uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

Popular Journal

Popular Journal

Kanalga Telegram’da o‘tish

📈 Telegram kanali Popular Journal analitikasi

Popular Journal (@popularjournal) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 26 286 obunachidan iborat bo'lib, Yangiliklar & Media toifasida 9 182-o'rinni va Myanma mintaqasida 5 521-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 26 286 obunachiga ega bo‘ldi.

11 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -227 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 5.52% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.77% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 451 marta ko‘riladi; birinchi sutkada odatda 1 254 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial”

Yuqori yangilanish chastotasi (oxirgi ma’lumot 12 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

26 286
Obunachilar
Ma'lumot yo'q24 soatlar
-247 kun
-22730 kun
Postlar arxiv
photo content
+9

photo content
+9

ရန်ကုန်မြို့တွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည် မြန်
+9
ရန်ကုန်မြို့တွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည် မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association - MCA) ၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးနှင့် မျိုးဆက်သစ်လူငယ် ဘာရီစတာများပေါ်ထွက်လာစေရန် ရည်ရွယ်၍ "Myanmar Coffee Festival 2026: Brewing the Future" နှင့် "Myanmar National Barista Championship 2026" ပြိုင်ပွဲကြီးကို ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ၊ တောင်သူများ၊ ပြည်တွင်း/ပြည်ပ ကော်ဖီကြိတ်ခွဲထုတ်လုပ်သူများ၊ ကော်ဖီဆိုင်ပိုင်ရှင်များနှင့် ကော်ဖီဝါသနာရှင်များ စုစည်းတွေ့ဆုံကြမည် ဖြစ်သည်။ ပွဲတော် အစီအစဉ်ပထမရက် (အောက်တိုဘာ ၁၇၊ ၂၀၂၆) တွင် ပရော်ဖက်ရှင်နယ် ကော်ဖီပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မည့် Professional Arena နှင့် မြန်မာနိုင်ငံဘာရီစတာပြိုင်ပွဲ၏ ပထမအကြိုယှဉ်ပြိုင်မှုများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ပြီး အစီအစဉ် ဒုတိယရက် (အောက်တိုဘာ ၁၈၊ ၂၀၂၆) တွင် ပွဲတော်၏ ပင်မအခမ်းအနား (Main Festival)၊ မြန်မာနိုင်ငံဘာရီစတာပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို ကျင်းပသွားမည် ဖြစ်ကြောင် သိရသည်။ အဆိုပါ ပွဲတော်နှစ်ရက်တွင် မြန်မာနိုင်ငံ၏ အကောင်းဆုံး လူငယ်ဘာရီစတာများကို ပြည်ပစံချိန်စံညွှန်းများဖြင့် ယှဉ်ပြိုင်မည့်ပြိုင်ပွဲများ၊ ရှမ်းပြည်နယ် ပင်လောင်း၊ ရွာငံ နှင့် ပြင်ဦးလွင်စသည့် ဒေသထွက် ကော်ဖီစေ့ အမျိုးမျိုးနှင့် ခင်းကျင်းပြသမှုများကို လေ့လာနိုင်ခြင်း၊ ကော်ဖီစိုက်ပျိုးရေး၊ ပြုပြင်ထုတ်လုပ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ဆွေးနွေးပွဲများ၊ ကော်ဖီအလုပ်ရုံဆွေးနွေးပွဲများ၊ အရသာခံစမ်းသပ်မှုများနှင့် Food Pairing အစီအစဉ်များစွာတို့ ပါဝင်သွားမည်ဖြစ်သည်။ မြန်မာ့အထူးတန်းဝင်ကော်ဖီများကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန်နှင့် ပြည်တွင်းကော်ဖီယဉ်ကျေးမှု ပိုမိုတွင်ကျယ်လာစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါပွဲတော်သို့ ကော်ဖီကဏ္ဍ စိတ်ပါဝင်စားသူများ၊ မီဒီယာများနှင့် မိဘပြည်သူများ တစ်ခဲနက် လာရောက်အားပေးနိုင်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း (MCA) မှ လှိုက်လှဲစွာဖိတ်ခေါ်ထားသည်။

photo content
+6

photo content
+6

photo content
+1

photo content

သိုလှောင်ရုံစနစ်ဖြင့် ကာလတိုချေးငွေထုတ်ပေးမည့် ဘဏ်များကို MRF ဖိတ်ခေါ် သိုလှောင်ရုံများတွင် သီးနှံအပ်နှံထားသည့် ကုန်အပ်လက်မှတ်ကို အာမခံအဖြစ်ထားရှိကာ ကာလတိုချေးငွေ ထုတ်ပေးနိုင်မည့် ဘဏ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။ အဆိုပါစနစ်တွင် သီးနှံကုန်စည်များကို သတ်မှတ်ထားသည့် သိုလှောင်ရုံများ၌ အပ်နှံပြီး ရရှိလာသည့် ကုန်အပ်လက်မှတ်ကို အာမခံ သို့မဟုတ် အပေါင်အဖြစ် အသုံးပြုကာ ခြောက်လမှ ကိုးလအထိ သက်တမ်းရှိသည့် ကာလတိုချေးငွေများ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေများကိုလည်း သင့်တင့်မျှတသည့် ဘဏ်တိုးနှုန်းဖြင့် ထုတ်ပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဆန်စပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် ရိတ်သိမ်းချိန် သီးနှံဈေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ၏ ဝင်ငွေလျော့နည်းခြင်းကို ကာကွယ်နိုင်ရန် ယင်းစနစ်ကို အသုံးပြုသင့်ကြောင်း လေ့လာတွေ့ရှိထားသည်ဟု MRF က ဆိုသည်။ ယင်းစနစ်အရ တောင်သူများသည် သီးနှံများကို သိုလှောင်ရုံတွင် အပ်နှံပြီး ကာလတိုချေးငွေ ရယူနိုင်မည်ဖြစ်ကာ ဈေးနှုန်းကောင်းမွန်သည့်အချိန်တွင် သီးနှံများကို ပြန်လည်ရောင်းချ၍ ချေးငွေပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။ MRF အနေဖြင့် “သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှုစနစ်” အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် စပါးလှိုင်လှိုင်ပေါ်ချိန်ဖြစ်သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အဆိုပါစနစ်ကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး MyRO စနစ်တွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံ ၅,၈၈၆ ရုံအနက် အခြောက်ခံစက်များနှင့် သတ်မှတ်ချက်များ၊ လိုအပ်ချက်များ ပြည့်မီသည့် သိုလှောင်ရုံများကို ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပူးပေါင်းပါဝင်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း MRF ထံ အမြန်ဆုံးဆက်သွယ်၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ထားသည်။ တစ်ဖက်တွင်လည်း တောင်သူများအနေဖြင့် တစ်ဦးချင်း သီးနှံအပ်နှံခြင်းထက် စနစ်တကျစုဖွဲ့၍ဖြစ်စေ၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ဖြစ်စေ စုပေါင်းပါဝင်ဆောင်ရွက်ပါက ပိုမိုထိရောက်အကျိုးရှိနိုင်ကြောင်း MRF က အသိပေးထားသည်။ လိုအပ်သည့် အကူအညီများကိုလည်း MRF အနေဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရဝန်ထမ်းအင်အား တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ထိုင်းနိုင်ငံတွင် စောစီးစွာအငြိမ်းစားယူရေးအစီအစဉ် ကျင့်သုံးမ
အစိုးရဝန်ထမ်းအင်အား တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ထိုင်းနိုင်ငံတွင် စောစီးစွာအငြိမ်းစားယူရေးအစီအစဉ် ကျင့်သုံးမည် ထိုင်းနိုင်ငံတွင် အစိုးရအသုံးစရိတ် လျှော့ချနိုင်ရေးအတွက် အစိုးရဝန်ထမ်းအင်အားကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ရည်ရွယ်၍ ဝန်ထမ်းများ စောစီးစွာအငြိမ်းစားယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ရန် စီစဉ်နေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ပခွန်း နီးလ်ပရာပန့်က ပြောကြားသည်။ အဆိုပါအစီအစဉ်တွင် ကနဦးအနေဖြင့် အသက် ၅၀ နှင့်အထက် အစိုးရဝန်ထမ်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေ သို့မဟုတ် မိသားစုဝင်များအား ပြုစုစောင့်ရှောက်ရန် လိုအပ်ချက်ရှိသည့် အသက် ၄၀ နှင့်အထက် ဝန်ထမ်းများကိုလည်း ပါဝင်ခွင့်ပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အစီအစဉ်၏ ပထမအဆင့်အတွက် အစိုးရက ဘတ် ၇ ဘီလျံခန့် သုံးစွဲရမည်ဟု ခန့်မှန်းထားပြီး စောစီးစွာအငြိမ်းစားယူမည့် ဝန်ထမ်းများအား လစဉ်လစာ၏ ၁၂ ဆထက်ပိုသော လျော်ကြေးငွေ ပေးအပ်နိုင်ရန် စဉ်းစားလျက်ရှိသည်။ သို့သော် လျော်ကြေးငွေပမာဏ အတိအကျကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ ထိုင်းနိုင်ငံတွင် အစိုးရဝန်ထမ်းဦးရေ ၁ ဒသမ ၆၈ သန်းခန့်ရှိကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ပြည်သူ့ကြွေးမြီပမာဏမှာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၇၀ ရာခိုင်နှုန်းဟူသော သတ်မှတ်ကန့်သတ်ချက်အနီးသို့ ရောက်ရှိလာနေသည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် အစိုးရအသုံးစရိတ် လျှော့ချခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကို လျှော့ချရန်နှင့် မမျှော်လင့်ထားသော စီးပွားရေးထိခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ဘဏ္ဍာရေးအရန်အင်အား တိုးမြှင့်ထားနိုင်ရန် ရည်ရွယ်၍ ယခုအစီအစဉ်ကို စီစဉ်ခြင်းဖြစ်သည်။ လက်ရှိတွင် သက်ဆိုင်ရာဌာနများက စောစီးစွာအငြိမ်းစားယူရေးအစီအစဉ်၏ အသေးစိတ်သတ်မှတ်ချက်များကို အပြီးသတ်ရေးဆွဲလျက်ရှိပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူရန် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ Ref: The Straits Times

ရန်ကုန်မြို့တွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ အရေးယူမည် ရန်ကုန်မြို့တော် စည်ပင်သာယာန
ရန်ကုန်မြို့တွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ အရေးယူမည် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားသည်။ အဆိုပါကြေညာချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများသည် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာများမှသာ စည်းကမ်းတကျ ဖြတ်ကူးကြရမည်ဖြစ်သည်။ ယင်းသို့ သတ်မှတ်ထားသည့်နေရာများမှ ဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့အတွင်း ခြေလျင်သွားလာသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားသည့်နေရာများမှသာ စည်းကမ်းတကျ လမ်းဖြတ်ကူးကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထားသည်။

နီပေါနိုင်ငံတွင် မြေပြိုမှုကြောင့် မြစ်ကြောင်းပိတ်ဆို့ပြီး ရေကြီးရေလျှံမှုဖြစ်ပွား၊ မြစ်ကမ်းတစ်လျှောက်နေထိုင်သူများ ဘေးလွတ်ရာ
နီပေါနိုင်ငံတွင် မြေပြိုမှုကြောင့် မြစ်ကြောင်းပိတ်ဆို့ပြီး ရေကြီးရေလျှံမှုဖြစ်ပွား၊ မြစ်ကမ်းတစ်လျှောက်နေထိုင်သူများ ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေး နီပေါနိုင်ငံအလယ်ပိုင်းရှိ ဘူဒီဂန်ဒါကီမြစ်တွင် မြေပြိုမှုကြောင့် မြစ်ကြောင်းပိတ်ဆို့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် မြစ်အောက်ပိုင်းဒေသများရှိ မြစ်ကမ်းတစ်လျှောက်နေထိုင်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် နီပေါအာဏာပိုင်များက အောက်တိုဘာ ၁၁ ရက်တွင် သတိပေးထားသည်။ နီပေါနိုင်ငံ၏ မြို့တော်ခတ္တမန္ဒူမြို့ အနောက်ဘက် မိုင် ၆၀ ခန့်အကွာ ဂေါ်ခါခရိုင်၊ ချမ်နူဘရီကျေးရွာအနီးတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဘူဒီဂန်ဒါကီမြစ်ကြောင်း ပိတ်ဆို့သွားရာမှ မြစ်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်အများအပြားနှင့် ကြိုးတံတားနှစ်စင်း ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဂေါ်ခါခရိုင်မှ အကြီးတန်းအုပ်ချုပ်ရေးအရာရှိ ဒါမန်ဒရာ ကူးမား မစ်ရှ်ရာက ပြောကြားသည်။ “မြစ်အောက်ပိုင်း မြစ်ကမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်” ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် ဂေါ်ခါ၊ တာနာဟွန်၊ ချစ်တဝမ်၊ အရှေ့နာဝယ်ပါရာစီနှင့် အနောက်နာဝယ်ပါရာစီခရိုင်များရှိ မြစ်ကမ်းတစ်လျှောက် နေထိုင်သူများကိုလည်း ရေကြီးရေလျှံမှုအန္တရာယ်နှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များကို သက်ဆိုင်ရာဒေသများသို့ စေလွှတ်ထားပြီး ရဟတ်ယာဉ်များဖြင့်လည်း ရေကြီးရေလျှံမှုအခြေအနေကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်သေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ Ref: အန်တာနာဇီယွန်းနားလ်

​မဟာဗျူဟာအသစ်ကြောင့် မြန်မာ့အရေးတိုးတက်မှုအချို့ရှိလာကြောင်း ဖိလစ်ပိုင်သမ္မတ မားကိုစ့် ပြောကြား ​မြန်မာနိုင်ငံ၏ ငါးနှစ်တာ ပဋိ
​မဟာဗျူဟာအသစ်ကြောင့် မြန်မာ့အရေးတိုးတက်မှုအချို့ရှိလာကြောင်း ဖိလစ်ပိုင်သမ္မတ မားကိုစ့် ပြောကြား ​မြန်မာနိုင်ငံ၏ ငါးနှစ်တာ ပဋိပက္ခကို အဆုံးသတ်နိုင်ခြင်းမရှိသည့်အတွက် အာဆီယံအဖွဲ့အပေါ် ဝေဖန်မှုများ ဆက်လက်ထွက်ပေါ်နေသော်လည်း တိုးတက်မှုအချို့ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့သည်။ ​အောက်တိုဘာလ ၈ ရက်နေ့က The Straits Times နှင့် ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတစ်ခုတွင် သမ္မတ မားကိုစ့်က သဘောတူညီချက် ၅ ချက်ပါ အစီအစဉ်(Five-Point Consensus) မှာ လုပ်ငန်းမတွင်ကျယ်သည့်အတွက် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ အာဆီယံ၏ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်ပုံကို ပြန်လည်ပြင်ဆင်မှုစတင်ရန် ဖိလစ်ပိုင်က ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်း သဘောတူညီချက် ၅ ချက်ပါ အစီအစဉ်တွင် ပဋိပက္ခများ ရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် အထူးသံတမန်၏ မြန်မာနိုင်ငံခရီးစဉ် စသည်တို့ ပါဝင်သည်။ ယင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံမှ ရေးဆွဲခဲ့သည့် အခြေခံမူဝါဒဖြစ်သည်။ ​အဆိုပါ သဘောတူညီချက် ၅ ချက်ပါ အစီအစဉ်မှာ “လုံးဝ မှန်ကန်ကြောင်း” သို့သော် လုပ်ငန်းမတွင်ကျယ်ခဲ့ကြောင်း သမ္မတ မားကိုစ့်က ပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့အချိန်မှာ ရှေ့ဆက်နိုင်ခဲ့တဲ့ အစပျိုးဆောင်ရွက်မှုတွေထဲက တစ်ခုပါ။ ဘာလို့လဲဆိုတော့ မေလတုန်းက ဆီဘူး(Cebu) မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကျွန်တော်က မြန်မာ့အရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ပုံအသစ်တစ်ခု လိုအပ်တယ်လို့ အဆိုပြုပြောကြားခဲ့လို့ပါ” ဟု သူက ပြောသည်။ ​“ဒါကြောင့် ကျွန်တော်တို့ အခြားတစ်ခုခုကို လုပ်ဆောင်ခဲ့ရတာပါ။ ဒီနေ့ သတင်းထဲမှာ မြန်မာနိုင်ငံသမ္မတဟာ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့တယ်ဆိုတာ တွေ့လိုက်ရလို့ ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ဒါဟာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အစပြုမှုတစ်ခုပါပဲ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

photo content
+1

photo content
+6

မြန်မာ - ဟောင်ကောင် ယူ-၁၇ အမျိုးသမီးဘောလုံးပွဲ ပထမပိုင်းတွင် သရေရလဒ်ထွက်ပေါ် ရန်ကုန်၊အောက်တိုဘာ ၁၁ ၂၀၂၇ အာရှယူ-၁၇ အမျိုးသမီးဖ
မြန်မာ - ဟောင်ကောင် ယူ-၁၇ အမျိုးသမီးဘောလုံးပွဲ ပထမပိုင်းတွင် သရေရလဒ်ထွက်ပေါ် ရန်ကုန်၊အောက်တိုဘာ ၁၁ ၂၀၂၇ အာရှယူ-၁၇ အမျိုးသမီးဖလား ခြေစစ်ပွဲ အုပ်စု (G) ၏ အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယနေ့ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်နေသည့်မြန်မာ နှင့် ဟောင်ကောင် (တရုတ်) အသင်းတို့၏ ပထမပိုင်းပွဲချိန်တွင် သရေရလဒ်ထွက်ပေါ်နေသည်။ အုပ်စုအတွင်း မြန်မာနှင့် ဟောင်ကောင်အသင်းတို့သည် ဂူအမ်အသင်းကို ၉ ဂိုးပြတ်စီ အနိုင်ရထားကြသဖြင့် ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးနှင့် ဂိုးကွာခြားချက်တို့ တူညီနေပြီး ယနေ့ပွဲရလဒ်သည် အုပ်စုပထမနေရာနှင့် နောက်ဆုံးအဆင့်တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ အဆိုပါခြေစစ်ပွဲအုပ်စု (G) ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပနေခြင်းဖြစ်ပြီး အုပ်စုပထမရရှိသည့်အသင်းသည် ၂၀၂၇ AFC U-17 Women’s Asian Cup နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ပွဲပြီးချိန်အထိ သရေရလဒ်ဖြစ်ပေါ်ပါက အုပ်စုပထမနေရာကို မည်သည့်အသင်းရရှိမည်ဆိုသည်မှာ ပြိုင်ပွဲစည်းမျဉ်းအရ ဆုံးဖြတ်ရမည်ဖြစ်သည်။

photo content
+2

photo content
+9