en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
Repost from People's Spring
ရုပ်သံ​ဆောင်းပါး သားအပါအဝင် မိသားစုဝင် ၄ ဦး ပေါ်တာဆွဲခံလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့သောက ထွန်းညိုဦး/People's Spring Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့၊ လမ်းမတော်ကမ်းနားမှာ အဲဒီအမျိုးသမီးကြီးရဲ့ အသက် ၁၇ နှစ်အရွယ်သားရယ်၊ ၁၉ နှစ်အရွယ်သမက်ရယ်၊ တူလေးတွေရယ် စုစုပေါင်း ၄ ယောက် ကုန်ထမ်းသွားကြတယ်။ အဲဒီအချိန် မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်က တစ်ရက်လေးသောင်းခွဲပေးမယ်ဆိုပြီး အလုပ် လာခေါ်တယ်တဲ့။ ဒါနဲ့အဲဒီကလေးတွေဟာ လိုက်သွားခဲ့ကြပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တယ်။ ဒါ့ကြောင့် အဲဒီအမျိုးသမီးကြီးက Tiktok ကနေ အကူအညီတောင်းခံလိုက်တာပါ။ အသက်မပြည့်သေးတဲ့ သူ့သားလေးဟာဆိုရင် မွေးရာပါ နှလုံးရောဂါသည်လေးပါတဲ့။ လူလည်း ကြောက်တတ်တယ်တဲ့။ ပျောက်တဲ့နေ့ကတည်းက ဖုန်းတွေလည်း ဆက်လို့မရဘူး။ "ကျမသားလေးပျောက်ကတည်းက လိုက်စုံစမ်းနေတာ။ ထမင်းလည်းမစား ရေပဲသောက်ပြီး စုံစမ်းနေတာပါ"လို့ သူက ရုပ်သံမှာပြောပြတယ်။ တရက်မှာတော့ ပျောက်ချင်းမလှပျောက်ဆုံးသွားတဲ့ သားလေးတို့ဆီကနေ ဖုန်းဆက်လာတယ်။ သူတို့ရှမ်းပြည်ဘက်ကို ပါသွားပြီတဲ့။ လေးယောက်လုံး စစ်မှုထမ်း ရောင်းစားခံလိုက်ရတာပါ။ "ကလေးတွေ ရှမ်းပြည်ဘက်ကိုပါသွားပြီလို့ ဖုန်းလေးတအောင့်ပဲ ပြောလိုက်ရတယ်။ ငါတို့ရင်တွေကျိုးနေပါပြီ။ တမိသားစုလုံးလည်း မျက်ရည်တွေနဲ့နေရတယ်။ ထမင်းတွေလည်း မစားနိုင်ကြဘူး။"လို့ မိခင်ဖြစ်သူက မျက်ရည်တွေ ကျရင်း ပြောနေတယ်။ သားလေးတို့တတွေဟာ ရိုးရိုးသားသား ကုန်ထမ်းစားနေကြရသူတွေပါ။ ခုလို စစ်မှုထမ်းရောင်းစားခံလိုက်ရတော့ မိခင်မှာ ရင်ကျိုးမတက်ပဲ။ "ကျမခိုင်းမိလိုက်လို့ ကျမတာဝန်မကျေသလို ခံစားနေရပါတယ်။"လို့ သူကပြောရင်း မျက်ရည်တွေကျတယ်။ လုပ်ရက်လိုက်ကြတာ။ ကျမရင်တွေကျိုးနေပါပြီ"လို့ မိခင်ဖြစ်သူက ပြောရင်းငိုတယ်။ ခုတော့ သားလေးတို့အတွက် မိခင်အပါအဝင် တစ်မိသားစုလုံး သောကတွေနဲ့ အိပ်လည်း​​မပျော် စားလည်းမဝင်ကြဘူး။ "ငါတို့ငိုနေတဲ့အချိန် နင်တို့က စိတ်ချမ်းသာပြီး သူများသားသမီးရောင်းစားရက်တယ်။ လုပ်ရက်လိုက်ကြတာ။"လို့ မိခင်ကပြောတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတွေခေါ်ယူခဲ့ရာမှာ အခုဆို အပတ်စဥ် (၂၇)တောင် ရောက်ရှိလာခဲ့ပါပြီ။ ရပ်ရွာတွေထဲ စာနဲ့ဆင့်ခေါ်တာအပြင် ယခုလို မတရားပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် တစ်လတစ်လ မိခင်ပေါင်းထောင်ချီ သောကရောက်ပြီး မျက်ရည်တွေ ကျနေရတာဖြစ်ပါတယ်။ ကျေးလက်က ဘာမှမသိနားမလည်တဲ့ မိခင်တစ်ယောက်ကတော့ ရွာကအိမ်ကလေးထဲမှာတင် တခြားသူအကူအညီနဲ့ Tiktok ရိုက်တင် ငိုကြွေးရုံကလွဲလို့ ဘာမှမတက်နိုင်ခဲ့ပါ။ သူ့သားအပါအဝင် လူငယ်လေး လေးယောက်ကတော့ ရှမ်းပြည်ဘက် ပါသွားခဲ့လေပြီ။ မိခင်က စစ်မှုထမ်း လူဖမ်းရောင်းစားသူတွေကို စကားတခွန်းနဲ့ မှာလိုက်ပါတယ်။ "ငါတို့မျက်ရည်ကျသလို နင်တို့မျက်ရည် မကျပါစေနဲ့။ ငါတို့ပြီးရင်နင်တို့အလှည့်"တဲ့။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

Repost from Khit Thit Media
photo content

Repost from Khit Thit Media
ရန်ကုန်တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြင့်တက်နေပြီး တာမွေမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ် စိတ်ကျန်းမာရေးဝေဒနာရှင် မောင်မင်းထက် ပျောက်ဆုံးနေ၊ လှိုင်မြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ခံပြီး လူငယ်များကို ဖမ်းဆီးရောင်းစားနေ ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် စစ်မှုထမ်းအတွက် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ အရှိန်အဟုန်မြင့်တက်နေချိန်တွင် တာမွေမြို့နယ်၌ အသက် ၂၅ နှစ်အရွယ် စိတ်ကျန်းမာရေးဝေဒနာရှင် လူငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်၊ သီတာလမ်းတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မောင်မင်းထက်သည် မုန့်စားရန် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ယနေ့နံနက်ပိုင်းအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘဲ ဖုန်းအဆက်အသွယ်လည်း လုံးဝမရရှိတော့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။ မောင်မင်းထက်မှာ အရပ် ၅ ပေ ၈ လက်မခန့်ရှိပြီး အသားဖြူကာ စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှင့် ကုသမှုခံယူနေရသူဖြစ်ကြောင်း၊ နေအိမ်မှ ထွက်ခွာစဉ် အိမ်နေရင်းအင်္ကျီနှင့် ဘောင်းဘီသာ ဝတ်ဆင်ထားကြောင်း သိရသည်။ မိသားစုဝင်တစ်ဦးက "ကျမရဲ့မောင်လေး မနက် ၁၁ နာရီက မုန့်စားဖို့ အပြင်ထွက်သွားပြီး အခုညအထိ ပြန်မရောက်လာသေးဘူး။ ဖုန်းကလည်း ပိတ်ထားတယ်လို့ပဲ ပြနေတယ်။ သူက စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုသမှုခံယူနေရသူဖြစ်လို့ အရမ်းစိတ်ပူနေပါတယ်။ ဒီညအထိ ပြန်မလာရင် မနက်ဖြန် ရဲစခန်းမှာ လူပျောက်တိုင်မှာပါ။ တွေ့ရှိသူတွေရှိရင် အမြန်ဆုံး အကြောင်းကြားပေးကြပါ" ဟု အကူအညီတောင်းခံထားသည်။ ဒေသခံများက လက်ရှိ ရန်ကုန်မြို့အတွင်း စစ်မှုထမ်းရန် လူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် မောင်မင်းထက်၏ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များကလည်း စိုးရိမ်ပူပန်နေကြောင်း ပြောဆိုသည်။ အလားတူ လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက်၊ အမှတ် (၈) သစ်စက်ဝန်းအတွင်း၌လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက "စစ်မှုထမ်းကြေး" အမည်ဖြင့် အိမ်ထောင်စုများထံမှ တစ်လလျှင် ကျပ် ၅,၀၀၀ မှ ၂၅,၀၀၀ အထိ ကောက်ခံနေပြီး ငွေမပေးသူများကို စစ်မှုထမ်းစာရင်းထဲ ထည့်မည်၊ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။ ထို့ပြင် စစ်မှုထမ်းရန် လူဝယ်မည်ဟုဆိုကာ ငွေကောက်ခံသော်လည်း လက်တွေ့တွင် လူငယ်များကို တွေ့သမျှ ဖမ်းဆီး၍ စစ်မှုထမ်းရန် ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။ ရပ်ကွက်နေ ပြည်သူတစ်ဦးက "အခုဆိုရင် ရပ်ကွက်ထဲက လူငယ်တွေ အလုပ်လည်း မဆင်းရဲတော့ဘူး၊ အပြင်လည်း မထွက်ရဲတော့ဘူး။ စစ်မှုထမ်းကြေးဆိုပြီး တစ်လကို ၂၅,၀၀၀ ကျပ်တောင်းတယ်။ မပေးရင် ဖမ်းမယ်၊ ထောင်ချမယ်၊ စစ်မှုထမ်းထည့်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရပ်ကွက်ထဲမှာ လူငယ်ဆိုတာ မရှိသလောက်ဖြစ်နေပြီ" ဟု ပြောဆိုသည်။ ယင်းအပြင် လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ရာအိမ်မှူးများဖြစ်သည့် မျိုးဇော်ထွန်း၊ ဝင်းဇော်ထွန်းနှင့် စိန်သန်းလေးတို့သည် ရပ်ကွက်အတွင်း ပြည်သူများအပေါ် ဖိအားပေးငွေကောက်ခံခြင်း၊ စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပို့ဆောင်ပေးခြင်းနှင့် အခြားမမှန်မကန် လုပ်ဆောင်မှုများရှိနေသည်ဟု သိရှိရသည်။

Repost from People's Spring
ရန်ကုန်မှာ အမျိုးသမီး​တွေအ​နှောက်အယှက်​ပေးခံရပုံကို လုံခြုံ​ရေးကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့

Repost from People's Spring
ရန်ကုန်မှာ အမျိုးသမီး​တွေအ​နှောက်အယှက်​ပေးခံရပုံကို လုံခြုံ​ရေးကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့ သြဂုတ်-၂၊၂၀၂၆။​ရောင်နီ/People's Spring ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။ ဇူလိုင် ၃၁ ရက် ၊ ၈ နာရီ ၄၄ မိနစ်ဝန်းကျင် မှာဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို CCTV ကမှတ်တမ်းတင်ထားပြီး ထို ဗီဒီယိုဖိုင်ကို ​ဖေစ်ဘွခ်သုံးစွဲသူတဦးကတင်လိုက်ရာ ရန်ကုန်မြို့မှာ အမျိုးသမီး​တွေ အ​နှောက်အယှက်ကြုံရတာကို အ​ပြောနဲ့သာမဟုတ် လက်​တွေ့ပြသနိုင်တဲ့မှတ်တမ်းဖြစ်လာပါတယ် ။ ဗီဒီယိုဖိုင်မှာ ပင့်ကူလူသား(Spider Man)ပုံ ကျောပိုးအိတ်လွယ်ထားတဲ့ အမျိုးသားတဦးက ခြံတစ်ခုရဲ့အဝမှာရပ်​စောင့်ရင်း ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို ​လိုက်နှောက်ယှက်နေတာကို တွေ့ရပါတယ်။ ဇူလိုင် ၃၁ ရက် နံနက် ၈နာရီခွဲကျော်က ကမာရွတ်မြို့နယ်၊ အမှတ်(၁) အ‌ခြေခံပညာမူလတန်းကျောင်း ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာအများစုကတော့ အဲဒီ့ဖြစ်စဉ်ကို မသိကျိုးကျွံပြုသွားကြပါတယ်။အဆိုပါအမျိုးသားက အမျိုးသမီးငယ်ကို အနီးကပ်ဖို့လုပ်ခဲ့သလို ၊အမျိုးသမီးက​ရှောင်ထွက်ဖို့ ကြိုးစားတာမှာလည်း ဇွတ်လိုက်ကပ်တာကို ​တွေ့ရပါတယ် ။ နှောင်ယှက်တဲ့ အမျိုးသားက အမျိုးသမီးကို လမ်းပိတ်ထားတဲ့ပုံစံလုပ်နေတာကြောင့် ချစ်သူတွေထင်ပြီး မကူညီကြတာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။ ဒါပေမယ့် လမ်းသွားလမ်းလာအမျိုးသားတစ်ဦးကတော့ နှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးရဲ့ ဖြစ်စဉ်ကို တချက်အကဲခတ်ပြီး အ​ခြေအ​နေရိပ်မိပြီး လက်ဆွဲကာခေါ်ဆောင်သွားခဲ့တာကြောင့် အဆင်ပြေသွားခဲ့တာပါ။ "လက်လှမ်းတွဲတဲ့အချိန်မှာ ပျော်လိုက်တာ ဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲတယ်" လို့ ဗီဒီယိုဖ်ိုင်ကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။ "ရီစရာ..ဝမ်းသာနေစရာမဟုတ်ပါဗျာ.. ကိုယ့်ညီမ...ကိုယ့်အမ ဆို ဘယ်လိုနေမလဲ ခင်ဗျာ... တကယ့်လက်တွေ့ဘဝက...တခါတလေ ချောမွေ့မနေတတ်ပါဘူး" လို့ ​ဖေစ်ဘွခ်အသုံးပြုသူတဦးက လည်းမှတ်ချက်ပြုပါတယ် ။ ကူညီပေးခဲ့တဲ့ အမျိုးသားကို ကျေးဇူးတင်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားကြပါတယ်။ အခုအမျိုးသမီးငယ်ကို နှောက်ယှက်တဲ့ အမျိုးသားနဲ့ကိုယ်တိုင်ကြုံဖူးခဲ့တယ်လို့ စီစီတီဗီကို ကြည့်ရှုနေသူတစ်ဦးကလည်း ဗီဒီယို‌ဖိုင်မှာပြောထားပါတယ်။ ဒီဗီဒီယိုဖိုင်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မလုံခြုံတော့တဲ့ပြည်သူလူထုဘဝတွေကို ပြသနေတာဖြစ်တယ်လို့ ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။ "သေချာကြည့်ရင် မိန်းကလေးတွေဘဝက ဘယ်လောက်တောင် လုံခြုံမှုမရှိလဲဆိုတာ ဒီ Record က သက်သေပဲ။ လူသူထူထပ်တဲ့နေရာမှာတောင်ဒီလိုအောက်တန်းစား တဏှာရူးတွေနဲ့ အခက်ကြုံနေရတဲ့ ဘဝတွေ" လို့အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။ ဒီလိုဖြစ်စဉ်တွေကြုံရင် အမျိုးသမီးတွေ အနေနဲ့ ရှက်ရွံ့တာတွေမဖြစ်ပဲ အနီးအနားကပြည်သူ​တွေကို အမြန် အကူအညီတောင်းသင့်တယ်လို့ ပြည်သူတွေက အကြံပြုထားပါတယ်။ အလားတူ အမျိုးသား​တွေအ​နေနဲ့လည်း အခုလိုအမျိုးသမီး​တွေကြုံရင်ကူညီ​ပေးကြဖို့ လည်း ဗီဒီယိုဖိုင်ကြည့်ပြီး ပြည်သူအချို့ကမှတ်ချက်ပြုပါတယ်။ ဒီလိုဖြစ်စဉ်တွေက အမျိုးသမီးတွေအနေနဲ့ YBS တွေပေါ်မှာ လူပြတ်တဲ့နေရာတွေမှာ လည်း ကြုံရလေ့ရှိတာကြောင့် ကိုယ့်ရှေ့မှာဖြစ်ရင် ကူညီပေးကြဖို့လည်း တိုက်တွန်းထားကြပါတယ်။ "Busပေါ်မှာလဲ ကူညီပေးကြပါကွယ် တချို့တဏှာရူးအဘိုးကြီးတွေရွံစရာကောင်းလွန်းလို့" လို့ အမျိုးသမီးတစ်ဦးက ရေးသားထားပါတယ်။ ရုပ်သံ-Zaw FB's

Repost from MMWeather
📌 Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နောက်ဆုံးရရှိသည့် မိုးရေချိန်ပြမြေပုံများ (3 Hourly Rain and 168 hrs Accumulated Precipitation Maps) အရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လာမည့် ၇ ရက် (၁၆၈ နာရီ) အတွင်း စုစုပေါင်းရရှိနိုင်မည့် ခန့်မှန်းမိုးရေချိန် ဇယားနှင့် မိုးလေဝသဖြစ်နိုင်ခြေ ဆန်းစစ်ချက်များ - ၁။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် ၁၆၈ နာရီ (၇ ရက်) စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (မှတ်ချက်။ ။ ခန့်မှန်းချက်များကို ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် အများဆုံးကျရောက်နိုင်သည့် ဒေသမှ အနည်းဆုံးကျရောက်နိုင်သည့် ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) ၂။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis) ဩဂုတ်လ ၁ ရက်နေ့ထုတ် ၃ နာရီခြား မိုးရွာနိုင်ခြေနှင့် ၇ ရက် မိုးရေချိန်စုစုပေါင်း မြေပုံများအရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အထက်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းတို့တွင် အဆမတန် အားကောင်းစွာ တိုက်ခတ်နေသည့် ပုံသဏ္ဌာန် ကို ပြသနေသည်။ 📌 မိုးအလွန်များမည့်ဇုန် (စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်၊ ကချင်) - ဘင်္ဂလားပင်လယ်အော်မှ စိုစွတ်သော မုတ်သုံလေစီးကြောင်းကြီးသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်း၍ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် တောင်တန်းကြီးများသို့ အဓိက ဦးတည်တိုးဝင်နေသည်။ ၁၆၈ နာရီ စုစုပေါင်း မိုးရေချိန်မြေပုံတွင် စစ်ကိုင်းအထက်ပိုင်း (ဗန်းမောက်၊ အင်းတော်၊ ပင်းလည်ဘူး စသည့်ဒေသများ) နှင့် ရခိုင်မြောက်ပိုင်းတို့၌ ခရမ်းရင့်ရောင်မှ ပန်းရောင်ပြ ဇုန်များ ၃၅၀ mm မှ ၄၀၀ mm အထက်ပြနေပြီး နေရာစိပ်စိပ် မိုးသည်းထန်နိုင်မည်ဖြစ်သည်။ 📌 မိုးများမည့်ဇုန် (တနင်္သာရီ၊ ရှမ်းမြောက်၊ ချင်း၊ ပဲခူးအရှေ့၊ ဧရာဝတီ) - တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပင်လယ်မုတ်သုံလေ အားကောင်းမှုနှင့် ကုန်းမြင့်တောင်တန်း အတားအဆီးများကြောင့် ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၂၀၀ mm ထက်မနည်း ရရှိမည်ဖြစ်သည်။ ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တွင်လည်း မုတ္တမကွေ့မှ တက်လာသော တိမ်ထုများကြောင့် မိုးအသင့်အတင့်မှ မိုးများနိုင်မည်ဖြစ်သည်။ 📌 မိုးနည်း/မိုးကွယ်ဇုန် (မကွေး၊ ကယား၊ ရှမ်းအရှေ့၊ နေပြည်တော်) - မကွေးတိုင်းနှင့် မန္တလေးတိုင်း လွင်ပြင်ဒေသ အများစုသည် ရခိုင်ရိုးမတောင်တန်း၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) ကြောင့် မိုးရွာသွန်းမှု ပမာဏ နည်းပါးနေဦးမည်ဖြစ်ပြီး၊ ၃ နာရီခြား မိုးရွာသွန်းမှု မြေပုံများတွင်လည်း ကွက်ကျားတိမ်ထုများသာ တွေ့ရှိရသဖြင့် ၇ ရက်စုစုပေါင်း မိုးရေချိန် ၆၅ mm အောက်၌သာ ရှိပါမည်။ ၃။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းဆန်းစစ်ချက် 📌 မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ဘက်ဒေသများ (စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရခိုင်၊ ချင်း) ဩဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့များ၏ ၃ နာရီခြား မြေပုံများအရ မိုးတိမ်ထုကြီးများသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အဆက်မပြတ် သိပ်သည်းစွာ ဖြစ်ထွန်းနေမည်ဖြစ်ရာ ရက်ရှည် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ၉၀% အထက် ရှိနေသည်။ 📌 သဘာဝဘေးအန္တရာယ် သတိပေးချက် - စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်/ချင်းတောင်တန်း ဒေသများတွင် တောင်ကျရေလျှံခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် စံချိန်တင် မြေပြိုခြင်းများ (Flash Floods & Massive Landslides) ဖြစ်ပွားနိုင်သဖြင့် အထူးသတိပေးအပ်ပါသည်။ 📌 ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးမှု သတိပေးချက် - မြစ်ဖျားခံရာ ကချင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် မိုးအဆမတန် ဆက်တိုက်ကြီးနေသဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေစီးဆင်းမှု ပမာဏသည် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာမည် ဖြစ်ပြီး၊ အဆိုပါ ရေလှိုင်းသည် လာမည့် ဩဂုတ် ဒုတိယပတ်အတွင်း အလယ်ပိုင်းနှင့် အောက်ပိုင်း မြစ်ဝှမ်းမြို့နယ်များသို့ ဆက်လက်စီးဆင်း လွှမ်းမိုးသွားနိုင်မည် ဖြစ်သည်။ 📌 တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ (တနင်္သာရီ၊ ပဲခူးအရှေ့၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်) ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့တို့မှ ရေငွေ့ကြွယ်ဝသောလေများ စဉ်ဆက်မပြတ်တိုးဝင်နေသဖြင့် နေ့စဉ် မိုးရွာသွန်းမှု စိပ်နေမည် ဖြစ်ကာ၊ မိုးသက်လေပြင်းများ ခေတ္တမျှတိုက်ခတ်နိုင်သည်။ ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်းမြစ်ဝှမ်း (တောင်ငူ၊ ဖြူး၊ ရွှေကျင်) နှင့် တနင်္သာရီတိုင်း ရေဝေရေလဲ ဒေသများတွင် စစ်တောင်းမြစ်ရေ နှင့် ဒေသတွင်း မြစ်/ချောင်းများ ရေလျှံတက်ခြင်း ကြောင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေနှင့် အိမ်ခြေများ ရေလွှမ်းမိုးမှု အန္တရာယ်ကို သတိပြုရပါမည်။ 📌 မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းကုန်းပြင်မြင့် (စစ်ကိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းတောင်/အရှေ့) နေ့ခင်းဘက်တွင် ပူအိုက်စိုစွတ်သော ရာသီဥတု အဓိကဖြစ်ထွန်းပြီး၊ ညနေပိုင်းများနှင့် နံနက်စောစောပိုင်းများတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းမျိုးသာ ရှိပါမည်။ 📌 အလယ်ပိုင်း မကွေး၊ မန္တလေးနှင့် စစ်ကိုင်းအောက်ပိုင်းတို့သည် ဒေသတွင်း မိုးကြီးမှုကြောင့် ရေကြီးရန် အခြေအနေ နည်းပါးသော်လည်း၊ အထက်ပိုင်း မိုးများပြားမှုကြောင့် စီးဆင်းလာမည့် အထက်မြစ်ရေ (Upstream River Flood) ကြောင့် ဧရာဝတီမြစ်ကမ်းနားနှင့် ရေလယ်သောင်ဒေသများ ရေဘေးသင့်နိုင်ပါသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။

Repost from RSN WEB
⚫️ အဝေးပြေးကားဝင်းထဲ အော်တစ်ဇင်လူငယ် ပေါ်တာဆွဲခံရ ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းထဲ ယောကျ်ားလေး ၁ ဦး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ဘက်မှ ကားဖြင့်ရောက်လာစဉ် လူတစုမှ ပေါ်တာဆွဲ ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ အဆိုပါကားဝင်းထဲ လူလိုက်ဆွဲနေကျ မဲကြီးတို့အဖွဲ့က မှတ်ပုံတင် ထောက်ခံစာ စသည်တို့ကို တောင်းစစ်ရာ အစုံအလင်မပြနိုင်လို့ဆိုပြီး ဖမ်းခေါ်သွားသည်ဟု သိရသည်။ ဆွဲခေါ်ခံရသူ ယောကျ်ားလေးမှာ အော်တစ်ဇင်ရှိသူဖြစ်ပြီး ရန်ကုန်ရှိ ဆွေမျိုးများထံ အလည်လာစဉ် ဆွဲခံရခြင်းဖြစ်သည်။ ထို့နောက် မိသားစုဆွေမျိုးများက လိုက်လံစုံစမ်းရှာဖွေပြီး ငွေကျပ် ၁၃ သိန်းဖြင့် ပြန်ရွေးထုတ်လိုက်ရကြောင်း သိရသည်။ – RSG 31 Jul 2026 #RangoonScoutNetwork

ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း ===================== 🔹TGIF ရောက်လည်း ဒစ်ဂျစ်တယ်လုံခြုံရေးကိုဂရုစိုက်ကြမယ်။ 🔹ဒစ်ဂျစ်တယ် လုံခြု
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း ===================== 🔹TGIF ရောက်လည်း ဒစ်ဂျစ်တယ်လုံခြုံရေးကိုဂရုစိုက်ကြမယ်။ 🔹ဒစ်ဂျစ်တယ် လုံခြုံရေးဆိုတာ 24/7 သတိထားရမှာမို့…အခက်အခဲတွေကို အဖြေရှာနိုင်ဖို့ Clinic ကိုလှမ်းလာကြစို့… 🔹မလိုအပ်တော့ဒေတာတွေနဲ့ ကိုဖျက်ပြီး လိုအပ်တဲ့ လုံခြုံရေး အဆင့်မြင့်တယ်ချင်တယ်ဆိုရင်တော့ဖြင့်.... 🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို ၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့ ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။ 🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင် Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။ 🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic #SpringRevolutionSecurity #SRS

⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ ဏ္ဍ ကောင် အစာကောက် – RSG 8:18 AM 📬 @Inform_RSN

Repost from Khit Thit Media
နိုင်ငံတစ်ဝန်း စစ်မှုထမ်းတိမ်းရှောင်သူများ၏ အချက်အလက်များကို PSMS ဆော့ဝဲလ်တွင် ထည့်သွင်းပြီး ကားဂိတ်၊ ရထားဘူတာနှင့် လေဆိပ်အပါအဝင် နေရာပေါင်းစုံတွင် စစ်ဆေးမည်၊ တိမ်းရှောင်သူများကို ထောင်ဒဏ်ချမှတ်ပြီး စစ်မှုပြန်ထမ်းခိုင်းမည် ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသော်လည်း တိမ်းရှောင်နေသူများ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို People Surveillance Management System (PSMS) ဆော့ဝဲလ်တွင် ထည့်သွင်းကာ ကားဂိတ်၊ ရထားဘူတာ၊ လေဆိပ်နှင့် စစ်ဆေးရေးဂိတ်များအပါအဝင် နေရာပေါင်းစုံ၌ စစ်ဆေးဖမ်းဆီးသွားမည့် အစီအစဉ်ကို စစ်ကောင်စီက စတင်ဆောင်ရွက်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ သတင်းရင်းမြစ်၏ ပြောကြားချက်အရ စစ်မှုထမ်းအပတ်စဉ် (၁) မှ အပတ်စဉ် (၂၆) အထိ စစ်မှုထမ်းရန် ဆင့်ခေါ်ထားသော်လည်း လာရောက်သတင်းမပို့ဘဲ တိမ်းရှောင်နေသူများ၏ စာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များထံမှ တောင်းခံနေပြီး ယင်းစာရင်းများကို PSMS စနစ်အတွင်း ထည့်သွင်းကာ နိုင်ငံတစ်ဝန်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ "လွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ စစ်မှုထမ်းကိစ္စ သွားရှင်းပြီးတာနဲ့ စစ်မှုထမ်းတိမ်းရှောင်သူစာရင်းတွေကို တောင်းခံနေတာပါ။ အဲဒီစာရင်းတွေကို PSMS ထဲ ထည့်ပြီး စစ်ဆေးဖို့ စီစဉ်နေတယ်။ စစ်မှုထမ်းတိမ်းရှောင်သူတွေ အရမ်းများလာလို့ အခုလို လုပ်တာ" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ PSMS (People Surveillance Management System) သည် စစ်ကောင်စီက အလိုရှိသူများ၏ ကိုယ်ရေးအချက်အလက်များ၊ လက်ဗွေ၊ ဇီဝဆိုင်ရာအချက်အလက်များနှင့် အခြားအချက်အလက်များကို ထည့်သွင်းထားပြီး စစ်ဆေးဖော်ထုတ်ဖမ်းဆီးရာတွင် အသုံးပြုနေသည့် စောင့်ကြည့်ရေးဆော့ဝဲလ်တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူကလည်း ဇူလိုင် ၂၂ ရက်က ကျင်းပသည့် စစ်ကောင်စီလက်အောက်ခံ လွှတ်တော်အစည်းအဝေးတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများအနက် အများအပြားသည် အခြားဒေသများသို့ တိမ်းရှောင်နေထိုင်နေကြသဖြင့် မြေပြင်တွင် ဆင့်ခေါ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြောဆိုခဲ့သည်။ ၎င်းက စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ၏ အမည်စာရင်းများကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ဖြန့်ဝေပေးထားပြီး စစ်ဆေးရေးဂိတ်များတွင် တွေ့ရှိပါက ချက်ချင်းဆင့်ခေါ်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာများတွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်းလည်း တိမ်းရှောင်နေသူများကို ရှာဖွေဖမ်းဆီး၍ စစ်မှုထမ်းရန် ဆင့်ခေါ်နေကြောင်း ပြောကြားခဲ့သည်။ "စစ်မှုထမ်းရန် ရှောင်လွဲသူတွေဟာ အခြားဒေသတွေကို တိမ်းရှောင်နေထိုင်တာတွေ လုပ်နေတဲ့အတွက် ဥပဒေနဲ့အညီ ဆင့်ခေါ်တဲ့အခါ မြေပြင်မှာ တာဝန်ရှိသူတွေ အခက်အခဲ အများကြီး ကြုံတွေ့နေရတယ်" ဟု ဗိုလ်ချုပ်မင်းသူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။ ထို့ပြင် လမ်းခရီးများတွင် စောင့်ဆိုင်းဖမ်းဆီးခြင်း၊ နေအိမ်များအထိ သွားရောက်ဆင့်ခေါ်ခြင်းများကို ပြုလုပ်သည့်အခါ အများပြည်သူက အဓမ္မဖမ်းဆီးမှုများအဖြစ် မြင်နေကြကြောင်းကိုလည်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူသည် မှတ်ပုံတင်ရန်၊ ဆေးစစ်ရန် သို့မဟုတ် စစ်မှုထမ်းရန် လာရောက်သတင်းပို့ရန် ပျက်ကွက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ ယင်းဥပဒေအရ ထောင်ဒဏ်ကျခံရပြီးနောက် တွင်လည်း စစ်မှုထမ်းရန် တာဝန်မှ ကင်းလွတ်မည်မဟုတ်ဘဲ စစ်မှုထမ်းရန် ထပ်မံဆင့်ခေါ်ခံရမည်ဖြစ်ကြောင်း သိရသည်။ "အမှုဖွင့်ပြီး ထောင်ချခံရရင်လည်း စစ်မှုထမ်းရမယ့်တာဝန်က မပျောက်ဘူး။ ပြန်လွတ်လာရင် စစ်မှုထမ်းရဦးမှာပဲ" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အသက်သွင်းခဲ့ပြီး လစဉ် လူငယ် ၅,၀၀၀ ကျော်ကို အတင်းအကျပ် စစ်မှုထမ်းရန် ဆင့်ခေါ်လျက်ရှိရာ လက်ရှိတွင် စစ်မှုထမ်းအပတ်စဉ် (၂၇) အထိ ရောက်ရှိနေပြီဖြစ်သည်။

Repost from MMWeather
WINDY APP, ECMWF model ၏ မြေပုံအချက်အလက်များနှင့် ခန့်မှန်းချက်လမ်းကြောင်း (Forecast Track) အပေါ် မူတည်၍ တိုင်ဖွန်းမုန်တိုင်း
+1
WINDY APP, ECMWF model ၏ မြေပုံအချက်အလက်များနှင့် ခန့်မှန်းချက်လမ်းကြောင်း (Forecast Track) အပေါ် မူတည်၍ တိုင်ဖွန်းမုန်တိုင်း DOLPHIN (Typhoon Dolphin) ၏ ရွေ့လျားနိုင်သည့် အခြေအနေနှင့် သက်ရောက်နိုင်ခြေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည် - (ဇူလိုင် ၃၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ် update) ====== 📌 မုန်တိုင်း၏ လက်ရှိအခြေအနေ (Current Status) ¡          မုန်တိုင်းအမျိုးအစား: Typhoon (SSHWS Category 5 အဆင့်အထိ တိုးတက်ခဲ့ပြီး လက်ရှိတွင် ပြင်းအားမြင့် မုန်တိုင်းအဖြစ် တည်ရှိနေပါသည်) ¡          လက်ရှိ လေတိုက်နှုန်း: တစ်နာရီလျှင် ၁၆၀ မိုင် (160 mph) ခန့် ¡          တည်နေရာ: ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် မိုင် ၂၇၀၀ ခန့်ဝေးကွာသော ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း   📌 ရှေ့ဆက်လက် ရွေ့လျားနိုင်မည့် လမ်းကြောင်း (Forecast Track) 🟡 မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်၍ အရှေ့တောင်အာရှ ဒေသဘက်သို့ အရှိန်ဟုန်ဖြင့် ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။ 🟡 ပစိဖိတ်ပင်လယ်ပြင်ကို ဖြတ်သန်းခြင်း (နီးကပ်သည့်ရက်များ) - မနက်ဖြန်မှစ၍ လာမည့် ၃ ရက်မှ ၅ ရက်အတွင်း (Tuesday 4th မှ Wednesday 5th) အထိ SSHWS Category 2 - 3 အဆင့်ရှိ ပြင်းအားမြင့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ပစိဖိတ်အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်။ 🟡 ဖိလစ်ပိုင်နှင့် တရုတ်တောင်ပိုင်း / ဗီယက်နမ်ဘက်သို့ ဦးတည်ခြင်း - Saturday 8th မှ Sunday 9th အတွင်း: ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်ပင်လယ်ပြင် သို့မဟုတ် လူဇုန်ကျွန်း (Luzon) မြောက်ဘက် ရေပြင်ကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ် (South China Sea) အတွင်းသို့ ဝင်ရောက်မည်။ ထိုအချိန်တွင် မုန်တိုင်း၏ အရှိန်မှာ Category 1 မှ 2 သို့ အားလျော့သွားနိုင်ပါသည်။ 🟡 အင်ဒိုချိုင်းနား ကျွန်းဆွယ်ပေါ်သို့ ဖြတ်သန်းခြင်း - Tuesday 11th မှ Wednesday 12th အတွင်း: ဗီယက်နမ်နိုင်ငံ တောင်ပိုင်း/အလယ်ပိုင်းနှင့် လာအို၊ ထိုင်းနိုင်ငံတို့ပေါ်သို့ မုန်တိုင်းအားပျော့ကာ အပူပိုင်းမုန်တိုင်းအဆင့် (Tropical Storm / Low Pressure Area) အဖြစ် ဖြတ်သန်းရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ရက်ဝေးခန့်မှန်းချက်ဖြစ်၍ ရာနှုန်းပြည့်မသေချာနိုင်ပါ။   📌 အရှေ့တောင်အာရှနိုင်ငံများအပေါ် သက်ရောက်နိုင်သည့် ဖြစ်နိုင်ခြေ (က) ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ မုန်တိုင်းလမ်းကြောင်း တိုက်ရိုက်ကျရောက်နိုင်သည့် ဖိလစ်ပိုင်မြောက်ပိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့် ရေကြီးရေလျှံမှုများ အပြင်းအထန် ဖြစ်ပေါ်နိုင်ပါသည်။ (ခ) မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ (ရက်ဝေးခန့်မှန်းချက်)အနေဖြင့် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ပါ - 🟡 မုန်တိုင်း၏ ပင်မဗဟိုချက်သည် မြန်မာနိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်းအဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်ခြေ မရှိပါ။ 🟡 သွယ်ဝိုက်သက်ရောက်မှုအနေဖြင့် (Indirect Effect) - မုန်တိုင်းသည် ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းပြီးနောက် အားပျော့သွားမည့် Wednesday 12th ဩဂုတ်လ ၁၂ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံ တောင်ပိုင်း/အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ လေဖိအားနည်းဆဲလ် (Low Pressure Area) သို့မဟုတ် မုန်တိုင်းကြွင်းကျန် တိမ်တိုက်များ စီးဝင်လာနိုင်ပါသည်။ 🟡 ထို့ကြောင့် ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မြန်မာနိုင်ငံရှိ အောက်ပါဒေသများတွင် မိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင် ပါသည် - 💡တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် 💡ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) 💡ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး 💡ကုန်းတွင်းပိုင်း မိုးများခြင်းကြောင့် အချို့ဒေသများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Floods) နှင့် တောင်ပြိုခြင်း များ သတိပြုရန် လိုအပ်ပါမည်။   💡 အကြံပြုချက်: ရက်ဝေးခန့်မှန်းချက်ဖြစ်သည့်အတွက် မုန်တိုင်းလမ်းကြောင်းနှင့်အရှိန်အဟုန် ပြောင်းလဲနိုင်ခြေများစွာရှိနေပါသည်။ စောင့်ကြည့်လေ့လာပြီး ဆက်လက်၍ တင်ပြပေးသွားပါမည်။

Repost from MMWeather
Ventusky (ICON Model) ၏ ဇူလိုင် ၂၉ ရက်ထုတ် မိုးရေချိန်စုစုပေါင်းပြ မြေပုံများအရ ဇူလိုင် ၂၉ ရက် နံနက် ၆:၀၀ နာရီမှ စတင်ကာ ဩဂုတ် ၃ ရက် နံနက် ၆:၀၀ နာရီအထိ (၅ ရက်တာကာလအတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စုစုပေါင်း ရွာသွန်းနိုင်မည့် ခန့်မှန်းမိုးရေချိန်များကို စနစ်တကျ တွက်ချက်ပြုစု ပေးထားပါသည်။ (ဇယားပုံတွင်ကြည့်ပါ) မြန်မာနိုင်ငံ ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ၅ ရက်တာ စုစုပေါင်း မိုးရေချိန်ပြဇယား (mm) (ဩဂုတ် ၃ ရက်အထိ ၅ ရက်တာ စုစုပေါင်း မိုးရေချိန် အများဆုံးမှ အနည်းဆုံးသို့ Sorting ပြုလုပ်ထားပါသည်) ဒေသအလိုက် မိုးရွာသွန်းမှု အခြေအနေ သုံးသပ်ချက် မိုးအများဆုံး ပစ်မှတ်ဇုန် (ကချင်၊ ရခိုင်၊ စစ်ကိုင်းအထက်ပိုင်း) 📌 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း - မုတ္တမကွေ့မှ တိုက်ခတ်လာသော မုတ်သုံလေ အားကောင်းမှုနှင့် မြောက်ပိုင်းတောင်တန်းများ၏ ပထဝီဝင် အနေအထားကြောင့် ၅ ရက်အတွင်း မိုးရေချိန် ၉၀ မှ ၁၄၅ mm အထိ ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များမည်ဖြစ်ပြီး မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာ ဒေသများတွင် ရေစီးဆင်းမှု မြင့်မားနေမည်ဖြစ်သည်။ 📌 ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီ (ကမ်းရိုးတန်းဒေသများ) - မုတ်သုံလေတိုက်ခိုက်မှု တည်ငြိမ်နေသဖြင့် ၅ ရက်တာအတွင်း စုစုပေါင်း မိုးရေချိန် ၅၅ မှ ၁၂၀ mm အထိ အဆင့်ဆင့် တိုးတက်ရွာသွန်းပါမည်။ ခွဲခြားဖော်ပြထားသော ကုန်းတွင်းပိုင်းနှင့် မိုးနည်း/မိုးကောင်း ဒေသများ - 📌 ရှမ်းပြည်နယ် (မြောက်/တောင်/အရှေ့) - ရှမ်းမြောက်သည် မိုးရေချိန် (၄၅ - ၉၀ mm) ဖြင့် မိုးအကောင်းဆုံးဖြစ်ပြီး၊ ရှမ်းအရှေ့ (၃၅ - ၇၅ mm) နှင့် ရှမ်းတောင် (၃၀ - ၆၅ mm) တို့တွင် မိုးအသင့်တင့် အစဉ်လိုက် လျော့နည်းသွားပါသည်။ 📌 ပဲခူးတိုင်း (အရှေ့/အနောက်) - ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း (ပဲခူးအရှေ့) သည် မိုးရေချိန် ၄၀ - ၈၀ mm အထိ ရရှိနိုင်သော်လည်း၊ မိုးကွယ်စက်ကွင်းဧရိယာအတွင်း ကျရောက်သော ပဲခူးအနောက်ဘက်ခြမ်းတွင် ၁၈ - ၄၂ mm ခန့်သာ ရွာသွန်းမည်ဖြစ်၍ သိသိသာသာ ကွာခြားပါသည်။ 📌 မန္တလေးတိုင်းအတွင်း ခွဲခြားမှု - မန္တလေးတိုင်းမြောက်ပိုင်းတွင် မိုးရေချိန် (၂၀ - ၄၈ mm) ခန့် ရရှိနိုင်ပြီး၊ ရှမ်းကုန်းပြင်မြင့်ခြေရင်း (မန္တလေးအရှေ့ပိုင်း) တွင် (၁၅ - ၃၅ mm) သာရှိမည် ဖြစ်သည်။ မန္တလေးတောင်ပိုင်း/အနောက်တောင်ပိုင်း (မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပုဂံ/ညောင်ဦး စသည့် မိုးနည်းရေရှားဒေသများ) နှင့် မကွေးတိုင်းတို့တွင်မူ ၅ ရက်တာ စုစုပေါင်းမှ ၈ မှ ၂၅ mm ခန့်သာ မိုးရွာသွန်းနိုင်ခြေရှိ၍ မိုးအလွန်နည်းပါးမည့် ဇုန်အဖြစ် တည်ရှိနေပါသည်။

Repost from MDY Revolution
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ MDY Revolution မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ 🙏 🪷 ဓမ္မဘက်မှ ရပ်တည်လျက်ရှိသော တော်လှန်ပြည်သူ၊ တော်လှန်ရဲဘော်များအားလုံး ရေလိုအေးကြပါစေ၊ ပန်းလိုမွှေးကြပါစေ၊ ကျန်းမာကြပါစေ၊ လန်းဖြာကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။ 🙏 MDY Revolution

ဗိုလ်တထောင် * Ambulance ၃ စီး၊ alarmဖွင့်ပြီး ကမ်းနားလမ်းအတိုင်း ဗိုလ်တထောင်ဘက်ကနေ မြို့ထဲဘက်ဆင်းသွားခဲ့ * 7:46 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို ဇူလိုင် ၂၈ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၂၈ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်း နေပြီး တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကရင်နီပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှာ မိုးဆက်လက် ပိုလာနိုင်တယ်လို့ ဆိုပါတယ်။ နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြို့တော် News Channel #myotawnews #myotaw

Repost from Khit Thit Media
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အဆောင်နေ ကျောင်းသားများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ စစ်မှုထမ်းကြေးကောက်နေ၊ ဝမ်းတွင်းနှင့် ကြို့ပင်ကောက်တွင် စစ်တပ်က လူငယ် ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်၊ ဇူလိုင် ၂၈ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ တာဝကွက်သစ် အမှတ် (၅) ရပ်ကွက်တွင် ရာအိမ်မှူး နေလင်းအောင်က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ စစ်မှုထမ်းကြေးအမည်ဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများထံမှ တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၀,၀၀၀ နှုန်း ကောက်ခံနေကြောင်း ကျောင်းသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယခုဇူလိုင်လအတွင်း စစ်မှုထမ်းကြေးခေါင်းစဉ်ဖြင့် စာရွက်အလွတ်ပေါ်တွင် အဆောင်နေ ကျောင်းသားကျောင်းသူများ၏ အမည်နှင့် နေရပ်လိပ်စာများ ရေးသားခိုင်းပြီး ကျောင်း သား၊ ကျောင်း သူ တစ်ဦးလျှင် ငွေကျပ် ၁၅,၀၀၀ ကိုလည်း ရာအိမ်မှူးနေလင်းအောင်က လိုက်လံကောက်ခံနေကြောင်း သိရသည်။ ယင်းသို့ စစ်မှုထမ်းကြေးအမည်ဖြင့် လစဉ်ငွေကောက်ခံခြင်းနှင့် ထပ်ဆင့်ငွေတောင်းခံခြင်းများကြောင့် အခြေခံလူတန်းစား မိသားစုများမှ ကျောင်းလာတက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး ကြီးမားလာပြီး ပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့တွင် အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။ "ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ အများကြီးက အနီး အနားအဆောင်တွေမှာ နေကြတာပါ။ ဒီရာအိမ်မှူးက ကျောင်းသားတစ်ယောက်ချင်းဆီက ဒီလောက်ပိုက်ဆံတွေ ကောက်နေတာဆိုတော့ သူရတဲ့ငွေပမာဏကို တွက်ကြည့်ရင် သိသာပါတယ်။ ကျွန်တော်ဆိုရင် ပိုက်ဆံမရှိလို့ ဖောင်တော့ဖြည့်ထားပေမယ့် မပေးနိုင်သေးဘူး။ အိမ်က ငွေလွှဲမှပဲ သုံးစွဲလို့ရတာ။ အခုအချိန်ထိ အိမ်ကလည်း မလွှဲပေးသေးတော့ စားသောက်စရိတ်တောင် အခက်အခဲဖြစ်နေတဲ့အချိန်မှာ ငွေကျပ် ၁၅,၀၀၀ ထပ်ပေးရမယ်ဆိုတာ အရမ်းအဆင်မပြေပါဘူး" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောဆိုသည်။ စစ်မှုထမ်းကြေး မပေးပါက ကျောင်းသားများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ရာအိမ်မှူး နေလင်းအောင်က လိုက်လံ ခြိမ်းခြောက်နေသဖြင့် ကျောင်းသားများမှာ ညနေဆိုသည်နှင့် အပြင်မထွက်ရဲတော့ကြကြောင်း သိရှိရသည်။ အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း ယနေ့ ဇူလိုင် ၂၈ ရက် နံနက် ၄ နာရီခန့်၌ ရန်ကုန်-မန္တလေး အမြန်လမ်း အရှေ့ဘက်ရှိ ပဒင်းကျေးရွာအတွင်းသို့ ပင်းတလဲစခန်းမှ စစ်သားများက မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး နေအိမ်များကို တစ်အိမ်ချင်း ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် ဒေသခံ ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း Voice of Wundwin ထံမှ သိရသည်။ ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဧရွာလေးကျေးရွာကိုလည်း ဇူလိုင် ၂၇ ရက် ညပိုင်းတွင် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ "စစ်ခွေးတွေ ညအချိန်ကြီး ရွာထဲကို ဝင်ရောက်စီးနင်းပြီးတော့ ပြည်သူ ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းဖြစ်စဉ်များကြောင့် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ ဒေသအချို့တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုထားသည်။ ဓာတ်ပုံ - သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ တာဝကွက်သစ် အမှတ် ၅ ရပ်ကွက် ရာအိမ်မှူး နေလင်းအောင်။

Repost from RSN WEB
⚫️ ဒယ်လီပို့သည့် လူငယ်ကို ရပ်ကွက်ရုံးခေါ်ပြီး စစ်မှုထမ်းထဲ ထည့် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ အဆောင်တခုထဲ နေထိုင်သူ ကိုဝေယံကို ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ပြီး စစ်မှုထမ်းဖို့ ပို့လိုက်ကြောင်း MPA မှ သိရှိရသည်။ ကိုဝေယံမှာ စက်ဘီးဖြင့် Delivery ပို့သည့်အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။ Source: MPA 27 Jul 2026 #RangoonScoutNetwork

ကျောက်တံတား ကမ်းနားလမ်း ကာစတန်ရုံးထဲ 4J 4029 Alphard အဖြူ၊ ရခ မီးတန်း ၁ စီး၊ ဘဲဥ SC ၁ စီးလဲ ရပ်ထား – RSG 4:39 PM 📬 @Inform_RSN

🟨 ပန်းပဲတန်း စခ Fawကား ၃ စီး (ကင်းလိုက်ကောက်နေပုံရ) ဗိုလ်ချပ်ဈေးဘက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်းလာကာ ဆူးလေပွိုင့် ပွိုင့်မိနေ – RSG 4:36 PM 📬 @Inform_RSN

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jul 20 - 26, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၇ မြို့နယ် မှ လူ ၂၀ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ကမာရွတ်၊ တောင်ဒဂုံ၊ ဗဟန်း၊ မြောက်ဒဂုံ၊ လှိုင်၊ လှိုင်သာယာ၊ သာကေတမြို့နယ်တို့ဖြစ်သည်။ · လမ်းပေါ်ရမ်းသမ်းဆွဲခံရသူ ၁၂ ဦး၊ အဝေးပြေးကားဝင်းထဲ အဝင်ဖမ်းခံရသူ ၁ ဦး၊ နေအိမ်ထဲထိ ရှာဖွေဖမ်းဆီးခံရသူ ၄ ဦး၊ ရပ်ကွက်ရုံးခေါ်ပြီးဖမ်းခံရသူ ၁ ဦး၊ ရုံးထဲ စစ်ဆေးစဉ် စစ်မှုထမ်းစာရင်းပါလို့ဆိုပြီး ဖမ်းခံရသူ ၁ ဦး၊ ပေါ်တာဆွဲခံရသူကို လိုက်စုံစမ်းစဉ် ဖမ်းခံရသူ ၁ ဦးတို့ ဖြစ်သည်။ · ယခုသီတင်းပတ်ထဲအပြင် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၉ ရက်ကြားထဲ ဖမ်းခံခဲ့ရသူ ၁၂ ဦးဖြစ်စဉ်လည်း သိရှိခဲ့ရသည်။ အလုပ်နှင့်မျှားပြီး ဖမ်းခံရသူ ၂ ဦး၊ လမ်းပေါ်သွားလာနေစဉ် ရမ်းသမ်းဆွဲခံရသူ ၁ ဦး၊ အဝေးပြေးဝင်း ကားဂိတ်၌ ဖမ်းခံရသူ ၂ ဦး၊ နေအိမ်ထိ ရှာဖမ်းခံရသူ ၂ ဦး (PDF ဟုစွပ်စွဲခံရပြီး ဖမ်းခံရသူ ၁ ဦးပါသည်) ၊ လမ်းပေါ်သွားလာနေစဉ် ဖုန်းစစ်ပြီး ဖမ်းခံရသူ ၅ ဦးတို့ဖြစ်သည်။
———— ▪️ဝင်ငွေကောင်းသည့်အလုပ်ရှိသည်ဟုဆိုကာ မန္တလေးသို့လိမ်ခေါ်ပြီး စစ်သားစုဆောင်းနေ
· ရန်ကုန်အပါအဝင် နေရာအနှံ့မှ လူငယ်များကို ဝင်ငွေကောင်းသည့် အလုပ်ရှိသည့်ဟု ဆိုကာ မန္တလေးမြို့သို့ လိမ်လည်မျှားခေါ်ပြီး အကြမ်းဖက်စစ်တပ်က စစ်သားစုဆောင်းနေကြောင်း Khit Thit မှ သိရှိရသည်။ ဆောက်လုပ်ရေး၊ ပန်းရံ၊ ဆေးသုတ် စသည့်အလုပ်များ ရှိသည်ဟု ဗန်းပြပြီး တလ ၁၀ သိန်းကျော် ရမည်ဟု မက်လုံးပေးခေါ်နေခြင်းဖြစ်သည်။ · ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့နေ ကိုအောင်ကျော်သက်ကို ပန်းရံအလုပ်ရှိသည်ဟု လိမ်ခေါ်ပြီး မန္တလေးနန်းတွင်းထဲ သံခြေကျင်းခတ်ပြီး ဖမ်းထားသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်မှ ကိုအောင်မြင့်မြတ်၊ ကိုရဲရင့်အပါအဝင် လူငယ် ၆ ဦးတို့ကို စက်ရုံပြုပြင်ရေး ဆေးသုတ်အလုပ်ရှိမည်ဟု မန္တလေးသို့လိမ်ခေါ်ပြီး ဖမ်းဆီးထားကြသည်။
———— ▪️မြို့ဝင်မြို့ထွက်ဂိတ်များတွင် စစ်မှုထမ်းအကျုံးဝင်သူများကို ရှာဖွေဖမ်းဆီးနေ
· စစ်မှုထမ်းဖို့ အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၏ အမည်စာရင်းများကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ဖြန့်ဝေပေးပို့ထားပြီး စစ်ဆေးဖမ်းဆီးနေကြောင်း အကြမ်းဖက်စစ်တပ်က ထုတ်ဖော်ပြောဆိုထားသည်။ ထို့ပြင် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဧည့်စာရင်းစစ်ပြီး လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု ပြောသည်။ စစ်မှုထမ်း တိမ်းရှောင်နေသူများရှိ၍ ခုကဲ့သို့လိုက်ရှာဖမ်းနေသည်ဟု ဆိုသည်။
———— ▪️အင်းစိန်မြို့မရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ဟုဆို
· ဇူလိုင်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မရဲစခန်းကို ပစ်မှတ်ထား၍ လက်ပစ်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု Yangon Army မှ သတင်းထုတ်ပြန်ထားသည်။
———— ▪️နိုင်ကျဉ်းထောင်ဒဏ်
· MMA တိုက်ခိုက်ရေးသမား ဖိုးသော်ကို ထောင်မှ လွှတ်ခါနီးတွင် စစ်တပ်မှ အမှုထပ်တပ်ပြီး ထောင်ဒဏ်ထပ်တိုးဖို့လုပ်နေကြောင်း သိရှိရသည်။ ယခုနှစ် စက်တင်ဘာလတွင် ပြန်လွတ်ရမည်ဖြစ်သော်လည်း စစ်တပ်မှ ပုဒ်မ ၅၁ (ဂ) ဖြင့် ထပ်တိုးအမှုဖွင့် တရားစွဲလိုက်ခြင်းဖြစ်သည်။ · ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အလှူလုပ်ပြီး အွန်လိုင်းပေါ်တင်ခဲ့သည့် NLD ပါတီ အမတ်ဟောင်း ဒေါက်တာစောနိုင်ကိုလည်း ပုဒ် ၅၀၅-က ဖြင့် ထောင် ၃ နှစ်ချလိုက်ကြောင်း သိရသည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် လှိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
———— ▪️အလုပ်သမား အခွင့်အရေးလှုပ်ရှားမှု
· ရန်ပုံငွေအခက်အခဲဖြစ်ပြီး အသုံးစရိတ်ပြတ်တောက်သွားခြင်းကြောင့် ပြည်တွင်းအလုပ်သမားသမဂ္ဂအဖွဲ့ STUM ရပ်နားလိုက်ရကြောင်း ဇူလိုင် ၂၅ ရက်နေ့က ကြေညာခဲ့သည်။ · လှိုင်သာယာမြို့နယ်၊ Spring Mon Garment Manufacturing စက်ရုံ၌ အလုပ်သမား ၁၇၇ ယောက်မှ အခြေခံလုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြသည်။ · ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd တွင်လည်း ဇွန်လထဲ လုပ်ခလစာတိုးမြှင့်ရေးဆန္ဒပြမှုများလုပ်ခဲ့ပြီး ယခုဇူလိုင်လတွင် စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို အလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ · ထို့ပြင် ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ Max Technology နားကြပ်စက်ရုံတွင်လည်း ရှေ့လများထဲ ဆန္ဒပြမှုများဖြစ်ပြီးနောက် အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင် ၄ ဦးနှင့် အလုပ်သမား ၆၀ ကျော် အလုပ်ထုတ်ခံရသည့်ဖြစ်စဉ်အတွက် ဆန္ဒပြနေကြကြောင်း သိရသည်။
———— ▪️မြို့နယ် ၁၆ မြို့နယ် ရေပြတ်တောက်မည်ဟု ကြေညာ
· ရန်ကုန်တိုင်း၊ မြို့နယ် ၁၆ မြို့နယ်တွင် ရေပြတ်တောက်မည်ဟု စစ်တပ်၏ စည်ပင်သာယာအဖွဲ့မှ ဇူလိုင်လ ၂၅ ရက်နေ့တွင် အသိပေးကြေညာထားသည်။ လှော်ကားရေတွန်းစက်များကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့ခင်း ၁ နာရီမှ ၃ နာရီထိ ရပ်နားကာ Transformer စက် ပြုပြင်မည်ဖြစ်သောကြောင့်ဟုဆိုသည်။ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်မြို့နယ်များ ပါသည်ဟု ဆိုသည်။ · ထို့ပြင် လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ၊ လဂွန်းပြင်ရေသန့်စင်စက်ရုံများကို မောင်းနှင်နေသည့် လှော်ကားဓာတ်အားခွဲရုံ၏ Main Cable ကြိုးများကို ပြင်ဆင်နေသောကြောင့် သောက်သုံးရေလည်း အခက်အခဲရှိမည်ဟု ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာထားသည်။
27 Jul 2026 #RangoonScoutNetwork #YGN_weekly