en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 028
Subscribers
-124 hours
+17 days
-2530 days
Posts Archive
ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းကားမှတ်တိုင်နား ခွေးဘဲဥ ၃ ကောင်ရှိ – RSG 3:39 PM 📬 @Inform_RSN

ဗိုလ်တထောင် * ကမ်းနားလမ်းပေါ် ကျောက်လမ်းမပေါ် ခွေးဘဲဥ အမ ၃ ကောင် (ပုခုံးပေါ် ချီးပုံနဲ့ ၁ ကောင်ပါ) အစာကောက်နေခဲ့ * 3:46 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * - ဗိုလ်တထောင် လူကူးကုန်းတံတားပေါ် ရခ ၁ ကောင် ရှိ။ တံတားပေါ်က လူငယ်တွေကို လိုက်စောင့်ကြည့်နေ။ (2:43 PM) - မဟာဗန္ဓုလဘလောက် ဦးပိုင်ရုံးနား အပေါ် မိုးကာအင်္ကျီဝတ်ထားတဲ့ ရခ ၁ ကောင် လမ်းလျှောက်နေခဲ့ (3:16 PM) * #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from Khit Thit Media
photo content
+4

Repost from Khit Thit Media
ရန်ကုန်တွင် ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ် ရန်ကုန်၊ ဇူလိုင် ၇ ရန်ကုန်မြို့တွင် ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်အဖြစ် တော်လှန်ရေးလူငယ်များစုပေါင်း၍ "၇.၇.၆၂ မမေ့ကြနဲ့" ၊ 7-7-62 DON’T FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်မြို့တွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူငယ်များက သမိုင်းဝင် ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးအခင်းနှင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များကို အောက်မေ့သတိရစေရန်နှင့် စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားရန် ရည်ရွယ်၍ ယခုကဲ့သို့ စာတမ်းပါ တီရှပ်များဝတ်ဆင်ကာ လှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်တထောင် * ဗိုလ်တထောင်ဘုရားလမ်း ဗန္ဓုလနဲ့ အနော်ရထာကြား ဘဲဥမီးတန်းကား ၁ စီးနဲ့ ခွေးဘဲဥ အမ ၃ ကောင် ဓားပြတိုက်နေခဲ့ * 10:35 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * သိမ်ဖြူလမ်းပေါ် အနော်ရထာလမ်းထောင့် ဆစ်ဘုရားကျောင်းရှေ့ ခွေးဘဲဥ အထီး ၁၊ အမ ၁ အစာကောက်နေခဲ့ * 10:10 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * ဝန်ကြီးများရုံးထဲ ရခတွေ အင်အားအလုံးအရင်းဖြင့်ရှိနေ * 10:12 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * ဗိုလ်ချုပ်လမ်းမပေါ် ၄၅၊ ၄၆ လမ်း ညာဘက်အခြမ်း ကားမှတ်တိုင်နား ခွေးဘဲဥ အထီး ၂၊ ခွေးဘဲဥ အမ ၂ အစာကောက်နေခဲ့ * 9:57 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

⬜️ လမ်းမတော် ကမ်းနားလမ်း ၉ လမ်းနဲ့ ၁၀ လမ်းကြား ခွေးဘဲဥ အထီး၊ အမ ၆ ကောင်ခန့်ရှိ – RSG 9:17 AM 📬 @Inform_RSN

လသာ ဒလတံတားအဆင်း လသာဘက်အခြမ်း ရခ မီးတန်း ၁ စီးရပ်ပြီး ရခ ၂ ကောက် အောက်ဆင်းပြီး လသာဘက်အခြမ်းကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ လုပ်နေ – RSG 9:17 AM 📬 @Inform_RSN

ကျောက်တံတား ရခ မီးတန်း ၁ စီး ကမ်းနားလမ်း ဆူးလေပွိုင့်ကနေ ပန်းဆူးတန်းပွိုင့်ဘက် ရှေ့ရှု – RSG 9:07 AM (Delayed) 📬 @Inform_RSN

Repost from Hlaing Info
ကမာရွတ်တွင် အရပ်ဝတ်ရဲသစ်တစ်ဦးနှင့် သတင်းပေးများပူးပေါင်းကာ လူဖမ်းငွေညှစ်ရန် စောင့်ကြည့်နေကြောင်း ဇူလိုင်လ ၇ ရက် ရန်ကုန်တိုင်း
ကမာရွတ်တွင် အရပ်ဝတ်ရဲသစ်တစ်ဦးနှင့် သတင်းပေးများပူးပေါင်းကာ လူဖမ်းငွေညှစ်ရန် စောင့်ကြည့်နေကြောင်း ဇူလိုင်လ ၇ ရက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်အတွင်း၌ ဇူလိုင်လ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစတင်ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် သတင်းပေး (ဒလန်) များက အရပ်ဝတ်များဖြင့် စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများမှ Hlaing Info သို့ သတင်းပေးပို့လာပါသည်။ ကမာရွတ်မြို့နယ်အတွင်း လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ငွေမရပါက စုဆောင်းရေးသို့ ပို့ဆောင်ခြင်းများ ပြုလုပ်နေသည့် အသစ်ပြောင်းရွှေ့လာသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏အဓိကသတင်းပေးဖြစ်သူ ကုလား (ခ) ဇွဲထက်နောင် ဆိုသူတို့သည် ယနေ့နံနက်အစောပိုင်းကတည်းက နယ်မြေအတွင်း လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ဒေသခံများ၏ ပြောပြချက်အရ ၎င်းတို့သည် နံနက် ၆ နာရီမတိုင်မီကတည်းက လှည်းတန်းဘူတာရှေ့သို့ ရောက်ရှိနေကြပြီး အဆိုပါရဲတပ်ဖွဲ့ဝင်သစ်မှာ တီရှပ်အဖြူအဟောင်းနှင့် ဘေးလွယ်အိတ်လွယ်ကာ ဝါးကုလားထိုင်ဖြင့် ထိုင်၍ စောင့်ကြည့်နေကြောင်း သိရသည်။ ၎င်းတို့အသုံးပြုသည့် ဆိုင်ကယ်များအနက် နံပါတ် ၇၁ယ/၂၁၀၀၀ ဆိုင်ကယ်ကို သတင်းပေးဖြစ်သူ ဇွဲထက်နောင်က အစီးများကြောင်းလည်း သိရသည်။ ထို့ပြင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အသီးရောင်းချသူ သတင်းပေးတစ်ဦးသည်လည်း ပတ္တမြားလမ်းထိပ်ရှိ ကွမ်းယာဆိုင်အနီးတွင် ကုလားထိုင်ဖြင့် ထိုင်ကာ စောင့်ကြည့်လျက်ရှိပြီး အဆိုပါနေရာများမှာ ၎င်းတို့အခြေစိုက်ရာနေရာများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ယနေ့သည် ဇူလိုင်လ ၇ ရက်နေ့ဖြစ်သဖြင့် နေရာအနှံ့အပြားတွင် ကလေးငယ်များအပါအဝင် စက်ဘီးများဖြင့်ပါ လှည့်လည်ကာ အခြေအနေကို ယောက်ယက်ခတ် ထောက်လှမ်းနေကြကြောင်း သိရသည်။ ခိုင်ရွှေဝါလမ်းထိပ် (၁၆ ပေဂုံး) အနီးရှိ အီကြာကွေးကြော်သည့် လမ်းဘေးကျူးနေရာနှင့် ဆိုက်ကားဂိတ်များမှ ဆိုက်ကားသမားအများစုအပြင်၊ တက္ကစီ (Taxi) မောင်းနှင်သူအချို့သည်လည်း သတင်းပေးအဖြစ် လှုပ်ရှားနေကြသဖြင့် ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားရာတွင် အထူးသတိပြုကြရန် ဒေသခံများက နှိုးဆော်ထားသည်။ #HlaingInfo

⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:39 AM 📬 @Inform_RSN

ဗိုလ်တထောင် * ရခ မီးတန်း ၁ စီး မဟာဗန္ဓုလလမ်းအတိုင်း သိမ်ဖြူပွိုင့်အကျော်ကနေ ဗိုလ်တထောင်ခွေးရဲစခန်းထဲဝင်သွား * 5:47 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား စခ DC ၁ စီး၊ နောက်ခန်း ၂ ကောင်ပါ ကမ်းနားလမ်းအတိုင်း ပန်းဆိုးတန်းကနေ ဗိုလ်တထောင်ဘက် ကွေ့မည့်ပုံရ – RSG 5:39 PM 📬 @Inform_RSN

ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့်အကျော် ကားမှတ်တိုင်နားက ကွမ်းယာဆိုင်နား ခွေးဘဲဥ ၁ ကောင်ရှိ – RSG 5:20 PM 📬 @Inform_RSN

⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့်အကျော် လူကူးဂုံးတံတားအောက် ခွေးဘဲဥ အထီး ၁ ကောင် အစာကောက်ဖို့ချောင်းနေ – RSG 4:22 PM 📬 @Inform_RSN

ဗိုလ်တထောင် * ကမ်းနားလမ်းပေါ် ဗိုလ်အောင်ကျော်လမ်းပွိုင့် ခွေးဘဲဥ ၁ သိုက်ရှိ * 3:19 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jun 29 - Jul 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွာ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jun 29 - Jul 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၀ ခု ခွဲ၍ ဖော်ပြထားသည်။ 🔖 စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ ၊ ၂၄ နှင့် ၃
· ဇွန်လ ၂၉ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ စတင်ကြောင်း စစ်တပ်မှ ကြေညာခဲ့သည်။ · ဇူလိုင်လ ၃ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၄ ပြီးဆုံးကြောင်း ထုတ်ပြန်ထားသည်။ · ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃ မှ အသက်ရှင်ကျန်ခဲ့သေးသည့် သင်တန်းဆင်းများကို စစ်မှုထမ်းကာလပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခဲ့သည်ဟု ဆိုသည်။
———— 🔖 စစ်တပ်အတွက် ယတြာများစီစဉ်ပေးခဲ့သူ သတ်ဖြတ်ခံရ
· အကြမ်းဖက်စစ်တပ် ခေါင်းဆောင်ပိုင်းများဖြစ်သည့် သန်းရွှေ နှင့် သိန်းစိန်လက်ထက်တို့၌ ၎င်းတို့အတွက် အခါတော်ပေး၊ ဗေဒင်၊ ယတြာ အလုပ်များလုပ်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ၂ ရပ်ကွက်၊ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းဝန်း၌ သွေးအိုင်ထဲ သေဆုံးနေခဲ့ကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။ · လွန်ခဲ့သည့် ၁၅ နှစ် သိန်းစိန်လက်ထက်တွင် သင်္ဃန်းစည်း ဘုန်းကြီးဝတ်နေခဲ့သူဖြစ်သည်။ ဘုန်းကြီးဘွဲ့အမည် ဦးပညာဝံသဖြစ်ပြီး သေဆုံးချိန် အသက် ၇၅ နှစ်ရှိပြီဟု ဆိုသည်။ ရက်ဘက်ထဲ ချွန်ထက်သည့်အရာ ထိုးသွင်းခံရပြီး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
———— 🔖 ထောင်တွင်း တိုင်ကြားစာများ ဆုတ်ဖြဲခံရ
· အင်းစိန်ထောင်တွင်း၌ နိုင်ကျဉ်းများ ရေးသားထားသည့် တိုင်ကြားစာများကို ထောင်ဝန်ထမ်းများက ဆုတ်ဖြဲပစ်ခဲ့ကြောင်း DVB မှ သိရှိရသည်။ · လွန်ခဲ့သည့် အပတ်က စစ်တပ်၏ လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ အင်းစိန်ထောင်ထဲ ဝင်စစ်ဆေးပြီးနောက် ထောင်တွင်းအခြေအနေများကို ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်း ပြောခဲ့၍ နိုင်ကျဉ်းများက စာပေးပို့ဖို့ လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
———— 🔖 ဗိုလ်ချုပ်ကြေးရုပ်များကို ဖျက်ဆီး
· တောင်ဥက္ကလာမြို့နယ်၊ သာကေတမြို့နယ်နှင့် ကော့မှူးမြိုနယ်တို့ရှိ ဗိုလ်ချုပ်ကြေးရုပ်များကို အကြမ်းဖက် စစ်တပ်နှင့်အဖွဲ့များမှ ဇူလိုင် ၁ ရက်နေ့ နှင့် ၂ ရက်နေ့ ညဘက်တွင် ခိုးကြောင်ခိုးဝှက် ဖြိုချဖျက်ဆီးသွားကြောင်း သိရှိရသည်။ · တောင်ဥက္ကလာမြို့နယ်၊ ပဒေသာကားမှတ်တိုင်အနီးရှိ သုမင်္ဂလာပန်းခြံထဲ ဗိုလ်ချုပ်ကြေးရုပ် ၂ ရုပ်ရှိသည့်အနက် ၁ ရုပ်ကို ဖျက်ဆီးသွားသည်။ သာကေတမြို့နယ်၊ နယ်မြေရုံးအနီးရှိ မြကန်သာပန်းခြံထဲမှ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ကြေးရုပ် ၁ ရုပ်ကိုလည်း ဖျက်သည်။ ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးရုံးဝင်းအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်လည်း ဖျက်ဆီးဖယ်ရှားခံလိုက်ရကြောင်း Khit Thit မှ သိရှိရသည်။ · ဖျက်ဆီးအပြီး နောက်နေ့တွင် ပန်းခြံ ၂ ခုတဝိုက် အကြမ်းဖက်ရဲများ လုံခြုံရေးချပြီး အပြင်လူဝင်ခွင့် ပိတ်ပင်ထားခဲ့ကြောင်းလည်း သိရသည်။
———— 🔖 ရေငုပ်သင်္ဘောငယ် ၁ စင်း တည်ဆောက်နေ
· ရေငုပ်သင်္ဘောငယ် ၁ စင်း ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်သင်္ဘောကျင်း၌ တည်ဆောက်နေသည်ကို Janes အဖွဲ့က ထုတ်ဖော်ထားကြောင်း Khit Thit မှ သိရှိရသည်။ · ယခုနှစ် မတ်လတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများမှ တွေ့ရှိခဲ့သည်ဟု သိရသည်။ ကမ်းရိုးတန်းစစ်ဆင်ရေးသုံး ရေငုပ်သင်္ဘောမျိုးဖြစ်ပြီး လျှို့ဝှက်ထောက်လှမ်းရေး၊ လျှို့ဝှက်သယ်ယူပို့ဆောင်ရေး၊ အထူးမစ်ရှင် စသည်တို့ကို လုပ်ဖို့ ရည်ရွယ်နိုင်သည်ဟု ဆိုသည်။
➡️ ဆက်လက်ဖတ်ရှုရန် 06 Jul 2026 #RangoonScoutNetwork #YGN_weekly