cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Hlaing Info

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.net

Ko'proq ko'rsatish
Reklama postlari
68 920
Obunachilar
+5824 soatlar
+5807 kunlar
+1 49830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ ဇွန်လ ၄ ရက် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။ အဆက် - ⤵️⤵️
Hammasini ko'rsatish...
👍 28 13👏 4😁 1
Photo unavailableShow in Telegram
❗️Alert News ❗️ စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်း အပြင် Camera ကိုလည်း အသုံးပြုနိုင်ကြောင်း ဇွန်လ ၄ ရက် စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်းအပြင်  camera ကိုလည်း အသုံးပြုနိုင်ကြောင်း  နည်းပညာသမားတဦးမှ Hlaing Info  သို့ ပြောပြလာပါသည်။ ၎င်း App အား  developer Nyan Myo Hteik [email protected] Myanmar(Burmese)ကရေးဆွဲထားတာ ဖြစ်ပြီး 27/4/2024 ရက်နေ့တွင်စတင်ကာ နောက်ဆုံး update ထားသောရက်မှာ 2/5/2024 ရက်နေ့ ဖြစ်ပါသည်။ App တွင် Permission ကို တောင်းရာ၌ Location , Contact , Microphone, camera , နှင့် Other အချက်များပါဝင်ပါသည်။ ထိုကြောင့် အသုံးပြုထားသူများ၏ တည်နေရာသိနိုင်ခြင်း ၊ ကိုယ့်ဖုန်းနံပတ် အားသိရှိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ Contact များ သိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ SMS များလည်း ဝင်ရောက်ဖတ်နိုင်ခြင်း ၊ ကင်မရာအသုံးပြုနိုင်ခြင်း အပြင် နောက်ဆုံး ဖုန်းတွင်းရှိ  Photo နှင့် Video များပါ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း တို့ လုပ်နိုင်ပါတယ်။ အတော်လေး အန္တရာယ်များတဲ့ app တခုပါ။ ထို့အပြင် run in background အနေဖြင့်ပါ permission ယူထားသောကြောင့် My Space app အား မသုံးစွဲပဲ အခြား app များ ပြောင်းလည်းသုံးစွဲနေသည့် အချိန်တွင်လည်း အကြမ်းဖက် စကစ မှအားလုံးသိရှိနိုင်ရန် စီစဥ်ထားပါသည်။ လူ့အခွင့်အရေး ( privacy ) အားအကြီးအကျယ် ချိုးဖောက်သော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အား ဝင်ရောက်မသုံးစွဲခြင်းအပြင် google play store မှ ပြုတ်ကျသွားစေရန် ဝိုင်းဝန်းကာ report တင်ခြင်းဖြင့် စည်းလုံးကြပါစို့ ။   မိဘပြည်သူများအနေဖြင့် စကစ အန္တရာယ်ဘေးမှ လွတ်ကင်းအောင် သတိထားနိုင်ရန် Hlaing Info မှ ထပ်မံအသိပေး တင်ပြအပ်ပါသည်။ #HlaingInfo
Hammasini ko'rsatish...
26👍 13😁 5
Photo unavailableShow in Telegram
ပုလဲမြို့နယ်က ဇီးဖြူကုန်းမြောက်ရွာကို အောင် မြင်စွာ မီးလင်းပေးနိုင်ခဲ့ ဇွန်လ ၄ ရက် စစ်ကိုင်းတိုင်း၊ ယင်မာပင်ခရိုင်၊ ပုလဲမြို့နယ်က ဇီးဖြူကုန်းမြောက်ရွာကို ဇွန် ၃ရက်က အောင်မြင်စွာ မီးလင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပုလဲမြို့နယ် ပအဖ တာဝန်ခံဦးဇော်ထက်၊ ယင်မာပင်ခရိုင် လျှပ်စစ်နှင့်စွမ်းအင်တာဝန်ခံ ဦးကျော်ဆန်းဦး ၊ ပုလဲမြို့နယ်လျှပ်စစ်နှင့် စွမ်းအင်တာဝန်ခံ ဦးကျော်စိုးဝင်း တို့က အောင်မြင်စွာမီးလင်းပေးခဲ့ပါတာလို့ ဆိုပါတယ်။ #PVTV #HlaingInfo
Hammasini ko'rsatish...
23😁 1
Photo unavailableShow in Telegram
Update 💃💃💃 Playstore ထဲမှာ myspace မရှိတော့ဘူး ။ Browser ထဲ က ရှာရင်တော့ ရှိနေသေးတယ်။ ပြည်သူတွေညီရင် ဘာမှ မခံနိုင်ဘူး။ မအလ တသိုက် ‌😂 ငိုစမ်း ။ #HlaingInfo
Hammasini ko'rsatish...
👍 61👏 25🥰 14😁 2
Photo unavailableShow in Telegram
မင်းလှမြို့နယ်တွင် ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်တပ်က လမ်းတစ်လျှောက်မှ ပြည်သူ ၁၀ ဦးကျော်ကို သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ် ဇွန်လ ၄ ရက် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက လမ်းကြောင်း တလျှောက် တွေ့သမျှပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူ ၁၀ ဦးကျော် သတ်ဖြတ်ခံထားရကြောင်း သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပဲခူးရိုးမအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများသည် ကျောက်တံခါးမြို့နယ်၊ ၈ မိုင်ရွာက ပြည်သူ ၃ ဦး၊ ၁၂ မိုင်ရွာက ပြည် သူ ၁ ဦး၊ မေလ ၃၁ ရက်နေ့က မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာမှ ကိုဝင်းဌေး တို့ကို ဖမ်းဆီးကာ သတ် ဖြတ်ခဲ့ပြီး  ပြည်သူ ၁၀ ဦး ကျော် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အဆက် - ⤵️⤵️
Hammasini ko'rsatish...
🤬 52 3😢 2👍 1
Photo unavailableShow in Telegram
ပြည်သူသာ အဓိကဆိုတာ ကျမ ထပ်တလဲလဲ‌ ပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူသာလျှင် အဓိကဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများကို https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။ #HlaingInfo
Hammasini ko'rsatish...
97👍 11🥰 6👏 2🔥 1
Photo unavailableShow in Telegram
ကိုဗစ် ၁၉ ရန်ပုံငွေက ချေးငွေတွေ အချိန်မီပြန်မဆပ်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်း/ပိတ်ပင်တာတွေလုပ်မယ်လို့ စစ်ကောင်စီရှမ်းအစိုးရ သတိပေး ဇွန်လ ၄ ရက် ကိုဗစ် ၁၉ ရန်ပုံငွေက ထုတ်ချေးထားတဲ့ အရင်းငွေတွေကို လာမယ့် ၂၀၂၄ ခုနှစ်ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ ပေးသွင်းကြဖို့နဲ့ အချိန်မီပြန်မဆပ်တဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းတွေရပ်ဆိုင်းတာ၊ ပိတ်ပင်တာတွေလုပ်မယ်လို့ ရှမ်းပြည်နယ်၊ ကိုဗစ်ရန်ပုံငွေက အသုံးချမှုစိစစ်ကြပ်မတ်ရေးအဖွဲ့က မနေ့ ဇွန်လ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန်လာတာ သိရပါတယ်။ အသိပေးကြေညာချက်ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်မှာ ပြုလုပ်တဲ့ အဆိုပါအဖွဲ့လုပ်ငန်းကော်မတီရဲ့ အစည်းအဝေး(၁/၂၀၂၄)အရ ထုတ်ပြန်ကြေညာတာလို့ ဆိုပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်ရတဲ့ လုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ဖို့ ကိုဗစ်ရန်ပုံငွေ ကနေ ချေးငွေ ကို ၁% အတိုးနဲ့ ၁ နှစ်သက်တမ်းသတ်မှတ်ကာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက် NLD အစိုးရလက်ထက်က ထုတ်ချေးခဲ့တာလို့ သိရပါတယ်။ ချေးငွေကို CMP လုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း၊ စိုက်ပျိုး၊မွေးမြူရေးနဲ့ရေထွက်ပစ္စည်းလုပ်ငန်း၊ ပြည်ပပို့ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်ငန်း၊ ပြည်တွင်းက ပြည်ပပို့ ထုတ်လုပ်မှုကွင်းဆက် (SupplyChain) တစ်လျှောက် ပါဝင်တဲ့လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းလုပ်ငန်းတွေ စုစုပေါင်း ၅၉၉၀ ခုကို စစ်ကောင်စီရဲ့လမ်းညွှန်ချက်နဲ့ထုတ်ချေးခဲ့တာလို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄ /ရက်နေ့က သတင်းထုတ်ပြန်ချက် ၃/၂၀၂၂ အရ သိရပါတယ်။ ပထမနှစ်အတွက် ပထမအကြိမ် အတိုးတွေကို ပေးဆပ်ပြီးဖြစ်ဖို့၊ ဒုတိယနှစ်အဖို့ ကာလမပြည့်မီ ပေးဆပ်ဖို့နဲ့ချေးငွေကို ထိရောက်အောင်ဆောင်ရွက်တဲ့ ကုမ္ပဏီလုပ်ငန်းတွေ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ ထုတ်ချေးခဲ့တာလို့ သိရပါတယ်။ "အေးဗျာ ကိုဗစ်ကြောင့် လုပ်ငန်းကိုကုစားဖို့ ဆိုပေမယ့် ကိုစစ်ကြောင့် လုပ်ငန်းတွေ နလံမထူဖြစ်နေတာ၊ ငွေတန်ဘိုးဖောင်းပွနေတာ၊ အစစအရာရာ ပြိုကျနေတဲ့ မြန်မာနိုင်ငံအခြေအနေမှာ အခုက အတိုးရော အရင်းရော မဖြစ်မနေပြန်ဆပ်ရမယ်ဆိုတော့၊ သိမ်းကာမှသိမ်းရော ဆပ်ဖို့မလွယ်ကြဘူး၊ ကြောက်ရတာက တရားမနဲ့ မစွဲဘဲ ရာဇဝတ်မှုဖန်တီးပြီး လူဖမ်းခံရမှာကိုပဲ ကြောက်ရတာ"လို့ လုပ်ငန်းရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Hammasini ko'rsatish...
🤬 46👍 5 1😱 1
Photo unavailableShow in Telegram
ကျောက်မီးသွေးတွင်းထဲရေဝင်လို့ လုပ်သား၂ ဦး ရေမွန်းသေဆုံး ဇွန်လ ၄ ရက် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရေနံမကျေးရွာက ကျောက်မီးသွေးလုပ်ငန်းခွင်မှာ တွင်းတူးနေတဲ့ လုပ်သား ၂ ဦး တွင်းထဲကိုရေဝင်ရာမှ ရေမွန်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် သေဆုံးသူတွေဟာ ငဖဲမြို့နယ်၊ ငရံ့ချောင်းရွာနေ ကိုခင်ဇော်နဲ့  ချင်းမကျေးရွာနေ ကိုနေအောင်တို့ဖြစ်ပြီး အသက် ၂၀ အရွယ်တွေဖြစ်ပါတယ်။ ဇွန်လ ၂ ရက်ညပိုင်းမှာ ကျောက်မီးသွေးတွင်းတူးနေချိန် မိုးရေတွေတွင်းထဲဝင်လာပြီး နှစ်ဦးစလုံးပြန်ထွက်မလာနိုင်ဘဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ "တွင်းတူးနေချိန် မိုးကရုတ်တရက်ရွာချလာတော့ တွင်းထဲရေတွေဝင်လာတာ။ အဲ့ဒါကို သူတို့ကထွက်ဖို့ ကြိုးစားကြပေမယ့် ရေတွေက ဒရဟောဝင်လာတော့ ထွက်မရဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသူတွေရဲ့အလောင်းကို ကျောက်မီးသွေးတွင်းတာဝန်ရှိသူတွေက ညတွင်းချင်း ရေနံမတိုက်နယ်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ဇွန်လ ၃ ရက်မနက်မှာ ဆေးရုံကတဆင့် သက်ဆိုင်ရာကျေးရွာတွေကို ပြန်ပို့ပြီးနောက် သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။ #MLAT #HlaingInfo
Hammasini ko'rsatish...
😢 40👍 7🔥 4
Photo unavailableShow in Telegram
ချင်းပြည်နယ် ကျီခါး နှင့် တွန်းဇံ မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ရဲဘော်များကို  ဂုဏ်ပြုကြိုဆို ဇွန်လ ၄  ရက် ချင်းပြည်နယ် ကျီခါး နှင့် တွန်းဇံမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် Senthang Central Council (SCC)/Senthang Revolution Force(SRF) မှ  ရဲဘော်များကို SCC/SRF War Office က ဇွန်လ ၁ ရက်နေ့တွင် ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ #KTM #HlaingInfo
Hammasini ko'rsatish...
59👍 7🥰 4😁 3👏 1
Photo unavailableShow in Telegram
တာချီလိတ်မှာ လည်ပင်းကြိုးဒဏ်ရာနဲ့ စောင်ပတ်ပြီး ကားနဲ့အတူစွန့်ပစ်ထားတဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ ဇွန်လ ၄ ရက် ရှမ်းအရှေ့၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝမ်ဆောက်ခုံ အာခါရွာအနီး မှာ ရပ်ထားတဲ့ ကားတစ်ပေါ်မှာ အသတ်ခံရထားရတဲ့ အမျိုးသား ၁ ဦးရဲ့အလောင်းကို တွေ့ရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မနေ့ဇွန်လ ၃ ရက် မနက် ၈ နာရီ ၂၅ မိနစ် အချိန်ခန့်က တာချီလိတ်မြို့နယ်၊ ဝမ််ဆောက်ခုံရွာအနီးမှာရပ်ထားတဲ့ ယာဉ်အမှတ် 5M.7671 Honda Insight အဖြူရောင် ကား ၁စီး မင်္သကာဖွယ်ရပ်ထားတယ်လို့ ရွာသားတွေက မိုင်ဖုန်း(ခ)အုပ်စု၊ ဝမ်ပုံရဲစခန်းကို အကြောင်းကြားလို့ စစ်ဆေးတာမှာ အမျိုးသားတစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိရတယ်လို့ သိရတာပါ။ အသတ်ခံထားတဲ့ အမျိုးသားမှာ လည်ပင်းကို ကြိုးနဲ့ညှစ်သတ်ထားတဲ့ဒဏ်ရာတွေ့ရပြီး စောင်နဲ့ပတ်ထားကာ ကားကိုပါ တောအတွင်း ပစ်ထားတာဖြစ်ပြီး ကားအတွင်း တွေ့ရတဲ့ နိုင်ငံသားကတ်အရ အသက် ၃၉ နှစ်ရှိသူ စိုင်းလာနွဲ့ဆိုသူဖြစ်ပြီး နေရပ်လိပ်စာမှာ ကျိုင်းတုံလို့ ဖော်ပြထားတယ်လို့ သိရပါတယ်။ အဆက် - ⤵️⤵️
Hammasini ko'rsatish...
🤬 50😱 4👍 3 2🤔 1