en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

Popular Journal

Popular Journal

Open in Telegram

📈 Analytical overview of Telegram channel Popular Journal

Channel Popular Journal (@popularjournal) in the Burmese language segment is an active participant. Currently, the community unites 26 283 subscribers, ranking 9 182 in the News & Media category and 5 521 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 26 283 subscribers.

According to the latest data from 11 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -227 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 5.52%. Within the first 24 hours after publication, content typically collects 4.77% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 451 views. Within the first day, a publication typically gains 1 254 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial”

Thanks to the high frequency of updates (latest data received on 12 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

26 283
Subscribers
No data24 hours
-247 days
-22730 days
Posts Archive
👉ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း 👉ဆန္ဒပြချီတက်မည့်အစီအစဉ်ကြောင့် ဒေလီမြို့ရှိ မြေအောက်ရထားဘူတာရုံ ၆ ခု ပိတ်ထား

🌏 12.10.2026 သတင်းအပြည့်အစုံ 🌏 👉ထရမ့်အဆိုပြုသည့် ‘စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ကို ထောက်ခံကြောင်း ဇယ်လင်စကီးဆို 👉ဂျပန
🌏 12.10.2026 သတင်းအပြည့်အစုံ 🌏 👉ထရမ့်အဆိုပြုသည့် ‘စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ကို ထောက်ခံကြောင်း ဇယ်လင်စကီးဆို 👉ဂျပန်ရောက် မြန်မာများ ကောင်စစ်ဆိုင်ရာကိစ္စရပ်များလုပ်ဆောင်ရွက်တွင် Application Form ပုံစံ(အသစ်)ဖြင့်သာ တင်ပြလျှောက်ထားရမည် 👉အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ 👉ရန်ကုန်မြို့တွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည် 👉စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ယနေ့စတင်ဖမ်းဆီးအရေးယူ၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ 👉မမြရေလှောင်တမံ မြေသားနိမ့်ကျမှုကြောင့် ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား 👉USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ် 👉စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ကစပြီး ဖမ်းဆီးအရေးယူ 👉အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရ 👉မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦး-ပုဂံမြို့သစ်လမ်းပေါ် ရေကျော်၊ ဖြတ်သန်းသွားလာသူများကို မီးသတ်တပ်ဖွဲ့ ကူညီပေး

👉ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း 👉

photo content
+1

photo content
+3

photo content
+2

photo content
+2

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အ ထည်ဖော်နေ၍ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့ကို ကြိုတင်အဆင့်မြှင့်တင်ခြင်းဖြစ် ထာ
+2
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အ ထည်ဖော်နေ၍ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့ကို ကြိုတင်အဆင့်မြှင့်တင်ခြင်းဖြစ် ထားဝယ်လေဆိပ်နှင့် လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ အောက်တိုဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းမင်းတို့က ထားဝယ်လေဆိပ်ဆိုင်ရာအချက်အလက်များ၊ ထားဝယ်လေဆိပ်အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့အား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1EVtonxhcY/

photo content
+6

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် SAC ကြိုးပေါက်၍ ဓာတ်အားပြ-တ်တေ-ာက်မှု ပြန်လည်ပြုပြင်ပြီးစီး၊ ပုံမှန်ဓာတ်အား ပြန်လည်ဖြန
+1
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် SAC ကြိုးပေါက်၍ ဓာတ်အားပြ-တ်တေ-ာက်မှု ပြန်လည်ပြုပြင်ပြီးစီး၊ ပုံမှန်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်တွင် SAC ကြိုးပေါက်၍ ဓာတ်အားပြ-တ်တေ-ာက်မှု ဖြစ်ပွားခဲ့သော်လည်း ပြန်လည်ပြုပြင်မှုများ ပြီးစီးသဖြင့် ယနေ့ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်မှစတင်၍ ပုံမှန်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသည့် 33kV YCDC အဝေးပြေးဖီဒါ၌ ဓာတ်အားလိုင်းချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ပြည်လမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရယကရုံးရှေ့တွင် SAC ကြိုးပေါက်၍ ဓာတ်အားပြ-တ်တေ-ာက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1Jv3q7y4zo/

မြစ်ကြီးနားရှိ ယာယီတိမ်းရှောင်စခန်းတွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ အသိပညာပေး ကချင်ပြည်နယ်၊ မြစ
+2
မြစ်ကြီးနားရှိ ယာယီတိမ်းရှောင်စခန်းတွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ အသိပညာပေး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စန်ကားယာယီတိမ်းရှောင်စခန်းတွင် အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်သိရှိနားလည်ထားရန်နှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1HrsN9gDaA/

photo content
+2

photo content
+2

M League II ရာသီသစ်တွင် အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည် M League II 2026-27 ဘောလုံးရာသီတ
+3
M League II ရာသီသစ်တွင် အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည် M League II 2026-27 ဘောလုံးရာသီတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည်ဖြစ်ပြီး ရာသီအကုန် အကောင်းဆုံးကစားသမားဆုကြေးကိုလည်း ကျပ်သိန်း ၃၀ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။ M League II 2026-27 ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ Mercure Yangon Kabar Aye ဟိုတယ်တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဆိုင်ရာ အစီအစဉ်များနှင့် ဆုကြေးတိုးမြှင့်သတ်မှတ်မှုများကို အသိပေးခဲ့ခြင်းဖြစ်သည်။ ယခုရာသီတွင် အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေးကို ယခင် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ သို့ တိုးမြှင့်ထားပြီး AYA Pay Player of the Match ဆုကြေးကိုလည်း ယခင် ကျပ်နှစ်သိန်းမှ ကျပ်ငါးသိန်းသို့ တိုးမြှင့်ထားသည်။ ထို့အပြင် ရာသီအကုန် အကောင်းဆုံးကစားသမားဆုကြေးကို ယခင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ သို့ တိုးမြှင့်သတ်မှတ်ထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1EmK92vgca/

photo content
+5

AI နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက်တွင် ဆူနာမီလှိုင်းကဲ့သို့ ရို-က်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ဟု IMF သတိပေး ဉာဏ်ရည်တုနည်းပညာ
AI နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက်တွင် ဆူနာမီလှိုင်းကဲ့သို့ ရို-က်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ဟု IMF သတိပေး ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်နှင့် အစိုးရများ၏ အခွန်ကောက်ခံမှုစနစ်တို့အပေါ် ဆူနာမီလှိုင်းကဲ့သို့ ကြီးမားသော ရို-က်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေးဂျင်းဒါရိုက်တာ ခရစ္စတလီနာ ဂျော်ဂျီဗာက သတိပေးပြောကြားခဲ့သည်။ IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် IMF အကြီးအကဲက အောက်တိုဘာ ၁၂ ရက်တွင် AI နည်းပညာ၏ အလုပ်အကိုင်ကဏ္ဍအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒါဟာ ဖြည်းဖြည်းချင်း ရွေ့လျားလာတဲ့ ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေမယ့် ဆူနာမီကတော့ ဆူနာမီပါပဲ” ဟု ၎င်းက သတိပေးခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1Brj9Uuhjj/

အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရန်ကုန်ရှိ အိမ်ရာအခန်း ၂၀၀ ကို နိုဝင်ဘာလတွင် ရောင်းချမည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မ
+3
အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရန်ကုန်ရှိ အိမ်ရာအခန်း ၂၀၀ ကို နိုဝင်ဘာလတွင် ရောင်းချမည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက်ထားသည့် ယုဇနအိမ်ရာစီမံကိန်းနှင့် ကျန်စစ်မင်းအိမ်ရာစီမံကိန်းတို့မှ အခန်းပေါင်း ၂၀၀ ကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်ရာအခန်းများတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်း၊ အပိုင်း (၃) မှ ၈ ခန်းတွဲ ၅ ထပ်တိုက် အမှတ် (၄၊ ၁၂၊ ၂၈) တို့ရှိ အခန်း ၁၂၀ နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ အပိုင်း (၁) မှ တိုက်အမှတ် (၅၁၊ ၅၄) တို့ရှိ အခန်း ၈၀ ပါဝင်ကြောင်း သိရသည်။ အိမ်ရာဝယ်ယူရန် လျှောက်ထားသူများအနေဖြင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိပြီးသူ ၂,၄၉၆ ဦး၏ စာရင်းတွင် ပါဝင်သူများ ဖြစ်ရမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1Xz3PekSsh/

ဝိတိုရိယဆေးရုံ၏ “Smile Mission” အစီအစဉ် ပြန်လည်စတင်မည်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသပေးမည် ဝိတိုရ
ဝိတိုရိယဆေးရုံ၏ “Smile Mission” အစီအစဉ် ပြန်လည်စတင်မည်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသပေးမည် ဝိတိုရိယဆေးရုံ၏ လူထုအကျိုးပြုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် “Smile Mission” အစီအစဉ်ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရသည့် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ “Smile Mission” အစီအစဉ်သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဘဝတွင် အပြုံးသစ်များ ပြန်လည်ပွင့်လန်းလာစေရန်နှင့် မိသားစုများ၏ စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရန် ရည်ရွယ်ဆောင်ရွက်သည့် လူထုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သည်။ အစီအစဉ်အရ ကလေးငယ်များ၏ ခွဲစိတ်ကုသစရိတ်နှင့် နေထိုင်စားသောက်စရိတ်များကို အပြည့်အဝ တာဝန်ယူပေးသွားမည်ဖြစ်သည့်အပြင် ခရီးစရိတ်ကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/19rcsr8NSs/

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ရန်ကုန်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည် ရန်ကုန်ဆိပ်
+3
သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ရန်ကုန်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည် ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများကို သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လိုပါက သတ်မှတ်ထားသည့် ပိတ်ရက်ခကြေး (Holiday Fees) ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အလုပ်ပိတ်ရက်ကြေညာချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသဖြင့် ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများကို ပိတ်ထားမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.facebook.com/share/p/1LjCTaDom2/