cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Tamwe Nway Oo Channel

တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_Informer

Show more
Advertising posts
5 794Subscribers
-324 hours
+117 days
+9930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

15
ရွှေဂုံတိုင် အိမ်စီးကား အဖြူ ၁ စီး အိမ်စီးကား အမဲ ၁ စီး ရွှေဂုံတိုင်ကုန်းတံတားပေါ်မှ ရေခဲဆိုင်ဘက်ထွက်သွားကြ။ အယမသွားခင် ကားပေါ်က လူငယ်တွေ တံတားပေါ် အလုပ်ရှုပ်နေခဲ့ကြ။ ရခ DC 1 စီးက ရှေ့က အရင်ထွက်သွား။ 8:49 PM From - @BSNinformer
Show all...
👍 1
အခြေအနေအရ ရွှေ့ပြောင်းသွားလာရချိန်မှာ ဖုန်းထဲက ဒေတာ‌တွေဖျက်ထားမယ့် နည်းမျိုးစုံသုံး စစ်ဆေးခံရတဲ့အခါ ဖုန်းထဲက ဖျက်ထားတာ‌တွေပြန်ပေါ်လာတာမျိုးဖြစ်ပြီး အန္တရာယ်ကြုံတွေ့ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒေတာအချက်အလက်တွေကို  နည်းစနစ်တကျဖျက်ပစ်နိုင်ရန်အတွက် 1. ဖုန်းထဲက ဒေတာတွေက ရိုးရိုး Delete လုပ်လိုက်ရုံနဲ့ မပျက်သွားပါဘူး Recycle Bin ထဲကို ရောက်သွားပါတယ်။ Recycle Bin ဆိုတာက Gallery ထဲမှာ ၊ File Manager ထဲမှာရော ရှိတယ် ။ ဖိုင်တွေကို ဖျက်နဲ့အခါ Recycle Bin ထဲထိ သွားဖျက်ဖို့လိုပါတယ်။ 2. Recycle Bin ထဲကနဖျက်လိုက်ရုံနဲ့လဲ တစ်ခါတစ်ရံမှာ Data Recovery Tools/ Software တွေနဲ့ပြန်ယူနိုင်‌ပါသေးတယ် ။ ဒါကြောင့် ဒေတာတွေကို အစိတ်စိတ်အမွှာမွှာ ဖျက်ပေးနိုင်တဲ့ Data Deletion Software တွေကို သုံးဖို့လိုပါတယ်။ Shreddit ကို Recommend လုပ်ပါတယ်။ ဖုန်းထဲက ကျန်ခဲ့တဲ့ ဖိုင်အစိတ်အပိုင်းတွေကို ဘယ်လိုမှ ပြန်ဆယ်လို့မရအောင် အကြိမ်ကြိမ်ဖိုင်အသစ်ပြန်ရေးပြီး ဖျောက်ပစ်လိုက်တဲ့ Application ဖြစ်ပါတယ်။ 3. ကိုယ်အသုံးပြုတဲ့ ဆိုရှယ်မီဒီယာ သို့ ဆက်သွယ်ရးပလက်ဖာင်းတွေထဲက ဒေတာ တွေ Chat Hist‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ory တွေကိုလဲ အပြီးသတ်ရှင်းလင်းဖို့လိုအပ်ပါတယ်။ 4. Telegram မှာ - Setting ထဲက Data and Storage မှာ Auto Download ကို ပိတ်ထားပါ။ Clear Cache ပုံမှန်လုပ်ပြီးရှင်းလင်းပါ ။ ကိုယ်မသိပဲ Auto Download လုပ်မိနေတဲ့ အချက်အလက် တွေ ဖုန်းထဲရှိမရှိစစ်ဆေးပါ။ ဖျက်ဆီးပါ။ 5. Facebook က အချက်အလက်တွေကို ဖျက်တဲ့အခါမှာလဲ Recycle Bin ထဲထိသွားရောက်ဖျက်ဆီးပါ။ Profile Timeline  ထဲကို ဝင် > Edit Profile ဘေးက အစက်သုံးစက်ကို နှိပ် > Archive ထဲက > Recycle Bin မှာ ဖျက်ရမှာဖြစ်တယ်။ ဒါကြောင့် အချုပ်အားဖြင့် ပထမအချက်က အမှိုက်ပုံး (Trash, Recycle Bin) ကို ပုံမှန်ရှင်းပစ်ပြီး လိုအပ်ရင် FIle Shredder တွေ အသုံးပြုပါ။ ဒုတိယအချက်ကတော့ ရှိနေတဲ့ ဒေတာတွေကို Encrypted (ဝှက်စာအနေနဲ့သိမ်းတဲ့နည်း) လုပ်ဖို့လိုပါတယ်...Encryption လုပ်ထားတဲ့ အသံဖိုင်၊ ဓါတ်ပုံ၊ ဗွီဒီယို ဖိုင်တွေက ဖိုင်အနေနဲ့တော့ရှိနေပေမယ့် ဖြည်ပြီးကြည့်လို့မရအောင်လုပ်ထားတာပါ။ Datshin လိုမျိုး Encrypted software ကို သုံးနိုင်ပါတယ်။ ( ဒါပေမယ့် အသေးစိတ်စစ်ဆးတာမျိုးဆို သတိထားဖို့လိုအပ်ပါတယ် ) Datshin: Shreddit download ဆွဲရန် Link: https://play.google.com/store/apps/details?id=com.palmtronix.shreddit.v1&hl=en_US&gl=US
Show all...
👍 4 4🥰 3
မင်္ဂလာဈေး ပွိုင့်ထိပ်ဘန်ကာ ခွေး ၂ ကောင် ဘန်ကာအပြင်ဘက်မှာ ဖုန်းပွတ်နေ 7:53 PM @MGTN_Scout_News
Show all...
👍 2
ပြည်သူသို့ သတိပြုနိုင်ရန် တင်ပြခြင်း ယခု လတ်တလော ကာလအတွင်း social media များပေါ်တွင် နာမည်ရှိနေသော လူငယ်များ celebrity များ၏ Personal Video File များ ပြန်နှံလျှက်ရှိပါသည်။ နစ်နာသူကာယကံရှင်များ၏ ပြောဆိုချက်များအရ ဖုန်းပြုပြင်သည့် ဆိုင်မှ အဆိုပါ video များကို ကူးယူကာ social media များတွင် ဖြန့်ဝေခဲ့သည်ဟု ယူဆရပါသည်။ အဓိက ပြောလိုသည့်အချက်မှာ တော်လှန်ရေးတွင် ပါဝင်နေကြဆဲရှိသော ပြည်သူလူထုကြီး ခင်ဗျာ - မိမိတို့ လက်ကိုင်ဖုန်းသည် မည်သည့်အချိန် မည်သည့်နေရာတွင် မည်ကဲ့သို့ ပျက်ယွင်းမည် ဆိုတာ မည်သူမျှ မသိရှိနိုင်ပါ။ ထို့အတွက် Ethic မရှိသော ဖုန်းပြင်ဆိုင်တချို့ ၊ Ethic မရှိသော ဖုန်းပြင်ဆိုင်မှ ဝန်ထမ်း တချို့သည် မိမိတို့၏ လက်ကိုင်ဖုန်းအတွင်းရှိ တော်လှန်ရေး လှုပ်ရှားမှု မှတ်တမ်းများကို ခိုးယူကာ မိမိအား အကြိမ်ကြိမ် ခြိမ်းခြောက် ငွေညှစ်လာနိုင်ခြင်း ၊ မိမိ အား ချောက်ချကာ အကြမ်းဖက် စစ်ကောင်စီ တပ် ထံ တိုင်ကြားခြင်းများ ရှိလာနိုင်ပါသည်။ ထို့အတွက် တော်လှန်ပြည်သူများ အနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းများတွင်သော်လည်း ၊ အခြားသော မည်သည့် electronic ပစ္စည်း တမျိုးမျိုးတွင်သော်လည်းကောင်း တော်လှန်ရေး နှင့် သက်ဆိုင်သော မည်သည့်မှတ််တမ်းများအားလုံး ( ဂုဏ်ပြုမှတ်တမ်း ၊ လက်မှတ်ဝယ်ယူထားမှု ၊ PRF မှတ်တမ်း ) ၊ email များ login ထားခြင်း ၊ တော်လှန်ရေးတွင် အသုံးပြုနေသော မည်သည့် App များကို download ချထားခြင်း - ချထားသည့် History ရှိနေခြင်း - အဆိုပါ App များ၏ login password များကို ဖုန်းအတွင်း Auto သိမ်းဆည်းထားခြင်း ၊ တော်လှန်ရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းများနှင့် ပြောဆိုထားသော Chat History များ အစရှိသည်များကို သိမ်းဆည်းထားခြင်း ထားသိုထားခြင်း လုံးဝ ( လုံးဝ) မပြုကြပါရန် တိုက်တွန်းအပ်ပါသည်။ တော်လှန်ရေးနှင့် သက်ဆိုင်သော မှတ်တမ်းများအားလုံး ၊ Chat History များအားလုံးကို ကို မိမိ စစ်ဆေး အတည်ပြုပြီးသည်နှင့် တပြိုင်နက် အဆိုပါနေရာတွင်ပဲ တစ်ထိုင်တည်း အပြီးတိုင် ဖျက်ဆီးပစ်ထားကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ပြည်သူလူထု၏ လုံခြုံရေးသည်သာ အဓိက ဖြစ်သည်။
Show all...
👍 11 1🤬 1
⬜️ တာ‌မွေ * ဗညာဒလလမ်း ၁၀ ကျောင်းရှေ့ ခွေးဘဲဥတွေ အစာကောက်နေ * 2:55 PM 📬 @Inform_RSN
Show all...
🤬 1
❗️မှတ်မိသေးလား ပြည်သူ့ပလာတာ ပြည်သူ့ပြန်ပေး ဒီပုံတွေကတော့ 2021 စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြပွဲတွေကို စစ်ကောင်စီလက်ပါးစေတွေအကြမ်းဖက်ဖြိုခွင်းခဲ့စဉ်က ပုံရိပ်အချို့ဖြစ်ပါတယ်။ ဒီပုံရိပ်တွေကို ပြည်သူတရပ်လုံး မေ့လို့ရကြမှာမဟုတ်ပါဘူး ။ ဟုတ်ပါတယ် စစ်ကောင်စီလက်ပါးစေတွေဟာ တကမ္ဘာလုံးရဲ့ မျက်စိအောက်က မြို့ပြလမ်းမတွေပေါ်မှာ ၎င်းတို့ရဲ့ စရိုက်အစစ်အမှန်ကို အရှက်တရားမဲ့စွာပြသခဲ့ကြတာဖြစ်ပါတယ် ။ ပြည်သူလူထုရဲ့ဆိုင်ခန်းတွေ၊ ဈေးဆိုင်တွေ၊ နေအိမ်တွေကို ချဉ်းနင်း၀င်ရောက်ပြီး ဖျက်စီးတာ၊ လုယက်တာ၊ ရိုက်နှက်ညှင်းပန်းတာတွေကို အဆင်ခြင်မဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံး ပလာတာလိုမျိုးစားစရာမျိုးကအစ တန်ဖိုးကြီးပစ္စည်းအဆုံး ရရင်ရသလိုလုယက်တာမျိုးတွေလုပ်ခဲ့တာကြောင့် ပြည်သူ့ပလာတာ ပြည်သူ့ပြန်ပေး ဆိုပြီး ပြည်သူတွေက လှောင်ပြောင်ခဲ့ရတဲ့ အထိဖြစ်ပါတယ်။ ဒညင်းသီးက အီးတပြန်ဆိုသလို ယခုအချိန်မှာ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကတဆင့် တော်လှန်ရေးအဖွဲ့တွေက လွိုင်ကော်လို၊ မြ၀တီလို ‌မြို့တွေမှာ ပြည်သူ့ပစ္စည်းဥစ္စာတွေကို လုယူနေပါတယ်ဆိုပြီး သွားပုတ်လေလွင့်ပြောဆိုလာကြတာ သတိထားမိပါတယ် ။ အမတန်အောက်တန်းကျစွာ မြို့ပြပေါ်‌မှာတောင် ဒီလိုအပြုအမူတွေ အရှက်တရားမဲ့လုပ်ဆောင်တဲ့ စစ်ကောင်စီလက်ပါးစေတွေဟာ ကျေးလက်နယ်စွန်နယ်ဖျားဒေသတွေမှာ ထင်ရာစိုင်း သူတို့ မလုပ်တာဘာမှမရှိဆိုရလောက်အောင် လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့၊ လုယက် တာတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြေးကြည့်စရာတောင်မလိုတာကြောင့် ၎င်းတို့ရဲ့ တညင်းသီးကအီးတပြန်လုပ်တတ်တဲ့ ဝါဒဖြန့်ချိမှုတွေကို ‌ပြည်သူတွေက လမင်းကိုခွေးဟောင်နေတယ်လို့ဘဲ သဘောထားပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား....။ 🥸 နိုင်ငံကြီးသား
Show all...
👍 9
Repost from RSN WEB
ရန်ကုန်မှတ်တမ်း (ဧပြီ ၂၇၊ ၂၀၂၄) •••••••••••••••®••••••••••••••• ယနေ့ ရန်ကုန်တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ စစ်ဆင်ရေးလှုပ်ရှားမှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့် ဒီဇင်ဘာ ၅ ရက်နေ့၊ ၂၀၂၁ ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်တွင်း ဆန္ဒပြရဲဘော်များကို အကြမ်းဖက်တပ်သားများက ကားဖြင့်တိုက်၍ ဖြိုခွင်းဖမ်းဆီးရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု အမည်ဆိုးဖြင့်ကျော်ကြားသည့် မောင်ဦးဆိုသူအား ယနေ့ နေ့ခင်း ၂ နာရီဝန်းကျင်တွင် ကြည့်မြင်တိုင်မြို့နယ်တစ်နေရာ၌ Operation Flame (OF) မြို့ပြပြောက်ကျားရဲဘော်များမှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ ခမရ ၁၀၆ တပ်ရင်းရှိ အမှတ် ၂ ဂိတ်ကိုလည်း ယနေ့ ညနေ ၇ နာရီခန့်တွင် အနောက်ပိုင်းခရိုင်ပကဖအဖွဲ ၊ Yangon Army (YA) ၊ YGA မြို့ပြပြောက်ကျားရဲဘော်များမှ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ မြို့နယ်တဝိုက် ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံ ၃ ချက် ကြားလိုက်ရကြောင်း သတင်းရရှိပြီး အဆိုပါဂိတ်၌ မူးယစ်သောက်စားနေသော အကြမ်းဖက်တပ်သားများ ထိခိုက်မှုရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ ဧပြီ ၂၆ ရက်နေ့ ည ၉ နာရီခန့်က မရမ်းကုန်းမြို့နယ်တဝိုက် ဗုံးပေါက်ကွဲသံကြားလိုက်ရခြင်းမှာ ခမရ ၄၃၅၊ ၄၃၅ အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ဗုံးပေါက်ကွဲမှုအပြီး သေနတ်သံများကြားခဲ့ရပြီး အကြောင်းရင်းမှာ တပ်ဝန်းအတွင်းမှ အကြမ်းဖက်တပ်သားများ ကြောက်လန့်၍ ရမ်းသမ်းပစ်ခတ်ခဲ့ကြသောကြောင့်ဟု သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်ကို စစ်ကောင်စီ လော်ဘီမီဒီယာများမှ မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ သံသုမာလမ်းပေါ်၌ ဗုံးပေါက်ကွဲခဲ့ပြီး မိုင်းများထပ်တွေ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ညတွင်ပင် ဒလမြို့နယ် သပြေကုန်းဝန်းကျင်မှလည်း သေနတ်ပစ်ခတ်သံ ၅ ချက်ခန့်ကြားလိုက်ရကြောင်း သိရှိရပြီး အကြောင်းရင်းကို စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် စစ်ကောင်စီက ညမထွက်ရကာဖျူးအမိန့်ကို ည ၁၀ နာရီမှ မနက် ၅ နာရီကြားထိ ပြန်တိုးလိုက်ကြောင်း ခုရက်ပိုင်းက ကြေညာပြီးနောက် ကော့မှူးမြို့နယ်တွင် အကြမ်းဖက်တပ်သားအများအပြား တပ်စွဲနေရာယူကာ မြို့နယ်ဝန်းကျင် မွှေနှောက်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်၍ လူလိုက်ဖမ်းနေကြောင်း သိရှိရသည်။ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန်ဝန်းကျင်၌ ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီခန့်က မှော်ဘီလေတပ်မှ ရဟက်ယာဉ်များဖြင့် မြေပြင်ကို မီးလိုက်ထိုးကာ တစ်ခုခုကို အသည်းအသန်ရှာဖွေနေခဲ့ကြောင်းလည်း သတင်းရရှိသည်။ #rangoonscoutnetwork
Show all...
👍 4 2
👍 1
Repost from People's Spring
မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁၀၆)တပ်ရင်းဂိတ်အား ပြင်းအားမြင့်မိုင်းများဖြင့် တိုက်ခိုက် သတိုး/People's Spring ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ အမှတ်(၁၀၆)ခြေလျင်တပ်ရင်း ဂိတ် (၂)ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။ "အရက်မူးနေကြတာ။ ဒီနေ့လည်း အနည်းဆုံး နှစ်ကောင် သုံးကောင်ပဲ။ အများကြီးခွဲခဲ့တာ ။ များများထိအောင်" ဒဟု ၎င်းက ပြောသည်။ ဧပြီ ၂၇ ရက် ည ၆ နာရီ ၄၀မိနစ်ခန့်တွင် ယင်းစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Yangon Army ၊ အနောက်ပိုင်းခရိုင် ပကဖနှင့် YGA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မင်္ဂလာဒုံမြို့နယ် လှော်ကားဥယျာဉ်အနီး၌ ပေါက်ကွဲသံသုံးကြိမ်ကြားရကြောင်း ဒေသခံများက ပြောသည်။ Yangon Armyနှင့် အနောက်ပိုင်းခရိုင် ပကဖတို့သည် ယမန်နေ့ (ဧပြီ၂၆)ကလည်း လှည်းကူးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သေးသည်။ Yangon Armyအနေဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်ပတ်သက်နေသူများအပါအဝင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများကို ထိထိရောက်ရောက်တိုက်ခိုက်မည်ဟု ထုတ်ပြန်ထားသည်။
Show all...
👍 9 3🔥 2