en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ ---------------- စက်တင်ဘာ၊၃၀ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာ‌တွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။"လို့ ဒေသခံက ဆိုပါတယ်။ လက်ရှိ အွန်လိုင်းပေါ်ကနေ ဈေးရောင်းသူတွေ၊ စီးပွားရေးသမားတွေ အစရှိသူတွေက အသုံးများနေပြီး အခုလို သုံးနေရတဲ့အပေါ် အထက်ပါ ဒေသခံက "သတင်းအချက်အလက်တွေ ဖြတ်တာတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ မရဘူးဆိုတာထက် အခုလို ရနေတာကတော့ ဘာပဲပြောပြော နည်းနည်းထွက်ပေါက်ရှိတဲ့ သဘောပေါ့။ သုံးတာကတော့ အွန်လိုင်းပေါ်က ဈေးရောင်းတဲ့သူတွေ၊ ကျောက်ရောင်းဝယ်ရေး လုပ်တဲ့သူတွေ အများပိုင်း တွေ့ရပါတယ်။ သုံးတဲ့သူကတော့ တန်အောင် သုံးရတာပေါ့။ မရှိတာထက်စာရင်‌တော့ ကောင်းပါတယ်"လို့ သူက ပြောပါတယ်။ အခုလို ငွေပေးသုံးနေရတာဟာ ရက်(၂၀)လောက်ရှိနေပြီဖြစ်ပြီး အင်တာနက်လိုင်း အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုတယ်လို့လည်း ဆိုပါတယ်။ ဖားကန့်မြို့နယ်မှာ ဩဂုတ်လ (၂၀) ရက်နေ့ကတည်းက အင်တာနက်လိုင်းတွေ ဖြတ်လိုက်ပြီး လက်ရှိအချိန်ထိ ဖြတ်တောက်ခံထားရဆဲလည်း ဖြစ်ပါတယ်။

ပူတာအို PDF စစ်ကြေငြာပြီးနောက် စစ်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ပူတာအိုခရီးစဥ်မသေချာဖြစ်နေ 29 Sep 2021 By MPA စစ်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလဆန်းပိုင်း အတွင်း ကချင်ပြည်နယ်အတွင်း ဒေသများသို့ သွားရောက်ရန် စီစဥ်ထားသော်လည်း ခရီးစဥ် ပျက်ပြယ်နိုင်ဖွယ်ရှိကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။ '' အစက လူကြီးလမ်းကြောင်းက ဒီစနေ၊တနဂ်နွေလို့ ​ကြားတယ်။ နောက်ပြီးရက်ရွှေ့တယ်လို့လည်း ကြားတယ်။ လူကြီးလမ်းကြောင်း ပျက်တယ်လည်းကြားတယ်။ ရက်ပိုင်းအတွင်း ၂ ခေါက်ပြန်လာတာတော့ရှားပါတယ်။ ဒုချုပ်လမ်း ကြောင်းလို့ လည်းကြားတယ်။ အမျိုးမျိုးကြားနေတာဘဲ။ ထုံးစံကတော့ လာတာမလာတာထက် ဒီဘက်ကတော့အကုန် Stand by ပြင် ထားရတာဘဲ။ လာ မလာ တော့ မသေချာတော့ဘူး။ '' ဟု မပခ တပ်မိသားစုဝင်တဦးက MPAသို့ ပြောသည်။ လက်ရှိတွင် မြစ်ကြီးနားမြို့အပါအဝင် ကချင် ပြည်နယ်မြို့နယ်များ အတွင်း ဆက်လက်၍ လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် စစ်ခေါင်း ဆောင်၏ ကချင်ပြည် နယ်ခရီးစဥ်အတွင်း လုံ ခြုံရေးအခြေအနေအရ မသွားရောက်ခဲ့ရသည့် ပူတာအို၊ ခေါင်လန်ဖူးဒေသများရှိ ရဝမ် ဌာနေပြည် သူ့စစ်များ၊ နယ်ခြားစောင့်တပ်များနှင့် တွေ့ဆုံရန်ဆန္ဒရှိနေကြောင်း သိရသည်။ အဆိုပါ ပထမအကြိမ်ခရီးစဥ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက ပူတာအိုမြို့ သို့ စစ်ခေါင်းဆောင်၏လုံခြုံရေးတပ်ဖွဲ့များကို ဖြတ်သန်းခွင့်မပြုခဲ့ဘဲ ယခုတခေါက် တကျော့ပြန် ခရီးစဥ်အတွက်လည်း ပူတာအို PDFတပ်ဖွဲ့မှလည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ကနီPDFရဲ့ ခုခံတိုက်ပွဲတွေအတွင်း ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ ဧပြီလအတွင်းကနေ စတင်ပြီး ဒီကနေ့ အထိ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲများစွာ ဆင်နွှဲထားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၆ဦး ကျဆုံးခဲ့ရတယ်လို့ People's Defense Force (Kani) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ရက်နေ့မှာ People's Defense Force (Kani) ရဲ့ ထုတ်ပြန်ချက်တွေအရ ကနီမြို့နယ် ကနီမြို့နယ်စပ်ဒေသတွေမှာ ဧပြီလကနေ ဇူလိုင်လအထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ကနီ PDFတို့ တိုက်ပွဲပေါင်း ၃၅ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော် ၃၅ဦးဟာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေယာဉ်ကိုလည်း နေရာ ၄ခုကနေ ခုခံတိုက်ပွဲဆင်နွှဲခဲ့ရာမှာ ပြည်သူ့ရဲဘော်တစ်ဦး ထပ်မံကျဆုံးခဲ့ရပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၅ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးသူရဲကောင်းတွေနဲ့ ပက်သက်ပြီး ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စုပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ People's Defense Force (Kani)က ကြေညာထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သာလွန်တဲ့ လက်နက်အင်အား လက်နက်ကြီးတွေကို အသုံးပြုကာ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ခေတ်မှီလက်နက်ကရိယာတွေ အမြန်လိုအပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၃၀ ဒီကနေ့ မနက်ပိုင်းမှာ အမေရိကန်ဒေါ်လာစျေးက ပြန်လည်ကျဆင်းလာပြီး အမေရိကန် တစ်ဒေါ်လာကို ရောင်းစျေး ၂,၄၅၀ ထိ ရောက်ရှိလာပါတယ်။ အမေရိကန်တစ်ဒေါ်လာကို ရောင်းဈေး ၂,၄၅၀ နဲ့ ဝယ်ဈေး ၂,၃၀၀ အထိ ကျဆင်းလာခဲ့ကြောင်း ရန်ကုန်မြို့တွင်း ငွေလဲကောင်တာတစ်ခုက Mercury Media ကို ပြောကြားလာပါတယ်။ ဒေါ်လာစျေး ပြန်လည်ကျဆင်းလာပေမယ့် စျေးကွက်အတွင်း အရောင်းအဝယ်နည်းပါးနေသေးကြောင်း သိရပါတယ်။ #Mercury_Media #Mercury_Local_News #ဒေါ်လာ #ကျဆင်း

ရန်ကုန်၊ ယုဇနဥယျာဉ်မြို့တော်တွင် ယနေ့ည စစ်ကားလှည့်လည်ချိန် ဗုံးပေါက်၊ စစစ်သားတချို့ ထိခိုက်မှုရှိနိုင်ပြီး ပရဟိတလူငယ် ၂၀ နီးပါးကို စစ်တပ် က ရိုက်နှက်ဖမ်းဆီး ရန်ကုန်၊ စက်တင်ဘာ ၂၉ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ယနေ့ည ၉ နာရီ ၂၃ မိနစ်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များက အနီးအနားမှ ပြည်သူများကို ရိုက်နှက် စစ်ဆေး ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရှိရသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် ၁၄ လမ်းထိပ် ၊ A/B ကြားတွင် ယနေ့ည၉ နာရီ ၂၃ မိနစ်အချိန်ခန့်က ကျယ်လောင်သော အသံဖြင့် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယုဇနဥယျာဉ်မြို့တော်အခြေစိုက် ပရဟိတအသင်း ၂ ခုမှ လူငယ် ၂၀ နီးပါးကိုစစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။ "ဗုံးပေါက်တာကတော့ အရမ်းအင်အားပြင်းတယ်။ စစ်ကားလာတဲ့အချိန် ဗုံးကပေါက်တာ။စစ်သား အသေအပျောက်နဲ့ ဒဏ်ရာရတာရှိနိုင်တယ်။ သူတို့ကားအလာအချိန်မှာ ဗုံးက ပေါက်တာဆိုတော့။ အဲဒါ 9B သဘာ၀ဓမ္မဂယာပရဟိတအသင်းနဲ့ ယုဇန YEG ပရဟိတအသင်းက လူငယ် ၂၀ လောက်ကို အကုန် စစ် တပ်က ရိုက်နှက်ဖမ်းသွားတယ်။ မတရားဘူး ပရဟိတလုပ်နေတဲ့လူတွေကို ရိုက်နှက်ဖမ်းတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း တောင်ဒဂုံ၊ ၅၇ ရပ်ကွက်၊ မြကန်သာအနီး စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားချိန် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ACPLF က လုပ်ဆောင်ကြောင်း အာဏာ သိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - ACPLF ကထုတ်ပြန်ထားသည်။

လွိုင်ကော်တစ်မြို့လုံး လက်နက်ကြီးပစ်သံများ ဆူညံနေပြီး ကုန်းသာမှာ နေအိမ်မီးလောင် လက်နက်ကြီးထိတာလို့ ထင်ရပါတယ်။ ပဒါးညေးနှင့်ကယန
လွိုင်ကော်တစ်မြို့လုံး လက်နက်ကြီးပစ်သံများ ဆူညံနေပြီး ကုန်းသာမှာ နေအိမ်မီးလောင် လက်နက်ကြီးထိတာလို့ ထင်ရပါတယ်။ ပဒါးညေးနှင့်ကယန်း​ကြခူ ရွာတွင်လည်း လက်နက်ကြီးပစ်နေသည်။ ဘေးကင်းကြပါစေပြည်သူများ နှင့် KA KNDFများ🙏🙏🙏 29.9.2021 #News Light in Karenni

စစ်ကောင်စီ၏ စစ်ကား ၄၀ ကျော်ပါ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီမှ အကျအဆုံးများ၊ ဖယ်ခုံ PDF မှ ၄ ဦး ကျဆုံး၊ တိုက်ပွဲဖြစ်ပွားနေဆဲ ရန်ကုန်၊ စက်တင်ဘာ ၂၉ ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲနှင့် လွိုင်ကော်ကြားရှိ ကုန်းသာကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆ ၏ စစ်ကား ၄၀ ကျော်ပါ စစ်ကြောင်းအား ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီတပ်ဖွဲ့များမှ ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ပိတ်ဆို့တိုက်ခိုက်နေကာ စစ်ကောင်စီဘက်မှ အကျအဆုံးများကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း အကျအဆုံးရှိကြောင်း သတင်းရရှိသည်။ ကုန်းသာကျေးရွာတိုက်ပွဲတွင် ဖယ်ခုံ PDF (အင်းအရှေ့ခြမ်း)မှ တပ်ဖွဲ့ဝင် ၃၀၀ ခန့် ဝင်တိုက်ခိုက်နေကြောင်းနှင့် တပ်ဖွဲ့ဝင်လေးဦးကျဆုံးသွားကြောင်း ဖယ်ခုံ PDF မှ ထုတ်ပြန်သည်။ တိုက်ပွဲသည် ပြင်းထန်သလို စစ်ကောင်စီစစ်ကြောင်းသည် ပိတ်ဆို့ တိုက်ခိုက်ခံရသည့်အတွက် အကျအဆုံးများပြားကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းသာကျေးရွာအတွင်း ပိတ်မိနေကြောင်းနှင့် မိုးဗြဲ-လွိုင်ကော် ကားလမ်းရှိ ကုန်းသာကျေးရွာနှင့် ဝါရီကောခူကျေးရွာကြားတွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သတင်းရရှိသည်။ ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဖယ်ခုံမြို့အခြေစိုက် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကြောင်း ဖယ်ခုံ PDF မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီး ၂ လုံး အဆိုပါ စစ်ကောင်စီတပ်၏ ဘားတိုက်အပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လက်ရှိအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲကာ အများပြည်သူနေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဖယ်ခုံ PDF မှ ယနေ့ ထုတ်ပြန်ထားသည်။

[10:45pm] လှိုင် ဘူတာရုံလမ်း အင်းစိန်လမ်းမ ငွေဇင်ယော် ဆီဆိုင်ရှေ့မှာ စစ်ခွေးတစ်အုပ်စုရောက်နေမျက်နှာချင်းဆိုင်ကတိုက်နဲ့နန်းဟိုက်ဆိုင်ရှိတဲ့တိုက်ကို တံခါးခေါက်ပြီးဧည့်စာရင်းလိုက်စစ်နေ အင်အား ၂၅ယောက်ခန့် အဖမ်းခံရသူများရှိတယ်လို့သိရပါတယ်။ 📌 Hlaing Information

အမှုများကို မကျုးလွန်ခဲ့သဖြင့် အပြစ်မရှိဟု တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို နေပြည်တော်၊ စက်တင်ဘာ ၂၈ ယနေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သီးသန့်တရားရုံး၊ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ဦးမျိုးအောင်တို့ကိုစွဲဆိုထားသည့် ပုဒ်မ ၅၀၅-ခ (အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားစေမှု) အမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို ရှေ့နေများက စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦးကို “အပြစ်ရှိပါသလား” ဟု မေးမြန်းခဲ့ရာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဒီနေ့မှာ ၅၀၅-ခ အမှုနဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေနှစ်ဦးကို ပြန်ပြီးစစ်ဆေးပါတယ်။ စစ်ဆေးပြီးသွားတဲ့အခါမှာ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမျိုးအောင်ကို “အပြစ်ရှိပါသလား” လို့ မေးပါတယ်။ သုံးဦးစလုံးက “အပြစ်မရှိပါဘူး” လို့ ပြန်ဖြေပါတယ်။ “ဘာကြောင့် အပြစ်မရှိတာလဲ” လို့ တရားသူကြီးက ပြန်မေးပါတယ်။ “အမှုများကို ကျုးလွန်ထားခြင်းမရှိခဲ့တာကြောင့် အပြစ်မရှိဘူူး” လို့ သုံးဦးစလုံးက ပြန်ဖြေပါတယ်။” ဟု ယနေ့တရားခွင်အခြေအနေနှင့်ပတ်သက်ပြီး ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပြသည်။ ယနေ့တွင် ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး တရားလိုနှင့် သက်သေများအားစစ်မေးခြင်းအစီအစဉ်များပြီးသွားပြီဖြစ်သည့်အတွက် လာမည့်အပတ် အင်္ဂါနေ့ရုံးချိန်းတွင် အမှုစီမံခန့်ခွဲခြင်းအစီအစဉ် (တရားစွဲခံထားရသူများကို စစ်မေးမည့် ရုံးချိန်းများကိုစီမံခန့်ခွဲခြင်း) ကို ပြုလုပ်မည်ဖြစ်သည်။ ယခုရက်သတ္တပတ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်သည့် ရုံးဖွင့်ရက် လေးရက်လုံး တရားရုံး၊ ရုံးချိန်းများ ရှိနေသည့်အတွက် ၎င်း၏ကျန်းမာရေးထိခိုက်လာမည်ကိုစိုးရိမ်သဖြင့် ရုံးချိန်းခွာပေးရန် တရားသူကြီးကိုလျှောက်ထားခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း ရှေ့နေများက ဆိုသည်။ “ဒီတစ်ပတ်မှာ တရားရုံးက ၄ ရက်ဆက်တိုင်းဖြစ်နေတဲ့အခါကျတော့ အမေစုရဲ့ ကျန်းမာရေးအခြေအနေထိခိုက်မှာစိုးရိမ်လို့ နောက်တစ်ပတ်မှာ အနားပေးဖို့ တင်ပြခဲ့တာပါ။ ဒါပေမယ့် တရားသူကြီးက သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ တရားခွင်ကို ဆက်လက်ကျင်းပသွားမယ်လို့ပြောပါတယ်။ အမေကတော့ “အဆင်ပြေသလိုလုပ်ပါ” လို့ပြောပါတယ်။” ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ဆိုသည်။ ယနေ့ တရားရုံးကိုရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းလည်း ၎င်းကပြောသည်။ Burma Associated Press

စစ်ကောင်စီက အပစ်ရပ် သက်တမ်း ၅ လ ထပ်တိုးကြောင်း ကြေညာ ဧရာဝတီ၊ စက်တင်ဘာလ၂၇၊ ၂၀၂၁ နိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ရည်ရွယ်ကာ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေ ဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ အပစ်ရပ်ဆိုင်းပေးပါကြောင်း စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ညပိုင်းတွင် ထုတ်ပြန် ကြေညာလိုက်သည်။ အပစ်ရပ်ဆိုင်းပေးသည်ဟု ဆိုသော်လည်း ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲ နိုင်ငံတဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ တော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပသာ ရပ်ဆိုင်းပေးမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။ စစ်ကောင်စီက ၎င်းတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် ကြိုးစားဆောင်ရွက်နေသည်ဟူသည့် အချက်များကို အပစ်ရပ်ကြေညာချက်ထဲတွင် ထည့်သွင်းရေးသားထားပြီး တဖက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အစွန်းရောက်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ ကာ ကွယ်ရေးတပ် (PDF) တို့က အကြမ်းဖက်လုပ်ရပ်များ လုပ်နေကြောင်း၊ လူထုကိုပါ နှိပ်စက်သတ်ဖြတ်မှုများ လုပ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်း အားလုံးက သိရှိရန် လိုပါသည်ဟု ထည့်သွင်း ရေးသားထားသည်။ စစ်ကောင်စီသည် အပစ်ရပ်ဆိုင်းကြောင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစ၍ လပိုင်းအလိုက် သက်တမ်းတိုးလာသည်မှာ ယခုအခါ အကြိမ် ၂၀ ရှိပြီဖြစ်သည်။ ထိုသို့ အပစ်ရပ်ဆိုင်းကြောင်း သက်တမ်းများတိုးလာသော်လည်း စစ်ကောင်စီသည် အာဏာမသိမ်းခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်နယ်များတွင် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားသည့်အပြင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စစ်အင်အားတိုးချဲ့ခြင်း၊ စစ် ဆင်ရေးလုပ်ခြင်းများကို ရပ်ဆိုင်းခြင်း မရှိခဲ့ပါ။ အာဏာသိမ်းပြီးနောက်တွင်လည်း အာဏာသိမ်းလုပ်ရပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ အားလုံး ပြိုပျက်သွား သည့်အပြင် ကရင်၊ ကချင်၊ ချင်း၊ ကိုးကန့် ၊ ကရင်နီ စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက် ခိုက်နေသည့်အပြင် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး ရည် ရွယ်ချက်ဖြင့် အသစ်ပေါ်ပေါက်လာသည့် PDF တပ်များနှင့်လည်း ပြည်နယ်နှင့် တိုင်းအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ #whathappeninginmyanmar #RejectMilitaryCoup

[10:55pm] လှိုင် ၁၆ရပ်ကွက် မာလာမြိုင် ၆လမ်း အရှေ့ပေ ၅၀မှာဧည့်စာရင်းစစ်နေ အဖမ်းခံရသူ၆ဦးခန့်ရှိ 📌 Hlaing Information

မြို့တွင်းတိုက်ခိုက်မှုသတင်း ===== ၂၀၂၁ စက်တင်ဘာလ ၂၇ မနက်ပိုင်း ၁၀ နာရီမှ ၁၁နာရီအကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ CDF-Thantlang ရဲဘော်များ မြို့တွင်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ငါးကောင်ထက်မနည်းသေဆုံးပြီး ဒါဏ်ရာရရှိသူအ​များအပြားရှိမည်ဟုယူဆရပါသည်။ မိမိတို့ CDF ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပေ။ မြို့တွင်း ပြည်သူပိုင် အိမ်၊ဆိုင်ပစ္စည်း များ ဖျက်ဆီး ခိုးယူ ထားသည်ကို တွေ့ရှိပါ က တွေ့သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း သတိပေး အကြောင်းကြားလိုက်ပါသည်။ စစ်ကောင်စီ တပ်မတော်သားများ နှင့်ရဲတပ်သားများ အနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-Thantlang အနေဖြင့် လိုက်လိုက်လဲလဲကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေး တိုက်တွန်းလိုပါသည်။

ဒီမောဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စခလက်နက်တချို့ DMO PDFမှ သိမ်းစည်းရမိခဲ့သည်။ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြား
ဒီမောဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စခလက်နက်တချို့ DMO PDFမှ သိမ်းစည်းရမိခဲ့သည်။ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ

မန္တလေး ကညနရုံးဗုံးပေါက်ကွဲမှု အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရ ------------------------ မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနရုံး (ကညန) တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး ထိခိုက် ဒဏ်ရာရကြောင်း ကနဦးသတင်းများအရသိရသည်။ " ပွဲစားလက်သေးလေးတွေ ၁၀ ယောက်လောက်ထိကြတယ်၊ ဗုံးက လူအုပ်ထဲ ပစ်ချသွားတာဆိုတော့ တော်တော်များများထိမှန်ကြတာပါ။ ဖြစ်တာက ရုံး အဝင်ပေါက် အရှေ့ဘက်က ကိုမျိုးကွမ်းယာဆိုင်နားမှာပါ။ ရုံးဖွင့်ဖွင့်ချင်း တန်းစီနေတဲ့အချိန်ပစ်သွားတာမို့လို့အများကြီးထိကြတာပါ။ ပွဲစားတွေချည်းပဲ ခုနှစ်ယောက် ရှစ်ယောက်လောက်ထိသွားတယ်။" ဟု ပေါက်ကွဲမှုဖြစ်စဉ်အပြီး အခြေအနေနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ကညနရုံးကို ကိုဗစ်ကြောင့် အရပ်သားအစိုးရက ၂၀၂၀ ဒီဇင်ဘာ ၅ ရက်ကစပြီး ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မေလတွင် မော်တော်ယာဉ်သက်တမ်းတိုးနှင့်မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်း အတွက် ပြန်ဖွင့်ခဲ့သည်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီလက်နက်ကိုင်များရောက်ရှိလာပြီး ၇၈ လမ်းနှင့် ၇၃ လမ်းကြား သိပ္ပံလမ်းတလျှောက်လုံးကို ပိတ်ဆို့ထားလိုက် သည်။ မန္တလေးမြို့ သိပ္ပံလမ်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးရုံး(မန္တလေး)တွင် မေလ ၁၁ ရက်နေ့နှင့် ဇွန်လ ၁၁ ရက်နေ့တို့က လည်း ဗုံးများပေါက်ခဲ့သေးပြီး ထိုစဉ်က လူထိခိုက်မှုမရှိကြောင်းလည်း သိရ သည်။ " ပထမတစ်ကြိမ်တုန်းက ရုံးအထွက်ပေါက်နားဖြစ်တာ အဲဒီတုန်းကလူရှင်းချိန် ဆိုတော့ ထိခိုက်တာမရှိဘူး၊ ဒုတိယတစ်ကြိမ်တုန်းကလည်း ရုံးဝင်းထဲလူတွေ အကုန် ရောက်နေချိန်ဆိုတော့ ဗုံးပေါက်တာကလည်း အပြင်မှာဆိုတော့ ဆိုင်ကယ်တစ်စီးနှစ်စီးလောက်ပဲပျက်စီးတာမျိုးဖြစ်ခဲ့တယ်၊ အခုကျတော့ လူတွေတန်းစီနေချိန်ဆို တော့ တော်တော်များများထိခိုက်ကုန်ကြတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဆက်လက် ခန့်အပ် (စက်တင်ဘာလ ၂၆ ရက်) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက မြန်မာနိုင်ငံကိုယ်စားလှယ်နေရာကို NUG ၏လက်ရှိသံအမတ်ဦးကျော်မိုးထွန်းနှင့် အကြမ်းဖက်စစ်ကောင်စီတို့ သံတမန်ရေးအားပြိုင်ခဲ့ကြပြီး ယခုအခါ ကုလစင်မြင့်ထက်တွင် အမြဲတမ်းကိုယ်စားလှယ်အဖြစ် စတင်ဘာလ ၂၀၂၂ ထိဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။ (လူသတ်ပြီးနိုင်ငံတကာစင်မြင့်ထက်သို့ တက်ရောက်ချင်နေခဲ့သော စစ်ကောင်စီ၏ သံအမတ်အား ကုလမှ လှပစွာ တစ်ကွက်ပြလိုက်ပြီလည်းဖြစ်သည်) စစ်ကောင်စီသည် ကုလသမဂ္ဂတွင် လက်ရှိတည်ရှိနေသော သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အကြိမ်ကြိမ် ဖယ်ရှားရန်ကြိုးပမ်းခဲ့သော်လည်း ကမ္ဘာကတော့ မြန်မာသံအမတ်နေရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်ခဲ့ပြီးဖြစ်ပါသည်။

ကြားထားတဲ့အတိုင်းပဲ ကောလင်းခရိုင် ဖုန်းလိုင်းတွေ ပြတ်သွားပါပြီ အားလုံး ဘေးကင်းကြပါစေ

မြောက်ဥက္ကလာတွင် အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရ ရန်ကုန်၊ စက်တင်ဘာ
မြောက်ဥက္ကလာတွင် အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရ ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် စျစျေးလမ်းဆုံအနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃နာရီခန့်က အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေးလုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။ "စျစျေးလမ်းဆုံနားမှာ ညနေ ၃နာရီလောက်က ပစ်သွားတာလို့သိရတယ်။ အရပ်ဝတ်နဲ့ ရဲတစ်ယောက် သေနတ်ဒဏ်ရာနဲ့ မှောက်နေတာတွေ့တယ်။ ရင်ဘတ်ကိုထိတာ သေဖို့များတယ်။ အခုတော့ စစ်ခွေးတွေရောက်နေပြီး ဆဲဆိုနေတယ်" ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

စစ်ကောင်စီနှင့် BGF အချင်းချင်းမှားယွင်းပစ်ခတ်မိကာ တပ်သား (၂၀) ဦးသေဆုံး မွန်ပြည်နယ် သထုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းရှိသည့် ထုံးဘိုလေးရွာနှင့်ထုံဘိုးကြီးရွာအနီးတဝိုက်တွင် စက်တင်ဘာလ (၂၃) ရက်နေ့က စစ်ကောင်စီနှင့်နယ်ခြားစောင့်တပ် BGF တို့အချင်းချင်း မှားယွင်းပစ်ခတ်မိ၍ (၂၀) ဦး သေဆုံးခဲ့ကြောင်းသိရသည် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်တွေက နှစ်ဖွဲ့လူစုခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့ရင်း အခုလိုအချင်းချင်းမှားယွင်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ် ၊ သူတို့တပ်ဖွဲ့နှစ်ဖွဲ့ပေါင်း တပ်သား (၂၀) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးမှပြောပါတယ် စစ်ကောင်စီတပ်က BGF တပ်ရဲ့လုပ်ဆောင်ချက်တချို့ကို မကျေနပ်လို့ တမင်ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံအချို့က အချင်းချင်းသုံးသပ်နေကြပါတယ် 26.9.2021

မြင်းခြံမှာ ဗုံးပေါက်ပြီး စစ်အုပ်စုဝင် ၃ဦးသေ မြင်းခြံမြို့ စွန်းလွန်းတံတားအနီးမှာ စက်တင်ဘာလ ၂၆ရက်နေ့ မနက်ပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဝင် ၃ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ချိန်ကိုက်မိုင်းဖြစ်နိုင်တယ် ကင်းလှည့်နေတဲ့ စစ်သားတွေ အနားလဲရောက်ရော ထပေါက်တာ၊ သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်ပြီး၊ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ အနီးတဝိုက်ကိုလည်း ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမနက်ကစပြီး မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက် ချင်းပြည်နယ်မှာ မြန်မာဖုန်းလိုင်းတွေအကုန်လုံး လိုင်းဖြတ်ထားတယ်လို့သိရတယ်။ ချင်းပြည်နယ်ထဲမှာတော့ ဖုန်းလိုင်းတွေဟာ အရင်လိုမကောင်းတော့ဘဲ တခါတလေ ဖုန်းခေါ်ဆိုဖို့ခက်ခဲလာပါတယ်။ အင်တာနက်လိုင်းကတော့ 2G ရတယ်ဆိုပေမယ့် လိုင်းသုံးလို့မရတဲ့အခြေအနေမှာရှိပါတယ်။ လက်ရှိ မြို့ပေါ်မှာ ဖိုင်ဘာအင်တာနက်သုံးတဲ့သူတွေသာ အင်တာနက်အသုံးပြုလို့ရပါတယ်။