ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Popular Journal

Popular Journal

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام Popular Journal

تُعد قناة Popular Journal (@popularjournal) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 25 993 مشتركاً، محتلاً المرتبة 9 279 في فئة الأخبار والوسائط والمرتبة 5 560 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 25 993 مشتركاً.

بحسب آخر البيانات بتاريخ 10 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -287، وفي آخر 24 ساعة بمقدار 2، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: موثّقة (مؤكدة رسمياً من تيليجرام)
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 4.40‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.52‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 143 مشاهدة. وخلال اليوم الأول يجمع عادةً 916 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 11 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

25 993
المشتركون
+224 ساعات
-857 أيام
-28730 أيام
أرشيف المشاركات
🌏 11.11.2026 သတင်းအပြည့်အစုံ 🌏 👉လူနှစ်ဦးထက်ပိုပြီး ပါဝင်တဲ့ အိမ်ထောင်ရေးဆက်ဆံမှု ဥပဒေ အမေရိကန်အတည်ပြု 👉ပူတင်နဲ့ ရှီကျင့်ဖ
🌏 11.11.2026 သတင်းအပြည့်အစုံ 🌏 👉လူနှစ်ဦးထက်ပိုပြီး ပါဝင်တဲ့ အိမ်ထောင်ရေးဆက်ဆံမှု ဥပဒေ အမေရိကန်အတည်ပြု 👉ပူတင်နဲ့ ရှီကျင့်ဖျင်တို့နဲ့ တွေ့ဆုံတဲ့အခါ နျူကလီးယားလက်နက်ကိစ္စ ဆွေးနွေးဖို့ ထရမ့် ဆန္ဒရှိကြောင်း ရူဘီယို ဆို 👉ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်စန္ဒာကျော်ကို ခန့်အပ်တာဝန်ပေး 👉ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များ ပုံစံ(၁၅)ထုတ်ယူရမည့်ရက်ကိုအသိပေး 👉နေပြည်တော်၌အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ သူများ ယှဉ်ပြိုင် 👉ရန်ကုန်-ပုဂံ ရထားလက်မှတ်များကို မကြာမီ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည် 👉ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်သည့် နိုင်ငံခြားသားများနှင့် တရားမဝင် ဝင်ရောက်လာသူများကို ဥပဒေအတိုင်း အရေးယူလျက်ရှိ၊ ၅ နှစ်ကျော်အတွင်း ပြည်နှင်သူ ၇၃,၀၀၀ ကျော်ရှိ 👉လျှပ်စစ်သုံး တက္ကစီနှင့် ခရီးသည်တင်ယာဉ်များကို ရန်ကုန်လိပ်စာဖြင့် လျှောက်ထားပါက အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိ 👉ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်း၍ ကလောနှင့် မြို့အချို့ ရေကြီးရေလျှံမှုဖြစ်ပွါးနေ 👉မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်တို့ဆွေးနွေး 👉ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်သည့် နိုင်ငံခြားသားများနှင့် ခိုးဝင်နိုင်ငံခြားသားများအရေး ပြည်သူ့လွှတ်တော်တွင်မေးမြန်းဆွေးနွေး လဝက ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းနှင့် ပြည်နှင်ခြင်းတို့ပြုလုပ်နေ 👉ပဋိပက္ခဒ-ဏ်ခံရသည့် ဒေသများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည် 👉ဖိလစ်ပိုင်ရှိ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်း ၂ နှစ်နှင့်အထက် ပြတ်တောက်ပါက ဒေါ်လာ ၁၅ ဒ-ဏ်ကြေးပေးဆောင်ရမည် 👉အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရို-က်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၀ ဦးကို ထပ်မံလွှဲပြောင်း တစ်နှစ်ကျော်အတွင်း စုစုပေါင်း ၁၄၂၂၂ ဦးကို ထိုင်းနိုင်ငံကတဆင့် လွှဲပြောင်းပေးထား 👉ဟက်ဂ်ဆက်ကို စွပ်စွဲပြစ်တင်ဖို့ ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ဒီမိုကရက်တွေဟာ နိုင်ငံကို အလွဲသုံးစားလုပ်နေတယ်လို့ ထရမ့် စွပ်စွဲ 👉တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ ဟိုတယ်နှင့်တည်းခိုခန်းများ ကြိုတင်ဘိုကင်များဖြင့် ပြည့်နေပြီဖြစ် 👉အကောက်ခွန်က အရေးယူထားသည့်အထွေထွေလူသုံးကုန်ပစ္စည်းများကို လေလံတင်ရောင်းချမည် 👉ကလေးလေးတွေ အာကာသနဲ့အမှန်တကယ်နီးစပ်ခွင့်ရတော့မယ် ဆိုတဲ့ J Fire 👉အိန္ဒိယ၌ ရထားလမ်းချော်၍ လူအများအပြား ဒ-ဏ်ရာရရှိ 👉ဂျပန်တယ်လီကွန်းကုမ္ပဏီကြီး မိုဘိုင်းလ်ဝန်ဆောင်မှုပြတ်တောက် 👉သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ကန်တပ်ဖွဲ့ဝင်တစ်ဦး ဗြိတိန်တွင် ဖမ်းဆီးခံရ 👉အာကာသဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲတွေလုပ်တာက ကလေးတွေကို အမြင်သစ်နဲ့ ဗဟုသုတရစေတယ်ဆိုတဲ့ Project K 👉တောင်ကိုရီးယားတွင် ယာဉ် ၃၂ စီး ဆင့်တို-က်မှုဖြစ်ပွား

အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြ
+4
အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပလျက်ရှိရာသို့ ပြိုင်ပွဲလာ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ဧည့်ပရိသတ်များအတွက် အနုပညာရှင်များမှ ‌ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ နိုင်ငံကျော်အနုပညာရှင်များဖြစ်သော J Fire Project K၊ ဆောင်းဝတ်ရည်မေ၊ မြယာ၊ ဝင်းသပြေထွန်း၊ ဥဩသံသာတို့မှ သီချင်းများသီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပေးခြင်း နှင့် မြန်မာအာကာသအေဂျင်စီမှ အာကသဆိုင်ရာဗဟုသုတ‌မေးခွန်းများနှင့် ဂိမ်းများဆော့ကစားပေးခြင်း၊ Humanoid Robot ရဲ့ အမိုက်စားအကအလှများနှင့် ဖျော်ဖြေတင်ဆက်ပေးခြင်းတို့ဖြင့် အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့‌တွင်လည်း စည်ကားသိုက်မြိုက်ခဲ့သည်။ ယခုကျင်းပလျက်ရှိသည့်  အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ  MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြ
+9
အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပလျက်ရှိရာသို့ ပြိုင်ပွဲလာ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ဧည့်ပရိသတ်များအတွက် အနုပညာရှင်များမှ ‌ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ နိုင်ငံကျော်အနုပညာရှင်များဖြစ်သော J Fire Project K၊ ဆောင်းဝတ်ရည်မေ၊ မြယာ၊ ဝင်းသပြေထွန်း၊ ဥဩသံသာတို့မှ သီချင်းများသီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပေးခြင်း နှင့် မြန်မာအာကာသအေဂျင်စီမှ အာကသဆိုင်ရာဗဟုသုတ‌မေးခွန်းများနှင့် ဂိမ်းများဆော့ကစားပေးခြင်း၊ Humanoid Robot ရဲ့ အမိုက်စားအကအလှများနှင့် ဖျော်ဖြေတင်ဆက်ပေးခြင်းတို့ဖြင့် အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့‌တွင်လည်း စည်ကားသိုက်မြိုက်ခဲ့သည်။ ယခုကျင်းပလျက်ရှိသည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြ
+9
အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့တွင်လည်း အနုပညာရှင်များရဲ့ဖျော်ဖြေမှုနဲ့အတူ စည်ကားနေ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပလျက်ရှိရာသို့ ပြိုင်ပွဲလာ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ဧည့်ပရိသတ်များအတွက် အနုပညာရှင်များမှ ‌ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ နိုင်ငံကျော်အနုပညာရှင်များဖြစ်သော J Fire Project K၊ ဆောင်းဝတ်ရည်မေ၊ မြယာ၊ ဝင်းသပြေထွန်း၊ ဥဩသံသာတို့မှ သီချင်းများသီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပေးခြင်း နှင့် မြန်မာအာကာသအေဂျင်စီမှ အာကသဆိုင်ရာဗဟုသုတ‌မေးခွန်းများနှင့် ဂိမ်းများဆော့ကစားပေးခြင်း၊ Humanoid Robot ရဲ့ အမိုက်စားအကအလှများနှင့် ဖျော်ဖြေတင်ဆက်ပေးခြင်းတို့ဖြင့် အာကာသဆိုင်ရာပြိုင်ပွဲ ဒုတိယနေ့‌တွင်လည်း စည်ကားသိုက်မြိုက်ခဲ့သည်။ ယခုကျင်းပလျက်ရှိသည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်) နှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်ထိ MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ #popularmyanmar #PopularJournal

သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းမပြုသည့် Taxi များ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည် ရန်
သတ်မှတ်ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းမပြုသည့် Taxi များ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည် ရန်ကုန်၊ နိုဝင်ဘာ ၁၁ CNG အသုံးပြု Taxi ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) တွင် အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက အသိပေးကြေညာထားသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ CNG အသုံးပြု Taxi ယာဉ်များအားလုံး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် အသိပေးထားခြင်းဖြစ်သည်။ သတ်မှတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အတွင်း YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးမှုမရှိသည့် ယာဉ်များကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ သို့ဖြစ်ရာ CNG အသုံးပြု Taxi ယာဉ်ပိုင်ရှင်များအနေဖြင့် CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းခံရခြင်း မရှိစေရန် YCTA အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် CNG Sticker ကပ်ခြင်းလုပ်ငန်းများကို သတ်မှတ်ရက်မကျော်မီ အချိန်မီဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်သည်။

လာမည့်နွေရာသီတွင် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ် ၅၀၀၀ ကျော်အထိရှိနိုင်၊ မဂ္ဂါဝပ် ၃၅၀၀ ကျော်သာ ထုတ်လုပ်နိုင်သဖြင့် ဓာတ်အားစနစ်တည်
+2
လာမည့်နွေရာသီတွင် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ် ၅၀၀၀ ကျော်အထိရှိနိုင်၊ မဂ္ဂါဝပ် ၃၅၀၀ ကျော်သာ ထုတ်လုပ်နိုင်သဖြင့် ဓာတ်အားစနစ်တည်ငြိမ်ရေး အချိန်ပိုင်းဝန်အားထိန်းညှိမှုများ ဆောင်ရွက်ရန်လိုအပ်မည်ဟု ဒုတိယဝန်ကြီးပြောကြား နေပြည်တော်၊ နိုဝင်ဘာ ၁၁ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၂၄ နာရီ စွမ်းအားပြည့်ဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး လာမည့် ၂ဝ၂၇ ခုနှစ် နွေရာသီတွင် လုပ်ငန်း Forecast အရ ၅၀၁၀ မဂ္ဂါဝပ် လိုအပ်မည်ဟုခန့်မှန်းထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က ပြောကြားခဲ့သည်။ အမြင့်ဆုံးဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ၃၅၄၀ မဂ္ဂါဝပ်ကိုသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည့်အတွက် ၁၄၇၀ မဂ္ဂါဝပ် ထုတ်လုပ်မှုလျော့နည်းနေမည်ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ထို့ကြောင့် ဓာတ်အားစနစ်တည်ငြိမ်ရေးအတွက်ကို အချိန်ပိုင်းဝန်အားထိန်းညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ ယနေ့(နိုဝင်ဘာ ၁၁ရက်)တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏  လျှပ်စစ်မီးအား ၂၄ နာရီအချိန်ပြည့်ပေးနိုင်ရန် ရေတို၊ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှုရှိမရှိ မေးမြန်းမှုအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က ပြန်လည်ဖြေကြားသည့်အချိန်တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဓာတ်အား ထုတ်လုပ်မှုကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မီးသုံးသူများ၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ နေအိမ် အဆောက်အအုံများ၏ အမိုးများနှင့် ၎င်းတို့၏ ကိုယ်ပိုင်မြေကွက်လပ်များတွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲပြီး ပိုလျှံလျှပ်စစ်ဓာတ်အားကို ဌာနမှဝယ်ယူနိုင်ရေး အတွက် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးအေးကျော်က ပြောကြားခဲ့သည်။ ဓာတ်အားစနစ်တွင် ဓာတ်အားလိုအပ်ချက်နှင့် ထုတ်ပေးနိုင်သည့် ဓာတ်အားစနစ် လိုအပ်ချက်မှာ လက်ရှိများပြားနေသည့် အနေအထားဖြစ်ကြောင်း၊ ၎င်းကို ဖြည့်ဆည်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးရေတိုဆောင်ရွက်နိုင်မည့် ဆိုလာဓာတ်အားပေးစနစ်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစနစ်များ၊ လေအားသုံးဓာတ်အားစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က ဖိုရမ်တစ်ခုလုပ်ပြီး ဖိတ်ခေါ်ရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်၊ ၂၀၄၅-၂၀၄၆ ဘဏ္ဍာရေးနှစ်ဆိုပြီး စီမံချက်များ ရေးဆွဲလုပ်ဆောင်နေကြောင်းနှင့် လက်ရှိ Demand Forecast အရ ထုတ်လုပ်နိုင်မည့်အနေအထားအရ Generation Mix ကို ဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေး မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို
မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေး မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့၏ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေးခြင်းကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၈၇/၂၀၂၆ ဖြင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်ကထုတ်ပြန်ခဲ့သည်။ မန္တလေးတိုင်း၏ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်မြတ်သီတာအောင်၊ ပဲခူးတိုင်း၏ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်စန္ဒာကျော်တို့ကိုခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည် ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့) ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ)တို့အရဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း၊ရုပ်သိမ်း၊စိစစ်ခြင်းလုပ်ဆောင်မည့်ရက်များ UEC အသိပေး
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း၊ရုပ်သိမ်း၊စိစစ်ခြင်းလုပ်ဆောင်မည့်ရက်များ UEC အသိပေး နေပြည်တော်၊ နိုဝင်ဘာ ၁၁ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် ပတ်သက်သည်နေ့ရက်များကို ယနေ့ နိုဝင်ဘာ ၁၁ ရက်ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အသိပေးထုတ်ပြန်ထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်သည် ဒီဇင်ဘာ ၇ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတင်သွင်းရမည့်နေရက်သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထိုပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်ကြောင်း အသိပေးထားသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့် နေ့ရက်ကိုမူ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၉ရက်အထိ သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

ရန်ကုန်မြို့တွင် တရားမဝင် ရေဆက်သွယ်သုံးစွဲပါက ငါးသိန်းအထိ ငွေဒဏ်ချမှတ်မည် ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖေ
ရန်ကုန်မြို့တွင် တရားမဝင် ရေဆက်သွယ်သုံးစွဲပါက ငါးသိန်းအထိ ငွေဒဏ်ချမှတ်မည် ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ ရေခိုးသွယ်ယူခြင်းနှင့် တရားမဝင် ရေဆက်သွယ်အသုံးပြုခြင်းများ ပြုလုပ်ပါက ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာသည်။ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ဆက်သွယ်ယူခြင်း၊ ဆင့်ပွားပိုက် တပ်ဆင်ခြင်းနှင့် မော်တာ သို့မဟုတ် တုံကင်သုံး၍ ရေရယူခြင်းများကို တားမြစ်ထားသည်။ မူလတပ်ဆင်ထားသည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းနှင့် တိုးချဲ့ခြင်းများ မပြုလုပ်ရန်လည်း ပါဝင်သည်။ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ (ဂ) အရ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်ကျခံရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးစနစ်မှတစ်ဆင့် ရေရယူသုံးစွဲလိုပါက YCDC ၏ www.ycdc.gov.mm ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အိမ်ရေဆက်သွယ်ခွင့် လျှောက်လွှာဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်ရေဖြန့်ဖြူးရေးရုံးများတွင်ဖြစ်စေ တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးထား သည်။

ကလော၊ အောင်ပန်းနှင့် ရွှေညောင်မြို့တို့ရှိ ရေဝင်နေသည့်နေအိမ်များမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီ ရှမ်းပြည်နယ်တ
+7
ကလော၊ အောင်ပန်းနှင့် ရွှေညောင်မြို့တို့ရှိ ရေဝင်နေသည့်နေအိမ်များမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော၊အောင်ပန်းနှင့်ရွှေညောင်မြို့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရွှေညောင်မြို့နယ်အတွင်းရှိ ရေဝင်နေသည့်နေအိမ်များမှ ပြည်သူအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။ ယနေ့(နိုဝင်ဘာ ၁၁ ရက်)တွင်လည်း တာယောရပ်ကွက် အနိမ့်ပိုင်းရှိ ရေဝင်နေသည့်နေအိမ်များမှ ပြည်သူအချို့ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီ၏ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ရေလွတ်ရာနေရာများသို့ ရွှေ့ ပြောင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာ သွန်းခဲ့ခြင်းကြောင့် ကလော၊ အောင်ပန်းအပါအဝင် မြို့အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် တောင်ပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-Hlaing Min Oo

ရေတာရှည်မြို့အနီးကို ဗဟိုပြု၍အင်အားရစ်ချ်တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် လှုပ်ခတ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၇ မိနစ
ရေတာရှည်မြို့အနီးကို  ဗဟိုပြု၍အင်အားရစ်ချ်တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် လှုပ်ခတ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၇ မိနစ် ၁၅ စက္ကန့်တွင် မြန်မာနိုင်ငံပြည်တွင်း၌ အင်အားရစ်ချ်တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမြေငလျင်သည် တောင်ငူမြေငလျင်စခန်း၏မြောက်-အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာ၊ ရေတာရှည်မြို့၏ မြောက်-အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြေငလျင်၏ ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၁၉.၃၆ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၆.၄၁ ဒီဂရီ၊ အနက် ၁၂ ကီလိုမီ တာတွင် တည်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရသည်။

နေပြည်တော်အတွင်းရှိ မြေကွက်များတွင် မြက်နှင့်ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန် စည်ပင်သာယာရေးကော်မတီ အသိပေး နေပြည်တော်၊ နိုဝ
နေပြည်တော်အတွင်းရှိ မြေကွက်များတွင် မြက်နှင့်ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန် စည်ပင်သာယာရေးကော်မတီ အသိပေး နေပြည်တော်၊ နိုဝင်ဘာ ၁၁ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လူနေထိုင်သည့် မြေကွက်များနှင့် လူနေထိုင်ခြင်းမရှိသည့် မြေကွက်များအတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများကို မြေကွက်ပိုင်ရှင်များက မိမိအစီအစဉ်ဖြင့် ရှင်းလင်းပေးရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။ ယခုကာလသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် လိုအပ်သည့်အပြင် မြို့တော်သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ယခုကဲ့သို့ အသိပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်များအတွင်းရှိ လူနေထိုင်သည့် မြေကွက်နှင့် လူနေထိုင်ခြင်းမရှိသည့် မြေကွက်များ၏ ပိုင်ရှင်များ သို့မဟုတ် မြေကွက်နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအနေဖြင့် မိမိတို့မြေကွက်အတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများအပြင် မြေကွက်မျက်နှာစာရှိ ခြံစည်းရိုးနှင့် လမ်းနယ်နိမိတ်အကြားတွင် ပေါက်ရောက်နေသည့် အမြင်မတင့်တယ်သော မြက်နှင့် ချုံနွယ်ပိတ်ပေါင်းများကိုလည်း မိမိအစီအစဉ်ဖြင့် ရှင်းလင်းဖယ်ရှားပေးရန် လိုအပ်ကြောင်း အသိပေးထားသည်။ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက တိုက်တွန်းထားသည်။

MRCS က လေးမျက်နှာမြို့နယ် ရေဘေးသင့်အိမ် ထောင်စု ၃၃၄ စုကို ငွေကျပ်သိန်း ၁၂၀၀ ကျော် ထောက်ပံ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိ
+3
MRCS က လေးမျက်နှာမြို့နယ် ရေဘေးသင့်အိမ် ထောင်စု ၃၃၄ စုကို ငွေကျပ်သိန်း ၁၂၀၀ ကျော် ထောက်ပံ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် ကျေးရွာငါးရွာမှ အိမ်ထောင်စု ၃၃၄ စုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘက်စုံသုံးငွေသားထောက်ပံ့မှုအဖြစ် စုစုပေါင်း ကျပ် ၁၂၀၂ ဒသမ ၄ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ယနေ့အသိပေးချက်အရ သိရသည်။ အဆိုပါထောက်ပံ့မှုကို နိုဝင်ဘာ ၁၀ ရက်က ကွမ်းခြံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သရက်ကန်၊ ညောင်ပင်ဝဲ၊ ကွမ်းခြံကုန်း၊ မသဲကုန်းနှင့် ရွှေကညင်ပင်ကျောင်းစုကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စုတစ်စုလျှင် ကျပ် ၃၆၀,၀၀၀ စီ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသည့် ကြက်ခြေနီစေ တနာလုပ်အားရှင်များက ကျေးရွာများအတွင်း ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး QR Code System အသုံးပြုကာ အိမ်ထောင်စုများထံ ငွေသားထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းကို မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS) က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ကြက်ခြေနီဝန်ထမ်းများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်တွင် မာန်အောင်နှင့် တောင်ကြီးမြို့တို့၌ မိုးရေချိန်စံချိန်သစ် တိုင်းထွာရရှိ နေပြည်တော်၊ နိုဝင်ဘာ ၁၁ ယနေ့ (နိုဝ
နိုဝင်ဘာ ၁၁ ရက်တွင် မာန်အောင်နှင့် တောင်ကြီးမြို့တို့၌ မိုးရေချိန်စံချိန်သစ် တိုင်းထွာရရှိ နေပြည်တော်၊ နိုဝင်ဘာ ၁၁ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)တွင် ထုတ်ပြန်သည့် မိုးလေဝသတိုင်းထွာချက်များအရ မာန်အောင်မြို့နှင့် တောင်ကြီးမြို့တို့၌ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်များ စံချိန်တင် ရွာသွန်းခဲ့သည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ တိုင်းထွာချက်အရ မာန်အောင်မြို့တွင် မိုးရေချိန် ၁၆၁ မီလီမီတာ (၆.၃၄ လက်မ) ရွာသွန်းခဲ့သဖြင့် ၅၃ နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ် တင်ခဲ့သည်။ မာန်အောင်မြို့၏ ယခင်စံချိန်မှာ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တိုင်းထွာရရှိခဲ့သည့် ၁၄၀ မီလီမီတာ (၅.၅၁ လက်မ) ဖြစ်သည်။ ထို့ပြင် တောင်ကြီးမြို့တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့၌ မိုးရေချိန် ၁၀၃ မီလီမီတာ (၄.၀၅ လက်မ) ထိ ရွာသွန်းခဲ့ပြီး ၅၂ နှစ်အတွင်း စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့၏ ယခင် မိုးရေချိန် စံချိန်ဟောင်းမှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရရှိခဲ့သည့် ၈၀ မီလီမီတာ (၃.၁၅ လက်မ) ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၄ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထား ရန်ကုန်တို
+1
ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၄ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထား ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်ခွင့်ပြုချက်ရရှိထားသည့် စက်သုံးဆီအရောင်းဆိုင် ၂၂၃ ဆိုင်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလိုင်စင် ယာယီရပ်ဆိုင်းထားသည့် ဆိုင် ကိုးဆိုင်ရှိကာ လက်ရှိတွင် ဆိုင်ပေါင်း ၂၁၄ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ရောင်းချနေသည့် ဆိုင် ၂၁၄ ဆိုင်တွင် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်လည်း ပါဝင်ကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို စုံ/မ ရက်အလိုက် သတ်မှတ်ချက်များနှင့်အညီ ယာဉ်၏ Wheel Tax တွင်ပါရှိသည့် QR/Bar Code ကို Scan ဖတ်၍ ယာဉ်တစ်စီးချင်းစီအတွက် သတ်မှတ်ပေးထားသည့် ဆီပမာဏ (Quota) အတိုင်း ရောင်းချပေးနေခြင်းဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပြုထားကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ချင်းစီအတွက် ဆီခွဲတမ်း (PO) ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (PTSC) ၏ ကြီးကြပ်စိစစ်လမ်းညွှန်မှုဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း တစ်ပတ်စာ ခွဲဝေပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဆီခွဲတမ်းကို ဆိုင်တစ်ဆိုင်ချင်းစီ၏ ပြီးခဲ့သည့် ခုနစ်ရက်အတွင်း QR/Bar Code Scan ဖတ်၍ ရောင်းချခဲ့သည့် ပမာဏအပေါ် အခြေခံတွက်ချက်ခွဲဝေပေးခြင်းဖြစ်ပြီး ကြာသပတေးနေ့တွင် ခွဲဝေပေးသည့် ဆီကို သောကြာနေ့မှစတင်ကာ နောက်တစ်ပတ် ကြာသပတေးနေ့အထိ ရောင်းချနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ ထို့ပြင် ဆိုင်တစ်ဆိုင်ချင်းစီ၏ ရောင်းအားမြင့်တက်လာပြီး ခွဲဝေပေးထားသည့် ဆီပမာဏ မလုံလောက်ပါက QR Application မှ ရောင်းအားကို စိစစ်ပြီး Additional PO (ထပ်ဖြည့်ဆီခွဲတမ်း) ဖြင့် ထပ်မံဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။ အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးကြီးနှင့် အရေးပေါ်ယာဉ်များအပြင် အိမ်သုံးမီးစက်များ၊ စိုက်ပျိုးရေးသုံးယာဉ်များ၊ စက်တပ်သမ္ဗာန်နှင့် လှေများကဲ့သို့ QR စနစ်ဖြင့် ဆီဝယ်ယူရန် အခက်အခဲရှိသည့် ကိစ္စရပ်များအတွက်လည်း ဆီအမျိုးအစားအလိုက် ငါးရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း ထပ်မံဖြည့်စွက်ခွဲဝေထားပြီး စာရင်းမှတ်စနစ် (Non QR) ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့သော် Non QR စနစ်ဖြင့် ရောင်းချရာတွင်လည်း စနစ်တကျ စိစစ်မှတ်တမ်းတင်ရောင်းချရန် လိုအပ်ပြီး သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုရောင်းချပါက ဆိုင်၏ နောက်တစ်ပတ် ဆီခွဲတမ်းရရှိမှုအပေါ် လျော့နည်းသက်ရောက်နိုင်ကြောင်း သိရသည်။ ယခုနိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင်အချို့၌ ဆီပြတ်လပ်မှုနှင့် ယာဉ်တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ခြင်းမှာ ယခင်အပတ် QR ရောင်းအားကို အခြေခံ၍ ဆီခွဲတမ်းတွက်ချက်ထားခြင်း၊ သီတင်းကျွတ်ကာလအပြီး ခရီးသွားလာမှုနှင့် စက်သုံးဆီသုံးစွဲမှု မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားထားသည်။ ထို့အပြင် နိုဝင်ဘာ ၅ ရက်သည် ကြာသပတေးနေ့ဖြစ်သည့်အတွက် ယခင်တစ်ပတ်စာ ဆီခွဲတမ်းကုန်ဆုံးချိန်နှင့် တိုက်ဆိုင်နေခြင်း၊ ခရီးသွားပြီး ပြန်လည်ရောက်ရှိလာသည့် ယာဉ်အများစုမှာ သတ်မှတ်ထားသည့် တစ်ပတ်စာ Quota ပြည့်သွား၍ ဆီပြန်လည်ဝယ်ယူကြခြင်းနှင့် ဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်စိတ်ဖြင့် ဝယ်ယူမှုများပြားလာခြင်းတို့လည်း ယာဉ်တန်းစီမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့တွင် တစ်ပတ်စာဆီခွဲတမ်းကို နံနက်ပိုင်း၌ ထုတ်ပေးခဲ့ပြီး ညနေပိုင်းတွင် ဆီဆိုင်များသို့ ရောက်ရှိဖြည့်တင်းနိုင်ခဲ့သည့်အတွက် ညနေပိုင်းနှင့် ညဦးပိုင်းတွင် ဆိုင်အများစု၌ ဆီပြန်လည်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စက်သုံးဆီသုံးစွဲသူများအနေဖြင့် ဆီပြတ်လပ်တော့မည်ကို စိုးရိမ်ပြီး အလျင်စလို ဝယ်ယူခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ လိုအပ်ချက်အရ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူကြရန် တာဝန်ရှိသူက အသိပေးပြောကြားထားသည်။ လက်ရှိတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အချိန်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်သည့် ဆီပြတ်လပ်မှုများကိုလည်း ထပ်မံဖြည့်တင်းပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အာကာသပြိုင်ပွဲဝင် ကလေးတွေရဲ့ ဉာဏ်စွမ်းက ကိုယ်တွေထက် အများကြီးသာတယ်ဆိုတဲ့ ဝင်းသပြေထွန်း "ကျောင်းသား၊ ကျောင်းသူတွေရဲ့ အာကာသကို အရမ်းစိတ်ဝင်စားပြီး ပန်းချီလက်ရာတွေကိုလည်း တွေ့ရတယ်။ ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်စွမ်းတွေက ကိုယ်တွေထက် အများကြီး ကြီးကျယ်မြင့်မြတ်လာတယ်။ ကလေးတွေလိုပဲ ကိုယ်လည်း အာကာသထဲကို ကလေးဘဝကတည်းက ရောက်ချင်တာ၊ အဲဒီစိတ်ကူးနဲ့ ကလေးတွေနဲ့အတူ ရောပြီး ပျော်ရပါတယ်" - ဝင်းသပြေထွန်း