en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
Repost from Khit Thit Media
photo content
+3

Repost from Khit Thit Media
ရန်ကုန်တွင် YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့်အဖွဲ့က စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လွတ်မြောက်အောင် လုပ်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးအတွက် အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ သိန်းရာချီအထိ လိမ်လည်ရယူ ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့် အဖွဲ့ဝင် ဇော်မင်းတို့က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များကို ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၅၀ မှစတင်၍ သိန်းရာချီအထိ တောင်းခံလိမ်လည်ရယူနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များနှင့် သန်လျင်ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင် ၂၁ ရက်က ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ ၁၆ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတွင် နေထိုင်သည့် ဦးတင်အေးနှင့် ဒေါ်ခင်ကြွယ်တို့၏ သားဖြစ်သူ ဇော်ဇော်ထွန်း(ခ) ဖိုးခွားသည် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ဇော်ဇော်ထွန်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့် အဖွဲ့ဝင် ဇော်မင်းတို့ထံ ဆက်သွယ်ခဲ့ကြောင်း၊ ဇော်နိုင်ထွန်းနှင့် ဇော်မင်းတို့က ငွေကျပ် သိန်း ၅၀ ပေးပါက ဇော်ဇော်ထွန်းကို ပြန်လည်လွတ် မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေတောင်းခံခဲ့ကြောင်း သိရသည်။ သို့သော် ငွေကြေးပေးအပ်ခဲ့ပြီးနောက် ဇော်ဇော်ထွန်းမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသည့်အပြင် ပေးအပ်ထားသည့် ငွေကြေးများကိုလည်း ပြန်လည်ရရှိခြင်းမရှိသဖြင့် ဇော်နိုင်ထွန်းနှင့် ဇော်မင်းတို့က လိမ်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များဘက်က ပြောဆိုထားသည်။ ထို့အပြင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မိသားစုတစ်စုချင်းစီ၏ ငွေကြေးအခြေအနေအပေါ်မူတည်၍ ငွေကျပ် သိန်း ၅၀ မှ သိန်းရာဂဏန်းအထိ တောင်းခံရယူနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဇော်နိုင်ထွန်းသည် ရန်ကုန်တိုင်း YMBA ဥက္ကဋ္ဌ ဗိုလ်မှူး သန့်စင်ထံ ငွေပေးရမည်ဟုဆိုကာ ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘများထံမှ ငွေတောင်းခံနေခြင်းဖြစ်ပြီး YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ရာထူးနှင့် ဆက်စပ်သည့် အာဏာအရှိန်အဝါကို အသုံးပြု၍ ဒေသခံများအပေါ် ခြိမ်းခြောက်အာဏာပြမှုများလည်း ရှိနေကြောင်း သန်လျင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် ဇော်နိုင်ထွန်းတွင် YMBA အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ရှိသည်ဟုဆိုကာ ယင်းသေနတ်ကို အာဏာအရှိန်အဝါအဖြစ် အသုံးပြု၍ သန်လျင်ဒေသတွင် ဒေသခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အကြွေးတောင်းခံမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။ "အဲဒီဇော်နိုင်ထွန်းက ရန်ကုန်တိုင်း YMBA ဥက္ကဋ္ဌ ဗိုလ်မှူး သန့်စင်ကို ပေးရမယ်ဆိုပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ မိဘတွေဆီက ငွေကျပ် သိန်း ၅၀ ကစလို့ မိသားစု အခြေအနေ လိုက်ပြီး ငွေတွေတောင်းတယ်။ ပြီးတော့ အာဏာပါဝါပြပြီး ငွေလိမ်တယ်။ သူ့တို့နောက် ရန်ကုန်တိုင်း သန်လျင်တိုင်းအမတ် ဦးရန်မျိုးအောင်ရှိတယ်ပေါ့။ သူ့မှာ စစ်တပ်က ထုတ် ပေးထားတဲ့ သေနတ်လည်းရှိတယ်" ဟု သန်လျင်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်း ယခုဩဂုတ်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုများပြားလာနေကြောင်း စုံစမ်းသိရှိရသည်။ ဓာတ်ပုံ- ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လွတ်မြောက်အောင် လုပ်ပေးမည်ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းယူနေသော YMBA သန်လျင်ခရိုင် ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့်အဖွဲ့သားများ။

Repost from Khit Thit Media
photo content
+2

Repost from Khit Thit Media
ရန်ကုန်မြို့လယ်ခေါင် ၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်ကို သိန်း ၄၅၀၀၊ ရွှေ ၆၀ ကျပ်သားဖြင့် ပြန်ပေးဆွဲမှုတွင် နယ်မြေခံရဲ ၂ ဦးပါဝင်နေသဖြင့် တရားခံများနှင့်အတူ ဖမ်းဆီးအရေးယူ စစ်ဆေးမှုများ လုပ်ဆောင်နေ ရန်ကုန်၊ ဩဂုတ် ၁၁ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးကို ပြန်ပေးဆွဲ၍ ငွေကျပ်သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား တောင်းခံခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ရဲ ၂ ဦး အပါအဝင် တရားခံ ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးအရေးယူမှုများ ပြုလုပ်နေကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ ဩဂုတ် ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးသည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် ရွှေဘုံသာလမ်း၊ အိမ်အမှတ်(၃၆)ရှေ့အရောက်တွင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယင်းနေ့ ည ၈ နာရီခန့်တွင် ပြန်ပေးဆွဲသူများက ဦးအောင်မြင့်ကိုင်ဆောင်သည့် ဖုန်းမှတစ်ဆင့် ၎င်း၏မိသားစုထံ ဆက်သွယ်ခဲ့ပြီး ဦးအောင်မြင့်ကို အသက်ရှင်လျက် ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့များထံ အကြောင်းကြားခြင်း မပြုလုပ်ရန်နှင့် အကြောင်းကြားပါက ဦးအောင်မြင့်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟုဆိုသော မူဒူးဂါး(ခ) ဝင်းကိုအောင်နှင့် ဂင်ဒို(ခ) လင်းလင်းတို့ကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းနောက် နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီးနှင့် အောင်သူ(ခ) အောင်သူဦးတို့ကို သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်းနှင့် လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို ဖမ်းဆီးရမိပြီးနောက် အနီးဝန်းကျင်တွင် ဆက်လက်ရှာဖွေခဲ့ရာ ပြန်ပေးဆွဲခံထားရသည့် ဦးအောင်မြင့်ကို အနီးရှိ အိမ်ပျက်တစ်လုံးအတွင်းမှ အသက်ရှင်လျက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မောင်ငယ်ကို ဒေါပုံမြို့နယ်၊ စံပြ ၁လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုသော ကျော်သူရ၊ အောင်ထက်မိုးနှင့် ကျော်သက်တို့ကို နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် Taxi ယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်ကိုလည်း ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက်၊ အောင်မေတ္တာအလယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ "အဲဒီပြန်ပေးဆွဲမှုမှာပါဝင်တဲ့ တရားခံ ၉ ဦးမှာ ၂ ဦးက ရဲတွေပါ။ နယ်မြေခံ ရဲတွေ။ အဲဒါကိုတော့ သူတို့ စုံခုံဖွဲ့ပြီး ရဲစည်းကမ်း၊ ရဲတရားရုံးနဲ့ အရေးယူမယ်လို့​ ပြောတယ်။ ပြီးတော့ အရပ်ဘက်တရားရုံးမှာလည်း ထပ်ပြီး အရေးယူမယ်လို့ ပြောတယ်" ဟု ရွှေဘုံသာလမ်းမှ အမှုအခင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။ ပြန်ပေးဆွဲ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံများမှာလည်း စိန်ရွှေဆိုင်ပိုင်ရှင်နှင့် ဆက်စပ်မှု ရှိနေသော အသိုင်းအ၀ိုင်းအတွင်းမှ ဖြစ်ပြီး သိကျွမ်းသူများဖြစ်ကြောင်း သိရှိရသည်။

Repost from MMWeather
Ventusky ၏ ICON မော်ဒယ်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်မှ စတင်၍ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ (၇ ရက်တာ) မြန်မာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ဖြစ်ပေါ်တိုးပွားလာမည့် မိုးရေချိန် (Precipitation Accumulation) မြေပုံများအပေါ် အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဆန်းစစ်ချက်အား အောက်ပါအတိုင်း စနစ်တကျ ပြုစုတင်ပြအပ်ပါသည် - (ဩဂုတ်လ ၁၁ ရက် နေ့လည် ၁၂၀၀ နာရီ UPDATE) ========== ၁။ ပြည်နယ်/တိုင်းအလိုက် မိုးရေချိန် ရရှိနိုင်မှု ဆန်းစစ်ချက် ဇယား (Sorting by Rainfall Amount) မြေပုံပါ ကာလာကုဒ် အရောင်ညွှန်းကိန်းများနှင့် Grid Data များအရ ၇ ရက်တာ ခန့်မှန်းမိုးရေချိန် အနည်းဆုံးမှ အများဆုံးသို့ (Ascending Order) စနစ်တကျ ခွဲခြားစီစဉ်ထားသော မိုးရေချိန်အစီရင်ခံစာ ဇယားဖြစ်ပါသည်။ ၂။ နေ့ရက်အလိုက် မိုးရွာသွန်းမှု တိုးတက်ပြောင်းလဲမှု (Temporal Evolution) 📌 ဩဂုတ် ၁၁ - ၁၂ ရက် (ကာလဦး) - ပထမ ၂၄ မှ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ ကချင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် အဝါရောင်မှ လိမ္မော်/ခရမ်းရောင်ဖျော့ဇုန်များ (မိုးရေချိန် ၃၅ ~ ၈၀ mm) အဖြစ် မိုးရေချိန်ရရှိမှု စတင်အားကောင်းလာသည်။ 📌 ဩဂုတ် ၁၃ - ၁၅ ရက် (ကာလလယ်) - မုတ်သုံလေစီးကြောင်း ပိုမိုပြင်းထန်လာပြီး ရခိုင်၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် မိုးရေချိန် ၁၃၀ mm မှ ၁၈၀ mm အထိ လျှင်မြန်စွာ ခုန်တက်သွားကာ ခရမ်းရင့်ရောင်ဇုန်များ ဖုံးလွှမ်းလာသည်။ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း မိုးစိပ်စိပ်ဖြင့် မိုးရေချိန် တိုးတက်လာနိုင်သည်။ 📌 ဩဂုတ် ၁၆ - ၁၈ ရက် (ကာလနှောင်း Peak အဆင့်) - ၇ ရက်မြောက်ပြည့်ချိန် (ဩဂုတ် ၁၈ ရက် မြေပုံ) အရ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတို့၌ ၃၀၀ mm နီးပါး၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် ၁၉၀ mm မှ ၂၃၅ mm အထိ မိုးရေချိန်စုစုပေါင်း အမြင့်ဆုံးအဆင့်သို့ တည်ငြိမ်စွာ ရောက်ရှိသွားသည်။   ၃။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအခြေအနေ သုံးသပ်ခန့်မှန်းချက် က။ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (တောင်ကျရေနှင့် မြစ်ရေလျှံဘေး) 📌 မိုးလေဝသအခြေအနေ - မြေမျက်နှာပြင် အဟန့်အတားကြောင့် မုတ်သုံတိမ်တိုက်များ ပိတ်မိကာ ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၄၅ ~ ၂၃၅ mm အထိ သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ခရမ်းရင့်ရောင်ဇုန်အတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် လားရှိုး၊ သီပေါ လမ်းကြောင်းတစ်လျှောက်တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ် ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ/တည်ရှိနေနိုင်ပြီး လျှပ်တစ်ပြက်တောင်ကျရေကျခြင်း (Flash Floods) များ အထူးသတိပြုရန် လိုအပ်ပါသည်။   ခ။ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း/အနောက်ပိုင်း) နှင့် ကရင်/မွန်ပြည်နယ် (မြစ်ရေလျှံနှင့် ရေဝပ်ဘေး) 📌 မိုးလေဝသအခြေအနေ - ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တွင် ၁၀၅ ~ ၁၅၅ mm ကျရောက်နိုင်ပြီး၊ အနောက်ပိုင်း (ဧရာဝတီမြစ်ဝှမ်း) တွင် ၆၅ ~ ၁၀၅ mm ခန့် ရရှိနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ပဲခူးတိုင်းအရှေ့ပိုင်းရှိ တောင်ငူ၊ ဖြူး၊ ကျောက်တံခါးနှင့် ပဲခူးမြို့ဝန်းကျင်တွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေမျက်နှာပြင် မြင့်တက်ကာ စိုက်ပျိုးရေးကွင်းများနှင့် မြေနိမ့်ပိုင်းများအတွင်း မြစ်ရေလျှံခြင်း၊ အနောက်ပိုင်းတွင် ရေနုတ်မြောင်းစနစ် အားနည်းပါက မိုးစပါးပျိုးခင်းများ ရေဝပ်ဆိုးရွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။   ဂ။ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး (ကမ်းရိုးတန်းရေကြီးဘေးနှင့် လှိုင်းလေပြင်းဘေး) 📌 မိုးလေဝသအခြေအနေ - အနောက်တောင်မုတ်သုံလေ တိုက်ရိုက်တိုးဝင်နေသဖြင့် ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၈၅ mm မှ ၃၀၅ mm ကျော် အထိ အများဆုံး ကျရောက်မည်ဖြစ်သည်။ 📌 သဘာဝဘေးသုံးသပ်ချက် - သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ မြိတ်နှင့် ကော့သောင်း အနီးတစ်ဝိုက် မြေနိမ့်ပိုင်းများတွင် ကုန်းတွင်းရေလျှံမှုများနှင့်အတူ ပင်လယ်ဒီရေတက်ချိန်နှင့် ကြုံဆုံပါက မြို့ပြရေကြီးမှုများ ဖြစ်ပွားနိုင်သည်။ ပင်လယ်ပြင်တွင် မုတ်သုံလေပြင်းကြောင့် လှိုင်းအလွန်ကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာမှုများ သတိပြုရန် လိုအပ်သည်။   ဃ။ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် (မြေပြိုခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ဘေး) 📌 မိုးလေဝသအခြေအနေ - မုတ်သုံတိမ်တိုက်များ ဖြတ်သန်းရာ ကုန်းမြင့်ဇုန်များဖြစ်ပြီး ၇ ရက်အတွင်း ၁၂၅ ~ ၁၉၀ mm အထိ မိုးရရှိနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ဟားခါး၊ ဖလမ်း ဒေသများနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် တောင်စောင်းလမ်းများတွင် မြေသားရေဝပ်မှု လွန်ကဲပြီး မြေပြိုခြင်း (Slope Failure) ၊ ကျောက်တုံးပြိုကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများ ကြုံတွေ့ရနိုင်သည်။   င။ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) (မိုးအရိပ်ဒေသ - ဘေးအန္တရာယ်နည်းပါး) 📌 မိုးလေဝသအခြေအနေ - ရခိုင်ရိုးမတောင်တန်း ကာဆီးထားမှု (Rain Shadow Effect) ကြောင့် ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၆၅ mm အောက် သာရှိပြီး မြေပုံတွင် အစိမ်းဖျော့မှ ဝါစိမ်းရောင်ဇုန်အဖြစ် မိုးအားနည်းနေမည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ရေကြီးရေလျှံမှု ဘေးအန္တရာယ် ကြီးကြီးမားမား မရှိနိုင်ဘဲ၊ မိုးထစ်ချုန်းရွာစဉ် ဖြစ်ပေါ်တတ်သည့် မိုးကြိုးပစ်ခြင်း (Lightning) နှင့် လေပြင်းခေတ္တတိုက်ခတ်ခြင်းတို့ကိုသာ သတိပြုရန် လိုအပ်ပါသည်။   ၄။ ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် (Risk Mitigation Message) 📌 မိုးရေချိန်ပြမြေပုံများအရ ခရမ်းရောင်နှင့် အညိုရောင်ဇုန် (မိုးရေချိန် ၁၅၀ mm အထက်) ကျရောက်သော စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နှင့် တနင်္သာရီဒေသများရှိ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ကျရေနှင့် မြေပြိုမှု သတိပေးချက်များကို စောစီးစွာ ထုတ်ပြန်ထားသင့်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၅ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ စမ်းချောင်း၊ ဗိုလ်တထောင်၊ အင်းစိန်နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။ · Facebook ပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ လမ်းဘေးဆိုင်ထဲ ထိုင်နေစဉ် အရက်/ဘီယာ သောက်လို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၅ ဦး တို့ဖြစ်သည်။
———— ▪️၈၈၈၈ နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ ပြုလုပ်
· ဩဂုတ်လ ၈ ရက် (၈၈၈၈ အရေးတော်ပုံကြီး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့) တွင် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့၌ '#8888' ဘန်နာစာတန်းကိုင်ဆောင်၍ "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုပ်ရှားခဲ့ကြသည်။ · ထို့ပြင် Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Linn Yaung Ni Youth Organization (LYNYO) တို့ ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့မှလည်း ရန်ကုန်မြို့တနေရာ ကုန်းကျော်တံတားဘေး ကွန်ကရစ်နံရံပေါ်Projector ဖြင့် တော်လှန်ရေးစာသားနှင့် ပုံရိပ်များထိုးပြခဲ့ပြီး လှုပ်ရှားခဲ့ကြကြောင်း ဩဂုတ်လ ၇ နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
———— ▪️စစ်တပ် တိုက်လေယာဉ် ပျက်ကျ
· ဩဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီ ၁၆ မိနစ်တွင် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် ၁ စီး စမ်းသပ်ပျံသန်းနေစဉ် မှော်ဘီမြို့၊ ညောင်နှစ်ပင်ကျေးရွာအနီး၌ ငှက်တကောင်နှင့် ထိခိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျသွားခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ လေယာဉ်မှူးများ Eject လုပ် ခုန်ထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ · ၎င်းပျက်ကျခဲ့သည့် တိုက်လေယာဉ်မှာ FTC-2000G ၊ လေယာဉ်အမှတ် ၁၄၀၇ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထဲ အသစ်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း MDSI က သတင်းထုတ်ပြန်ထားသည်။ နံနက်လင်းအားကြီးချိန် ပျံသန်းမှုများမှာ လေကြောင်းဗုံးကြဲဖို့အတွက်သာဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
———— ▪️စစ်မှုထမ်းသင်တန်း
· စစ်မှုထမ်းသင်တန်းစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့်နေ့တွင် လူဦးရေမပြည့်၍ ပုံမှန်ထက်နောက်ကျပြီးမှ ဖွင့်ခဲ့ကြကြောင်း Khit Thit မှ ဖော်ပြထားသည်။
———— ▪️ဆွီဒင်သံရုံး ပိတ်သိမ်း
· ဩဂုတ်လ ၇ ရက်နေ့မှစပြီး လှိုင်မြို့နယ်ရှိ ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲမှ ကြေညာခဲ့သည်။ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲ facebook အကောင့်ကိုပါ ပိတ်သိမ်းမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးမှတဆင့်သာ လုပ်တော့မည်ဟုဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလထဲ ဖင်လန်သံရုံး ပိတ်သိမ်းခဲ့ပြီး ယခု ဆွီဒင်သံရုံးထပ်မံ ပိတ်သိမ်းခြင်းဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ဒိန်းမတ်သံရုံးပါ ပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ထားသည်။
10 Aug 2026 #RangoonScoutNetwork #YGN_weekly

Repost from MMWeather
Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက်နေ့များ အတွက် ထုတ်ပြန်ထားသော နေ့စဉ်မိုးရွာသွန်းမှု အခြေအနေပြမြေပုံများ (Daily Precipitation Maps) အရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ ခန့်မှန်းချက်များနှင့် မိုးရေချိန် ဆန်းစစ်ချက်များဖြစ်ပါသည်။ ၁။ ဩဂုတ်လ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက် နေ့စဉ်ခန့်မှန်းမိုးရေချိန်ဇယား (mm) ၂။ ရက်အလိုက် မိုးရွာသွန်းနိုင်မည့်အခြေအနေ ဆန်းစစ်ချက် (Daily Trend Analysis) 🔸ဩဂုတ်လ ၉ ရက် (တနင်္ဂနွေ) - မုတ်သုံတိမ်ထု အားအကောင်းဆုံး ဗဟိုချက်သည် မြန်မာနိုင်ငံ အထက်ပိုင်း (စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်) တွင် တည်ရှိနေသည်။ စစ်ကိုင်းအထက်ပိုင်း၌ ၂၄ နာရီအတွင်း ၁၀၀ mm နီးပါး ရွာသွန်းနိုင်သည့် ပန်းရောင်/နီညိုရောင်ပြ မိုးကြီးမည့်ကွက်များ ထင်ရှားစွာ တွေ့ရသည်။ တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင်လည်း ပင်လယ်ပြင်မှ မုတ်သုံမိုးတိမ်များ ဆက်တိုက် တိုးဝင်နေသည်။ 🔸ဩဂုတ်လ ၁၀ ရက် (တနင်္လာ) - မုတ်သုံမိုး အားကောင်းသည့် ဧရိယာသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်း (တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်) သို့ ပိုမိုရွှေ့လျား စုစည်းလာသည်။ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နေ့လျှင် ၁၀၀ mm ထက်ပိုသော စံချိန်တင် မိုးကြီးနိုင်သည့် ပန်းရောင်/ခရမ်းရောင်ဇုန်ကြီး ဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရပါသည်။ စစ်ကိုင်းအထက်ပိုင်းတွင် မိုးအရှိန်ပြန်လျော့သွားနိုင်မည်ဖြစ်သော်လည်း မိုးဆက်လက်ရွာနေဦးမည်။ 🔸ဩဂုတ်လ ၁၁ ရက် (အင်္ဂါ) - ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အနောက်တောင်မုတ်သုံလေ အရှိန်ဟုန်ပြင်းစွာ ဆက်လက်တိုက်ခတ်နေသဖြင့် တနင်္သာရီတိုင်းနှင့် မွန်/ကရင် ကမ်းရိုးတန်းတောင်တန်းများတွင် မိုးအလွန်ကြီးမည့် အခြေအနေ ဆက်လက်စွဲနေမည် ဖြစ်သည်။ အလယ်ပိုင်း မကွေး၊ မန္တလေးနှင့် နေပြည်တော်တို့တွင်မူ မိုးကွယ်ရပ်ဝန်းကြောင့် မိုးကျဲပါးလျက် သာရှိနေမည်။   ၃။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis) 📌 မိုးအလွန်များမည့် ဇုန် (တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်) - တနင်္သာရီတိုင်းတွင် ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်များ၌ ၂၄ နာရီအတွင်း ၁၂၀ mm အထက် အထိ မိုးကြီးနိုင်သော ခရမ်းရင့်ရောင်/ပန်းရောင်ပြ ဇုန် ထင်ရှားစွာ ပေါ်ထွက်နေသည်။ စစ်ကိုင်းအထက်ပိုင်းသည် ဩဂုတ် ၉ ရက်တွင် မိုးအလွန်များမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သည် ၃ ရက်လုံး မိုးအလွန်များမည့်အဆင့်တွင် တည်ရှိနေမည်။ 📌 မိုးအသင့်အတင့်မှ များမည့် ဇုန် (ကချင်၊ မွန်၊ ကရင်၊ ရှမ်းမြောက်၊ ပဲခူးအရှေ့၊ ချင်း) - မုတ္တမကွေ့အစပ် မွန်၊ ကရင်နှင့် ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တို့တွင် မုတ်သုံမိုးတိမ်များ စွဲရွာမည်ဖြစ်ရာ တစ်နေ့လျှင် ၄၀ mm မှ ၈၀ mm ဝန်းကျင် စုဆောင်းရရှိနိုင်သည်။ 📌 မိုးအလွန်နည်းသည့် မိုးကွယ်ဇုန် (မကွေး၊ မန္တလေး၊ နေပြည်တော်၊ ကယား) - ရခိုင်ရိုးမ၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) ကြောင့် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့သည် မြေပုံပေါ်တွင် အဖြူရောင်စေ့စေ့/အပြာနုရောင်အဖြစ်သာ ပြသထားသဖြင့် တစ်နေ့လျှင် ၁၅ mm အောက်သာရှိပြီး မိုးကျဲနေမည် ဖြစ်သည်။   ၄။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းဆန်းစစ်ချက် ⚠️ တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ် - ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်များတွင် ပင်လယ်ပြင်မှ ပေါက်ကွဲထွက်လာသော မိုးသက်တိမ်တိုက်ကြီးများ တနင်္သာရီတိုင်းအတွင်းသို့ တိုက်ရိုက်တိုးဝင်လာမည်ဖြစ်ရာ တနင်္သာရီတိုင်းနှင့် ကမ်းရိုးတန်း/တောင်တန်းဒေသများ၌ တောင်ကျရေလျှံခြင်း၊ မြို့နယ်အလိုက် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ (Severe Flash Floods & Landslides) အထူးစိုးရိမ်ရသဖြင့် ကြိုတင်သတိပြုကြရန် အသိပေးအပ်ပါသည်။ ⚠️ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် - ဩဂုတ် ၉ ရက် မိုးကြီးမှုနှင့် ရက်ရှည် မိုးစွဲရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ စံချိန်တင် မြစ်ရေကြီးမှုဖြစ်စဉ် (Major River Flooding) ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ ⚠️ မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း) - ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်သော်လည်း၊ မြစ်ဖျားခံရာ အထက်ပိုင်းမှ စီးဆင်းလာမည့် အထက်မြစ်ရေကြီးမှုလှိုင်း (Upstream River Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူများ ရေဘေးအန္တရာယ်ကို အထူးကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်ပါသည်။

Repost from N/a
🔥 မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း 🔥 Online Photo Campaign 8 Aug 2026 ၈၈၈၈ အထိမ်းအမှတ်အဖြစ်ဖော်ဆောင်သည့် "မပြ
+9
🔥 မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း 🔥 Online Photo Campaign 8 Aug 2026 ၈၈၈၈ အထိမ်းအမှတ်အဖြစ်ဖော်ဆောင်သည့် "မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း" Online Photo Campaign အား Milk Tea Yangon နှင့် Yangon Drone၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့နှင့်အတူ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများမှပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈၈၈၈) လူထုအရေးတော်ပုံ သည် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုအတွက် ပြည်သူတစ်ရပ်လုံး အတူတကွ ရပ်တည်ခဲ့သော သမိုင်းဝင် လူထုလှုပ်ရှားမှုတစ်ခု ဖြစ်ကာ ထိုစိတ်ဓာတ်သည် ယနေ့တိုင် မပျောက်ကွယ်သေးဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ၈၈၈၈ မှာ စတင်ခဲ့သော ဒီမိုကရေစီခရီးစဉ်ကို နွေဦးတော်လှန်ရေးတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံး၏ အသံ၊ အင်အားနှင့် ပါဝင်မှုများ လိုအပ်နေပါသည်။ မပြီးဆုံးသေးတဲ့ ၈၈၈၈ ရဲ့ စိတ်ဓာတ်ကို လူထုအားနဲ့ ဆက်လက်အသက်သွင်းပြီး နွေဦးအောင်ပွဲဆီ ဒို့အတူရုန်းကြပါစို့။ #မပြီးဆုံးသေးတဲ့၈၈၈၈လူထုအားနဲ့ဒို့အတူရုန်း #MilkTeaYangon #YangonDrone #8888Campaign #NeverForget8888 #Myanmar #WhatsHappeningInMyanmar

💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ) ​၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့တွင် "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "8888" ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ​တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး စသည့် နိုင်ငံရေးကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုများကြားမှ တစ်ပါတီအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ နိုင်ငံရေးအောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခရီးကြမ်းပေါ်တွင် လျှောက်လှမ်းခဲ့ကြသည့် အရေးတော်ပုံခြေလှမ်းများသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ​မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံတပ်သားများ၏ အတွေ့အကြုံကောင်းများနှင့် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးရဲဘော်များ၏ အတွေးအမြင်သစ်များကို ပေါင်းစပ်ကာ၊ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနေကြသော အလွှာအသီးသီး၊ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များနှင့်အတူ မပြီးဆုံးသေးသည့် အရေးတော်ပုံတာဝန်များကို ကျရာကဏ္ဍမှ သမိုင်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ​အရေးတော်ပုံ အောင်ရမည်။ ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR #ရှစ်လေးလုံး #၈၈၈၈ #8888 #OCTOPUS #ရေဘဝဲ

ပန်းဘဲတန်း * - ဘဲဥ Saloon ၁ စီး အနော်ရထာလမ်းပေါ် ရွှေဘုံသာလမ်းထောင့် အုတ်ဘဲဥရုံဘန်ကာဘေးရပ်ထားပြီး - ဘဲဥ ၁ ကောင်က အိမ်စီးကားမောင်းသူကျား ၁ ဦးထံ ပိုက်ဆံတောင်းဖို့ရစ်နေ * 1:26 PM သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား၊ မြို့နယ်ရဲခွေးစခန်း * - ဆူးလေဘုရားလမ်းပေါ် ကျောက်တံတား ရဲခွေးစခန်း ဘယ်ဘက်ဘေး ရခ saloon ၁ စီး ရပ်ထား - ပလက်ဖောင်းဘက်မှာ ရခ DC ဖြူပြာ ၁ စီး နဲ့ ရခ အချုပ်ကား ၁ စီးတို့ ရပ်ထား - အချုပ်ကားအနောက် အိမ်စီး jeep အပြာရင့် ၁ စီး ရပ်ထား * 1:25 PM သတင်းပေးပို့ရန် း @Bo1000_Informer

လသာ * ဗိုလ်ချုပ်လမ်း‌ပေါ် ရွှေတိဂုံဘုရားလမ်းပွိုင့် ဗိုလ်ချုပ်စျေးအကျော် ဘယ်ဖက်ခြမ်း Central hotel မျက်နှာချင်းဆိုင်လောက်မှာ ဘဲဥထီး၁+မ၂ အစာချောင်းနေ * 11:45 AM သတင်းပေးပို့ရန် @Bo1000_Informer

⚠️လသာ၊ အနော်ရထာလမ်း * ယနေ့ မနက် ၈ နာရီ ၅၃ မိနစ်ခန့်က လသာမြို့နယ်၊ အနော်ရထာလမ်းပေါ် လမ်းမတော်လမ်းဘက် ကွေ့ကြော မကွေ့ခင် (ရန်ကုန်ဆေးရုံကြီးဘေး) မီးပွိုင့်နားမှာ ရဲခွေး၂ ကောင်က လူ၄ ယောက်ကိုတန်းစီခိုင်းပြီး ဓါတ်ပုံရ်ုက်နေခဲ့တာ်ဟု သတင်းရရှိသည်။ ၎င်းလူငွေ ၄ ယောက်ထဲက ၂ယောက်မှာ အသက် ၄၀ ဝန်းကျင်လောက်ဖြစ်ပြီး ကျန်၂ယောက်မှာ၂၀ ဝန်းကျင်လောက်ရှိကြသည်ဟု သိရသည်။ * သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
ရန်ကုန်တိုင်း သပိတ်လှုပ်ရှားမှုများ (ဇူလိုင်လ ၂၀၂၆) •••••••••••••••®••••••••••••••• ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ၆၄ နှစ်မြောက် ဆဲ
+1
ရန်ကုန်တိုင်း သပိတ်လှုပ်ရှားမှုများ (ဇူလိုင်လ ၂၀၂၆) •••••••••••••••®••••••••••••••• ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်အဖြစ် တော်လှန်ရေးလူငယ်များစုပေါင်း၍ "၇.၇.၆၂ မမေ့ကြနဲ့" ၊ 7-7-62 DON’T FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ 08 Aug 2026 #strike #RangoonScoutNetwork

Repost from MMWeather
Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးရရှိသည့် မိုးရေချိန်ပြမြေပုံများ (Accumulated Precipitation Maps)၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသအခြေအနေပြမြေပုံ (Surface Weather Chart at 06 UTC) နှင့် ဂြိုဟ်တုဓာတ်ပုံ (18:00) တို့ကို ပေါင်းစပ်ဆန်းစစ်ချက်အရ မြန်မာနိုင်ငံအတွင်း ကျရောက်နိုင်သည့် မိုးရေချိန် ခန့်မှန်းချက်နှင့် မိုးလေဝသသုံးသပ်ချက်များကို တင်ပြပေးလိုက်ပါသည်။ ၁။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်ဇယား (mm) (မှတ်ချက်။ ။ ခန့်မှန်းချက်များကို ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် အများဆုံးကျရောက်နိုင်သည့် ဒေသမှ အနည်းဆုံးကျရောက်နိုင်သည့် ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) ၂။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis) - ဩဂုတ်လ ၇ ရက်နေ့ထုတ် ICON မော်ဒယ်၏ ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် မြေပုံအရ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာနိုင်ငံ တောင်ပိုင်း/အထက်ပိုင်းတို့တွင် လွန်စွာ အားကောင်းနေသည် ကို တွေ့ရှိရသည်။ 🔴 မိုးအလွန်များမည့် စံချိန်တင်ဇုန် (တနင်္သာရီတိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်) - တနင်္သာရီတိုင်း ကမ်းရိုးတန်းတစ်လျှောက်နှင့် မြေနိမ့်ပိုင်းများတွင် ၁၆၈ နာရီ (၇ ရက်) အတွင်း စုစုပေါင်း မိုးရေချိန် ၄၅၀ မီလီမီတာအထက် ရရှိနိုင်သည့် ခရမ်းရင့်ရောင်မှ ပန်းရောင်ပြ စံချိန်တင်ဇုန် ပေါ်ထွက်နေသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မုတ်သုံလေ တိုက်ရိုက်ဝင်ရောက်မှုကြောင့် မိုးရေချိန်ပေါင်း ၃၀၀ မီလီမီတာ မှ ၃၆၀ မီလီမီတာ အထိ ရွာသွန်းနိုင်ပါသည်။ 🟠 မိုးအသင့်အတင့်မှ များမည့်ဇုန် (ကချင်၊ မွန်၊ ကရင်၊ ရှမ်းမြောက်၊ ပဲခူးအရှေ့၊ ချင်း) - အရှေ့ဘက်နှင့် မြောက်ဘက် ကုန်းမြင့်ဒေသများ အပါအဝင် မုတ္တမကွေ့အစပ် ပဲခူးတိုင်းအရှေ့ပိုင်းတို့တွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၅၀ မီလီမီတာ မှ ၂၈၀ မီလီမီတာ အထိ ရွာသွန်းရရှိနိုင်ပါမည်။ 🟢 မိုးနည်း/မိုးကွယ်ဇုန် (မကွေး၊ မန္တလေး၊ နေပြည်တော်၊ ကယား) - မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့သည် ရခိုင်ရိုးမ၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) ကြောင့် ၇ ရက် စုစုပေါင်း မိုးရေချိန် ၅၀ မီလီမီတာမှ ၇၀ မီလီမီတာ အောက်၌သာ ရှိနေပြီး မိုးရွာသွန်းမှု ကျဲပါးနေပါမည်။ ၃။ ထိုင်းမိုးလေဝသဌာနမှ ထုတ်ပြန်သည့်မြေပုံ (Weather Chart) နှင့် ဂြိုဟ်တုပုံ အခြေပြု မိုးလေဝသဆန်းစစ်ချက် (က) Surface Weather Chart (06 UTC) ဆန်းစစ်ချက် Monsoon Trough (မုတ်သုံမြောင်တန်း) - သည် မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း (ကချင်ပြည်နယ်) မှတစ်ဆင့် လာအိုနှင့် ဗီယက်နမ်မြောက်ပိုင်း၊ လေဖိအားနည်းရပ်ဝန်းဇုန် တို့ကို ဆက်သွယ်လျက် တည်ရှိနေသည်။ Monsoon Strength (မုတ်သုံလေ အရှိန်အဟုန်) - ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အိုက်ဆိုဘာ (Isobar) လိုင်းများ အပြိုင်တန်းနေသဖြင့် အနောက်တောင်မုတ်သုံလေသည် အားအလွန်ကောင်းမွန်သည့် အနေအထား (Strong Southwest Monsoon) ဖြစ်ပေါ်နေပါသည်။ Typhoon "DOLPHIN" - ပစိဖိတ်သမုဒ္ဒရာ အတွင်း၌ တိုင်ဖုန်းမုန်တိုင်း DOLPHIN သည် အနောက်-အနောက်တောင်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး၊ အဆိုပါ မုန်တိုင်းစနစ်သည် အာရှအရှေ့တောင်ပိုင်းသို့ မုတ်သုံလေစီးကြောင်းများ အရှိန်ပြင်းပြင်း ဆွဲတင်ပေးလျက် ရှိသည်။ (ခ) Satellite Image (18:00) ဆန်းစစ်ချက် မိုးတိမ်ထု သိပ်သည်းမှု - ဂြိုဟ်တုဓာတ်ပုံအရ ကပ္ပလီပင်လယ်ပြင်မှ တက်လာသော မုတ်သုံတိမ်တိုက်ကြီးများ (ဆရီဖော့တိမ်ထုများနှင့် Convective Clouds) သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ မွန်၊ ကရင်နှင့် မြစ်ဝကျွန်းပေါ် အစွန်းပိုင်းများသို့ အရှိန်ပြင်းစွာ စီးဝင်တိုက်ခတ်နေ သည်ကို အဝါရောင်/အစိမ်းရောင် မိုးသက်တိမ်တိုက်သင်္ကေတများဖြင့် ပြသနေပါသည်။ အထက်ပိုင်း မိုးတိမ်များ -  မြန်မာနိုင်ငံ အထက်ပိုင်း (စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်) ပေါ်တွင် မုတ်သုံမြောင်တန်းအနီး တည်ရှိမှုကြောင့် သိပ်သည်းသော မိုးတိမ် cluster များ စုစည်းလျက် ရှိသည်။ ၄။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် ကြိုတင်ခန့်မှန်းချက်နှင့် သတိပေးချက်များ တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ် - ဂြိုဟ်တုပုံ၌ တွေ့ရသည့်အတိုင်း ပင်လယ်ပြင်မှ စိုစွတ်မိုးတိမ်များ တိုက်ရိုက်တိုးဝင်နေသဖြင့် လာမည့် ၇၂ နာရီမှ ၁၆၈ နာရီအတွင်း မိုးအလွန်သည်းထန်စွာ ဆက်တိုက်ရွာသွန်းမည်ဖြစ်ရာ တနင်္သာရီတိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးခြင်း၊ တောင်ကျရေကျခြင်းနှင့် မြေပြိုခြင်း (Severe Flash Floods & Landslides) ဘေးအန္တရာယ် အထူးသတိပြုရန် လိုအပ်သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် - မုတ်သုံမြောင်တန်း၏ အားကောင်းသော သက်ရောက်မှုကြောင့် မိုးကြီးမှု ကာလရှည်နိုင်ပြီး၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာမြစ်ရေကြီးမှုဖြစ်စဉ်များ (Major River Flooding) ဖြစ်ပေါ်လာနိုင်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း) - ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်သော်လည်း၊ မြစ်ဖျားခံရာ အထက်ပိုင်းဒေသများမှ စီးဆင်းလာမည့် အထက်မြစ်ရေကြီးမှုလှိုင်း (Upstream River Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူများ မြစ်ရေမြင့်တက်လာပြီး ဖြစ်လာနိုင်သည့်ရေဘေးအန္တရာယ်ကို အထူးကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်ပါသည်။

Repost from MPANews
ရန်ကုန်မြို့တွင်း ATM စက်တွင် ငွေထုတ်သူထံမှ လုယက်သူကို ဖမ်းဆီးမိ 7 Aug 2026 By Ko Myo / MPA ရန်ကုန်မြို့တွင်း၊ ဗိုလ်အောင်ကျော
ရန်ကုန်မြို့တွင်း ATM စက်တွင် ငွေထုတ်သူထံမှ လုယက်သူကို ဖမ်းဆီးမိ 7 Aug 2026 By Ko Myo / MPA ရန်ကုန်မြို့တွင်း၊ ဗိုလ်အောင်ကျော်လမ်းရှိ CB ဘဏ် ATM စက်တွင် ငွေထုတ်သူထံမှ လုယက်သူ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့(ဩဂုတ်၇ရက်)နံနက် ၁၁နာရီ၁၀မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော် လမ်း (အလယ်)ရှိ CBဘဏ် ATM စက်တွင် လူတစ်ဦး ငွေထုတ်ပြီး ပြန်အထွက်၌ အသက်၃၀အရွယ် ရှိ အမျိုးသားတစ်ဦးက ငွေ လုယက်ခြင်းဖြစ်ပြီး CBဘဏ် လုံခြုံရေးဝန်ထမ်း၃ဦးတို့က ဝင်ရောက် ထိုး နှက် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်ပြည်သူတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/11791/

Repost from N/a
၈၈၈၈ (၃၈) နှစ်ပြည့် အထိမ်းအမှတ်အတွက် ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့ မှ projector ဖြင့် ရှစ်လေးလုံးသပိတ်လှုပ်ရှားမှုကို လုံခြ
+9
၈၈၈၈ (၃၈) နှစ်ပြည့် အထိမ်းအမှတ်အတွက်  ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့ မှ projector ဖြင့် ရှစ်လေးလုံးသပိတ်လှုပ်ရှားမှုကို လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်မြို့တနေရာတွင် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။
ပြည်သူနှင့်အတူ #Y4B #Yangon4Brothers #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #Owlcommunity #MayangoneDemocraticFront_MDF #AlienReframe

Repost from RSN WEB
🆕 DAILY HIGHLIGHTS (25 JUN - 6 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ
ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာဌာ‌နေကိုယ်စားလှယ် တွေ့ဆုံခွင့်ပြုဟု ဓာတ်ပုံမှတ်တမ်းထွက်လာ – MPA SCEF နှင့် ULA/AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ခေါင်းဆောင်ပိုင်းတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေး – MPA ခွဲမထွက်ရ ဟု စစ်ကောင်စီ ပြော၊ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ ပြော – MKN အိန္ဒိယတွင် စစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် CNO/CNDF ဥက္ကဋ္ဌကို ရာထူးမှ ဖယ်ရှား – KT
———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း လုပ်သား၊ ပတ်ဝန်းကျင်နှင့် နည်းပညာ စာချုပ် ၃ ခု လက်မှတ်ရေးထိုး – MPA ဘီလာရုစ်က မြန်မာအကြမ်းဖက်စစ်တပ်နှင့် စစ်ရေးပူးပေါင်းမှု ပိုမိုတိုးချဲ့လိုဟု ထုတ်ဖော်ပြောဆို – KT အီသီယိုးပီးယား တွေ့ဆုံဆွေးနွေးပွဲကို လေ့လာရန် မြန်မာစစ်အာဏာရှင်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည် – DVB
———— 💵 စီးပွားရေးထူးခြားသတင်းများ
မင်းအောင်လှိုင်၏ အမိန့်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်နှင့်ညီမျှသော ငွေကျပ်စက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေ – KT အောင်သိင်္ခလုပ်ကွက်က သဘာဝဓာတ်ငွေ့ရောင်းဖို့ MOGE နဲ့ PTTEP စာချုပ်ချုပ်ဆို – BBC
———— 🔖 ကျားဖြန့်
ကျားဖျန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး DKBA ကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ – THN
———— ➕ အခြားထူးခြားသတင်းများ
စစ်တပ်အတွင်း တပ်ချုပ်ရာထူးနေရာတွင် မင်းအောင်လှိုင်ဓာတ်ပုံကိုသာ ချိတ်ဆွဲထားပြီး ရဲဝင်းဦးပုံကို ချိတ်ခွင့်မပြု – KT နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုများကို ထိန်းချုပ်ရန်၊ လွှဲပြောင်းငွေများ ရရှိရန် ကော်မတီဖွဲ့ – KT
#RangoonScoutNetwork

Repost from RSN WEB
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထဲ ရန်ကုန်တ
+6
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၉၀ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ
• ဖမ်းဆီးခံရသူ ၉၀ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၂ ဦးသာ ရှိပြီး ၁၅ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ • ကျန်သည့် ၇၃ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။
———————— ▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ
• သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၈ ဦး ရှိခဲ့သည်။ ထိုထဲ စစ်မှုထမ်းစာရင်းဖြင့် ဖမ်းဆီးခံရသူ ၂ ဦး၊ PDF/ ထောက်ပို့ ဟုစွပ်စွဲပြီး ဖမ်းဆီးခံရသူ ၂ ဦးပါသည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၃၈ ဦး ရှိသည်။ ထိုထဲ လမ်းမပေါ်သွားလာနေစဉ် ကားဖြင့်ဆွဲဖမ်းခံရသူ ၂၉ ဦး နှင့် ကားမှတ်တိုင်/လမ်းဘေး/လမ်းဘေးဆိုင်/ဘူတာ/အဝေးပြေးကားဝန်း၌ ရှိနေစဉ် ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်သည်။။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၂၄ ဦး ရှိသည်။ ထိုထဲ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၁၃ ဦးပါသည်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၉ ဦး ရှိသည်။ အချက်အလက်တောင်းစစ်/ PSMS ဖြင့် စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိသည်။ • လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၁၀ ဦး ရှိခဲ့သည်။ အိမ်ပြောင်း/လက်သမား စသည့်အလုပ်ဖြင့် မျှားကာ ဖမ်းဆီးခံရသူ ၈ ဦးရှိသည်။ ရပ်ကွက်ရုံးသို့ ရုတ်တရက်လာခိုင်းပြီး ဖမ်းခံလိုက်ရသူ ၁ ဦးနှင့် သားဖြစ်သူ ရှိ မရှိ စစ်တပ်ထဲ ဝင်စုံစမ်းရင်း ဖမ်းခံရသူ ၁ ဦးတို့ပါဝင်သည်။
———————— ▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ
• ဇူလိုင်လထဲ မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • တာမွေ၊ လှိုင်၊ ဒဂုံဆိပ်ကမ်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ ထန်းတပင်၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ သာကေတ၊ စမ်းချောင်း၊ လမ်းမတော်၊ အင်းစိန်၊ ဒေါပုံနှင့် ရွှေပြည်သာမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။
———————— ▪️ စစ်မှုထမ်းသင်တန်း
• ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်း သင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၁၅ ဦး ရှိသည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၁၃ ဦး ဖြစ်ပြီး ၁ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၁ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • ရန်ကုန်တိုင်းရှိ စစ်သင်တန်းကျောင်းများအပြင် ပဲခူးတိုင်း၊ အင်းတကော်နှင့် တောင်ငူဘက်ရှိ စစ်တပ်စခန်းများသို့ ပို့ဆောင်ခံလိုက်ရသူလည်း ရှိသည်။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ ကြေညာထားသည်။ ယခင်လများထက် နောက်ကျပြီး သင်တန်းသားဦးရေးမပြည့်၍ ထပ်ဖြည့်နေခဲ့သောကြောင့် နောက်ကျခြင်းဖြစ်ကြောင်း သိရသည်။
———————— ▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ
• မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်း ရှိပြီး ၎င်းတို့ကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။
(ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 06 Aug 2026 #arrest #RangoonScoutNetwork

Repost from MMWeather
photo content
+5