဘက်ခြမ်းရှိ ဈေးကားနှင့် ဆိုင်ကယ်များကို စစ်တပ်က မြို့ထဲသို့ အဝင်မခံတော့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ၅ရက်)မှ စ၍ ၁၀ရက် သို့မဟုတ် ၁၅ရက်အတွင်း မန္တလေးတိုင်း၊မြင်းခြံနှင့် တောင်သာအရှေ့ဘက်ခြမ်းကို မြို့ထဲသို့ အဝင်ကန့်သတ်ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်ထားသည်။
“မြင်းခြံမြို့အရှေ့ဘက်ခြမ်းဆိုတာ PDF စိုးမိုးနယ်မြေ။တလောကပဲ စံပြရွာက ခွေးအထိုင်စခန်းကို PDF တက်သိမ်းထားတာ ခံထားရတော့ စစ်ကြောင်းထိုးမလို့ မြို့ထဲအဝင်ပိတ်တာလား မသိဘူး။ ဖြတ်၄ဖြတ် လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု မြင်းခြံခရိုင် စစ်ရေးသတင်းရင်းမြစ်က MPAသို့ပြော သည်။
မြင်းခြံမြို့အရှေ့ဘက်ခြမ်းမှရွာများသည် မြင်းခြံမြို့ထိပ်ရှိ ခမရ ၁၅ တပ်ရင်း ဂိတ်ကို ဖြတ်ပြီးမှ မြင်း ခြံမြို့ထဲသို့ ဝင်၍ရကြောင်း သိရသည်။
“တောင်သာဆိုရင်လည်း တောင်သာအရှေ့ဘက်ခြမ်းက စစ်တပ်ဂိတ်၂ဂိတ်ကို ဇူလိုင်လကုန်ပိုင်းက PDF ဝင်ကြိတ်ထားတာရှိတယ်။အခု တောင်သာအရှေ့ခြမ်းကို တောင်သာမြို့ထဲ အဝင်ပိတ်တာ အဲကိ စ္စနဲ့ ဆက်စပ်မယ်ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ်၂၆ရက်က မြင်းခြံမြို့နယ်၊စံပြရွာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင် ရောက်တိုက်ခိုက်ကာ ယာယီသိမ်းပိုက်ခဲ့သည်။
ဇူလိုင်၂၈ရက်ကလည်း တောင်သာမြို့အဝင်ရှိ မန်ကျည်းရိုးဂိတ်နှင့် ဗိဿနိုးစစ်ဆေးရေးဂိတ်တို့ကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ-မြင်းခြံမြို့ရဲ့ပုံရိပ်များ ဖေ့စ်ဘွတ်ခ်
ပုံစာ- မြင်းခြံမြို့
#MPA
#HlaingInfo | 1 373 |
| 9 | ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ အလွန် ဆိုးရွားလာနေ၊
▪️ မရမ်းကုန်းတွင် မောင်ဝဏ္ဏဖြိုး နေ့ခင်းဘက် မုန့်ဝယ်ထွက်ရာမှ ပျောက်ဆုံးနေ
စက်တင်ဘာလ ၅ ရက်
ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ်များကို လမ်းပေါ်တွင် တွေ့ရာမြင်ရာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပေါ်တာဆွဲမှုများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများက ပြောဆိုကြသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းက မြောက်ဒဂုံမြို့နယ်၊ ကပရမှတ်တိုင်အနီး သခင်ဗစိန်လမ်းပေါ်တွင် လူငယ် ၂ ဦးကို အရပ်သားကားနှင့် အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားထားသည်။
ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် Lite Truck အမျိုးအစား အရပ်သားကားတစ်စီးဖြင့် ရောက်ရှိလာသူများက ပန်းရံအလုပ်သမားများဟု ယူဆရသည့် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းတင်ဆောင်ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သူများထဲတွင် အရပ်ဝတ်ဝတ်ဆင်ထားသူများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်နေသော်လည်း စစ်သားများကို မတွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူက ဆိုသည်။
“မြို့လယ်ခေါင် လူစည်ကားတဲ့နေရာတွေမှာ စစ်မှုထမ်းအတွက် တွေ့တဲ့လူငယ်တွေကို ဖမ်းတယ်ဆိုတာ ကောလာဟလလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါ အခြေအနေက တကယ်ဆိုးနေပြီဆိုတာ သိရတယ်” ဟု မျက်မြင်တွေ့ရှိသူက ရေးသားထားသည်။
အလားတူ ရန်ကုန်မြို့၏ အခြားမြို့နယ်များတွင်လည်း လူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင် အသက် ၃၉ နှစ်အရွယ် ကလေး ၃ ဦး၏ဖခင်တစ်ဦးကို တံတားဖြူမှတ်တိုင်မှ အင်းဝကားမှတ်တိုင်အနီးတွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂) တွင် ကားများဖြင့် ရောက်ရှိလာသူများက လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးတင်ဆောင်သွားမှုများရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင်လည်း တောင်ဒဂုံမြို့နယ်၊ မင်းရဲကောင်းပုံလမ်း၊ ၆၉ ရပ်ကွက်တွင် လူငယ် ၂ ဦးကို ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းတောင်းပန်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
တောင်ဒဂုံမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်များကို ဖမ်းဆီးမှုများအပြင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ယဉ်ကျေးမှုလမ်းနှင့် လျှော်ကားလမ်း၊ မင်းရဲကောင်းပုံလမ်းတစ်ဝိုက်တွင် စစ်တပ်၊ ပျူစောထီးနှင့်ရဲများပါဝင်သော ဌာနပေါင်းစုံအဖွဲ့များက ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။
တစ်ဖက်တွင်လည်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လူငယ်တစ်ဦးသည် မုန့်ဝယ်ရန် အိမ်မှထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ယနေ့အချိန်အထိ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက ကူညီရှာဖွေပေးရန် မေတ္တာရပ်ခံထားသည်။
ပျောက်ဆုံးနေသူမှာ မရမ်းကုန်းမြို့နယ်၊ မြဝတ်ရည် (၅) လမ်း၊ အိမ်အမှတ် (၁၈) တွင် နေထိုင်သည့် ဦးနေလင်းအောင်၏သား မောင်ဝဏ္ဏဖြိုးဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် လမ်းထိပ်သို့ မုန့်ဝယ်ရန် ထွက်ခွာသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း မိသားစုဝင်များက ပြောသည်။
ပျောက်ဆုံးပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရရှိတော့သည့်အပြင် ယနေ့အချိန်အထိ သတင်းအစအနတစ်စုံတစ်ရာ မရရှိသေးကြောင်း၊ မောင်ဝဏ္ဏဖြိုးကို တွေ့ရှိသူများ သို့မဟုတ် ၎င်း၏သတင်းအချက်အလက် တစ်စုံ တစ်ရာ သိရှိသူများအနေဖြင့် မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။
လက်ရှိ ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတွက် လူငယ်များကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်းနေပြီး လမ်းပေါ်တွင် သွားလာနေသည့် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုများ များပြားလာနေကြောင်း သိရှိရသည်။
#KTM
#HlaingInfo | 1 339 |
| 10 | စစ်တပ်အတွင်း သတင်းလုံခြုံရေးကျိုးပေါက်မှုများကို ပြင်းထန်စွာ အရေးယူခဲ့ရဟု ဒုစစ်ခေါင်းဆောင် ကျော်စွာလင်း သတိပေး
စက်တင်ဘာ ၅ ရက်
အကြမ်းဖက်စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ဒုတိယစစ်ခေါင်းဆောင် ကျော်စွာလင်းက သတိပေးပြောဆိုလိုက်သည်။
စက်တင်ဘာလ ၄ ရက်နေ့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း စစ်အရာရှိများနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက စစ်တပ်အတွင်း သတင်းလုံခြုံရေးအတွက် အထူးသတိပေးလာခြင်းဖြစ်သည်။
ကျော်စွာလင်းက စစ်အရာရှိများအနေဖြင့် မိမိတို့၏ ပေါ့ဆမှုကြောင့် သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရေး အထူးဂရုပြု ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောဆိုသည်။
သတင်းလုံခြုံရေးကျိုးပေါက်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ထုတ်ဖော်သတိပေးခဲ့သည်။
စစ်တပ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပေါက်ကြားမှုများနှင့် တပ်တွင်းအခြေအနေများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့မှုများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ဒုစစ်ခေါင်းဆောင် ကျော်စွာလင်းက သတင်းလုံခြုံရေးကျိုးပေါက်မှုများအတွက် ပြင်းထန်စွာ အရေးယူခဲ့ရကြောင်း ထုတ်ဖော်သတိပေးလာခြင်းဖြစ်သည်။
စစ်တပ်က စစ်ဘက်လျှို့ဝှက်ချက်များကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးပို့ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် စစ်ဘက်လျှို့ဝှက်ချက်များ ကာကွယ်ရေးဥပဒေ (Military Secrets Protection Law) ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲသည်။
စစ်ကောင်စီထုတ်ပြန်သော အဆိုပါဥပဒေအရ “စစ်ဘက်လျှို့ဝှက်ချက်များ” ဆိုသည်မှာ စစ်ရေးမဟာဗျူဟာများ၊ စစ်ရေးနည်းဗျူဟာများ၊ စစ်ရေးနည်းစနစ်များနှင့် စစ်သင်တန်းဆိုင်ရာ အချက်အလက်များအပြင် တပ်မတော်အသုံးပြု ရေတပ်သင်္ဘောများ၊ လေယာဉ်များ၊ အခြားယာဉ်များ၊ စက်ယန္တရားများ၊ လက်နက်ခဲယမ်းများနှင့် စစ်ဘက်သုံးပစ္စည်းများ၏ နည်းပညာနှင့် နည်းပညာစနစ်များကို ဆိုလိုခြင်းဖြစ်သည်။
ထို့ပြင် စစ်ဘက်သုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ နည်းပညာများ၊ စစ်ဘက်နည်းပညာ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များအပြင် သက်ဆိုင်ရာဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ စစ်ဘက်လျှို့ဝှက်ချက်အဖြစ် တရားဝင်သတ်မှတ်ကြေညာသည့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဥပဒေတွင် လက်ရှိ သို့မဟုတ် ယခင်က တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များသည် စစ်ဘက်လျှို့ဝှက်ချက်များကို မျှဝေခြင်းဖြင့် တရားမဝင်အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများတွင် ပါဝင်ခြင်း၊ သင်တန်းပေးခြင်းတို့ကို တားမြစ်ထားသည်။
အဆိုပါဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်ခံရနိုင်သည် ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပြောဆိုချက်အရ ယင်းဥပဒေပြဋ္ဌာန်းရခြင်းမှာ စစ်ဘက်လျှို့ဝှက်ချက်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားစစ်ဘက်အဖွဲ့အစည်းများ၊ စစ်ဘက်မဟုတ်သည့် နိုင်ငံခြားအဖွဲ့အစည်းများ၊ ခွင့်ပြုချက်မရှိသော လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် အခြားပုဂ္ဂိုလ်များထံ စစ်ဘက်လျှို့ဝှက်ချက်များကို အသုံးပြုရန် သင်တန်းပေးခြင်း၊ အကူအညီပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းနှင့် လျှို့ဝှက်ချက်များ ဖလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းများကို တားဆီးရန်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- AP ။
#KTM
#HlaingInfo | 1 789 |
| 11 | ကံမမြို့နယ် ပကဖမှ အပတ်စဥ် (၅) အခြေခံ စစ်သင်တန်းဆင်းပွဲ ကျင်းပ
စက်တင်ဘာ ၅ ရက်
မကွေးဒေသ၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ ကံမ ပကဖ မှ ဒီနေ့ ထုတ်ပြန်ပါတယ်။
ကံမ မြို့နယ် ပကဖရဲ့ အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၄ ရက်က တပ်စခန်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် (၄) သင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရှိရပါတယ်။
#PVTV
#HlaingInfo | 1 971 |
| 12 | ဗီယက်နမ်သို့ လိုက်ပါသွားသည့် မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှ ဒေါ်လာသောင်းချီတန် တန်ဖိုးကြီး Hermès Birkin လက်ကိုင်အိတ် ကိုင်ဆောင်ပြ၊ ငွေရှိတိုင်း ဝယ်မရဘဲ စောင့်ဆိုင်းစာရင်းပေးဝယ်ယူရသည့် ဇိမ်ခံအိတ်အမျိုးအစားဟုဆို
စက်တင်ဘာ ၅ ရက်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွား ရောက်လျက်ရှိပြီး ၎င်း၏မိန်းမ ကြူကြူလှကိုပါ ခေါ်ဆောင်သွားရာ ခရီးစဉ်ပထမနေ့တွင် ကြူကြူလှက ဒေါ်လာသောင်းချီတန် တန်ဖိုးကြီး ဇိမ်ခံအိတ်အမျိုးအစားဖြစ်သည့် Hermès Birkin လက်ကိုင်အိတ်ကို ကိုင်ဆောင်၍ လေယာဉ်ပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။
သတင်းသမား မရတ်ကျော်သူက မင်းအောင်လှိုင်၏မိန်းမ ကြူကြူလှသည် ဗီယက်နမ်ခရီးစဉ်တွင် ဒေါ်လာသောင်းချီတန် Hermès ၏ တန်ဖိုးကြီး ဇိမ်ခံလက်ကိုင်အိတ်အမျိုးအစားဖြစ်သည့် Toile Quadrille & Swift Birkin 25 ကို ကိုင်ဆောင်လာကြောင်း လူမှုကွန်ရက်မှတစ်ဆင့် စတင်ဖော်ပြခဲ့သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်မြို့မှ တန်ဖိုးကြီးလက်ကိုင်အိတ်နှင့် ဖက်ရှင်ပစ္စည်းများအကြောင်း ကျွမ်းကျင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ Hermès Birkin အိတ်များမှာ ငွေရှိတိုင်း ဆိုင်သို့သွားရောက်၍ ချက်ချင်းဝယ် ယူနိုင်သည့် အိတ်အမျိုးအစားမဟုတ်ဘဲ ဝယ်ယူသူ၏ purchasing history နှင့် ဖောက်သည်ဆိုင်ရာ အခြေအနေများအပေါ် မူတည်၍ စောင့်ဆိုင်းစာရင်းပေးကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူရသည့် တန်ဖိုးကြီး ဇိမ်ခံအိတ်အမျိုးအစားဖြစ်ကြောင်း ရှင်းပြသည်။
“ဒီအိတ်မျိုးက ငွေရှိတိုင်း ဝယ်လို့မရဘူး။ စာရင်းပေးပြီး ကြိုတင်မှာယူစောင့် ဆိုင်းရတယ်။ Hermès ကနေ ပုံမှန်ဝယ်ယူနေတဲ့ ဖောက်သည်တွေ၊ VIP ဖောက် သည်တွေက ပိုပြီး ဝယ်ယူခွင့်ရနိုင်တယ်။ တကယ် လို့ ချက်ချင်းလိုချင်ရင်တော့ Resale Market မှာ မူရင်းဈေးထက် ၂ ဆ၊ ၃ ဆလောက် ပေးပြီး ပြန်ဝယ်ရတာမျိုးရှိတယ်” ဟု အဆိုပါ ဖက်ရှင်ကျွမ်းကျင်သူက ရှင်းပြသည်။
Hermès Birkin 25 လက်ကိုင်အိတ်များအနက် ပုံမှန်သားရေဖြင့် ပြုလုပ်ထားသည့် အမျိုးအစားများမှာ ဆိုင်မှ တိုက်ရိုက်ဝယ်ယူသည့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ဝန်းကျင်မှ စတင်နိုင်ပြီး ပြန်လည်ရောင်းချသည့် Resale Market တွင်မူ ဒေါ်လာ ၃၀,၀၀၀ နှင့်အထက်အထိ ရှိနိုင်ကြောင်း သိရသည်။
ရှားပါးသားရေများဖြင့် ပြုလုပ်ထားသည့် Birkin အမျိုးအစားများမှာ ဆိုင်မှ တိုက်ရိုက်ဝယ်ယူသည့်ဈေးနှုန်း ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင်မှ စတင်နိုင်ပြီး Resale Market တွင်မူ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ မှ ဒေါ်လာ ၇၀,၀၀၀ ကျော်အထိ ဈေးနှုန်းများ ရှိနိုင်ကြောင်း စျေးကွက်သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
မင်းအောင်လှိုင်၏မိန်းမ ဒေါ်ကြူကြူလှသည် ယခင်ကတည်းက အမေရိကန်ဒေါ်လာ ထောင်သောင်းနှင့်ချီတန်ဖိုးရှိသော ကမ္ဘာကျော်အမှတ်တံဆိပ် လက် ကိုင်အိတ်များနှင့် ပိုက်ဆံအိတ်များကို အများပြည်သူမြင်တွေ့ရသည့် ပွဲအခမ်းအနားများနှင့် ပြည်ပခရီးစဉ်များတွင် မကြာခဏ ကိုင်ဆောင်လာလေ့ရှိသူဖြစ်သည်။
ဒေါ်ကြူကြူလှ ယခင်က ကိုင်ဆောင်ခဲ့သည့် လက်ကိုင်အိတ်များတွင် အမေရိကန်ဒေါ်လာ ၇၇,၅၀၀ တန်ဖိုးရှိသော မိကျောင်းသားရေဖြင့် ပြုလုပ်ထားသည့် အနက်ရောင် Hermès လက်ကိုင်အိတ်၊ ဒေါ်လာ ၃၄,၂၀၀ တန်ဖိုးရှိပြီး အရည် အသွေးမြင့် Togo calfskin leather ဖြင့် ပြုလုပ်ထားသည့် အပြာရောင် Hermès လက်ကိုင်အိတ်များ ပါဝင်သည်။
ထို့ပြင် Louis Vuitton (LV) အမှတ်တံဆိပ်၏ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ LV Vendôme MM လက်ကိုင်အိတ်၊ Yves Saint Laurent (YSL) အမှတ်တံဆိပ်လက်ကိုင်အိတ်နှင့် Prada အမှတ်တံဆိပ်လက်ကိုင်အိတ်များကိုလည်း ပွဲအခမ်းအနားများနှင့် ပြည်ပခရီးစဉ်များတွင် ကိုင်ဆောင်ခဲ့သည်ကို ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊ ကုန်ဈေး နှုန်းမြင့်တက်မှုနှင့် ငွေ ကြေးတန်ဖိုးကျဆင်းမှုများကြောင့် ပြည်သူအများအပြားမှာ အခြေခံစားသောက်ကုန်နှင့် နေထိုင်စရိတ်များ မြင့်တက်လာမှုကို ရင်ဆိုင်နေရ ချိန်တွင် စစ်ခေါင်းဆောင်၏မိန်းမဖြစ်သူ ကြူကြူလှကမူ အမေရိကန်ဒေါ်လာ ထောင်သောင်းနှင့်ချီတန်ဖိုးရှိသော ကမ္ဘာကျော်ဇိမ်ခံအမှတ်တံဆိပ် လက် ကိုင်အိတ်များကို ပြည်တွင်းနှင့် ပြည်ပအခမ်းအနားနှင့် ခရီးစဉ်များတွင် ကိုင်ဆောင်ပြသနေခြင်းဖြစ်သည်။
#KTM
#HlaingInfo | 1 879 |
| 13 | ဘဝဆိုတာ စွန့်စားမှု ခရီးရှည်ကြီးပါ။
ရှေ့မှာ ဘာမှမမြင်ရဘူး။
ဘာဖြစ်မယ်လို ဘယ်သူမှလည်း မသိနိုင်ပါဘူး။
ဒါပေမဲ့ မကြောက်ပါနဲ့။
ယုံယုံကြည်ကြည်လျှောက်ပါ။
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing မှ တင်ပေးနေပါသည်။
#HlaingInfo | 1 846 |
| 14 | လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးကို အရေးယူမှ ဗုံးကြဲမှုများ ရပ်မည်
စက်တင်ဘာလ ၄ ရက်
နိုင်ငံတကာ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို သက်ဆိုင်ရာအစိုးရများက ထိ ရောက်သည့်အရေးယူမှုများ မလုပ်လျှင် လေကြောင်းဗုံးကြဲမှုများလည်း ရပ်တန့်မည်မဟုတ်ကြောင်း Blood Money- သွေးစွန်းငွေ က ထုတ်ပြန်လိုက်သည်။
နိုင်ငံတကာကုန်သွယ်ရေးကွန်ရက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ ဆက်လက် ရောက်ရှိနေပြီး ယင်းသည် စစ်အုပ်စုက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက် လက်ပြုလုပ်နိုင်ရန် ထောက်ပံ့နေခြင်းပင်ဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ လေယာဉ်ဆီ ကုမ္ပဏီများ ကို ပစ်မှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ ရှိနေသော်လည်း နိုင်ငံတကာ လေယာဉ်ဆီ ပေးသွင်းသူများ၊ ကြားခံကုမ္ပဏီများ၊ သင်္ဘောနှင့်ဆက်စပ်လုပ်ငန်းများ၊ ဆီသိုလှောင်ရုံ များနှင့် အခြား ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သူများအပေါ် ထိရောက်သော ကြီးကြပ်စစ်ဆေးမှုနှင့် အရေးယူမှု များ အားနည်းနေဆဲဖြစ်ကြောင်း Blood Money က ဆိုသည်။
“စစ်အုပ်စုက နိုင်ငံတကာကနေ လေယာဉ်ဆီ ကိုရေကြောင်းကနေ သယ်နေတာမို့ UK အစိုးရအနေနဲ့ လည်း ရေကြောင်းအာမခံ ပိတ်ဆို့မှုကို အမြန်ဆုံးလုပ်ဖို့လိုပါတယ်။နိုင်ငံထဲ လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးရေး ကွင်းဆက်မှာ ပါဝင်နေတဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)ကိုလည်း နိုင်ငံတကာ အစိုးရအားလုံးက စုပေါင်းညှိုနှိုင်းပြီး အတူတကွ ဒဏ်ခတ်ပိတ်ဆို့မှု (Coordinated Sanctions) လုပ်ဖို့လိုအပ်ပါတယ် ” ဟု သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နွေဦးလီလီက ပြောသည်။
မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (MOGE) သည် နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိနေပြီး ထိုင်းကုမ္ပဏီ PTT၊ Gulf Petroleum Myanmar (GPM) နှင့် တောင်ကိုရီး ယားကုမ္ပဏီ POSCO တို့က မြန်မာစစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများကို လစဉ်ဒေါ်လာနှင့် ဘတ် ငွေကြေး သန်းချီပေးဆောင်နေကြောင်း ထိုဝင်ငွေများသည် လက်နက်၊ လေယာဉ်ဆီ၊ စစ်လေယာဉ် နှင့် အခြား စစ်ရေးပစ္စည်းများကို နိုင်ငံတကာနှင့် ကြားခံဘဏ်၊ ငွေလွှဲကွန်ရက်များမှတစ်ဆင့် ဝယ်ယူ နိုင်သည့် အခြေအနေရှိကြောင်း သုတေသနနှင့် အပြည်ပြည်ဆိုင်ရာ အစီရင်ခံစာများက သုံးသပ်ထား သည်။
“မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကနေ လစဉ်ရနေတဲ့ ဒေါ်လာသန်းချီဝင်ငွေ တွေက စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ လက်နက်၊ လေယာဉ်၊ လေ ယာဉ်ဆီ နဲ့ စစ်ရေးယန္တရား တစ်ခုလုံးကို ဘယ်လိုထောက်ပံ့နေနိုင်သလဲဆိုတဲ့ ငွေကြေးစီးဆင်းမှု တစ်ခုလုံးကိုကြည့်ရပါမယ်”ဟု နွေဦးလီလီက ဆက်လက်ပြောသည်။
MOGE ကို အမေရိကန်အစိုးရက အပြည့်အဝဆန်ရှင်ချရန်၊ ကနေဒါ အစိုးရကလည်း ဒဏ်ခတ် ပိတ် ဆို့အရေးယူရန်နှင့် နိုင်ငံတကာမှ လက်နက်၊ စစ်လေယာဉ်၊ လေယာဉ်ဆီတွေဝယ်ယူရန် စစ်အုပ်စု အသုံးပြုနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် Myanma Foreign Trade Bank (MFTB) ကိုလည်း EU နဲ့ UK က ဆန်ရှင်ချရန် Blood Money ကတိုက်တွန်းလိုက်သည်။
#MPA
#HlaingInfo | 1 836 |
| 15 | မန္တလေးမှ စစ်သင်္ဘော အစီး ၂၀ ကျော် ရွှေကူဘက်သို့ ထပ်မံ ဆန်တက်လာ၊
▪️ဗန်းမော်သို့ ဆန်တက်လာသော လက်ကျန် သင်္ဘော၃ စီးကိုလည်း KIA ပူးပေါင်းတပ်များက ထပ်မံပစ်ခတ် တိုက်ခိုက်
စက်တင်ဘာလ ၅ ရက်
မန္တလေးမြို့၊ မန္တလေးဂေါ်ဝန်ဆိပ်မှ စစ်သင်္ဘော အစီး ၂၀ ကျော်မှာ ကချင်ပြည်နယ် ရွှေကူမြို့ဘက်သို့ ထပ်မံ ဆန်တက်လာကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှစတင်၍ မန္တလေးဂေါ်ဝန်ဆိပ်မှ ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး သင်္ဘောများ အပါအဝင် စုစုပေါင်း ၆ စီး သည် မတ္တရာမြို့နယ် ရှင်လှအလယ်ရွာ အနားတွင် ရပ်တန့်ထားပြီး တွဲသင်္ဘောများ ပါဝင်သော အစီး ၂၀ ကျော်သည်လည်း မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာအနီးကို ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ စစ်သင်္ဘောနှင့် တွဲသင်္ဘောများ ဆန်တက်လာသောကြောင့် မြစ်ကြောင်း တစ်လျှောက်နေထိုင်သော ကျေးရွာများမှ ပြည်သူများ အနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိပြု နေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။
"မန္တလေးဂေါ်ဝန်ဆိပ်ကနေ ဒီမနက်အစောပိုင်း ဆန်တက်လာသော စစ်ခွေးတိုက်ခိုက်ရေး သင်္ဘောတွေ အပါအဝင် ၆ စီးက မတ္တရာနယ် ရှင်လှအလယ်ရွာအနီးမှာ ရပ်တန့်ထားတယ်။ နောက်ပြီး တွဲသင်္ဘောအုပ်စု အစီး ၂၀ ကျော်ကလည်း မန္တလေးဆိပ်ကမ်းကနေ ထပ်ပြီးတော့ ဆန်တက်လာနေတုန်းပဲ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဩဂုတ်လလယ်ပိုင်းကလည်း မန္တလေးမြို့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့သော စစ်သင်္ဘော ၁၅ စီးကို ဖြတ်သန်းရာ မြစ်ကြောင်း တောက်လျှောက်ကို လက်နက်ကြီး၊ လေကြောင်း ပစ်ကူများ ဆက်တိုက် ပြုလုပ်ခဲ့ရာ အနည်းဆုံး ၈ စီးမှာ မီးလောင်ပျက်စီးခြင်းနှင့် စစ်သင်္ဘော ၂ စီးမှာလည်း လက်နက်ချ အလံဖြူထောင်ခဲ့ရသည်။
"မနေ့(စက်တင်ဘာလ ၄ ရက်နေ့) ကလည်း ဗန်းမော်နားမှာ ရောက်နေတဲ့ သင်္ဘော ၁ စီးက စက်ပျက်လို့ မြစ်ထဲမှာ မျောနေတာ။ အဲဒါကို ဆွဲဖို့ ဗန်းမော်ကနေ သင်္ဘော ၃ စီးဆင်းလာတယ်။ အဲဒါကို KIA နဲ့ပူးပေါင်းတပ်က ၀ိုင်းပစ်တာ။ ၂ စီးမီးလောင်ပျက်စီးတယ်။ ပြီးတော့ တက်လာတဲ့ သင်္ဘော လက်ကျန်ထဲက ညောင်ပင်သာနားမှာ နောက်ထပ် ၁ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်။ မနေ့က ဖျက်ဆီးနိုင်ခဲ့တာ သင်္ဘော ၃ စီးရှိတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို စစ်သင်္ဘော အုပ်စုသည် ဩဂုတလ ၂၇ ရက်နေ့ ရွှေကူသို့ ဆိုက်ကပ်ခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့ ဗန်းမော်မြို့ဘက်ကို ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ တိုက် ခိုက်ခဲ့သောကြောင့် စစ်ရေယာဉ်အများအပြား ထိခိုက်ပျက်စီးကာ စစ်သင်္ဘော ၂ စီးမှ စစ်သားနှင့်မိသားစုဝင် ၁၉၀ ဦးမှာ အလံဖြူထောင် အညံ့ခံခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ ယင်း စစ်င်္ဘောအုပ်စု ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောတစ်စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း၊ ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေယာဉ်အုပ်စုကို ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘောတစ်စီးမှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုများအတွင်း စစ်ရေယာဉ်များ ထိခိုက်ပျက်စီးခဲ့ပြီးနောက် စစ် သင်္ဘောပေါ်ပါ စစ်သားအချို့မှာ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရှိရသည်။
#KTM
#HlaingInfo | 1 762 |
| 16 | ရန်ကုန်မှာ ၂ရက်အတွင်း လူငယ် ၁၃ဦး ဖမ်းဆီးခံရ
▪️ပုဇွန်တောင် ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းပြီး ကားပေါ်တင်သွား
စက်တင်ဘာလ ၅ ရက်
ရန်ကုန်မြို့က မြို့နယ်တစ်ချို့မှာ ပြီးခဲ့တဲ့ ၂ရက်အတွင်း စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၃ ဦးရှိတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Scout ချန်နယ်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
"စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ်စခါနီးမို့ သူတို့သတ်မှတ်လူဦးရေ ဖြည့်ဖို့လိုလို့ ဆွဲနေတာပါ။ လတိုင်း ခုလိုချိန်ဆို အဆွဲအရမ်းများပါတယ်ဗျ။ လူမပြည့်မချင်း နေရာအနှံ့ဆွဲနေကြမှာပါဗျ။ သင်တန်း စသွားပြီးရင်တော့ ခဏပြန်ငြိမ်သွားတတ်ပါတယ်။"လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၂ ရက်မှာ မင်္ဂလာဝောာင်ညွန့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ၈ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
စမ်းချောင်းမြို့နယ်မှာ စစ်သားနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းနဲ့ အိတ်ကို ယူစစ်ပြီးနောက် လူငယ် ၂ဦးကို ဖမ်းဆီးသွားတာလို့ RSN ကဖော်ပြထားပါတယ်။
လှိုင်သာယာမြို့နယ်မှာတော့ ရိုးလေးမှတ်တိုင်နားမှာ ရဲ ၁ဦးနဲ့ အရပ်ဝတ်တွေက လမ်းသွားလမ်းလာ လူငယ် ၁ဦးကို အဓမ္မဖမ်းဆီးသွားတာလို့ သိရပါတယ်။
မြောက်ဒဂုံမြို့နယ်မှာတော့ ဦးဝိစာရလမ်းပေါ်က အကြော်တဲမှတ်တိုင်မှာ ကားစောင့်နေတဲ့ ပန်းရံအလုပ်လုပ်ကိုင်တဲ့ အမျိုးသား ၃ဦးကို ရဲတွေက ကားပေါ်အတင်းဆွဲခေါ်ပြီး ဖမ်းဆီးသွားတာလို့ဆိုပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ တော်ဝင်ပလာဇာနားမှာ လမ်းလျှောက်နေတဲ့ သက်လတ်ပိုင်း အမျိုးသား ၂ဦးကို အရပ်ဝတ်နဲ့ ၃ဦးက DV Van ကားပေါ်ကို ဆွဲတင်သွားတာလို့ သိရပါတယ်။
စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်လူ ၄ ဦးက လက်ထိပ်ခတ်ဖမ်းဆီးပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ Scout Yangon ကဖော်ပြထားပါတယ်။
ဖြစ်စဉ်မှာ Hotel 57 အနီး၊ ဗိုလ်တထောင်ဈေးလမ်းထဲ ဝင်တဲ့အကွေ့နားမှာ ဖြစ်ခဲ့တာဖြစ်ပြီး အိမ်ကားအဖြူရောင်နဲ့ အရပ်ဝတ်နဲ့လူ ၄ ဦး ရောက်လာပြီး လူငယ် ၂ ဦးကို ရုတ်တရက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးထဲက ၁ဦးဟာ အသက် ၂၀ ဝန်းကျင်၊ မျက်မှန်တပ်ထားပြီး အသားဖြူကာ ဘောင်းဘီတိုဝတ်ထားသူ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အသက် ၂၅ နှစ်ဝန်းကျင်၊ အသားညိုပြီး ဘောင်းဘီရှည်ဝတ်ထားကာ ဘေးလွယ်အိတ်နဲ့ အပြာရောင်ထီး ကိုင်ထားသူဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်မှာ မျက်မှန်တပ်ထားတဲ့ လူငယ်က အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အရပ်ဝတ်တွေက ရိုက်နှက်ပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အပြာရောင်ထီးတစ်ချောင်းလည်း လမ်းပေါ်မှာ ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဝတ်လူ ၄ ဦးထဲမှာ အသက် ၃၀ ကျော်ဝန်းကျင် ခပ်ဝဝအမျိုးသား ၂ ဦးနဲ့ လူငယ်ပိုင်းအရွယ် အမျိုးသား ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါအရပ်ကားဟာ မဟာဗန္ဓုလလမ်းဘက်ကို မောင်းထွက်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
အဆိုပါအနီးပတ်ဝန်းကျင်ကို သွားရောက်မေးမြန်းရာမှာတော့ ဖြစ်စဥ်မှာမှန်ကန်ပြီး ၎င်းတို့အနေဖြင် အသက်အန္တရာယ်ပြုခံရမှာစိုးတာကြောင့် မကူညီနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
" လူညီရင်တော့တစ်မျိုးလေ။ ကိုယ်ကကူညီချင်တယ်။ တစ်ယောက်တည်းကပဲသွားကူလိုက်ရင်ကိုယ့်ပါရန်လုပ်မှာ။ ဘာမှမတတ်နိုင်ဘူး။ ရပ်ကြည့်နေရုံကလွဲပြီးမတတ်နိုင်ဘူး" လို့ ဖြစ်စဥ်အနီးရှိနေသူတစ်ဦးကပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ့ နေရာသုံးခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လမ်းမပေါ်မှာသွားလာနေသူတွေလို့ ဆိုပါတယ်။ ပုဇွန်တောင်မြို့နယ်မှာတော့ Hotel 57 အနီးမှာ လမ်းလျှောက်နေသူ ၂ဦးကို အရပ်ဝတ်တွေက လက်ထိပ်ခတ်ဖမ်းဆီးသွားတာလို့ RSN ကဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေအပြင် စက်တင်ဘာ ၂ ရက်က သာကေတမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကိုးတန်းကျောင်းသား ၁ဦးကို အရပ်ဝတ်နဲ့ လူ ၄ဦးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားလို့သိချိန်မှာ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️ | 1 921 |
| 17 | စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာလူလတ်တန်းစားနှင့် ကျောင်းသား အရေအတွက် ၅ ဆခန့် မြင့်တက်လာနေ
စက်တင်ဘာလ ၅ ရက်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည် ဖော်ခဲ့ခြင်းတို့၏ နောက်ဆက်တွဲအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ခွာရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသား လူလတ်တန်းစား၊ ပညာရှင်နှင့် တက္ကသိုလ်ကျောင်းသားအရေအတွက်မှာ ၅ ဆခန့်အထိ သိသိသာသာ မြင့်တက်လာကြောင်း ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနလေ့လာမှုများအရ သိရှိရသည်။
မြန်မာသုတေသီ ဒေါ်နီနီကျော်နှင့် Sirada Khemanitthathai တို့၏ စစ်တမ်းလေ့လာတွေ့ရှိချက်များအရ စစ်အာဏာမသိမ်းမီက ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားအရေ အတွက်မှာ ၂,၅၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၁၂,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက် ခွာလာသည့် တက္ကသိုလ်ကျောင်းသားများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် အခြားပညာရှင် လူ လတ်တန်းစားများ စုဝေးအခြေချနေထိုင်ရာ အဓိကဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီး မြန်မာပညာရှင်နှင့် လူလတ်တန်းစား ၆,၀၀၀ ကျော်အထိ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြောင်း သုတေသန လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားသည်။
ယခင်က မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်ခြင်းသည် အဓိကအားဖြင့် အလုပ် အကိုင်ရှာဖွေရန် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်ခြင်းဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုနောက်ပိုင်းတွင်မူ အသက်အန္တရာယ်နှင့် အနာဂတ်လုံခြုံရေးအတွက် နိုင်ငံမှထွက်ခွာရသည့် “အသက်ရှင်သန်ကျန်ရစ်ရေးအတွက် ရွှေ့ပြောင်းခြင်း (Survival Migration)” ပုံစံသို့ ပြောင်းလဲသွားကြောင်း သုတေသီများက ထောက်ပြသည်။
“စစ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေရဲ့ ရွှေ့ပြောင်းမှု ပုံစံဟာ လုပ်သားရွှေ့ပြောင်းမှုကနေ အသက်ရှင်သန်ကျန်ရစ်ရေးအတွက် ရွှေ့ပြောင်းမှု ပုံစံကို လုံးဝပြောင်းလဲသွားခဲ့တာပါ” ဟု သုတေသီ Dr. Sirada Khemanitthathai က ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့က ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ထိုင်း နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်မှု အခြေအနေများနှင့် ၎င်း၏ လူမှုစီးပွားအကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲတွင် သုတေ သီများနှင့် ပညာရှင်များက ထိုသို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သုတေသီများ၏ ထောက်ပြချက်အရ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအပေါ် ဒေသခံထိုင်းပြည်သူများ၏ နားလည်မှုနှင့် လက်တွေ့အခြေအနေအကြား ကွာဟချက်များရှိနေဆဲဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားအများစုသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ရွှေ့ပြောင်းလုပ်သားများအဖြစ်သာ မြင်တွေ့နေကြပြီး စစ်အာဏာသိမ်းမှု၊ နိုင်ငံရေးဖိနှိပ်မှုများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် အသက် ရှင်သန်ရေးအတွက် ထွက်ပြေးလာရသည့် ကျောင်းသားများ၊ လူငယ်များနှင့် ပညာရှင်လူလတ်တန်းစားများ အများအပြားရှိနေသည်ဆိုသည့် အခြေအနေမှန်ကို လုံလောက်စွာ မသိရှိကြကြောင်း ဆိုသည်။
“စစ်တမ်းကောက်ယူခဲ့တဲ့ ထိုင်းလူမျိုး ၄၀၀ အနက် ၃၅၈ ဦးက မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုနောက် ပိုင်း ဝင်ရောက်လာတဲ့ မြန်မာလူငယ်တွေ၊ လူလတ်တန်းစားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ အသက်ရှင်သန်ရေးအတွက် ပြေးထွက်လာသူတွေဆိုတဲ့ ပကတိအခြေအနေမှန်နဲ့ ကိန်း ဂဏန်းတွေကို တိတိကျကျ မသိကြဘူး။ သူတို့ကို အလုပ်သမားအဖြစ်သာ သီးသန့်မြင်တွေ့နေကြတယ်” ဟု ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Pisit Nasi က ပြောဆိုသည်။
ထို့ကြောင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၏ အခြေ အနေမှန်ကို ဒေသခံထိုင်းလူထု နားလည်သဘောပေါက်လာစေရန် ကြိုးပမ်းမှုများ လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️ | 1 908 |
| 18 | မင်းအောင်လှိုင်သွားရောက်စစ်ဆေးခဲ့သည့် ညောင်တုန်းတာ ယနေ့ နံနက်ပိုင်း ပေ ၃၀၀ ကျော် ထပ်မံပြိုကျ
စက်တင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းပင်မတာတွင် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က တာပေ ၃၀၀ ကျော် ထပ်မံပြိုကျမှု ဖြစ်ပွားခဲ့ပြီး၊ သြဂုတ်လ ၂၅ ရက်နေ့မှစတင်၍ ဖြစ်ပွားလာသည့် အဓိက တာပဲ့ကျမှုများအနက် တတိယအကြိမ်မြောက် ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် ညောင်တုန်းချောင်းဖျားတာ၏ တာဟောင်းဘက်၊ လူနေရွာမရှိသည့် အခြမ်းတွင် မြေသားတာ ထပ်မံပဲ့ကျပြိုပျက်ခဲ့ခြင်းဖြစ်ပြီး တာမိုင်အမှတ် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် အလျား ပေ ၃၁၀ ခန့် ပြိုကျသွားခဲ့ကြောင်း သိရသည်။
"ဒီမနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ ပြိုကျသွားတာ။ ပြိုသွားတဲ့နေရာကို အခု ကာထားပြီ။ တာဘောင်ကို လမ်းလျှောက်လို့မရတော့ဘူး" ဟု ညောင်တုန်းမှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ထပ်မံပြိုကျသည့်နေရာသည် ကြံ့ခိုင်မှုအားနည်းနေသည့် ပင်မမြေသားတာအစိတ်အပိုင်းဖြစ်ပြီး၊ ယခင်က တာပဲ့ကျခဲ့သည့်နေရာများနှင့် ဆက်စပ်၍ တာ၏ပျက်စီးမှုအခြေအနေ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေကြောင်း သိရသည်။
ညောင်တုန်းကျွန်းတာတွင် ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ပထမအကြိမ် အဓိကတာပဲ့ကျမှု ဖြစ်ပွားခဲ့ပြီး၊ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားရှိ မြေသားတာ အစိတ်အပိုင်း ပျက်စီးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နောက်ပိုင်း တာကိုကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ယာယီပန်းတာများ တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ထို့နောက် သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညောင်တုန်းတာပြိုကျမှုဖြစ်ပွားနေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့သည်။ သို့ရာတွင် မင်းအောင်လှိုင် လာရောက်စစ်ဆေးခဲ့ပြီးနောက်ပိုင်းတွင်လည်း တာ၏အခြေအနေမှာ တည်ငြိမ်လာခြင်းမရှိဘဲ မြေသားပြိုကျခြင်းနှင့် တာအက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် ရွာဘက်အခြမ်း၊ မဏ္ဍပ်တည်ရှိရာဘက်တွင် တာထပ်မံပြိုကျခဲ့သဖြင့် ယခင်တည်ဆောက်ထားသည့် ပန်းတာမှာ မလုံလောက်တော့ဘဲ ပျက်စီးသည့်နေရာဘက်သို့ ထပ်မံတိုးချဲ့ကာ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင်မူ တာဟောင်း၏ အခြားတစ်ဖက်ဖြစ်သည့် ရွာမရှိသောအခြမ်းတွင် ပေ ၃၀၀ ကျော် ထပ်မံပဲ့ကျပြိုပျက်ခဲ့ခြင်းဖြစ်သဖြင့် ယင်းနေရာတွင်လည်း ပန်းတာနှင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ပေါ်လာနေကြောင်း သိရှိရသည။
ထို့အပြင် ယနေ့တာပဲ့ကျမှု ဖြစ်ပွားချိန်တွင် ဧရာဝတီမြစ်ရေအခြေအနေမှာ သြဂုတ်လ ၂၅ ရက်နေ့ ပထမအကြိမ် တာပဲ့ကျခဲ့စဉ်ကထက် ပိုမိုမြင့်တက်နေကြောင်း ဒေသခံများက ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ ညောင်တုန်းမြစ်ရေအခြေအနေမှာ စိုးရိမ်ရေမှတ်အောက် ၁၉ ပေဝန်းကျင်တွင် ရှိနေခဲ့သော်လည်း မိုးဆက်လက်ရွာသွန်းနေမှုနှင့် မြစ်ရေမြင့်တက်လာနိုင်ခြေတို့ကြောင့် တာ၏ကြံ့ခိုင်မှုအခြေအနေကို စိုးရိမ်နေရကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ၏ ဧရာဝတီမြစ်ခွဲဘက် တာမိုင် ၁၁/၅ နှင့် ၁၁/၆ ကြားတွင် မြေသားတာ အက်ရာများပေါ်ပေါက်ကာ မြေသားအိကျလျောဆင်းမှုများ ဖြစ်ပွားခဲ့သည်။ ယင်းအချိန်တွင် တာအက်ရာဖြစ်ပွားသည့်နေရာမှာ အကျယ် ၁၀ ပေခန့်ရှိခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုးလာမှုတို့ကြောင့် မြေသားတာ၏ ကြံ့ခိုင်မှုကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။
လက်ရှိ ညောင်တုန်းကျွန်းတာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဧရာဝတီတိုင်းစစ်ကောင်စီ၊ ဆည် မြောင်းဦးစီးဌာန၊ စစ်အင်ဂျင်နီယာတပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ညောင်တုန်းတာပျက်စီးမှု ပိုမိုဆိုးရွားမလာစေရေးအတွက် ယာယီပန်းတာများ ထပ်မံတည်ဆောက်ခြင်း၊ သဲအိတ်များအသုံးပြုကာ မြေသားဖို့ခြင်း၊ ရေစီးနှုန်းလျော့ကျစေရေးအတွက် ရေထဲတွင် နုန်းမြေများ စုပုံလာစေရန် ဆောင်ရွက်ခြင်းနှင့် သံမဏိကြိုးများအသုံးပြု၍ ရေစီးကိုထိန်းသိမ်းခြင်းတို့ကို အရေးပေါ်ဆောင်ရွက်နေကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️ | 1 819 |
| 19 | နတ်မောက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ် ရဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်
စက်တင်ဘာလ ၅ ရက်
မကွေးဒေသ ၊ နတ်မောက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးပြီးတော့ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၃ ရက် မနက် ၇ နာရီ ၃၀ ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထနောင်းကုန်းကျေးရွာကနေထွက်လာပြီး သရက်ချောင်းကျေးရွာ နဲ့ ကံလှကျေးရွာကြားမှာ ပဒေသာ မိုင်းနဲ့ တိုက််ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီးတော့ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ် လို့ နတ်မောက် ပကဖ က ပြောပါတယ်။
အဲဒီ အကြမ်းဖက် စစ်ကြောင်းက ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးပြီး အိမ်တွေကို မီးရှို့တာ ၊ ရွှေထည်တွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ရှာဖွေယူဆောင်တာ ၊ ကားနဲ့ လယ်ယာသုံးပစ္စည်း ပိုင်ဆိုင်သူ တွေကို တစ်ဦးလျှင် ကျပ် နှစ်သိန်းကျပ်အထိ တောင်းတာ ၊ အလိုမကျတဲ့အခါ ရိုက်နှက်ခြိမ်းခြောက် တာ တွေ ပြုလုပ်နေတာပါ။
တိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို နတ်မောက် ပကဖ နဲ့ အမှတ် ၉၀၃ ဂဠုန် PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ လို သိရပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကြောင်း နဲ့ တက်နိုင်သမျှ ဝေးဝေး နေကြဖို့အတွက် နဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို လမ်းပြပုံစံနဲ့ ဓားစားခံလုပ်ပြီးခေါ်လေ့ရှိတယ်လို့လည်း နတ်မောက် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
#PVTV
#HlaingInfo | 1 983 |
| 20 | ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးမိသားစုက ဝယ်ယူထားသော မြေကွက်ကို ကမ္ဘောဇဘဏ်က ပိုင်ဆိုင်သည်ဟုဆိုကာ တုတ်၊ဓားများ ကိုင်ဆောင်သော လူအုပ်စုဖြင့် ဝင်သိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သားဖြစ်သူ ခြိမ်းခြောက်ခံရပြီး ကမ္ဘောဇဘဏ်ကို ပြန်လည်တရားစွဲဆို
စက်တင်ဘာလ ၅ ရက်
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သားဖြစ်သူ ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့ ပူးတွဲဝယ်ယူထားသည်ဟုဆိုသော မြေကွက်ကို ကမ္ဘောဇဘဏ် (KBZ Bank) က ၎င်းတို့ပိုင်ဆိုင်သည့်မြေဖြစ်သည်ဟုဆိုကာ လူအုပ်စုဖြင့် ဝင်ရောက်သိမ်းယူခဲ့ပြီး မြေကွက်မှ ထွက်ခွာပေးရန် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သား ကျော်ဇေနိုင်ကို ခြိမ်းခြောက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
အဆိုပါမြေကွက်မှာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ နာနတ်တောလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ မြေတိုင်းအမှတ်(၈၂)၊ မြေကွက်အမှတ်(၁၃)၊ မြေဧရိယာ ၀ ဒသမ ၅၄၇ ဧကရှိ မြေကွက်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုက ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် သူရအောင်ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါမြေကွက်၏ ဂရန်အမည်ပေါက်မှာ ဒေါ်ခင်စပယ်ကြည် အမည်ပေါက် မြေဖြစ်ပြီး နှစ် ၆၀ မြေငှားဂရန်စာချုပ်ရှိကြောင်း၊ ယင်းမြေကွက်မှာ ကမ္ဘောဇဘဏ်ထံတွင် ပေါင်ထားသော အပေါင်ဆုံးမြေဖြစ်သည်ဟုဆိုကာ ကမ္ဘောဇဘဏ်က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ယင်းမြေကွက်ကို ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သားဖြစ်သူ ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့က ဝယ်ယူစဉ် ရောင်းချသူ သူရအောင်က မြေနေရာကို အလွတ်အနေအထားဖြင့် လက် ရောက်လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သား ဝယ်ယူထားသော မြေကွက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်အချိန် လူ ၂၅ ဦးခန့်က တုတ်နှင့်ဓားများ ကိုင်ဆောင်ကာ ခြံဝင်းအတွင်း ဝင်ရောက်လာပြီး ခြံစောင့်ကို မောင်းထုတ်ကာ နေအိမ်နှင့် ခြံအတွင်းရှိ ပစ္စည်းများကို အပိုင်စီးရယူခဲ့ကြောင်း သိရှိရသည။
ယင်းဖြစ်ကြောင့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးမိသားစုက သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားစာများပေးပို့ထားပြီး၊ မြေကွက်ပိုင်ဆိုင်မှုအငြင်းပွားမှုကို တရားမကြောင်းအရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် KBZ Bank ကို တရားစွဲဆိုထားကြောင်း သိရှိရသည်။
ထို့ပြင် မြေကွက်အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သားဖြစ်သူ ကျော်ဇေနိုင်ထံသို့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုမှ “ဝေးရာသာပြေးတော့ ကိုယ့်လူ” ဟု SMS ပေးပို့ခြိမ်းခြောက်ခဲ့သည့်အပြင် Golden City Condo တွင် မနေထိုင်ရန်နှင့် နေပြည်တော်သို့ ပြန်သွားရန် အဓိပ္ပာယ်ရသည့် စာတိုများ ထပ်မံပေးပို့ခဲ့ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ယင်းမြေကွက်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေကွက်ပိုင်ရှင်ဆိုသူ သူရအောင်နှင့် မိသားစုဝင် ၇ ဦးကို ရုံးသို့ ခေါ်ယူ၍ မြေကွက်မှာ KBZ Bank က ဘဏ်က ပိုင်ဆိုင်သည့်မြေဖြစ်သည်ဟု လာရောက် အကြောင်းကြားခဲ့သည်ကို အသိပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း မြေကွက်မူလပိုင်ရှင်ဆိုသူ သူရအောင်နှင့် KBZ Bank မှ တာဝန်ရှိသူများ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ကြပြီး KBZ Bank က ယင်းမြေကွက်နှင့်ပတ်သက်သော ဒေါ်ခင်စပယ်ကြည်အမည်ပေါက် မြေငှားဂရန်စာရွက်စာတမ်းများ ဘဏ် တွင် အပေါင်ဆုံးဖြစ်နေသည်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏သား ကျော်ဇေနိုင်နှင့် မြင့်သန်းတို့က ၎င်းတို့ဝယ်ယူထားသော မြေကွက်ကို စာရွက်စာတမ်းအတုအပများ အသုံးပြုကာ KBZ Bank နှင့် ဆက်နွှယ်သည့် အပေါင် မြေအဖြစ် ဖန်တီးခဲ့ခြင်းရှိ၊ မရှိ အထူးစုံစမ်းစစ်ဆေးပေးရန် အမှုဖွင့်ထားပြီး မြေကွက်ပိုင်ဆိုင်မှုအရေးကိုလည်း တရားရုံးမှတစ်ဆင့် တရားရင်ဆိုင်နေကြောင်း သိရှိရသည်။
အဆိုပါအမှုအခင်းနှင့်ပတ်သက်သည့် လျှို့ဝှက်စာတမ်းများမှာ CDM ဗိုလ်ကြီးဇင်ယော်မှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေါက်ကြားလာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးနှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းတို့အကြား အမှုအခင်းဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#KTM
#HlaingInfo | 2 308 |
