uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

The Irrawaddy - Burmese

The Irrawaddy - Burmese

Відкрити в Telegram

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Показати більше

📈 Аналітичний огляд Telegram-каналу The Irrawaddy - Burmese

Канал The Irrawaddy - Burmese (@theirrawaddy) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 75 164 підписників, посідаючи 3 603 місце в категорії Новини і ЗМІ та 1 828 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 75 164 підписників.

За останніми даними від 15 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -863, а за останні 24 години на -30, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.03%. Протягом перших 24 годин після публікації контент зазвичай збирає 4.11% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 3 784 переглядів. Протягом першої доби публікація в середньому набирає 3 090 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 45.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

Завдяки високій частоті оновлень (останні дані отримано 16 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

75 164
Підписники
-3024 години
-2087 днів
-86330 днів
Архів дописів
အရေခွံလဲထားတဲ့ မင်းအောင်လှိုင်ကို အာဆီယံက တံခါးဖွင့်ပေးမှာလား ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ (၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကို အစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူတွေကိုသာ တက်ရောက်ခွင့်ပြုဖို့ အာဆီယံ ခေါင်းဆောင်တွေက ထပ်မံဆုံးဖြတ်လိုက်ပါတယ်။ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး၊ ဒီသဘောတူညီချက်တွေရဲ့ အကောင်အထည်ဖော်မှု တိုးတက်မှုအပေါ် မူတည်ပြီးမှသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်ဖို့ စဉ်းစားသွားမယ်လို့ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ဘုံသဘောတူညီချက်တွေ အကောင်အထည် ဖော်နိုင်ရေး အတွက်ဆိုပြီး အာဆီယံဥက္ကဋ္ဌနဲ့ ညှိနှိုင်းကာ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းစီရဲ့ ကြိုးပမ်းချက်တွေကို အာဆီယံက ထောက်ခံပေးထားပါတယ်။ ဒါဟာ အာဆီယံတဖွဲ့လုံးအနေနဲ့ စစ်အုပ်စုကို တရားဝင် အသိအမှတ်ပြု ဆက်ဆံမှာမဟုတ်ပေမယ့်၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တော့ စစ်အစိုးရနဲ့ သီးခြားစီ နှစ်နိုင်ငံချင်းအလိုက် ထိတွေ့ဆက်ဆံခွင့်ရမယ့် လမ်းကြောင်းကို ဖွင့်ပေးလိုက်တဲ့သဘော သက်ရောက်နေပါတယ်။ https://youtu.be/3-MWcA15yj4 #မြန်မာ #ဧရာဝတီ #အာဆီယံ #မင်းအောင်လှိုင် #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

• မင်းအောင်လှိုင်ကို ခုံရုံးပို့ပြီး ထောင်ချဖို့ အာဆီယံကို တိုက်တွန်း • မြန်မာစစ်အုပ်စုကို အာဆီယံ ဆက်လက်ပိတ်ပင် • SCEF အနေနဲ့ပဲ ဆွေးနွေးနိုင်မယ်လို့ KNU ပြော • မြန်မာ့အရေး ပံ့ပိုးကူညီဖို့ ပြင်သစ်နဲ့ SCEF ဆွေးနွေး • လောင်စာဆီဈေးမြင့်တက်နေမှု ထိုင်းပြည်သူတွေ ဆန္ဒပြ နေ့စဉ်သတင်း၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ https://youtu.be/nkWlr1vzTNQ #မြန်မာ #ဧရာဝတီ #အာဆီယံ #မင်းအောင်လှိုင် #ICC #ဆန္ဒပြ #SCEF #KNU #ပြင်သစ် #မြန်မာ့အရေး #လောင်စာဆီ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

တိုင်ချန်း ကျားဖြန့်အကြောင်း သတင်းပေးသူ အမေရိကန်အစိုးရ ဒေါ်လာ ၁၀ သန်း ချီးမြှင့်မည် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ ထိုင်း- မြန်မာနယ်စပ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ ကရင်ပြည်နယ် ကျောက်ခက်ဒေသရှိ တိုင်ချန်း (Tai Chang) ငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှင့် ဆက်စပ်နေသည့် ငွေကြေးများ ပြန်လည်သိမ်းဆည်းရမိစေရန် အထောက်အကူပြုမည့် သတင်းအချက်အလက်ပေးနိုင်သူများအား ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်သွားမည်ဟု အမေရိကန်အစိုးရ၏ ကြေညာ ချက်ကို ရန်ကုန်မြို့အမေရိကန်သံရုံးက ယနေ့ ပြန်လည်မျှဝေထားသည်။ အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများထံမှ ငွေကြေးများ လိမ်လည်ခိုးယူနေသည့်အပြင် လူကုန်ကူးခံရပြီး ငွေလိမ်လုပ်ငန်းများ၌ အတင်းအဓမ္မ အလုပ် ခိုင်းစေခံနေရသူများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယင်းလုပ်ငန်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ အီးမေးလ်လိပ်စာဖြစ်သော TaiChangTIPS@fbi.gov သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်းနှင့် အွန်လိုင်းငွေလိမ်စင်တာများသည် ကမ္ဘာတဝန်းရှိ ပြည်သူများအား ထိခိုက်နစ်နာစေရာ အမေရိကန်အနေဖြင့် ယင်းကိစ္စကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။ မြဝတီမြို့အနီး ကျောက်ခက်ကျေးရွာရှိ Tai Chang အွန်လိုင်းငွေလိမ်စခန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုင်းကျော်လှနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ယခုနှစ် ဇွန်လအတွင်း၌လည်း တိုင်ချန်းငွေလိမ်ဂိုဏ်းကို ပစ်မှတ်ထား နှိမ်နင်းရန် အထူးတပ်ဖွဲ့နှင့် FBI ပူးပေါင်း၍ တိုင်ချန်းနှင့် ဆက်စပ်နေသည့် ရာဇဝတ်ဂိုဏ်းများထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိ ခရစ်တိုငွေကြေးများ သိမ်းဆည်းရမိခဲ့ကြောင်း FBI ဒုတိယညွှန်ကြားရေးမှူးချုပ် အင်ဒရူးဘေလီက ဘန်ကောက်မြို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

အာဆီယံသို့ မင်းအောင်လှိုင် မတက်ရသော်လည်း နောက်ကွယ်တွင် လက်ဆွဲနှုတ်ဆက်နေဟု ဝေဖန် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင် ချက် မချမှတ်မီ အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုအား ထိတွေ့ဆက်ဆံမှုအပေါ် ပြန်လည်သုံးသပ်ရန်နှင့် မြန်မာ့အရေး တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် ဖိလစ်ပိုင်၊ မနီလာမြို့၌ ယမန်နေ့က ဖိလစ်ပိုင်ကျောင်းသားများ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ “Free Burma Now” ဟု အမည်ပေးထားသည့် ဆန္ဒပြပွဲကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသည့် ဖိလစ်ပိုင်အခြေစိုက် အရပ်ဘက် စည်းလုံးညီညွတ်ရေးလှုပ်ရှားမှုအဖွဲ့ Burma Solidarity Philippines (BSP) နှင့် ဖိလစ်ပိုင်တက္ကသိုလ်မှ ကျောင်းသားအဖွဲ့များက ပူးပေါင်းပြုလုပ်ခဲ့ကြပြီး အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် ဖမ်းဆီးခံနေရသည့်ပုံပါ ဘန်နာကို ဖြန့်ခင်း၍ ဆန္ဒပြခဲ့ကြသလို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား အရေးယူရန် တောင်းဆိုခဲ့ကြသည်။ BSP ဦးဆောင်သူ Isagani Abunda II က “မနီလာမှာတော့ သူ့အတွက် တံခါးပိတ်ထားကြပြီး တခြားနေရာတွေမှာတော့ နန်းတော်တံခါးတွေကို ဖွင့်ပေးနေကြတယ်။ ဒါဟာ မူဝါဒအပေါ် အခြေခံတဲ့ ရပ်တည်ချက် မဟုတ်ဘူး။ လူအများရှေ့မှာ တယောက်ယောက်ကို ဝိုင်းပယ်ထားသလို ဆက်ဆံပြီး နောက်ကွယ်မှာတော့ သူနဲ့ လက်ဆွဲနှုတ်ဆက်နေလို့ မရဘူး” ဟု ပြောဆိုသည်။ ထို့ပြင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေသည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့၏ လုပ်ရပ်မှာ နှစ်မျိုးနှစ်စားကျင့်မှုသာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ “အာဆီယံက သူ့ကို ဖယ်ထားတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် သူ့ကို အစည်းအဝေးခန်းထဲကနေ ဖယ်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာ ပြောချင်တယ်။ မနီလာမြို့က ကျောင်းသားသမဂ္ဂ အဆောက်အအုံကနေ အာဆီယံကို ကျနော်တို့ သတင်း စကားပို့လိုက်တယ်။ မင်းအောင်လှိုင်ဟာ ခေါင်းဆောင် မဟုတ်ဘူး။ သူရှိသင့်တဲ့နေရာက အကျဉ်းခန်းပဲ။ မင်းအောင်လှိုင်ကို ICC ဆီ ပို့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

photo content
+3

ထိုင်း F-16 တိုက်လေယာဉ်များ ကျည်အစစ်ဖြင့် လေ့ကျင့် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ ထိုင်းတော်ဝင်လေတပ် (RTAF) ၏ တိုက်လေယာဉ်မှူးများ ဝေဟင်ပစ်မှတ်များအား လေယာဉ်တင် အမြောက်လက်နက်များဖြင့် တိကျစွာ ပစ်ခတ်နိုင်သည့် အတွေ့အကြုံနှင့် စွမ်းဆောင်ရည် တိုးပွားလာစေရန်အတွက် F-16 များဖြင့် ကျည်အစစ်အသုံးပြုကာ ပစ်ခတ်လေ့ကျင့်နေသည့်ပုံများ ယနေ့ ထုတ်ပြန်လာသည်။ ကျည်အစစ်အသုံးပြု၍ ဝေဟင်မှ ဝေဟင်ပစ်ခတ်မှု လေ့ကျင့်ရေးစနစ် (Air-to-Air Gunnery Training System: AGTS) သို့မဟုတ် အများခေါ်ဝေါ်ကြသည့် “DART ပစ်ခတ်ခြင်း” လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ယင်းလေ့ကျင့်မှုကို သတ်မှတ်ထားသည့် ဧရိယာအတွင်း တင်းကျပ်သော လုံခြုံရေးထိန်းချုပ်မှု အစီအမံများအောက် ပြုလုပ်ပြီး လေ့ကျင့်ရေးအတွက် ဝေဟင်ပစ်မှတ် ဖန်တီးပေးကာ ပစ်ခတ်မှုရလဒ်များအား ထောက်လှမ်း အကဲဖြတ်နိုင်ရန် Doppler Scoring Sensor နည်းပညာကိုလည်း တပ်ဆင်အသုံးပြုထားကြောင်း ဆိုထားသည်။ ကျည်အစစ်အသုံးပြု လေ့ကျင့်ခြင်းသည် လေတပ်၏ စစ်ဆင်ရေးအသင့်ဖြစ်မှု ပြင်ဆင်ရာတွင် အရေးပါသော အစိတ် အပိုင်းတခုဖြစ်ပြီး လေယာဉ်မှူးများနှင့် လေတပ်အင်အားစုများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ထိုင်းဝေဟင်ပိုင်နက်အား ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိနေစေမည်ဖြစ်သလို ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို ထိရောက်စွာ စောင့်ရှောက်ပေးနိုင်မည်ဟူသည့် ယုံကြည်စိတ်ချမှုကိုလည်း ဖန်တီးပေးနိုင်ကြောင်း ထိုင်းလေတပ်က ထုတ်ပြန်ထားသည်။ ထို့အတူ ယနေ့တွင် မြန်မာဘက်တိုက်ပွဲများပြင်းထန်နေချိန် ထိုင်းလေတပ်သည် F-16 တိုက်လေယာဉ် နှစ်စင်းဖြင့် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စာရီယန်မြို့နယ်အထိ နယ်စပ်တလျောက် ဝေဟင်ကင်းလှည့်မှုများ ပြုလုပ်ရန်စေလွှတ်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။ ယင်းသို့ တိုက်လေယာဉ်များဖြင့် ကင်းလှည့်မှုများကြောင့် အသံကျယ်လောင်နိုင်သည့်အတွက် ပြည်သူများ စိုးရိမ် ထိတ်လန့်မှုမဖြစ်စေရေးလည်း ကြိုတင် အသိပေးထားသည်။ ဓာတ်ပုံ-Royal Thai Air Force

photo content
+2

photo content

ရုရှားနိုင်ငံရှိ အဓိက ရေနံဓာတုနဲ့ ရေနံချက်စက်ရုံတွေကို ယူကရိန်းတိုက်ခိုက် ယူကရိန်းတပ်ဖွဲ့တွေဟာ နို၀င်ဘာလ ၁၅ ရက်နေ့မှာ ရုရှားနိုင်ငံ တာတာစတန်ဒေသက အဓိက ရေနံဓာတုနဲ့ရေနံချက်စက်ရုံ ၂ ရုံအပြင် ဘရိုင်ယန့်စ်အိုဘလတ်စ်တ် ဒေသက ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံ ၁ ရုံတို့ကိုတိုက်ခိုက်ခဲ့တယ်လိုဘ ယူကရိန်း စစ်ဦးစီးချုပ်ရုံကအတည်ပြုခဲ့ပါတယ်။ #TAIF-NK #ရေနံချက်စက်ရုံ #ရေနံ #ဓာတု #ယူကရိန်း #ရုရှား #ရဟတ်ယာဉ်

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ ဆန် အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်၂၁၀,၀၀၀ ကျပ်မှ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ် ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုအပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။ စားအုန်းဆီ အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့်အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။ စက်သုံးဆီ ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၂၇၀ ကျပ် ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၃၁၅ ကျပ် ဒီဇယ်တလီတာလျှင် ၄,၃၈၁ ကျပ် ပရီမီယံဒီဇယ်တလီတာလျှင် ၅,၃၁၅ ကျပ် ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။ ရွှေနှင့်ဒေါ်လာ ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၉၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ကျော်တွင်ရှိနေ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၈၆၅ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၅၀,၀၀၀ အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။ #ဧရာဝတီ #နေ့စဉ်ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #လောင်စာဆီဈေး #ရွှေဈေး #ဒေါ်လာဈေး

photo content

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကူညီရန် အာဆီယံကို မက်ဆေးဆေးဆုရှင် ဦးဘိုကြည် တိုက်တွန်း သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။ မြန်မာ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုကြည်သည် တနင်္ဂနွေနေ့တွင် ရေမွန် မက်ဆေးဆေးဆု ကို လက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် အာဆီယံ (Asean) ကို တောင်းဆိုလိုက်သည်။ မနီလာမြို့တွင် ကျင်းပသည့် ဆုပေးပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဦးဘိုကြည်က မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၁၅,၀၀၀ ကျော်၏ အခြေအနေနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဒုက္ခဆင်းရဲခံစားနေရသည့် ပြည်သူများ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ဖော်ဆောင်ရာတွင် ကူညီပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုရာ၌ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/16/417666.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

ဂျပန် ISUZU လုပ်ငန်း မြန်မာမှ ထွက်မည် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆ ဂျပန်နိုင်ငံ Itochu Corporation ကုမ္ပဏီလက်အောက်ရှိ ISUZU TRUCK SERVICE FACTORY သည် မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းကာ ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာထားသည်။ ISUZU TRUCK SERVICE FACTORY (MYANMAR) COMPANY LIMITED သည် အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်အရ နောက်ဆုံးအကြိမ် အထွေထွေအစည်းအဝေးကို လာမည့် ဒီဇင်ဘာ ၁၃ ရက်တွင် အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရလက်အောက်ခံ သတင်းစာများမှတဆင့် အသိပေး လာခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ ISUZU TRUCK နှင့် ပတ်သက်သည့် စက်ယန္တရားနှင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်များ၊ နောက်တွဲယာဉ်နှင့် တပိုင်းနောက်တွဲယာဉ်များ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်ပြုပြင်သည့် လုပ်ငန်းများ လုပ်ကိုင်သည့်ကုမ္ပဏီတခုဖြစ်ပြီး၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် စာရင်းသွင်းထားသည်။ ကုမ္ပဏီမှတ်ပုံတင်အမှတ် 105431368 ဖြင့် လုပ်ကိုင်နေသည့် ISUZU TRUCK SERVICE FACTORY (MYANMAR) COMPANY LIMITED သည် ထရပ်ကားပြုပြင်ထိန်းသိမ်းရေး စက်ရုံလုပ်ငန်းကို မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ (က) အရ စာရင်းရှင်းလင်းဖျက်သိမ်းသွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို YENOOS & ASSOCIATES CONSULTING LTD မှ တရားလွှတ်တော်ရှေ့နေနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဦးရဲနုစ် (U Ye Noos) က တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။ ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စင်ကာပူအခြေစိုက် နာမည်ကြီး အခြေခံအဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေး အတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သည့် Surbana Jurong ၏ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲသည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရန်အတွက် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့သေးသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

အာဆီယံထိပ်သီးအစည်းအဝေးကို ရိုဟင်ဂျာလူမျိုးတုံးအမှုက အရိပ်ထိုးနေ သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။ အိမ်နီးချင်းနိုင်ငံများက အာဏာသိမ်းစစ်အုပ်စုနှင့် ဆက်ဆံရေးအနာဂတ်ကို ချိန်ဆနေကြသလို၊ တဖက်တွင်လည်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက မြန်မာနိုင်ငံ၏ အတိတ်က အမည်းစက်ဖြစ်ရပ်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ချက်ချမှတ်နိုင်ခြေ ရှိနေသဖြင့် မြန်မာနိုင်ငံသည် အရေးပါသော ရက်သတ္တပတ်တခုနှင့် ရင်ဆိုင်နေရသည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သည် မြန်မာနိုင်ငံအနေဖြင့် ဖိနှိပ်ခံ မွတ်ဆလင် ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ကြာသပတေးနေ့တွင် စီရင်ချက်ချရန် စီစဉ်ထားသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအား ထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ထားသည့် မူဝါဒကို ဆွေးနွေးငြင်းခုံရန် ရှိနေသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ သုံးရက်ကြာ အစည်းအဝေးအပေါ်တွင် အဆိုပါအမှုက အရိပ်မိုးနေသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/16/417663.html --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

အဲလစ်ဟွမ်း ကုမ္ပဏီမှ ထွက်သွားပြီဟု Megaspeed ထုတ်ပြန် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။ Nvidia ကုမ္ပဏီအကြီးအကဲ ဂျန်ဆန်ဟွမ်း ရာထူးမှ ဆင်းပေးခဲ့ရသည့် ဖြစ်စဉ်နှင့် ဆက်နယ်နေသော Megaspeed International ကုမ္ပဏီက ၎င်းတို့သည် “တရားဝင်ပြီး ဥပဒေနှင့်အညီ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း” ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဂျန်ဆန်ဟွမ်းနှင့် အိမ်ထောင်ရေးဖောက်ပြန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ၎င်းတို့၏ ဒါရိုက်တာဖြစ်သူ အဲလစ်ဟွမ်းမှာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းကတည်းက ကုမ္ပဏီမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ စင်ကာပူအခြေစိုက် Cloud computing ကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်ကုန် ထုတ်ပြန်ချက်၌ “မိမိတို့၏ စီးပွားရေးလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားမရှိဘဲ စွပ်စွဲရေးသားထားသည့် မကြာသေးမီက မီဒီယာသတင်းများကို သိရှိထားကြောင်း” ဆိုသည်။ ထို့ပြင် “စေ့စပ်သေချာသော ပြည်တွင်းစုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန် ပြင်ပဥပဒေအကြံပေးများကို ငှားရမ်းထားကြောင်း” Megaspeed က ဖော်ပြခဲ့သည်။ ချစ်ပ်ပြားထုတ်လုပ်ရေးကုမ္ပဏီ Nvidia ၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်းသည် အဲလစ်ဟွမ်းအပါအဝင် ကုမ္ပဏီဝန်ထမ်းနှစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ AI နည်းပညာ ထွန်းကားလာမှုအတွက် အလွန်အရေးပါသည့် ထုတ်ကုန်များကို ဖန်တီးနေသော အဆိုပါ နည်းပညာအကြီးအကဲကို Megaspeed International ၏ ဒါရိုက်တာဟောင်း အဲလစ်ဟွမ်းက ပစ်မှတ်ထား ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက ယုံကြည်နေကြသည်။ အဲလစ်ဟွမ်းသည် တရုတ်ထောက်လှမ်းရေး အေးဂျင့်တဦးအဖြစ် လုပ်ဆောင်နေပြီး စီးပွားရေးဆိုင်ရာ အချက်အလက်များကို ပေကျင်းအစိုးရထံ ပေးပို့နေခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်အရာရှိများက စွပ်စွဲထားသည်ဟု New York Times သတင်းစာက ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း Megaspeed သည် Nvidia ၏ အကြီးဆုံး ပြည်ပဖောက်သည်များထဲမှ တခုဖြစ်ခဲ့ပြီး AI ချစ်ပ်ပြားများနှင့် အဆင့်မြင့် ဟာ့ဒ်ဝဲပစ္စည်းများကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး (ဩစတြေးလျဒေါ်လာ ၇.၄ ဘီလီယံ၊ ပေါင် ၃.၈ ဘီလီယံ) ဖိုးအထိ ဝယ်ယူခဲ့သည်။ Megaspeed အနေဖြင့် Nvidia ချစ်ပ်ပြားများကို တရုတ်နိုင်ငံသို့ လမ်းကြောင်းလွှဲ ပေးပို့ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ကူးသန်းရောင်းဝယ်ရေးဌာနသို့ တောင်းဆိုထားသည်။ တနင်္ဂနွေနေ့တွင်မူ Megaspeed က အဲလစ်ဟွမ်း၏ “ပုဂ္ဂိုလ်ရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ” အပေါ် မှတ်ချက်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “အဲလစ်ဟွမ်းသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စ၍ Megaspeed မှ တရားဝင် ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ၌ မည်သည့် အခန်းကဏ္ဍမှ မရှိတော့ပါ” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Megaspeed International ၏ ကမ္ဘာတဝန်းရှိ လုပ်ငန်းခွဲပုံစံများမှာ ပဟေဠိဆန်သော ကော်ပိုရိတ်ပုံရိပ်တခု ဖြစ်နေပြီး ၎င်းတို့တွင် ဩစတြေးလျကျေးလက်ဒေသရှိ ထီဆိုင်တဆိုင်၊ ကွာလာလမ်ပူမြို့ရှိ ဟောင်းနွမ်းပျက်စီးနေသော ဆိုင်ခန်းတခန်းနှင့် စင်ကာပူရှိ လူသူမရှိသလောက် နီးပါးဖြစ်နေသော ရုံးခန်းတခန်းတို့ ပါဝင်ပတ်သက်နေသည်။ တနင်္ဂနွေနေ့တွင် ကုမ္ပဏီက “Megaspeed သည် မိမိတို့ လုပ်ငန်းလည်ပတ်နေသော ဈေးကွက်တိုင်းရှိ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အမေရိကန်ပြည်ထောင်စု၏ ပို့ကုန်ထိန်းချုပ်ရေး သတ်မှတ်ချက်များ အပါအဝင် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ထိန်းချုပ်မှုမူဘောင်များကို ရေးဆွဲထိန်းသိမ်းထားပါသည်” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အစုရှယ်ယာဈေးကျအောင် လုပ်ဆောင်ရောင်းဝယ်သည့် သုတေသနအဖွဲ့ Culper Research က မေလအတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် Nvidia ၌ “တရုတ်ပြဿနာ” ရှိနေကြောင်း စွပ်စွဲခဲ့ပြီး အဲလစ်ဟွမ်းသည် “ကျနော်တို့ရဲ့ သူဌေး ဖြစ်နေဆဲပါပဲ” ဟု Megaspeed ဝန်ထမ်းတဦးက ပြောကြားခဲ့ကြောင်း ကိုးကားဖော်ပြခဲ့သည်။ ကိုးကား။ ။ The Guardian သတင်း Megaspeed, the company linked to the downfall of Nvidia boss, says it’s a ‘legitimate and lawful business’

photo content

ထရမ့်၊ ရှီနှင့် ပူတင်တို့ တွေ့ဆုံမှု ဂျပန် စိုးရိမ်တကြီး စောင့်ကြည့် ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။ အမေရိကန်၊ တရုတ်နှင့် ရုရှားခေါင်းဆောင်များ လာမည့်သီတင်းပတ်အတွင်း ထိပ်သီးအစည်းအဝေးကျင်းပရန် ပြင်ဆင်နေမှုကို ဂျပန်နိုင်ငံက စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိပြီး ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်သစ်ကို အင်အားကြီးသုံးနိုင်ငံက ဆွေးနွေးခဲ့သည့် "ယော်လ်တာ (Yalta)" ညီလာခံကဲ့သို့ ဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်၏ ပြင်ပ၌ လာမည့်ကြာသပတေးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံမည့်အစီအစဉ်မှာ ကာလရှည်ကြာ မဟာမိတ်ဖြစ်သော ဝါရှင်တန်ထံသို့ တိုကျိုက ၎င်း၏ စိုးရိမ်ပူပန်မှုများကို အသိပေးထားသည့်ကြားမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် တရုတ်နိုင်ငံတွင် သို့မဟုတ် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ခေါင်းဆောင်နှစ်ဦးစလုံး သွားရောက်မည့် ဖိလစ်ပိုင်နိုင်ငံတွင် ထရမ့်နှင့် တွေ့ဆုံနိုင်မည့် အလားအလာကို ရှာဖွေသွားဖွယ်ရှိသည်။ အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ ပထမဆုံးအကြိမ် ကျင်းပမည့် ယင်းသုံးပွင့်ဆိုင် အစည်းအဝေးတွင် ခေါင်းဆောင်များသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် အီရန်အရေးကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။ ရုရှား၏ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးရန် ပူတင်က အဆိုပြုခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။ "တကယ်လို့ ဒီသုံးနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တွေလို ပြုမူလာမယ်ဆိုရင် ဒါဟာ ဂျပန်နိုင်ငံအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာပါလိမ့်မယ်" ဟု သံတမန်ရေးရာ သတင်းရင်းမြစ်တခုက ဆိုသည်။ အခြားအစိုးရသတင်းရင်းမြစ်တခုကလည်း တရုတ်က ပြန်လည်ပေါင်းစည်းရမည့် ခွဲထွက်ပြည်နယ်အဖြစ် ရှုမြင်ထားသော ထိုင်ဝမ်အရေးနှင့် လက်ရှိဖြစ်ပွားနေဆဲ ရုရှား-ယူကရိန်းစစ်ပွဲကဲ့သို့သော ကိစ္စရပ်များအပေါ် ယင်းအစည်းအဝေး၏ အကျိုးဆက်များ သက်ရောက်လာမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အချို့သော လေ့လာသုံးသပ်သူများက ယင်းသုံးပွင့်ဆိုင် မူဘောင်သည် "ယော်လ်တာအသစ်" သို့မဟုတ် "Yalta 2.0" ဖြစ်လာနိုင်သည်ဟု သုံးသပ်ကြသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်သမ္မတ ဖရန်ကလင် ရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီနှင့် ဆိုဗီယက်ယူနီယံမှ ဂျိုးဇက် စတာလင်တို့သည် "ယော်လ်တာညီလာခံ" ဟု လူသိများသော အစည်းအဝေး၌ စုဝေးခဲ့ကြပြီး စစ်ပြီးခေတ် ကမ္ဘာ့အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်။ "ဒီအစည်းအဝေးမှာ သူတို့ ဘယ်လိုအကြောင်းအရာတွေကို သတ်မှတ်ပြီး ဆွေးနွေးကြမလဲဆိုတာကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေရပါမယ်" ဟု အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒရေးရာအကြီးအကဲ တာကာယူကီ ကိုဘာယာရှီက ပြောသည်။ ကိုးကား။ ။ Kyodo သတင်း Japan worries U.S., China, Russia could cozy up at 3-way summit ပုံစာ - ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က စိန့်ပီတာစဘတ်မြို့ရှိ ၎င်း၏ပြခန်းတွင် ခင်းကျင်းပြသထားသော ရုရှားပန်းချီဆရာ အလက်ဇေး ဆာဂျီယန်ကို (Alexey Sergienko) ၏ "Shenzhen, 26" အမည်ရ ပေါ့ပ်အတ် (pop art) ပန်းချီကား/ AFP

photo content