en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 028
Subscribers
-124 hours
+17 days
-2530 days
Posts Archive
⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့်အကျော် လူကူးဂုံးတံတားအောက် ခွေးဘဲဥ အထီး ၁ ကောင် အစာကောက်ဖို့ချောင်းနေ – RSG 4:22 PM 📬 @Inform_RSN

ဗိုလ်တထောင် * ကမ်းနားလမ်းပေါ် ဗိုလ်အောင်ကျော်လမ်းပွိုင့် ခွေးဘဲဥ ၁ သိုက်ရှိ * 3:19 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jun 29 - Jul 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွာ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jun 29 - Jul 5, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၀ ခု ခွဲ၍ ဖော်ပြထားသည်။ 🔖 စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ ၊ ၂၄ နှင့် ၃
· ဇွန်လ ၂၉ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ စတင်ကြောင်း စစ်တပ်မှ ကြေညာခဲ့သည်။ · ဇူလိုင်လ ၃ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၄ ပြီးဆုံးကြောင်း ထုတ်ပြန်ထားသည်။ · ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃ မှ အသက်ရှင်ကျန်ခဲ့သေးသည့် သင်တန်းဆင်းများကို စစ်မှုထမ်းကာလပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခဲ့သည်ဟု ဆိုသည်။
———— 🔖 စစ်တပ်အတွက် ယတြာများစီစဉ်ပေးခဲ့သူ သတ်ဖြတ်ခံရ
· အကြမ်းဖက်စစ်တပ် ခေါင်းဆောင်ပိုင်းများဖြစ်သည့် သန်းရွှေ နှင့် သိန်းစိန်လက်ထက်တို့၌ ၎င်းတို့အတွက် အခါတော်ပေး၊ ဗေဒင်၊ ယတြာ အလုပ်များလုပ်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ၂ ရပ်ကွက်၊ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းဝန်း၌ သွေးအိုင်ထဲ သေဆုံးနေခဲ့ကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။ · လွန်ခဲ့သည့် ၁၅ နှစ် သိန်းစိန်လက်ထက်တွင် သင်္ဃန်းစည်း ဘုန်းကြီးဝတ်နေခဲ့သူဖြစ်သည်။ ဘုန်းကြီးဘွဲ့အမည် ဦးပညာဝံသဖြစ်ပြီး သေဆုံးချိန် အသက် ၇၅ နှစ်ရှိပြီဟု ဆိုသည်။ ရက်ဘက်ထဲ ချွန်ထက်သည့်အရာ ထိုးသွင်းခံရပြီး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
———— 🔖 ထောင်တွင်း တိုင်ကြားစာများ ဆုတ်ဖြဲခံရ
· အင်းစိန်ထောင်တွင်း၌ နိုင်ကျဉ်းများ ရေးသားထားသည့် တိုင်ကြားစာများကို ထောင်ဝန်ထမ်းများက ဆုတ်ဖြဲပစ်ခဲ့ကြောင်း DVB မှ သိရှိရသည်။ · လွန်ခဲ့သည့် အပတ်က စစ်တပ်၏ လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ အင်းစိန်ထောင်ထဲ ဝင်စစ်ဆေးပြီးနောက် ထောင်တွင်းအခြေအနေများကို ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်း ပြောခဲ့၍ နိုင်ကျဉ်းများက စာပေးပို့ဖို့ လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
———— 🔖 ဗိုလ်ချုပ်ကြေးရုပ်များကို ဖျက်ဆီး
· တောင်ဥက္ကလာမြို့နယ်၊ သာကေတမြို့နယ်နှင့် ကော့မှူးမြိုနယ်တို့ရှိ ဗိုလ်ချုပ်ကြေးရုပ်များကို အကြမ်းဖက် စစ်တပ်နှင့်အဖွဲ့များမှ ဇူလိုင် ၁ ရက်နေ့ နှင့် ၂ ရက်နေ့ ညဘက်တွင် ခိုးကြောင်ခိုးဝှက် ဖြိုချဖျက်ဆီးသွားကြောင်း သိရှိရသည်။ · တောင်ဥက္ကလာမြို့နယ်၊ ပဒေသာကားမှတ်တိုင်အနီးရှိ သုမင်္ဂလာပန်းခြံထဲ ဗိုလ်ချုပ်ကြေးရုပ် ၂ ရုပ်ရှိသည့်အနက် ၁ ရုပ်ကို ဖျက်ဆီးသွားသည်။ သာကေတမြို့နယ်၊ နယ်မြေရုံးအနီးရှိ မြကန်သာပန်းခြံထဲမှ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ကြေးရုပ် ၁ ရုပ်ကိုလည်း ဖျက်သည်။ ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးရုံးဝင်းအတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်လည်း ဖျက်ဆီးဖယ်ရှားခံလိုက်ရကြောင်း Khit Thit မှ သိရှိရသည်။ · ဖျက်ဆီးအပြီး နောက်နေ့တွင် ပန်းခြံ ၂ ခုတဝိုက် အကြမ်းဖက်ရဲများ လုံခြုံရေးချပြီး အပြင်လူဝင်ခွင့် ပိတ်ပင်ထားခဲ့ကြောင်းလည်း သိရသည်။
———— 🔖 ရေငုပ်သင်္ဘောငယ် ၁ စင်း တည်ဆောက်နေ
· ရေငုပ်သင်္ဘောငယ် ၁ စင်း ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်သင်္ဘောကျင်း၌ တည်ဆောက်နေသည်ကို Janes အဖွဲ့က ထုတ်ဖော်ထားကြောင်း Khit Thit မှ သိရှိရသည်။ · ယခုနှစ် မတ်လတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများမှ တွေ့ရှိခဲ့သည်ဟု သိရသည်။ ကမ်းရိုးတန်းစစ်ဆင်ရေးသုံး ရေငုပ်သင်္ဘောမျိုးဖြစ်ပြီး လျှို့ဝှက်ထောက်လှမ်းရေး၊ လျှို့ဝှက်သယ်ယူပို့ဆောင်ရေး၊ အထူးမစ်ရှင် စသည်တို့ကို လုပ်ဖို့ ရည်ရွယ်နိုင်သည်ဟု ဆိုသည်။
➡️ ဆက်လက်ဖတ်ရှုရန် 06 Jul 2026 #RangoonScoutNetwork #YGN_weekly

ဗိုလ်တထောင် * 9K 7309 ရခ မီးတန်း ဆလွန်း၊ နောက်ခန်း ရခ ၁ ကောင်သာပါ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တထောင်ဈေးလမ်းဘက်အခြမ်း ညာချိုးသွား * 1:40 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင်၊ ဝန်ကြီးများရုံး * မဟာဗန္ဓုလလမ်း နဲ့ သိမ်ဖြူပွိုင့်နားက ဝန်ကြီးများရုံးဘက်ကနေ ရခ ၂ ကောင် ဗိုလ်အောင်ကျော်လမ်းဘက် လမ်းလျှောက်လာ * 10:11 AM သတင်းပေးပို့ရန်@Bo1000_Informer

ကျောက်တံတား စခ Hilux အစုတ် ၁ စီး၊ ခေါင်းခန်း၂ ကောင်ပါ၊ နောက်ခန်း ယူနီဖောင်းဝတ် ၁၊ အရပ်ဝတ် ၃ ကောင်ပါ သမ္မတရုပ်ရှင်ရုံဘက်ကနေ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘက် ရှေ့ရှု – RSG 9:25 AM (Delayed) 📬 @Inform_RSN

ဗိုလ်တထောင်၊ ဝန်ကြီးများရုံး * ဗိုလ်အောင်ကျော်လမ်းဘက် ဝန်ကြီးများရုံးဝင်ပေါက် ၁ ပေါက်မှာ ရခ ၅ ကောင်ခန့် ကင်းရှိ * 9:57 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * - ဝန်ကြီးများရုံး ပတ်လည်အပေါက်တွေ မှာ သဲအိတ်ဘန်ကာတွေ လုပ်ထား၊ အနော်ရထာလမ်းပေါ်က စားသောက်ဆိုင်ရှိတဲ့ အပေါက်တွေမှာလည်း ဘန်ကာ လုပ်ထားတယ် သိရ။ - အပတ်စဉ် စနေ/တနင်္ဂနွေ တရက်ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၊ ဗိုလ်ချုပ်လမ်းပေါ်က ၄၆ လမ်း အနားတဝိုက်မှာ ယာဉ်ထိန်း အထီး/အ.မ ၃ကောင်မှ-၅ကောင် ဝန်းကျင် အမြဲရှိသည်ဟု သိရ။ * သတင်းပေးပို့ရန် @Bo1000_Informer

Repost from MMWeather
Ventusky ၏ ICON မော်ဒယ်၏ ဇူလိုင် ၅ ရက် ည ၂၁:၃၀ နာရီတွင် ရရှိသည့် မိုးရေချိန်မြေပုံအသစ်များမှ ဖော်ပြထားသော (၇ ရက်တာ) ခန့်မှန်းချက်များအရ ဇူလိုင်လ ၅ ရက် နေ့လယ် ၁၂:၃၀ နာရီမှ စတင်ကာ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ဒေသခွဲများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) နှင့် မိုးအနည်းအများဖြစ်နိုင်ခြေကို အောက်ပါအတိုင်း ဆန်းစစ်တင်ပြလိုက်ပါသည် - ပြည်နယ်နှင့် တိုင်းဒေသကြီး/ဒေသခွဲများအလိုက် ခန့်မှန်းမိုးရေချိန်ဇယား (မိုးရေချိန်အများမှ အနည်းသို့ စီထားသည်) ဇယားပုံတွင်ကြည့်ပါ ဒေသအလိုက် မိုးလေဝသဖြစ်နိုင်ခြေများ သုံးသပ်ခန့်မှန်းချက် (Analysis) ၁။ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်းနှင့် အောက်ပိုင်း) – 📌စစ်ကိုင်းတိုင်းအထက်ပိုင်း - ဇူလိုင်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံလေစီးကြောင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ အားကောင်းစွာ တွန်းတင်နေသဖြင့် ဟုမ္မလင်း၊ ခန္တီး၊ ကသာနှင့် ဗန်းမောက်ဒေသများတွင် မိုးရေချိန်တန်ဖိုး အလွန်မြင့်မားနေမည်ဖြစ်သည်။ စုစုပေါင်းမိုးရေချိန်သည် 350 mm အထိ ရှိလာနိုင်သဖြင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြစ်ရေကြီးခြင်းနှင့် ရေလျှံခြင်း ဘေးအန္တရာယ်များကို အထူးဂရုပြု စောင့်ကြည့်ရပါမည်။ 📌စစ်ကိုင်းတိုင်းအောက်ပိုင်း - မုံရွာ၊ ရွှေဘိုနှင့် စစ်ကိုင်းတစ်ဝိုက်တွင် မိုးအသင့်အတင့်သာ ရှိနိုင်ပြီး မြောက်ပိုင်းလောက် မိုးအရှိန်မပြင်းနိုင်ပါ။ ၂။ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်းနှင့် အနောက်ခြမ်း) 📌ပဲခူးတိုင်းအရှေ့ခြမ်း - တောင်ငူ၊ ဖြူး၊ ညောင်လေးပင်နှင့် ပဲခူးမြို့နယ်များ အပါအဝင် စစ်တောင်းမြစ်ဝှမ်းဇုန်တွင် မုတ်သုံလေနှင့် ပဲခူးရိုးမတောင်တန်းတို့ကြောင့် မိုးရွာသွန်းမှု အကြိမ်ရေစိတ်ပြီး မိုးကောင်းနိုင်ပါသည်။ 📌ပဲခူးတိုင်းအနောက်ခြမ်း - ပြည်၊ ပေါက်ခေါင်းနှင့် သာယာဝတီဘက်တွင် ရခိုင်ရိုးမတောင်တန်း၏ မိုးကွယ်အကျိုးသက်ရောက်မှုကြောင့် အရှေ့ခြမ်းထက် မိုးရေချိန် အနည်းငယ်လျော့နည်းကာ မိုးအသင့်အတင့်သာ ရွာသွန်းရန် ရှိပါသည်။ ၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) 📌ရှမ်းပြည်နယ်တောင်ပိုင်း - ကလော ၊ ပင်းတယ၊ တောင်ကြီးတစ်ဝိုက်တွင် ကုန်းတွင်းပိုင်း လေထုမငြိမ်မသက်မှုကြောင့် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိပြီး ရှမ်းပြည်နယ်အတွင်း မိုးအများဆုံးဇုန် ဖြစ်လာနိုင်ပါသည်။ 📌ရှမ်းပြည်နယ်မြောက်ပိုင်း - လားရှိုး၊ သီပေါတစ်ဝိုက်တွင် မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိပြီး ရွာသွန်းမှု ပုံမှန်အဆင့်တွင်သာ ရှိပါမည်။ 📌ရှမ်းပြည်နယ်အရှေ့ပိုင်း - ကျိုင်းတုံနှင့် တာချီလိတ်ဘက်တွင် ကုန်းတွင်းပိုင်း ပိုကျသဖြင့် မုတ်သုံလေအရှိန် သက်ရောက်မှု အားနည်းကာ မိုးကျဲပြီး မိုးရေချိန် နည်းပါးနေဦးမည် ဖြစ်သည်။ ၄။ အနောက်ဘက်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ (ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်) 📌သုံးသပ်ချက် - အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အားကောင်းရာမှ အလွန်အားကောင်းနေဆဲဖြစ်၍ ရခိုင်ကမ်းရိုးတန်း၊ ချင်းတောင်တန်းနှင့် မွန်-ကရင်ဒေသများတွင် ရက်ဆက်မိုးကြီးနိုင်ပြီး စုစုပေါင်းမိုးရေချိန်သည် 400 mm မှ 550 mm ကျော်အထိ မြင့်တက်နိုင်ပါသည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးသက်လေပြင်းများ သတိပြုရပါမည်။ ⚠️သတိပြုရန် - ရက်ဆက်မိုးသည်းထန်မှုကြောင့် မြေနိမ့်ပိုင်း လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Floods)၊ တောင်ကျချောင်းရေကျခြင်းနှင့် တောင်တန်းဒေသများတွင် မြေပြိုခြင်း (Landslides) ဘေးအန္တရာယ်များကို အထူးသတိပြု နေထိုင်ကြရန် လိုအပ်ပါသည်။ ၅။ အလယ်ပိုင်းမြေပြန့် မိုးနည်းရပ်ဝန်း (မန္တလေး၊ မကွေး၊ နေပြည်တော်) 📌သုံးသပ်ချက် - ကုန်းတွင်းပိုင်း မိုးကွယ်ဇုန်ဖြစ်သဖြင့် ယခုတစ်ပတ်အတွင်း မိုးရွာသွန်းမှုကျဲပြီး စုစုပေါင်းမိုးရေချိန် နည်းပါးနေဦးမည်ဖြစ်သည်။ သို့သော်လည်း နေ့ခင်းဘက် အပူရှိန်ကြောင့် မွန်းလွဲနှင့် ညနေပိုင်းအချိန်များတွင် ဒေသတွင်း မိုးတိမ်တောင်များ (Cumulonimbus clouds) ရုတ်တရက် ဖြစ်ထွန်းတတ်ပါသည်။ ⚠️သတိပြုရန် - မိုးတိမ်တောင်များကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း ဘေးအန္တရာယ်များကို အဓိက ဂရုပြုသင့်ပါသည်။

Repost from RSN WEB
▪️ထောင်တွင်း တိုင်ကြားစာများ ဆုတ်ဖြဲဖျက်ဆီးခံရ အင်းစိန်ထောင်တွင်း နိုင်ကျဉ်းများ ရေးသားထားသည့် တိုင်ကြားစာများကို ထောင်ဝန်ထမ်းများက ဆုတ်ဖြဲဖျက်ဆီးပစ်ခဲ့ကြောင်း DVB မှ သိရှိရသည်။ လွန်ခဲ့သည့် အပတ်က စစ်တပ်၏ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အင်းစိန်ထောင်ထဲ ဝင်စစ်ဆေးပြီးနောက် ထောင်တွင်းအခြေအနေများကို ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်း ပြောခဲ့၍ နိုင်ကျဉ်းများက စာပေးပို့ဖို့ လုပ်ခဲ့ခြင်းဖြစ်သည်။ Source: DVB 05 Jul 2026 #RangoonScoutNetwork

Repost from RSN WEB
▪️ရေငုပ်သင်္ဘောငယ် ၁ စင်း သန်လျင်ရေတပ်ကျင်း၌ တည်ဆောက်နေ ရေငုပ်သင်္ဘောငယ် ၁ စင်း ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်သင်္ဘောကျင်း၌ တည်ဆ
▪️ရေငုပ်သင်္ဘောငယ် ၁ စင်း သန်လျင်ရေတပ်ကျင်း၌ တည်ဆောက်နေ ရေငုပ်သင်္ဘောငယ် ၁ စင်း ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်သင်္ဘောကျင်း၌ တည်ဆောက်နေသည်ကို Janes အဖွဲ့က ထုတ်ဖော်ထားကြောင်း Khit Thit မှ သိရှိရသည်။ ယခုနှစ် မတ်လတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများမှ တွေ့ရှိခဲ့သည်ဟု သိရသည်။ ကမ်းရိုးတန်းစစ်ဆင်ရေးသုံး ရေငုပ်သင်္ဘောမျိုးဖြစ်ပြီး လျှို့ဝှက်ထောက်လှမ်းရေး၊ လျှို့ဝှက်သယ်ယူပို့ဆောင်ရေး၊ အထူးမစ်ရှင် စသည်တို့ကို လုပ်ဖို့ ရည်ရွယ်နိုင်သည်ဟု ဆိုသည်။ Source: Janes, Khit Thit 05 Jul 2026 #RangoonScoutNetwork

Repost from RSN WEB
ရန်ကုန်တိုင်း သပိတ်လှုပ်ရှားမှုများ (ဇွန်လ ၂၀၂၆) •••••••••••••••®••••••••••••••• ပြီးခဲ့တဲ့ဇွန်လအတွင်း ရန်ကုန်မြို့၌ စစ်အာဏာရ
+1
ရန်ကုန်တိုင်း သပိတ်လှုပ်ရှားမှုများ (ဇွန်လ ၂၀၂၆) •••••••••••••••®••••••••••••••• ပြီးခဲ့တဲ့ဇွန်လအတွင်း ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု (၃) ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် စစ်အာဏာရှင်တို့ ကြောက်သည့် နှင်းဆီလှုပ်ရှားမှုကို GSCB က ရန်ကုန်မြို့၏ အထင်ကရ‌နေရာများ ၊ လမ်းများမှတစ်ဆင့် စီးကူးသယ်ဆောင်ရင်း ရန်သူ့အခြေစိုက်နယ်မြေမှာပင် ရန်သူကြောက်သည့် နှင်းဆီပန်းများကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့ကြသလို ဇွန်လ ၁၉ ရက်နေ့မှာကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် "ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့" က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် "81 for 81 အမေစုချက်ချင်းလွှတ်" ဟူသည့် စာသားပါ ဗီနိုင်းကို ချိတ်ဆွဲခဲ့ကြပြီး ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှလည်း လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်မြို့တနေရာတွင်နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ 05 July 2026 #strike #RangoonScoutNetwork

Repost from MMWeather
“ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းအဖြစ်ဆက်လက်အားကောင်းလာနိုင်ခြင်းမရှိ” ဇူလိုင်လ ၄ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် သုံးသပ်ချက် အကျဉ်းချုပ် - (ဇူလိုင် ၄ ရက် - နေ့လည် ၂ နာရီ updates) ====== ၁။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း လေဖိအားနည်းရပ်ဝန်း အခြေအနေ 📌 အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ဇူလိုင် ၄ ရက်ထုတ်ပြန်ချက်အရ - ဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area - WMLPA) အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်ပါသည်။ ၎င်းစနစ်သည် လာမည့် ၃ ရက်အတွင်း အိန္ဒိယနိုင်ငံ ဩဒိဿ (Odisha) မြောက်ပိုင်းနှင့် ချက်တစ်ဂါး (Chhattisgarh) မြောက်ပိုင်းတို့ကို ဖြတ်ကျော်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။ 📌 ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းအဆင့်သို့ ထပ်မံအားကောင်းလာနိုင်ခြေ (Probability of Cyclogenesis) မှာ မရှိသလောက်နည်းနေသော်လည်း၊ ၎င်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း (ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း) တောက်လျှောက်တွင် တိမ်တိုက်များ အားကောင်းစွာ ဖြစ်ထွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်ခြင်းကြောင့် ကမ်းရိုးတန်းအနီး ရေပြင်ညီလေတိုက်နှုန်း တနာရီ မိုင် ၃၀ မှ ၃၅ မိုင်ခန့်နှင့် အနောက်ဘက်ကမ်းရိုးတန်းတွင် လှိုင်းအမြင့် ၁၃ ပေ မှ ၁၄ ပေ ခန့်၊ ကပ္ပလီပင်လယ်တွင် လှိုင်းအမြင့် ၈ ပေခန့်အထိရှိနိုင်ပါသည်။ ၂။ တောင်တရုတ်ပင်လယ်မှ မုန်တိုင်း MAYSAK (မေဆတ်) အခြေအနေ 📌 ထိုင်းမိုးလေဝသဌာန (TMD) ၏ ထုတ်ပြန်ချက်မြေပုံများအရ - တောင်တရုတ်ပင်လယ်မြောက်ပိုင်း (တုံကင်ကွေ့အနီး) တွင် အပူပိုင်းမုန်တိုင်း "MAYSAK" (မေဆတ် - ၂၆၁၀) သည် ဗဟိုချက်လေဖိအား  áŠ မြောက်လတ္တီတွဒ် ၂၀.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၀၈.၃ ဒီဂရီဝန်းကျင်တွင် တည်ရှိနေပါသည်။ မုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက် (NNW) သို့ တစ်နာရီ ၉ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး ဗဟိုချက်အနီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ ၄၅ မိုင်ခန့် ရှိပါသည်။ ၎င်းစနစ်သည် မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်မည့် အခြေအနေမရှိသော်လည်း အနောက်ဘက် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းနှင့်အတူ မြန်မာနိုင်ငံပေါ်ရှိ မုတ်သုံလေကို ပိုမိုဆွဲငင်အားကောင်းစေသည့် အချက်အချာအားတစ်ခု ဖြစ်နေပါသည်။ ၃။ WINDY App (ICON Model) 850hPa လေတိုက်နှုန်းနှင့် လမ်းကြောင်း သုံးသပ်ချက် 📌 မြေပြင်အထက် အမြင့် (မီတာ ၁၅၀၀ ဝန်းကျင်) ရှိ  á€œá€ąá€•á€˝á€ąá€œá€žá€­á€Żá€„á€şá€¸á€…á€Žá€¸á€€á€źá€ąá€Źá€„á€şá€¸á€™á€ťá€Źá€¸á€á€˝á€„á€ş အနောက်တောင်မုတ်သုံလေသည် အလွန်အားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ဘက်ထိုင်းနိုင်ငံအတွင်းသို့ တဟုန်ထိုး စီးဝင်နေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ဇူလိုင် ၄ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုတ်သုံလေအရှိန် ပြင်းထန်ကာ လေပြင်းတိုက်ခတ်ခြင်းများနှင့်အတူ မိုးတိမ်တိုက်ကြီးများ စဉ်ဆက်မပြတ် ဝင်ရောက်နေမည် ဖြစ်ပါသည်။ ၄။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေးအခြေအနေ - အနောက်ဘက်မှ Well Marked LPA နှင့် အရှေ့ဘက်မှ မုန်တိုင်း MAYSAK တို့အကြား မုတ်သုံမြောင်တန်း (Monsoon Trough) မိနေခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မုတ်သုံလေ အလွန်အားကောင်းနေမည်ဖြစ်ပြီး အောက်ပါဘေးအန္တရာယ်များ သတိပြုရန် လိုအပ်ပါသည် - ⚠️လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း (Flash Floods & Landslides) - အနောက်ဘက်ကမ်းရိုးတန်း ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် တောင်တန်းဒေသများ (ရှမ်းပြည်နယ်၊ ကရင်၊ မွန်နှင့် တနင်္သာရီ) တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုဘေးနှင့် တောင်ကျချောင်းရေကျဆင်းခြင်း၊ မြစ်/ချောင်းများရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ⚠️မြစ်ရေလျှံခြင်းနှင့် မြို့ပြရေကြီးခြင်း - မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်၊ ပဲခူး စသည့် မြို့ကြီးများရှိ အနိမ့်ပိုင်းလမ်းမများတွင် ရေဝပ်/ရေကြီးခြင်းများ ကြုံတွေ့ရနိုင်ပါသည်။ ⚠️ပင်လယ်ပြင်ခရီးသွားသတိပေးချက် - ကမ်းရိုးတန်းတစ်လျှောက်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လှိုင်းကြီးပြီး လေပြင်းတိုက်ခတ်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြုရန် လိုအပ်ပါသည်။   ၅။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးရေချိန်ခန့်မှန်းချက် (ဇူလိုင် ၄ - ၇) **ဇယားပုံတွင်ကြည့်ပါ** အချုပ်အားဖြင့်ဆိုရသော် - 📢 ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကာလသည် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများအတွက် မိုးအလွန်များမည့် ကာလဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များနှင့် သဘာဝဘေးစီမံခန့်ခွဲမှုကဏ္ဍများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Repost from RSN WEB
🆕 DAILY HIGHLIGHTS (28 JUN - 3 JUL 2026) •••••••••••••••®••••••••••••••• 🔗 မိတ်ဖက်ပြဿနာ မုံရွာတွင် NUG တပ်အချင်းချင်း ပစ်ခတ
🆕 DAILY HIGHLIGHTS (28 JUN - 3 JUL 2026) •••••••••••••••®••••••••••••••• 🔗 မိတ်ဖက်ပြဿနာ မုံရွာတွင် NUG တပ်အချင်းချင်း ပစ်ခတ်စီးနင်းမှု အရပ်သားများအပါအဝင် ၇ ဦးသေ – MN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ဘယ်လာရုစ်သမ္မတ နေပြည်တော်ကို နေ့ချင်းပြန်၀င် – BBC မင်းအောင်လှိုင် လာအိုမှာ သုံးရက်နေမယ် – BBC ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နှင့် ပေးမတွေ့နိုင်ဟု စစ်အာဏာရှင် ပြောခွင့်ရသူ ပြော – DVB ———— 💵 စီးပွားရေးထူးခြားသတင်းများ ပြည်တွင်းအခေါက်ရွှေဈေးနှင့် ဒေါ်လာဈေး ကျဆင်း – DVB ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ ရဲချုပ် စိုးလှိုင်ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးပြီးနောက် ရဲချုပ်အသစ်အဖြစ် ရဲဗိုလ်ချုပ် ဝင်းဗိုလ်ကို ခန့်အပ် – KT ———— ➕ အခြားထူးခြားသတင်းများ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အလွန်ကောင်းမွန်ဟု သမ္မတတုပြောခွင့်ရဆို – MPA ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက် ၅၂.၃၇ ရာခိုင်နူန်းရှိ၊ တဝက်နီးပါး စာမေးပွဲကျ – THN #RangoonScoutNetwork

🟢 အင်အား ၃.၅ အဆင့် 📍 ရန်ကုန်မြို့မှ ၆ မိုင်ခန့်အကွာ 🕕 မနက် ၆နာရီ ၅၁မိနစ် ၁၂စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်
🟢 အင်အား ၃.၅ အဆင့် 📍 ရန်ကုန်မြို့မှ ၆ မိုင်ခန့်အကွာ 🕕 မနက် ၆နာရီ ၅၁မိနစ် ၁၂စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်

ငလျင်သတင်း မနက် ၆ နာရီ ၅၁ မိနစ်က မြို့နယ်ထဲ ငလျင်လှုပ်ခတ်သွားတယ် သိရ။ သတင်းပေးပို့ရန် @MGTN_Scout_News ⚜

Repost from RSN WEB
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဇွန်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဇွန်လထဲ ရန်ကုန်တိုင်းအ
+6
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဇွန်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဇွန်လထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၅၇ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ℹ️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ
• ဖမ်းဆီးခံရသူ ၅၇ ဦးအနက် ၁၁ ဦးကို အကြမ်းဖက်စစ်တပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပြီး ၁၁ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ • ကျန်သည့် ၃၅ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။
———————— ℹ️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ
• သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၅ ဦး ရှိသည်။ ထိုထဲ စစ်မှုထမ်းစာရင်းဖြင့် ဖမ်းဆီးခံရသူများအပြင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပန်လို့ဆိုကာ ဖမ်းခံရသူ ၁ ဦး၊ သတင်းထောက် ၁ ဦး နှင့် CDM ကျောင်းဆရာမ ၂ ဦး ပါဝင်သည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၁၃ ဦး ရှိသည်။ ထိုထဲ လမ်းမပေါ်သွားလာနေစဉ် ကားဖြင့်ဆွဲဖမ်းခံရသူ ၉ ဦးပါသည်။ ကားမှတ်တိုင်၌ ရှိနေစဉ် ဖမ်းခံရသူ ၃ ဦး၊ ကားလမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁ ဦး ပါဝင်သည်။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၂၉ ဦး ရှိသည်။ ထိုထဲ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၁၇ ဦးပါသည်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၆ ဦး၊ လေယာဉ်ဓာတ်ပုံရိုက်လို့ဟုဆိုကာ ဖမ်းခံရသူ ၂ ဦး၊ ဘက်စ်ကားပေါ်တက်ပြီး ရုတ်တရက်ဖမ်းဆွဲခံရသူ ၁ ဦး၊ စက်ဘီး/ဆိုင်ကယ်ဖြင့်သွားလာနေစဉ် တားစစ်ပြီး မသင်္ကာလို့ဆိုကာ ဖမ်းခံရသူ ၂ ဦးနှင့် ကားတားစစ်ကာ မှတ်ပုံတင်မပါလို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး တို့ပါဝင်သည်။ ၎င်းတို့ထဲ ၃ ဦးမှာ ငွေပေးပြန်လွတ်လာနိုင်ကြပြီး ကျန် ၂၆ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရပါ။
———————— ℹ️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ
• ဇွန်လထဲ မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • စမ်းချောင်း၊ လှိုင်၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ လှည်းကူး၊ တောင်ဒဂုံ၊ တာမွေ၊ မြောက်ဒဂုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။
———————— ℹ️ စစ်မှုထမ်းသင်တန်း
• ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်း သင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၁၃ ဦး ရှိသည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၈ ဦး ဖြစ်သည်။ ကျန် ၅ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • ရန်ကုန်တိုင်းရှိ စစ်သင်တန်းကျောင်းများအပြင် ဗထူးတပ်မြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရသူလည်း ရှိသည်။ • မြို့နယ်အသီးသီးမှ စစ်မှုထမ်းအတွက်စုဆောင်းထားသူများကို စစ်ကားကြီးများဖြင့် ဘုရင့်နောင်စစ်ကြောရေးသို့ပို့ပြီး ဇွန်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်း သင်တန်းကျောင်းအသီးသီးသို့ ပို့လိုက်သည်ဟု သိရသည်။ • ထို့နောက် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၆ ကို ဇွန်လ ၂၉ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ ကြေညာထားသည်။
———————— ℹ️ အခြားအဖမ်းအဆီးဖြစ်စဉ်များ
• ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှု၊ ဓားချွန်/စကေဘာဓား ကိုင်ဆောင်မှု၊ လောင်းကစားမှု၊ ဖောက်ထွင်းမှု၊ ထိုင်းနိုင်ငံထဲ လူသတ်လာပြီး ရန်ကုန်ထဲ ရှောင်ပုန်းမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးမှု၊ လျှပ်စစ်မီး ခိုးသုံးမှု၊ ယာဉ်ရပ်နားခ ခိုးကောက်မှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများ၊ အမေရိကန်စီးပွားရေးသမား ဖမ်းဆီးခံရမှုနှင့် လူပျောက်ဖြစ်စဉ်များကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။
(ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 03 Jul 2026 #arrest #RangoonScoutNetwork

ဗိုလ်တထောင် * ကမ်းနားလမ်းပေါ် သိမ်ဖြူပွိုင့်အကျော် ခွေးဘဲဥ ၂ ကောင်ရှိ * 11:36 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

⬜️ ဒေါပုံ မဟာဗန္ဓုလတံတားအဆင် သင်္ဘောသားရုံးလမ်းထိပ် ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:35 AM 📬 @Inform_RSN

⚠️ ဗိုလ်တထောင်၊ ဗိုလ်မြတ်ထွန်းတာဝါ * ဗိုလ်မြတ်ထွန်းတာဝါမှာ ရှိတဲ့ဘား (HUKဘားလို့လဲ‌ပြော) မှာ ရခ မီးတန်း ၁ စီး၊ ထွေအုပ်ကား ၁ စီး၊ Taxi ၁ စီးနဲ့ ပိတ်ရပ်ထားကြောင်း သိရ * 7:21 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer