cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.

Ko'proq ko'rsatish
Reklama postlari
26 912
Obunachilar
+424 soatlar
+277 kunlar
-12830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၄။ KNU ထိန်းချုပ်ဧရိယာနယ်မြေတွေအတွင်း ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်ထိ ၆ လတာကာလအတွင်းမှာ တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၁၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ နယ်မြေတွေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉၀၃ ဦးခန့် အသက် သေဆုံးခဲ့ရပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/KNUနယ်မြေမှာ_၆လအတွင်းတိုက်ပွဲပေါင်း၁၈၀၀ကျော်ဖြစ်ပွားခဲ့ပြီး_စစ်ကောင်စီဘက်က၁၉၀၀ကျော်သေဆုံးဟုဆို
Hammasini ko'rsatish...
👍 7
Repost from CJ Platform
Photo unavailableShow in Telegram
ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူအစားထိုးလိုရင် တစ်ဦး သိန်း ၅၀ လို့ ထွေ/အုပ်က ဈေးသတ်မှတ် သင်တန်းဆင်းတပ်သားတွေ ရှေ့တန်းပို့ဖို့ စစ်ကောင်စီစီစဉ် CJ Platform ရန်ကုန်တိုင်းထဲ စစ်မှုထမ်းရှောင်ရှားလိုလို့ လူစားထိုးချင်သူများ တစ်ဦး ကျပ်သိန်း ၅၀ ပေးရမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဈေးသတ်မှတ်လိုက်ကြတယ်လို့ အဲဒီအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်များထံမှ သိရပါတယ်။ အမျိုးသမီးစစ်မှုထမ်းစခေါ်မယ်လို့ဆိုထားတဲ့ စစ်မှုထမ်းအမှတ်စဉ်-၅ ကစလို့ ရန်ကုန်က မြို့နယ်များမှာ လူစားထိုးမယ့်သူများအနေနဲ့ အဲဒီဈေးပေးရမယ့်အကြောင်း ထွေ/အုပ်ဘက်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီမှာ အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/13720245-2/
Hammasini ko'rsatish...
🤬 5
Repost from RFA Burmese
ရန်ကုန်မှာ တစ်ပတ်အတွင်း ဝမ်းရောဂါကူးစက်ခံရသူ ငါးရာကျော်လာ ~~~ ■ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဇူလိုင် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့ မနေ့ကအထိ ဆေးရုံတက်ကုသရသူ လူနာ ၅၃၄ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဥ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဇူလိုင်လ ၁၂ ရက် မနေ့က တစ်ရက်တည်းမှာတင် ဝမ်းရောဂါလူနာသစ် ၁၀၄ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ပြောဆိုထားပြီး ဝမ်းရောဂါ ဖြစ်သူတွေထဲက ၃၆၄ ဦး ဆေးရုံဆင်းသွားပြီလို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ဝမ်းရောဂါအဖြစ်များတဲ့ မြို့နယ်တွေအပြင် ရန်ကုန်တိုင်းက မြို့နယ်အားလုံးနီးပါးမှာ ဝမ်းရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက လုပ်ဆောင်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဝမ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ သာကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ ဇူလိုင်လဆန်းပိုင်းက စတင်ခဲ့တာပါ။ ရန်ကုန်မြို့မှာ ဝမ်းရောဂါစတင်ဖြစ်ပွားတဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူ မရှိဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။ _____ RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
ရန်ကုန်မှာ တစ်ပတ်အတွင်း ဝမ်းရောဂါကူးစက်ခံရသူ ငါးရာကျော်လာ

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရသူ လူနာ ၅၃၄ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဥ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

😢 9👍 2
အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂ မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၃။ တောင်ပိုင်းမှာ စစ်သင်တန်းတက်ပြီးတဲ့နောက် တူမီးတွေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အညာကို ကူဖို့ ရဲဘော်ဖူးတို့ 96 Soldiers အဖွဲ့ ကရင်ပြည်နယ်ထဲကနေ အညာကို ရွှေ့ခဲ့ကြပါတယ်။ တောတောင်တွေအပြည့်နဲ့ တိုက်ပွဲဝင်ရတဲ့တောင်ပိုင်းနဲ့ ထန်းပင်တွေလောက်ပဲကွယ်စရာရှိတဲ့ အညာကို ရောက်သွားချိန်မှာ ဘာတွေကြုံတွေ့ခဲ့ရလဲ။ အညာက တိုက်ပွဲတွေအကြောင်း၊ အညာပြည်သူတွေရဲ့အကြောင်းနဲ့ အညာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေအကြောင်းကို အခုတင်ဆက်ပေးမယ့် "အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး" ရဲ့ အင်တာဗျူး အပိုင်း ၂မှာ မြင်တွေ့ရမှာပါ။ #မြေလတ်အသံ #အင်တာဗျူး #အညာ #96Soldiers #ရဲဘော်ဖူး https://youtu.be/C3YB27nykxE
Hammasini ko'rsatish...
အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂

အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂ မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၃။ တောင်ပိုင်းမှာ စစ်သင်တန်းတက်ပြီးတဲ့နောက် တူမီးတွေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အညာကို ကူဖို့ ရဲဘော်ဖူးတို့ 96 Soldiers အဖွဲ့ ကရင်ပြည်နယ်ထဲကနေ အညာကို ရွှေ့ခဲ့ကြပါတယ်။ တောတောင်တွေအပြည့်နဲ့ တိုက်ပွဲဝင်ရတဲ့တောင်ပိုင်းနဲ့ ထန်းပင်တွေလောက်ပဲကွယ်စရာရှိတဲ့ အညာကို ရောက်သွားချိန်မှာ ဘာတွေကြုံတွေ့ခဲ့ရလဲ။ အညာက တိုက်ပွဲတွေအကြောင်း၊ အညာပြည်သူတွေရဲ့အကြောင်းနဲ့ အညာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေအကြောင်းကို အခုတင်ဆက်ပေးမယ့် "အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး" ရဲ့ အင်တာဗျူး အပိုင်း ၂မှာ မြင်တွေ့ရမှာပါ။ #မြေလတ်အသံ #အင်တာဗျူး #အညာ #96Soldiers #ရဲဘော်ဖူး

6👍 2
“ဖြစ်ရပ်မှန်” စကစ ခေါင်းဆောင်ပိုင်းတွေ အပူလုံးကြွပြီး စစ်ရေး၊ နိုင်ငံရေး‌တွေမှာ အဖက်ဖက်ကနေ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာချိန်မှာ အောက်ခြေမှာရှိကြတဲ့ ရှေ့တန်းမထွက်ရတဲ့ စစ်သား/စစ်သမီး လေးတွေက social media တွေပေါ်မှာ သူတို့ရဲ့ပတ်ဝန်းကျင် ကျဉ်းကျဉ်း‌လေးထဲက တစ်နေ့တာဖြတ်သန်း‌နေတဲ့ ပုံရိပ်တွေကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ မျှဝေကြရင်း ပျော်နေကြတာ မြင်ရတော့၊ သူတို့လေးတွေရဲ့ဘဝရှေ့ရေးကို တွေးမိပြီး ရင်လေးလို့ ဒီစာလေးကိုရေးဖြစ်ခဲ့တယ်။ ကိုယ့်ညီ/ညီမတို့ မင်းတို့ ယခုဖြတ်သန်းနေတဲ့ဘဝကို ကိုယ်လည်း ဖြတ်သန်းခဲ့ဖူးတယ်ကွ။ တစ်လ တစ်လ လစာလေး တစ်ပဲခြောက်ပြားရဖို့အရေး အိမ်မှာမလုပ်ခဲ့ဖူးတဲ့ အလုပ်တွေကိုလုပ်ရ၊ ဘာပညာမှလည်း သင်ပေးတာမရှိဘဲ ပခုံးပေါ်အပွင့်တင်ထားတဲ့လူတွေ၊ ကိုယ့်ထက် လုပ်သက်ကြာတယ်ပြောပြီး ဘာအရည်အချင်းမှမရှိတဲ့သူတွေက ကိုယ့်ကို တပည့်လို့‌​ခေါ်တာကို မချိပြုံးလေး ပြုံးပြပြီး သူတို့ဘာပဲပြောပြော၊ ဘယ်လိုပဲ ကိုယ့်မာနကို စော်ကားစော်ကား ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဆိုပြီး ကြောက်ချင်ယောင် ဆောင်ပြရခဲ့ဖူးတယ်ကွ။ ဒါတင်မက ပင်ပန်းပြီး သူတင်ကိုယ်တင်လုပ်ရမယ့် အလုပ်မျိုးဆိုရင် ငါက အရာရှိ၊ ငါက စီနီယာ၊ ငါက အကြီးဆိုပြီး ရေသာခိုနေတတ်ကြပြီး သူတို့နေရာတည်မြဲဖို့၊ မျက်နှာရဖို့၊ အခွင့်အရေးရဖို့ အတွက်ဆို အချိန်ကောင်းမှာ နှမ်းဖြူးဖို့ အဆင်သင့်ပြင်ပြီး စောင့်ကြည့်နေကြတာလည်း ခံစားခဲ့ရဖူးတယ်ကွ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ်က တက်တက်ကြွကြွနဲ့လုပ်ပေးပြီး အဲ့ဒီအလုပ်က အောင်မြင်သွားတဲ့အချိန် ချီးမွမ်းခန်းဖွင့်တော့ ကိုယ်မပါဘဲ နှမ်းဖြူးတဲ့သူကို ချီးမွမ်းပြီး အပြစ်ပြောစရာလည်း ဖြစ်လာရော ဒါဘယ်သူလုပ်တာလဲ‌မေးတော့ နှမ်းဖြူးသူတွေရဲ့အကြည့်နဲ့လက်ညှိုးတွေက အလုပ်တစ်ကယ်လုပ်ပေးတဲ့လူဘက်ကို ဦးတည်လာတာလည်း ကိုယ်တွေ့ ခံခဲ့ရပြန်ရော။ ‌ပိုဆိုးတာက မည်သူ့တွင်တာဝန်ရှိသနည်းလို့ ဆိုတဲ့မေးခွန်းက စစ်တပ်မှာ ရှိတယ်ဆို‌ပေမယ့် အဲ့မေးခွန်းမေးလာပြီဆိုရင် မည်သူကတာဝန်ရှိလို့ရှိမှန်းမသိ ဖြစ်သွားပြီး ဂျူနီယာဆိုတဲ့ မနူးမနပ် မအူမလည်လူက ခံကြရစမြဲပဲကွ။ ဒီလိုပြောလို့ ဂျူနီယာဆိုတဲ့လူတိုင်း ခံကြရတယ်လို့ တွေးမိရင် ညီတို့ညီမတို့ မှားသွားပြန်ဦးမယ်။ ဂျုနီယာဆိုတဲ့ လူထဲမှာလည်း ဖော်လှန်ဖားလူတွေက သပ်သပ်ကိုရှိနေပြန်ရောကွ။ သူတို့ကျတော့ ဘယ်လိုပုံစံလာကြသလဲဆိုရင် အထက်လူကြီး၊ သူတို့ကို တိုက်ရိုက် ဒုက္ခပေးနိုင်လောက်တဲ့လူ၊ သူတို့ကို အခွင့်အရေးပေးနိုင်တဲ့လူတွေရဲ့ရှေ့မှာဆိုရင် မခုတ်တတ်တဲ့ကြောင်လိုလို၊ ရိုးသားသလိုလို၊ မသိရင်ပဲ ခိုင်းတဲ့အလုပ်တိုင်းကို သူတစ်ယောက်ထဲလုပ်နေရသလို နေပြပြီး နောက်ကွယ်လည်းကျရော ဟိုလူထိုးချ၊ ဒီလူထိုးချ လုပ်နေကြတာလည်း တွေ့ခဲ့ရပြန်တယ်ကွ။ သူတို့အဲ့လိုလုပ်ရင် လူကြီးသိအောင် သွားပြောပြမယ်လို့ မင်းတို့စဉ်းစားနေပြီမို့လား? ဟားးးးးးးဟားးးးးးးဟားးးးးးးးးး မင်းတို့ထက်ဦးအောင် သူက လူကြီးကို ပြောထားပြီးပြီကွ။ လူကြီး လူကြီးဆိုပြီး အခန့်သားနဲ့ ဟိတ်ဟန်နဲ့ ထိုင်နေတဲ့လူကြီးကလည်း သူအိတ်ထဲကငွေနဲ့ သူ့ဘဝတက်လမ်းကို မထိခိုက်သရွေ့ မင်းသေလောက်အောင် အလုပ်လုပ်ပြလည်း မင်းတို့ကို ခိုင်းလို့ကောင်းနေသရွေ့တော့ မင်းတို့ကို အပေါ်ယံ‌တော့ ကောင်းချင်ယောင် ဆောင်ပြတတ်ကြသေးတယ်ကွ။ အဲ့တာကို အဟုတ်မှတ်ပြီး သူ့ဘဝတက်လမ်းအတွက် မင်းတို့ရဲ့ပခုံးပေါ်မှာ သူတို့နင်းတက်ဖို့အတွက် ကတ္တီပါ‌ခင်း‌ပေးထားပြီး ကိုယ့်ပခုံးနဲ့ထမ်းတင်‌ပေးဖို့ အသင့်ပြင်ထား‌ပေးတာတောင်မှ သူတို့က မင်းရဲ့ခေါင်းပေါ်ကိုပါ အပိုအနေနဲ့ နင်းပြီး တက်သွားကြမယ်ဆိုတာလည်း မှတ်ထားကြဦးကွ။ နောက်တစ်ခုက သူတို့ အဲ့လိုနင်းတက်သွားလို့ ကောင်းစားသွားရင် မင်းကိုလည်း ဆွဲတင်မှာပဲလို့တွေးရင် မင်းမှားသွား‌လိမ့်မယ်။ ဘာလို့လဲဆိုတော့ စံစရာရှိရင် သူပဲစံပြီး ခံစရာရှိလာပြီဆိုရင်တော့ ငါ့လူတို့ မင်းတို့ကိုပါ အပါခေါ်သွားမယ့်အပြင် မင်းတို့မိသားစုဘဝပါ အဆစ်ထည့်ပေးလိုက်ရမယ်ဆိုတာ မြဲမြဲသာမှတ်ထားကြပေတော့။ လူသာ
Hammasini ko'rsatish...
👍 6 3
Photo unavailableShow in Telegram
❐ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်၊ လောက်ကိုင်နှင့် မြဝတီတို့က လက်နက်ချစခန်းစွန့်ခွာသူ အကြီးအကဲများ သေဒဏ်၊ ထောင်ဒဏ်အသီးသီး ချမှတ်ခံရ။
ဇူလိုင် ၁၃၊ ၂၀၂၄။ ပြီးခဲ့သည့် မတ်လအတွင်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီးဖမ်းဆီးခဲ့သော လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ ကျားဖြန့်ကိစ္စများနှင့်ဖမ်းဆီးခဲ့ပြီး မေလအတွင်းတွင် ၄င်းတို့ကိုထောင်ဒဏ်များ အသီးသီးချမှတ်ကာ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းပြီးနောက် ယခုတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ သေဒဏ်ကြိုးမိန့်ချမှတ်ခြင်းမှာ တရုတ်အစိုးရဘက်က တောင်းဆိုမှုကြောင့်လည်း ဖြစ်သည်ဟု ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင်ရှိ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွင် အဓိက တာဝန်ရှိသူ အကြီးအကဲခေါင်းဆောင်များဖြစ်သော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မလိုက်နာမှု၊ တာဝန်မကျေပွန်မှုတို့အပါအဝင် တပ်မတော်အက်ဥပဒေပုဒ်မများစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုတွင် တံတား ၂ ကို ထွက်ပြေးရာတွင် ဦးဆောင်ခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ကိုလည်း ထောင်ဒဏ် ၁၄ နှစ်ဖြင့် တောင်ငူထောင်ကိုလည်းကောင်း၊ ရာထူးမှ ဖယ်ရှားဖမ်းဆီးခံခဲ့ရသော စစ်ကောင်စီ၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်ကို ထောင်ဒဏ် ၁၀ နှစ်ဖြင့် တောင်ငူထောင်ကိုလည်းကောင်း၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ဖြင့် မန္တလေးအိုးဘိုထောင်ကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်ကို ထောင်ဒဏ် ၁၅ နှစ်ဖြင့် အိုးဘိုထောင်ကိုလည်းကောင်း၊ တပ်မ ၇၇ တပ်မမှူးဟောင်း ကာကွယ်ရေးဝန်ကြီးဌာန (စစ်ရုံး) မှ ဗိုလ်ချုပ် မင်းကိုကိုအား ထောင်ဒဏ် ၁၀ နှစ်ဖြင့် တောင်ငူထောင်ကိုလည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇွန်လ ၁၉ ရက်နေ့က ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှုတွင် ကံသုံးဆင့်ဆရာတော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ စစ်ကြောရေးလုပ်ခဲ့သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း၊ ခုံရုံး၏ စိစစ်ချက်များအရ မပြုကျင့်အပ်သော အပြုအမူတို့ကို ပြုမူခဲ့သည်ကို စိစစ်တွေ့ရှိရသဖြင့် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို မည်သည့်ခံစားခွင့်မှ မပေးဘဲ စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။ သတင်းဓာတ်ပုံ - Credit #လောက်ကိုင်မြို့ # ဒေသကွပ်ကဲရေးမှူးဟောင်း #စစ်ကောင်စီကကြိုးမိန့်ချမှတ် #ဆီသို့ #Towards ------------------------ Subscribe to us on; Telegram >>> https://t.me/towardsweeklynews SoundCloud >>> https://soundcloud.com/towards-podcast YouTube >>> https://www.youtube.com/@SiTho-Towards-Media Website >>> https://towardsmedia.com
Hammasini ko'rsatish...
👍 4 2
“အလင်းခေတ်မဂ္ဂဇင်း” ထွက်ပြီ ▪️Freedom Fighter အဖွဲ့သည် အလင်းခေတ်လှုပ်ရှားမှု၏ ကဏ္ဍတရပ်အနေနှင့် “အလင်းခေတ်”မဂ္ဂဇင်းကို သုံးလတစ်ကြိမ် ထုတ်ဝေမည့်အကြောင်း ရှေးမဆွကတည်းက မိတ်ဆက်အသိပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ပထမဆုံးအကြိမ်မြောက် ထွက်ရှိလာခဲ့ပြီဖြစ်သည်။ အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် (၁) လူ့အဖွဲ့အစည်းသစ်အတွက်စဉ်းစားချက်များ (၂) ပြည်သူများ၏ အခန်းကဏ္ဍ (၃) အလယ်အလတ်လမ်းစဉ်ဟူသော အဓိကအာဘော်သုံးရပ်အား မဏ္ဍိုင်ထားကာ လွတ်လပ်မျှတသောအနာဂတ်သစ်ကို ပုံဖော်ထုဆစ်ထားသည်။ ▪️“အလင်းခေတ်”သည် တော်လှန်ရေးဆိုင်ရာစာပေများအား တင်ပြထားသည်ဆိုသော်ငြားလည်း မဂ္ဂဇင်းတို့၏ အင်္ဂါရပ်နှင့်အညီ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန်၊ အင်တာဗျူး စသဖြင့် သုတ၊ရသစုံလင်စွာဖြင့် အလေးအပေါ့ဟန်ချက်ညီညီ ပေါင်းစည်းတင်ပြထားခြင်းဖြစ်သည်။ အလင်းခတ်မဂ္ဂဇင်းကို ဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျှက်ရှိသော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပဋိပက္ခများ၏ မူလဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်းသိမြင်နားလည်နိုင်မည်ဖြစ်သည့်အပြင် ၎င်းပဋိပက္ခများအား ကုစားရန်အတွက် အပြုတ်တိုက်လမ်းစဉ်ကဲ့သို့ လူနည်းစုသာပါဝင်နိုင်သော ထွက်ပေါက်မဲ့တလမ်းသွားဆေးမြီးတိုကုထုံးများအစား ပြည်သူလူထုတရပ်လုံးပါဝင်နိုင်သည့် အောက်ခြေမှစ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများကို လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။ ………………………………………………………………………… စာအုပ်အမည် - “အလင်းခေတ်”မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁) စာမျက်နှာ - ၉၂ တန်ဖိုး - အခမဲ့ ထုတ်ဝေသည့်ခုနှစ် - ၂၀၂၄ ခုနှစ် ဇူလိုင်လ စာအုပ် download link ; https://drive.google.com/file/d/1ZXTcypxBpBaAON6-P2PNRzW8761O95w9/view?usp=sharing
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ မြေလတ်အသံ၊ ဇူလိုင် ၁၃ ၊ ၂၀၂၄ ။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဇင်းဆည်အနီးမှာ ဇူလိုင် ၁၂ ရက် မနေ့က စစ်ရုံး (ကြည်း၊ ရေ၊ လေ)စစ်ကောင်စီမိသားစုဝင်တွေရဲ့ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက မနေ့ညပိုင်းမှာ ဖော်ပြပါတယ်။ အဲ့ဒီပွဲကို တပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ၊ ကာချုပ်(လေ) တွေအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်ရုံး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတွေ အစုံအလင်တက်ရောက်ခဲ့ကြပေမယ့် ကာချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် တက်ရောက်တာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ပြုလုပ်တဲ့ စစ်ရုံး (ကြည်း၊ ရေ၊ လေ)စစ်ကောင်စီမိသားစုဝင်တွေရဲ့ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲမှာ -- သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကာချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်မပါတဲ့_နေပြည်တော်စစ်ရုံး_ကြည်းရေလေသစ်ပင်စိုက်ပွဲ
Hammasini ko'rsatish...
😁 11👍 1 1🥴 1
Repost from Click For BPLA
ကိုနိုဗန်ထူး - အဲ့တော့ ခက်ခက်ခဲခဲကိစ္စကို စပြောမယ်ဆိုရင် အခုဒါက BPLA သုံးနှစ်တာကာလပေါ့နော်။ BPLA က ဒီသုံးနှစ်တာမှာ ဟိုးအရင်တုန်းကဆိုရင် ဘာလက်နက်မှ မရှိဘူးပေါ့နော်။ အစတုန်းက Video တွေဆိုရင်လည်း ကြည့်ထားတာရှိတယ် အဲ့တော့ ဘယ်လိုမျိုးတွေ ခက်ခက်ခဲခဲ ဖြတ်သန်းရလဲပေါ့။ ကိုဆောင်းခ - ဟုတ်ကဲ့။ အရင်ဆုံး စစ်တပ်ထောင်ချင်တော့ ကျနော်တို့ ကိုယ်ကိုယ်တိုင် စစ်သားဖြစ်ဖို့လိုတာပေါ့။ ဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ အခုလက်ရှိ နွေဦးတော်လှန်ရေးရဲ့ အဓိကက ဒီနွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ်တွေ တော်တော်များများမှာ ကျနော်မြင်ရတာက တပ်ကို ဦးစီးကြတဲ့သူတွေက စစ်သားမဖြစ်ကြဘူးပေါ့နော်။ တချို့ကတော့ ဖြစ်ကြတာတွေရှိပါတယ်။ တကယ်က လက်နက်ကိုင်တပ်ဖွဲ့မှာ ခေါင်းဆောင်ဖြစ်ချင်ရင် ကိုယ်တိုင် စစ်သင်တန်းတက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စစ်သားအရင်ဖြစ်အောင်လုပ်ရမယ်။ ကျနော်တို့ကို အာရက္ခတပ်တော်က ဗိုလ်မှူးကြီးကျော်ဟန် အမြဲပြောလေ့ရှိတယ်။ နောက်လိုက်ကောင်း မဖြစ်ခဲ့ဖူးဘဲနဲ့ ခေါင်းဆောင်ကောင်းဖြစ်လာစရာမရှိဘူးဆိုတာကို။ ကျနော်ကတော့ ကျနော်တို့သည်လည်းပဲ အာရက္ခတပ်တော်ကပေးတဲ့ အခြေခံစစ်ပညာသင်တန်းမှာ စစ်သားအဖြစ်နဲ့ရအောင် လေ့ကျင့် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ကျနော်တို့ အပတ်စဉ်ခြောက်ထိပြီးခဲ့ပြီ။ ဒီစစ်သား တော်တော်များများကို ဘယ်ချိန်က အခက်ခဲဆုံးလဲလို့မေးရင် အခြေခံစစ်သင်တန်းလို့ပဲ အားလုံး ဖြေကြမယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့ခက်ခဲတာလဲ ဆိုတော့ အရပ်သားဘဝကနေပြီးတော့ စစ်သားဘဝကို ပြောင်းဖို့အတွက် လုပ်ရတဲ့ ကိစ္စတွေဖြစ်တာကို ကျနော်အမြဲတမ်းပြောသလိုပဲ။ ဒီ...အရပ်သားအရေခွံကို ဆွဲစုတ်ပစ်လိုက်ရတာ။ အရပ်သားအရေခွံကို ဆွဲစုတ်ပြီးတော့ စစ်သားအဖြစ်ပြောင်းလဲရတာဖြစ်တဲ့အခါမှာ အပြောအဆိုနဲ့မဟုတ်ဘူး။ သိတယ်မလား။ တကယ်ကြမ်းကြမ်းတမ်းတမ်းနဲ့ စောနပြောသလိုပဲ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ရိုက်တာနှက်တာတွေလည်း ရှိတာပေါ့ဗျာ။ ဆိုတော့ အဲ့ဒီ့ဟာတွေကိုလည်း ဒူပေနာပေခံပြီး ကိုယ့်မှာ ပါလာသမျှ မာနတွေ ခဝါချပြီးတော့ အကုန်လုံးကို ချိုးနှိမ်လိုက်ရတယ်ပေါ့ဗျာ။ ဆိုတော့ အဲ့ဒီ့လိုမျိုးဖြတ်သန်းပြီးတော့မှ ကိုယ်ကိုယ်တိုင် စစ်သားဖြစ်ပြီးတော့မှပဲ စစ်တပ်ထူထောင်တဲ့နေရာမှာ ပိုပြီးလွယ်ကူတယ်ဆိုတာကို ကျနော်တို့ သိခဲ့ရတာပေါ့ဗျာ။ အခုဒီ ကျနော့်တပ်ထဲမှာဆိုရင်လည်း အဲ့သဘောပဲ တပ်အနေနဲ့ ဒီလိုမျိုး သုံးနှစ်တာကာလအတွင်းမှာ ဒီလိုအခြေအနေတစ်ခု ရောက်လာတယ် ဆိုတာကလည်း တပ်ဖွဲ့ဝင် အားလုံးရဲ့ ဦးဆောင်တဲ့သူတွေအပေါ်မှာ ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီဦးဆောင်တဲ့သူတွေ အကုန်လုံး ကလည်း စစ်သင်တန်းကို အားလုံးတက်ရောက်ပြီးထားခဲ့ပြီးတော့ နောက်ထပ်လူတွေကို သူတို့ကိုယ်တိုင် မွေးထုတ်ခဲ့တာ ဖြစ်တဲ့အတွက် အပြန်အလှန် ယုံကြည်လေးစားမှုက အပြည့်အဝရှိတယ်။ အဲ့ဒါက အရမ်းအရေးကြီးပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ထပ်ဟာတွေက ပိုပြီးတော့ အလားအလာကောင်းခဲ့တာ ဖြစ်တယ်။ အစကတော့ ဘယ်လိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရလဲ မေးရင် ကျနော်တို့ အခြေခံစစ်သင်တန်း ကတော့ အခက်ခဲဆုံးဖြစ်တယ်။ အဲ့ဒီ့နောက်ပိုင်း ခက်ခဲမှုတွေက မရှိတာမဟုတ်ဘူး၊ ရှိပါတယ်။ ကျနော်တို့ အမြဲတမ်း ပြောခဲ့သလိုပဲ တော်လှန်ရေးဆိုတာက ခက်ခဲမှုတွေ နင်းကြမ်းနဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အဲ့ဒီ့အခက်အခဲမရှိရင် တော်လှန်ရေး မမည်ဘူးတဲ့၊ အခက်အခဲတွေရှိကိုရှိရမယ်၊ ရှိကိုရှိလိမ့်မယ်ပေါ့နော်။ ဆိုတော့ အဓိကကတော့ ကျနော်တို့မှာ ဖြတ်ကျော်ရဲတဲ့သတ္တိနဲ့ လုံလောက်တဲ့ အတွေ့အကြုံ၊ အရည်အချင်းတော့ ရှိဖို့လိုအပ်တာပေါ့။ 👉 ကော်ဖီသောက်ရင်း တော်ကီရောင်း (နိုဗန်ထူး၊ မောင်ဆောင်းခ) - အပိုင်း(၂) 👇 https://ouo.io/E87KaCv
Hammasini ko'rsatish...
10👍 3
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.