uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

The Irrawaddy - Burmese

The Irrawaddy - Burmese

Kanalga Telegram’da o‘tish

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com

Ko'proq ko'rsatish

📈 Telegram kanali The Irrawaddy - Burmese analitikasi

The Irrawaddy - Burmese (@theirrawaddy) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 76 058 obunachidan iborat bo'lib, Yangiliklar & Media toifasida 3 564-o'rinni va Myanma mintaqasida 1 734-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 76 058 obunachiga ega bo‘ldi.

15 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -488 ga, so‘nggi 24 soatda esa -27 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 5.61% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.51% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 4 266 marta ko‘riladi; birinchi sutkada odatda 3 432 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 49 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com”

Yuqori yangilanish chastotasi (oxirgi ma’lumot 16 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

76 058
Obunachilar
-2724 soatlar
-1677 kun
-48830 kun
Postlar arxiv
အမေရိကန်ဆန်ရှင် လွတ်လာတဲ့ ခရိုနီ ငါးယောက် ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ခရိုနီ ငါးယောက်ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကနေ လွတ်မြောက်လာခဲ့ကြပါတယ်။ ဒီထဲမှာ လက်နက်ပွဲစားတွေ၊ စစ်ခေါင်းဆောင် မိသားစုရဲ့ စီးပွါးဖက်တွေ ပါဝင်နေပါတယ်။ #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ခရိုနီ #အမေရိကန် #မြန်မာ #ဆန်ရှင် #ဂျွန်နသန်မျိုးကျော်သောင်း #အောင်လှိုင်ဦး #စစ်တိုင်းအောင် #တင်လတ်မင်း #သိမ့်ဝင်းထက် #MinAungHlaing #Myanmar #US #sanction #cronies #IRWENG

ကျပ်ငွေတန်ဖိုး ဘာကြောင့် မတည်ငြိမ်တာလဲ ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ အာဏာသိမ်းခေါင်းဆောင်ဖန်တီးထားတဲ့ လွှတ်တော်ကနေ ဗဟိုဘဏ်ချေးငွေ ကျပ် ၂၁၀၀ ဘီလီယံနဲ့ ဘီလာရုစ် နိုင်ငံဆီက အတိုးနှုန်းမြင့်ချေးငွေတွေ ရယူဖို့ အတည်ပြုလိုက်ပြီးတဲ့နောက် ပြည်တွင်းငွေကြေး ဈေးကွက်မှာ ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်ပြီး ထိုးကျသွားခဲ့ပါတယ်။ စစ်တပ်လွှတ်တော်ကနေ ဒီနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်အစိုးရရဲ့ ဘက်ဂျက်လိုငွေဟာ ကျပ်ဘီလီယံပေါင်း ၈၉၀၀ ကျော် အထိ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဒီပမာဏဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ဂျက်လိုငွေပြမှု အများဆုံး စံချိန်ဖြစ်လာတာပါ။ တဖက်မှာလည်း စစ်အစိုးရက ဗဟိုဘဏ်ဆီကနေ ငွေချေးယူမယ့်အပေါ် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ငွေကြေးဖောင်းပွမှုတွေ ပိုဆိုးလာမှာကို လူထုကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အစိုးရကို ငွေချေးတိုင်း ငွေသစ်ရိုက်ထုတ်တာ မဟုတ်ဘူးဆိုပေမဲ့ ငွေစက္ကူ ဘယ်လောက်ရိုက်ထုတ်တယ်ဆိုတဲ့ ပမာဏကို ပွင့်လင်းမြင်သာစွာထုတ်ပြန်တာ မရှိတဲ့အတွက် ငွေသစ်မရိုက်ဘူးလို့ ယူဆလို့မရကြောင်း စီးပွားရေးပညာရှင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေက ထောက်ပြကြပြီး ဒါဟာလည်း ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်ရတဲ့ အဓိကအချက်တခု ဖြစ်လာတာပါ။ https://youtu.be/AN9jQG7raVE #မြန်မာ #ဧရာဝတီ #ငွေစက္ကူ #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

ဒေါ်လာဈေးတက်၍ ငွေဈေးကွက်ကို အာဏာပိုင်တို့ ဝင်စစ်ဆေး သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ကျပ်ငွေတန်ဖိုးထိုးကျကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး ရန်ကုန်ငွေကြေးဈေးကွက်ကို ယမန်နေ့ညနေပိုင်းက ဝင်ရောက်စစ်ဆေး သတိပေးမှုများ လုပ်ခဲ့သည်။ ယခုရက် လွှတ်တော်က အတည်ပြုလိုက်သည့် ဗဟိုဘဏ်၏ ချေးငွေဂယက်ကြောင့် အမေရိကန်တဒေါ်လာလျှင် ကျပ် ၄,၈၀၀ အထိ မြင့်တက်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ၃၂ လမ်း၊ ၂၈ လမ်း၊ ၂၇ လမ်းနှင့် အခြားနေရာများတွင် လုပ်ကိုင်နေသည့် ငွေကြေးဈေးကွက်လုပ်ငန်းရှင်တချို့ကို ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “မနေ့က ဝင်သွားတာ။ ပုံမှန်မဟုတ်တဲ့ ၂၈ လမ်း၊ ၂၇ လမ်းတွေထဲကို ဝင်သွားတာ။ အဓိကတော့ အဖမ်းအဆီးကြောင့် ရွှေ့ထားတဲ့နေရာတွေကို ဝင်သွားတာ။ ဈေးက မနေ့က ၄,၈၀၀ ကျပ်အထိ တက်သွားတော့ ဝင်မွှေသွားတာပေါ့။ ဖမ်းဆီးခံရတယ်လို့တော့ သေချာ မသိရသေးဘူး။ အခု ဝင်မွှေသွားပြီဆိုတော့ နောက်ထပ်တော့ လာနိုင်တယ်။ ဈေးအခြေအနေပေါ်လည်း မူတည်တာပေါ့”ဟု ပြောသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/16/417080.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

• AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ • အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ ဂျပန်မှာ ထပ်မံ လျှို့ဝှက်တွေ့ဆုံ • UN မှာ ဦးကျော်မိုးထွန်း ဆက်ရှိဖို့ အမေရိကန်လွှတ်တော်အမတ်တွေ တိုက်တွန်း • မိုင်းလားကဖမ်းပေးခဲ့တဲ့ ပကဖ တာဝန်ခံကို စစ်တပ် သေဒဏ်ပေး • MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို • ကမ္ဘာ့ဘဏ်အစည်းအဝေးကို ထိုင်းပြည်သူ ၁၀၀၀ ကျော်ဆန္ဒပြနေ နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ https://youtu.be/HWRGikMJs2g #မြန်မာ #ဧရာဝတီ #AA #စစ်တွေ #ဒကစ #ဂျပန် #အမေရိကန် #စစ်အုပ်စု #UN #ဦးကျော်မိုးထွန်း #ပကဖ #မိုင်းလား #MNDAA #TNLA #ကမ္ဘာ့ဘဏ် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

NCA အလုပ်မဖြစ်ဘူးလို့ RCSS ထုတ်ပြော ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ ၁၁ နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူးလို့ အာဏာသိမ်း စစ်တပ်နဲ့ ဆွေးနွေးနေကြတဲ့ အပစ်ရပ် အဖွဲ့တွေကိုယ်တိုင်က ထောက်ပြနေကြပါတယ်။ နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကကျင်းပခဲ့တဲ့ NCA ၁၁ နှစ်ပြည့်အခမ်းအနားမှာ စာချုပ်ရဲ့ လက်တွေ့အကောင်အထည်ဖော်မှုအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်ခဲ့ကြတာပါ။ https://youtu.be/sPXowCE0m2Y #မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေး #NCA #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation

နိုင်ငံရေး၊ သံတမန်ရေးမှာ မြန်မာအတိုက်အခံတွေ ရှုံးနေပြီလား အောက်တိုဘာ ၁၆၊​၂၀၂၆ မြန်မာ့တော်လှန်ရေးရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေး ရှုံးနိမ့်နေပြီလား အကြောင်း ဆွေးနွေးထားတဲ့ ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းကို မနက်ဖြန် စနေနေ့ မနက်မှာ စောင့်မျှော်အားပေးကြပါ။ #ဧရာဝတီ #အယ်ဒီတာ့စကားဝိုင်း #တော်လှန်ရေး #နိုင်ငံရေး #သံတမန်ရေး #NUG #SCEF

တိုင်းရင်းသားတွေ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ ရှာဖွေကြဖို့ တရုတ် ပြော ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ တိုင်းရင်းသားလူနည်စုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံများရှာဖွေကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြု အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။ မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် တရုတ်က တိုင်းရင်းသားလက်နက်ကိုင်များကြား ပစ်ခတ်မှုရပ်စဲရေးသဘောတူညီချက်များရရှိရန်ကူညီပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများ ပြေလည်စေပြီး တည်ငြိမ်မှုရရှိစေခဲ့ကြောင်းလည်း ဆိုသည်။ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်ရေးဆွေးနွေးပွဲများ လက်ခံကျင်းပပေးနေသည့် တရုတ်က အာဏာသိမ်းစစ်တပ် နယ်မြေအများအပြားဆုံးရှုံးစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပြီး နယ်မြေတိုးမြှင့်သိမ်းပိုက်နိုင်ခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များက ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ တိုးမြှင့်အသိအမှတ်ပြုရေး ပြောဆိုနေကြချိန်တွင် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံသစ်ကို စဉ်းစားရန် ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် တရားမျှတသောရပ်တည်ချက်အား ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒမျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပစ်ရပ်သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်၊ ဆွေးနွေးပွဲများမှတဆင့် သင့်တော်သောအဖြေရှာဖွေရန် မျှော်လင့်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်အသင့်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်၊ လုံခြုံဘေးကင်းရေးအာမခံချက်ဖြင့် စီးပွားရေးစင်္ကြံအောက်ရှိ အဓိကစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ တရုတ်-မြန်မာ အနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးကြိုးပမ်းမှုများ နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် မြန်မာနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ ဂျပန်မှာ ထပ်မံ လျှို့ဝှက်တွေ့ဆုံ အမေရိကန်အစိုးရနဲ့ မြန်မာအာဏာသိမ်းအစိုးရတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ဖော်ရေးသား ဖော်ပြပါ တယ်။ အဲဒီတွေ့ဆုံမှုမှာ အမေရိကန်ဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) ဦးဆောင်တဲ့ အမေရိကန်အရာရှိ ၁၂ ဦးကျော် ပါဝင်ပြီး မြန်မာဘက်ကတော့ ဘယ်သူတွေ တက်ရောက်ခဲ့သလဲ ဆိုတာကို အတည်မပြုနိုင်ဘူးလို့ ရိုက်တာက ဆိုပါတယ်။ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို လည်း တိတိကျကျ မသိရှိရသေးပါဘူး။ #မြန်မာ #ဧရာဝတီ #အမေရိကန် #ဂျပန် #စစ်အုပ်စု #တိုကျို #နိုင်ငံခြားရေးဝန်ကြီး #တွေ့ဆုံဆွေးနွေး #WhatsHappeningInMyanmar

ချေးငွေအစီအစဉ် အတည်ပြုပြီးနောက် မြန်မာကျပ်ငွေတန်ဘိုး ပြုတ်ကျ အောက်တိုဘာ ၁၆၊ ၂၀၂၆ လတ်တလော မြန်မာကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ တက်လာတာက အာဏာသိမ်းအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရရဲ့ ဘတ်ဂျက်လိုငွေဖြည့်ဖို့ ဗဟိုဘဏ်ဆီကနေ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမယ့်အစီအစဉ်နဲ့ ဘယ်လာရုစ်နိုင်ငံကနေ ပို့ကုန်ချေးငွေယူမယ့်အစီအစဉ်တွေကို အတည်ပြုလိုက်တာနဲ့ ဆက်စပ်နေတယ်လို့ ငွေလဲလှယ်ရေးလုပ်ကိုင်သူတွေက ပြောဆိုပါတယ်။ #မြန်မာ #ဧရာဝတီ #ငွေကြေး #ကျပ် #ဒေါ်လာ #ဘတ်

သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းပြုခွင့်တွေအပေါ် အချိုးမညီတဲ့ ကန့်သတ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ရှုထောင့်ကနေလည်း စိစစ်ဖို့ လိုပါတယ်”ဟု ၎င်းက ထောက်ပြထားသည်။ အလုပ်သမားသံအရာရှိရုံးက CI အတွက် အပိုကုန်ကျစရိတ် မရှိစေရန် အလုပ်သမားများ ကိုယ်တိုင် သွားရောက် လျှောက် ထားနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း မြန်မာအလုပ်သမားများအနေဖြင့် ကိုယ်တိုင်သွားရောက်လုပ်ကိုင်ရန် ခက်ခဲနေကြောင်း ဆိုသည်။ “တချို့က ငွေလွှဲတယ်ဆိုတာကို မသိကြဘူး။ ရွှေ့ပြောင်းလုပ်သားအများစုက အပြင်ငွေလွှဲတယောက်ယောက်ဆီကနေ မိသားစုဆီကို နေ့စဉ်ပေါက်ဈေးအရ ငွေလွှဲကြတယ်။ အဲဒါတွေကို ပြလို့ရလားဆိုရင် မရပါဘူး။ တရားဝင်ငွေလွှဲတာက ဘယ်လိုလွှဲရလဲဆိုရင် ထိုင်းမှာ Kasikorn Bank ရှိတယ်။ အဲဒီကနေ မြန်မာပြည်က KBZ ဘဏ်ကို ငွေလွှဲလို့ရပါတယ်။ International Transfer ဆိုတာကနေ ငွေလွှဲလို့ရပါတယ်။ အဲဒီကနေ တိုက်ရိုက်ငွေလွှဲလိုက်ပြီး ငွေလွှဲစလစ်ကို သိမ်းထားပြီး CI လုပ်တဲ့အခါမှာ ပြရမှာဖြစ်ပါတယ်” ဟု CI စာအုပ်အတွက် ဝန်ဆောင်မှုပြုလုပ်သူတဦးက ပြောသည်။ ထိုသို့ ငွေလွှဲရာ၌ ထိုင်းနိုင်ငံရှိ TrueMoney App မှတဆင့် မြန်မာနိုင်ငံရှိ KBZ Bank အကောင့် သို့မဟုတ် KBZPay သို့ တိုက်ရိုက်လွှဲပို့ခြင်း၊ Western Union App ကိုအသုံးပြု၍သော်လည်းကောင်း၊ ထိုင်းဘဏ်အကောင့်များ (ဥပမာ- Krungsri) မှတဆင့်သော်လည်းကောင်း မြန်မာနိုင်ငံရှိ KPay သို့မဟုတ် ဘဏ်အကောင့်များသို့ လွှဲပို့ခြင်း၊ Kasikorn Bank (K-Plus)၊ SCB၊ Bangkok Bank သို့မဟုတ် Krungthai Bank (KTB) စသည့် ထိုင်းဘဏ်အက်ပလီကေးရှင်းများရှိ အပြည်ပြည်ဆိုင်ရာငွေလွှဲ (International Remittance) လုပ်ဆောင်ချက်မှ တဆင့် မြန်မာဘဏ်များသို့ တိုက်ရိုက်လွှဲပို့ခြင်းများ ပြုလုပ်နိုင်သည်။ ထိုသို့ ငွေလွှဲပြီးပါက ငွေလွှဲပြေစာပေါ်ရှိ ပေးပို့သူအမည်သည် ငွေလွှဲမည့် အလုပ်သမားကိုယ်တိုင်၏ နာမည် (နိုင်ငံကူးလက်မှတ်/CI ပါအတိုင်း) ဖြစ်ရမည်ဖြစ်ပြီး ငွေလွှဲပြီးပါက ငွေလွှဲပြေစာ (PDF သို့မဟုတ် ဓာတ်ပုံစလစ်) ကို ဖုန်းထဲတွင် သိမ်းဆည်းကာ Print ထုတ်၍ သက်တမ်းတိုးသည့်အချိန်တွင် တင်ပြရမည်ဖြစ်သည်။ “မပြည့်စုံတဲ့ လူတွေအတွက်ကို CI ရုံးတွေမှာ ငွေလွှဲကောင်တာတွေ ထားပေးထားတယ်။ အဲဒီမှာ တထိုင်တည်းနဲ့ ဘတ် ၆ ထောင် ငွေလွှဲပြီး ရလာတဲ့စာရွက်ကို ထပ်ပြီး CI စာအုပ်လုပ်ရမှာပါ။ အဲဒီလိုမဖြစ်မနေ လုပ်လို့ရအောင်လို့ စီစဉ်ထားတာ ဖြစ်တဲ့အတွက် ငွေက လွှဲကိုလွှဲရမယ့်သဘောပါ” ဟု အောက်တိုဘာ ၁၄ ရက်နေ့က ချင်းမိုင်မြို့ရှိ CI ရုံးသို့ ကိုယ်တိုင်သွားရောက် လုပ်ကိုင်ခဲ့သူတဦးက ပြောသည်။ ထိုင်းနိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးရုံး၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိစာရင်းအရ ထိုင်းတွင် Work Permit ရရှိထားသော တရားဝင်မြန်မာလုပ်သား စုစုပေါင်းဦးရေ ၃ သန်းခွဲနီးပါးရှိပြီး ထိုထဲမှ မြန်မာလုပ်သား ၄ သိန်း ၃ သောင်းနီးပါးကို မြန်မာ အလုပ်သမားဝန်ကြီးဌာနမှ CI စာအုပ် ထုတ်ပေးထားကြောင်း သိရသည်။ လက်ရှိထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေအတွက် ၄ ဒသမ ၁ သန်း ရှိကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသည် ပြည်ပရောက်နိုင်ငံသားများကို အိမ်သို့ငွေပြန်ပို့ရန် စစ်တပ်က ဖိအားပေးသည့် စည်းမျဉ်းများ ချမှတ်ပြီးနောက်တွင် ပြည်ပလုပ်သားများ၏ ငွေလွှဲမှုမှာ နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ စီးဝင်မှုအများဆုံး အရင်းအမြစ်ဖြစ်လာကြောင်း ဖော်ပြနေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကားပြီး Bloomberg News က ရေးသားဖော်ပြသည်။ အာဏာသိမ်းပြီးနောက်တနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်တွင် ငွေလွှဲပမာဏမှာ အမေရိကန်ဒေါ်လာ ၆၇၀ သန်းသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် လုပ်သားများ၏ ငွေလွှဲမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅ဒသမ၆ ဘီလီယံ အထိ ရှိခဲ့ပြီး ယင်းမှာ နိုင်ငံခြားငွေ စီးဝင်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/16/417071.html

CI လုပ်ဖို့ မိသားစုပို့ငွေ အထောက်အထားပြခိုင်းမှု ထိုင်းရောက်လုပ်သားများ ပိုမိုဝန်ပိလာ ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ ထိုင်းနိုင်ငံရှိ အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ်ရာတွင် မိသားစုထံ ငွေလွှဲအထောက်အထား တင်ပြခိုင်းခြင်းသဖြင့် ဝန်ထုပ်ဝန်ပိုးအခက်အခဲကြုံရကြောင်း ရွှေ့ပြောင်းလုပ်သားများက ပြောသည်။ အောက်တိုဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် CI စခန်းများ၌ စာအုပ် လာရောက် လျှောက်ထားသူများအနေဖြင့် တနှစ်အတွက် အခွန် ဘတ် ၁,၈၀၀နှင့် အခြေခံလစာ ၃ လစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆,၀၀၀) ကို မိသားစုထံ လွှဲပို့ထားကြောင်း အထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် CI စာအုပ် ပြုလုပ်မည့် လုပ်သားများ၏ ကုန်ကျစရိတ် ပိုမိုများပြားလာသည့်အပြင်၊ တရားဝင် အသိအမှတ်ပြုထားသော ဘဏ်များ၊ ငွေလွှဲဝန်ဆောင်မှုများမှ မိသားစုထံ ငွေလွှဲရန်မှာ လက်တွေ့တွင် အခက်အခဲများ ဖြစ်နေရပြီး ဝန်ပိလာရကြောင်း အလုပ်သမားများက ပြောဆိုကြသည်။ “ အခု CI လုပ်မယ့်ထဲမှာ အလုပ်မရှိဘဲ မိသားစုက တင်ကျွေးထားတဲ့သူတွေကျတော့ အဲဒီလွှဲငွေက ဘယ်လိုပြရမှာလဲ။ အဆင်မပြေလို့ ဗီဇာတောင်မလုပ်နိုင်ဘဲ CI နဲ့ လုပ်နေရတဲ့သူတွေခမျာမှာ ဘယ်လိုလုပ် တရားဝင် ငွေလွှဲပြီးသား ရှိပါ့မလဲ။ စိတ်တွေလည်း ညစ်ပါတယ်” ဟု ထိုင်းရောက် မြန်မာတဦးက ပြောသည်။ ထို့ပြင် CI စာအုပ်လုပ်ရမည့်လူသစ်အုပ်စုသည် အလုပ်လုပ်ခွင့်ကတ်မကျသေးသဖြင့် အလုပ်မရှိသူများလည်း ရှိသလို၊ ရသည့်လစာနည်းပါး၍ အိမ်ကို ငွေမပို့နိုင်သူများလည်း ရှိကြောင်း၊ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းတိုးရာတွင် ကုန်ကျမည့်စရိတ်များလည်း ရှိသေးရာ ယခုလို အတင်းအကျပ် ငွေလွှဲအထောက်အထားပြခိုင်းခြင်းမှာ အလုပ်သမားများကို မစာနာရာ ရောက်ကြောင်း အလုပ်သမားတဦးက ဆိုသည်။ အာဏာသိမ်းအစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က CI လျှောက်ထားမည့် မြန်မာလုပ်သားများ အနေဖြင့် 7-Eleven တွင် သတ်မှတ်ထားသော ငွေကြေး(ဘတ် ၂,၆၆၀)ကို သွင်းရမည့်အပြင် ၊ တနှစ်စာ ၂ ရာခိုင်နှုန်း၏ အခွန်ငွေဖြစ်သော ဘတ် ၁၈၀၀ ၊ Remittance (ပို့ငွေ) ၃ လစာအတွက် ဘတ် ၆၀၀၀ ၊ OWIC ကတ်ကြေးများပေး ပြီးမှသာ CI ထုတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သော ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ကူညီရေးဆွေးနွေးပွဲတွင် ပြောသည်။ အဆိုပါ အချက်အလက်နှင့် အထောက်အထားများပြသနိုင်ပါက လဝက (လူဝင်မှုကြီးကြပ်ရေး) ဘက်က UID နံပါတ် စိစစ်ပေးမည်ဖြစ်ပြီး နိုင်ငံသားမှန်ကန်ပါက OWIC ကတ် ရိုက်ပေးကာ CI ကတ်ကိုပါ တထိုင်တည်း One Stop Service စနစ်ဖြင့် ချက်ချင်းထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ CI ထုတ်ပေးမည့် စခန်း ၅ ခုကို ထိုင်းနိုင်ငံအတွင်း စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဋ္ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ယခု အောက်တိုဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး CI လျှောက်ထားသော မြန်မာအလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ် ၂,၆၆၀ ကို ပေးသွင်းပြီး CI စခန်းကို ရွေးချယ်နိုင်ကြောင်း သိရသည်။ ယခု တကြိမ် ဖွင့်လှစ်မည့် CI စခန်းများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ကတ်ပြားရထားပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့် မြန်မာ အလုပ်သမားများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ချင်းမိုင်မြို့မှ CI ပြုလုပ်မည့် မြန်မာအလုပ်သမားတဦးက “သူတို့သတ်မှတ်ထားတဲ့ ဘဏ်နဲ့ မလွှဲနိုင်ဘူး။ သူတို့ ဘဏ်က ထိုင်း၁ဘတ်ကို ၆၀ပဲ ပေးတယ်။ အပြင်မှာ ထိုင်း၁ဘတ်ကို ကျပ် ၁၃၀ ကျော်တယ်။ အဲ့လောက်ကြီးကွာနေတာကျတော့ ငါတို့လုပ်အားတွေကို ဂုတ်သွေးစုပ်နေတာနဲ့ ဘာထူးလို့လဲ။ CI ဖိုးတောင် သောင်းကျော်ဈေးရှိနေတာ အခွန်နဲ့ ငွေလဲ စလစ် ၆၀၀၀ပါ ပြခိုင်းနေရင်တော့ CI လုပ်ဖို့ ဘတ် နှစ်သောင်းကျော် လောက်ရှိမှရမယ်ထင်တယ်။ တော်တော် စိတ်ဖိစီးတယ်”ဟု ပြောသည်။ မိမိတို့၏ မိသားစုဆီ ငွေဘယ်လောက်ပို့နိုင်မလဲဆိုသည်မှာ မိမိဝင်ငွေ၊အသုံးစရိတ်၊ မိသားစု လိုအပ်ချက်အပေါ် မူတည်ပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း၊ လူတဦးနှင့် တဦး အခြေအနေမတူမှုကို လျစ်လျူရှုပြီး တပုံစံတည်း သတ်မှတ်လိုက်ခြင်းသည် ဝင်ငွေနည်းသူတွေအပေါ် ပိုပြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးဆက်အောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ “ဒီထက်ပိုပြီးဆိုးတာက ငွေလွှဲထားကြောင်း အထောက်အထား မပြနိုင်ရင် ပါ့စ်ပို့သက်တမ်းတိုးတာ၊ OWIC ထုတ်ပေးတာနဲ့ ပြည်ပအလုပ်သွားခွင့်တွေကို ကန့်သတ်တဲ့ စည်းကမ်းတွေပါ။ကိုယ့်လုပ်အားနဲ့ ရှာထားတဲ့ငွေကို သတ်မှတ်ထားတဲ့အတိုင်း မလွှဲလို့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ခွင့်ကိုပါ ထိခိုက်စေမယ်ဆိုရင် ဒါဟာ သာမန်ငွေလွှဲစည်းကမ်းတခုထက် ပိုသွားပါပြီ။ လူတယောက်ရဲ့ လွတ်လပ်စွာ

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ ဆန် အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ် ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။ စားအုန်းဆီ အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀ ကျပ်အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။ စက်သုံးဆီ (ယခင်တပတ်ထက် ဓာတ်ဆီ ၉၂ တလီတာ ၁၁၀ ကျပ်နှင့် ဓာတ်ဆီ ၉၅ တစ်လီတာ ၈၀ ကျပ် ဈေးမြင့်တက်လာပြီး ဒီဇယ်တလီတာ ၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တလီတာလျှင် ၁၃၅ ကျပ် ဈေးကျလာသည်။) ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၀၅ ကျပ် ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၅၀ ကျပ် ဒီဇယ်တလီတာလျှင် ၄,၄၈၅ ကျပ် ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၄၀ ကျပ် ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။ ရွှေနှင့် ဒေါ်လာ ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျပ်ကျော်တွင်ရှိနေ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၈၁ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀ အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။ #ဧရာဝတီ #နေ့စဉ်ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #လောင်စာဆီဈေး #ရွှေဈေး #ဒေါ်လာဈေး

photo content

လွန်ခဲ့သည့် ၃ နှစ်က ရှမ်းမြောက် ကျားဖြန့်နှိမ်နင်းမှုကို တရုတ်အာဏာပိုင်များက The Demise of Myanmar-Based Telecom Fraud / 缅北电诈覆灭记) မှတ်တမ်းရုပ်ရှင်အနေဖြင့် တရုတ်အစိုးရပိုင် မီဒီယာများ၌ ယခုလအစောပိုင်းက ပြသခဲ့သလို စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန်နှင့် အဓိက တရားခံ ၃ ဦးကို လူသတ်မှု၊ ကျားဖြန့် အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်သည်။ ထိုအခြေအနေများနှင့် ဆက်စပ်၍ ၂၀၂၄ မတ်လက ဧရာဝတီတွင် ဖော်ပြခဲ့သော ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၃) ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်သည်။ ဖခင်၏ ဩဇာအရိပ် ကြီးမားခြင်းကြောင့် လောက်ကိုင်၏ အခမ်းအနားများတွင် ဘေရင်နယ်သည် နေရာပေးခံရသူ ဖြစ်ပြီး အခြား ကိုးကန့်ဦးဆောင် မိသားစု မျိုးဆက်များ၏ရှေ့တွင် နေရသူ ဖြစ်သည်။ အခမ်းအနားများ၊ ပွဲလမ်းသဘင်များတွင် ဓာတ်ပုံရိုက်ကြသည့်အခါ ဘေရင်နယ်ကို အလယ်ဆုံးမှာထား၍ အခြား မိသားစုဝင် မျိုးဆက်များ ဘေးမှ ဝိုင်းကြသည်သာ ဖြစ်သည်။ သူက နေပြည်တော်ကို အသွားအလာ မပြတ်သူတဦး ဖြစ်သကဲ့သို့ စစ်ခေါင်းဆောင်များကိုလည်း အစဉ် ဆက်သ ချဉ်းကပ်သူတဦး ဖြစ်သည်။ အပြန်အလှန်အနေဖြင့် စစ်ခေါင်းဆောင်များကလည်း ၎င်းကို ဘွဲ့ထူးဂုဏ်ထူးများပေးသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ၎င်းကို “သီရိသုဓမ္မမဏိဇောတဓရ” ဘွဲ့ကို စစ်ခေါင်းဆောင်တို့က ပေးခဲ့သည်။ ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်တို့ ဖမ်းဝရမ်း ထုတ်ခဲ့သည့် အထဲတွင်မှု ဘေရင်နယ် မပါရှိခဲ့ပေ။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/13/380782.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

အမေရိကန်နှင့် အာဏာသိမ်းအစိုးရတို့ ဂျပန်မှာ ထပ်တွေ့ ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ အမေရိကန်အစိုးရသည် အာဏာသိမ်းစစ်အုပ်စုအပေါ် ထိတွေ့ဆက်ဆံမှုများတိုးမြှင့်လာကာ နေပြည်တော်အပြီး ဒုတိယမြောက်အဖြစ် ပြီးခဲ့သည့်အပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ နှစ်ဖက်ဆွေးနွေးပွဲတရပ် ထပ်မံကျင်းပခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဆွေးနွေးမှုအကြောင်းအရာများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း နေပြည်တော်ခရီးစဉ်ကို ဦးဆောင်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ်ဦးဆောင်သည့် ကိုယ်စားလှယ် ၁၂ ဦးထက်မနည်း တက်ရောက်ခဲ့ကြောင်း၊ စစ်အုပ်စုကိုယ်စားပြု တက်ရောက်သူများကိုမူ မသိရသေးကြောင်း သတင်းက ဆိုသည်။ နေပြည်တော်၌ အာဏာသိမ်းသမ္မတနှင့်တွေ့ဆုံစဉ် အမေရိကန်ဘက်က အကြမ်းဖက်တိုက်ခိုက်မှု လျှော့ချရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဖြိုခွင်းရေး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ထိတွေ့ဆက်ဆံရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် လူသားချင်းစာနာ မှုအကူအညီများ အကန့်အသတ်မရှိပေးနိုင်ရေးတောင်းဆိုခဲ့ပြီး အာဏာသိမ်းသမ္မတကလည်း အမေရိကန်အစိုးရနှင့် သင့်လျော်သော အဆင့်တခုတွင် တရားဝင်ထိတွေ့ဆက်ဆံရေး တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်တွင် စစ်အုပ်စုဖမ်းဆီးထားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကတ်စတီလိုအား လွတ်မြောက်စေခဲ့သော်လည်း စစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမှ တဆင့် မြေရှားသတ္တုလုပ်ငန်းအပါအဝင် ပိုမိုကျယ်ပြန့်သည့် ထိတွေ့ဆက်ဆံမှုများအထိ ဦးတည်သွားနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး စက်တင်ဘာနေပြည်တော်ခရီးစဉ်မတိုင်မီ ဇွန်လအတွင်း ဂျပန်နိုင်ငံတွင် စစ်အုပ်စုနှင့် တွေ့ဆုံခဲ့သေးသည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းမြောက်မြားစွာသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ ထိန်းချုပ်ထားသော နယ်မြေများတွင် အခြေစိုက်ထားပြီး၊ ရရှိသည့် အကျိုးအမြတ်အချို့သည်လည်း စစ်တပ်ထံ စီးဝင်နေကြောင်း သုတေသီများက ပြောကြားထားရာ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အဆိုပါ လုပ်ငန်းများကို နှိမ်နင်းရန် တကယ်တမ်း ဆန္ဒရှိမရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း သတင်းက ဆိုသည်။ စစ်အုပ်စုနှင့် အမေရိကန်၏ထိတွေ့ဆက်ဆံမှုများသည် အကျိုးစီးပွားသက်သက်ကိုသာ အခြေခံသည့်ရှုမြင်ပုံမျိုးပြသနေပြီး မြန်မာရှိ မြေရှားသတ္တုကဲ့သို့ သယံဇာတများနှင့် တွင်းထွက်ပစ္စည်များမှာ အမေရိကန်အစိုးရ အဓိက စိတ်ဝင်စားသည့် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများ ဖြစ်ဖွယ်ရှိကြောင်း ဩစတြေးလျသုတေသနအဖွဲ့အစည်းဖြစ်သည့် Lowy Institute မှ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Hunter Marston က သုံးသပ်ထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

မောတောင်ကို လက်လွှတ်ခဲ့သည့် ကမ်းရိုးတန်းတိုင်းမှူး နယ်စပ်ရေးရာဒုဝန်ကြီး ခန့် ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆ တနင်္သာရီတိုင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်အား တော်လှန်ရေးတပ်များထံ လက်လွှတ်ခဲ့ရဖူးသူ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ကြောင်း အာဏာသိမ်းအစိုးရက အောက်တိုဘာ ၁၅ ရက်နေ့ရက်စွဲဖြင့် ကြေညာသည်။ ဗိုလ်ချုပ်ကျော်ကျော်ဟန်သည်၂၀၂၅ နှစ်ဆန်းတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံ တောင်ဘက်စွန်းဒေသ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် မောတောင်မြို့အား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များထံ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ မောတောင်မြို့လက်လွှတ်ရပြီးနောက် တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေလတွင် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ကာ မေလ ၁၉ ရက်တွင် မောတောင်မြို့အား ပြန်ထိန်းချုပ်နိုင်ခဲ့သည်။ “ မောတောင်မြို့ လက်လွှတ်ရကတည်းက မင်းအောင်လှိုင် မကြည်ခဲ့တဲ့သူ၊ ချောင်ထိုးခံလိုက်ရတဲ့သဘောပါပဲ” ဟု CDM ဗိုလ်မှူးစွယ်တော်က ဗိုလ်ချုပ်ကျော်ကျော်ဟန် ရာထူးအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။ ဗိုလ်ချုပ်ကျော်ကျော်ဟန်အား ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် အောက်တိုဘာ ၁၀ ရက်နေ့က စစ်တပ်သတင်းဝက်ဆိုဒ် တွင် နောက်ဆုံးတွေ့ခဲ့ရပြီး ၎င်း၏နေရာတွင် မည်သူအား အစားထိုးခန့်အပ်သည်ကို မသိရသေးပေ။ ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် တပ်မ(၇၇) တပ်မမှူးနှင့် စစ်ဦးစီးတက္ကသိုလ် (သင်တန်းကျောင်း)တွင် ကျောင်းအုပ်လုပ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-MRTV #WhatsHappeningInMyanmar #RejectMilitaryCoup

photo content

စူပါအယ်လ်နီညိုဖြစ်စဉ်မှာ အကျဉ်းသားတွေ မေ့လျော့ခံဖြစ်နေ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဒဏ်အန္တရာယ် မြင့်တက်လာချိန် မြန်မာနိုင်ငံက အကျဉ်းထောင်တွေအတွင်း အကျဉ်းသားတွေရဲ့ အခြေအနေဟာ မေ့လျော့ခံဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧရာဝတီကို ပြောပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကျဉ်းမြောင်းတဲ့အခန်းတွေထဲ သတ်မှတ်လူဦးရေထက် ပိုမိုထားရှိတာ၊ အပူဒဏ်သက်သာစေမယ့် အဆောက်အအုံနဲ့ ပန်ကာမလုံလောက်တာတွေအပြင် အစာအာဟာရ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေကြား အကျဉ်းသားတွေဟာ အပူဒဏ်ကို ရင်ဆိုင်နေကြရတာပါ။ #မြန်မာ #ဧရာဝတီ #စူပါအယ်နီညို #AAPP #အကျဉ်းသား #အကျဉ်းထောင် #အပူဒဏ် #ပန်ကာ #WhatsHappeningInMyanmar