ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Khit Thit Media

Khit Thit Media

الذهاب إلى القناة على Telegram

🚩 Channel was restricted by Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Khit Thit Media

تُعد قناة Khit Thit Media (@khitthitnews) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 339 626 مشتركاً، محتلاً المرتبة 395 في فئة الأخبار والوسائط والمرتبة 35 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 339 626 مشتركاً.

بحسب آخر البيانات بتاريخ 16 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -11 631، وفي آخر 24 ساعة بمقدار -347، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: موثّقة (مؤكدة رسمياً من تيليجرام)
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 3.33‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 2.78‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 11 319 مشاهدة. وخلال اليوم الأول يجمع عادةً 9 441 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 266.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“🚩 Channel was restricted by Telegram”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 17 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

339 626
المشتركون
-34724 ساعات
-2 5677 أيام
-11 63130 أيام
أرشيف المشاركات
photo content

ငြိမ်းချမ်းရေး ရရှိရန် စစ်တပ်က ဗုံးကျဲနေခြင်းဖြစ်ပြီး ရပ်တန့်ခိုင်း၍ မရနိုင်ဟု မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အကြမ်းဖက် ရာပြည့်ပြော ရန်ကုန်၊ အောက်တိုဘာ ၁၇ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ရရှိရန် စစ်တပ်က ဗုံးကျဲနေခြင်းဖြစ်ပြီး ရပ်ခိုင်း၍ မရနိုင်ကြောင်း မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အကြမ်းဖက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုလိုက်သည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသော NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ၁၁ နှစ်ပြည့်အခမ်း အနား နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆုံး ပိတ်ပွဲတွင် အကြမ်းဖက် ရာပြည့်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် လူ့အခွင့်အရေးကိစ္စများကို အခြေခံ ၍ စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများ ရပ်ဆိုင်းပေးရန် ဝေဖန်တောင်းဆိုမှုများ ရှိနေကြောင်း၊ လက်ရှိ အခြေအနေတွင် စစ်တပ်၏ တချို့သော ဆောင်ရွက်မှုများမှာ စစ်ရေးအရ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေသည့် အပိုင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဓိကအားဖြင့်တော့ သူတို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်လို့၊ Human Rights ပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဗုံးကျဲတဲ့ကိစ္စတွေ၊ ဗုံးကျဲတဲ့ကိစ္စတွေ။ အဲ့တော့ ကျွန်တော်တို့ကတော့ လက်ရှိအနေအထားမှာ ကျွန်တော်တို့ ဒီ စစ်ရေးအရ အချို့အပိုင်းတွေက စစ်ရေးအရ ဆောင်ရွက်ခြင်းဖြစ်တယ်၊ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်တဲ့အပိုင်းလည်း ဖြစ်ပါတယ်။ အချို့အပိုင်းတွေက တပ်မတော်က ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တပြိုင်နက်တည်း ဆောင် ရွက်နေကြောင်း၊ စစ်တပ်၏ ဆောင်ရွက်နေသော စစ်ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းခိုင်း၍ မရနိုင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ “ဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့ သူ့ရဲ့ Process တွေပြီးမှလည်း လုပ်တာရှိသလို၊ ဒီ Process ခုနက တပ်မတော်ကလည်း လုပ်နေတဲ့ Process တွေနဲ့ အပြိုင် ဆောင်ရွက်တာလည်း ရှိပါလိမ့်မယ်။ သို့သော်လည်း သူက အဲ့ဒီမှာ သူက တောင်းဆိုချက်ရှိတယ်၊ ချက်ချင်းကြီး ရပ်ဆိုင်းပေးဖို့ပေါ့လေ။ အဲ့တော့ ဒီမှာ တပ်မတော်က ဆောင်ရွက်တဲ့ Process ကို ကျွန်တော်တို့က သွားရပ်လို့မရဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ စစ်တပ်က ဆောင်ရွက်နေသော ဗုံးကျဲမှုများအပါအဝင် စစ်ရေးလုပ်ငန်းစဉ်များကြောင့် AA နှင့် KIA တို့အပါ အဝင် လက်နက်ကိုင်များနှင့် တွေ့ဆုံရန် အခွင့်အရေး ရှိလာနိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။ “ဒီအပိုင်းမှာ အချို့အပိုင်းတွေ၊ အချို့အပိုင်းတွေ ခုနက AA အပိုင်း၊ KIA အပိုင်း၊ ဒီမှာလည်း အချို့အပိုင်းတွေမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံဖို့ အခက်အခဲရှိတာလေးတွေ ရှိပါတယ်။ ခုနက ပြောတဲ့ ပဋိပက္ခကို လျှော့ချဖို့ De-escalation ပေါ့လေ၊ ဒီဟာကို လျှော့ချဖို့ ဒါတွေ ဆောင်ရွက်နေတာရှိတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ လက်ရှိတွင် စစ်တပ်က ရခိုင်ဒေသ၊ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက်ပြုလုပ်နေပြီး စစ်တပ်၏ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိသည်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အပြင် ၊ တိုင်းရင်းသား တွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေကို ဆွေးနွေးရှာဖွေကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ အထူးကိုယ်စားလှယ် ဒင်ရှီကျွှန်းက ပြောဆိုလာပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အရပ်သားတွေနေတဲ့ သစ်ကြီးတောကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးထားပြန်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ သူတို့ကိုယ်တိုင် တောင်းဆိုထားတဲ့ ကတိကဝတ်တွေကို ပြန်လည်သတိရဖို့နဲ့ လက်တွေ့ကျတဲ့ ရလဒ်တွေ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် (Kim Aris) က တောင်းဆို လိုက်ပါတယ်။ အမေရိကန်သာ အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာရင် Hormuz ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်က ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ် https://youtu.be/Ag11pi4H0oo?si=Hj90F7oyPnXhWqJE

photo content

မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ကိုယ်တိုင်တောင်းဆိုထားသည့် ကတိကဝတ်များကို သတိရကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း သတိပေး ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် တောင်းဆိုထားခဲ့သည့် ကတိကဝတ်များကို ပြန်လည်သတိရပြီး လက်တွေ့ကျသည့် ရလဒ်များ ပြသကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ယနေ့ တောင်းဆိုလိုက်သည်။ နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခွင့်ရရှိရေး၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီဘက်က ယနေ့အထိ ထိရောက်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းမရှိသေးကြောင်း ကိုထိန်လင်းက သတိပေးထောက် ပြသည်။ ထို့အပြင် စစ်တပ်က ပြည်သူများကို သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သကဲ့သို့ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့်သာမက ကမ္ဘာကြီးနှင့်ပါ အဆက်အသွယ်ဖြတ်ကာ ဖုံးကွယ်ထားဆဲဖြစ် ကြောင်း ၎င်းက ဆိုသည်။ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် တိုးတက်မှုများ ရရှိနိုင်သည်ဟု ယုံကြည်ပါက ထိုတိုးတက်မှုကို လက်တွေ့ရလဒ်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း ကိုထိန်လင်းက ပြောသည်။ ထိုသို့ လက်တွေ့လုပ်ဆောင်ရာတွင် ပထမဆုံး တောင်းဆိုရမည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ထို့အပြင် ကော်ဇောနီခင်း၍ ကြိုဆိုခြင်းများနှင့် လက်ဆွဲနှုတ်ဆက်ခြင်းများသည် တိုးတက်မှုမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်များကသာ တိုးတက်မှုဖြစ်ကြောင်း ကိုထိန်လင်းက ထောက်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် ပြည်သူများအပေါ် သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်သကဲ့သို့ တာဝန်ခံမှုမရှိဘဲ တရားဝင်မှု ပေးအပ်၍မရကြောင်းလည်း ၎င်းက ဆက်လက်တောင်းဆိုထားသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက်ခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံသည့် နိုင်ငံများအနက် ယခင်က စစ်ကောင်စီကို လက်ခံခြင်းမပြုဘဲ ဖိအားပေးခဲ့သည့် နိုင်ငံအချို့လည်း ပါဝင်လာကြောင်း သိရသည်။

photo content
+6

တောင်ကြီးမြို့ရှိ ထွန်းတောက်ကိုယ်ပိုင်အထက်တန်းကျောင်းကို ကားဝင်တိုက်မှုကြောင့် ကျောင်းသူ ၅ ဦး ထိခိုက်ဒဏ်ရာရမှု ယာဉ်ထိန်းရဲကို ငွေပေးပြီး အမှု ပိတ်ရန် ကြိုးပမ်းနေ ရန်ကုန်၊ အောက်တိုဘာ ၁၇ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ထွန်းတောက်ကိုယ်ပိုင်အထက် တန်းကျောင်း၏ စာသင်ဆောင်ကို ကျောင်းတွင် အသုံးပြုနေသော ကားက ဝင်တိုက်သဖြင့်ကျောင်းသူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ကျောင်းဘက်က ယာဉ်ထိန်းရဲကို ငွေပေးပြီး အမှုပိတ်ရန် ဖုံးကွယ်နေကြောင်း ကျောင်းသားမိဘများနှင့်ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။ အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် နေထိုင်သည့် ယာဉ် မောင်း နန်းမြင့်ငွေ မောင်းနှင်လာသည့် ထွန်းတောက်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင် ကျောင်းကား အဖြူရောင် Toyota Crown ကားက ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ပင်မစာသင်ဆောင်ရှိ Grade-6 စာသင်ခန်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းကား၏ ဝင်တိုက်မှုကြောင့် စာသင်ခန်းအတွင်း စာသင်ကြားနေသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးအပါအဝင် ကျောင်းသူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအနက် ကျောင်းသူတစ်ဦးမှာ ဦးခေါင်းနောက်စေ့ဘက်တွင် ဖူးရောင်နာကျင်သည့် ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟု သိရှိရသည်။ စာသင်ဆောင်ကို ဝင်တိုက်သည့် အဆိုပါကားမှာ ကျောင်းဝင်းအတွင်း အသုံးပြုသည့်ကားဖြစ်ပြီး ဖြစ်စဉ်ကို အပြင်သို့ မပေါက်ကြားစေရန် ထွန်းတောက်ကိုယ်ပိုင်အထက်တန်းကျောင်းဘက်က ယာဉ်ထိန်းရဲကို ငွေပေးကာအမှု ဖုံးကွယ်ထားခဲ့သည်ဟု ကျောင်းသားမိဘများနှင့် ဒေသသတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသူများကို ဆေးရုံသို့ မတက်ရောက်စေရန် ကျောင်းဘက်က တားမြစ်ခဲ့ပြီး ဆေးရုံရောက်ရှိ ဆေးကုသနေသော ကျောင်းသားများကိုလည်း ကျောင်းဘက်က လျစ်လျူရှုထားကြောင်း သိရှိရသည်။ လက်ရှိ ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသားကျောင်းသူကလေးများ၏ ကျန်းမာရေးအခြေအနေအပေါ် မိဘများက စိုးရိမ်သဖြင့် မိဘများ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင် ဆေးကုသနေခြင်းဖြစ်ပြီး ကျောင်းက တစ်စုံတစ်ရာ တာဝန်ယူပေးခြင်းမရှိကြောင်း သိရှိရသည်။ လက်ရှိတွင် အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်နှင့် ပေါ့ဆစွာ မောင်းနှင်ကာ အခြားသူများကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်ဟုဆိုကာ ယာဉ်မောင်း နန်းမြင့်ငွေကို တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉ နှင့် ၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားသော်လည်း အမှုကို သေချာစွာ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ အမှုပိတ်ရန် ကျောင်းက ကြိုးပမ်းနေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

photo content

လက်ပံတန်းတွင် စစ်တပ် တပ်စွဲထားသော ဖိုးခေါင်စုရွာ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဥူးသုမန ကို စစ်သားများက သတ်ဖြတ်ပြီး အဆုံးစီရင်ဟု လိမ်လည်ပြောဆို ရန်ကုန်၊ အောက်တိုဘာ ၁၇ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖိုးခေါင်စုရွာ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော် ဥူးသုမန ကို စစ်တပ်က သတ်ဖြတ်လိုက်သော်လည်း ဆရာတော်မှာ သူ့ကိုယ်သူ အဆုံးစီရင်သည်ဟု စစ်သားများက လိမ်လည်ပြောဆိုနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဖိုးခေါင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျောင်းထိုင်ဆရာတော် ဥူးသုမနကို သတ်ဖြတ်ပြီး ရုပ်အလောင်းကို ကြိုးဖြင့်ချည်ကာ ဆွဲကြိုးချသေဆုံးသည်ဟု လိမ်လည် ပြောဆိုခဲ့ကြောင်း သိရသည်။ ကျောင်းထိုင်ဆရာတော်ကို ဒေသပြည်သူများက အရုဏ်ဆွမ်းစားချိန် ကထိန်အလှူငွေများ သွားရောက် အပ်နှံကာ ငွေစာရင်းရှင်းလင်းခဲ့ပြီးနောက် ဆရာတော် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ဆွဲကြိုးချသေဆုံးခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုနေကြောင်း သိရှိရသည်။ "လက်ပံတန်းမြို့နယ်၊ ဖိုးခေါင်စုရွာ ဘုန်းကြီးကျောင်းမှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ကျောင်းထိုင် ဆရာတော်ကြီး ကြိုးဆွဲချသေဆုံးတာ လုပ်ကြံမှုတစ်ခုလို့ မြင်တယ်။ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် အာရုံဆွမ်းစားချိန်မှာ ဆရာတော်ကြီးနဲ့ ရွာသားတွေ ကထိန်အလှူအတွက် အလှူငွေစာရင်းရှင်းချိန်မှာ ကောင်းမွန်စွာပြောဆိုနေပါသေးတယ်။ ငွေစာရင်းရှင်းချိန် ပြီးသွားမှ လုပ်ကြံသတ်ဖြတ်ခံရတာ အခုထိ စစ်ခွေးတွေက သူ့ကိုယ်သူ သတ်သေတာလို့ပဲပြောတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က လက်ပံတန်းမြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာ ဘုန်းကြီးကျောင်းများတွင် တပ်စွဲထားခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း ကျေးရွာပြည်သူများက ပြောဆိုကြသည်။

photo content

ပူတာအိုတွင် စစ်တပ်၏ လက်ကိုင်တုတ် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က ပေါ်တာဆွဲဖမ်းဆီးနေမှုအပေါ် ကန့်ကွက်လိုက်ပြီး လူငယ်များ တော်လှန်ရေးဘက်တွင် ခိုလှုံကြရန် ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးချက်ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၁၇ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေသည့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က တစ်အိမ်တစ်ယောက်နှုန်း ပေါ်တာဆွဲဖမ်းဆီးနေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် လူငယ်များအနေဖြင့် တော်လှန်ရေးဘက်တွင် ခိုလှုံကြရန် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်တိုက်တွန်းထားသည်။ ပြည်သူများ၏ နည်းလမ်းအမျိုးမျိုးဖြင့် ခုခံတော်လှန်မှုများကြောင့် စစ်ရေးအရ အားနည်းလာနေသည့် စစ်ကောင်စီတပ်သည် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ဘာသာရေးနှင့် လူမျိုးရေးကို အသုံးချ၍ သပ်လျှိုသွေးခွဲသည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ပြည်သူ့စစ်အမည်ခံအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောက်ပြထားသည်။ အလားတူ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် လူမျိုးစွဲ၊ ဒေသစွဲနှင့် သမိုင်းဖြစ်စဉ်များကို အသုံးချကာ အမြင်ကျဉ်းမြောင်းသည့် စည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်လျက် အာဏာရှင်စစ်ကောင်စီတပ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီနေကြောင်းလည်း KPF က ဆိုသည်။ လက်ရှိတွင် စစ်ရေးအရ အားနည်းလာနေသည့် စစ်ကောင်စီတပ်အတွက် သက်သာချောင်ချိမှု ရရှိစေရန် ဒေသကာကွယ်ရေး၊ လူမျိုးကာကွယ်ရေး စသည့် ခေါင်းစဉ်များ အသုံးပြုကာ ပူတာအိုဒေသခံများထံမှ လူငယ်များကို လူသစ်စုဆောင်းခြင်း၊ လူကြီးလူငယ်မရွေး စစ်မှုထမ်းရန် ခေါ်ယူခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း သိရသည်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ စတင်တည်ထောင်စဉ်က ရဝမ်လူမျိုးများကိုသာ အဓိကထား၍ ဖွဲ့စည်းခဲ့ပြီး ရဝမ်ဒေသကို ကာကွယ်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စည်းရုံးခဲ့ကြောင်း KPF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “စတင်တည်ထောင်တုန်းက ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ဆိုပေမယ့် ရဝမ်သီးသန့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဝမ်ဒေသကာကွယ်ရမယ်ဆိုပြီး စည်းရုံးကြတယ်။ ပြည်သူ့စစ်ထဲဝင်ရင် တပ်မတော်ထဲ ဝင်စရာမလိုဘူးဆိုပြီး စည်းရုံးကြတယ်။ ဒါပေမယ့် အခုတော့ တစ်အိမ်တစ်ယောက် တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး ဖမ်းဆီးတာတွေ လုပ်နေကြပြီ။ လက်ရှိအခြေအနေအရ ဆန့်ကျင်နေရင်လည်း ဂရုစိုက်မှာ မဟုတ်ဘူး။ တိမ်းရှောင်နေတာဖြစ်ဖြစ်၊ တော်လှန်ရေးဘက်ခိုလှုံတာဖြစ်ဖြစ် လုပ်ဆောင်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က တစ်အိမ်တစ်ယောက် တာဝန်ထမ်းဆောင်ရမည်ဟုဆိုကာ လူငယ်များအပါအဝင် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေခြင်းသည် စစ်ကောင်စီတပ်အတွက် လူအင်အား ဖြည့်တင်းပေးရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း KPF ဘက်က သုံးသပ်ထားသည်။ ထို့အပြင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၏ ခြိမ်းခြောက်မှု သို့မဟုတ် ဖိအားပေးမှု တစ်စုံတစ်ရာ ကြုံတွေ့လာပါက ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ခိုလှုံနိုင်ကြောင်းနှင့် ထိုသို့ လာရောက်ခိုလှုံသူများကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

photo content

CNC ဖွဲ့စည်းပြီးနောက် အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် အခြေခံဥပဒေရေးဆွဲရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းရန် သဘောတူကြကြောင်း၊ ထို့အပြင် CC နှင့် ICNCC ကိုယ်စားလှယ်များ ပါဝင်သည့် အကူးအပြောင်းကာလကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ CNC ၏ အခြေခံဥပဒေသည် ချင်းပြည်သူများ၏ တော်လှန်ရေးကြိုးပမ်းမှုနှင့် နိုင်ငံရေးဆန္ဒများကို ထင်ဟပ်စေရမည်ဖြစ်ပြီး ရေရှည်နိုင်ငံရေးအဖြေတစ်ရပ် ရရှိရေးကို အထောက်အကူပြုရမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ချင်းပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူထုများနှင့်လည်း တွေ့ဆုံဆွေးနွေးကာ လူထုပါဝင်မှု ကျယ်ပြန့်ပြီး အားလုံးပါဝင်နိုင်သည့် အခြေခံဥပဒေတစ်ရပ် ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ CC ဘက်မှ ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပြီး Salai Men Nyo၊ Jacob V Zawma နှင့် Thang Ning Kee တို့ ပါဝင်ခဲ့သည်။ ICNCC ဘက်မှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပြီး ICNCC အကြီးအကဲ Thang Chawn Pe၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း Salai Lian Luai နှင့် Steven Pa Bia တို့ ပါဝင်ခဲ့ကြောင်း Times of India က ဖော်ပြထားသည်။ ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ချင်းတော်လှန်ရေး ဦးဆောင်အဖွဲ့ ၂ ဖွဲ့ တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

ဘုံရန်သူအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ရေး ချင်းလန်းကောင်စီ(CC)နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့ ပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေး ရန်ကုန်၊ အောက်တိုဘာ ၁၇ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံအတွင်းရှိ အဓိက ချင်းတော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ချင်းလန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ယခုနှစ် အောက် တိုဘာ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ရေးနှင့် ချင်းပြည်နယ်တွင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) ကို ပူးပေါင်းဖွဲ့စည်းရန် သဘောတူညီထားကြကြောင်း အိန္ဒိယမှ လာသော သတင်းများတွင် ဖော်ပြထားသည်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်သည့် Chinland Council (CC) အဖွဲ့တို့အကြား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ၃ ကြိမ်မြောက်တွေ့ဆုံပြီး Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ခဲ့ကြောင်း၊ ယင်းနောက် ၂၀၂၆ ခုနှစ် အောက် တိုဘာလ ၁၆ ရက်နေ့တွင် CNC ဖွဲ့စည်းရေး ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရှိရသည်။ CNC ဖွဲ့စည်းရေး လမ်းပြမြေပုံကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး CC နှင့် ICNCC တို့က အတည်ပြုထားသည်။ အဆိုပါလမ်းပြမြေပုံအရ CNC ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ချင်းပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး ဖြစ် သည်။ CC နှင့် ICNCC တို့သည် ရေရှည်နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် CNC ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတစ်ရပ် တည်ဆောက်သွားရန် သဘောတူခဲ့ကြသည်။ ထို့အပြင် ဒေသတွင်း၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူကြသည်။ ချင်းတော်လှန်ရေး အဖွဲ့အစည်းများအကြား ယခင်က ရှိခဲ့သည့် သဘောထားကွဲလွဲမှုများကို ကျော်လွှားနိုင်ရေး၊ လူထုအတွင်း ပြန်လည်သင့်မြတ်ရေးနှင့် အပြန်အလှန်နားလည်ယုံကြည်မှု တည်ဆောက်နိုင်ရေးတို့ကိုလည်း ဆက်လက်မြှင့်တင်သွားရန် နှစ်ဖက်အဖွဲ့များက သဘောတူကြကြောင်း သိရှိရသည်။ CNC ဖွဲ့စည်းရေးလုပ်ငန်းစဉ်တွင် အပြန်အလှန်ချိတ်ဆက်ထားသည့် လုပ်ငန်းစဉ် ၂ ရပ် ပါဝင်မည်ဖြစ်သည်။ ပထမအဆင့်တွင် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် အဖွဲ့အသီးသီး၏ အုပ်ချုပ်ရေးနယ်မြေများကို အပြန်အလှန်လေးစားရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် CC နှင့် ICNCC တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့နှင့်အတူ ပူးတွဲအစည်းအဝေးများနှင့် သီးခြားအစည်းအဝေးများ ပြုလုပ်ကာ CNC ကို ထိရောက်စွာ ဖွဲ့စည်းနိုင်ရေးနှင့် ရေရှည်နိုင်ငံရေးအဖြေတစ်ရပ် ရရှိရေးအတွက် အစီအစဉ်များနှင့် လမ်းပြမြေပုံများ ရေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် CC နှင့် ICNCC ကိုယ်စားလှယ်များ ပါဝင်သည့် ဦးဆောင်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က အဆိုပါကော်မတီ၏ လုပ်ငန်းများကို ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ CNC တရားဝင်ဖွဲ့စည်းနိုင်သည့်အချိန်အထိ အဆိုပါ ဦးဆောင်ကော်မတီသည် အမြင့်ဆုံး ဆုံးဖြတ်ချက်ချနိုင်သည့် အဖွဲ့အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ဦးဆောင်ကော်မတီက ငြိမ်းချမ်းရေးနှင့် တိုက်ခိုက်မှုရပ်တန့်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေးနှင့် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် တိုက်ခိုက်မှုရပ်တန့်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ အုပ်ချုပ်ရေးနယ်မြေများကို သတ်မှတ်ကာ အပြန်အလှန်လေးစားရေး၊ ဆွေးနွေးညှိနှိုင်းရေးနှင့် ငြိမ်းချမ်းရေးအပေါ် ကတိကဝတ်ထားရှိရေးတို့မှတစ်ဆင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းပြီး မလိုလားအပ်သည့် ဖြစ်ရပ်များ မဖြစ်ပွားစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ CC၊ ICNCC နှင့် ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးတွဲအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီကိုလည်း ဖွဲ့စည်းရန် သဘောတူထားကြသည်။ ထို့အပြင် လက်နက်ကိုင်မှု၊ လက်နက်မဲ့မှုအပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သည့် ရန်လိုတိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ရန် အစည်းအဝေးက တောင်းဆိုခဲ့သည်။

photo content

တစ်ဖက်တွင် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ကျပ် ၁၃ ဒသမ ၉ ထရီလီယံကျော်ဖိုး ထုတ်ရောင်းထားသည့်တိုင် ဘတ်ဂျက်လိုငွေမှာ ကျပ် ၈,၉၈၅ ဘီလီယံကျော်အထိ ရှိနေခြင်းကြောင့် ဗဟိုဘဏ်ထံမှ ကျပ်ဘီလီယံ ၂,၁၀၀ ထပ်မံချေးယူရန် လျာထားခြင်းဖြစ်သည်။

ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၉၀၀၀ နီးပါးရှိနေပြီး ဗဟိုဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၂၁၀၀ ချေးယူမည့် အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၅ သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမည်မဟုတ်ဟု ငြင်းဆို ရန်ကုန်၊ အောက်တိုဘာ ၁၇ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် ကျပ် ၈,၉၈၅ ဘီလီယံကျော်အထိ ရှိနေပြီး လိုငွေကို ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ်ဘီလီယံ ၂,၁၀၀ အထိ ချေးယူရန် လျာထားသည့် အကြမ်း ဖက် စစ်ကောင်စီက ကျပ် ၅ သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများမှာ မမှန်ကန်ကြောင်း ယနေ့ ထုတ်ပြန်ငြင်းဆိုသည်။ စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်ခိုင်စိုးက လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ကျပ် ၅ သောင်းတန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဆိုသည့် သတင်းများ ပျံ့နှံ့နေကြောင်း၊ ယင်းသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြောဆိုသည်။ ထို့ကြောင့် ကျပ် ၅ သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းကို စစ်ကောင်စီက ငြင်းဆိုထားသော်လည်း တစ်ဖက်တွင် ဘတ်ဂျက်လိုငွေ အလွန်မြင့်မားနေပြီး ယင်းလိုငွေကို ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ငွေကြေးအမြောက်အမြား ချေးယူရန် စီစဉ်ထားသည့် အခြေအနေ ဖြစ်နေသည်။ ထို့အပြင် ငွေကြေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက် ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ်အတည်ပြုရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန်လည်း စစ်ကောင်စီဘက်က တိုက်တွန်းထားသည်။ သို့သော် စစ်ကောင်စီက ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းကို ငြင်းဆိုနေချိန်တွင် လက်ရှိဘဏ္ဍာ ရေးနှစ်အတွင်း နိုင်ငံ၏ ဘတ်ဂျက်လိုငွေမှာ ကျပ် ၈,၉၈၅ ဒသမ ၁၈၁ ဘီလီယံအထိ ရှိနေပြီး ယင်းပမာဏသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျော်ထင်က အောက်တိုဘာ ၁၅ ရက်တွင် ကြံ့ဖွတ်လွှတ်တော်၌ ထုတ်ဖော်ပြောဆိုထားသည်။ ကျော်ထင်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် လိုငွေပြဘတ်ဂျက်ဖြင့် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်းနှင့် ရရှိသည့် ဝင်ငွေပေါ်မူတည်၍ အသုံးစရိတ်များကို ခွဲဝေသုံးစွဲနိုင်ရန် ချိန်ဆဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်မူဝါဒများအရ ဆောင်ရွက်ရမည့် အသုံးစရိတ်များအပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေး၊ နယ်မြေတည်ငြိမ်လာသည့် ဒေသများ ပြန်လည်ထူထောင်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း ဦးစားပေးခွင့်ပြုထားကြောင်း သိရသည်။ ထို့အပြင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် အသုံးစရိတ်များကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။ ပညာရေးဒီဂရီကောလိပ်များကို တက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်များလည်း ပါဝင်သည်။ သို့သော် အဆိုပါအသုံးစရိတ်များအနက် စစ်ရေးအသုံးစရိတ်အတွက် မည်မျှသုံးစွဲထားသည်ကိုမူ ဒုတိယဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် စစ်ကောင်စီက ယခင်ဘဏ္ဍာရေးနှစ်များအတွင်းလည်း ဗဟိုဘဏ်ထံမှ ချေးငွေများ ရယူခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဗဟိုဘဏ်ထံမှ ကျပ် ၄,၆၀၂ ဒသမ ၉၅၅ ဘီလီယံ ချေးယူခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၆၀၂ ဒသမ ၅၀၇ ဘီလီယံ ချေးယူခဲ့ကြောင်း ကျော်ထင်က လွှတ်တော်တွင် ရှင်းလင်းပြောဆိုထားသည်။ အဆိုပါချေးငွေများသည် သီးခြားစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံရန် ချေးယူခြင်းမဟုတ်ဘဲ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ၏ အကူငွေစာရင်းတွင် ဖြစ်ပေါ်လာသည့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ချေးယူခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက်လည်း ဗဟိုဘဏ်ထံမှ ကျပ်ဘီလီယံ ၂,၁၀၀ အထိ ချေးယူရန် လျာထားကြောင်း ကျော်ထင်က ပြောဆိုထားသည်။ ဘတ်ဂျက်လိုငွေကို အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှတစ်ဆင့် ဦးစွာဖြည့်ဆည်းမည်ဖြစ်ပြီး လကုန်ချိန်တွင် လိုငွေကျန်ရှိပါကသာ ဗဟိုဘဏ်ထံမှ ချေးငွေ ရယူမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဗဟိုဘဏ်ထံမှ ချေးယူခြင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲရေးဥပဒေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေတို့နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

photo content
+6

ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၅ ဦးထိရှိလာ ရန်ကုန်၊ အောက်တိုဘာ ၁၇ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာရှိ စတားလင့်အင်တာနက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ပြည်သူ ၁၅ ဦးထိရှိလာပြီးဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၊ ရဟတ်ယာဉ်များဖြင့် သစ်ကြီးတောရွာရှိ စတားလင့်အင်တာနက်ဆိုင်ကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း အင်တာနက်အသုံးပြုနေသော ပြည်သူများ အပါအဝင် အနီးအနားရှိ နေအိမ်များမှ ကလေးငယ်များပါ သေဆုံးခဲ့ပြီး လက်ရှိချိန်ထိ သေဆုံးသူ သစ်ကြီးတောရွာမှ ပြည်သူ ၁၄ ဦး နှင့် သစ်ကောက်ဆိပ်ရွာမှ ပြည်သူ ၁ ဦးထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ "လောလောဆယ် အတည်ပြုနိုင်တာက သစ်ကြီးတောရွာက ပြည်သူ ၁၄ ဦးနဲ့ သစ်ကောက်ဆိပ်ရွာက ပြည်သူ ၁ ဦးလို့ သိရပါတယ်။ အရေအတွက် ထပ်များနိုင်တယ်လို့လည်းပြောပါတယ်။ စာရင်းအတိအကျကတော့ အခုထိ မရနိုင်သေးဘူး။ ဆက်လက် အတည်ပြုနေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် မြေပြင် အခြေအနေလည်း ရှုပ်ထွေးနေပြီး စစ်တပ်က ဒရုန်းများလည်း ဆက်တိုက် ပျံဝဲနေကြောင်း၊ ကျေးရွာနေ ပြည်သူများသည်လည်း ရွာလုံးကျွတ် ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးပြီး ပြည်သူတွေကို အကြောင်းမဲ့ ဗုံးကျဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF က တုံ့ပြန်ပြော ဆိုလိုက်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။ မလေးရှားနိုင်ငံက မြန်မာရေတပ်စစ်ရေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၀၀ ကျော်အနက် ရခိုင်တိုင်းရင်းသား အမျိုးသား ၂၀၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က ပြန်မလွှတ်သေးဘဲ အလုပ်အကိုင်တွေ အတင်းအဓမ္မစေခိုင်းကာ ဆက်လက်ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ယီမင်နိုင်ငံက ဟူသီသူပုန်တွေဘက်က ဆော်ဒီအာရေဗျနိုင်ငံကို ဆက်တိုက်တိုက်ခိုက်နေချိန်မှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ရီယာ့ဒ်မြို့နဲ့ တခြားဒေသတွေဘက်ကို ပစ်လွှတ်လာတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/cxIUvBYnSKo?si=6qLvQk2mgXCKJAGC