ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Botahtaung Scout Channel

Botahtaung Scout Channel

前往频道在 Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

显示更多
1 976
订阅者
无数据24 小时
-27 天
-3730 天

正在加载数据

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
11月 '26
十一月 '26
+8
在3个频道中
十月 '26
+14
在5个频道中
Get PRO
九月 '26
+38
在6个频道中
Get PRO
八月 '26
+13
在4个频道中
Get PRO
七月 '26
+7
在4个频道中
Get PRO
六月 '26
+7
在5个频道中
Get PRO
五月 '26
+12
在3个频道中
Get PRO
四月 '26
+1
在5个频道中
Get PRO
三月 '26
+5
在5个频道中
Get PRO
二月 '26
+5
在4个频道中
Get PRO
一月 '26
+13
在4个频道中
Get PRO
十二月 '25
+11
在4个频道中
Get PRO
十一月 '25
+7
在4个频道中
Get PRO
十月 '25
+15
在7个频道中
Get PRO
九月 '25
+11
在7个频道中
Get PRO
八月 '25
+12
在5个频道中
Get PRO
七月 '25
+26
在4个频道中
Get PRO
六月 '25
+20
在5个频道中
Get PRO
五月 '25
+20
在8个频道中
Get PRO
四月 '25
+18
在4个频道中
Get PRO
三月 '25
+19
在7个频道中
Get PRO
二月 '25
+19
在5个频道中
Get PRO
一月 '25
+34
在6个频道中
Get PRO
十二月 '24
+61
在8个频道中
Get PRO
十一月 '24
+37
在4个频道中
Get PRO
十月 '24
+39
在8个频道中
Get PRO
九月 '24
+79
在7个频道中
Get PRO
八月 '24
+161
在7个频道中
Get PRO
七月 '24
+168
在5个频道中
Get PRO
六月 '24
+110
在6个频道中
Get PRO
五月 '24
+103
在6个频道中
Get PRO
四月 '24
+179
在5个频道中
Get PRO
三月 '24
+233
在11个频道中
Get PRO
二月 '24
+345
在8个频道中
Get PRO
一月 '24
+187
在9个频道中
Get PRO
十二月 '23
+359
在13个频道中
Get PRO
十一月 '23
+143
在7个频道中
Get PRO
十月 '23
+36
在9个频道中
Get PRO
九月 '23
+41
在0个频道中
Get PRO
八月 '23
+58
在0个频道中
Get PRO
七月 '23
+76
在0个频道中
Get PRO
六月 '23
+62
在0个频道中
Get PRO
五月 '23
+39
在0个频道中
Get PRO
四月 '23
+44
在0个频道中
Get PRO
三月 '23
+78
在0个频道中
Get PRO
二月 '23
+62
在0个频道中
Get PRO
一月 '23
+161
在0个频道中
Get PRO
十二月 '22
+62
在0个频道中
Get PRO
十一月 '22
+74
在0个频道中
Get PRO
十月 '22
+83
在0个频道中
Get PRO
九月 '22
+58
在0个频道中
Get PRO
八月 '22
+105
在0个频道中
Get PRO
七月 '22
+177
在0个频道中
Get PRO
六月 '22
+134
在0个频道中
Get PRO
五月 '22
+203
在0个频道中
Get PRO
四月 '22
+214
在0个频道中
Get PRO
三月 '22
+130
在0个频道中
Get PRO
二月 '22
+207
在0个频道中
Get PRO
一月 '22
+385
在0个频道中
Get PRO
十二月 '21
+297
在0个频道中
Get PRO
十一月 '21
+408
在0个频道中
Get PRO
十月 '21
+704
在0个频道中
日期
订阅者增长
提及
频道
17 十一月0
16 十一月0
15 十一月+1
14 十一月0
13 十一月+1
12 十一月0
11 十一月+1
10 十一月0
09 十一月+1
08 十一月0
07 十一月0
06 十一月+1
05 十一月+1
04 十一月0
03 十一月+1
02 十一月+1
01 十一月0
频道帖子
Repost from Khit Thit Media
photo content
17 11月, 01:06

2
ပုဇွန်တောင်တွင် စစ်မှုထမ်းအပတ်စဉ် ၆ တက်ရောက်ပြန်လာသော မောင်ရဲမင်းဟိန်းကို လမ်းဘေးတွင် အရက်သောက်သည်ဟုဆိုကာ ရဲက ဖမ်းဆီး ထောင် ၁ လချ၊ အမှုမှ လွတ်လိုပါက ငွေ ၆ သိန်းပေးရန် ရဲစခန်းက တောင်းသော်လည်း မပေးနိုင်၍ အင်းစိန်ထောင်သို့ တန်းပို့ ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၆ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသူ မောင်ရဲမင်းဟိန်းကို လမ်းဘေးတွင် အရက်ဘီယာသောက်သုံးသည်ဟုဆိုကာ ရဲများက ဖမ်းဆီးပြီး တရားရုံးတင်ပို့ခဲ့ရာ တရားရုံးက ထောင်ဒဏ် ၁ လ ချမှတ်လိုက်ကြောင်း မောင်ရဲမင်းဟိန်း၏ မိတ်ဆွေမျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ လမ်း ၅၀ တွင် နေထိုင်သူ မောင်ရဲမင်းဟိန်းသည် စစ်မှုထမ်းအပတ်စဉ် ၆ တွင် တက်ရောက် တာဝန်ထမ်းဆောင်ပြီးဆုံး၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း၊ထို့နောက် နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ၅၁ လမ်းရှိ ရဲစခန်းဘေး၌ အထောင်းမျိုးစုံရောင်းချသည့် ဆိုင်တွင် ဘီယာသောက်သုံးနေစဉ် ပုဇွန်တောင်မြို့နယ်မှ ဒုရဲအုပ် အောင်မင်းသိမ်းနှင့် ဂတ်စာရေးတာဝန်ထမ်းဆောင်သူ ရဲတပ်ကြပ်ကြီး သန်းနိုင်တို့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ ဖမ်းဆီးပြီးနောက် အမှုမှ လွတ်မြောက်လိုပါက ငွေကျပ် ၆ သိန်းပေးရန် ရဲစခန်းက တောင်းခံခဲ့သော်လည်း မောင်ရဲမင်းဟိန်း မိသားစုက မပေးနိုင်သဖြင့် မောင်ရဲမင်းဟိန်းကို တရားရုံးသို့ တင်ပို့ခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားသူကြီးက ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် မောင်ရဲမင်းဟိန်ကို ဖမ်းဆီးခဲ့သည့် ရဲတပ်ကြပ်ကြီး သန်းနိုင်သည် လူငယ်များကို အရက်နှင့် ဘီယာ လမ်းဘေးသောက်သုံးသည်ဟုဆိုကာ မကြာခဏ ဖမ်းဆီးငွေညှစ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။ “ပုဇွန်တောင်မှာ အရက်၊ ဘီယာ ဝယ်လာတဲ့သူတွေကို ရဲတပ်ကြပ်ကြီး သန်းနိုင်က အမြဲဖမ်းတယ်။ ထောင် ၁ လ မကျချင်ရင် ၆ သိန်းပေးရမယ်၊ မပေးနိုင်ရင် ထောင်ချမယ်လို့ အမြဲခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ လက်ရှိ ထောင်ဒဏ် ၁ လ ချမှတ်ခံလိုက်ရသည့် မောင်ရဲမင်းဟိန်းသည် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်စဉ် ခြေထောက်ကို သေနတ်ထိမှန်ခဲ့သည့်အပြင် ငှက်ဖျားရောဂါလည်း ပါလာခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီး အချုပ်ကားပေါ်တွင်ပင် ချမ်းတုန်နေခဲ့ကြောင်း မိတ်ဆွေဖြစ်သူက ရှင်းပြသည်။ ပုဇွန်တောင်မြို့နယ်တွင် ရဲများက လူငယ်များကို လမ်းဘေးအအရက်သောက်မှု၊ မှောင်ရိပ်ခိုမှု ၊ မသင်္ကာမှု အစရှိသော ရဲအရေးပိုင်သော အမှုများဖြင့် ဖမ်းဆီးငွေညှစ်လေ့ရှိပြီး ငွေမပေးနိုင်သူများကို ဖမ်းဆီးထောင်ချခြင်း၊ စစ်မှုထမ်းအဖြစ် ပို့ဆောင်ခြင်းများ လုပ်ဆောင်နေ ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
52
3
+1
没有文字...
71
4
+9
没有文字...
70
5
“နိုဝင်ဘာ ၁၈ မှ ၂၁ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ ပဲခူးတောင်ပိုင်းနှင့် မွန်-တနင်္သာရီဒေသများတွင် အချိန်အခါမဟုတ် မိုးကွက်ကျား မိုးသည်းထန်နိုင်သဖြင့် ကွင်းပြင်တွင် စပါးဖြန့်လှန်းထားခြင်းကို သတိထားရှောင်ကြဉ်ကြပါရန်” ======== အိန္ဒိယမိုးလေဝသဌာန (IMD) ၏ နိုဝင်ဘာ ၁၆ ရက် 0300 UTC အထူးမိုးလေဝသအစီရင်ခံစာ၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ 00 UTC Surface Weather Chart နှင့် အထူးသတိပေးချက် အမှတ် ၃ (Advisory 311/2026)၊ Meteoblue ECMWF IFSENS-20 Global Model ၏ နိုဝင်ဘာ ၁၇ မှ ၂၃ ရက်အထိ နေ့စဉ်မိုးရေချိန် ခန့်မှန်းမြေပုံများအပေါ် အခြေခံထားသော သုံးသပ်ချက်များ - (နိုဝင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခွဲတွင် ရေးသားပြီးစီးသည်) ======= ၁။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ INVEST-92B (DEEP DEPRESSION) ဆက်လက်ဖြစ်ပေါ်ရွေ့လျားနိုင်မည့်အခြေအနေ 📌 လက်ရှိဗဟိုချက် တည်နေရာနှင့် ပြင်းအား (နိုဝင်ဘာ ၁၆ ရက် 0300 UTC) 🌀 အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်တောင်ပိုင်း၊ လတ္တီတွဒ် ၁၁.၂ ဒီဂရီမြောက်နှင့် လောင်ဂျီတွဒ် ၈၆.၄ ဒီဂရီအရှေ့တွင် ဗဟိုပြုနေသည်။ 🌀 လွန်ခဲ့သော ၃ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၆ ကီလိုမီတာနှုန်းဖြင့် ဖြည်းညှင်းစွာ ရွေ့လျားခဲ့သည်။ 🌀 မုန်တိုင်းငယ်၏ ဗဟိုအနိမ့်ဆုံးဖိအားမှာ ၁၀၀၃ hPa ဖြစ်ပြီး အမြင့်ဆုံးတည်ငြိမ်လေတိုက်နှုန်းမှာ ရေမိုင် ၃၀ (တစ်နာရီလျှင် ၅၀–၆၀ ကီလိုမီတာခန့်) မှ လေပြင်း GUST WIND တစ်နာရီလျှင် ၇၀ ကီလိုမီတာအထိ ရှိနေသည်။ 🌀 သီရိလင်္ကာနိုင်ငံ ထရီကိုမာလီ၏ အရှေ့-အရှေ့မြောက်ဘက် ၆၃၀ ကီလိုမီတာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်၏ အရှေ့-တောင်အရှေ့ဘက် ၇၀၀ ကီလိုမီတာ၊ ဗီဇာကာပတ်နမ်၏ တောင်-တောင်အရှေ့ဘက် ၈၀၀ ကီလိုမီတာနှင့် အက်ဒမန်ကျွန်းစု ပို့ပလဲယား (Sri Vijaya Puram) ၏ အနောက်ဘက် ၆၉၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ 📌 လေထုတွန်းအားနှင့် အဆင့်ဆင့် ပြင်းအားတက်လာမည့် အချိန်ဇယား (IMD Guidance) 🌀 Madden-Julian Oscillation (MJO) သည် Phase 3 မှ Phase 4 သို့ ရွေ့လျားကာ အီကွေတာ Rossby လှိုင်းနှင့် Kelvin လှိုင်းတို့ ပေါင်းစည်းထားမှု (Phase-locked) ကြောင့် စနစ်အောက်ခြေ လေပွေလှိုင်းထုနှင့် အထက်လေထုဖြာထွက်မှု အလွန်အားကောင်းနေသည်။ 🌀 ၁၆ ရက် ညနေပိုင်း (1200 UTC) - အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ စတင်ရောက်ရှိမည် (လေတိုက်နှုန်း ၆၀–၇၀ kmph၊ GUST WIND ၈၀ kmph)။ 🌀 ၁၇ ရက် ညနေပိုင်း (1200 UTC) - ဆိုင်ကလုန်းမုန်တိုင်းပြင်း (Severe Cyclonic Storm - SCS) အဆင့်သို့ အားကောင်းလာမည် (လေတိုက်နှုန်း ၉၀–၁၀၀ kmph၊ GUST WIND ၁၁၀ kmph)။ 🌀 ၁၈ – ၁၉ ရက် - အနောက်အလယ်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားရင်း အရှိန်အဟုန်ပြင်းထန်လာမည် (လေတိုက်နှုန်း ၁၁၅–၁၂၅ kmph၊ GUST WIND ၁၄၀ kmph)။ 📌 ၂၀ ရက် 0600 UTC ဝန်းကျင် (ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ချိန်ခန့်မှန်းချက်) - အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm - VSCS) အဆင့်ဖြင့် အမြင့်ဆုံးလေတိုက်နှုန်း ၁၂၀–၁၃၀ kmph (GUST WINDဖြင့် ၁၄၅ kmph / 65–70 kt) ဖြင့် အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် ကမ်းရိုးတန်း (Nellore နှင့် Tuni ကြား) သို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။   ၂။ အန်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းသို့ ချဉ်းကပ်ချိန် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေများ 📌 ထိုင်းမိုးလေဝသဌာန၏ Surface Weather Chart (00 UTC) နှင့် အထူးသတိပေးချက် (Advisory 311/2026) အရ တရုတ်နိုင်ငံမှ အားအသင့်အတင့်ရှိသော လေဖိအားမြင့်ရပ်ဝန်း (High-Pressure Area, 1020–1036 hPa) သည် တောင်ဘက်သို့ တိုးဝင်ပြန့်နှံ့လျက်ရှိပြီး အရှေ့မြောက်မုတ်သုံလေကို အားကောင်းစေပါသည်။ ဤဖြစ်စဉ်နှစ်ခုကြောင့် မြန်မာနိုင်ငံအပေါ် အောက်ပါအတိုင်း သက်ရောက်မည်ဖြစ်ပါသည်- 📌 စိုစွတ်ရေငွေ့နှင့် လေအေးထု ထိပ်တိုက်ဆုံတွေ့မှု (Convective Interaction) - မုန်တိုင်းသည် အိန္ဒိယကမ်းခြေသို့ ချဉ်းကပ်ရင်း အားကောင်းလာသည်နှင့်အမျှ မုန်တိုင်းအပြင်ဘက် လက်တံတိမ်တိုက်ကြီးများ (Outer feeder bands) သည် ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့များကို မြန်မာနိုင်ငံတောင်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများဆီသို့ ဆွဲယူပေးပါမည်။ 💦🌦⛈ မြောက်ဘက်မှ ဆင်းလာသော ဆောင်းလေအေးခြောက်သွေ့ထုနှင့် ပင်လယ်ရေငွေ့တို့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်/တနင်္သာရီကမ်းရိုးတန်းဒေသများတွင် ထိတွေ့ဆုံဆည်းသဖြင့် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အတွင်း အဆိုပါဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းခြင်း၊ နေရာကွက် မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 📌 ဒေသအလိုက် ရာသီဥတုကွဲပြားမှု 🟢 မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း (စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ကချင်) - လေဖိအားကြီးရပ်ဝန်း၏ အအေးလှိုင်းဒဏ်ကြောင့် မိုးရွာရန် အခွင့်အလမ်း အလွန်နည်းပါးပြီး ညနှင့် နံနက်ပိုင်းများတွင် အပူချိန် ၁ မှ ၃ ဒီဂရီစင်တီဂရိတ်ခန့် ကျဆင်းကာ မြူဆိုင်းပြီး ဆောင်းရာသီသွင်ပြင် ပိုမိုထင်ရှားပါမည်။ 💦🌦⛈ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတောင်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီ) - နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မိုးအစိပ်ဆုံးဖြစ်ပြီး နောက်ပိုင်းရက်များတွင် မိုးတိမ်များ တဖြည်းဖြည်း အားလျော့သွားပါမည်။ ⚠️📢 ပင်လယ်ပြင်အခြေအနေ - မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ ကမ်းလွန်လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ပါသည်။ မုန်တိုင်းဗဟိုအနီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်မူ လှိုင်းအလွန်ကြီးပြီး ပင်လယ်ပြင် အလွန်ကြမ်းတမ်းပါမည်။ ၃။ စိုက်ပျိုးရေးတောင်သူများနှင့် နေလှမ်းဆားလုပ်ငန်းရှင်များအတွက် အကြံပြုချက် 🌾 မိုးစပါး ရိတ်သိမ်း/ခြွေလှေ့ချိန် စီမံခန့်ခွဲမှု 📢 နိုဝင်ဘာ ၁၇ ရက် (ရွှေရောင်အခွင့်အရေး) - မိုးလေကင်းလွတ်နေဆဲဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်တွင် ရိတ်သိမ်းရန် သင့်လျော်သော မိုးစပါးခင်းများကို စက်ယန္တရားများ၊ လုပ်သားအင်အား အပြည့်အဝဖြင့် အပြီးသတ် ရိတ်သိမ်း၊ ခြွေလှေ့၊ အခြောက်ခံ သိုလှောင်ထားသင့်ပါသည်။ 📢 မိုးကာစ ကြိုတင်ပြင်ဆင်ခြင်း - နိုဝင်ဘာ ၁၈ မှ ၂၁ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ ပဲခူးတောင်ပိုင်းနှင့် မွန်-တနင်္သာရီဒေသများတွင် အချိန်အခါမဟုတ် မိုးကွက်ကျား မိုးသည်းထန်နိုင်သဖြင့် ကွင်းပြင်တွင် စပါးဖြန့်လှန်းထားခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ ကွင်းပြင်ရှိ စပါးပုံများကို မိုးကာစများဖြင့် ရေမဝပ်သော မြေမြင့်များတွင် စနစ်တကျ ဖုံးအုပ်စည်းနှောင်ထားပါ။ 🌱🌻🫛 ဆောင်းသီးနှံများ (မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ကုလားပဲ) - 📢 မိုးစပါးအပြီး သီးထပ်စိုက်ပျိုးမည့် စိုက်ခင်းများအတွင်း မိုးရေတင်ကျန်ပါက မျိုးစေ့ပုပ်ခြင်း (Seed rot) နှင့် မှိုရောဂါများ ကျရောက်နိုင်သဖြင့် စိုက်ခင်းပတ်လည် ရေထုတ်မြောင်းများကို ကြိုတင်ဖောက်လုပ်ထားပါ။ မျိုးစေ့ချစိုက်ပျိုးခြင်းကို မိုးတိမ်များ လျော့ပါးသွားမည့် နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်းမှသာ ပြုလုပ်သင့်ပါသည်။ 📢 နေလှမ်းဆားကွင်းလုပ်ငန်း (ဧရာဝတီနှင့် မွန်ကမ်းရိုးတန်း) - နိုဝင်ဘာ ၁၈ မှ ၂၀ ရက်အတွင်း လေထုစိုထိုင်းဆ မြင့်မားခြင်းနှင့် တိမ်ထူထပ်ခြင်းကြောင့် နေလှမ်းရေငွေ့ပျံနှုန်း ကျဆင်းသွားပါမည်။ သိပ်သည်းဆတက်နေသော ဆားရည်ကြည် (Brine) များ မိုးရေရောနှော ပျက်ပြယ်ခြင်းမှ ကာကွယ်ရန် သိုလှောင်ကန်များအတွင်းသို့ အမြန်ဆုံး လွှဲပြောင်းသိမ်းဆည်းထားပါ။ ဆားကွင်းကန်ဘောင်များကို မိုးရေလျှံမကျစေရန် ကြိုတင်မြှင့်တင်စစ်ဆေးထားရန် လိုအပ်ပါသည်။ ⚠️📢 ကမ်းနီး/ကမ်းဝေး ရေလုပ်ငန်း - မုန်တိုင်းဗဟိုတည်ရှိရာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်ပိုင်းသို့ ငါးဖမ်းရေယာဉ်များ လုံးဝဖြတ်သန်းခုတ်မောင်းခြင်း မပြုကြရန်နှင့် ကမ်းရိုးတန်းအနီး ငါးဖမ်းစက်လှေများအနေဖြင့်လည်း ဒေသန္တရ မိုးလေဝသထုတ်ပြန်ချက်များကို အထူးဂရုပြု စောင့်ကြည့်သွားကြရန် အကြံပြုအပ်ပါသည်။   ၄။ နိုဝင်ဘာ ၁၇ ရက် မှ ၂၃ ရက်အတွင်း နေ့စဉ်နှင့် စုစုပေါင်း မိုးရေချိန်ခန့်မှန်းချက်ဇယား - (Meteoblue ECMWF IFSENS-20 Global Model မြေပုံများအရ မိုးရေချိန်စုစုပေါင်း အများဆုံးမှ အနည်းဆုံးသို့ စနစ်တကျ Sorting ပြုလုပ်ထားပါသည်။ နေ့စဉ်မိုးရေချိန် ၂၅ mm = ၁ လက်မခန့်နှင့် အထက်ရွာသွန်းနိုင်သည့် မိုးရေချိန် ပမာဏ မရှိပါ)
56
6
⚠️ ကျောက်တံတား - ဗိုလ်တထောင် (ခွေးလမ်းကြောင်း) * စခ SC ၁ စီး အိမ်စီးကား ၂ စီး စခ SC ၁ စီး အနော်ရထာလမ်းမှ ဆူးလေဘုရားလမ်းအတိုင်း ကမ်းနားလမ်းပေါ်ဆင်းပြီး လင်းစတောင်းဘက်တက်သွားခဲ့ * 2:24 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer
73
7
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 9 - 15, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၂ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️ကုလရုံးရှေ့ ဘန်နာချိတ် ဆန္ဒပြ · ရန်ကုန်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် 'SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE' စာသားပါ ဘန်နာကို ချိတ်ဆွဲလှုပ်ရှားခဲ့ကြောင်း Yangon 4 Brothers မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ ———— ▪️မင်္ဂလာဒုံထဲ ယာဉ်စစ်နေသည်အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ဟု ဆို · နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းပေါ် ပုလဲလမ်းဆုံအနီးရှိ ယာဉ်စစ်ငွေညစ်နေသည့် လူမိုက်အဖွဲ့အား အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၁ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ‌လှိုင် (၇ ဦး)၊ စမ်းချောင်း (၂ ဦး)၊ မြောက်ဥက္ကလာ (၁ ဦး)၊ ဒဂုံဆိပ်ကမ်း (၁ ဦး) တို့ဖြစ်သည်။ ၈ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၃ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံခဲ့ရခြင်းဖြစ်သည်။ · ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်ထဲ လမ်းပေါ်ဆွဲဖမ်းခံရသူ ၂ ဦး၊ ၈ ရက်နေ့တွင် လှိုင်မြို့နယ်ထဲ နေအိမ်ထိ ဝင်ဖမ်းဆွဲခံရသူ ၂ ဦး ရှိခဲ့သည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ · နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာပြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။ ———— ▪️ရှေ့တန်းပြန် စစ်သားကြိုဆိုပွဲဆိုပြီး ပုံမှားရိုက် ဝါဒဖြန့် · အကြမ်းဖက်စစ်တပ်က ရှေ့တန်းပြန်စစ်သားများကို ကြိုဆိုသည်ဟုဆိုပြီး ရန်ကုန်တိုင်း နယ်မြေခံတပ်ရင်းတချို့ထဲ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပွဲပြုလုပ်ပြသွားခဲ့သည်။ ဘေလီတံတားအနီးရှိ ၄၃၅/၄၃၆ တပ်ရင်းထဲ လုပ်ခဲ့သည့်ပွဲထဲ စစ်တပ်အရာရှိများ၊ နောက်လိုက်အဖွဲ့များနှင့် စစ်တပ်အမာခံ အနုပညာရှင်ဆိုသူများလည်း ပွဲတက်ပြခဲ့ကြသည်။ ၎င်းပြန်လာသူများကို ရခိုင်စစ်မြေပြင်မှ ပြန်လာသူများဟု အမည်တပ်ထားသော်လည်း အမှန်မှာ တွ့တေးနှင့် ကော့မှူးမြို့နယ်ဘက်ထဲ ဂိတ်စောင့် ဂိတ်ကြေးကောက်ခံနေခဲ့ကြသူများသာဖြစ်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ပုံမှားရိုက်ဝါဒဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ · နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ပြထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကုန်ဈေးနှုန်းကြီးမြင့်လာပြီးနောက် ဆန္ဒပြမှုများအတွက် ရဲများပြင်ဆင် · အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုများကြောင့် လူထုဆန္ဒပြမှုများရှိလာပါက အင်အားသုံးနှိမ်နင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဆိုပြီး အကြမ်းဖက်စစ်တပ်၏ ရန်ကုန်တိုင်းရဲအဖွဲ့က ညွှန်ကြားချက်ပေးထားကြောင်း DVB မှ သိရှိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တိုင်းရဲမှူးချုပ် ကိုကိုလွင်က ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို အစည်းအဝေးခေါ်ပြီး ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားမှုကို ၎င်းတိုင်းရဲမှူးကိုယ်တိုင် လိုက်စစ်ဆေးမည်ဟုလည်း ဆိုထားသည်။ ဥရောပတိုက်အတွင်း ဆန္ဒပြမှုများ တောက်လျှောက်ဖြစ်ပေါ်နေသောကြောင့် ကြိုပြင်ဆင်ထားကြပုံရသည်။ ———— ▪️ကြက်သွန်နီဈေး ဆီဈေး ထိုးတက် · ပြီးခဲ့သည့်သီတင်းပတ်ထဲ ကြက်သွန်နီဈေးနှုန်းများ မတရားမြင့်တက်လာ၍ ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းရုံး၌ ကြက်သွန်တင်ပို့ရောင်းချသူများအသင်းက ကြက်သွန်ပွဲရုံပိုင်ရှင်များနှင့် ကုန်သည်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ ၁ ပိဿာ ကျပ် ၂ သောင်းကျော်ဖြစ်လာ၍ အစည်းအဝေးခေါ်ခြင်းဖြစ်သော်လည်း အစည်းအဝေးလုပ်ပြီး နောက်နေ့များတွင် ၁ ပိဿာ ကျပ် ၃ သောင်းဝန်းကျင်ထိ ရှိလာခဲ့ကြောင်း သိရသည်။ · စားအုန်းဆီလည်း ပြင်ဈေးကွက်ထဲ ကျပ် ၃ သောင်းထိ မြင့်တက်လာ၍ စစ်ကောင်စီက မြေပြင်ဆင်း လိုက်လံစစ်ဆေးနေကြကြောင်း MPA မှ သိရှိရသည်။ ———— ▪️ရပ်ကွက်အုပ်ကြီးနေရာ ပေါက်ဈေး သိန်း ၅၀၀ ခန့်ရှိ · ယခုလပိုင်းအတွင်း ရန်ကုန်တိုင်း ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးနေရာ ရွေးပွဲများလုပ်နေပြီး ၎င်းနေရာရဖို့အတွက် ပေါက်ဈေး ကျပ်သိန်း ၅၀၀ ထိ ရှိနေကြောင်း DVB မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ်အဖွဲ့များကို လာဘ်ထိုးရခြင်းဖြစ်သည်။ ရပ်ကွက်အုပ်ကြီးဖြစ်လာပါက တရက်ကို ကျပ် ၆ သိန်းဝန်းကျင်ထိ ရနိုင်သောကြောင့် လာဘ်ပေးပြီး နေရာလုယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ကြီးရွေးပွဲများတွင် ရပ်ကွက်တွင်း ရပ်မိရပ်ဖ ၅ ဦးခန့် ဦးစွာရွေးပြီး ထိုသူတို့ဦးစီးကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ကြီး အဆင့်ဆင့်ရွေးသည်ဟုဆိုသည်။ ———— ▪️CNG Taxi ယာဉ်များကို အသင်းတခုထဲ ဝင်ခိုင်း · ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် CNG Taxi များ YCTA အသင်းထဲ ဝင်ရမည်ဖြစ်ပြီး CNG Sticker များလည်း ကပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ အသိပေးကြေညာထားသည်။ အသင်းမဝင်လျှင် CNG ဝယ်ယူခွင့် မပေးဟု ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ဝင်ရမည်ဟု ဖော်ပြထားသည်။ ———— ▪️ရှေ့တန်းမှ ပြန်လာသည့်ရဲ အိမ်လုခံရ · အကြမ်းဖက်စစ်တပ်၏ ရဲအရာရှိ ၁ ယောက် ရှေ့တန်းမှအပြန် နေအိမ်ပြန်အရောက် ရပ်ကွက်လူမိုက်အဖွဲ့က အိမ်ပေါ်တက်နေနေကြသည်ဟုဆိုကာ Tik Tok ပေါ် ဗီဒီယိုတင်ပြီး အကူအညီတောင်းနေသည့် ဖြစ်စဉ်ရှိခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်ထဲရှိနေအိမ်ဖြစ်ပြီး ၎င်းမှ ရဲစခန်းသွားတိုင်သော်လည်း အဖက်မလုပ်ကြဟု ဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဆိုပါလူမိုက်အဖွဲ့က ငှက်ကြီးတောင်ဓားများဖြင့် ၎င်းရဲအရာရှိကို လာရောက်ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကြသည်ဟုလည်း သိရသည်။ စမ်းချောင်းရဲစခန်းမှ စခန်းမှူး၊ အမှုစစ် နှင့် အာဏာရှိသူများက အဆိုပါလူမိုက်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟုလည်း ပြောဆိုထားသည်။ 16 Nov 2026 #RangoonScoutNetwork #YGN_weekly
44
8
🆕 DAILY HIGHLIGHTS (12-15 NOV 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ KNU၊ KNPP နဲ့ နေပြည်တော်တို့ ဆွေးနွေးပွဲဖြစ်လာအောင် ထိုင်းကူညီမယ်လို့ ပြော – BBC ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအစည်းအဝေး ပြန်တက်ခွင့်ပေးသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း – MPA မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံခေါင်းဆောင်များ သဘောတူညီဟု အာဆီယံဥက္ကဋ္ဌပြော – MPA မြန်မာ့အရေးနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဆုံးဖြတ်မည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြော – KT မြန်မာစစ်ကောင်စီက ၂၀၂၉ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ဆန္ဒပြုသော်လည်း တီမောနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စေမည်ဟု ဖိလစ်ပိုင်ကြေညာ – KT စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး ဆက်လုပ်ရမည်၊ တခြားနိုင်ငံများ နေရာဝင်ယူသွားနိုင်ဟု အိန္ဒိယပြော – MPA ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စ ထိုင်းက နေပြည်တော်နဲ့ ဆွေးနွေး – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ဒေါ်လာဈေး မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း – DVB ရန်ကုန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀ အထိ မြင့်တက် – KT ———— ☢️ နျူကလီးယား နျူဓာတ်ပေါင်းဖို တည်ဆောက်ရေးကိစ္စ တစ်နှစ်ရွေ့လိုက်ရဟု စစ်ကောင်စီပြော – AT ———— ➕ အခြားထူးခြားသတင်းများ ပြည်ပအလုပ်သမား ၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ ငွေပြန်မလွှဲပါက Agency ၏ လိုင်စင်ယာယီပိတ်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ – KT #RangoonScoutNetwork
39
9
▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာသည်။ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။ 15 Nov 2026 #RangoonScoutNetwork
56
10
တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသည့် အမျိုးသမီးနှင့် အမျိုးသားကျန်းမာရေး အထူးကုဆေးခန်းများတွင် ဆရာဝန်အတုများဖြင့် လူနာမ+6
တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသည့် အမျိုးသမီးနှင့် အမျိုးသားကျန်းမာရေး အထူးကုဆေးခန်းများတွင် ဆရာဝန်အတုများဖြင့် လူနာများကို လိမ်လည်ငွေညှစ်နေ 15 Nov 2026 By MPA ရန်ကုန်မြို့တွင် တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသည့် အမျိုးသမီးနှင့် အမျိုးသားကျန်းမာရေး အထူးကုဆေးခန်းအချို့၌ ဆရာဝန်အတုများကို အသုံးပြုကာ လူနာများအား ရောဂါပြင်းထန်နေကြောင်း ခြောက်လှန့်ပြောဆိုခြင်း၊ ဆေးစစ်ချက်ရလဒ်များကို လိုသလိုပြင်ဆင်ခြင်းနှင့် ကုသမှုအမည်ခံ ငွေကြေးအမြောက်အမြား တောင်းခံခြင်းတို့ ပြုလုပ်နေကြောင်း အဆိုပါဆေးခန်းများနှင့် နီးစပ်သူတစ်ဦးနှင့် သွားရောက်ကုသခဲ့သူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါအထူးကုဆေးခန်းများသည် အမျိုးသမီးမီးယပ်ကျန်းမာရေးနှင့် အမျိုးသားလိင်ပိုင်းဆိုင်ရာကျန်းမာရေး ဝန်ဆောင်မှုများကို အဓိကထား၍ ဖွင့်လှစ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14731/
86
11
India Meteorological Department (အိန္ဒိယမိုးလေဝသဌာန - IMD) ၏ နောက်ဆုံးထုတ်ပြန်ချက် (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ အိန္ဒိယစံတော်ချိန် နံနက် ၀၈:၃၀ နာရီ အခြေအနေ) အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ၏ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- ၁။ လက်ရှိတည်နေရာနှင့် ရွေ့လျားမှု ဖြစ်ပေါ်ရာနေရာ: ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်တောင်ပိုင်း။ ရွေ့လျားမှုနှုန်း: ပြီးခဲ့သည့် (၃) နာရီအတွင်း မြောက်ဘက်ယွန်းယွန်းသို့ တစ်နာရီလျှင် ၁၀ ကီလိုမီတာ နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ ဗဟိုချက်တည်နေရာ: မြောက်လတ္တီတွဒ် 9.3°N နှင့် အရှေ့လောင်ဂျီတွဒ် 86.9°E အနီးတွင် ဗဟိုပြုနေပါသည်။ ၂။ ကမ်းခြေမြို့ကြီးများနှင့် အကွာအဝေး သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့ဘက် ၆၃၀ ကီလိုမီတာ အကွာ ကပ္ပလီနှင့် နီကိုဘားကျွန်းစု၊ စရီဗီဂျာယာပူရမ်မြို့ (Sri Vijaya Puram) ၏ အနောက်-အနောက်တောင်ဘက် ၆၉၀ ကီလိုမီတာ အကွာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ၈၄၀ ကီလိုမီတာ အကွာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဗီဆာခါပတ္တနမ်မြို့ (Visakhapatnam) ၏ တောင်-အရှေ့တောင်ဘက် ၁,၀၁၀ ကီလိုမီတာ အကွာ သြရိဿပြည်နယ်၊ ဂိုပါလ်ပူမြို့ (Gopalpur) ၏ တောင်-အရှေ့တောင်ဘက် ၁,၁၃၀ ကီလိုမီတာ အကွာ ၃။ ရှေ့ဆက်ဖြစ်ပေါ်နိုင်ခြေ ခန့်မှန်းချက် (မုန်တိုင်းလမ်းကြောင်းနှင့် အားကောင်းလာမှု) နိုဝင်ဘာလ ၁၆ ရက်: မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၏ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်: ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ထပ်မံအားကောင်းလာနိုင်ပါသည်။ နောက်ပိုင်း (၂) ရက်အတွင်း: ထိုမှတစ်ဆင့် အားကောင်းသထက် ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်ရှိ အန်ဒရာပရာဒေ့ရှ် (Andhra Pradesh) ကမ်းခြေ ဆီသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း IMD ၏ မြေပုံနှင့် ထုတ်ပြန်ချက်တွင် ခန့်မှန်းဖော်ပြထားပါသည်။ (မှတ်ချက် - ပူးတွဲဖော်ပြထားသော IMD ၏ လမ်းကြောင်းပြမြေပုံများအရ နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၅၅ မှ ၆၅ ရေမိုင် (55–65 KT) အထိ ရှိလာနိုင်ပြီး အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (VSCS) အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းပြသထားပါသည်။) အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ခန့်မှန်းချက်အရ မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းမှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ် (Andhra Pradesh) ကမ်းခြေ ဆီသို့သာ ဦးတည်နေသဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေ မရှိပါ။ သို့သော် မုန်တိုင်းသည် နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (SCS) မှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (VSCS) အဆင့်အထိ အားကောင်းလာနိုင်သဖြင့် မုန်တိုင်း၏ အရှိန်နှင့် စီးဆင်းလာသော ရေငွေ့များကြောင့် မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေအပေါ် အောက်ပါအတိုင်း သွယ်ဝိုက်သက်ရောက်မှုများ ရှိလာနိုင်ပါသည်- ၁။ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းအခြေအနေ လှိုင်းကြီးနိုင်ခြေ: မုန်တိုင်းဗဟိုချက်သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိအားကောင်းလာချိန်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လေပြင်းတိုက်ခတ်မှု: အထူးသဖြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောငယ်များ အထူးသတိပြုရန် လိုအပ်ပါသည်။ ၂။ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြေ မိုးတိမ်တောင်နှင့် ရေငွေ့စီးဆင်းမှု: ဆိုင်ကလုန်းမုန်တိုင်း၏ လက်ယာရစ် ဆန့်ကျင်ဘက်လည်ပတ်အား (Cyclonic Circulation) ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ ရေငွေ့ပါသော လေထုများ မြန်မာနိုင်ငံအတွင်းပိုင်းသို့ တိုးဝင်လာနိုင်ပါသည်။ မိုးရွာနိုင်သည့် ဒေသများ: နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်ခန့်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ခြေ ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။ ၃။ စိုက်ပျိုးရေးနှင့် လူမှုစီးပွားရေးအပေါ် သက်ရောက်မှု မိုးစပါး ရိတ်သိမ်းချိန် သတိပြုရန်: နိုဝင်ဘာလလယ်သည် အောက်မြန်မာပြည် (ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်) တို့တွင် မိုးစပါးများ အဓိက ရိတ်သိမ်းချိန်ဖြစ်သဖြင့် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာမည့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် လေတိုက်နှုန်းကြောင့် စပါးပင်များ လဲပြိုခြင်း (Paddy Lodging) နှင့် ရိတ်သိမ်းပြီး စပါးများ စိုစွတ်ပျက်စီးခြင်း မရှိစေရန် ကြိုတင်ကာကွယ်ထားသင့်ပါသည်။ ဆောင်းသီးနှံ စိုက်ပျိုးမှု: မြေဆီလွှာ အစိုဓာတ်လိုအပ်နေသော ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ) စတင်စိုက်ပျိုးမည့် တောင်သူများအတွက်မူ အတိုင်းအတာတစ်ခုအထိ အစိုဓာတ် ရရှိစေနိုင်သော်လည်း ရေဝပ်နိုင်သည့် မြေနိမ့်ပိုင်းများတွင် မျိုးစေ့ပုပ်ခြင်း မဖြစ်စေရန် ရေနုတ်မြောင်းများ ဂရုစိုက်ရန် လိုအပ်ပါသည်။ ၄။ စောင့်ကြည့်ရမည့် အချက် မုန်တိုင်းသည် လက်ရှိတွင် မြောက်ဘက်ယွန်းယွန်းသို့ ရွေ့လျားနေဆဲဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းမှသာ အနောက်မြောက်ဘက်သို့ ကွေ့ဝင်မည်ဖြစ်သည်။ အကယ်၍ လေထုအလွှာမြင့် စီးကြောင်း (Steering Flow) အပြောင်းအလဲကြောင့် မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ မကွေ့ဘဲ မြောက်-အရှေ့မြောက်ဘက်သို့ လမ်းကြောင်းပြောင်းလဲသွားပါက မြန်မာ့ကမ်းရိုးတန်းနှင့် ပိုမိုနီးကပ်လာနိုင်သဖြင့် လာမည့် (၂၄) နာရီမှ (၄၈) နာရီအတွင်း မုန်တိုင်းလမ်းကြောင်း အပြောင်းအလဲကို ဆက်လက်စောင့်ကြည့်ရန် အရေးကြီးပါသည်။ https://www.facebook.com/Indiametdept/posts/pfbid0b5Uv7U6ULq9KHyjwBPC36WBkKUm5Xif5mquY1xU1NsKqT4vdA4D8JxNZyLLr9hkel
91
12
လမ်းမတော် စခ SC 1 စီး ဗိုလ်ချုပ်လမ်းနဲ့ ကီလီလမ်းထောင့် MG hotel ရှေ့ရပ်ထား 1:13 PM 📬 @Inform_RSN
67
13
ဒဂုံဆိပ်ကမ်း ၇၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူ ကိုစိုးသူမော်ကို စစ်မှုထမ်း မဲပေါက်သည်ဟုဆိုကာ ဖမ်းဆီးပြီး အခြားမြို့နယ်ကိုယ်စားပြုအဖြစ် လူစားထိုးရန်ရောင်းစား၊ ဝမ်းတွင်းတွင် စစ်တပ်က လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၇၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်း ဆိုသူသည် ရပ်ကွက်နေ အမျိုးသားတစ်ဦးကို စစ်မှုထမ်းမဲပေါက်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး အခြားမြို့နယ်ကိုယ်စားပြုအဖြစ် လူစားထိုး ရောင်းစားလိုက်ကြောင်း နစ်နာသူမိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၈ ရပ်ကွက်တွင် နေထိုင်သည့် ကိုစိုးသူမော်ကို စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့၏ ရပ်ကွက်အတွက် မဟုတ်ဘဲ ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုယ်စားပြု စစ်မှုထမ်းအဖြစ် လူစားထိုး ရောင်းစားလိုက်ခြင်းဖြစ်ကြောင်း ကိုစိုးသူမော်၏ ဇနီးဖြစ်သူက ပြောဆိုသည်။ "ကျွန်မရဲ့ယောကျ်ား စိုးသူမော်ကို စစ်မှုထမ်းပါတယ်ဆိုပြီး လာခေါ်ပါတယ်။ ပြီးတော့ ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုယ်စားပြုဆိုပြီး ရောင်းစားလိုက်ပါတယ်။ ကျွန်မတို့မှာ အားကိုးစရာလည်း မရှိပါဘူး" ဟု နစ်နာသူ၏ ဇနီးဖြစ်သူက ပြောဆိုသည်။ အုပ်ချုပ်ရေးမှူး အတာကြီး (ခ) မျိုးဝင်းသည် ရပ်ကွက်အတွင်း ချမ်းသာသည့် နေအိမ်များထံမှ စစ်မှုထမ်းကြေး လစဉ်ကောက်ခံပြီး ကျူးကျော်နေအိမ်များမှ အခြေခံလူတန်းစား လူငယ်များကိုမူ ဖမ်းဆီးကာ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ထည့်သွင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၇၈ ရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူ လူငယ်များကို ဖမ်းဆီးကာ ၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်လင်းထံသို့ ရောင်းစားပြီး ကြည်လင်းမှ တစ်ဆင့် ဧရာဝတီတိုင်းဘက်သို့ ထပ်ဆင့် ပြန်လည်ရောင်းစားနေကြောင်း၊ စစ်မှုထမ်းလူစားထိုး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၁၄၀ ကြား ရရှိပြီး ရရှိလာသည့် ငွေကြေးများကို ၆၇ ရပ်ကွက်ရှိ Y-KTV တွင် ခွဲဝေယူကြကြောင်း သိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း လူမိုက်များကို မွေးမြူ၍ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရာထူးများ ပေးအပ်ထားကာ ငွေတိုးချေးစားခိုင်းခြင်း၊ အတိုးမပေးနိုင်သူများ၏ နေအိမ်များကို သိမ်းယူခြင်းနှင့် ကျူးကျော်မြေကွက်များကို တရားဝင်သဖွယ် ရောင်းချငှားရမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ၇၈ ရပ်ကွက်ရုံးရှေ့ရှိ ကျူးကျော်အိမ် အလုံး ၆၀ ကို ဖြိုဖျက်စဉ်ကလည်း လာဘ်ငွေ ကျပ် ၇၅၈ သိန်း ရယူကာ ဘက်ဟိုးကားများဖြင့် အတင်းအဓမ္မ ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်။ "အရင်က ဆိုင်ကယ်အစုတ်လေး စီးနေတာကနေ အခု ၂ ထပ်တိုက်အိမ်ကြီးနဲ့ သူအခုယူထားတဲ့ မိန်းမရွာမှာလည်း မြေဧက ၄၀ ကျော်ကို အုပ်ကြီးဖြစ်မှ ဝယ်ထားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။ ထိုသို့ မတရားပြုလုပ်နေမှုများကို မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုင်ကြားသော်လည်း အရေးယူမှု မရှိသည့်အပြင် မြို့နယ်ရုံးမှ မောင်မောင် ဆိုသူက တိုင်ကြားသူများ၏ အချက်အလက်များကို ပြန်လည်ပေါက်ကြားစေသဖြင့် ပြည်သူများမှာ ခြိမ်းခြောက်ခံနေရကြောင်း၊ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဖြိုးသူမောင်ထံသို့ နေ့စဉ် ဟင်းစားနှင့် ၂ ပတ်တစ်ကြိမ် အမျိုးသမီးများ ပို့ပေးနေရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အကာအကွယ်ပေးထားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၆ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Wundwin ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ စိန်ပန်းပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ ကိုနိုင်းနိုင်း၊ ကိုဖိုးချစ်၊ ကိုမောင်မောင်ကြီး၊ ကိုမင်းအောင်၊ ကိုဆန်းယု နှင့် ကိုအောင်ဝင်း တို့ကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ ၆ ဦးကို မည်သည့် နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
112
14
▪️ရန်ကုန်ရှိ ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း ရန်ကင်းမြို့နယ်၊ Golden City ကွန်ဒိုထဲ စစ်တပ်အင်အားအများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြသေးသည်။ လှိုင်သာယာမြို့နယ် FMI City ဝင်းထဲ ဝင်ရောက်စီးနင်းသွားသည့် သတင်းတချို့လည်း ထွက်ပေါ်နေသည်။ ကျားဖြန့်အတွက် လိုက်စစ်ဆေးပြနေသည်ဟု ယူဆရသည်။ 14 Nov 2026 #RangoonScoutNetwork
73
15
ပန်းဘဲတန်း * ဘဲဥကား ၁ စီး အနော်ရထာလမ်းအတိုင်း ရွှေဘုံသာလမ်းပွိုင့်ဘက်ကနေ ရွှေတိဂုံဘုရားလမ်း (မဟာဗန္ဓုလလမ်းပွိုင့်)ဘက် ကွေ့သွား * 2:20 PM သတင်းပေးပို့ရန် @Bo1000_Informer
640
16
လှိုင်တွင် ပွဲမှ ပြန်လာသည့် အမျိုးသားကို မှောင်ရိပ်ခို ပြန်ပေးသမားတို့ ဖမ်းဆီး 14 Nov 2026 By Ko Myo / MPA ရန်ကုန်မြို့၊လှိုင
လှိုင်တွင် ပွဲမှ ပြန်လာသည့် အမျိုးသားကို မှောင်ရိပ်ခို ပြန်ပေးသမားတို့ ဖမ်းဆီး 14 Nov 2026 By Ko Myo / MPA ရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၃ရပ်ကွက်အတွင်း ပွဲမှပြန်လာသည့် အမျိုးသားတစ်ဦးကို ကားပေါ်ဆွဲတင် ကာ ဖမ်းဆီးသွားကြောင်း သိရသည်။ နိုဝင်ဘာ၁၂ရက်၊ ည၁၀နာရီခန့်တွင် လှိုင်မြို့နယ်၊၁၃ရပ်ကွက် အားကစားကွင်း၌ ပြုလုပ်နေသော ဇာတ်ပွဲမှ ပြန်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ယင်းရပ်ကွက်အတွင်းရှိ မဟာဆွေ လမ်းပေါ် ရောက်ရှိစဉ် အိမ်စီးကားတစ်စီးဖြင့် အဓမ္မဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်သားတစ် ဦးထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14657/
126
17
🟨 ပန်းပဲတန်း ဘဲဥ ဆိုင်ကယ် ၁ စီး ဘဲဥ မီးတန်း ၁ စီး မာစီဒီး ၁ စီး Alphard အဖြူ ၃ စီး ရခ DC ဖြူပြာ ၁ စီး ရွှေတိဂုံဘုရား တောင်ဘက်မုခ်ကနေ ဗိုလ်ချုပ်ဈေးဘက် ရှေ့ရှု – RSG 3:14 PM 📬 @Inform_RSN
123
18
Microsoft 365 ကမ္ဘာတစ်ဝှမ်း ချို့ယွင်း၊ Outlook နဲ့ Teams သုံးရခက်နေ Microsoft ရဲ့ Outlook အီးမေးလ်၊ Teams၊ Copilot အပါအဝင် Microsoft 365 ဝန်ဆောင်မှုတွေ ကမ္ဘာတစ်ဝှမ်း ချို့ယွင်းနေပါတယ်။ မြန်မာစံတော်ချိန် ဒီနေ့ သန်းခေါင်ကျော်ကတည်းက စတင်ခဲ့ပြီး ၉ နာရီကျော် ကြာနေပါပြီ။ ချို့ယွင်းမှုတွေကို စောင့်ကြည့်တဲ့ Downdetector မှာ အမေရိကက Outlook သုံးမရကြောင်း တိုင်ကြားချက်တွေ အများဆုံးအချိန်မှာ ၁၃၀,၀၀၀ ခန့် ရှိခဲ့ပါတယ်။ Microsoft ရှင်းပြတာက ဆာဗာတွေမှာ လုံခြုံတဲ့ ချိတ်ဆက်မှု ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ် ဝန်ပိုလာပြီး ဆာဗာ အများအပြား ရုတ်တရက် အလုပ်မလုပ်တော့တာကြောင့် ဖြစ်တာပါ။ ပြဿနာ စတင်ချိန်နဲ့ ကိုက်နေတဲ့ မကြာသေးခင်က network ပြင်ဆင်မှုကိုလည်း ပြန်ဖျက်နေပြီး ဆိုက်ဘာ တိုက်ခိုက်မှုရဲ့ လက္ခဏာ မတွေ့ဘူးလို့လည်း Microsoft က ဆိုပါတယ်။ ဆာဗာတချို့ ပြန်ကောင်းလာလို့ တချို့သူတွေ အီးမေးလ် ပြန်သုံးလို့ရလာပေမဲ့ အပြည့်အဝ ပြန်မကောင်းသေးဘဲ အားလုံး ပြန်ကောင်းမယ့် အချိန်ကိုလည်း Microsoft က မပြောရသေးပါဘူး။ Teams မှာ chat နဲ့ online meeting အများစု သုံးလို့ရနေပေမဲ့ တချို့ အဖွဲ့အစည်းတွေမှာ calendar၊ meeting စီစဉ်တာနဲ့ chat အသစ်ဖွင့်တာတွေ အဆင်မပြေ ဖြစ်နေပါတယ်။ Outlook ဒါမှမဟုတ် Teams သုံးမရဖြစ်နေရင် Microsoft ဘက်က ပြဿနာ ဖြစ်နိုင်လို့ password ပြောင်းတာ၊ app ဖျက်ပြီး ပြန်သွင်းတာတွေ လုပ်စရာ မလိုပါဘူး။ "အီးမေးလ် ပြန်ဖွင့်ပေးမယ်" ဆိုပြီး password တောင်းတဲ့ link တွေ ရောက်လာရင်လည်း မနှိပ်မိဖို့ သတိထားပါ။ #Akhayar #AkhayarTech #Microsoft #Outlook #MicrosoftTeams
136
19
没有文字...
89
20
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး နေအိမ်၌ ခေါင်းဖြတ် သတ်ခံရ၊ တရားခံ ဖမ်းမမိသေး ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး နေအိမ်၌ ခေါင်းဖြတ် သတ်ခံရပြီး တရားခံ ဖမ်းမမိသေးကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး လမ်း ၅ စုံ မီးပွိုင့်အနီးရှိ SSS စတေကာပစ္စည်းအရောင်းဆိုင်နှင့် Express ကားလက်မှတ်အရောင်းဆိုင်တိုက် ၅ လွှာတွင် ခေါင်းဖြတ်သတ်ခံထားရသော အသက် ၇၇ နှစ် အရွယ် ဒေါ်ကြည်ကြည်ဝင်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတ်ဖြတ်သွားသော တရားခံသည် ဦးခေါင်းကို သေတ္တာထဲသို့ ထည့်ထားခဲ့ကြောင်း၊ လက်ရှိတွင် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။ ထိုသို့ သတ်ဖြတ်သွားသည့် တရားခံသည် သေဆုံးသူ၏ တူ ဖြစ်သည်ဟု ရဲများက ကောက်ချက်ချထားပြီး လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း၊ ထိုတရားခံသည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသည့် ဆေးကြောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခန်းပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ အဆိုပါနေအိမ်၌ သေဆုံးသူနှင့် တရားခံဖြစ်သူ ၂ ဦးတည်းသာ အတူနေထိုင်ကြခြင်းဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့် ယမန်နေ့ညပိုင်းက အောက်ထပ်နေအိမ်မှ တစ်ဒုန်းဒုန်းဖြင့် ရိုက်နှက်သောင်းကျန်းသည့် အသံများကို ကြားခဲ့ရကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ "ခေါင်းဖြတ်သတ်ခံရတာ ခေါင်းကိုလည်း သေတ္တာထဲထည့်ထားတာ တွေ့ရပါတယ်။ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ အခုတရားခံက မိသားစုဝင်ထဲက တူ တော်စပ်သူလို့ သိရပါတယ်။ ဆေးကြောင်နေတယ်လို့လည်း သိရပါတယ်။ အဲ့အိမ်မှာက ၂ ဦးတည်းနေတာလို့တော့ ပတ်ဝန်းကျင်ကပြောပါတယ်။ အောက်ထပ်အိမ်က မနေ့ကညပိုင်း တစ်ဒုန်းဒုန်းနဲ့ အသံတွေကြားရတယ် ဆေးကြောင်တဲ့ကောင်ရှိနေတော့ အရင်လိုပဲ ကြောင်ပြီး သောင်းကျန်းတယ်ပဲထင်တာ အခုလို လူသတ်နေတယ်လို့တော့ မထင်မိဘူး" ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
102