en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
Repost from Khit Thit Media
“ဆေးမှု၊ ခိုးမှု၊ လုမှု ဘာညာဆို နည်းနည်းပါးပါး ဖြဲခြောက်ပြီး ရဲထဲဝင်မလား၊ ထောင်ထဲဝင်မလားဆိုပြီး အကုန်ထည့်တာ။ ထင်တာထက် ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်” ဟု အခြားရဲတပ်သားသစ်အမျိုး သမီးက ပြောဆိုသည်။ တစ်ဖက်တွင် စစ်အုပ်စုက ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ရန် ရည်မှန်းချက်ထားရှိပြီး ရဲအင်အား မည်မျှပြုန်းတီးနေပါစေ ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော်လည်း အတင်း အကျပ် စုဆောင်းခြင်းဖြစ်သည့်အတွက် ရေရှည်တွင် အင်အားတည်ငြိမ်ရန် ခက်ခဲနိုင်ကြောင်း ရဲတပ်ဖွဲ့အတွင်းမှ အချက် အလက် များအရ သိရသည်။ ရဲတပ်သားသစ်များအနေဖြင့် စုဆောင်းခံရပြီးနောက် ထွက်ပြေးရန် စိတ်ကူးရှိသူများ များ ပြားသော် လည်း မိသားစုအခြေအနေများကြောင့် ချက်ချင်းထွက်ပြေးရန် မလွယ်ကူကြောင်း သိရသည်။ “အခွင့်ကြုံရင် ပြေးကြမယ့်သူတွေ များပါတယ်။ မိသားစုအရေး ပြန်ကြည့်ကြလို့ ပြေးပြီးလည်း မိဘကို ပြန်ကြည့်ဖို့ မလွယ်ဘူး။ လူလည်း လူယုံလို့ အရောင်းစားခံရပြီ။ တောထဲပြေးတော့လည်း ကိုယ့်ကို ဘယ်လိုအကြည့်ကြည့်ကြမှာလဲ၊ ဘယ်လိုဆက်ဆံမှာလဲဆိုတာ စိတ်ပူတယ်” ဟု ၎င်းက ပြော သည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူများအနေဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန်လည်း ပိုမိုခက်ခဲလာကြောင်း ၊အထူးသဖြင့် Passport လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်းများကို ကန့်သတ်ပိတ်ပင်ထားသည့်အတွက် နိုင်ငံခြားထွက်ရန် ပိုမိုခက်ခဲနေပြီး Passport ရရန်လည်း အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။ “နိုင်ငံခြားပြေးလည်း တရားမ၀င်လမ်းကြောင်းက အဆင်မပြေဘူး။ PSMS စနစ်နဲ့ ဂိတ်တွေမှာ စစ်နေတာ မလွတ်ဘူး။ ရဲပြေး စစ်ပြေး အကုန်ပြန်မိတာ” ဟု ၎င်းက ပြောသည်။ ​ လက်ရှိတွင် ရဲတပ်ဖွဲ့အတွင်း အင်အားပြုန်းတီးမှုများ ဆက်လက်ရှိနေသည့်အပြင် အဆိုပါအင်အားကို ပြန်လည်ဖြည့်တင်းရန် အလုပ်အကိုင်အခွင့်အလမ်းအဖြစ် လိမ်လည်ခေါ်ယူခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အမှုဆင်အရေးယူမည်ဟု ဖိအားပေးခြင်းများဖြင့် လူငယ်အမျိုး သား၊ အမျိုးသမီးများကို ရဲတပ်သားသစ်များအဖြစ် စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Repost from Khit Thit Media
ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲမေသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ရဲထဲဝင်ခဲ့ရသောအမျိုးသမီး အများအပြားရှိ 🟥 ၁ နှစ်အတွင်း ရဲအင်အား ၉,၅၉၆ ဦး ပြုန်းတီးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အလုပ်ရမည်ဟု လိမ်ခေါ်ခြင်းနှင့် အမှုဆင်ဖမ်းဆီးခြင်းများဖြင့် လူငယ်များကို ရဲထဲသို့ ပေါ်တာဆွဲပို့ဆောင် ရန်ကုန်၊ ဩဂုတ် ၂၆ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲတပ်သားသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရဲသင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်ခံရသော ရဲတပ်သားသစ်အမျိုးသမီးများ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ကျော်ကာလအတွင်း ရဲတပ် ဖွဲ့ ဝင် ၉,၅၉၆ ဦးအထိ အင်အားပြုန်းတီးခဲ့ပြီး ယင်းအင်အားလျော့နည်းမှုကို ပြန် လည်ဖြည့်တင်းနိုင်ရန် နိုင်ငံတစ်ဝန်းတွင် နည်းလမ်းမျိုးစုံအသုံးပြု၍ ရဲတပ်သားသစ်များ အလျင်အမြန် စုဆောင်းနေကြောင်း ရဲအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိ ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု ပြောဆို၍ ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခြင်း၊ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြိုတင်အသိမပေးဘဲ အလုပ်အကိုင်လျှောက်ထားသူများကို စုဆောင်းရေးစခန်းသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း သိရှိစေခြင်းနှင့် မူးယစ်ဆေးဝါး၊ ခိုးမှု၊ လုယက်မှု စသည့် အမှုများဖြင့် ခြိမ်း ခြောက်ကာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်စေခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လျှို့ဝှက် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မေလအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အားပြုန်းတီးမှုမှာ စုစုပေါင်း ၉,၅၉၆ ဦး ရှိပြီး ရဲပြေး ၅,၆၄၀ ဦး၊ ထုတ်ပယ်ခံရသူ ၆၉၅ ဦး၊ နုတ်ထွက်သူ ၁၇၃ ဦး၊ အငြိမ်းစားယူသူ ၅၂၁ ဦး၊ သေဆုံးသူ ၁,၁၀၉ ဦး၊ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသူ ၁,၁၈၀ ဦးနှင့် ဌာနကူးပြောင်းသူ ၈ ဦး ပါဝင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် လိမ်လည်စုဆောင်းခံခဲ့ရသည့် ရဲတပ်သားသစ်တစ်ဦး၏ ပြောဆိုချက်အရ ၎င်းအနေဖြင့် မိမိလျှောက်ထားသည့်အလုပ်မှာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း မသိရှိဘဲ အလုပ်အကိုင်ရရှိမည်ဟု ယုံကြည်၍ လျှောက်ထားခဲ့ရပြီး စုဆောင်းရေးနေရာသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။ “ရဲအလုပ်မှန်းမသိဘဲ အလုပ်လုပ်ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး အလုပ်လျှောက်တာ။ စုဆောင်းရေးရောက်မှ သိတာ။ အလုပ်သစ်ဆိုပြီး လက်မှတ်က ထိုးပြီးပြီလေ” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နယ်မြေရဲတပ်ဖွဲ့များအပြင် ယာဉ်ထိန်းရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲ၊ ရထားရဲ၊ လေကြောင်းရဲ စသည့် တပ်ဖွဲ့ခွဲများ အများအပြားရှိပြီး ရဲတပ်သားသစ်များကို သက်ဆိုင်ရာတပ်ဖွဲ့များအတွက် ခွဲဝေစုဆောင်းနေကြောင်း သိရသည်။ ရဲတပ်သားသစ် စုဆောင်းခံနေရသူများအနက် အများစုမှာ ရဲတပ်ဖွဲ့အတွင်း ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်းမရှိဘဲ အခွင့်အရေးရရှိပါက ထွက်ပြေးလိုသူများ ဖြစ်ကြောင်း အဆိုပါ ရဲတပ်သားသစ်က ဆက်လက်ပြောသည်။ “ စုဆောင်းရေးစရောက်ကတည်းက ပထမ မိဘအားနာတယ်။ ဒုတိယက ကိုယ် စိတ်ရှိတိုင်းလုပ်ရင် မိဘက အားကိုးစရာ ကိုယ်ပဲရှိတာ။ အပြင်ထွက်ရင် ဘာလုပ်မလဲ အမြဲတွေးတယ်။ လိမ်ခေါ်သွားတဲ့ ရဲတွေကို ပိုမုန်းတီးလာတာပဲရှိပါတယ်” ဟု ၎င်းက ပြောသည်။ သင်တန်းတက်နေစဉ်အတွင်းလည်း စိတ်မပါဘဲ ပေါ်တာဆွဲခံရ၍ ရဲတပ်ဖွဲ့အတွင်း ရောက်ရှိလာသူ များ အများအပြားရှိကြောင်း၊ အချို့မှာ နေသားကျအောင် နေထိုင်နေကြသော်လည်း အချို့မှာ ထွက်ပြေးလိုကြသော်လည်း မိဘများကို ပြန်မတွေ့နိုင်တော့အောင် စွန့်ခွာရမည်ကို စိုးရိမ်သဖြင့် ဆက်လက်နေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။ “ကိုယ်လိုလူက အများကြီးပါ။ တချို့က နေသားကျအောင် နေလိုက်တယ်။ တချို့က ထွက်ချင်ပေမယ့် ပြေးလည်း မိဘဆီ ပြန်မရတော့လို့ မလွတ်နိုင်ဘူးဆိုပြီး နေသလိုနေလိုက်တာ။ အတော်များများက ထွက်ချင်ကြသူချည်းပါ” ဟု ၎င်းက ပြောသည်။ ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခေါ်ယူခြင်းအပြင် ကွန်ပျူတာစာရိုက်ရမည်၊ ရုံးလုပ်ငန်းသာ လုပ်ရမည်၊ သင်တန်းတက်ရုံသာဖြစ်သည်ဟု ပြောဆိုကာ စုဆောင်းခြင်းများလည်း ရှိကြောင်း သိရသည်။ “ရဲတပ်သားသစ်အရောင်းအဝယ် ဈေးကွက်တစ်ခုလို ဖြစ်တယ်။ အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားပြီး အလုပ်လုပ်ရမယ်၊ သင်တန်းတက်ရမယ်ဆိုပြီး လိမ်ခေါ်တာ။ လှိုင်သာယာက အထည်ချုပ် ညီမလေးတွေကို ကွန်ပျူတာနှိပ်ရမယ်၊ ဘာမှလုပ်ရမှာမဟုတ်ဘူးဆိုပြီး လိမ်ခေါ်တယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် ငြင်းဆန်သူများကို ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှု၊ စသည့် အမှုများဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ရဲတပ်ဖွဲ့ထဲသို့ ဝင်ရောက်စေခြင်းများလည်း ရှိနေကြောင်း သိရသည်။

Repost from DVB TV News
🚨ရန်ကုန်လေဆိပ် ပစ္စည်းသိမ်းယူမှုများလေကြောင်းခရီးသွားသူတွေ အခက်ကြုံ🚨 "ဒီလိုမှမသွင်းရင် မြန်မာပြည်မှာက အကုန်ပစ္စည်းတွေ ပြတ်လပ်တော့မှာ။ ဒါကို အခုလို အရမ်းတင်းကြပ်နေတော့ အဆင်ပြေမနေဘူး" ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို တင်းကြပ်စစ်ဆေးတာနဲ့ ကီလိုအပိုဝယ်ယူထားတဲ့ ပစ္စည်းတွေကို အခွန်ထပ်ဆောင်းပေးဆောင်ရတာကြောင့် လေကြောင်း ခရီးသွားလာသူတွေ အခက်ကြုံနေရပါတယ်။ 🔔 #dvb #newsreels #reels #Shorts #ရန်ကုန်လေဆိပ် 🔥

Repost from N/a
Women’s Equality Day အမျိုးသမီးများတန်းတူရေးနေ့ 26. August.2026 Sisters2Sistersအနေဖြင့် တန်းတူရေးလှုပ်ရှားမှုသမိုင်း၏အထိမ်းမှ
Women’s Equality Day အမျိုးသမီးများတန်းတူရေးနေ့ 26. August.2026 Sisters2Sistersအနေဖြင့် တန်းတူရေးလှုပ်ရှားမှုသမိုင်း၏အထိမ်းမှတ်ဖြစ်သော ယနေ့တွင် ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာပြည်တစ်လွှားရှိ နေ့စဉ်ဘဝတွင် တရားမျှတ တန်းတူညီတူသော နေ့ရက်များ ပိုင်ဆိုင်ဖို့တိုက်ပွဲဝင်နေသော အမျိုးသမီးများ၊ ဂျဲန်ဒါစုံလင်ကွဲပြားသော သူတိုင်း၏ မယိမ်းမယိုင် ခိုင်မာသော သတ္တိနှင့်စွမ်းပကားကို ဂုဏ်ယူစွာဖြင့် ဦးညွှတ်လိုက်ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ (၁၉) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ချက်ဥပဒေကို ၁၉၂၀ ပြည့်နှစ်တွင် သမိုင်းဝင် အတည်ပြုခဲ့ခြင်းကို အထိမ်းအမှတ်ပြုသော်လည်း အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းခဲ့သောအောင်ပွဲဖြစ်သည်။ ထိုအောင်ပွဲနှင့်ထပ်တူ အမျိုးသမီးတို့အခွင့်အရေးများနှင့် စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုဆိုင်ရာသတင်းစကားများသည် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ဆောင်နေကြသော ကြံ့ခိုင်သတ္တိရှိသည့် အမျိုးသမီးများနှင့် ဂျဲန်ဒါစုံလင်သောတက်ကြွလှုပ်ရှားသူများကို အင်အားဖြစ်စေသော နေ့တစ်နေ့ဖြစ်ပါသည်။ “တန်းတူညီတူ ဖိုဝါဒီပြို” သွေးစည်းညီညွတ်လျက် Sisters2Sisters

ပန်းပဲတန်း အနော်ရထာလမ်း ရွှေဘုံသာလမ်းပွိုင့် ခွေးဘဲဥ ၁ ကောင် မတ်တပ်ရပ်နေ – RSG 9:44 AM 📬 @Inform_RSN

ကျောက်တံတား ရခ SC ၁ စီး အနော်ရထာလမ်းအတိုင်း ဆူးလေပွိုင့်ဘက်ကနေ ကုန်ဈေးတန်းဘက် ရှေ့ရှု – RSG 9:41 AM 📬 @Inform_RSN

⬜️ ကျောက်တံတား အ‌နော်ရထာလမ်းနဲ့ ဆူးလေပွိုင့် ခွေးဘဲဥ အထီး ၂၊ အမ ၂ အစာကောက် – RSG 9:39 AM 📬 @Inform_RSN

⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့် ကားမှတ်တိုင်နား ခွေးဘဲဥ ၂ ကောင်ရှိ – RSG 9:16 AM 📬 @Inform_RSN

🟨 ကျောက်တံတား စခ Faw ၄ စီး၊ အင်အားအပြည့်ဖြင့် ဆူးလေဘုရားပတ် ပန်းဆိုးအောက်ဘက် ရှေ့ရှု – RSG 7:58 AM (Delayed) 📬 @Inform_RSN

မင်္ဂလာတောင်ညွန့်၊ဂမုန်းပွင့်အနီးတွင် မီးပိတ်ရပ်ထားသော ရဲကားဖြင့် ပေါ်တာဆွဲ 25 Aug 2026 By Ko Myo/ MPA ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဂမုန်းပွင့်အနီးတွင် မီးပိတ်ရပ်ထားသော ရဲကား၂စီးဖြင့် လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သိရသည်။ ဩဂုတ်၂၃ရက်၊ညဦးပိုင်းအချိန်တွင် ဂမုန်းပွင့်ထဲမှ ပြန်ထွက်လာသူများနှင့် ဂမုန်းပွင့်အနီး ဖြတ်သန်း သွားလာနေသော လူငယ်အမျိုးသားများကို ဖမ်းဆီးကာ ဂမုန်းပွင့်အရှေ့ဘက်ရှိ ရွှေမြယာအိမ်ယာ ဘက်သို့ ခေါ်ဆောင်သွားကြောင်း ယင်းအနီးနေ အိမ်ရှင်မတစ်ဦးက ဆိုသည်။ “ဂမုန်းပွင့်ရှေ့နားမှာ ဆွဲတာ။ခဏပဲနေပြီး ဆွဲသွားတော့ အော်ကြီးဟစ်ကျယ်တွေ မဖြစ်လိုက်ဘူး။ ကားရပ်တဲ့နေရာကို မီးပိတ်ပြီးတော့ ရဲကား၂စီးရပ်ထားတယ်။ ရွှေမြယာကနေ အဲကားနဲ့ ဘယ် ခေါ်သွားသလဲတော့ မသိဘူး။မြင်တဲ့ အိမ်နီးချင်းပြောတာက ၆ယောက်၊၇ယောက်လောက်ပါသွား တယ်”ဟု ၎င်းက MPAသို့ပြောသည်။ ယနေ့(ဩဂုတ်၂၅ရက်)နှင့် ဩဂုတ်၂၄ရက်တို့တွင် မင်္ဂလာတောင်ညွန့်၊ဂမုန်းပွင့်အနီး၌ ပေါ်တာထပ် ဆွဲသည်ဟု မကြားမိကြောင်း ၎င်းက ဆိုသည်။ “ရက်၂၀ကျော်လာပြီဆိုတော့ စစ်မှုထမ်းအပတ်စဉ်၂၈အတွက် အဆွဲကြမ်းလာတာ။လူမပြည့်ရင် ရ တာ ဆွဲတာပဲ။တစ်နေရာတည်းမှာ အမြဲစောင့်ဆွဲတာမျိုးတော့ မဟုတ်ဘူး။အခု လူများတဲ့နေရာတွေ မှာ လိုက်ဆွဲတယ်ဆိုတာ လူလိုနေတာကြောင့်ပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြော သည်။ စစ်မှုထမ်းသင်တန်းများကို လတစ်လ၏ တတိယပတ်နှင့် စတုတ္ထပတ် အစတို့တွင် ဖွင့်လှစ်လေ့ရှိ သော်လည်း အပတ်စဉ် ၂၇ကိုမူ ဩဂုတ်၃ရက်မှသာ ဖွင့်လှစ်နိုင်ခဲ့သည်။ မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို ဗြောင်ကျကျ ပြုလုပ်လျက်ရှိ သည်။ ဓာတ်ပုံ-CJ ပုံစာ- ရန်ကုန်တွင် ကင်းလှည့်နေသော ရဲကားများ။(ပုံဟောင်း) #မင်္ဂလာတောင်ညွန့်မြို့နယ် #ပေါ်တာဆွဲ #MPA

ဗိုလ်တထောင် * ရဲခွေး saloon ၁ စီး ကုန်သည်လမ်းမပေါ် ဗိုလ်အောင်ကျော်မီးပွိုင့်အကျော် ညာဖက်ခြမ်းမှာ ရပ်ထားရာမှ မောင်းထွက်လာပြီး > ကုန်သည်အတိုင်း ပန်းဆိုးတန်းမီးပွိုင့်မှာ > ပန်းဆိုးတန်းလမ်းသို့ချိုးပြီး > မဟာဗန္ဓုလလမ်းပေါ်ကွေ့သွားခဲ့ 1:22 PM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

⬜️ ကျောက်တံတား ဗိုလ်အောင်ကျော်လမ်းနဲ့ ကမ်းနားလမ်းထောင့် ကုန်သည်လမ်းဘက်အခြမ်း ညောင်ပင်အောက် ခွေးဘဲဥ ၁ ကောင်ရှိ – RSG 10:32 AM 📬 @Inform_RSN

🟨 ကျောက်တံတား ရခ DC ၁ စီး၊ နောက်ခန်း ၄ ကောင်ပါ 1T 5667 အိမ်စီးကား 4F 7834 အန်စာတုံး ကမ်းနားလမ်းအတိုင်း ဗန္ဓုလဘက်ကလာကာ ဆူးလေဘုရားဘက် ရှေ့ရှု – RSG 10:33 AM 📬 @Inform_RSN

ဗိုလ်တထောင် * ကမ်းနားလမ်းပေါ် ဗိုလ်တထောင်ဈေးရှေ့ ခွေးဘဲဥ အမ ၃ ကောင်ရှိ * 10:24 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️လေတပ်စစ်ဦးစီးအရာရှိ၏ နေအိမ် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
· အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ် စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်း၏ ရန်ကုန်မြို့ရှိ နေအိမ် ဩဂုတ်လ ၂၂ ရက် ညဘက်တွင် ပါဆယ်ဗုံးပို့ တိုက်ခိုက်ခံရကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၇ လမ်းရှိ နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဗိုလ်မှူးပိုင် ကားနှင့် အိမ်တို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါနေ့ ည ၆ နာရီ ၃၈ မိနစ်ခန့်တွင် တာမွေမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံဟုယူဆရသည့် အသံကျယ်ကြားခဲ့ရကြောင်းလည်း သိရှိရသည်။
———— ▪️စစ်တပ်၏ YMBA အတွင်းရေးမှူးများကို လူတစုမှ ဖမ်းဖို့ကြိုးစား
· ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီး၊ YMBA ရုံးခန်း၌ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ YMBA ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင် နှင့် အခြားလူ ၃ ဦးတို့ ရှိနေကြစဉ် အပြင်မှ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်နှင့် ဒေါ်မြတ်စုလှိုင်တို့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ ဖော်ပြထားကြသည်။ ဝင်လာသည့် လူ ၄ ဦးတွင် သေနတ်ပါလာသည်။ ဝင်ဝင်လာချင်း ရုံးထဲရှိနေသည့် အခြားလူ ၃ ဦးတို့ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ကြိုးဖြင့်တုပ်ပြီးနောက် ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ခြောက်လှန်‌ဖမ်းခေါ်ရာ ၎င်းမှ ခုခံအော်ဟစ်၍ ရုံးဝင်းအနီးရှိလူများရောက်လာကြသဖြင့် ဝင်ဖမ်းနေသည့်လူများ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။ ကနဦး ဦးမောင်မောင်ညွန့်ကားဖြင့် မောင်းပြေးဖို့ကြိုးစားသော်လည်း လူဝိုင်းလာသဖြင့် ခြေလျင်ဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။
———— ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၃ မြို့နယ် မှ လူ ၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှည်းကူး၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။ · Tik Tok ပေါ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်ဆေးရေးဂိတ်၌ မှတ်ပုံတင်စစ်ခံရပြီးဖမ်းခံရသူ ၂ ဦး၊ လမ်းပေါ်သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂ ဦး တို့ဖြစ်သည်။ · ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း လူငယ် ၃ ဦး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်ချုပ်စက်ရုံတခုမှ အလုပ်ဆင်းပြီး အိမ်အပြန်တွင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ကြရသည်။
———— ▪️စမ်းချောင်း ရပ်ကွက်အုပ်ကြီးများကို စစ်တပ်က စစ်ကြောနေ
· စမ်းချောင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ယောက်ကို စစ်တပ် စရဖက ဖမ်းဆီးပြီး စစ်ကြောနေကြောင်း သိရှိရသည်။ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်မြောက်၊ မုန့်တောင်၊ သံတံတား၊ လင်းလွန်းမြောက်၊ လင်းလွန်းတောင် ရပ်ကွက်တို့မှ အုပ်ကြီးများကို ရေကြည်အိုင်စစ်ကြောရေး နှင့် ကုန်းမြင့်သာစစ်ကြောရေးစခန်းများ၌ စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်သည့် EPC မန်နေဂျာ၊ စာရေးမ နှင့် ကန်ထရိုက်တာ ၁ ဦးတို့လည်း စစ်ကြောခံနေရသည်ဟု သိရသည်။ စည်ပင်၏ ခွင့်ပြုချက်မရှိပဲ လာဘ်စားကာ အဆောက်အဦးများ ဆောက်လုပ်ထားသည့်ကိစ္စဖြင့် စစ်ကြောနေသည်ဟု ဆိုသည်။ ထိုသို့ဆောက်လုပ်ထားသည့် အဆောက်အဦး စုစုပေါင်း ၃၂ လုံးခန့် ရှိပြီး တချို့အဆောက်အဦးတို့တွင် 'ခွင့်ပြုချက်မရှိပဲ ဆောက်ထား၍ နေထိုင်ခွင့်မရှိ'ဟုဆိုကာ စည်ပင်က သတိပေးစာများ လိုက်ကပ်ထားသည်။
———— ▪️ရဲတပ်ရင်းများမှ ရဲများကို ရှေ့တန်းဒေသများသို့ ပို့
· ရန်ကုန်ရှိ ရဲတပ်ရင်း ၆ ရင်းမှ ရဲများကို ဩဂုတ်လ ၁ ရက်နေ့မှစပြီး ရှေ့တန်းစစ်မြေပြင်ဒေသများသို့ ပို့ဆောင်နေကြောင်း MPA မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ် ရဲများကို ဘဏ်နှင့် ဌာနဆိုင်ရာ လုံခြုံရေးယူခိုင်းထားပြီး အင်အားမလောက်၍ ရဲသတင်းပေးများကိုပါ ခေါ်ထားပြီး အင်အားပြထားရကြောင်းလည်း သိရသည်။
———— ▪️အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု
· အရှေ့ဒဂုံမြို့နယ်၊ Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ၌ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသည့် အလုပ်သမားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်ရုံမန်နေဂျာက အကြမ်းဖက်ရဲများခေါ်ပြီး ပေါ်တာဆွဲဖမ်းခိုင်းလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 'လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်' ဟုလည်း ၎င်းက ပြောခဲ့သည်။ အလုပ်သမား ၇၀၀ ကျော်က ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ အလုံနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
24 Aug 2026 #RangoonScoutNetwork #YGN_weekly

Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️ — စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း — အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။ တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။ စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။ ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ 🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။ 🟢 ဆောင်ရန် (DOs) 🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။ ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။ 🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။ မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။ 📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။ Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ 🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။ ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။ 🔴 ရှောင်ရန် (DON'Ts) ❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။ ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။ ❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။ အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။ ❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။ ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။ ❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။ ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။ 📢 မိဘပြည်သူများ သတိပြုရန် အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။ *သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။ 💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။" #Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst

သာကေတ ရခ အချုပ်ကား ၁ စီး ဗန္ဓုလတံတားဘက်ကနေ သင်္ဘောကျင်းဘက် ရှေ့ရှုမည့်ပုံရ 9:54 AM 📬 @Inform_RSN

Repost from MMWeather
ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသ Weather Chart / Satellite Image နှင့် Meteoblue (ICON Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများအရ ဩဂုတ်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ (၇ ရက်အတွင်း) ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ခရိုင်/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန် ဇယား၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဖြစ်ပါသည်။ (ဩဂုတ်လ ၂၃ ရက် နေ့လည် ၁၂၀၀ နာရီ update) ====== မုန်တိုင်းများ ဖြစ်ပေါ်ရွေ့လျားမှုနှင့် မုတ်သုံလေ အခြေအနေ ဆန်းစစ်ချက် 📌အပူပိုင်းမုန်တိုင်း NARRA - TMD Weather Chart နှင့် Satellite ပုံများအရ တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း TS NARRA သည် ကုန်းတွင်းပိုင်း (ဗီယက်နမ်/လာအို) သို့ ဝင်ရောက်၍ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်မှ အလယ်ပိုင်း/မြောက်ပိုင်းသို့ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်သည်။ 📌တိုင်ဖွန်းမုန်တိုင်း SAUDEL - ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် Super Typhoon SAUDEL သည် အနောက်-အနောက်မြောက်ဘက် ဦးတည်ကာ မြောက်ဘက်သို့ တက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှု မရှိပါ။ 📌အနောက်တောင်မုတ်သုံလေ အခြေအနေ - မုန်တိုင်း NARRA အပူပိုင်းမုန်တိုင်အဖြစ်အားကောင်းလာမှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေဆဲ ဖြစ်သည်။ ဩဂုတ် ၂၇ ရက်နောက်ပိုင်း မုန်တိုင်းအကြွင်းအကျန် ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာချိန်တွင် မုတ်သုံလေ အရှိန် ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ ============= ရန်ကုန်တိုင်းအတွင်း နေ့စဉ် မိုးရေချိန်နှင့် မိုးလေဝသအခြေအနေ သုံးသပ်ချက် 📌ဩဂုတ် ၂၄ - ၂၅ ရက် (မိုးအပြင်းဆုံး ကာလ) - မုန်တိုင်းငယ် NARRA မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းစနစ် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းချိန်နှင့် မုတ်သုံလေ အားကောင်းမှု ပေါင်းစပ်သဖြင့် ဩဂုတ် ၂၄ နှင့် ၂၅ ရက်နေ့ မြေပုံများတွင် ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း အစိမ်းရင့်ရောင်မှ အပြာရောင်ပြ မိုးကြီးမည့်ဇုန် ၂၀ mm မှ ၄၅ mm အထိ ရုတ်တရက် မြင့်တက်လာနိုင်မည်ဖြစ်သည်။ 📌ဩဂုတ် ၂၆ - ၂၉ ရက် - မိုးရွာသွန်းမှု ပုံမှန်အဆင့်သို့ ပြန်လည်လျော့ကျသွားမည်ဖြစ်သော်လည်း မုတ်သုံလေ အရှိန်ကြောင့် မိုးအတန်အသင့် မှန်မှန် ဆက်လက် ရွာသွန်းနေမည်။ ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက် ⚠️ ကမ်းရိုးတန်းနှင့် ပင်လယ်ဝအနီး မြို့နယ်များ (ကျောက်တန်း၊ သုံးခွ၊ ကွမ်းခြံကုန်း) - မုတ္တမကွေ့မှ တိုးဝင်လာမည့် မိုးတိမ်ထုနှင့် ပင်လယ်ဒီရေတက်ချိန် တိုက်ဆိုင်ပါက မြစ်ဝ/ချောင်းဝအနီး ကျေးရွာများနှင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများအတွင်း ဒီရေ/မိုးရေ လျှံတက်ခြင်း ဖြစ်ပွားနိုင်သည်။ ⚠️ မြို့တွင်းနှင့် အရှေ့ပိုင်း မြို့နယ်များ - ဩဂုတ် ၂၄ မှ ၂၅ ရက်အတွင်း မိုးသည်းထန်စွာ ခေတ္တမျှရွာသွန်းပါက မြို့ပြရေနုတ်မြောင်းများ မနိုင်ဘဲ လမ်းမကြီးများပေါ် ရေဝပ်ခြင်း (FLASH WATERLOGGING) ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းနှင့် လျှပ်စစ်အန္တရာယ် တို့ကို သတိပြုကြရန် အသိပေးအပ်ပါသည်။ ====== ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသခွဲများအလိုက် မိုးလေဝသအခြေအနေ သုံးသပ်ချက် ⚠️ တောင်ပိုင်း/အနောက်ပိုင်း ကမ်းရိုးတန်း (ငပုတော၊ လပွတ္တာ၊ ပုသိမ်) - ပင်လယ်ပြင်မှ တိုက်ရိုက် မုတ်သုံလေ စီးဝင်မှုနှင့် ဩဂုတ် ၂၇ ရက် မုတ်သုံလေ အရှိန်ပြန့်လာမှုကြောင့် ရာသီဥတု မတည်ငြိမ်ဘဲ ၁၆၈ နာရီ (၇ ရက်အတွင်း) မိုးရေချိန် ၁၉၀ mm မှ ၃၅၅ mm အထိ တိုင်းအတွင်း မိုးရေချိန်အများဆုံး ရရှိသည့်ဒေသဖြစ်နိုင်ကာ ပင်လယ်ပြင် လှိုင်းကြီးခြင်း၊ ဒီရေတက်ချိန် မိုးကြီး၍ ချောင်းရေ ရုတ်တရက် တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါမည်။ ⚠️⚠️ အလယ်ပိုင်း လွင်ပြင်ဒေသ (အထူးသဖြင့် ငဝန်မြစ် တာကျိုး၍ ရေကြီးနေသော လေးမျက်နှာ ဒေသအခြေအနေ) - လေးမျက်နှာနှင့် အနီးဝန်းကျင်တွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၀၈ mm မှ ၂၀၈ mm ခန့် ဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေပွေလှိုင်းကြောင့် မိုးစွဲရွာပြီး အထက်မြစ်ရေဆင်းလှိုင်းများ ဆက်လက် စီးဝင်နေဦးမည်ဖြစ်ရာ ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သဖြင့် ရေကြီးသောဒေသများတွင် ရေကျဆင်းမှု အလွန်နှေးကွေးမည် ဖြစ်သည်။ ⚠️ အရှေ့ပိုင်း ဧရာဝတီမြစ်ဝှမ်းနှင့် မြောက်ပိုင်း မိုးကွယ်ဒေသများ - မြစ်ဝကျွန်းပေါ် အရှေ့ပိုင်းတွင် မိုးအတန်အသင့်မှ မိုးများပြီး ပင်လယ်ဒီရေ ရိုက်ခတ်မှုကြောင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများ ရေဝပ်နိုင်ကာ၊ မြောက်ပိုင်း ရခိုင်ရိုးမတောင်ခြေဒေသများတွင် တောင်ကျရေ စီးဆင်းမှုများကို ကြိုတင် သတိပြုရပါမည်။ ===== 📌ဇယားပုံတွင်ကြည့်ရန် ======= ရန်ကုန်တိုင်းဒေသကြီး ခရိုင်/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) ဧရာဝတီတိုင်းဒေသကြီး ဒေသခွဲ/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (မှတ်ချက်။ ၇ ရက် စုစုပေါင်း မိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

Repost from People's Spring
မိတ္ထီလာလေတပ်က စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်အိမ်ကို ပါဆယ်ဗုံးဖြင့် မြို့ပြ​ပျောက်ကျားအဖွဲ့တိုက်ခိုက် ဩဂုတ်-၂၂၊၂၀၂၆။​နေ့သစ်/People’s Spring စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်က လေတပ်စစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်နေအိမ်ကို ပါဆယ်ဗုံးပို့ဖောက်ခွဲတိုက်ခိုက်ခဲ့ တယ်လို့ ရန်ကုန်မြို့ပပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။ ဩဂုတ် ၂၂ရက်မှာ ဗိုလ်မှူးစိုးသူရဝင်းရဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိုနယ်၊၁၀၇ လမ်း ရှိ နေအိမ်ကို ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ် မှူးစိုးသူရဝင်း ပိုင်ကား (3Q-8600) နဲ့ အိမ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ “ စစ်တပ်က ဒီနေ့ပဲ ငပလီကရွာတွေကို ဗုံးကြဲတယ် ၊မနေ့ကလည်း မြောင်မြို့နယ်က ဘုန်း ကြီးကျောင်းကိုဗုံးကြဲတယ်။အစုလိုက်အပြုံ လိုက်သေသွားတာ တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေ ၊ဒဏ်ရာရသူတွေအား လုံးနီးပါးကလဲအသက်ကြီးပိုင်းတွေ ၊ ဒီကောင်တွေ လေထဲကနေ လုပ်ချင်သလိုလုပ်ပြီးထင်တိုင်းကြဲ ပြည်သူတွေကိုနေ့စဉ်သတ် ဖြတ်နေတာကိုရတဲ့နည်းနဲ့ တုံ့ပြန်ဖိုလိုမယ်။ ဒါကြောင့်ပဲ ကျွန်တော်တိုက ဒီအလုပ်ကိုလုပ်နေရတာ” လို့ တိုက်ခိုက်မှုဖော်ဆောင်ခဲ့တဲ့ မြိုပြပြောက်ကျား ရဲဘော်တဦးကပြောပါတယ်။ ဗိုလ်မှူးစိုးသူရဝင်းဟာ စစ်ဦးစီးအရာရှိ (ဒုတိ ယတန်း) တာဝန်နဲ့ မိတ္ထီလာလေတပ်စခန်းဌာ နချုပ်မှာစစ်ဗျူဟာ၊ စီမံခန့်ခွဲမှုနဲ့ အမိန့်ပေးညွှန်ကြားမှုများကို လက်တွေ့အကောင်အ ထည်ဖော်ရသူတွေထဲကတဦးလို့သိရပါတယ်။ လေတပ်က စစ်သားတွေရဲ့အိမ်တွေ မိမိတို့ပတ်ဝန်းကျင်မှာ ရှိရင် ပြည်သူတွေအနေနဲ့ သိုသိပ်စွာ သတင်းပေးဖို့လည်း မြို့ပြရဲဘော်တဦးက တိုက်တွန်းနှိုးဆော်ပါတယ်။ “ရန်ကုန်မှာကပြည်သူတွေ ဟာ ဗုံးကြဲမခံရပေမယ့် ရန်ကုန်ကလေတပ် စစ်​ေ..တွေကြောင့် အညာ မှာပြည်သူတွေ နေ့တိုင်းဗုံးကြဲခံနေရတယ် ရခိုင်မှာနေတိုင်းဗုံးကြဲခံနေရတယ်။ဒါတွေကို ရရာနည်းလမ်းနဲ့ ပြန်တိုက်ကြရမှာဖြစ်တယ် ။ ခက်ခဲနေတဲ့ ပြည်သူတွေကို စစ် မှုထမ်းကြေးတောင်း ပြီး ဗိုက်ဝနေတဲ့ကောင်တွေ ရဲ့ သတင်းတွေ ကိုလည်း ပြည်သူတွေက ဖော်ထုတ်တိုင်ကြားကြပါ ပြည်သူတွေပါဝင်မှ ကျွန်​တော်တိုပိုတိုးပြီးလှုပ်ရှားနိုင်မှာ” လို့လည်း မြို့ပြရဲဘော်တဦးကပြောပါတယ်။